နှစ်ပေါင်း (၆ဝဝ)ခန့်အတွင်း အကြာရှည်ဆုံးလကြတ်ခြင်းကို ပြန်လည်မြင်တွေ့ရမည်

2479

ရောင်နီ (NP News) - နိုဝင်ဘာ ၁၉
နှစ်ပေါင်း (၆ဝဝ)ခန့်အတွင်း အရှည်ဆုံးတစ်စိတ်တစ်ပိုင်းလကြတ်ခြင်းကို သောကြာနေ့ (နိုဝင်ဘာလ ၁၉ ရက်)မှာ မြင်တွေ့ရနိုင်ပြီး လရဲ့အစိတ်အပိုင်းတစ်ချို့ဟာအနီရောင် ဖြစ်နေနိုင်တယ်လို့ကျွမ်းကျင်သူများကဆိုပါတယ်။
လဟာကမ္ဘာရဲ့အနောက်ကိုရွေ့လျားနေခြင်းဖြစ်တာကြောင့် ၎င်းရဲ့မျက်နှာပြင်(၉၉)ရာ ခိုင်နှုန်းနီရဲနေချိန်မှာ လုံဝနီးပါးအရိပ်အဖြစ်သာမြင်တွေ့ရမှာဖြစ်ပါတယ်။ ဒီမြင်ကွင်းကို မြောက်အမေရိက၊ တောင်အမေရိက၊ ပိုလီနီးရှား၊ ဩစတေးလျနဲ့ အရှေ့မြောက်အာရှရဲ့ အစိတ်အပိုင်းအားလုံးမှာ မြင်တွေ့ရနိုင်မယ်လို့သိရပါတယ်။ သောကြာနေ့ရဲ့ဂရင်းနစ်စံ တော်ချိန် (06:02)မှာ လကိုအရောင်မှိန်မှိန်နဲ့မြင်တွေ့ရနိုင်မည်ဖြစ်ပြီး တစ်နာရီခန့်အကြာမှာလဟာအရိပ်အပြည့်ကျရောက်သွားမှာဖြစ်ကြောင်း၊ ဂရင်းနစ်စံတော်ချိန် (08:45)မှာ လဟာအနီရောင်ပေါ်လာမည်ဖြစ်ပြီး (၁၈)မိနစ်အကြာမှာအထင်ရှားဆုံး အနီရောင်ကို မြင်တွေ့ရမှာဖြစ်တယ်လို့ အာကာသသိပ္ပံပညာရှင်တွေက ဆိုပါတယ်။
ပြင်းထန်တဲ့အနီရောင်ခြယ်ဟာ "Rayleigh scattering" လို့ခေါ်တဲ့ဖြစ်စဉ်တစ်ခုကြောင့် ဖြစ်ရခြင်းဖြစ်ပြီး လကြတ်ခြင်းစတင်သည့်အချိန်မှစကုန်ဆုံးချိန်အထိသုံးနာရီနဲ့(၂၈)မိ နစ်ကျော်ကြာမယ်လို့ သိရပါတယ်။ ဒါဟာ ၁၄၄ဝ ခုနှစ်နောက်ပိုင်း အရှည်ကြာဆုံးလ ကြတ်ခြင်းပဲဖြစ်ပါတယ်။
zawgyi version