ရမည်းသင်းမြို့ရှိ MAB Bank မှငွေကျပ်သိန်း(၁၁ဝဝ)ကျော်ဓားပြတိုက်မှုတွင်ပါဝင်ခဲ့သည့် တရားခံ(၉)ဦးဖမ်းမိ
2003
NP News - နိုဝင်ဘာ ၂၇
မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့ အောင်မင်္ဂလာရပ်ကွက်ရှိ မြန်မာ့ရှေ့ဆောင်ဘဏ်ကို နိုဝင်ဘာလ(၂၆)ရက် မွန်းလွဲ(၁)နာရီခွဲခန့်၌ ဓားပြတိုက်သူအချို့က ဆိုင်ကယ်နှစ်စီးဖြင့်ရောက်ရှိလာခဲ့ကြပြီး ဘဏ်ရှေ့ရှိလုံခြုံရေးဝန်ထမ်းနှစ်ဦးအနက်တစ်ဦးအား သေနတ်အတိုဖြင့် ထောက်ကာ ဓါးစာခံအဖြစ်ဘဏ်အတွင်းသို့ခေါ်ဆောင်သွားပြီး ကျန်လက်နက်ကိုင်တစ်ဦးက ဓါးကိုင်ကာဘဏ်အတွင်းသို့ အနောက်မှ လိုက် ပါဝင်ရောက်ခဲ့ပြီး ငွေကျပ်သိန်း (၁၁ဝဝ)ကျော်ကို ဓားပြတိုက်မှုဖြစ်ပွားခဲ့သည်။
အဆိုပါဓားပြတိုက်မှုဖြစ်စဉ်တွင် မသင်္ကာဖွယ်ရာဘဏ်ဝန်ထမ်းများဖြစ်သည့် ဘဏ်ခွဲဒုတိယမန်နေဂျာ သန်းဇော်ကို (၃၄)နှစ်နှင့် လက်ထောက်ကြီးကြပ်ရေးမှူးများဖြစ်သည့် ကျော်ကျော်ဦး(၃၃)နှစ်နှင့် ဝေဖြိုးလှိုင် (၃၁)နှစ်တို့အား လုံခြုံရေးပူးပေါင်းအဖွဲ့များက ခေါ်ယူစစ်ဆေးခဲ့ရာ ၎င်းတို့၏ ပြောကြားချက်အရ ဓားပြတိုက်မှုတွင် ပူးပေါင်းပါဝင်သည့် ဝါတိုးရပ်ကွက်၊ ရမည်းသင်းမြို့နေသူ ကျော်စိုးသိန်း (၂၉)နှစ်အား ဖမ်းဆီးစစ် ဆေးခဲ့ကြောင်း စစ်ကောင်စီသတင်းမှန်ပြန်ကြားရေးအဖွဲ့က နိုဝင်ဘာ လ (၂၇)ရက်တွင် ထုတ်ပြန်လိုက်သည်။
ကျော်စိုးသိန်း၏ ပြောကြားချက်အရ ရမည်းသင်းမြို့နယ်၊ ပေါက်ကုန်းကျေးရွာနေသူ ကျော်ခိုင်ဦး(၄၂)နှစ်အား ဓား ပြတိုက်မှုတွင် စီးနင်းခဲ့သည့် TARYAN-110 အမျိုးအစားဆိုင်ကယ်တစ်စီး၊ လျှာထိုးဦးထုပ်တစ်လုံး၊ လက်ကိုင်ဖုန်းနှစ် လုံး နှင့်လည်းကောင်း၊ ရမည်းသင်းမြို့နယ်၊ ညောင်ပင်သာကျေးရွာနေသူ ဇော်ကြီး (၃၈)နှစ်အား KENBO-110 အမျိူးအစားဆိုင်ကယ်တစ်စီး၊ စတီးရိုးတပ် အရိုးအသွားတစ်ပေခန့်ရှိ ဓား ဦးချွန်နှစ်ချောင်းနှင့်လည်းကောင်း၊ ရမည်းသင်းမြို့၊ ဝါးတိုးရပ်ကွက်နေသူ ဒေါ်ကျင်ဌေး(၅၄)နှစ်နှင့် သမီးဖြစ်သူ သန္တာဖွေး(ခ)ဖွေးဖွေး (၂၄)နှစ် ၏နေအိမ်အပေါ်ထပ်တွင် ဓါးပြတိုက်မှုတွင် လုယူခဲ့သည့် ငွေကျပ် ၁ဝ၆၅ဝဝ၅ဝဝ သိန်းအားလည်းကောင်း၊ ရမည်း သင်းမြို့၊ မြို့မရပ်ကွက်၊ ကျည်တော်ကုန်းရပ်နေ ဒေါ်ကျင်ဌေး၏ တူတော်စပ်သူမောင်တိုး(ခ) တိုးတိုး(ယာဉ်မောင်း)၏ နေအိမ်၌ ငွေကျပ်သိန်း (၅ဝ)တို့အားလည်း ကောင်း ဖမ်းဆီးထိန်းသိမ်းရမိခဲ့ကြောင်းနှင့် ဘဏ်ဓါးပြတိုက်မှုတွင်ပါဝင်ခဲ့သည့် တရားခံ(၉)ဦးအားဥပဒေအရ အရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
zawgyi version
ရမည္းသင္းၿမိဳ႕ရွိ MAB Bank မွေငြက်ပ္သိန္း(၁၁ဝဝ)ေက်ာ္ဓားျပတိုက္မႈတြင္ပါဝင္ခဲ့သည့္ တရားခံ(၉)ဦးဖမ္းမိ
NP News - ႏိုဝင္ဘာ ၂၇
မႏၲေလးတိုင္းေဒသႀကီး ရမည္းသင္းၿမိဳ႕ ေအာင္မဂၤလာရပ္ကြက္ရွိ ျမန္မာ့ေရွ႕ေဆာင္ဘဏ္ကို ႏိုဝင္ဘာလ(၂၆)ရက္ မြန္းလြဲ(၁)နာရီခြဲခန႔္၌ ဓားျပတိုက္သူအခ်ိဳ႕က ဆိုင္ကယ္ႏွစ္စီးျဖင့္ေရာက္ရွိလာခဲ့ၾကၿပီး ဘဏ္ေရွ႕ရွိလုံၿခဳံေရးဝန္ထမ္းႏွစ္ဦးအနက္တစ္ဦးအား ေသနတ္အတိုျဖင့္ ေထာက္ကာ ဓါးစာခံအျဖစ္ဘဏ္အတြင္းသို႔ေခၚေဆာင္သြားၿပီး က်န္လက္နက္ကိုင္တစ္ဦးက ဓါးကိုင္ကာဘဏ္အတြင္းသို႔ အေနာက္မွ လိုက္ ပါဝင္ေရာက္ခဲ့ၿပီး ေငြက်ပ္သိန္း (၁၁ဝဝ)ေက်ာ္ကို ဓားျပတိုက္မႈျဖစ္ပြားခဲ့သည္။
အဆိုပါဓားျပတိုက္မႈျဖစ္စဥ္တြင္ မသကၤာဖြယ္ရာဘဏ္ဝန္ထမ္းမ်ားျဖစ္သည့္ ဘဏ္ခြဲဒုတိယမန္ေနဂ်ာ သန္းေဇာ္ကို (၃၄)ႏွစ္ႏွင့္ လက္ေထာက္ႀကီးၾကပ္ေရးမႉးမ်ားျဖစ္သည့္ ေက်ာ္ေက်ာ္ဦး(၃၃)ႏွစ္ႏွင့္ ေဝၿဖိဳးလႈိင္ (၃၁)ႏွစ္တို႔အား လုံၿခဳံေရးပူးေပါင္းအဖြဲ႕မ်ားက ေခၚယူစစ္ေဆးခဲ့ရာ ၎တို႔၏ ေျပာၾကားခ်က္အရ ဓားျပတိုက္မႈတြင္ ပူးေပါင္းပါဝင္သည့္ ဝါတိုးရပ္ကြက္၊ ရမည္းသင္းၿမိဳ႕ေနသူ ေက်ာ္စိုးသိန္း (၂၉)ႏွစ္အား ဖမ္းဆီးစစ္ ေဆးခဲ့ေၾကာင္း စစ္ေကာင္စီသတင္းမွန္ျပန္ၾကားေရးအဖြဲ႕က ႏိုဝင္ဘာ လ (၂၇)ရက္တြင္ ထုတ္ျပန္လိုက္သည္။
ေက်ာ္စိုးသိန္း၏ ေျပာၾကားခ်က္အရ ရမည္းသင္းၿမိဳ႕နယ္၊ ေပါက္ကုန္းေက်း႐ြာေနသူ ေက်ာ္ခိုင္ဦး(၄၂)ႏွစ္အား ဓား ျပတိုက္မႈတြင္ စီးနင္းခဲ့သည့္ TARYAN-110 အမ်ိဳးအစားဆိုင္ကယ္တစ္စီး၊ လွ်ာထိုးဦးထုပ္တစ္လုံး၊ လက္ကိုင္ဖုန္းႏွစ္ လုံး ႏွင့္လည္းေကာင္း၊ ရမည္းသင္းၿမိဳ႕နယ္၊ ေညာင္ပင္သာေက်း႐ြာေနသူ ေဇာ္ႀကီး (၃၈)ႏွစ္အား KENBO-110 အမ်ိဴးအစားဆိုင္ကယ္တစ္စီး၊ စတီး႐ိုးတပ္ အ႐ိုးအသြားတစ္ေပခန႔္ရွိ ဓား ဦးခြၽန္ႏွစ္ေခ်ာင္းႏွင့္လည္းေကာင္း၊ ရမည္းသင္းၿမိဳ႕၊ ဝါးတိုးရပ္ကြက္ေနသူ ေဒၚက်င္ေဌး(၅၄)ႏွစ္ႏွင့္ သမီးျဖစ္သူ သႏၲာေဖြး(ခ)ေဖြးေဖြး (၂၄)ႏွစ္ ၏ေနအိမ္အေပၚထပ္တြင္ ဓါးျပတိုက္မႈတြင္ လုယူခဲ့သည့္ ေငြက်ပ္ ၁ဝ၆၅ဝဝ၅ဝဝ သိန္းအားလည္းေကာင္း၊ ရမည္း သင္းၿမိဳ႕၊ ၿမိဳ႕မရပ္ကြက္၊ က်ည္ေတာ္ကုန္းရပ္ေန ေဒၚက်င္ေဌး၏ တူေတာ္စပ္သူေမာင္တိုး(ခ) တိုးတိုး(ယာဥ္ေမာင္း)၏ ေနအိမ္၌ ေငြက်ပ္သိန္း (၅ဝ)တို႔အားလည္း ေကာင္း ဖမ္းဆီးထိန္းသိမ္းရမိခဲ့ေၾကာင္းႏွင့္ ဘဏ္ဓါးျပတိုက္မႈတြင္ပါဝင္ခဲ့သည့္ တရားခံ(၉)ဦးအားဥပေဒအရ အေရးယူႏိုင္ေရးေဆာင္႐ြက္လ်က္ရွိေၾကာင္း ထုတ္ျပန္ခ်က္တြင္ေဖာ္ျပထားသည္။