ယူကရိန်းပဋိပက္ခကိုဖြေရှင်းဖို့အတွက် အတူတကွလက်တွဲလုပ်ဆောင်သွားဖို့ ဒေါ်နယ်ထရမ့်နဲ့ ရှီကျင့်ဖျင်တို့ သဘောတူ

 142

Pika (NP News) - နိုဝင်ဘာ ၁
ယူကရိန်းပဋိပက္ခကို ဖြေရှင်းဖို့အတွက် အတူတကွလက်တွဲလုပ်ဆောင်သွားဖို့ တရုတ်သမ္မတရှီကျင့်ဖျင်နဲ့ သဘောတူညီခဲ့တယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
ဒေါ်နယ်ထရမ့်ဟာ ရှီကျင့်ဖျင်နဲ့ တောင်ကိုရီးယားနိုင်ငံ ဘူဆန်မြို့မှာ တွေ့ဆုံခဲ့ပြီးနောက် ယခုလိုထုတ်ဖော်ပြောဆို ခဲ့တာပဲဖြစ်ပါတယ်။ ဒေါ်နယ်ထရမ့်က “ယူကရိန်းကိစ္စက ပိုမိုပြင်းထန်လာပါပြီ။ ယူကရိန်းပဋိပက္ခနဲ့ပတ်သက်ပြီး ကျွန်တော်တို့ကြားမှာ ဆွေးနွေးမှုတွေလုပ်ဆောင်ခဲ့ပါတယ်။ ပြီးတော့ ယူကရိန်းပဋိပက္ခကို ဖြေရှင်းဖို့ အတွက် အတူတကွလက်တွဲလုပ်ဆောင်သွားဖို့ ကျွန်တော်တို့ သဘောတူညီခဲ့ပါတယ်” လို့ ပြောခဲ့ပါတယ်။
ဒါပေမယ့်လည်း ရုရှားရေနံဝယ်ယူမှုတွေကို ရပ်တန့်ဖို့ ရှီကျင့်ဖျင်ကို တောင်းဆိုခဲ့တာမျိုးမရှိခဲ့ဘူးလို့လည်း ဒေါ်နယ်ထရမ့်က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ ဘူဆန်မြို့မှာ လုပ်ဆောင်ခဲ့တဲ့အစည်းအဝေးအတွင်း ဒေါ်နယ်ထရမ့်က ရှီကျင့်ဖျင်ကို မိတ်ဆွေကောင်းတစ်ဦးအဖြစ် ခေါ်ဆိုခဲ့ပြီး အလွန်ထူးချွန်တဲ့လေးစားခံရသူတစ်ဦး အဖြစ် ဖော်ပြပြောဆိုခဲ့တယ်လို့လည်း သိရပါတယ်။
ဒေါ်နယ်ထရမ့်က “ရှီကျင့်ဖျင်ဟာ ကြီးကျယ်ခမ်းနားတဲ့နိုင်ငံတစ်ခုရဲ့ခေါင်းဆောင်ကောင်းတစ်ဦးပဲဖြစ်ပါတယ်။ ကျွန်တော်တို့ကြားမှာ ရေရှည်ကောင်းမွန်တဲ့ဆက်ဆံရေးတစ်ခု ရှိနေလိမ့်မယ်လို့ ထင်ပါတယ်” လို့ ပြောခဲ့ပါတယ်။

Zawgyi Version:
ယူကရိန္းပဋိပကၡကိုေျဖရွင္းဖို႔အတြက္ အတူတကြလက္တြဲလုပ္ေဆာင္သြားဖို႔ ေဒၚနယ္ထရမ့္နဲ႔ ရွီက်င့္ဖ်င္တို႔ သေဘာတူ
Pika (NP News) - ႏိုဝင္ဘာ ၁
ယူကရိန္းပဋိပကၡကို ေျဖရွင္းဖို႔အတြက္ အတူတကြလက္တြဲလုပ္ေဆာင္သြားဖို႔ တ႐ုတ္သမၼတရွီက်င့္ဖ်င္နဲ႔ သေဘာတူညီခဲ့တယ္လို႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္က ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။
ေဒၚနယ္ထရမ့္ဟာ ရွီက်င့္ဖ်င္နဲ႔ ေတာင္ကိုရီးယားႏိုင္ငံ ဘူဆန္ၿမိဳ႕မွာ ေတြ႕ဆုံခဲ့ၿပီးေနာက္ ယခုလိုထုတ္ေဖာ္ေျပာဆို ခဲ့တာပဲျဖစ္ပါတယ္။ ေဒၚနယ္ထရမ့္က “ယူကရိန္းကိစၥက ပိုမိုျပင္းထန္လာပါၿပီ။ ယူကရိန္းပဋိပကၡနဲ႔ပတ္သက္ၿပီး ကြၽန္ေတာ္တို႔ၾကားမွာ ေဆြးေႏြးမႈေတြလုပ္ေဆာင္ခဲ့ပါတယ္။ ၿပီးေတာ့ ယူကရိန္းပဋိပကၡကို ေျဖရွင္းဖို႔ အတြက္ အတူတကြလက္တြဲလုပ္ေဆာင္သြားဖို႔ ကြၽန္ေတာ္တို႔ သေဘာတူညီခဲ့ပါတယ္” လို႔ ေျပာခဲ့ပါတယ္။
ဒါေပမယ့္လည္း ႐ုရွားေရနံဝယ္ယူမႈေတြကို ရပ္တန႔္ဖို႔ ရွီက်င့္ဖ်င္ကို ေတာင္းဆိုခဲ့တာမ်ိဳးမရွိခဲ့ဘူးလို႔လည္း ေဒၚနယ္ထရမ့္က ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ ဘူဆန္ၿမိဳ႕မွာ လုပ္ေဆာင္ခဲ့တဲ့အစည္းအေဝးအတြင္း ေဒၚနယ္ထရမ့္က ရွီက်င့္ဖ်င္ကို မိတ္ေဆြေကာင္းတစ္ဦးအျဖစ္ ေခၚဆိုခဲ့ၿပီး အလြန္ထူးခြၽန္တဲ့ေလးစားခံရသူတစ္ဦး အျဖစ္ ေဖာ္ျပေျပာဆိုခဲ့တယ္လို႔လည္း သိရပါတယ္။
ေဒၚနယ္ထရမ့္က “ရွီက်င့္ဖ်င္ဟာ ႀကီးက်ယ္ခမ္းနားတဲ့ႏိုင္ငံတစ္ခုရဲ႕ေခါင္းေဆာင္ေကာင္းတစ္ဦးပဲျဖစ္ပါတယ္။ ကြၽန္ေတာ္တို႔ၾကားမွာ ေရရွည္ေကာင္းမြန္တဲ့ဆက္ဆံေရးတစ္ခု ရွိေနလိမ့္မယ္လို႔ ထင္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။

Related news

© 2021. All rights reserved.