မြန်မာဘက်ကနေ လာရောက်ခိုလှုံသူတွေအရေးမှာ ထိုင်းဘက်က နိုင်ငံရေးမူဝါဒခိုင်ခိုင်မာမာ ချထားဖို့လိုနေပြီလို့ ထိုင်းဆောင်းပါးရှင် ထောက်ပြ

911

မိုးတိမ် (NP News) - နိုဝင်ဘာ ၁၇
မတည်မငြိမ်ဖြစ်နေတဲ့ မြန်မာနိုင်ငံအခင်းအကျင်းကြောင့် ထိုင်းနိုင်ငံထဲကို တရားမဝင်လမ်းကြောင်းကနေ အစဉ်တစိုက်တိုးဝင်လာနေတဲ့မြန်မာအလုပ်သမားဦးရေဟာ နှစ်လအတွင်းမှာတောင်(၁၀၀၀၀)ကျော်အထိ ရှိခဲ့တဲ့အတွက် မြန်မာနဲ့ပတ်သက်လာရင် နိုင်ငံရေးမှာမူဝါဒခိုင်ခိုင်မာမာထားရှိဖို့ လိုလာပြီလို့ ထိုင်းဆောင်းပါးရှင်တွေက သုံးသပ်ရေးသားထောက်ပြလိုက်ပါတယ်။
နာမည်ကျော် ထိုင်းဆောင်းပါးရှင် ကာဗီချွန်ကစ် တာဗွန်က ဘန်ကောက်ပို့စ်ကနေတစ်ဆင့် နိုဝင်ဘာ(၁၆)ရက်မှာပဲ ထိုင်းအစိုးရသိစေဖို့ ရည်ရွယ်ရေးသားတာမျိုးဖြစ်ပြီး ဒီရေးသားချက်ဟာ မြန်မာနိုင်ငံရဲ့နိုင်ငံရေးအခင်းအကျင်းကိုပါ ထည့်သွင်းစဉ်းစားစေဖို့ သတိပေးသလိုမျိုးဖြစ်လာပါတယ်။ မြန်မာနိုင်ငံမှာ တည်ငြိမ်နေတဲ့ကာလအတွင်းကတောင် ထိုင်းဘက်ကို တရားမဝင်လမ်းကြောင်းကနေ တိုးဝင်လာတဲ့သူတွေအများအပြားရှိခဲ့တာကြောင့် မတည်မငြိမ်ကာလမျိုးမှာဆိုရင် ပိုမိုဆိုးဝါးတယ်ဆိုတာကို နောက်ဆုံးဖမ်းဆီးရမိထားတဲ့ ကိန်းဂဏန်းတွေကနေ ကောက်ချက်ဆွဲပြထားပါတယ်။ အထူးသဖြင့် ဇန်နဝါရီလကနေ အောက်တိုဘာအထိ မြန်မာ(၃၂၁၇၀)ဦးကို ထိုင်းလူဝင်မှုကြီးကြပ်ရေးက ဖမ်းဆီးထိန်းသိမ်းခဲ့ရသလို ဒီအထဲက သုံးပုံတစ်ပုံဖြစ်တဲ့ မြန်မာ(၁၁၁၀၁)ဦးဟာ စက်တင်ဘာလနဲ့ အောက်တိုဘာလမှာပဲ ဝင်ရောက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ နှစ်လအတွင်းမှာ ဝင်ရောက်မှုဆက်တိုက်မြင့်တက်ခဲ့ခြင်းက အချက်နှစ်ချက်ကို အဓိကတွေ့ထားတယ်လို့ ထောက်ပြထားသလို အဲဒီအချက်ကတော့ ထိုင်းဘက်က လုပ်သားခေါ်ယူမှုတွေမှာ ကင်းလွတ်သက်သာခွင့်တွေပြန်လည်ပေးလာတဲ့အချက်နဲ့ မြန်မာဘက်မှာ တိုက်ပွဲတွေကိုရှောင်ချင်နေတဲ့လူငယ်အုပ်စုတွေပဲ ဖြစ်တယ်လို့ ဆိုပါတယ်။ စက်တင်ဘာလနဲ့ အောက်တိုဘာလမှာဝင်ရောက်ခဲ့တဲ့ မြန်မာတွေဟာ ထိုင်းနိုင်ငံရဲ့ခရိုင်(၁၀)ခုဖြစ်တဲ့ ရနောင်း၊ ပရာချွတ်ခီရိခန်း၊ ပက်ချ်ဘူရီ၊ ချွမ်ဖုန်၊ ရတ်ချ်ဘူရီ၊ ကန်ချနဘူရီ၊ တက်ခ်၊ မယ်ဟောင်ဆောင်၊ ချင်းမိုင်၊ ချင်းရိုင်တို့ကို ဝင်ရောက်ခဲ့တာဖြစ်သလို ချင်းမိုင်ထဲကို ဝင်တဲ့ကိစ္စကတော့ အထူးသတိပြုရမယ်လို့ ထောက်ပြထားပါတယ်။ မြန်မာဘက်က အခြေအနေမကောင်းတာကြောင့် ထိုင်းဘက်ကို ခိုးဝင်ပြီး အဖမ်းခံတာမျိုးဖြစ်စေ၊ အဖမ်းမခံရဘဲ ခိုလှုံနေတာမျိုးဖြစ်စေ ဒါဟာ ထိုင်းအတွက်တော့ ကောင်းသောရလဒ်မဟုတ်ဘူးလို့ ဆိုပါတယ်။
ဒီလောက်များပြားတဲ့ပမာဏကို ဖမ်းဆီးထားတယ်ဆိုတဲ့ခေါင်းစဉ်ထက်ပိုပြီး ထိုင်းဘက်ကတာဝန်ယူထိန်းသိမ်း ပေးထားရတာမျိုးဖြစ်နေတာက စဉ်းစားစရာဖြစ်သလို ထိုင်းအရာရှိတွေအနေနဲ့ မြန်မာလုံခြုံရေးတပ်ဖွဲ့တွေနဲ့ ခိုင်ခိုင်မာမာညှိနှိုင်းတိုင်ပင်ထားနိုင်ဖို့ လိုပြီလို့ ပြောထားပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံရဲ့နိုင်ငံရေးအခင်းအကျင်း(မီးလောင်မှု)ကနေ ထိုင်းဘက်ကို မီးပွားစင်တာမျိုးမဖြစ်စေဖို့အတွက် နိုင်ငံရေးမူအရ ခိုင်ခိုင်မာမာသတ်မှတ်ချက်ထားဖို့လိုတယ်လို့ ထိုင်းဆောင်းပါးရှင်က ထောက်ပြထားတာဖြစ်ပါတယ်။
Zawgyi Version
ျမန္မာဘက္ကေန လာေရာက္ခုိလႈံသူေတြအေရးမွာ ထုိင္းဘက္က ႏုိင္ငံေရးမူ၀ါဒခုိင္ခုိင္မာမာ ခ်ထားဖုိ႔လုိေနျပီလုိ႔ ထုိင္းေဆာင္းပါးရွင္ ေထာက္ျပ
မုိးတိမ္ (NP News) - ႏုိ၀င္ဘာ ၁၇
မတည္မျငိမ္ျဖစ္ေနတဲ့ ျမန္မာႏုိင္ငံအခင္းအက်င္းေၾကာင့္ ထုိင္းႏုိင္ငံထဲကုိ တရားမ၀င္လမ္းေၾကာင္းကေန အစဥ္တစုိက္တုိး၀င္လာေနတဲ့ျမန္မာအလုပ္သမားဦးေရဟာ ႏွစ္လအတြင္းမွာေတာင္(၁၀၀၀၀)ေက်ာ္အထိ ရွိခဲ့တဲ့အတြက္ ျမန္မာနဲ႔ပတ္သက္လာရင္ ႏုိင္ငံေရးမွာမူ၀ါဒခုိင္ခုိင္မာမာထားရွိဖုိ႔ လုိလာျပီလုိ႔ ထုိင္းေဆာင္းပါးရွင္ေတြက သုံးသပ္ေရးသားေထာက္ျပလုိက္ပါတယ္။
နာမည္ေက်ာ္ ထုိင္းေဆာင္းပါးရွင္ ကာဗီခၽြန္ကစ္ တာဗြန္က ဘန္ေကာက္ပုိ႔စ္ကေနတစ္ဆင့္ ႏုိ၀င္ဘာ(၁၆)ရက္မွာပဲ ထုိင္းအစုိးရသိေစဖုိ႔ ရည္ရြယ္ေရးသားတာမ်ဳိးျဖစ္ျပီး ဒီေရးသားခ်က္ဟာ ျမန္မာႏုိင္ငံရဲ႕ႏုိင္ငံေရးအခင္းအက်င္းကုိပါ ထည့္သြင္းစဥ္းစားေစဖုိ႔ သတိေပးသလုိမ်ဳိးျဖစ္လာပါတယ္။ ျမန္မာႏုိင္ငံမွာ တည္ျငိမ္ေနတဲ့ကာလအတြင္းကေတာင္ ထုိင္းဘက္ကုိ တရားမ၀င္လမ္းေၾကာင္းကေန တုိး၀င္လာတ့ဲသူေတြအမ်ားအျပားရွိခဲ့တာေၾကာင့္ မတည္မျငိမ္ကာလမ်ဳိးမွာဆုိရင္ ပိုမုိဆုိး၀ါးတယ္ဆုိတာကုိ ေနာက္ဆုံးဖမ္းဆီးရမိထားတဲ့ ကိန္းဂဏန္းေတြကေန ေကာက္ခ်က္ဆြဲျပထားပါတယ္။ အထူးသျဖင့္ ဇန္န၀ါရီလကေန ေအာက္တုိဘာအထိ ျမန္မာ(၃၂၁၇၀)ဦးကုိ ထိုင္းလူ၀င္မႈၾကီးၾကပ္ေရးက ဖမ္းဆီးထိန္းသိမ္းခဲ့ရသလုိ ဒီအထဲက သုံးပုံတစ္ပုံျဖစ္တဲ့ ျမန္မာ(၁၁၁၀၁)ဦးဟာ စက္တင္ဘာလနဲ႔ ေအာက္တုိဘာလမွာပဲ ၀င္ေရာက္ခဲ့တာျဖစ္တယ္လုိ႔ ဆုိပါတယ္။ ႏွစ္လအတြင္းမွာ ၀င္ေရာက္မႈဆက္တုိက္ျမင့္တက္ခဲ့ျခင္းက အခ်က္ႏွစ္ခ်က္ကုိ အဓိကေတြ႔ထားတယ္လုိ႔ ေထာက္ျပထားသလုိ အဲဒီအခ်က္ကေတာ့ ထုိင္းဘက္က လုပ္သားေခၚယူမႈေတြမွာ ကင္းလြတ္သက္သာခြင့္ေတြျပန္လည္ေပးလာတဲ့အခ်က္နဲ႔ ျမန္မာဘက္မွာ တုိက္ပြဲေတြကုိေရွာင္ခ်င္ေနတဲ့လူငယ္အုပ္စုေတြပဲ ျဖစ္တယ္လုိ႔ ဆုိပါတယ္။ စက္တင္ဘာလနဲ႔ ေအာက္တုိဘာလမွာ၀င္ေရာက္ခဲ့တဲ့ ျမန္မာေတြဟာ ထုိင္းႏုိင္ငံရဲ႕ခရုိင္(၁၀)ခုျဖစ္တဲ့ ရေနာင္း၊ ပရာခၽြတ္ခီရိခန္း၊ ပက္ခ်္ဘူရီ၊ ခၽြမ္ဖုန္၊ ရတ္ခ်္ဘူရီ၊ ကန္ခ်နဘူရီ၊ တက္ခ္၊ မယ္ေဟာင္ေဆာင္၊ ခ်င္းမုိင္၊ ခ်င္းရုိင္တုိ႔ကုိ ၀င္ေရာက္ခဲ့တာျဖစ္သလုိ ခ်င္းမုိင္ထဲကုိ ၀င္တဲ့ကိစၥကေတာ့ အထူးသတိျပဳရမယ္လုိ႔ ေထာက္ျပထားပါတယ္။ ျမန္မာဘက္က အေျခအေနမေကာင္းတာေၾကာင့္ ထုိင္းဘက္ကုိ ခုိး၀င္ျပီး အဖမ္းခံတာမ်ဳိးျဖစ္ေစ၊ အဖမ္းမခံရဘဲ ခုိလႈံေနတာမ်ဳိးျဖစ္ေစ ဒါဟာ ထုိင္းအတြက္ေတာ့ ေကာင္းေသာရလဒ္မဟုတ္ဘူးလုိ႔ ဆုိပါတယ္။
ဒီေလာက္မ်ားျပားတဲ့ပမာဏကုိ ဖမ္းဆီးထားတယ္ဆုိတဲ့ေခါင္းစဥ္ထက္ပုိျပီး ထုိင္းဘက္ကတာ၀န္ယူထိန္းသိမ္း ေပးထားရတာမ်ဳိးျဖစ္ေနတာက စဥ္းစားစရာျဖစ္သလုိ ထုိင္းအရာရွိေတြအေနနဲ႔ ျမန္မာလုံျခဳံေရးတပ္ဖြဲ႔ေတြနဲ႔ ခုိင္ခုိင္မာမာညိွႏိႈင္းတုိင္ပင္ထားႏုိင္ဖုိ႔ လုိျပီလုိ႔ ေျပာထားပါတယ္။ အထူးသျဖင့္ ျမန္မာႏုိင္ငံရဲ႕ႏုိင္ငံေရးအခင္းအက်င္း(မီးေလာင္မႈ)ကေန ထုိင္းဘက္ကုိ မီးပြားစင္တာမ်ဳိးမျဖစ္ေစဖုိ႔အတြက္ ႏုိင္ငံေရးမူအရ ခုိင္ခုိင္မာမာသတ္မွတ္ခ်က္ထားဖုိ႔လုိတယ္လုိ႔ ထုိင္းေဆာင္းပါးရွင္က ေထာက္ျပထားတာျဖစ္ပါတယ္။