အမေရိကန်က ကိုဗစ်မျိုးကွဲသစ် Omicron ကြောင့် အာဖရိကတောင်ပိုင်း(၈)နိုင်ငံမှခရီးသွားလာမှုများကိုကန့်သတ်မည်

 511

ရောင်နီ (NP News) - နိုဝင်ဘာ ၂၇
အမေရိကန်ပြည်ထောင်စုဟာ ကိုဗစ်မျိုးကွဲသစ် omicron ကိုစိုးရိမ်ပူပန်တာကြောင့် တနင်္လာနေ့(နိုဝင်ဘာလ ၂၉ ရက်)မှစကာတောင်အာဖရိကနဲ့ အခြားနိုင်ငံ (၇)နိုင်ငံမှ ခရီးသွားလာမှုအားကန့်သတ်သွားမှာဖြစ်တယ်လို့ အကြီးတန်းအုပ်ချုပ်ရေး အရာရှိတွေက ပြောကြားခဲ့ပါတယ်။

ဘိုင်ဒန်အုပ်ချုပ်ရေးဟာ ဒေါက်တာ Anthony Fauci နဲ့ ရောဂါထိန်းချုပ်ရေး၊ ကာကွယ်ရေးစင်တာ (CDC) တို့မှအကြံဉာဏ်တွေကိုလိုက်နာပြီး လူငယ်တွေမှာပိုမိုကူးစက်တတ်ပုံပေါ်တဲ့ ကိုဗစ်မျိုးကွဲ B.1.1.529 ကို ကာကွယ်ဖို့ အာဖရိကနိုင်ငံများစွာမှခရီးသွားလာမှုကိုကန့်သတ်သွားမယ်လို့ ဆိုပါတယ်။ "ဒီမနက်မှာတော့ ကျွန်တော့်ရဲ့ ဆေးဘက်ဆိုင်ရာအကြံ ပေးအရာရှိချုပ် ဒေါက်တာ Tony Fauci နဲ့ COVID တုံ့ပြန်ရေးအဖွဲ့ အဖွဲ့ဝင်တွေက အာဖရိကတောင်ပိုင်းမှာပျံ့နှံ့နေတဲ့ Omicron မျိုးကွဲအ ကြောင်း အကျဉ်းချုံးပြောပြခဲ့ပါတယ်။ နောက်ထပ်အချက်အလက်တွေမရမချင်း ကြိုတင်ကာကွယ်မှုအနေနဲ့တောင်အာဖရိကနဲ့တခြားနိုင်ငံခုနစ်နိုင်ငံမှလေကြောင်းသွားလာမှုတွေကို ကန့်သတ်ဖို့ညွှန်ကြားထားပါတယ်၊ ဒီကန့်သတ်ချက် အသစ်တွေကတော့ နိုဝင်ဘာ လ (၂၉) ရက်မှာ စတင်အသက်ဝင်မှာပါ" လို့ ဘိုင်ဒန်ကထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

အမေရိကန်ပြည်သူတွေ ဘေးကင်းစေဖို့နဲ့ကပ်ရောဂါကိုချေမှုန်းနိုင်ဖို့ လို အပ်တဲ့အတိုင်းအတာအားလုံးကိုလုပ်ဆောင်သွားမယ်လို့ သမ္မတဘိုင်ဒန်ကကတိပြုခဲ့ပြီး အမေရိကန်တွေကိုကာကွယ်ဆေးတွေဆက်ထိုးဖို့တိုက် တွန်းခဲ့ပါတယ်။ "ကျွန်ုပ်တို့ကမ္ဘာလုံးဆိုင်ရာ ကာကွယ်ဆေးမထိုးမချင်း ဒီကပ်ရောဂါအဆုံးသတ်မှာမဟုတ်ပါဘူး။ COVID ကာကွယ်ဆေးပြတ် လပ်ခြင်းအတွက် စိန်ခေါ်မှုတွေကိုရင်ဆိုင်ဖို့ လာမယ့်သီတင်းပတ်မှာ ကျင်းပမယ့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဝန်ကြီးအဆင့်အစည်းအဝေးမှာ နိုင်ငံတွေကို တောင်းဆိုသွားမှာဖြစ်ပြီး ယင်းနိုင်ငံတွေမှ ကာကွယ်ဆေးတွေကို ကမ္ဘာအနှံ့ဖြန့်ချီသွားမှာဖြစ်ပါတယ်"လို့ ဘိုင်ဒန်ကပြောကြားခဲ့ပါတယ်။ ခရီးသွားကန့်သတ်ချက်တွေဟာ အမေရိကန်နိုင်ငံသားတွေနဲ့ တ ရားဝင်အမြဲတမ်းနေထိုင်သူတွေအတွက် အကျုံးဝင်မှာမဟုတ်သော် လည်း နိုင်ငံတကာခရီးသွားတွေအားလုံးခရီးမထွက်မီ ဗိုင်းရပ်စ်စမ်းသပ် မှု Negative ဖြစ်မှသာသွားလာခွင့်ရှိမယ်လို့သိရပါတယ်။

zawgyi version
အေမရိကန္က ကိုဗစ္မ်ိဳးကြဲသစ္ Omicron ေၾကာင့္ အာဖရိကေတာင္ပိုင္း(၈)ႏိုင္ငံမွခရီးသြားလာမႈမ်ားကိုကန႔္သတ္မည္
ေရာင္နီ (NP News) - ႏိုဝင္ဘာ ၂၇
အေမရိကန္ျပည္ေထာင္စုဟာ ကိုဗစ္မ်ိဳးကြဲသစ္ omicron ကိုစိုးရိမ္ပူပန္တာေၾကာင့္ တနလၤာေန႔(ႏိုဝင္ဘာလ ၂၉ ရက္)မွစကာေတာင္အာဖရိကနဲ႔ အျခားႏိုင္ငံ (၇)ႏိုင္ငံမွ ခရီးသြားလာမႈအားကန႔္သတ္သြားမွာျဖစ္တယ္လို႔ အႀကီးတန္းအုပ္ခ်ဳပ္ေရး အရာရွိေတြက ေျပာၾကားခဲ့ပါတယ္။

ဘိုင္ဒန္အုပ္ခ်ဳပ္ေရးဟာ ေဒါက္တာ Anthony Fauci နဲ႔ ေရာဂါထိန္းခ်ဳပ္ေရး၊ ကာကြယ္ေရးစင္တာ (CDC) တို႔မွအႀကံဉာဏ္ေတြကိုလိုက္နာၿပီး လူငယ္ေတြမွာပိုမိုကူးစက္တတ္ပုံေပၚတဲ့ ကိုဗစ္မ်ိဳးကြဲ B.1.1.529 ကို ကာကြယ္ဖို႔ အာဖရိကႏိုင္ငံမ်ားစြာမွခရီးသြားလာမႈကိုကန႔္သတ္သြားမယ္လို႔ ဆိုပါတယ္။ "ဒီမနက္မွာေတာ့ ကြၽန္ေတာ့္ရဲ႕ ေဆးဘက္ဆိုင္ရာအႀကံ ေပးအရာရွိခ်ဳပ္ ေဒါက္တာ Tony Fauci နဲ႔ COVID တုံ႔ျပန္ေရးအဖြဲ႕ အဖြဲ႕ဝင္ေတြက အာဖရိကေတာင္ပိုင္းမွာပ်ံ႕ႏွံ႔ေနတဲ့ Omicron မ်ိဳးကြဲအ ေၾကာင္း အက်ဥ္းခ်ဳံးေျပာျပခဲ့ပါတယ္။ ေနာက္ထပ္အခ်က္အလက္ေတြမရမခ်င္း ႀကိဳတင္ကာကြယ္မႈအေနနဲ႔ေတာင္အာဖရိကနဲ႔တျခားႏိုင္ငံခုနစ္ႏိုင္ငံမွေလေၾကာင္းသြားလာမႈေတြကို ကန႔္သတ္ဖို႔ၫႊန္ၾကားထားပါတယ္၊ ဒီကန႔္သတ္ခ်က္ အသစ္ေတြကေတာ့ ႏိုဝင္ဘာ လ (၂၉) ရက္မွာ စတင္အသက္ဝင္မွာပါ" လို႔ ဘိုင္ဒန္ကထုတ္ျပန္ခ်က္မွာေဖာ္ျပထားပါတယ္။

အေမရိကန္ျပည္သူေတြ ေဘးကင္းေစဖို႔နဲ႔ကပ္ေရာဂါကိုေခ်မႈန္းႏိုင္ဖို႔ လို အပ္တဲ့အတိုင္းအတာအားလုံးကိုလုပ္ေဆာင္သြားမယ္လို႔ သမၼတဘိုင္ဒန္ကကတိျပဳခဲ့ၿပီး အေမရိကန္ေတြကိုကာကြယ္ေဆးေတြဆက္ထိုးဖို႔တိုက္ တြန္းခဲ့ပါတယ္။ "ကြၽႏ္ုပ္တို႔ကမာၻလုံးဆိုင္ရာ ကာကြယ္ေဆးမထိုးမခ်င္း ဒီကပ္ေရာဂါအဆုံးသတ္မွာမဟုတ္ပါဘူး။ COVID ကာကြယ္ေဆးျပတ္ လပ္ျခင္းအတြက္ စိန္ေခၚမႈေတြကိုရင္ဆိုင္ဖို႔ လာမယ့္သီတင္းပတ္မွာ က်င္းပမယ့္ ကမာၻ႔ကုန္သြယ္ေရးအဖြဲ႕ဝန္ႀကီးအဆင့္အစည္းအေဝးမွာ ႏိုင္ငံေတြကို ေတာင္းဆိုသြားမွာျဖစ္ၿပီး ယင္းႏိုင္ငံေတြမွ ကာကြယ္ေဆးေတြကို ကမာၻအႏွံ႔ျဖန႔္ခ်ီသြားမွာျဖစ္ပါတယ္"လို႔ ဘိုင္ဒန္ကေျပာၾကားခဲ့ပါတယ္။ ခရီးသြားကန႔္သတ္ခ်က္ေတြဟာ အေမရိကန္ႏိုင္ငံသားေတြနဲ႔ တ ရားဝင္အၿမဲတမ္းေနထိုင္သူေတြအတြက္ အက်ဳံးဝင္မွာမဟုတ္ေသာ္ လည္း ႏိုင္ငံတကာခရီးသြားေတြအားလုံးခရီးမထြက္မီ ဗိုင္းရပ္စ္စမ္းသပ္ မႈ Negative ျဖစ္မွသာသြားလာခြင့္ရွိမယ္လို႔သိရပါတယ္။

Related news

© 2021. All rights reserved.