မြန်မာရေတပ်လည်းပါဝင်တဲ့ မလက္ကာရေလက်ကြားမှာ ရုရှား-အာဆီယံရေတပ်တွေရဲ့ပထမဆုံးအကြိမ် ပူးတွဲစစ်ရေးလေ့ကျင့်မှု စတင်နေ

3721

မိုးတိမ် (NP News) - ဒီဇင်ဘာ ၃
မြန်မာရေတပ်လည်း ပါဝင်တဲ့ မလက္ကာရေလက်ကြားမှာ ရုရှား-အာဆီယံရေတပ်စစ်သင်္ဘောတွေ ပထမဆုံးအကြိမ် ပူးတွဲစစ်ရေးလေ့ကျင့်မှုလုပ်ဆောင်နေကြောင်းနဲ့ ဒီစစ်ရေးလေ့ကျင့်မှုဟာ စနေနေ့မှသာ ပြီးစီးမှာဖြစ်ကြောင်း သိရပါတယ်။
တရုတ်နဲ့ရင်ဆိုင်နေရတဲ့ တောင်တရုတ်ပင်လယ်အရေးအပါအဝင် အာရှရေပြင်တစ်လွှားမှာ အမေရိကန်ဦးဆောင်တဲ့စစ်အကြမ်းဖက်အုပ်စုတို့က စစ်သင်္ဘောတွေ ဖြတ်သန်းခုတ်မောင်းရန်စမှု မကြာခဏလုပ်ဆောင်နေခြင်းကို အာရှနိုင်ငံတွေကလည်း တန်ပြန်တဲ့အနေနဲ့ အခုလိုမျိုး စစ်ရေးလေ့ကျင့်တာလို့ သိရပါတယ်။ တရုတ်မီဒီယာ SCMP က ဖော်ပြမှုမှာတော့ ရုရှားရေတပ်နဲ့ အာဆီယံ ရေတပ်စစ်သင်္ဘောတွေဟာ ပထမဆုံးအကြိမ် ပူးတွဲစစ်ရေးလေ့ကျင့်တာမျိုးဖြစ်ပြီး ဒီစစ်ရေးလေ့ကျင့်မှုထဲမှာ နိုင်ငံတကာက စောင့်ကြည့်ဝေဖန်မှုတွေ ခံထားရတဲ့ မြန်မာစစ်တပ်ရဲ့ ရေတပ်စစ်သင်္ဘောလည်း ပါဝင်တယ်လို့ ဆိုပါတယ်။ အင်ဒိုနီးရှားရေတပ်အကြီးအကဲတစ်ဦးကို ကိုးကားပြီး ဖော်ပြလာတဲ့ ဒီသတင်းမှာတော့ မလက္ကာရေလက်ကြားဟာ အာဆီယံဒေသတွင်းနိုင်ငံတွေအတွက် အရေးကြီးတဲ့ဒေသဖြစ်သလို ကာကွယ်နိုင်မှုအမြင့်ဆုံးအဆင့်မှာ ထားရှိရမယ့်ဒေသဖြစ်တယ်လို့ ဆိုပါတယ်။ ဒီစစ်ရေးလေ့ကျင့်မှုကို ဒီဇင်ဘာ(၂)ရက်က စတင်တာဖြစ်ပြီး ဒီဇင်ဘာ(၄)ရက်မှာ ပြီးစီးမယ်လို့ သိရပါတယ်။
" ဒါက ဒေသတွင်းတည်ငြိမ်အေးချမ်းရေးနဲ့ သာယာဝပြောရေးအတွက် ရည်ရွယ်ပါတယ် " လို့ ရုရှားသံအမတ်ကြီး Alexander Ivanov က SCMP ကို ပြောကြားခဲ့သလို အင်ဒိုနီးရှားရေတပ်အကြီးအကဲတစ်ဦးဖြစ်သူ Arsyad Abdullah ကတော့ ရုရှားနဲ့ အာဆီယံစစ်တပ်တွေကြားမှာ အပြန်အလှန်နားလည်မှုတွေ တည်ဆောက်နိုင်မယ့် လေ့ကျင့်မှုမျိုးဖြစ်တယ်လို့ ပြောပါတယ်။ စစ်ရေးလေ့လာစောင့်ကြည့်သူတွေကတော့ အာရှရေပြင်တစ်လွှားနဲ့ တိုးတက်လာတဲ့ အာဆီယံဒေသဟာ ကမ္ဘာ့အင်အားကြီးနိုင်ငံအသီးသီးရဲ့မျက်စိကျရာဒေသဖြစ်လာတာကြောင့် ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေက စဉ်ဆက်မပြတ်ဖြစ်ထွန်းလာဖို့သာ ရှိတယ်လို့ ထောက်ပြကြပါတယ်။
သုံးရက်ကြာမယ့် စစ်ရေးလေ့ကျင့်မှုမှာတော့ ရုရှားစစ်တပ်က စစ်သင်္ဘောတွေကလည်း ပင်လယ်ပြင်ထဲမှာ ပစ်ခတ်တိုက်ခိုက်နိုင်မှုစွမ်းရည်ကို ပြသခဲ့သလို အာဆီယံဒေသတွင်းရေတပ်တွေကလည်း အလားတူစွမ်းရည်တွေ ပြသခဲ့ကြတယ်လို့ ဆိုပါတယ်။ မြန်မာစစ်တပ်ကလည်း အလားတူ ရေတပ်ရဲ့စွမ်းဆောင်ရည်ကို အာဆီယံနဲ့ရုရှားစစ်တပ်က မြင်သာစေဖို့ လုပ်ပြတာလည်း ရှိခဲ့ကြောင်း ကြားသိရပါတယ်။
Zawgyi Version;
ျမန္မာေရတပ္လည္းပါဝင္တဲ့ မလကၠာေရလက္ၾကားမွာ ႐ုရွား-အာဆီယံေရတပ္ေတြရဲ႕ပထမဆုံးအႀကိမ္ ပူးတြဲစစ္ေရးေလ့က်င့္မႈ စတင္ေန
မိုးတိမ္ (NP News) - ဒီဇင္ဘာ ၃
ျမန္မာေရတပ္လည္း ပါဝင္တဲ့ မလကၠာေရလက္ၾကားမွာ ႐ုရွား-အာဆီယံေရတပ္စစ္သေဘၤာေတြ ပထမဆုံးအႀကိမ္ ပူးတြဲစစ္ေရးေလ့က်င့္မႈလုပ္ေဆာင္ေနေၾကာင္းနဲ႔ ဒီစစ္ေရးေလ့က်င့္မႈဟာ စေနေန႔မွသာ ၿပီးစီးမွာျဖစ္ေၾကာင္း သိရပါတယ္။
တ႐ုတ္နဲ႔ရင္ဆိုင္ေနရတဲ့ ေတာင္တ႐ုတ္ပင္လယ္အေရးအပါအဝင္ အာရွေရျပင္တစ္လႊားမွာ အေမရိကန္ဦးေဆာင္တဲ့စစ္အၾကမ္းဖက္အုပ္စုတို႔က စစ္သေဘၤာေတြ ျဖတ္သန္းခုတ္ေမာင္းရန္စမႈ မၾကာခဏလုပ္ေဆာင္ေနျခင္းကို အာရွႏိုင္ငံေတြကလည္း တန္ျပန္တဲ့အေနနဲ႔ အခုလိုမ်ိဳး စစ္ေရးေလ့က်င့္တာလို႔ သိရပါတယ္။ တ႐ုတ္မီဒီယာ SCMP က ေဖာ္ျပမႈမွာေတာ့ ႐ုရွားေရတပ္နဲ႔ အာဆီယံ ေရတပ္စစ္သေဘၤာေတြဟာ ပထမဆုံးအႀကိမ္ ပူးတြဲစစ္ေရးေလ့က်င့္တာမ်ိဳးျဖစ္ၿပီး ဒီစစ္ေရးေလ့က်င့္မႈထဲမွာ ႏိုင္ငံတကာက ေစာင့္ၾကည့္ေဝဖန္မႈေတြ ခံထားရတဲ့ ျမန္မာစစ္တပ္ရဲ႕ ေရတပ္စစ္သေဘၤာလည္း ပါဝင္တယ္လို႔ ဆိုပါတယ္။ အင္ဒိုနီးရွားေရတပ္အႀကီးအကဲတစ္ဦးကို ကိုးကားၿပီး ေဖာ္ျပလာတဲ့ ဒီသတင္းမွာေတာ့ မလကၠာေရလက္ၾကားဟာ အာဆီယံေဒသတြင္းႏိုင္ငံေတြအတြက္ အေရးႀကီးတဲ့ေဒသျဖစ္သလို ကာကြယ္ႏိုင္မႈအျမင့္ဆုံးအဆင့္မွာ ထားရွိရမယ့္ေဒသျဖစ္တယ္လို႔ ဆိုပါတယ္။ ဒီစစ္ေရးေလ့က်င့္မႈကို ဒီဇင္ဘာ(၂)ရက္က စတင္တာျဖစ္ၿပီး ဒီဇင္ဘာ(၄)ရက္မွာ ၿပီးစီးမယ္လို႔ သိရပါတယ္။
" ဒါက ေဒသတြင္းတည္ၿငိမ္ေအးခ်မ္းေရးနဲ႔ သာယာဝေျပာေရးအတြက္ ရည္႐ြယ္ပါတယ္ " လို႔ ႐ုရွားသံအမတ္ႀကီး Alexander Ivanov က SCMP ကို ေျပာၾကားခဲ့သလို အင္ဒိုနီးရွားေရတပ္အႀကီးအကဲတစ္ဦးျဖစ္သူ Arsyad Abdullah ကေတာ့ ႐ုရွားနဲ႔ အာဆီယံစစ္တပ္ေတြၾကားမွာ အျပန္အလွန္နားလည္မႈေတြ တည္ေဆာက္ႏိုင္မယ့္ ေလ့က်င့္မႈမ်ိဳးျဖစ္တယ္လို႔ ေျပာပါတယ္။ စစ္ေရးေလ့လာေစာင့္ၾကည့္သူေတြကေတာ့ အာရွေရျပင္တစ္လႊားနဲ႔ တိုးတက္လာတဲ့ အာဆီယံေဒသဟာ ကမာၻ႔အင္အားႀကီးႏိုင္ငံအသီးသီးရဲ႕မ်က္စိက်ရာေဒသျဖစ္လာတာေၾကာင့္ ပူးတြဲစစ္ေရးေလ့က်င့္မႈေတြက စဥ္ဆက္မျပတ္ျဖစ္ထြန္းလာဖို႔သာ ရွိတယ္လို႔ ေထာက္ျပၾကပါတယ္။
သုံးရက္ၾကာမယ့္ စစ္ေရးေလ့က်င့္မႈမွာေတာ့ ႐ုရွားစစ္တပ္က စစ္သေဘၤာေတြကလည္း ပင္လယ္ျပင္ထဲမွာ ပစ္ခတ္တိုက္ခိုက္ႏိုင္မႈစြမ္းရည္ကို ျပသခဲ့သလို အာဆီယံေဒသတြင္းေရတပ္ေတြကလည္း အလားတူစြမ္းရည္ေတြ ျပသခဲ့ၾကတယ္လို႔ ဆိုပါတယ္။ ျမန္မာစစ္တပ္ကလည္း အလားတူ ေရတပ္ရဲ႕စြမ္းေဆာင္ရည္ကို အာဆီယံနဲ႔႐ုရွားစစ္တပ္က ျမင္သာေစဖို႔ လုပ္ျပတာလည္း ရွိခဲ့ေၾကာင္း ၾကားသိရပါတယ္။