မြန်မာ - အိန္ဒိယ အကြားဆက်သွယ်သည့် လမ်းစီမံကိန်းများ၏ဖြစ်တန်စွမ်းလေ့လာရန် ဆောက်လုပ်ရေးဝန်ကြီးနှင့်အိန္ဒိယသံအမတ်ကြီးတို့ ဆွေးနွေး

 130

ဟန်ဟန်(NP News)-ဇွန်၂၀

မြန်မာ - အိန္ဒိယ နှစ်နိုင်ငံ အကြားဆက်သွယ်သည့် လမ်းစီမံကိန်းများ၏ ဖြစ်တန်စွမ်းလေ့လာရန် ဆောက်လုပ်ရေးဝန် ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် နှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E Mr. Abhay Thakur တို့ ဆွေးနွေးခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။


ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် သည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E Mr. Abhay Thakurအား ယမန်နေ့ ( ဇွန်လ ၁၉ရက်) ၊ နေ့လယ် (၂) နာရီတွင် နေပြည်တော်၊ ရုံးအမှတ် (၁၁) ဆောက်လုပ်ရေးဝန်ကြီးဌာန ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံ ခဲ့ကြောင်း သိရသည်။

ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုအပေါ် အခြေခံ၍ ပူးပေါင်းဆောင်ရွက်လျက်ရှိသော လမ်းပန်းဆက်သွယ်ရေးကဏ္ဍ ဖွံဖြိုးတိုးတက်ရေး ဆိုင်ရာ လုပ်ငန်းစဉ်များကို ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်မည့် ကိစ္စရပ်များဆွေးနွေးခဲ့ကြောင်းသိရသည်။

ထို့အပြင် နယ်စပ်ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကုန်စည်စီးဆင်းမှု ပိုမိုမြန်ဆန်ချောမွေ့စေရေး၊ ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝ တိုးတက်စေရန်အတွက် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် အိန္ဒိယနိုင်ငံ၏ အကူအညီအထောက်ပံ့(Grant Aid) ဖြင့် ဆောင်ရွက်လျက်ရှိသည့် လမ်း၊တံတား အဆင့်မြှင့်တင်ခြင်းဆိုင်ရာ ကိစ္စရပ်များကိုလည်း ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးသည် ကိုလည်းသိရသည်။

အလားတူ ဒေသတွင်းဖွံဖြိုးတိုးတက်ရေးတွင် အရေးပါပြီး နှစ်နိုင်ငံအကျိုးဖြစ်ထွန်းစေမည့် အိန္ဒိယ-မြန်မာ နှစ်နိုင်ငံအကြား ဆက်သွယ်သည့် လမ်းလုပ်ငန်းစီမံကိန်းများအား ဖြစ်တန်စွမ်းလေ့လာမှုပြုလုပ်လိုခြင်း ကိစ္စရပ်များကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါတွေ့ဆုံပွဲသို့ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးနှင့်အတူ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးမှ တာဝန်ရှိသူများတက်ရောက်ခဲ့သည်ကိုလည်း သိရသည်။

Zawgyi Version:
ျမန္မာ - အိႏၵိယ အၾကားဆက္သြယ္သည့္ လမ္းစီမံကိန္းမ်ား၏ျဖစ္တန္စြမ္းေလ့လာရန္ ေဆာက္လုပ္ေရးဝန္ႀကီးႏွင့္အိႏၵိယသံအမတ္ႀကီးတို႔ ေဆြးေႏြး

ဟန္ဟန္(NP News)-ဇြန္၂၀

ျမန္မာ - အိႏၵိယ ႏွစ္ႏိုင္ငံ အၾကားဆက္သြယ္သည့္ လမ္းစီမံကိန္းမ်ား၏ ျဖစ္တန္စြမ္းေလ့လာရန္ ေဆာက္လုပ္ေရးဝန္ ႀကီး ဌာန ျပည္ေထာင္စုဝန္ႀကီး ဦးမ်ိဳးသန႔္ ႏွင့္ ျမန္မာႏိုင္ငံဆိုင္ရာ အိႏၵိယသံအမတ္ႀကီး H.E Mr. Abhay Thakur တို႔ ေဆြးေႏြးခဲ့ေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ၏ ထုတ္ျပန္ခ်က္အရ သိရသည္။


ေဆာက္လုပ္ေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးမ်ိဳးသန႔္ သည္ ျမန္မာႏိုင္ငံဆိုင္ရာ အိႏၵိယသံအမတ္ႀကီး H.E Mr. Abhay Thakurအား ယမန္ေန႔ ( ဇြန္လ ၁၉ရက္) ၊ ေန႔လယ္ (၂) နာရီတြင္ ေနျပည္ေတာ္၊ ႐ုံးအမွတ္ (၁၁) ေဆာက္လုပ္ေရးဝန္ႀကီးဌာန ဧည့္ခန္းမ၌ လက္ခံေတြ႕ဆုံ ခဲ့ေၾကာင္း သိရသည္။

ထိုသို႔ေတြ႕ဆုံစဥ္ ႏွစ္ႏိုင္ငံခ်စ္ၾကည္ရင္းႏွီးမႈအေပၚ အေျခခံ၍ ပူးေပါင္းေဆာင္႐ြက္လ်က္ရွိေသာ လမ္းပန္းဆက္သြယ္ေရးက႑ ဖြံၿဖိဳးတိုးတက္ေရး ဆိုင္ရာ လုပ္ငန္းစဥ္မ်ားကို ဆက္လက္ အေကာင္အထည္ေဖာ္ ေဆာင္႐ြက္မည့္ ကိစၥရပ္မ်ားေဆြးေႏြးခဲ့ေၾကာင္းသိရသည္။

ထို႔အျပင္ နယ္စပ္ကုန္သြယ္မႈ ဖြံ႕ၿဖိဳးတိုးတက္ေရးႏွင့္ ကုန္စည္စီးဆင္းမႈ ပိုမိုျမန္ဆန္ေခ်ာေမြ႕ေစေရး၊ ေဒသခံျပည္သူမ်ား၏ လူမႈစီးပြားဘဝ တိုးတက္ေစရန္အတြက္ ခရီးသြားလုပ္ငန္းမ်ား ဖြံ႕ၿဖိဳးတိုးတက္ေစေရးတို႔အတြက္ အိႏၵိယႏိုင္ငံ၏ အကူအညီအေထာက္ပံ့(Grant Aid) ျဖင့္ ေဆာင္႐ြက္လ်က္ရွိသည့္ လမ္း၊တံတား အဆင့္ျမႇင့္တင္ျခင္းဆိုင္ရာ ကိစၥရပ္မ်ားကိုလည္း ရင္းႏွီးပြင့္လင္းစြာ အျမင္ခ်င္းဖလွယ္ ေဆြးေႏြးသည္ ကိုလည္းသိရသည္။

အလားတူ ေဒသတြင္းဖြံၿဖိဳးတိုးတက္ေရးတြင္ အေရးပါၿပီး ႏွစ္ႏိုင္ငံအက်ိဳးျဖစ္ထြန္းေစမည့္ အိႏၵိယ-ျမန္မာ ႏွစ္ႏိုင္ငံအၾကား ဆက္သြယ္သည့္ လမ္းလုပ္ငန္းစီမံကိန္းမ်ားအား ျဖစ္တန္စြမ္းေလ့လာမႈျပဳလုပ္လိုျခင္း ကိစၥရပ္မ်ားကိုလည္း ထည့္သြင္းေဆြးေႏြးခဲ့ေၾကာင္း သိရသည္။

အဆိုပါေတြ႕ဆုံပြဲသို႔ ေဆာက္လုပ္ေရးဝန္ႀကီးဌာနမွ ျပည္ေထာင္စုဝန္ႀကီးႏွင့္အတူ တာဝန္ရွိသူမ်ား၊ ျမန္မာႏိုင္ငံဆိုင္ရာ အိႏၵိယသံ႐ုံးမွ တာဝန္ရွိသူမ်ားတက္ေရာက္ခဲ့သည္ကိုလည္း သိရသည္။

Related news

© 2021. All rights reserved.