ဗားကရာလမ်းပစ်ခတ်မှုအပါအဝင် ပစ်ခတ်လုပ်ကြံမှု (၁၅)ကြိမ်အား ဦးဖြိုးဇေယျာသော်မှလက်နက်များထုတ်ပေးပြီး ပြုလုပ်စေခဲ့ခြင်းဖြစ်ဟုဆို

2146

NP News - နိုဝင်ဘာ ၂၃
ဗားကရာလမ်း ပစ်ခတ်မှုအပါအဝင် ပစ်ခတ်လုပ်ကြံမှု (၁၅) ကြိမ်အား ဦးဖြိုးဇေယျာသော်မှ လက်နက်များ ထုတ်ပေးပြီး ပြုလုပ်စေခဲ့ခြင်းဖြစ် ကြောင်း စစ်ကောင်စီ သတင်းမှန်ပြန်ကြားရေးက ဦးဖြိုးဇေယျာသော်၏ ထွက်ဆို ချက်များအဖြစ် နိုဝင်ဘာလ (၂၂) ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
စစ်ကောင်စီ၏ အုပ်ချုပ်မှုယန္တရားများပျက်ပြားစေရန်အတွက် တာဝန်ထမ်းဆောင်နေသော မြို့နယ်/ ရပ်ကွက်/ ကျေးရွာ စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ နိုင်ငံ့ဝန်ထမ်းများ၊ ပြည်ခိုင်ဖြိုးပါတီ ဝင်များအပါအဝင် အခြားဆန့်ကျင်ဘက် ပါတီဝင်များ၊ ၎င်းတို့၏မိသားစုဝင်များအားလုပ်ကြံသတ် ဖြတ်ရန် ဆောင်ရွက်ရာတွင် လုပ်ကြံသတ်ဖြတ်ရေး အဖွဲ့များအား Mission ဆောင်ရွက်မည့် တင်ပြချက်အပေါ် မူတည်၍ လက်နက်/ခဲယမ်းများ ထုတ်ပေးခဲ့ခြင်းဖြစ်ကြောင်းဖော်ထုတ်သိရှိရသည်ဟုထုတ်ပြန်ထားသည်။
ဦးဖြို့ဇေယျာသော်၏ ထွက်ဆိုချက်အဖြစ် ၂ဝ၂၁ ခုနှစ် မေလ ၁၈ ရက်တွင် လမ်းမတော်မြို့နယ်၊ (၃)ရပ်ကွက်၊ ရပ်ကွက် စီမံအုပ်ချုပ်ရေးအဖွဲ့မှူး ဦးမျိုးလွင် အား သတ်ဖြတ်ရန်အတွက် (STF)အဖွဲ့ဝင် ကိုဂျီထံပစ္စတို (၁) လက် ထုတ်ပေးခဲ့ရာ ရပ်ကွက်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးသို့ လက် လုပ်ဗုံး (၂) လုံးဖြင့် ပစ်ခတ်ခဲ့မှု ဖြစ်စဉ်အား စစ်ဆေးရန် ရပ်ကွက်စီမံအုပ် ချုပ်ရေးအဖွဲ့မှူး ဦးမျိုးလွင်(၅၂)နှစ်သည် နေအိမ်တိုက်ခန်းမှ ရုံးသို့ထွက်လာစဉ် တိုက်ခန်းအောက် လှေကား အရောက်၌ စိစစ်ဆဲ လူတစ်စုမှ ပစ္စတိုသေနတ်ဖြင့် ပစ်ခတ်ခဲ့သောကြောင့် ဦးမျိုးလွင်တွင် ဦးခေါင်း(၁)ချက် ထိမှန် သေဆုံးခဲ့ကြောင်းသိရသည်။
ယင်းနောက် မေလ ၁၉ ရက်တွင် စမ်းချောင်းမြို့နယ်၊ မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့ရုံးအားဝင်ရောက်ပစ်ခတ်ရန်အတွက် (STF)အဖွဲ့ဝင် လင်း ပိုင်ထံ ပစ္စတို(၂)လက်အား ထုတ်ပေးခဲ့ရာ မေလ ၂၁ရက်တွင်စမ်းချောင်း မြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ရုံးအား ၎င်းအဖွဲ့ဝင် (၂) ဦးမှ ပစ္စတို သေနတ်၊ လက်ပစ်ဗုံးတို့ဖြင့် ပစ်ခတ်ခဲ့ရာ လုံခြုံရေး တပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း၊ မေလ ၁၉ ရက်နေ့မှာပင် သာကေတမြို့ နယ်ရှိ ပြည်သူ (၁) ဦးအား ပစ်ခတ်ရန်အတွက် သာကေတမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် ကျော်သီဟထံ ပစ္စတို (၁) လက် ထုတ်ပေးခဲ့ရာ မေလ ၂၇ ရက်တွင် အမှတ်(၃၄)၊ မာန်ပြေ(၂၀)လမ်း၊ ၃ မာန်ပြေရပ် ကွက်၊ သာကေတမြို့နယ်နေ ပြည်သူ (၁) ဦးအား ၎င်း၏နေအိမ်အရှေ့တွင် အမျိုးသား (၂) ဦးမှ သေနတ်ဖြင့် ပစ်ခတ် သတ်ဖြတ်ခဲ့ကြောင်း သိရသည်။
မရမ်းကုန်းမြို့နယ်၊ (၃)ရပ်ကွက်တွင်လည်း မေလ ၂၅ ရက်နေ့၌ ရပ် ကွက်နေပြည်သူ ဦးအောင်မင်းအား ပစ်ခတ်ရန် အတွက် (STF) အဖွဲ့ဝင် Sky ထံ ပစ္စတို(၁)လက်ထုတ်ပေးခဲ့ရာ ဇွန်လ ၁ ရက်တွင် ဦးအောင်မင်းအား MCC ခန်းမ ရှေ့၌ အငှားယာဉ်တစ်စီးပေါ်မှ သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ ဇွန်လ ၃ ရက်တွင် ဒေါပုံမြို့နယ်၊ ရပ်ကွက်စီမံအုပ်ချုပ်ရေးအဖွဲ့မှူး ဦးထွန်းရီ အား ပစ်ခတ်ရန်အတွက် ဒေါပုံမြို့နယ်၊ ပြည်သူ့ကာကွယ် ရေးအဖွဲ့ဝင် (၂) ဦးထံ ပစ္စတို (၁) လက်ထုတ်ပေးခဲ့ရာ ဦးထွန်းရီသည် ဒေါပုံမြို့နယ်မှ သန်လျင်မြို့နယ်သို့ မော်တော် ယာဉ်ဖြင့် ထွက်ခွာလာစဉ် မင်းနန္ဒာလမ်းနှင့် ရွှေးဖူးမျှော်လမ်းထိပ်အရောက် လက်နက်ကိုင် (၃) ဦးမှသေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ် ကြောင်းနှင့် ဇွန်လ ၄ ရက်တွင်သာကေတမြို့နယ်၊ ၃ မာန်ပြေရပ်ကွက်ရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များအား ပစ် ခတ်ရန်အတွက် (STF) အဖွဲ့ဝင် ကြွက် ထံ ပစ္စတို (၁) လက်ထုတ် ပေးခဲ့ရာ ဇွန်လ ၇ ရက်တွင် လုံခြုံရေးတာဝန် ထမ်းဆောင်နေသော တပ်ဖွဲ့ဝင်များအား အဖြူရောင်မော်တော်ယာဉ်ပေါ်မှ လက်နက်ကိုင် (၄) ဦးမှပစ် ခတ်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင်(၂)ရပ်ကွက်ရှိ “လှသီတာ” ရွှေဆိုင်အား ဇူလိုင်လ ၁၁ ရက်တွင် ဓါးပြတိုက်ရန် အတွက် STF အဖွဲ့မှ ထူးထူးအား ပစ္စတို (၁) လက်အား ငှားရမ်းပေးခဲ့သည့် ဖြစ်စဉ်တွင် တရားခံ ဝေယံ(ခ) အသေးလေးအား Glock အမျိုးအစား ပစ္စတို (၁) လက်၊ ကျည်အိမ် (၁) ခု၊ ကျည် (၈) တောင့်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း၊ ဇူလိုင်လ စတု တ္ထပါတ်တွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ၃၅ ရပ်ကွက်ရှိ ပြည်သူ (၁) ဦး အား ပစ်ခတ်ရန်အတွက် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် (၁) ဦး ထံ ပစ္စတို (၁) လက်ထုတ်ပေးခဲ့ရာ ဩဂုတ်လ ၅ ရက်တွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ အမှတ်(၃၅) ရပ်ကွက်၊ တပင်ရွှေထီးလမ်း၊ အမှတ်(၅၀)၊ မြိုင်မဟာလက်ဘက်ရည်ဆိုင်သို့ လက်နက်ကိုင် (၂) ဦးမှ လက်နက်ငယ်နှင့် လက်ပစ်ဗုံးတို့ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့ရာ အပြစ်မဲ့ပြည်သူ အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြချက်အရ သိရသည်။
ထို့နောက် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ၅၇ ရပ်ကွက်၊ ရပ်ကွက် စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးမှ အဖွဲ့ဝင် (၁) ဦးအား ဩဂုတ်လ ၁၇ ရက်တွင်ပစ် ခတ်ရန်အတွက် ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် (၁) ဦး ထံ ပစ္စတို (၁) လက်ထုတ်ပေးခဲ့ရာ မိုးကာဝတ်ထားသည့် လက်နက်ကိုင် (၄) ဦးမှ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သဖြင့် ပြည်သူ (၁) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ဩဂုတ်လ တတိယပတ်တွင် လှိုင်သာယာမြို့နယ်၊ ဘုရင့်နောင်တံတားအဆင်း လုံခြုံရေးရဲကင်းအားပစ်ခတ်ရန်အတွက် (STF)အဖွဲ့ဝင် (၁) ဦးထံ ပစ္စတို (၂)လက်ထုတ် ပေးခဲ့ရာ ဩဂုတ်လ ၂၂ ရက်တွင် လှိုင်သာယာမြို့နယ်၊ ဘုရင့်နောင်တံ တားအဆင်းတွင် လုံခြုံရေးတာဝန် ထမ်းဆောင်နေသော တပ်ဖွဲ့ဝင်များအား ယာဉ်ပေါ်မှ လက်နက်ငယ်ဖြင့် ပစ်ခတ်ခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
စက်တင်ဘာလ ၉ ရက်တွင် စမ်းချောင်းမြို့နယ်၊ လှည့်ကင်းဆောင်ရွက် နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များအား ပစ်ခတ်ရန်အတွက် Revolution Force အဖွဲ့ဝင် (၁) ဦးထံ လက်နက်ငယ်များ ထုတ်ပေးခဲ့ရာ စမ်းချောင်းမြို့နယ်၊ သံတံတား ရပ်ကွက်တွင် လှည့်ကင်းဆောင်ရွက်နေသော လုံခြုံ ရေးတပ်ဖွဲ့ဝင်များအား ယာဉ်နောက်ခန်းအတွင်း လက်ပစ်ဗုံး၊ လက်နက် ငယ်များဖြင့် ဝိုင်းဝန်းပစ်ခတ်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ပြစ်မှုကျူးလွန်ခဲ့သော တရားခံကျော်စိုးလင်းနှင့်ဝေယံပိုင်အပါ ကျား (၁၆) ဦး၊ မ (၂) ဦး၊ ပေါင်း (၁၈) ဦးနှင့်အတူ လက်နက် ငယ်မျိုးစုံ (၅) လက်၊ ကျည်အိမ်မျိုးစုံ (၅) ခု၊ ကျည်မျိုးစုံ (၁၆၆) တောင့်၊ လက်ပစ်ဗုံးမျိုးစုံ (၄) လုံး၊ လက်လုပ်ဗုံး (၃၀) လုံး၊ ဒရုန်း (၁) ခုနှင့် ဆက် စပ်ပစ္စည်းများအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အောက်တိုဘာလ ဒုတိယပတ်တွင် ဗားကရာလမ်းနှင့် အောက်ကြည့်မြင်တိုင် လမ်းထောင့်ရှိ ယာဉ်ထိန်းရဲ ကင်းရုံအား ပစ်ခတ်ရန်အတွက် (STF)အဖွဲ့ဝင် S-21 ထံ လက်နက်ငယ်များ ထုတ်ပေးခဲ့ရာ အောက်တို ဘာလ ၂၃ ရက်တွင် ကြည့်မြင်တိုင် မြို့နယ်၊ ဗားကရာမီးပွိုင့်ယာဉ်ထိန်းရုံး၌ လုံခြုံရေးတာဝန်ထမ်းဆောင် နေသော တပ်ဖွဲ့ဝင်များအားအကြမ်း ဖက်သမားများသည် မော်တော်ယာဉ် (၁) စီးပေါ်မှ လက်နက်ငယ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ လုံခြုံရေး တပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တရားခံ အောင်ပိုင်ဖြိုး၊ ဆွေလင်းအောင်၊ စောဂယ်လ်ဇင်ထူး၊ ဟိန်းထက်အောင် တို့ (၄)ဦးအား လက်နက် ငယ်မျိုးစုံ (၈) လက်၊ ကျည်အိမ်မျိုးစုံ (၃၅) ခု ၊ကျည်မျိုးစုံ (၁၂၂၀) တောင့်၊ ၄၀ မမဗုံးသီး (၁၂) လုံး၊ ရှေ့ထွက်မိုင်း (၄) လုံး၊ မီးခိုးဗုံး (၅) လုံး၊ ရှို့ပစ် (၂) လုံး၊ ယမ်းမှုန့် (မီးခိုရောင်) (၇) ထုပ်၊ မှန်ပြောင်း (၁) ခုတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း၊အောက်တိုဘာလ ၂၃ ရက်တွင် ဗိုလ်တစ်ထောင်မြို့နယ်၊ ဈေးလမ်းမီးပွိုင့်အနီး ယာဉ်ထိန်းရဲကင်းရုံအား ပစ်ခတ်ရန်အတွက် (STF)အဖွဲ့ဝင် (၂) ဦးထံ ပစ္စတို (၄) လက်ထုတ်ပေးခဲ့ရာ ဗိုလ်တထောင်မြို့နယ်၊ (၃)ရပ်ကွက်ရှိ ယာဉ်ထိန်းရုံးမီးပွိုင့်၌ လုံခြုံရေးတာဝန်ထမ်းဆောင်နေသော တပ်ဖွဲ့ဝင်များအား လက်နက်ကိုင် (၄) ဦးမှ လက်နက်ငယ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း၊ အောက်တိုဘာလ တတိယပတ်တွင် ဒေါပုံမြို့ နယ်ရဲစခန်းနှင့် လှိုင်မြို့နယ် ရဲစခန်းတို့အား ပစ်ခတ်ရန်အတွက် UG အဖွဲ့ဝင် 44-ST ထံ M-79 ဗုံးပစ် လောင်ချာ (၂) လက်၊ ဗုံးသီး (၇) လုံး ထုတ်ပေးခဲ့ရာ အောက်တိုဘာလ ၂၇ ရက်တွင် ဒေါပုံရဲစခန်းအား ဒေါပုံသင်္ဘောကျင်းအနီးမှ လည်းကောင်း၊ အောက်တိုဘာလ ၃၁ ရက်တွင် လှိုင်ရဲစခန်းအား လည်းကောင်း M-79 ဗုံးပစ် လောင်ချာဖြင့်ပစ်ခတ်ခဲ့ရာ တရားခံ ကျား (၁၁) ဦး၊ မ (၂) ဦး၊ ပေါင်း (၁၃) ဦးအား FCG 9 သေနတ် (၆) လက်၊ ပွိုင့်-၄၅ COLT’s ပစ္စတို သေနတ် (၁) လက်၊ ၉ မမ ကျည် (၁၂) တောင့်၊ ပွိုင့် ၄၅ ကျည် (၅) တောင့်၊ ပွိုင့် ၃၈ ကျည် (၂၀) တောင့်၊ FCG 9 ကျည်အိမ် (၈) ခု၊ ပစ္စတို ကျည်အိမ် (၁) ခု၊ လက်လုပ်ဗုံး (၂) လုံးတို့နှင့်အတူ ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။
ထို့နောက် နိုဝင်ဘာလ ၄ ရက်တွင် မရမ်းကုန်းမြို့နယ်ရှိ Mytel GM ဦးသိန်းအောင်အား ပစ်ခတ်ရန်အတွက် (YFA) အဖွဲ့ဝင် (၁) ဦးထံ ပစ္စတို (၁) လက်ဌားရမ်းပေးခဲ့ကြောင်းနှင့် ပစ်ခတ်မှု ဖြစ်စဉ်တွင် တရားခံ စစ်ဇော်ကံ(ခ)ဟန်သာထွန်းနှင့် ဗညားစိုးထက်(ခ) လီယို၊ ဖြိုးအိကျော်နှင့် စိုင်းစည်သူတို့ (၄) ဦးအား ဖမ်းဆီး ရမိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဖြိုးဇေယျာသော်ထံမှ လက်နက်/ခဲယမ်း များရယူ၍ ပစ်ခတ်သတ်ဖြတ်မှုများ ကျူးလွန်ခဲ့သော ဖြစ်စဉ်များတွင် လုံခြုံရေးအဖွဲ့များနှင့် ပြည်သူလူ ထု၏ ပူးပေါင်းဖော်ထုတ်မှုကြောင့် ကျား (၃၄) ဦး၊ မ (၅) ဦး ပေါင်း (၃၉) ဦးတို့အား လက်နက်ငယ်မျိုးစုံ (၂၁) လက်၊ ကျည်အိမ်မျိုးစုံ (၅ဝ) ခု၊ ကျည်မျိုးစုံ (၁၄၆၅) တောင့်၊ ၄ဝ မမ ဗုံးသီး (၁၂) လုံး၊ လက်ပစ်ဗုံးမျိုးစုံ (၄) လုံး၊ လက်လုပ်ဗုံး (၃၂) လုံး၊ ရှေ့ထွက်မိုင်း (၄) လုံး၊ မီးခိုးဗုံး (၅) လုံး၊ ရှို့ပစ် (၂) လုံး၊ ယမ်းမှုန့် (မီးခိုရောင်) (၇) ထုပ်၊ မှန်ပြောင်း (၁) ခုနှင့် ဒရုန်း (၁) ခုတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ထွက်ပြေးတိမ်းရှောင်လျက် ရှိသော တရားခံများအား အမြန်ဆုံး ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်းလည်း ထုတ်ပြန်ချက်တွင်ပါရှိသည်။
မောင်ကျော်(ခ)ဖြိုးဇေယျာသော်သည် ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေး ကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ် အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်း မရှိဘဲ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှစတင်၍ ရန်ကုန်မြို့အတွင်း ဆန္ဒပြမှုများအား ဦးစီးဆောင်ရွက်ခဲ့ကြောင်း၊ ထို့ပြင် ဧပြီလမှစ၍ NUG မှ ဦးရည်မွန်၊ ဒေါက်တာဇော်ဝေစိုး၊ ဦးလွင်ကိုလတ်တို့နှင့် ချိတ်ဆက်၍ ရန်ကုန်တိုင်းတာဝန်ခံအဖြစ် ဆောင်ရွက်ပြီး Special Tesk Force- STF နှင့် People Defence Force-PDF အဖွဲ့တို့အား ဦးစီးကာ ဖောက်ခွဲရေးလုပ်ငန်းများဆောင်ရွက်ခဲ့သည်ကို ဖော်ထုတ်သိရှိရကြောင်း စစ်ကောင် စီ၏ ထုတ်ပြန်ချက်အရသိရသည်။
zawgyi version
ဗားကရာလမ္းပစ္ခတ္မႈအပါအဝင္ ပစ္ခတ္လုပ္ႀကံမႈ (၁၅)ႀကိမ္အား ဦးၿဖိဳးေဇယ်ာေသာ္မွလက္နက္မ်ားထုတ္ေပးၿပီး ျပဳလုပ္ေစခဲ့ျခင္းျဖစ္ဟုဆို
NP News - ႏိုဝင္ဘာ ၂၃
ဗားကရာလမ္း ပစ္ခတ္မႈအပါအဝင္ ပစ္ခတ္လုပ္ႀကံမႈ (၁၅) ႀကိမ္အား ဦးၿဖိဳးေဇယ်ာေသာ္မွ လက္နက္မ်ား ထုတ္ေပးၿပီး ျပဳလုပ္ေစခဲ့ျခင္းျဖစ္ ေၾကာင္း စစ္ေကာင္စီ သတင္းမွန္ျပန္ၾကားေရးက ဦးၿဖိဳးေဇယ်ာေသာ္၏ ထြက္ဆို ခ်က္မ်ားအျဖစ္ ႏိုဝင္ဘာလ (၂၂) ရက္ေန႔တြင္ ထုတ္ျပန္ခဲ့သည္။
စစ္ေကာင္စီ၏ အုပ္ခ်ဳပ္မႈယႏၲရားမ်ားပ်က္ျပားေစရန္အတြက္ တာဝန္ထမ္းေဆာင္ေနေသာ ၿမိဳ႕နယ္/ ရပ္ကြက္/ ေက်း႐ြာ စီမံအုပ္ခ်ဳပ္ေရးအဖြဲ႕ဝင္မ်ား၊ ႏိုင္ငံ့ဝန္ထမ္းမ်ား၊ ျပည္ခိုင္ၿဖိဳးပါတီ ဝင္မ်ားအပါအဝင္ အျခားဆန႔္က်င္ဘက္ ပါတီဝင္မ်ား၊ ၎တို႔၏မိသားစုဝင္မ်ားအားလုပ္ႀကံသတ္ ျဖတ္ရန္ ေဆာင္႐ြက္ရာတြင္ လုပ္ႀကံသတ္ျဖတ္ေရး အဖြဲ႕မ်ားအား Mission ေဆာင္႐ြက္မည့္ တင္ျပခ်က္အေပၚ မူတည္၍ လက္နက္/ခဲယမ္းမ်ား ထုတ္ေပးခဲ့ျခင္းျဖစ္ေၾကာင္းေဖာ္ထုတ္သိရွိရသည္ဟုထုတ္ျပန္ထားသည္။
ဦးၿဖိဳ႕ေဇယ်ာေသာ္၏ ထြက္ဆိုခ်က္အျဖစ္ ၂ဝ၂၁ ခုႏွစ္ ေမလ ၁၈ ရက္တြင္ လမ္းမေတာ္ၿမိဳ႕နယ္၊ (၃)ရပ္ကြက္၊ ရပ္ကြက္ စီမံအုပ္ခ်ဳပ္ေရးအဖြဲ႕မႉး ဦးမ်ိဳးလြင္ အား သတ္ျဖတ္ရန္အတြက္ (STF)အဖြဲ႕ဝင္ ကိုဂ်ီထံပစၥတို (၁) လက္ ထုတ္ေပးခဲ့ရာ ရပ္ကြက္စီမံအုပ္ခ်ဳပ္ေရးအဖြဲ႕႐ုံးသို႔ လက္ လုပ္ဗုံး (၂) လုံးျဖင့္ ပစ္ခတ္ခဲ့မႈ ျဖစ္စဥ္အား စစ္ေဆးရန္ ရပ္ကြက္စီမံအုပ္ ခ်ဳပ္ေရးအဖြဲ႕မႉး ဦးမ်ိဳးလြင္(၅၂)ႏွစ္သည္ ေနအိမ္တိုက္ခန္းမွ ႐ုံးသို႔ထြက္လာစဥ္ တိုက္ခန္းေအာက္ ေလွကား အေရာက္၌ စိစစ္ဆဲ လူတစ္စုမွ ပစၥတိုေသနတ္ျဖင့္ ပစ္ခတ္ခဲ့ေသာေၾကာင့္ ဦးမ်ိဳးလြင္တြင္ ဦးေခါင္း(၁)ခ်က္ ထိမွန္ ေသဆုံးခဲ့ေၾကာင္းသိရသည္။
ယင္းေနာက္ ေမလ ၁၉ ရက္တြင္ စမ္းေခ်ာင္းၿမိဳ႕နယ္၊ ၿမိဳ႕နယ္စီမံအုပ္ ခ်ဳပ္ေရးအဖြဲ႕႐ုံးအားဝင္ေရာက္ပစ္ခတ္ရန္အတြက္ (STF)အဖြဲ႕ဝင္ လင္း ပိုင္ထံ ပစၥတို(၂)လက္အား ထုတ္ေပးခဲ့ရာ ေမလ ၂၁ရက္တြင္စမ္းေခ်ာင္း ၿမိဳ႕နယ္၊ ၿမိဳ႕နယ္စီမံအုပ္ခ်ဳပ္ေရး အဖြဲ႕႐ုံးအား ၎အဖြဲ႕ဝင္ (၂) ဦးမွ ပစၥတို ေသနတ္၊ လက္ပစ္ဗုံးတို႔ျဖင့္ ပစ္ခတ္ခဲ့ရာ လုံၿခဳံေရး တပ္ဖြဲ႕ဝင္အခ်ိဳ႕ ထိခိုက္ဒဏ္ရာ ရရွိခဲ့ေၾကာင္း၊ ေမလ ၁၉ ရက္ေန႔မွာပင္ သာေကတၿမိဳ႕ နယ္ရွိ ျပည္သူ (၁) ဦးအား ပစ္ခတ္ရန္အတြက္ သာေကတၿမိဳ႕နယ္၊ ျပည္သူ႔ကာကြယ္ေရးအဖြဲ႕ဝင္ ေက်ာ္သီဟထံ ပစၥတို (၁) လက္ ထုတ္ေပးခဲ့ရာ ေမလ ၂၇ ရက္တြင္ အမွတ္(၃၄)၊ မာန္ေျပ(၂၀)လမ္း၊ ၃ မာန္ေျပရပ္ ကြက္၊ သာေကတၿမိဳ႕နယ္ေန ျပည္သူ (၁) ဦးအား ၎၏ေနအိမ္အေရွ႕တြင္ အမ်ိဳးသား (၂) ဦးမွ ေသနတ္ျဖင့္ ပစ္ခတ္ သတ္ျဖတ္ခဲ့ေၾကာင္း သိရသည္။
မရမ္းကုန္းၿမိဳ႕နယ္၊ (၃)ရပ္ကြက္တြင္လည္း ေမလ ၂၅ ရက္ေန႔၌ ရပ္ ကြက္ေနျပည္သူ ဦးေအာင္မင္းအား ပစ္ခတ္ရန္ အတြက္ (STF) အဖြဲ႕ဝင္ Sky ထံ ပစၥတို(၁)လက္ထုတ္ေပးခဲ့ရာ ဇြန္လ ၁ ရက္တြင္ ဦးေအာင္မင္းအား MCC ခန္းမ ေရွ႕၌ အငွားယာဥ္တစ္စီးေပၚမွ ေသနတ္ျဖင့္ ပစ္ခတ္ခဲ့ေၾကာင္း၊ ဇြန္လ ၃ ရက္တြင္ ေဒါပုံၿမိဳ႕နယ္၊ ရပ္ကြက္စီမံအုပ္ခ်ဳပ္ေရးအဖြဲ႕မႉး ဦးထြန္းရီ အား ပစ္ခတ္ရန္အတြက္ ေဒါပုံၿမိဳ႕နယ္၊ ျပည္သူ႔ကာကြယ္ ေရးအဖြဲ႕ဝင္ (၂) ဦးထံ ပစၥတို (၁) လက္ထုတ္ေပးခဲ့ရာ ဦးထြန္းရီသည္ ေဒါပုံၿမိဳ႕နယ္မွ သန္လ်င္ၿမိဳ႕နယ္သို႔ ေမာ္ေတာ္ ယာဥ္ျဖင့္ ထြက္ခြာလာစဥ္ မင္းနႏၵာလမ္းႏွင့္ ေ႐ႊးဖူးေမွ်ာ္လမ္းထိပ္အေရာက္ လက္နက္ကိုင္ (၃) ဦးမွေသနတ္ျဖင့္ ပစ္ခတ္သတ္ျဖတ္ ေၾကာင္းႏွင့္ ဇြန္လ ၄ ရက္တြင္သာေကတၿမိဳ႕နယ္၊ ၃ မာန္ေျပရပ္ကြက္ရွိ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားအား ပစ္ ခတ္ရန္အတြက္ (STF) အဖြဲ႕ဝင္ ႂကြက္ ထံ ပစၥတို (၁) လက္ထုတ္ ေပးခဲ့ရာ ဇြန္လ ၇ ရက္တြင္ လုံၿခဳံေရးတာဝန္ ထမ္းေဆာင္ေနေသာ တပ္ဖြဲ႕ဝင္မ်ားအား အျဖဴေရာင္ေမာ္ေတာ္ယာဥ္ေပၚမွ လက္နက္ကိုင္ (၄) ဦးမွပစ္ ခတ္ခဲ့သျဖင့္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္အခ်ိဳ႕ ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္းသိရသည္။
မရမ္းကုန္းၿမိဳ႕နယ္၊ ဘုရင့္ေနာင္(၂)ရပ္ကြက္ရွိ “လွသီတာ” ေ႐ႊဆိုင္အား ဇူလိုင္လ ၁၁ ရက္တြင္ ဓါးျပတိုက္ရန္ အတြက္ STF အဖြဲ႕မွ ထူးထူးအား ပစၥတို (၁) လက္အား ငွားရမ္းေပးခဲ့သည့္ ျဖစ္စဥ္တြင္ တရားခံ ေဝယံ(ခ) အေသးေလးအား Glock အမ်ိဳးအစား ပစၥတို (၁) လက္၊ က်ည္အိမ္ (၁) ခု၊ က်ည္ (၈) ေတာင့္တို႔ႏွင့္အတူ ဖမ္းဆီးရမိခဲ့ေၾကာင္း၊ ဇူလိုင္လ စတု တၳပါတ္တြင္ ဒဂုံၿမိဳ႕သစ္(ေျမာက္ပိုင္း)ၿမိဳ႕နယ္၊ ၃၅ ရပ္ကြက္ရွိ ျပည္သူ (၁) ဦး အား ပစ္ခတ္ရန္အတြက္ ဒဂုံၿမိဳ႕သစ္(ေျမာက္ပိုင္း)ၿမိဳ႕နယ္ ျပည္သူ႔ကာကြယ္ေရးအဖြဲ႕ဝင္ (၁) ဦး ထံ ပစၥတို (၁) လက္ထုတ္ေပးခဲ့ရာ ဩဂုတ္လ ၅ ရက္တြင္ ဒဂုံၿမိဳ႕သစ္(ေျမာက္ပိုင္း)ၿမိဳ႕နယ္၊ အမွတ္(၃၅) ရပ္ကြက္၊ တပင္ေ႐ႊထီးလမ္း၊ အမွတ္(၅၀)၊ ၿမိဳင္မဟာလက္ဘက္ရည္ဆိုင္သို႔ လက္နက္ကိုင္ (၂) ဦးမွ လက္နက္ငယ္ႏွင့္ လက္ပစ္ဗုံးတို႔ျဖင့္ ပစ္ခတ္ထြက္ေျပးသြားခဲ့ရာ အျပစ္မဲ့ျပည္သူ အခ်ိဳ႕ ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း ေဖာ္ျပခ်က္အရ သိရသည္။
ထို႔ေနာက္ ဒဂုံၿမိဳ႕သစ္(ေတာင္ပိုင္း)ၿမိဳ႕နယ္၊ ၅၇ ရပ္ကြက္၊ ရပ္ကြက္ စီမံအုပ္ခ်ဳပ္ေရးအဖြဲ႕႐ုံးမွ အဖြဲ႕ဝင္ (၁) ဦးအား ဩဂုတ္လ ၁၇ ရက္တြင္ပစ္ ခတ္ရန္အတြက္ ဒဂုံၿမိဳ႕သစ္ (ေတာင္ပိုင္း)ၿမိဳ႕နယ္၊ ျပည္သူ႔ကာကြယ္ေရးအဖြဲ႕ဝင္ (၁) ဦး ထံ ပစၥတို (၁) လက္ထုတ္ေပးခဲ့ရာ မိုးကာဝတ္ထားသည့္ လက္နက္ကိုင္ (၄) ဦးမွ လက္နက္ငယ္မ်ားျဖင့္ ပစ္ခတ္ခဲ့သျဖင့္ ျပည္သူ (၁) ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း၊ ဩဂုတ္လ တတိယပတ္တြင္ လႈိင္သာယာၿမိဳ႕နယ္၊ ဘုရင့္ေနာင္တံတားအဆင္း လုံၿခဳံေရးရဲကင္းအားပစ္ခတ္ရန္အတြက္ (STF)အဖြဲ႕ဝင္ (၁) ဦးထံ ပစၥတို (၂)လက္ထုတ္ ေပးခဲ့ရာ ဩဂုတ္လ ၂၂ ရက္တြင္ လႈိင္သာယာၿမိဳ႕နယ္၊ ဘုရင့္ေနာင္တံ တားအဆင္းတြင္ လုံၿခဳံေရးတာဝန္ ထမ္းေဆာင္ေနေသာ တပ္ဖြဲ႕ဝင္မ်ားအား ယာဥ္ေပၚမွ လက္နက္ငယ္ျဖင့္ ပစ္ခတ္ခဲ့ရာ လုံၿခဳံေရးတပ္ဖြဲ႕ဝင္အခ်ိဳ႕ ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္းသိရသည္။
စက္တင္ဘာလ ၉ ရက္တြင္ စမ္းေခ်ာင္းၿမိဳ႕နယ္၊ လွည့္ကင္းေဆာင္႐ြက္ ေနေသာ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားအား ပစ္ခတ္ရန္အတြက္ Revolution Force အဖြဲ႕ဝင္ (၁) ဦးထံ လက္နက္ငယ္မ်ား ထုတ္ေပးခဲ့ရာ စမ္းေခ်ာင္းၿမိဳ႕နယ္၊ သံတံတား ရပ္ကြက္တြင္ လွည့္ကင္းေဆာင္႐ြက္ေနေသာ လုံၿခဳံ ေရးတပ္ဖြဲ႕ဝင္မ်ားအား ယာဥ္ေနာက္ခန္းအတြင္း လက္ပစ္ဗုံး၊ လက္နက္ ငယ္မ်ားျဖင့္ ဝိုင္းဝန္းပစ္ခတ္ခဲ့သျဖင့္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္အခ်ိဳ႕ထိခိုက္ဒဏ္ရာရရွိခဲ့ၿပီး ျပစ္မႈက်ဴးလြန္ခဲ့ေသာ တရားခံေက်ာ္စိုးလင္းႏွင့္ေဝယံပိုင္အပါ က်ား (၁၆) ဦး၊ မ (၂) ဦး၊ ေပါင္း (၁၈) ဦးႏွင့္အတူ လက္နက္ ငယ္မ်ိဳးစုံ (၅) လက္၊ က်ည္အိမ္မ်ိဳးစုံ (၅) ခု၊ က်ည္မ်ိဳးစုံ (၁၆၆) ေတာင့္၊ လက္ပစ္ဗုံးမ်ိဳးစုံ (၄) လုံး၊ လက္လုပ္ဗုံး (၃၀) လုံး၊ ဒ႐ုန္း (၁) ခုႏွင့္ ဆက္ စပ္ပစၥည္းမ်ားအား ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
ေအာက္တိုဘာလ ဒုတိယပတ္တြင္ ဗားကရာလမ္းႏွင့္ ေအာက္ၾကည့္ျမင္တိုင္ လမ္းေထာင့္ရွိ ယာဥ္ထိန္းရဲ ကင္း႐ုံအား ပစ္ခတ္ရန္အတြက္ (STF)အဖြဲ႕ဝင္ S-21 ထံ လက္နက္ငယ္မ်ား ထုတ္ေပးခဲ့ရာ ေအာက္တို ဘာလ ၂၃ ရက္တြင္ ၾကည့္ျမင္တိုင္ ၿမိဳ႕နယ္၊ ဗားကရာမီးပြိဳင့္ယာဥ္ထိန္း႐ုံး၌ လုံၿခဳံေရးတာဝန္ထမ္းေဆာင္ ေနေသာ တပ္ဖြဲ႕ဝင္မ်ားအားအၾကမ္း ဖက္သမားမ်ားသည္ ေမာ္ေတာ္ယာဥ္ (၁) စီးေပၚမွ လက္နက္ငယ္ျဖင့္ ပစ္ခတ္ခဲ့သျဖင့္ အျပန္အလွန္ ပစ္ခတ္မႈျဖစ္ပြားခဲ့ရာ လုံၿခဳံေရး တပ္ဖြဲ႕ဝင္အခ်ိဳ႕ ထိခိုက္ဒဏ္ရာရရွိခဲ့ၿပီး တရားခံ ေအာင္ပိုင္ၿဖိဳး၊ ေဆြလင္းေအာင္၊ ေစာဂယ္လ္ဇင္ထူး၊ ဟိန္းထက္ေအာင္ တို႔ (၄)ဦးအား လက္နက္ ငယ္မ်ိဳးစုံ (၈) လက္၊ က်ည္အိမ္မ်ိဳးစုံ (၃၅) ခု ၊က်ည္မ်ိဳးစုံ (၁၂၂၀) ေတာင့္၊ ၄၀ မမဗုံးသီး (၁၂) လုံး၊ ေရွ႕ထြက္မိုင္း (၄) လုံး၊ မီးခိုးဗုံး (၅) လုံး၊ ရႈိ႕ပစ္ (၂) လုံး၊ ယမ္းမႈန႔္ (မီးခိုေရာင္) (၇) ထုပ္၊ မွန္ေျပာင္း (၁) ခုတို႔ႏွင့္အတူ ဖမ္းဆီးရမိခဲ့ေၾကာင္း၊ေအာက္တိုဘာလ ၂၃ ရက္တြင္ ဗိုလ္တစ္ေထာင္ၿမိဳ႕နယ္၊ ေဈးလမ္းမီးပြိဳင့္အနီး ယာဥ္ထိန္းရဲကင္း႐ုံအား ပစ္ခတ္ရန္အတြက္ (STF)အဖြဲ႕ဝင္ (၂) ဦးထံ ပစၥတို (၄) လက္ထုတ္ေပးခဲ့ရာ ဗိုလ္တေထာင္ၿမိဳ႕နယ္၊ (၃)ရပ္ကြက္ရွိ ယာဥ္ထိန္း႐ုံးမီးပြိဳင့္၌ လုံၿခဳံေရးတာဝန္ထမ္းေဆာင္ေနေသာ တပ္ဖြဲ႕ဝင္မ်ားအား လက္နက္ကိုင္ (၄) ဦးမွ လက္နက္ငယ္ျဖင့္ ပစ္ခတ္ခဲ့သျဖင့္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္အခ်ိဳ႕ ထိခိုက္ဒဏ္ရာ ရရွိခဲ့ေၾကာင္း၊ ေအာက္တိုဘာလ တတိယပတ္တြင္ ေဒါပုံၿမိဳ႕ နယ္ရဲစခန္းႏွင့္ လႈိင္ၿမိဳ႕နယ္ ရဲစခန္းတို႔အား ပစ္ခတ္ရန္အတြက္ UG အဖြဲ႕ဝင္ 44-ST ထံ M-79 ဗုံးပစ္ ေလာင္ခ်ာ (၂) လက္၊ ဗုံးသီး (၇) လုံး ထုတ္ေပးခဲ့ရာ ေအာက္တိုဘာလ ၂၇ ရက္တြင္ ေဒါပုံရဲစခန္းအား ေဒါပုံသေဘၤာက်င္းအနီးမွ လည္းေကာင္း၊ ေအာက္တိုဘာလ ၃၁ ရက္တြင္ လႈိင္ရဲစခန္းအား လည္းေကာင္း M-79 ဗုံးပစ္ ေလာင္ခ်ာျဖင့္ပစ္ခတ္ခဲ့ရာ တရားခံ က်ား (၁၁) ဦး၊ မ (၂) ဦး၊ ေပါင္း (၁၃) ဦးအား FCG 9 ေသနတ္ (၆) လက္၊ ပြိဳင့္-၄၅ COLT’s ပစၥတို ေသနတ္ (၁) လက္၊ ၉ မမ က်ည္ (၁၂) ေတာင့္၊ ပြိဳင့္ ၄၅ က်ည္ (၅) ေတာင့္၊ ပြိဳင့္ ၃၈ က်ည္ (၂၀) ေတာင့္၊ FCG 9 က်ည္အိမ္ (၈) ခု၊ ပစၥတို က်ည္အိမ္ (၁) ခု၊ လက္လုပ္ဗုံး (၂) လုံးတို႔ႏွင့္အတူ ဖမ္းဆီး ရမိခဲ့ေၾကာင္း သိရသည္။
ထို႔ေနာက္ ႏိုဝင္ဘာလ ၄ ရက္တြင္ မရမ္းကုန္းၿမိဳ႕နယ္ရွိ Mytel GM ဦးသိန္းေအာင္အား ပစ္ခတ္ရန္အတြက္ (YFA) အဖြဲ႕ဝင္ (၁) ဦးထံ ပစၥတို (၁) လက္ဌားရမ္းေပးခဲ့ေၾကာင္းႏွင့္ ပစ္ခတ္မႈ ျဖစ္စဥ္တြင္ တရားခံ စစ္ေဇာ္ကံ(ခ)ဟန္သာထြန္းႏွင့္ ဗညားစိုးထက္(ခ) လီယို၊ ၿဖိဳးအိေက်ာ္ႏွင့္ စိုင္းစည္သူတို႔ (၄) ဦးအား ဖမ္းဆီး ရမိခဲ့ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
ၿဖိဳးေဇယ်ာေသာ္ထံမွ လက္နက္/ခဲယမ္း မ်ားရယူ၍ ပစ္ခတ္သတ္ျဖတ္မႈမ်ား က်ဴးလြန္ခဲ့ေသာ ျဖစ္စဥ္မ်ားတြင္ လုံၿခဳံေရးအဖြဲ႕မ်ားႏွင့္ ျပည္သူလူ ထု၏ ပူးေပါင္းေဖာ္ထုတ္မႈေၾကာင့္ က်ား (၃၄) ဦး၊ မ (၅) ဦး ေပါင္း (၃၉) ဦးတို႔အား လက္နက္ငယ္မ်ိဳးစုံ (၂၁) လက္၊ က်ည္အိမ္မ်ိဳးစုံ (၅ဝ) ခု၊ က်ည္မ်ိဳးစုံ (၁၄၆၅) ေတာင့္၊ ၄ဝ မမ ဗုံးသီး (၁၂) လုံး၊ လက္ပစ္ဗုံးမ်ိဳးစုံ (၄) လုံး၊ လက္လုပ္ဗုံး (၃၂) လုံး၊ ေရွ႕ထြက္မိုင္း (၄) လုံး၊ မီးခိုးဗုံး (၅) လုံး၊ ရႈိ႕ပစ္ (၂) လုံး၊ ယမ္းမႈန႔္ (မီးခိုေရာင္) (၇) ထုပ္၊ မွန္ေျပာင္း (၁) ခုႏွင့္ ဒ႐ုန္း (၁) ခုတို႔ႏွင့္အတူ ဖမ္းဆီးရမိခဲ့ၿပီး ထြက္ေျပးတိမ္းေရွာင္လ်က္ ရွိေသာ တရားခံမ်ားအား အျမန္ဆုံး ဖမ္းဆီးရမိေရး ေဆာင္႐ြက္လ်က္ရွိေၾကာင္းလည္း ထုတ္ျပန္ခ်က္တြင္ပါရွိသည္။
ေမာင္ေက်ာ္(ခ)ၿဖိဳးေဇယ်ာေသာ္သည္ ၂၀၂၀ ျပည့္ႏွစ္၊ အေထြေထြေ႐ြး ေကာက္ပြဲတြင္ လႊတ္ေတာ္ကိုယ္စားလွယ္ အျဖစ္ ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ျခင္း မရွိဘဲ ၂၀၂၁ ခုႏွစ္၊ ေဖေဖာ္ဝါရီလမွစတင္၍ ရန္ကုန္ၿမိဳ႕အတြင္း ဆႏၵျပမႈမ်ားအား ဦးစီးေဆာင္႐ြက္ခဲ့ေၾကာင္း၊ ထို႔ျပင္ ဧၿပီလမွစ၍ NUG မွ ဦးရည္မြန္၊ ေဒါက္တာေဇာ္ေဝစိုး၊ ဦးလြင္ကိုလတ္တို႔ႏွင့္ ခ်ိတ္ဆက္၍ ရန္ကုန္တိုင္းတာဝန္ခံအျဖစ္ ေဆာင္႐ြက္ၿပီး Special Tesk Force- STF ႏွင့္ People Defence Force-PDF အဖြဲ႕တို႔အား ဦးစီးကာ ေဖာက္ခြဲေရးလုပ္ငန္းမ်ားေဆာင္႐ြက္ခဲ့သည္ကို ေဖာ္ထုတ္သိရွိရေၾကာင္း စစ္ေကာင္ စီ၏ ထုတ္ျပန္ခ်က္အရသိရသည္။