ပြင်သစ်သမ္မတအိမ်တော်တွင် အမျိုးသမီးစစ်သည်တစ်ဦး အဓမ္မပြုကျင့်ခံရကြောင်း သတင်းထွက်

1016

Htay Oung (NP News) - နိုဝင်ဘာ ၁၃
လွန်ခဲ့သည့် ဇူလိုင်လတွင် အီလီဇေ အိမ်တော်၌ ဂုဏ်ပြုနှုတ်ဆက်ပွဲတစ်ခုအပြီး၌ သမ္မတ အီမန်နျူရယ် မက်ခရွန်၏ ကာကွယ်ရေးဝန်ထမ်း အမျိုးသမီးစစ်သည်တစ်ဦးအား လုပ်ဖော်ကိုင်ဖက်တစ်ဦးက အဓမ္မပြုကျင့်ခဲ့ကြောင်း စွပ်စွဲမှုများနှင့် ပတ်သက်၍ ပြင်သစ်အစိုးရရှေ့နေများက စုံစမ်းစစ်ဆေးလျှက်ရှိသည်ဟု RT က ရေးသားသည်။
၎င်းအဖြစ်အပျက်မှာ ပြင်သစ်နိုင်ငံခေါင်းဆောင်၏ ရုံးခန်းနှင့် လမ်းတစ်ခုသာခြား၍ တည်ရှိသည့် အဟူး ဒီအီလီဇေ သမ္မတအိမ်တော်ရှိ သမ္မတ၏ ပုဂ္ဂိုလ်ရေးစစ်ဘက်ဝန်ထမ်းများ စခန်းချရာ အဆောက်အအုံ၌ ဖြစ်ပွားခဲ့ကြောင်း၊ ဇူလိုင်လ ၁ ရက်နေ့တွင် အဓမ္မပြုကျင့်ခံရပြီးနောက် ချက်ခြင်းဆိုသလို အဆိုပါအမျိုးသမီးက ရဲတပ်ဖွဲ့ ထံ အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ စစ်သည်အမျိုးသမီး၏ အစီရင်ခံစာအပေါ် စုံစမ်းစစ်ဆေးမှုမှာ ဇူလိုင် ၁၂ ရက်ကတည်းက စတင်ခဲ့ခြင်းဖြစ်ကြောင်း၊ အဓမ္မပြုကျင့်ခံရကြောင်း အမည်ဖော်ပြခြင်းမရှိသည့် အမျိုးသမီးစစ်သည်မှာ ဗိုလ်ချုပ်ကြီးတစ်ဦး၏ ဂုဏ်ပြုနှုတ်ဆက်ပွဲတွင် တက်ရောက်ခဲ့သူဖြစ်သည်ဟု ယုံကြည်ရကြောင်း၊ ထိုနောက်ပိုင်းတွင် စော်ကားခံရသည်ဟု တိုင်ကြားခဲ့ခြင်းဖြစ်သည်။ စွပ်စွဲခံရသူနှင့် တိုင်ကြားခြင်းခံရသူတို့သည် ပြင်သစ်တပ်မတော်တွင် တာဝန်ပေးအပ်ခြင်းခံရ၍ ပုံမှန်အတူ အလုပ်လုပ်ကိုင်ကြသည့် စစ်သည်များဖြစ်ကြပြီး တစ်ဦးနှင့်တစ်ဦး ကောင်းစွာသိရှိကြသူများ ဖြစ်သည် ဆို၏။
.
ကနဦးတွင် ကျူးလွန်ကြောင်း စွပ်စွဲခံရသူ အမျိုးသားစစ်သည်အား ဖမ်းဆီးမေးမြန်းခဲ့ပြီး သက်သေအအဖြစ် စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်ဆဲဖြစ်ကြောင်း AFP က သတင်း ဖော်ပြသည်။ ယခုကဲ့သို့ စုံစမ်းစစ်ဆေးမှုများနှင့် ပတ်သက်၍ အီလီဇေအိမ်တော်ထံမှ အတည်မပြုနိုင်ခြင်း မရှိသေးချေ။ ရဲတပ်ဖွဲ့ကလည်း အမှုစစ်ဆေးဆဲဖြစ်၍ မည်သည့်မှတ်ချက်မှ မပေးလိုကြောင်း ဖြေကြားသည်။ သို့သော် တိုင်ကြားသူအား စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်ပံ့ပိုးခြင်းနှင့် စွပ်စွဲခံရသူအား ပြန်လည်ခန့်အပ်ခြင်းအပါအဝင် တာဝန်ရှိသူများနှင့်အတူ စွပ်စွဲပြီးနောက် ချက်ချင်းအရေးယူခဲ့ကြောင်း Reuters သို့ ပြောကြားခဲ့သည်။ မကြာသေးမီက သမ္မတမက်ခရွန်၏ အနီးကပ်လုံခြုံရေးလက်ထောက်ဟောင်းတစ်ဦးမှာ အခြားဖြစ်ရပ်များအတွက် ထောင်ဒဏ် ၃ နှစ်မှတ်ခံရပြီးနောက် ရက်ပိုင်းအတွင်း ယခုကဲ့သို့ စုံစမ်းစစ်ဆေးမှုသတင်း ထွက်ပေါ်လာခြင်း ဖြစ်သည်။ သမ္မတမက်ခွန်အား အကာအကွယ်ပေးခဲ့ဖူးသော အလက်ဇန္ဒြား ဘယ်လင်နာ ဆိုသူသည် ၂၀၁၈ ခုနှစ် မေဒေးနေ့ ပါရီဆန္ဒပြပွဲများအတွင်း ရဲအရာရှိဟန်ဆောင်ကာ လူငယ်နှစ်ဦးကို ရိုက်နှက်မှု၊ စာရွက်စာတမ်းများကို အတုပြုလုပ်မှု၊ တရားမဝင် သေနတ်ကိုင်ဆောင်မှုဖြင့် ပြင်သစ်အစိုးရရှေ့နေများ၏ စွဲချက်တင်ခံခဲ့ရဖြစ်သည်။
ဒုတိယကိစ္စမှာ သမ္မတ၏ အနီးကပ်လုံခြုံရေးနှင့် လက်ထောက်လုံခြုံရေးအရာရှိချုပ်ဖြစ်သူ ဘယ်လင်နာသည် အီလီဇေအိမ်တော်ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်ခံရပြီး လပေါင်းအတော်ကြာသည်အထိ သံတမန်ပတ်စ်ပို့ကို ကိုင်ဆောင်နေဆဲဖြစ်ကြောင်း၊ ၎င်း ပတ်စ်ပို့ကို အသုံးချ၍ ချဒ်သမ္မတအပါအဝင် အာဖရိကခေါင်းဆောင်အများအပြားနှင့် တွေ့ဆုံခဲ့ကြောင်း ပေါ်ပေါက်ခဲ့သည်။ ပြင်သစ်သတင်းစာတို့က “ရုရှားစာချုပ်များ” ဟုလည်းခေါ်ဆိုသည့် တတိယမြောက်ဖြစ်ရပ်တွင် ဘယ်လင်နာသည် ၎င်း၏သမ္မတအိမ်တော်တွင် တာဝန်ထမ်းဆောင်စဉ်အတွင်း ရုရှားမာဖီးယားဂိုဏ်းများနှင့် အဆက်အသွယ်ရှိပြီး မော်စကိုနိုင်ငံရေးလောက၌ သြဇာညောင်းသည့် ရုရှားလူမျိုး စီးပွားရေးသမားနှစ်ဦးနှင့် ငွေကြေးဆိုင်ရာ ပတ်သက်ဆက်စပ်မှုရှိကြောင်း စစ်ဆေးတွေ့ရှိရခြင်းဖြစ်သည်။
အီလီဇေအိမ်တော်က ဘယ်လင်နာအား အလုပ်မှ ထုတ်ပယ်မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့သော်လည်း အများပြည်သူဆိုင်ရာ တရားစွဲအရာရှိများ၏ မှု့ခင်းဖြစ်ရပ်အပေါ် ဖုံးကွယ်ထားသည့်အတွက် သမ္မတမက်ခရွန်၏ တာဝန်ရှိမှုကို ပြင်သစ်နိုင်ငံရေးမီဒီယာအတွင်း မေးခွန်းထုတ်စရာ ဖြစ်ခဲ့ရသည်။
Zawgyi Version
ျပင္သစ္သမၼတအိမ္ေတာ္တြင္ အမ်ဳိးသမီးစစ္သည္တစ္ဦး အဓမၼျပဳက်င့္ခံရေၾကာင္း သတင္းထြက္
Htay Oung (NP News) - ႏုိ၀င္ဘာ ၁၃
လြန္ခဲ့သည့္ ဇူလိုင္လတြင္ အီလီေဇ အိမ္ေတာ္၌ ဂုဏ္ျပဳႏႈတ္ဆက္ပြဲတစ္ခုအၿပီး၌ သမၼတ အီမန္ႏ်ဴရယ္ မက္ခရြန္၏ ကာကြယ္ေရးဝန္ထမ္း အမ်ိဳးသမီးစစ္သည္တစ္ဦးအား လုပ္ေဖာ္ကိုင္ဖက္တစ္ဦးက အဓမၼျပဳက်င့္ခဲ့ေၾကာင္း စြပ္စြဲမႈမ်ားႏွင့္ ပတ္သက္၍ ျပင္သစ္အစိုးရေရွ႕ေနမ်ားက စုံစမ္းစစ္ေဆးလွ်က္ရွိသည္ဟု RT က ေရးသားသည္။
၄င္းအျဖစ္အပ်က္မွာ ျပင္သစ္ႏိုင္ငံေခါင္းေဆာင္၏ ႐ုံးခန္းႏွင့္ လမ္းတစ္ခုသာျခား၍ တည္ရွိသည့္ အဟူး ဒီအီလီေဇ သမၼတအိမ္ေတာ္ရွိ သမၼတ၏ ပုဂၢိဳလ္ေရးစစ္ဘက္၀န္ထမ္းမ်ား စခန္းခ်ရာ အေဆာက္အအံု၌ ျဖစ္ပြားခဲ့ေၾကာင္း၊ ဇူလိုင္လ ၁ ရက္ေန႔တြင္ အဓမၼျပဳက်င့္ခံရျပီးေနာက္ ခ်က္ျခင္းဆိုသလို အဆိုပါအမ်ိဳးသမီးက ရဲတပ္ဖြဲ႔ ထံ အေၾကာင္းၾကားခဲ့ျခင္းျဖစ္ေၾကာင္း သိရွိရသည္။ စစ္သည္အမ်ိဳးသမီး၏ အစီရင္ခံစာအေပၚ စုံစမ္းစစ္ေဆးမႈမွာ ဇူလိုင္ ၁၂ ရက္ကတည္းက စတင္ခဲ့ျခင္းျဖစ္ေၾကာင္း၊ အဓမၼျပဳက်င့္ခံရေၾကာင္း အမည္ေဖာ္ျပျခင္းမရွိသည့္ အမ်ိဳးသမီးစစ္သည္မွာ ဗိုလ္ခ်ဳပ္ၾကီးတစ္ဦး၏ ဂုဏ္ျပဳႏႈတ္ဆက္ပြဲတြင္ တက္ေရာက္ခဲ့သူျဖစ္သည္ဟု ယံုၾကည္ရေၾကာင္း၊ ထိုေနာက္ပိုင္းတြင္ ေစာ္ကားခံရသည္ဟု တိုင္ၾကားခဲ့ျခင္းျဖစ္သည္။ စြပ္စြဲခံရသူႏွင့္ တိုင္ၾကားျခင္းခံရသူတို႔သည္ ျပင္သစ္တပ္မေတာ္တြင္ တာ၀န္ေပးအပ္ျခင္းခံရ၍ ပံုမွန္အတူ အလုပ္လုပ္ကိုင္ၾကသည့္ စစ္သည္မ်ားျဖစ္ၾကျပီး တစ္ဦးႏွင့္တစ္ဦး ေကာင္းစြာသိရွိၾကသူမ်ား ျဖစ္သည္ ဆို၏။
.
ကနဦးတြင္ က်ဴးလြန္ေၾကာင္း စြပ္စြဲခံရသူ အမ်ိဳးသားစစ္သည္အား ဖမ္းဆီးေမးျမန္းခဲ့ၿပီး သက္ေသအအျဖစ္ စုံစမ္းစစ္ေဆးမႈမ်ား ဆက္လက္လုပ္ေဆာင္ဆဲျဖစ္ေၾကာင္း AFP က သတင္း ေဖာ္ျပသည္။ ယခုကဲ့သို႔ စုံစမ္းစစ္ေဆးမႈမ်ားႏွင့္ ပတ္သက္၍ အီလီေဇအိမ္ေတာ္ထံမွ အတည္မျပဳႏိုင္ျခင္း မရွိေသးေခ်။ ရဲတပ္ဖြဲ႔ကလည္း အမႈစစ္ေဆးဆဲျဖစ္၍ မည္သည့္မွတ္ခ်က္မွ မေပးလိုေၾကာင္း ေျဖၾကားသည္။ သို႔ေသာ္ တိုင္ၾကားသူအား စိတ္ပိုင္းဆိုင္ရာ ႏွစ္သိမ့္ပ႔ံပိုးျခင္းႏွင့္ စြပ္စြဲခံရသူအား ျပန္လည္ခန္႔အပ္ျခင္းအပါအ၀င္ တာဝန္ရွိသူမ်ားႏွင့္အတူ စြပ္စြဲျပီးေနာက္ ခ်က္ခ်င္းအေရးယူခဲ့ေၾကာင္း Reuters သို႔ ေျပာၾကားခဲ့သည္။ မၾကာေသးမီက သမၼတမက္ခရြန္၏ အနီးကပ္လံုျခံဳေရးလက္ေထာက္ေဟာင္းတစ္ဦးမွာ အျခားျဖစ္ရပ္မ်ားအတြက္ ေထာင္ဒဏ္ ၃ ႏွစ္မွတ္ခံရၿပီးေနာက္ ရက္ပိုင္းအတြင္း ယခုကဲ့သို႔ စုံစမ္းစစ္ေဆးမႈသတင္း ထြက္ေပၚလာျခင္း ျဖစ္သည္။ သမၼတမက္ခြန္အား အကာအကြယ္ေပးခဲ့ဖူးေသာ အလက္ဇျႏၵား ဘယ္လင္နာ ဆိုသူသည္ ၂၀၁၈ ခုႏွစ္ ေမေဒးေန႔ ပါရီဆႏၵျပပြဲမ်ားအတြင္း ရဲအရာရွိဟန္ေဆာင္ကာ လူငယ္ႏွစ္ဦးကို ရိုက္ႏွက္မႈ၊ စာရြက္စာတမ္းမ်ားကို အတုျပဳလုပ္မႈ၊ တရားမ၀င္ ေသနတ္ကိုင္ေဆာင္မႈျဖင့္ ျပင္သစ္အစိုးရေရွ႔ေနမ်ား၏ စြဲခ်က္တင္ခံခဲ့ရျဖစ္သည္။
ဒုတိယကိစၥမွာ သမၼတ၏ အနီးကပ္လံုျခံဳေရးႏွင့္ လက္ေထာက္လံုျခံဳေရးအရာရွိခ်ဳပ္ျဖစ္သူ ဘယ္လင္နာသည္ အီလီေဇအိမ္ေတာ္၀န္ထမ္းအျဖစ္မွ ထုတ္ပယ္ခံရျပီး လေပါင္းအေတာ္ၾကာသည္အထိ သံတမန္ပတ္စ္ပို႔ကို ကိုင္ေဆာင္ေနဆဲျဖစ္ေၾကာင္း၊ ၄င္း ပတ္စ္ပို႔ကို အသံုးခ်၍ ခ်ဒ္သမၼတအပါအ၀င္ အာဖရိကေခါင္းေဆာင္အမ်ားအျပားႏွင့္ ေတြ႔ဆံုခဲ့ေၾကာင္း ေပၚေပါက္ခဲ့သည္။ ျပင္သစ္သတင္းစာတို႔က “႐ုရွားစာခ်ဳပ္မ်ား” ဟုလည္းေခၚဆိုသည့္ တတိယေျမာက္ျဖစ္ရပ္တြင္ ဘယ္လင္နာသည္ ၎၏သမၼတအိမ္ေတာ္တြင္ တာ၀န္ထမ္းေဆာင္စဥ္အတြင္း ႐ုရွားမာဖီးယားဂိုဏ္းမ်ားႏွင့္ အဆက္အသြယ္ရွိျပီး ေမာ္စကိုႏိုင္ငံေရးေလာက၌ ၾသဇာေညာင္းသည့္ ႐ုရွားလူမ်ိဳး စီးပြားေရးသမားႏွစ္ဦးႏွင့္ ေငြေၾကးဆိုင္ရာ ပတ္သက္ဆက္စပ္မႈရွိေၾကာင္း စစ္ေဆးေတြ႔ရွိရျခင္းျဖစ္သည္။
အီလီေဇအိမ္ေတာ္က ဘယ္လင္နာအား အလုပ္မွ ထုတ္ပယ္မည္ျဖစ္ေၾကာင္း သတင္းထုတ္ျပန္ခဲ့ေသာ္လည္း အမ်ားျပည္သူဆိုင္ရာ တရားစြဲအရာရွိမ်ား၏ မွဳ႔ခင္းျဖစ္ရပ္အေပၚ ဖံုးကြယ္ထားသည့္အတြက္ သမၼတမက္ခရြန္၏ တာ၀န္ရွိမႈကို ျပင္သစ္ႏိုင္ငံေရးမီဒီယာအတြင္း ေမးခြန္းထုတ္စရာ ျဖစ္ခဲ့ရသည္။