လွှတ်တော်ကိုယ်စားလှယ်ဟောင်းများအတွက် တစ်သက်တာပင်စင်ခံစားခွင့် ဖျက်သိမ်းရန် အရှေ့တီမောလွှတ်တော် ဆုံးဖြတ်

 108

ဂျန်ဇက် (NP News) - စက်တင်ဘာ ၂ဝ
အရှေ့တီမောလွှတ်တော်သည် လွှတ်တော်ကိုယ်စားလှယ်များကို တစ်သက်တာပင်စင်ခံ စားခွင့်ပြုထားခြင်းကို ပယ်ဖျက်လိုက်ကြောင်းသိရသည်။ အရှေ့တီမောနိုင်ငံတွင် လူငယ်များဦးဆောင် သောဆန္ဒပြပွဲများဖြစ်လာခဲ့ပြီးနောက် လွှတ်တော်က လွှတ်တော်ကိုယ်စားလှယ်ဟောင်းများကို ပင်စင်ခံစား ခွင့်ပြုခြင်းကို ပယ်ဖျက်လိုက်ခြင်းဖြစ်သည်။ ပြီးခဲ့သော စက်တင်ဘာ(၁၅)ရက်နှင့် (၁၆)ရက်တွင်ဖြစ်ပွားခဲ့သော တက္ကသိုလ်ကျောင်းသား များဦးဆောင်သည့် ဆန္ဒပြပွဲအတွင်း ဆန္ဒပြသူများသည် လွှတ်တော်ကိုယ်စားလှယ်များ၏ ကားများ၊ ရဲတပ်ဖွဲ့ဝင်များကို ခဲလုံးများဖြင့်ပစ် ပေါက်ဆန္ဒပြခဲ့ ကြောင်းသိရသည်။ အရှေ့တီမောနိုင်ငံတွင် အကျင့် ပျက်လာဘ်စားမှုများ မြင့်တက်ခြင်း၊ လွှတ်တော် ကိုယ် စားလှယ်များ အခွင့်ထူးခံစားခြင်းများကို မကျေနပ်သည့်အတွက် ဆန္ဒပြပွဲများဖြစ်လာခဲ့ခြင်း ဖြစ်ကြောင်း သိရ သည်။
ဆန္ဒပြသူများက ‘ပြည်သူတွေက နေ့စဉ် ရုန်းကန်နေရတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေ ဟာ အခွင့်ထူးခံ စားနေကြတယ်။ လွှတ်တော်ကိုယ်စား လှယ်တွေက အခွင့်ထူးခံစားဖို့မထိုက်တန်ဘူး}ဟု တောင်းဆိုဆန္ဒပြခဲ့သည်။ တက္ကသိုလ်ကျောင်းသား များဦးဆောင်သောဆန္ဒပြပွဲများဖြစ်လာခဲ့ပြီးနောက် အရှေ့တီမောလွှတ်တော်သည် လွှတ်တော် ကိုယ်စားလှယ်(၆၅)ဦးအတွက် အမေရိကန်ဒေါ်လာ (၄ ဒသမ ၂)သန်းကျော်အသုံးပြုပြီး SUVs အမျိုးအစားကား များဝယ် ယူမည့်အစီအစဉ်ကိုလည်း ဖျက်သိမ်းလိုက် ကြောင်းသိရသည်။
အရှေ့တီမောနိုင်ငံသည် ကမ္ဘာပေါ်ရှိ နိုင်ငံများထဲတွင် ဖွံ့ဖြိုးမှုနောက်အကျဆုံးနိုင်ငံဖြစ်နေပြီး တက္ကသိုလ် ကျောင်းသားများသည် လွှတ်တော်ကိုယ် စားလှယ်များအတွက် ဇိမ်ခံကားများဝယ်ယူမည့်အစီ အစဉ်ကိုလည်း ပြီးခဲ့သောရက်ပိုင်းက ကန့်ကွက်ဆန္ဒ ပြခဲ့ကြောင်းသိရသည်။ အရှေ့တီမောနိုင်ငံတွင် အလုပ်လက်မဲ့ဦးရေမြင့် တက်နေ ပြီး နိုင်ငံ၏အရွယ် ရောက်ပြီးသား လူဦးရေ၏ (၃၀)ရာခိုင်နှုန်းက အလုပ်လက်မဲ့ဖြစ်နေကြောင်း သိရသည်။

Zawgyi Version:
လႊတ္ေတာ္ကိုယ္စားလွယ္ေဟာင္းမ်ားအတြက္ တစ္သက္တာပင္စင္ခံစားခြင့္ ဖ်က္သိမ္းရန္ အေရွ႕တီေမာလႊတ္ေတာ္ ဆုံးျဖတ္
ဂ်န္ဇက္ (NP News) - စက္တင္ဘာ ၂ဝ
အေရွ႕တီေမာလႊတ္ေတာ္သည္ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားကို တစ္သက္တာပင္စင္ခံ စားခြင့္ျပဳထားျခင္းကို ပယ္ဖ်က္လိုက္ေၾကာင္းသိရသည္။ အေရွ႕တီေမာႏိုင္ငံတြင္ လူငယ္မ်ားဦးေဆာင္ ေသာဆႏၵျပပြဲမ်ားျဖစ္လာခဲ့ၿပီးေနာက္ လႊတ္ေတာ္က လႊတ္ေတာ္ကိုယ္စားလွယ္ေဟာင္းမ်ားကို ပင္စင္ခံစား ခြင့္ျပဳျခင္းကို ပယ္ဖ်က္လိုက္ျခင္းျဖစ္သည္။ ၿပီးခဲ့ေသာ စက္တင္ဘာ(၁၅)ရက္ႏွင့္ (၁၆)ရက္တြင္ျဖစ္ပြားခဲ့ေသာ တကၠသိုလ္ေက်ာင္းသား မ်ားဦးေဆာင္သည့္ ဆႏၵျပပြဲအတြင္း ဆႏၵျပသူမ်ားသည္ လႊတ္ေတာ္ကိုယ္စားလွယ္မ်ား၏ ကားမ်ား၊ ရဲတပ္ဖြဲ႕ဝင္မ်ားကို ခဲလုံးမ်ားျဖင့္ပစ္ ေပါက္ဆႏၵျပခဲ့ ေၾကာင္းသိရသည္။ အေရွ႕တီေမာႏိုင္ငံတြင္ အက်င့္ ပ်က္လာဘ္စားမႈမ်ား ျမင့္တက္ျခင္း၊ လႊတ္ေတာ္ ကိုယ္ စားလွယ္မ်ား အခြင့္ထူးခံစားျခင္းမ်ားကို မေက်နပ္သည့္အတြက္ ဆႏၵျပပြဲမ်ားျဖစ္လာခဲ့ျခင္း ျဖစ္ေၾကာင္း သိရ သည္။
ဆႏၵျပသူမ်ားက ‘ျပည္သူေတြက ေန႔စဥ္ ႐ုန္းကန္ေနရတယ္။ လႊတ္ေတာ္ကိုယ္စားလွယ္ေတြ ဟာ အခြင့္ထူးခံ စားေနၾကတယ္။ လႊတ္ေတာ္ကိုယ္စား လွယ္ေတြက အခြင့္ထူးခံစားဖို႔မထိုက္တန္ဘူး}ဟု ေတာင္းဆိုဆႏၵျပခဲ့သည္။ တကၠသိုလ္ေက်ာင္းသား မ်ားဦးေဆာင္ေသာဆႏၵျပပြဲမ်ားျဖစ္လာခဲ့ၿပီးေနာက္ အေရွ႕တီေမာလႊတ္ေတာ္သည္ လႊတ္ေတာ္ ကိုယ္စားလွယ္(၆၅)ဦးအတြက္ အေမရိကန္ေဒၚလာ (၄ ဒသမ ၂)သန္းေက်ာ္အသုံးျပဳၿပီး SUVs အမ်ိဳးအစားကား မ်ားဝယ္ ယူမည့္အစီအစဥ္ကိုလည္း ဖ်က္သိမ္းလိုက္ ေၾကာင္းသိရသည္။
အေရွ႕တီေမာႏိုင္ငံသည္ ကမာၻေပၚရွိ ႏိုင္ငံမ်ားထဲတြင္ ဖြံ႕ၿဖိဳးမႈေနာက္အက်ဆုံးႏိုင္ငံျဖစ္ေနၿပီး တကၠသိုလ္ ေက်ာင္းသားမ်ားသည္ လႊတ္ေတာ္ကိုယ္ စားလွယ္မ်ားအတြက္ ဇိမ္ခံကားမ်ားဝယ္ယူမည့္အစီ အစဥ္ကိုလည္း ၿပီးခဲ့ေသာရက္ပိုင္းက ကန႔္ကြက္ဆႏၵ ျပခဲ့ေၾကာင္းသိရသည္။ အေရွ႕တီေမာႏိုင္ငံတြင္ အလုပ္လက္မဲ့ဦးေရျမင့္ တက္ေန ၿပီး ႏိုင္ငံ၏အ႐ြယ္ ေရာက္ၿပီးသား လူဦးေရ၏ (၃၀)ရာခိုင္ႏႈန္းကအလဖ လုပ္ လက္မဲ့ျဖစ္ေနေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.