အခြေခံပညာကျောင်းများဖွင့်လှစ်မှု၏ ရလဒ်အပေါ်မူတည်၍ တက္ကသိုလ်ကျောင်းများအား ဖွင့်ခွင့်ပြုမည်

 1137

NP News - နိုဝင်ဘာ ၁ဝ
မြန်မာနိုင်ငံတွင် တက္ကသိုလ်ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ပြန်လည်ဖွင့်လှစ်ခွင့်ပြုထားသည့် အခြေခံပညာကျောင်းများ ဖွင့်လှစ်မှု၏ ရလဒ်အပေါ်မူတည်ကာ ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း နိုဝင်ဘာလ(၉) ရက်တွင် ပြုလုပ်ခဲ့သည့် နစကအစည်းအဝေး (၁၇/၂ဝ၂၁) တွင် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားလိုက်ခြင်းဖြစ်သည်။

“အခြေခံပညာကျောင်းတွေဖွင့်လာပြီးနောက် ကျွန်တော်တို့က တက္ကသိုလ်တွေ အဆင့်မြင့်ပညာနဲ့ပတ်သက်ပြီး ဖွင့်ဖို့ရှိပါတယ်။ အဲဒီတော့ ဒီအခြေခံပညာကျောင်းဖွင့်မှုရဲ့ ရလဒ်အပေါ်မူတည်ပြီးတော့ တက္ကသိုလ်တွေကို ဆက်လက်ဖွင့်လှစ်သွားမှာဖြစ်ပါတယ်။ ဒီလိုဖွင့်တဲ့အခါမှာလည်း အဆင့်လိုက်ဖွင့်လှစ်ပါမယ်။ တပြိုင်တည်း ကျွန်တော်တို့ အကုန်တော့မဖွင့်နိုင်ဘူး။ မဟာတန်းတွေ၊ ပါရဂူတန်းတွေ၊ Qualified တန်းတွေ၊ ဂုဏ်ထူးတန်းတွေ ဒါပြီးလို့ရှိရင် နောက်ဆုံးနှစ်၊ တတိယနှစ်၊ ဒုတိယနှစ် စသည့်ဖြင့် ဒီလိုဖွင့်သွားမှာပါ” ဟု ယင်းကပြောသည်။

တက္ကသိုလ်ကျောင်းများအား ပြန်လည်ဖွင့်လှစ်ခွင့်မပြုသေးသော်လည်း အဝေးသင်ပညာရေး ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းအပ်လက်ခံမှုများရှိနေပြီဖြစ်သည်။ ထို့ပြင် လစ်လပ်သည့် တက္ကသိုလ်ဆရာ၊ ဆရာမများအတွက် အစားထိုးခန့်အပ်မှုများလုပ်ဆောင်လျက်ရှိပြီး တက္ကသိုလ်ဆရာ၊ ဆရာမအသစ်များအား သင်တန်းပေးလေ့ကျင့်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

နစကအနေဖြင့် ပြည်နယ်နှင့်တိုင်းအသီးသီးရှိ အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင်ကျောင်းများ၊ ပုဂ္ဂလိကကျောင်းများအပါအဝင် တက္ကသိုလ်များ၊ ဒီဂရီ၊ ကောလိပ်များအား ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသလို ကျောင်းသား၊ ကျောင်းသူများအနေဖြင့်လည်း ပညာသင်ကြားရမည့်အရွယ်တွင် ပညာရေးကိုသာ အာရုံစိုက် စိတ်ဝင်စားရန် လိုအပ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထည့်သွင်းပြောကြားထားသည်။

Zawgyi Version;
အေျခခံပညာေက်ာင္းမ်ားဖြင့္လွစ္မႈ၏ ရလဒ္အေပၚမူတည္၍ တကၠသိုလ္ေက်ာင္းမ်ားအား ဖြင့္ခြင့္ျပဳမည္
NP News - ႏိုဝင္ဘာ ၁ဝ
ျမန္မာႏိုင္ငံတြင္ တကၠသိုလ္ေက်ာင္းမ်ား ျပန္လည္ဖြင့္လွစ္ႏိုင္ေရးအတြက္ ျပန္လည္ဖြင့္လွစ္ခြင့္ျပဳထားသည့္ အေျခခံပညာေက်ာင္းမ်ား ဖြင့္လွစ္မႈ၏ ရလဒ္အေပၚမူတည္ကာ ဆံုးျဖတ္သြားမည္ျဖစ္ေၾကာင္း ႏိုဝင္ဘာလ(၉) ရက္တြင္ ျပဳလုပ္ခဲ့သည့္ နစကအစည္းအေဝး (၁၇/၂ဝ၂၁) တြင္ နစကဥကၠ႒ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္က ေျပာၾကားလိုက္ျခင္းျဖစ္သည္။

“အေျခခံပညာေက်ာင္းေတြဖြင့္လာၿပီးေနာက္ ကြၽန္ေတာ္တို႔က တကၠသိုလ္ေတြ အဆင့္ျမင့္ပညာနဲ႔ပတ္သက္ၿပီး ဖြင့္ဖို႔ရွိပါတယ္။ အဲဒီေတာ့ ဒီအေျခခံပညာေက်ာင္းဖြင့္မႈရဲ႕ ရလဒ္အေပၚမူတည္ၿပီးေတာ့ တကၠသိုလ္ေတြကို ဆက္လက္ဖြင့္လွစ္သြားမွာျဖစ္ပါတယ္။ ဒီလိုဖြင့္တဲ့အခါမွာလည္း အဆင့္လိုက္ဖြင့္လွစ္ပါမယ္။ တၿပိဳင္တည္း ကြၽန္ေတာ္တို႔ အကုန္ေတာ့မဖြင့္ႏိုင္ဘူး။ မဟာတန္းေတြ၊ ပါရဂူတန္းေတြ၊ Qualified တန္းေတြ၊ ဂုဏ္ထူးတန္းေတြ ဒါၿပီးလို႔ရွိရင္ ေနာက္ဆုံးႏွစ္၊ တတိယႏွစ္၊ ဒုတိယႏွစ္ စသည့္ျဖင့္ ဒီလိုဖြင့္သြားမွာပါ” ဟု ယင္းကေျပာသည္။

တကၠသိုလ္ေက်ာင္းမ်ားအား ျပန္လည္ဖြင့္လွစ္ခြင့္မျပဳေသးေသာ္လည္း အေဝးသင္ပညာေရး ေက်ာင္းသား၊ ေက်ာင္းသူမ်ားအတြက္ ေက်ာင္းအပ္လက္ခံမႈမ်ားရွိေနၿပီျဖစ္သည္။ ထို႔ျပင္ လစ္လပ္သည့္ တကၠသိုလ္ဆရာ၊ ဆရာမမ်ားအတြက္ အစားထိုးခန္႔အပ္မႈမ်ားလုပ္ေဆာင္လ်က္ရွိၿပီး တကၠသိုလ္ဆရာ၊ ဆရာမအသစ္မ်ားအား သင္တန္းေပးေလ့က်င့္မႈမ်ား ျပဳလုပ္လ်က္ရွိေၾကာင္း သိရသည္။

နစကအေနျဖင့္ ျပည္နယ္ႏွင့္တိုင္းအသီးသီးရွိ အေျခခံပညာေက်ာင္းမ်ား၊ ဘုန္းေတာ္ႀကီးသင္ေက်ာင္းမ်ား၊ ပုဂၢလိကေက်ာင္းမ်ားအပါအဝင္ တကၠသိုလ္မ်ား၊ ဒီဂရီ၊ ေကာလိပ္မ်ားအား ျပန္လည္ဖြင့္လွစ္ႏိုင္ေရးအတြက္ ႀကိဳးပမ္းေဆာင္ရြက္လ်က္ရွိသလို ေက်ာင္းသား၊ ေက်ာင္းသူမ်ားအေနျဖင့္လည္း ပညာသင္ၾကားရမည့္အရြယ္တြင္ ပညာေရးကိုသာ အာရံုစိုက္ စိတ္ဝင္စားရန္ လိုအပ္ေၾကာင္း ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္က ထည့္သြင္းေျပာၾကားထားသည္။

Related news

© 2021. All rights reserved.