မြန်မာ၊ ထိုင်း၊ စင်ကာပူ တစ်အုပ်စုတည်းကျနေတဲ့ အာဆီယံဆူဇူကီးဖလားမှာ VAR စနစ် မသုံးရခြင်းအကြောင်းပြချက် ထွက်ပေါ်လာ

 939

မိုးတိမ် (NP News) - နိုဝင်ဘာ ၁၇
မကြာခင် ယှဉ်ပြိုင်ကစားကြတော့မယ့် အာဆီယံ ဆူဇူကီးဖလားပြိုင်ပွဲမှာ ဗီဒီယိုအထောက်အကူပြုနည်းပညာ VAR စနစ်ကို အာရှဘောလုံးအဖွဲ့ချုပ်(AFF)ဘက်က ကျင့်သုံးဖို့ ဆန္ဒမရှိဘူးလို့ ပြောကြားလိုက်ပါတယ်။

မြန်မာအပါအဝင် အာဆီယံနိုင်ငံတွေကြားမှာ ကျားကုတ်ကျားခဲယှဉ်ပြိုင်ကစားကြတဲ့ ဆူဇူကီးဖလားပြိုင်ပွဲဟာ ဒီဇင်ဘာ(၅)ရက်ကနေ ၂၀၂၂ ဇန်နဝါရီ(၁)ရက်အထိဖြစ်ပြီး ကျင်းပဖို့ရက်ပိုင်းမျှသာ လိုအပ်တော့တဲ့အချိန်မှာ VAR စနစ်အကြောင်းကို ထည့်သွင်းစဉ်းစားလာကြတာဖြစ်ပါတယ်။ အထူးသဖြင့် အခြားသောနိုင်ငံတကာပြိုင်ပွဲတွေအသီးသီးမှာ VAR စနစ်ကို စတင်ကျင့်သုံးနေကြပြီဖြစ်ပေမယ့် ဒေသတွင်းနိုင်ငံတွေရဲ့ပွဲမှာတော့ ကျင့်သုံးဖို့မရှိကြောင်း AFF ဘက်က အတည်ပြုလာကြောင်း ထိုင်းဘောလုံးအဖွဲ့ချုပ်က ပြောပါတယ်။ “ အာဆီယံမှာရှိတဲ့ ဒိုင်လူကြီးတော်တော်များများက VAR စနစ်နဲ့ အကျွမ်းတဝင်မရှိကြဘူးဆိုတာ ဝန်ခံရပါလိမ့်မယ်။ အိမ်ရှင်အသင်းဖြစ်တဲ့ စင်ကာပူနိုင်ငံလိဂ်တွေမှာတောင် VAR စနစ် မကျင့်သုံးပါဘူး ” လို့ AFF ရဲ့နည်းပညာဆိုင်ရာပညာရှင် Patit Supaphong က ပြောပါတယ်။ အထူသဖြင့် VAR စနစ်ကိုသာ အာဆီယံမှာကျင့်သုံးမယ်ဆိုရင် အငြင်းပွားစရာပြသနာတွေနဲ့ ကွင်းတွင်းကွင်းပြင် ထိန်းချုပ်ရခက်ခဲတဲ့ပြသနာတွေပါ ဖြစ်ပွားလာနိုင်တယ်လို့ ထောက်ပြပါတယ်။ ဒါကြောင့်လည်း မရင်းနှီးသေးတဲ့ VAR စနစ်ကိုအလောတကြီး သုံးဖို့မလိုသေးကြောင်း ထည့်သွင်းပြောကြားခဲ့သလို ဒေသတွင်းအားကစားအဆင့်အတန်းကို VAR ထက် ကစားသမားတွေရဲ့စွမ်းဆောင်ရည်၊ အောင်မြင်မှုတွေနဲ့သာ ဆွဲတင်နိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။ အာဆီယံ ဆူဇူကီဖလားပြိုင်ပွဲကို ဘရူနိုင်းအသင်းက ခြေစစ်ပွဲမှာ နှုတ်ထွက်ခဲ့တာကြောင့် အရှေ့တီမောအသင်းက အလိုအလောက်အုပ်စုတွင်း ပါဝင်ခွင့်ရသွားပြီး အိမ်ရှင် စင်ကာပူနဲ့ အတူ ကျရောက်သွားပါတယ်။

ဆူဇူကီးဖလား အုပ်စုတွင်းနဲ့ မဲခွဲထားမှုအရ အိမ်ရှင်စင်ကာပူအသင်းက အုပ်စု(က)မှာ ထိုင်း၊ မြန်မာ၊ ဖိလစ်ပိုင်၊ အရှေ့တီမောတို့နဲ့ ကစားရမှာဖြစ်ပြီး အဖွင့်ပွဲအဖြစ် မြန်မာအသင်းနဲ့စင်ကာပူတို့ ကစားကြရမှာဖြစ်ပါတယ်။ တစ်ဖက်အုပ်စုမှာတော့ ဗီယက်နမ်၊ မလေးရှား၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား၊ လာအိုတို့ဖြစ်ကြပြီး နှစ်ဖက်စလုံးမှာ အုပ်စုတက်ရေး သေချာနေတာက အစဉ်အလာအတိုင်း ထိုင်းနဲ့ဗီယက်နမ်တို့ပဲ ဖြစ်ပါတယ်။ အုပ်စုဒုတိယနေရာအတွက်ဖြစ်စေ၊ အုပ်စုတက်ဖို့ အလားအလာကောင်းတဲ့ ဒုတိယအဆင့်အသင်းတွေအဖြစ် စင်ကာပူ၊ မြန်မာ၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ မလေးရှားနဲ့ ကမ္ဘောဒီးယားတို့သာ ဖြစ်တယ်လို့ ခန့်မှန်းထားမှုတွေ ရှိနေပါတယ်။

Zawgyi Version
ျမန္မာ၊ ထုိင္း၊ စင္ကာပူ တစ္အုပ္စုတည္းက်ေနတဲ့ အာဆီယံဆူဇူကီးဖလားမွာ VAR စနစ္ မသုံးရျခင္းအေၾကာင္းျပခ်က္ ထြက္ေပၚလာ
မုိးတိမ္ (NP News) - ႏုိ၀င္ဘာ ၁၇
မၾကာခင္ ယွဥ္ျပိဳင္ကစားၾကေတာ့မယ့္ အာဆီယံ ဆူဇူကီးဖလားျပိဳင္ပြဲမွာ ဗီဒီယုိအေထာက္အကူျပဳနည္းပညာ VAR စနစ္ကုိ အာရွေဘာလုံးအဖြဲ႔ခ်ဳပ္(AFF)ဘက္က က်င့္သုံးဖုိ႔ ဆႏၵမရွိဘူးလုိ႔ ေျပာၾကားလုိက္ပါတယ္။

ျမန္မာအပါအ၀င္ အာဆီယံႏုိင္ငံေတြၾကားမွာ က်ားကုတ္က်ားခဲယွဥ္ျပိဳင္ကစားၾကတဲ့ ဆူဇူကီးဖလားျပိဳင္ပြဲဟာ ဒီဇင္ဘာ(၅)ရက္ကေန ၂၀၂၂ ဇန္န၀ါရီ(၁)ရက္အထိျဖစ္ျပီး က်င္းပဖုိ႔ရက္ပုိင္းမွ်သာ လုိအပ္ေတာ့တဲ့အခ်ိန္မွာ VAR စနစ္အေၾကာင္းကို ထည့္သြင္းစဥ္းစားလာၾကတာျဖစ္ပါတယ္။ အထူးသျဖင့္ အျခားေသာႏုိင္ငံတကာျပိဳင္ပြဲေတြအသီးသီးမွာ VAR စနစ္ကုိ စတင္က်င့္သုံးေနၾကျပီျဖစ္ေပမယ့္ ေဒသတြင္းႏုိင္ငံေတြရဲ႕ပြဲမွာေတာ့ က်င့္သုံးဖုိ႔မရွိေၾကာင္း AFF ဘက္က အတည္ျပဳလာေၾကာင္း ထုိင္းေဘာလုံးအဖြဲ႔ခ်ဳပ္က ေျပာပါတယ္။ “ အာဆီယံမွာရွိတဲ့ ဒုိင္လူၾကီးေတာ္ေတာ္မ်ားမ်ားက VAR စနစ္နဲ႔ အကၽြမ္းတ၀င္မရွိၾကဘူးဆုိတာ ၀န္ခံရပါလိမ့္မယ္။ အိမ္ရွင္အသင္းျဖစ္တဲ့ စင္ကာပူႏုိင္ငံလိဂ္ေတြမွာေတာင္ VAR စနစ္ မက်င့္သုံးပါဘူး ” လုိ႔ AFF ရဲ႕နည္းပညာဆုိင္ရာပညာရွင္ Patit Supaphong က ေျပာပါတယ္။ အထူသျဖင့္ VAR စနစ္ကုိသာ အာဆီယံမွာက်င့္သုံးမယ္ဆုိရင္ အျငင္းပြားစရာျပသနာေတြနဲ႔ ကြင္းတြင္းကြင္းျပင္ ထိန္းခ်ဳပ္ရခက္ခဲတဲ့ျပသနာေတြပါ ျဖစ္ပြားလာႏုိင္တယ္လုိ႔ ေထာက္ျပပါတယ္။ ဒါေၾကာင့္လည္း မရင္းႏွီးေသးတဲ့ VAR စနစ္ကုိအေလာတၾကီး သုံးဖုိ႔မလုိေသးေၾကာင္း ထည့္သြင္းေျပာၾကားခဲ့သလုိ ေဒသတြင္းအားကစားအဆင့္အတန္းကုိ VAR ထက္ ကစားသမားေတြရဲ႕စြမ္းေဆာင္ရည္၊ ေအာင္ျမင္မႈေတြနဲ႔သာ ဆြဲတင္ႏုိင္မွာျဖစ္တယ္လုိ႔ ဆုိပါတယ္။ အာဆီယံ ဆူဇူကီဖလားျပိဳင္ပြဲကုိ ဘရူႏုိင္းအသင္းက ေျခစစ္ပြဲမွာ ႏႈတ္ထြက္ခဲ့တာေၾကာင့္ အေရွ႕တီေမာအသင္းက အလုိအေလာက္အုပ္စုတြင္း ပါ၀င္ခြင့္ရသြားျပီး အိမ္ရွင္ စင္ကာပူနဲ႔ အတူ က်ေရာက္သြားပါတယ္။

ဆူဇူကီးဖလား အုပ္စုတြင္းနဲ႔ မဲခြဲထားမႈအရ အိမ္ရွင္စင္ကာပူအသင္းက အုပ္စု(က)မွာ ထုိင္း၊ ျမန္မာ၊ ဖိလစ္ပုိင္၊ အေရွ႕တီေမာတုိ႔နဲ႔ ကစားရမွာျဖစ္ျပီး အဖြင့္ပြဲအျဖစ္ ျမန္မာအသင္းနဲ႔စင္ကာပူတုိ႔ ကစားၾကရမွာျဖစ္ပါတယ္။ တစ္ဖက္အုပ္စုမွာေတာ့ ဗီယက္နမ္၊ မေလးရွား၊ အင္ဒုိနီးရွား၊ ကေမၻာဒီးယား၊ လာအုိတုိ႔ျဖစ္ၾကျပီး ႏွစ္ဖက္စလုံးမွာ အုပ္စုတက္ေရး ေသခ်ာေနတာက အစဥ္အလာအတုိင္း ထုိင္းနဲ႔ဗီယက္နမ္တုိ႔ပဲ ျဖစ္ပါတယ္။ အုပ္စုဒုတိယေနရာအတြက္ျဖစ္ေစ၊ အုပ္စုတက္ဖုိ႔ အလားအလာေကာင္းတဲ့ ဒုတိယအဆင့္အသင္းေတြအျဖစ္ စင္ကာပူ၊ ျမန္မာ၊ ဖိလစ္ပုိင္၊ အင္ဒုိနီးရွား၊ မေလးရွားနဲ႔ ကေမၻာဒီးယားတုိ႔သာ ျဖစ္တယ္လုိ႔ ခန္႔မွန္းထားမႈေတြ ရွိေနပါတယ္။

Related news

© 2021. All rights reserved.