မြန်မာ-ထိုင်းနယ်စပ်ရှိမြို့နယ်များ၌ လက်နက်ခဲယမ်းများဖမ်းဆီးရမိထားကြောင်း ထိုင်းနိုင်ငံဘက်ကထုတ်ပြန်

3204

NP News - နိုဝင်ဘာ ၂၅
မြန်မာ- ထိုင်း နှစ်နိုင်ငံနယ်နိမိတ်ချင်းဆက်စပ်လျက်ရှိသော ထိုင်းနိုင်ငံ၊ Nakhon Pathom ခရိုင်၊ Nakhon Pathom မြို့နယ်၊ Phra Pathom ကျေးရွာအုပ်စု နှင့် Kanchanburi ခရိုင်၊ Kanchanaburi မြို့နယ်၊ Ko Samrong ကျေးရွာအုပ်စု၊ အမှတ်(၅) ကျေးရွာများတွင် လက်နက်ခဲယမ်းများဖမ်းဆီးရမိကြောင်း ထိုင်းနိုင်ငံရဲတပ်ဖွဲ့အကြီးအကဲများမှ ထုတ် ဖော်ပြောကြားလာသည်ဟု စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့က နိုဝင်ဘာလ (၂၄)ရက်ညပိုင်းက ထုတ်ပြန်လိုက်သည်။
ထိုင်းနိုင်ငံ၌ နိုဝင်ဘာလ(၂၈) ရက်တွင် နိုင်ငံတစ်ဝန်းကျင်းပမည့် မြို့ နယ်/ခရိုင်ရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲကာလမတိုင်မီကြို တင်ကာကွယ်သည့်အနေဖြင့် လက်နက်ခဲယမ်းများဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ရာ ယခုကဲ့သို့ဖမ်းဆီးရခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
Nakhon Pathom ခရိုင်ရဲတပ်ဖွဲ့မှ ခရိုင်ရဲတပ်ဖွဲ့မှူး Pol. Gen. Thanayutjarus Thammarong ၏ ပြောကြားချက်အရ နိုဝင်ဘာလ (၂၂) ရက်၊ နံနက်ပိုင်းတွင် Phra Pathom ကျေးရွာအုပ်စုအတွင်း၌ လိုင် စင်မဲ့လက်နက်မျိုးစုံ(၇၉၁) လက်၊ လိုင်စင်ရှိလက်နက်မျိုးစုံ(၁၂၅)လက်၊ စက်သေနတ်(၃)လက်၊ ကျည်ဆန်မျိုးစုံ(၆၃၈၃)တောင့်၊ အခြားဆက်စပ်ပစ္စည်းများနှင့်အတူဖမ်းဆီးရမိခဲ့ကြောင်းပြောသည်။
အလားတူ နိုဝင်ဘာလ (၂ဝ) ရက်တွင်လည်း Kanchanaburi ခရိုင်၊ Kanchanaburi မြို့နယ်၊ Ko Samrong ကျးရွာအုပ်စု၊ အမှတ်(၅)ကျေး ရွာရှိတည်းခိုခန်းတစ်ခု၌ အမျိုးသား(၁)ဦးနှင့်အမျိုးသမီး(၁)ဦးတို့ကို လက်နက်မျိုးစုံ(၁၁၁)လက်၊ ကျည်မျိုးစုံ (၁၃၂ဝ) တောင့်၊ မှန်ပြောင်း၊ အခြားဆက်စပ်ပစ္စည်းများနှင့်အတူဖမ်းဆီးရမိခဲ့ကြောင်း Pol. Lt. Gen. Thanayut ကပြောကြားခဲ့သည်။
ထိုင်းရဲတပ်ဖွဲ့အနေဖြင့် ၎င်းတို့နိုင်ငံအတွင်းဖမ်းဆီးရမိခဲ့သည့်တရားခံများနှင့်လက်နက်ခဲယမ်းများအား ဥပဒေအရစစ်ဆေးဖော်ထုတ်သွားမည်ဟုဆိုသော်လည်းဖမ်းဆီးရမိခဲ့သူများသည် မည်သည့်နိုင်ငံသားများဖြစ် သည်ဆိုသောအချက်ကိုပင် ထည့်သွင်းပြောကြားခဲ့ခြင်းမရှိသည်ကို တွေ့ရသည်။ သို့သော်တရားခံများအား ဥပဒေအတိုင်းအရေးယူသွားမည်ဖြစ်ကြောင်းသိရသည်။
မြန်မာနိုင်ငံသို့ စစ်သုံးလက်နက်များ ထိုင်းနိုင်ငံမှတဆင့်မှောင်ခိုသွင်းနေသည်ဆိုသော သတင်းများ ကြောင့် ထိုင်းနိုင်ငံဒုဝန်ကြီးချုပ်က ထိုင်းမှ လက်နက်မှောင်ခိုရောင်းချခြင်းကို တားဆီးရန် နယ်စပ်တလျှောက်လုံခြုံရေးတိုးမြှင့်ရန်ထိုင်းလုံခြုံရေးဌာနများသို့ ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက ညွှန်ကြားထားခဲ့ကြောင်းသိရသည်။ ပြီးခဲ့သည့် မတ်လနှောင်းပိုင်းကလည်း ထိုင်နိုင်ငံမြောက်ပိုင်း မယ်ဆိုင်မြို့တွင် တာချီလိတ်သို့ ပို့မည်ဟု ယူဆရသည့် လက်နက်ခဲယမ်း ထောင်ပေါင်းများစွာနှင့် လက်ပစ်ဗုံး ၁၀၀ ကျော်ကို ထိုင်းဘက်ကဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။
zawgyi version
ျမန္မာ-ထိုင္းနယ္စပ္ရွိၿမိဳ႕နယ္မ်ား၌ လက္နက္ခဲယမ္းမ်ားဖမ္းဆီးရမိထားေၾကာင္း ထိုင္းႏိုင္ငံဘက္ကထုတ္ျပန္
NP News - ႏိုဝင္ဘာ ၂၅
ျမန္မာ- ထိုင္း ႏွစ္ႏိုင္ငံနယ္နိမိတ္ခ်င္းဆက္စပ္လ်က္ရွိေသာ ထိုင္းႏိုင္ငံ၊ Nakhon Pathom ခ႐ိုင္၊ Nakhon Pathom ၿမိဳ႕နယ္၊ Phra Pathom ေက်း႐ြာအုပ္စု ႏွင့္ Kanchanburi ခ႐ိုင္၊ Kanchanaburi ၿမိဳ႕နယ္၊ Ko Samrong ေက်း႐ြာအုပ္စု၊ အမွတ္(၅) ေက်း႐ြာမ်ားတြင္ လက္နက္ခဲယမ္းမ်ားဖမ္းဆီးရမိေၾကာင္း ထိုင္းႏိုင္ငံရဲတပ္ဖြဲ႕အႀကီးအကဲမ်ားမွ ထုတ္ ေဖာ္ေျပာၾကားလာသည္ဟု စစ္ေကာင္စီသတင္းထုတ္ျပန္ေရးအဖြဲ႕က ႏိုဝင္ဘာလ (၂၄)ရက္ညပိုင္းက ထုတ္ျပန္လိုက္သည္။
ထိုင္းႏိုင္ငံ၌ ႏိုဝင္ဘာလ(၂၈) ရက္တြင္ ႏိုင္ငံတစ္ဝန္းက်င္းပမည့္ ၿမိဳ႕ နယ္/ခ႐ိုင္ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး ေ႐ြးေကာက္ပြဲကာလမတိုင္မီႀကိဳ တင္ကာကြယ္သည့္အေနျဖင့္ လက္နက္ခဲယမ္းမ်ားဖမ္းဆီးရမိေရး ေဆာင္႐ြက္ခဲ့ရာ ယခုကဲ့သို႔ဖမ္းဆီးရခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။
Nakhon Pathom ခ႐ိုင္ရဲတပ္ဖြဲ႕မွ ခ႐ိုင္ရဲတပ္ဖြဲ႕မႉး Pol. Gen. Thanayutjarus Thammarong ၏ ေျပာၾကားခ်က္အရ ႏိုဝင္ဘာလ (၂၂) ရက္၊ နံနက္ပိုင္းတြင္ Phra Pathom ေက်း႐ြာအုပ္စုအတြင္း၌ လိုင္ စင္မဲ့လက္နက္မ်ိဳးစုံ(၇၉၁) လက္၊ လိုင္စင္ရွိလက္နက္မ်ိဳးစုံ(၁၂၅)လက္၊ စက္ေသနတ္(၃)လက္၊ က်ည္ဆန္မ်ိဳးစုံ(၆၃၈၃)ေတာင့္၊ အျခားဆက္စပ္ပစၥည္းမ်ားႏွင့္အတူဖမ္းဆီးရမိခဲ့ေၾကာင္းေျပာသည္။
အလားတူ ႏိုဝင္ဘာလ (၂ဝ) ရက္တြင္လည္း Kanchanaburi ခ႐ိုင္၊ Kanchanaburi ၿမိဳ႕နယ္၊ Ko Samrong က်း႐ြာအုပ္စု၊ အမွတ္(၅)ေက်း ႐ြာရွိတည္းခိုခန္းတစ္ခု၌ အမ်ိဳးသား(၁)ဦးႏွင့္အမ်ိဳးသမီး(၁)ဦးတို႔ကို လက္နက္မ်ိဳးစုံ(၁၁၁)လက္၊ က်ည္မ်ိဳးစုံ (၁၃၂ဝ) ေတာင့္၊ မွန္ေျပာင္း၊ အျခားဆက္စပ္ပစၥည္းမ်ားႏွင့္အတူဖမ္းဆီးရမိခဲ့ေၾကာင္း Pol. Lt. Gen. Thanayut ကေျပာၾကားခဲ့သည္။
ထိုင္းရဲတပ္ဖြဲ႕အေနျဖင့္ ၎တို႔ႏိုင္ငံအတြင္းဖမ္းဆီးရမိခဲ့သည့္တရားခံမ်ားႏွင့္လက္နက္ခဲယမ္းမ်ားအား ဥပေဒအရစစ္ေဆးေဖာ္ထုတ္သြားမည္ဟုဆိုေသာ္လည္းဖမ္းဆီးရမိခဲ့သူမ်ားသည္ မည္သည့္ႏိုင္ငံသားမ်ားျဖစ္ သည္ဆိုေသာအခ်က္ကိုပင္ ထည့္သြင္းေျပာၾကားခဲ့ျခင္းမရွိသည္ကို ေတြ႕ရသည္။ သို႔ေသာ္တရားခံမ်ားအား ဥပေဒအတိုင္းအေရးယူသြားမည္ျဖစ္ေၾကာင္းသိရသည္။
ျမန္မာႏိုင္ငံသို႔ စစ္သုံးလက္နက္မ်ား ထိုင္းႏိုင္ငံမွတဆင့္ေမွာင္ခိုသြင္းေနသည္ဆိုေသာ သတင္းမ်ား ေၾကာင့္ ထိုင္းႏိုင္ငံဒုဝန္ႀကီးခ်ဳပ္က ထိုင္းမွ လက္နက္ေမွာင္ခိုေရာင္းခ်ျခင္းကို တားဆီးရန္ နယ္စပ္တေလွ်ာက္လုံၿခဳံေရးတိုးျမႇင့္ရန္ထိုင္းလုံၿခဳံေရးဌာနမ်ားသို႔ ၿပီးခဲ့သည့္ စက္တင္ဘာလအတြင္းက ၫႊန္ၾကားထားခဲ့ေၾကာင္းသိရသည္။ ၿပီးခဲ့သည့္ မတ္လေႏွာင္းပိုင္းကလည္း ထိုင္ႏိုင္ငံေျမာက္ပိုင္း မယ္ဆိုင္ၿမိဳ႕တြင္ တာခ်ီလိတ္သို႔ ပို႔မည္ဟု ယူဆရသည့္ လက္နက္ခဲယမ္း ေထာင္ေပါင္းမ်ားစြာႏွင့္ လက္ပစ္ဗုံး ၁၀၀ ေက်ာ္ကို ထိုင္းဘက္ကဖမ္းဆီးရမိခဲ့ေၾကာင္းသိရသည္။