ဗြိတိသျှဘုရင်မကြီးရဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာများ

 716

ဝတီ(NP News) - ဒီဇင်ဘာ ၈
နန်းသက် အင်မတန့်အင်မတန်ကိုမှရှည်နေပြီဖြစ်တဲ့ ဗြိတိသျှဘုရင်မကြီးအကြောင်းဟာစိတ်ဝင်စားစရာတွေနဲ့ပြည့်နှက်နေပါတယ်။ သူဟာ ကမ္ဘာက သိတဲ့လူတစ်ယောက်ဖြစ်ပေမယ့်သူ့အတွင်းရေးတွေကိုတော့ လူတွေ ဘာမှသိပ်မသိကြပါဘူး။ ဗြိတိသျှတော်ဝင်မျိုးနွယ်တွေကသူတို့အတွင်းရေးအကြောင်းကို သိပ်ထုတ်ပြောလေ့မရှိကြပါဘူး။ အဲဒီလို ထုတ်မပြောလေ၊ လူတွေကလည်းသူတို့အကြောင်းသိချင်လေပါပဲ။ ဒါကြောင့် ဘုရင်မကြီးအကြောင်း စိတ်ဝင်စားစရာတချို့အချက်တွေကို စုစည်းဖော်ပြလိုက်ပါတယ်။

zawgyi version
ၿဗိတိသွ်ဘုရင္မႀကီးရဲ႕ စိတ္ဝင္စားဖို႔ေကာင္းတဲ့အေၾကာင္းအရာမ်ား
ဝတီ(NP News) - ဒီဇင္ဘာ ၈
နန္းသက္ အင္မတန႔္အင္မတန္ကိုမွရွည္ေနၿပီျဖစ္တဲ့ ၿဗိတိသွ်ဘုရင္မႀကီးအေၾကာင္းဟာစိတ္ဝင္စားစရာေတြနဲ႔ျပည့္ႏွက္ေနပါတယ္။ သူဟာ ကမာၻက သိတဲ့လူတစ္ေယာက္ျဖစ္ေပမယ့္သူ႔အတြင္းေရးေတြကိုေတာ့ လူေတြ ဘာမွသိပ္မသိၾကပါဘူး။ ၿဗိတိသွ်ေတာ္ဝင္မ်ိဳးႏြယ္ေတြကသူတို႔အတြင္းေရးအေၾကာင္းကို သိပ္ထုတ္ေျပာေလ့မရွိၾကပါဘူး။ အဲဒီလို ထုတ္မေျပာေလ၊ လူေတြကလည္းသူတို႔အေၾကာင္းသိခ်င္ေလပါပဲ။ ဒါေၾကာင့္ ဘုရင္မႀကီးအေၾကာင္း စိတ္ဝင္စားစရာတခ်ိဳ႕အခ်က္ေတြကို စုစည္းေဖာ္ျပလိုက္ပါတယ္။

ဘုရင်မကြီးဟာ ကျောင်းမတက်ဖူးပါဘူး။
ဘုရင်မကြီးကျောင်းမတက်ဖူးဘူးဆိုတာနဲ့ သူဟာ စာမတတ်ပေမတတ်ဆိုတဲ့ အဓိပ္ပာယ်တော့မဟုတ်ပါဘူး။ အဲလိဇဘက်သ်ဟာ ညီမတော်မင်းသမီး မာဂရက်လိုပဲ အိမ်တော်မှာပဲ ဆရာတွေခေါ်သင်ခဲ့တာပါ။ သူတို့ညီအစ်မဟာ တစ်ခါကလန်ဒန်လမ်းမတွေပေါ်ထွက်ပြီး လွတ်လွတ်လပ်လပ်ပျော်ရွှင်ခဲ့ဖူးပါတယ်။ ဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးတဲ့အခါမှာ ဗြိတိသျှနိုင်ငံသားတွေဟာ ပျော်လွန်းလို့လမ်းပေါ်ထွက်ပြီး အားရပါးရဟစ်အော်ကခုန်ခဲ့ကြပါတယ်။ အဲဒီနေ့မှာ သူတို့ညီအစ်မလည်းရုပ်ဖျက်ပြီး လူအုပ်ကြီးနဲ့အတူ တသားတည်း သွားပျော်ခွင့်ရခဲ့တယ်လို့ ဘုရင်မကြီးကဆိုပါတယ်။ အဲဒီနေ့ဟာ သူ့ဘဝမှာအမှတ်တရအဖြစ်ဆုံးနေ့တွေထဲက တစ်နေ့ပဲလို့ဘုရင်မကြီးက ပြောပြဖူးပါတယ်။ လူစိမ်းတွေ အချင်းချင်းလက်ချင်းချိတ်ပြီး အား ပါးတရ ကခုန်ပျော်ရွှင်ခဲ့ကြတာ။ စစ်ကြီး ပြီးသွားပြီဆိုတဲ့ အသိကြောင့်
အားလုံးကအရမ်းပျော်ပြီး စိတ်လက်ပေါ့ပါးသွားကြတာလေလို့ ဘုရင်မကြီးကဆိုပါတယ်။ သူတို့ညီအစ်မ နှစ်ယောက် နန်းတော်ထဲက ထွက်ခွင့်ရပြီး ဒီလိုစိတ်လွတ် လက်လွတ်ပျော်ခွင့်ရခဲ့တဲ့အကြောင်း ရုပ်ရှင်တောင် ထွက်ခဲ့ပါသေးတယ်။ ရုပ်ရှင်နာမည်ကတော့ A Royal Night Out ပါတဲ့။

zawgyi version
ဘုရင္မႀကီးဟာ ေက်ာင္းမတက္ဖူးပါဘူး။
ဘုရင္မႀကီးေက်ာင္းမတက္ဖူးဘူးဆိုတာနဲ႔ သူဟာ စာမတတ္ေပမတတ္ဆိုတဲ့ အဓိပၸာယ္ေတာ့မဟုတ္ပါဘူး။ အဲလိဇဘက္သ္ဟာ ညီမေတာ္မင္းသမီး မာဂရက္လိုပဲ အိမ္ေတာ္မွာပဲ ဆရာေတြေခၚသင္ခဲ့တာပါ။ သူတို႔ညီအစ္မဟာ တစ္ခါကလန္ဒန္လမ္းမေတြေပၚထြက္ၿပီး လြတ္လြတ္လပ္လပ္ေပ်ာ္႐ႊင္ခဲ့ဖူးပါတယ္။ ဒုတိယကမာၻစစ္ႀကီးၿပီးဆုံးတဲ့အခါမွာ ၿဗိတိသွ်ႏိုင္ငံသားေတြဟာ ေပ်ာ္လြန္းလို႔လမ္းေပၚထြက္ၿပီး အားရပါး ရဟစ္ေအာ္ကခုန္ခဲ့ၾကပါတယ္။ အဲဒီေန႔မွာ သူတို႔ညီအစ္မလည္း႐ုပ္ဖ်က္ၿပီး လူအုပ္ႀကီးနဲ႔အတူ တသားတည္း သြားေပ်ာ္ခြင့္ရခဲ့တယ္လို႔ ဘုရင္မႀကီးကဆိုပါတယ္။ အဲဒီေန႔ဟာ သူ႔ဘဝမွာအမွတ္တရအျဖစ္ဆုံးေန႔ေတြထဲက တစ္ေန႔ပဲလို႔ဘုရင္မႀကီးက ေျပာျပဖူးပါတယ္။ လူစိမ္းေတြ အခ်င္းခ်င္းလက္ခ်င္းခ်ိတ္ၿပီး အား ပါးတရ ကခုန္ေပ်ာ္ ႐ႊင္ခဲ့ၾကတာ။ စစ္ႀကီး ၿပီးသြားၿပီဆိုတဲ့ အသိေၾကာင့္ အားလုံးကအရမ္းေပ်ာ္ၿပီး စိတ္လက္ေပါ့ပါးသြားၾကတာေလလို႔ ဘုရင္မႀကီးကဆိုပါတယ္။ သူတို႔ညီအစ္မ ႏွစ္ေယာက္ နန္းေတာ္ထဲက ထြက္ခြင့္ရၿပီး ဒီလိုစိတ္လြတ္ လက္လြတ္ေပ်ာ္ခြင့္ရခဲ့တဲ့အေၾကာင္း ႐ုပ္ရွင္ေတာင္ ထြက္ခဲ့ပါေသးတယ္။ ႐ုပ္ရွင္နာမည္ကေတာ့ A Royal Night Out ပါတဲ့။

ဘုရင်မကြီးရဲ့ သရဖူဟာ သူ မင်္ဂလာဆောင်မယ့်နေ့မှာ ကျိုးသွားခဲ့ပါသေးတယ်။
သူ မင်္ဂလာဆောင်မယ့်နေ့မှာပဲ သရဖူကျိုးသွားလို့ နန်းတော်ကသရဖူပြင်သမားကိုအမြန်ဆုံးခေါ်ပြီး ပြင်လိုက်ရပါသေးသတဲ့။ မင်္ဂလာချိန်အမီ သရ ဖူကို ရအောင်ပြင်နိုင်ခဲ့ပါတယ်။

ဘုရင်မကြီးဟာ သူ့ခင်ပွန်းနဲ့ အမျိုးတော်ပါတယ်။
ဟုတ်ပါတယ်။ ဘုရင်မကြီးဟာ သူ့ခင်ပွန်း မင်းသားဖိလစ်ပ်နဲ့မောင်နှမ သုံးဝမ်းကွဲတော်ပါတယ်။ ဖိလစ်ပ်ဟာ ဂရိတော်ဝင်မိသားစုနဲ့ဒိန်းမတ်တော်ဝင်မိသားစုမှာ မွေးဖွားလာတာပါ။ဒါပေမဲ့ အဲလိဇဘက်သ်ဘုရင်မကြီးနဲ့လက်ဆက်အပြီးမှာတော့ သူက မူလဂုဏ်ပုဒ်တွေကို စွန့်လွှတ်
လိုက်ပါတယ်။ ဘုရင်မကြီးနဲ့ မင်းသားကြီးဖိလစ်ပ်ဟာ နှစ်ပေါင်း(၇၃)နှစ်ကြာပေါင်းဖက်ခွင့်ရခဲ့ပါတယ်။ မင်းသားကြီး ဖိလစ်ပ်ဟာ ၂ဝ၂၁ ခုနှစ် ဧပြီလမှာ ဘဝတစ်ပါးကူးပြောင်းသွားခဲ့တာပါ။

ဘုရင်မကြီးဟာ တစ်နှစ်မှာ မွေးနေ့ပွဲ နှစ်ကြိမ် လုပ်ပါတယ်။
ဘုရင်မကြီးရဲ့ မွေးနေ့ဟာ ဧပြီလ ၂၁ ရက်မှာပါ။ ဒါပေမဲ့ ဘုရင်မကြီးရဲ့
မွေးနေ့ပွဲကို ဇွန်လ ၁၁ ရက်မှာမှ တရားဝင်ကျင်းပပါတယ်။ သူတို့နိုင်ငံမှာ ဧပြီလမှာ ရာသီဥတုအရမ်းအေးတဲ့အတွက် ရာသီဥတုကောင်းတဲ့ ဇွန်လကျမှပဲ ဘုရင်မကြီးမွေးနေ့ကိုတရားဝင် ကျင်းပတာဖြစ်ပါတယ်။

ဘုရင်မကြီး အုပ်ချုပ်မင်းမူနေတာ ကြာလှပြီဖြစ်တဲ့အတွက် သူနန်းတက်တဲ့အချိန်ကသက်ရှိထင်ရှားရှိခဲ့တဲ့ ဗြိတိသျှနိုင်ငံသားငါးယောက်တိုင်းမှာလေးယောက် ကမရှိတော့ပါဘူး။
ဗြိတိသျှနိုင်ငံသား အများစုဟာ သူတို့ကို အုပ်ချုပ်မင်းလုပ်နေတဲ့လူဆိုရင်
အဲလိဇဘက်သ်ကိုပဲ သိကြပါတယ်။ အဲလိဇဘက်သ် နန်းတက်ချိန်ကရှိခဲ့တဲ့ ဗြိတိသျှ နိုင်ငံသားတွေထဲမှာ ၈၁ ရာခိုင်နှုန်းကမရှိကြတော့ပါဘူး။ သူဟာ သူ့ဖခမည်းတော် ၁၉၅၂ ခုနှစ်မှာ ကွယ်လွန်သွားပြီးကတည်းက
နန်းတက်လာတာဖြစ်ပြီး ၂ဝ၂၁ ခုနှစ်မှာ သက်တော် ၉၅ နှစ် ရှိပြီဖြစ်တဲ့အတွက်ကမ္ဘာပေါ်မှာ နန်းသက်အရှည်ဆုံး ဖြစ်နေပါပြီ။ သူ့နန်းသက် နှစ် ၇ဝ လောက်အတွင်းမှာဗြိတိသျှ ဝန်ကြီးချုပ်ပေါင်း ၁၅ ယောက်၊ အမေရိကန်သမ္မတ ၁၄ ယောက် ပြောင်းသွားပါပြီ။

zawgyi version
ဘုရင္မႀကီးရဲ႕ သရဖူဟာ သူ မဂၤလာေဆာင္မယ့္ေန႔မွာ က်ိဳးသြားခဲ့ပါေသးတယ္။
သူ မဂၤလာေဆာင္မယ့္ေန႔မွာပဲ သရဖူက်ိဳးသြားလို႔ နန္းေတာ္ကသရဖူျပင္သမားကိုအျမန္ဆုံးေခၚၿပီး ျပင္လိုက္ရပါေသးသတဲ့။ မဂၤလာခ်ိန္အမီ သရ ဖူကို ရေအာင္ျပင္ႏိုင္ခဲ့ပါတယ္။

ဘုရင္မႀကီးဟာ သူ႔ခင္ပြန္းနဲ႔ အမ်ိဳးေတာ္ပါတယ္။
ဟုတ္ပါတယ္။ ဘုရင္မႀကီးဟာ သူ႔ခင္ပြန္း မင္းသားဖိလစ္ပ္နဲ႔ေမာင္ႏွမ သုံးဝမ္းကြဲေတာ္ပါတယ္။ ဖိလစ္ပ္ဟာ ဂရိေတာ္ဝင္မိသားစုနဲ႔ဒိန္းမတ္ေတာ္ဝင္မိသားစုမွာ ေမြးဖြားလာတာပါ။ဒါေပမဲ့ အဲလိဇဘက္သ္ဘုရင္မႀကီးနဲ႔လက္ဆက္အၿပီးမွာေတာ့ သူက မူလဂုဏ္ပုဒ္ေတြကို စြန႔္လႊတ္
လိုက္ပါတယ္။ ဘုရင္မႀကီးနဲ႔ မင္းသားႀကီးဖိလစ္ပ္ဟာ ႏွစ္ေပါင္း(၇၃)ႏွစ္ၾကာေပါင္းဖက္ခြင့္ရခဲ့ပါတယ္။ မင္းသားႀကီး ဖိလစ္ပ္ဟာ ၂ဝ၂၁ ခုႏွစ္ ဧၿပီလမွာ ဘဝတစ္ပါးကူးေျပာင္းသြားခဲ့တာပါ။

ဘုရင္မႀကီးဟာ တစ္ႏွစ္မွာ ေမြးေန႔ပြဲ ႏွစ္ႀကိမ္ လုပ္ပါတယ္။
ဘုရင္မႀကီးရဲ႕ ေမြးေန႔ဟာ ဧၿပီလ ၂၁ ရက္မွာပါ။ ဒါေပမဲ့ ဘုရင္မႀကီးရဲ႕
ေမြးေန႔ပြဲကို ဇြန္လ ၁၁ ရက္မွာမွ တရားဝင္က်င္းပပါတယ္။ သူတို႔ႏိုင္ငံမွာ ဧၿပီလမွာ ရာသီဥတုအရမ္းေအးတဲ့အတြက္ ရာသီဥတုေကာင္းတဲ့ ဇြန္လက်မွပဲ ဘုရင္မႀကီးေမြးေန႔ကိုတရားဝင္ က်င္းပတာျဖစ္ပါတယ္။

ဘုရင္မႀကီး အုပ္ခ်ဳပ္မင္းမူေနတာ ၾကာလွၿပီျဖစ္တဲ့အတြက္ သူနန္းတက္တဲ့အခ်ိန္ကသက္ရွိထင္ရွားရွိခဲ့တဲ့ ၿဗိတိသွ်ႏိုင္ငံသားငါးေယာက္တိုင္းမွာေလးေယာက္ ကမရွိေတာ့ပါဘူး။
ၿဗိတိသွ်ႏိုင္ငံသား အမ်ားစုဟာ သူတို႔ကို အုပ္ခ်ဳပ္မင္းလုပ္ေနတဲ့လူဆိုရင္
အဲလိဇဘက္သ္ကိုပဲ သိၾကပါတယ္။ အဲလိဇဘက္သ္ နန္းတက္ခ်ိန္ကရွိခဲ့တဲ့ ၿဗိတိသွ် ႏိုင္ငံသားေတြထဲမွာ ၈၁ ရာခိုင္ႏႈန္းကမရွိၾကေတာ့ပါဘူး။ သူဟာ သူ႔ဖခမည္းေတာ္ ၁၉၅၂ ခုႏွစ္မွာ ကြယ္လြန္သြားၿပီးကတည္းက
နန္းတက္လာတာျဖစ္ၿပီး ၂ဝ၂၁ ခုႏွစ္မွာ သက္ေတာ္ ၉၅ ႏွစ္ ရွိၿပီျဖစ္တဲ့အတြက္ကမာၻေပၚမွာ နန္းသက္အရွည္ဆုံး ျဖစ္ေနပါၿပီ။ သူ႔နန္းသက္ ႏွစ္ ၇ဝ ေလာက္အတြင္းမွာၿဗိတိသွ် ဝန္ႀကီးခ်ဳပ္ေပါင္း ၁၅ ေယာက္၊ အေမရိကန္သမၼတ ၁၄ ေယာက္ ေျပာင္းသြားပါၿပီ။

ယူကေ ရေပိုင်နက်ထဲက ငန်းတွေ၊ လင်းပိုင်တွေ အကုန်လုံးကို
ဘုရင်မကြီး ပိုင်ပါတယ်။
နိုင်ငံထဲမှာ ရှိတဲ့ရိုးရိုးငန်းဖြူတွေ အကုန်လုံးကို ထီးနန်းအုပ်ချုပ်မင်းလုပ်နေတဲ့လူကပိုင်တယ်လို့ ၁၂ ရာစုကတည်းက သတ်မှတ်ထားပါတယ်။ အဲဒီခေတ်အခါကငန်းတွေကို စားကောင်းသောက်ဖွယ်လို့ သဘောထားတဲ့ခေတ်ပါ။ ဒီနေ့ခေတ်မှာတော့ဘုရင်မကြီးက အဲဒီငန်းတွေကို မစားပါဘူး။ ဒါပေမဲ့ ငန်းတွေကို ပိုင်တာတော့ပိုင်နေတုန်းပါပဲ။ နန်းတော်က တာဝန်ရှိသူက နှစ်စဉ်ငန်းကောင်ရေကို စာရင်းကောက်ရပြီး ငန်းတွေရဲ့ကျန်းမာ ရေးကို စစ်ဆေးပေးရပါတယ်။ ဒါ့အပြင်ယူကေ ရေပိုင်နက်ထဲက လင်းပိုင်တွေ၊ ဝေလငါးတွေ၊ ငါးကြင်းတွေ၊ လင်းရှူးတွေကိုလည်းဘုရင်မကြီးပဲ ပိုင်ပါတယ်။

ဘုရင်မကြီးဟာ နိုင်ငံတော်ခရီးစဉ်ပေါင်း ၂၆ဝ လောက်သွားခဲ့ပါတယ်။
အခုအချိန်မှာသာ ဘုရင်မကြီးက နိုင်ငံတကာခရီးစဉ်တွေ သိပ်မသွားတော့ပေမယ့်အရင်ကတော့ အကြိမ်ပေါင်းမြောက်မြားစွာသွားခဲ့ပါတယ်။ နိုင်ငံရပ်ခြား ခရီးတွေသာမသွားပေမယ့် သူကပြီးခဲ့တဲ့နှစ်ပိုင်းမှာသိပ်တော့ အေးအေးဆေးဆေး မနေပါဘူး။ ၂ဝ၁၅ ခုနှစ်မှာသူက မင်းသား ဝီလျံ၊ မင်းသား ဟယ်ရီတို့ရဲ့စေ့စပ်ပွဲအပြင် တော်ဝင်စေ့စပ်ပွဲပေါင်း ၃၄၁ ခုလုပ်ပေးခဲ့ပါတယ်။

ဘုရင်မကြီးဟာ အရမ်းချမ်းသာပေမယ့် ယူကေမှာ သူ့ထက်ချမ်းသာတဲ့လူတွေအများကြီး ရှိပါတယ်။
ဘုရင်မကြီးဟာ ပြည်သူတွေရဲ့ အခွန်အခတွေထဲက တချို့တဝက် ရပေမယ့်သူ့ပိုက်ဆံအများစုဟာ တော်ဝင်မိသားစုရဲ့အိမ်ခြံမြေတွေဆီကနေ
လာတာပါ။ ဘုရင်မကြီးက အိမ်ခြံမြေတွေဘိုးစဉ်ဘောင်ဆက်အများကြီး ပိုင်လာတာလေ။ ဘုရင်မကြီးရဲ့ကြွယ်ဝချမ်းသာမှုဟာ ဒေါ်လာသန်း ၅ဝဝလောက်ရှိပါသတဲ့။ ဒီပမာဏဟာ အင်မတန်များပြားပေမယ့် ဘုရင်မကြီးဟာ ယူကေမှာ အချမ်းသာဆုံးပုဂ္ဂိုလ်မဟုတ်ပါဘူး။ ယူကေမှာဘီလျံနဲ့ချီပြီး ချမ်းသာတဲ့လူတွေ အများကြီးရှိတယ်လေ။

ဘုရင်မကြီးဟာ အခွန်အခပေးစရာမလိုပေမယ့်ပေးတာပါပဲ။
ဘုရင်မကြီးဟာ ဘာအခွန်မှ ဆောာင်စရာ မလိုပါဘူး။ ဒါပေမဲ့ သူ သူ့ဆန္ဒနဲ့သူ အခွန်ဆောင်လာတာ ၁၉၉၃ ခုနှစ်ကတည်းကပဲလို့ တော်ဝင်မိသားစုဝက်ဘ်ဆိုက်ဒ်မှာဖော်ပြထားပါတယ်။

ဘုရင်မကြီးဟာ ၁၉၈၉ ခုနှစ်ကတည်းက လက်သည်းနီအရောင်တစ်မျိုးတည်းပဲဆိုးလာတာအခုထက်ထိပါပဲ။
ဘုရင်မကြီးဟာ ၁၉၈၉ ခုနှစ်ကတည်းက လက်သည်းနီအရောင်တစ်မျိုးတည်း၊ အမျိုးအစားတစ်ခုတည်းကိုပဲ ဆိုးလာခဲ့တာပါ။ အဲဒီအရောင်ဟာ ပန်းနုရောင်ဖြစ်ပြီး ထူးဆန်းတာကတော့အဲဒီလက်သည်းနီက ဈေးပေါပါသတဲ့။ လက်လီဈေးဆိုရင် ၉ ဒေါ်လာပဲ ရှိပါသတဲ့လေ။ ဘုရင်မကြီးက
တခြားအရောင်ဆိုရင်မဆိုးဘူးတဲ့။

သူဟာ နိုင်ငံကူးလက်မှတ်လည်း မလို၊ ယာဉ်မောင်းလိုင်စင်လည်း မလိုပါဘူး။
သူဟာနိုင်ငံကူးလက်မှတ်လည်း ကိုင်စရာမလို၊ ယာဉ်မောင်းလိုင်စင်လည်း ကိုင်စရာမလိုပါဘူး။ သူက ကိုယ်တိုင်လည်း ကားကောင်းကောင်းမောင်းတတ်ပါတယ်။ တစ်ခါကဆိုရင်ဆော်ဒီမင်းသားတစ်ပါးကို သူက ကိုယ် တိုင်ကားမောင်းပြီး သူ့ခြံဝင်းကြီးကို ပတ်ပြခဲ့ပါသေးတယ်။

သူက သူ့ကိုမမှတ်မိတဲ့ တိုးရစ်တစ်စုကိုအကြောင်ရိုက်ခဲ့ဖူးပါတယ်။
ဘုရင်မကြီးကို ကြည့်လိုက်ရင် အများအားဖြင့် မျက်နှာကခပ်တည်တည်ပေမယ့်သူက စတတ်၊ နောက်တတ်ပါတယ်။ တစ်ခါကဆိုရင် သူကသူ့ကို အပြင်မှာ မမှတ်မိတဲ့တိုးရစ်အုပ်စုတစ်စုကို ခပ်တည်တည်နဲ့အကြောင် ရိုက်လိုက်ပါသေးတယ်။ အဲဒီတုန်းကသူက ခေါင်းကိုပဝါနဲ့စည်းထားတော့ တိုးရစ်တွေက သူ့ကိုမမှတ်မိပါဘူး။ ဘုရင်မကြီးကိုမြင်ဖူးလားလို့ တိုးရစ်တွေက မေးတော့မမြင်ဖူးဘူး။ ဒါပေမဲ့ ဟိုလူကတော့မြင်ဖူးတယ်ဆိုပြီး သူက သူ့လုံခြုံရေးကိုလက်ညှိုးထိုးပြလိုက်တာပါတဲ့။

zawgyi version
ယူေက ေရပိုင္နက္ထဲက ငန္းေတြ၊ လင္းပိုင္ေတြ အကုန္လုံးကို
ဘုရင္မႀကီး ပိုင္ပါတယ္။
ႏိုင္ငံထဲမွာ ရွိတဲ့႐ိုး႐ိုးငန္းျဖဴေတြ အကုန္လုံးကို ထီးနန္းအုပ္ခ်ဳပ္မင္းလုပ္ေနတဲ့လူကပိုင္တယ္လို႔ ၁၂ ရာစုကတည္းက သတ္မွတ္ထားပါတယ္။ အဲဒီေခတ္အခါကငန္းေတြကို စားေကာင္းေသာက္ဖြယ္လို႔ သေဘာထားတဲ့ေခတ္ပါ။ ဒီေန႔ေခတ္မွာေတာ့ဘုရင္မႀကီးက အဲဒီငန္းေတြကို မစားပါဘူး။ ဒါေပမဲ့ ငန္းေတြကို ပိုင္တာေတာ့ပိုင္ေနတုန္းပါပဲ။ နန္းေတာ္က တာဝန္ရွိသူက ႏွစ္စဥ္ငန္းေကာင္ေရကို စာရင္းေကာက္ရၿပီး ငန္းေတြရဲ႕က်န္းမာ ေရးကို စစ္ေဆးေပးရပါတယ္။ ဒါ့အျပင္ယူေက ေရပိုင္နက္ထဲက လင္းပိုင္ေတြ၊ ေဝလငါးေတြ၊ ငါးၾကင္းေတြ၊ လင္းရႉးေတြကိုလည္းဘုရင္မႀကီးပဲ ပိုင္ပါတယ္။

ဘုရင္မႀကီးဟာ ႏိုင္ငံေတာ္ခရီးစဥ္ေပါင္း ၂၆ဝ ေလာက္သြားခဲ့ပါတယ္။
အခုအခ်ိန္မွာသာ ဘုရင္မႀကီးက ႏိုင္ငံတကာခရီးစဥ္ေတြ သိပ္မသြားေတာ့ေပမယ့္အရင္ကေတာ့ အႀကိမ္ေပါင္းေျမာက္ျမားစြာသြားခဲ့ပါတယ္။ ႏိုင္ငံရပ္ျခား ခရီးေတြသာမသြားေပမယ့္ သူကၿပီးခဲ့တဲ့ႏွစ္ပိုင္းမွာသိပ္ေတာ့ ေအးေအးေဆးေဆး မေနပါဘူး။ ၂ဝ၁၅ ခုႏွစ္မွာသူက မင္းသား ဝီလ်ံ၊ မင္းသား ဟယ္ရီတို႔ရဲ႕ေစ့စပ္ပြဲအျပင္ ေတာ္ဝင္ေစ့စပ္ပြဲေပါင္း ၃၄၁ ခုလုပ္ေပးခဲ့ပါတယ္။

ဘုရင္မႀကီးဟာ အရမ္းခ်မ္းသာေပမယ့္ ယူေကမွာ သူ႔ထက္ခ်မ္းသာတဲ့လူေတြအမ်ားႀကီး ရွိပါတယ္။
ဘုရင္မႀကီးဟာ ျပည္သူေတြရဲ႕ အခြန္အခေတြထဲက တခ်ိဳ႕တဝက္ ရေပမယ့္သူ႔ပိုက္ဆံအမ်ားစုဟာ ေတာ္ဝင္မိသားစုရဲ႕အိမ္ၿခံေျမေတြဆီကေန
လာတာပါ။ ဘုရင္မႀကီးက အိမ္ၿခံေျမေတြဘိုးစဥ္ေဘာင္ဆက္အမ်ားႀကီး ပိုင္လာတာေလ။ ဘုရင္မႀကီးရဲ႕ႂကြယ္ဝခ်မ္းသာမႈဟာ ေဒၚလာသန္း ၅ဝဝေလာက္ရွိပါသတဲ့။ ဒီပမာဏဟာ အင္မတန္မ်ားျပားေပမယ့္ ဘုရင္မႀကီးဟာ ယူေကမွာ အခ်မ္းသာဆုံးပုဂၢိဳလ္မဟုတ္ပါဘူး။ ယူေကမွာဘီလ်ံနဲ႔ခ်ီၿပီး ခ်မ္းသာတဲ့လူေတြ အမ်ားႀကီးရွိတယ္ေလ။

ဘုရင္မႀကီးဟာ အခြန္အခေပးစရာမလိုေပမယ့္ေပးတာပါပဲ။
ဘုရင္မႀကီးဟာ ဘာအခြန္မွ ေဆာာင္စရာ မလိုပါဘူး။ ဒါေပမဲ့ သူ သူ႔ဆႏၵနဲ႔သူ အခြန္ေဆာင္လာတာ ၁၉၉၃ ခုႏွစ္ကတည္းကပဲလို႔ ေတာ္ဝင္မိသားစုဝက္ဘ္ဆိုက္ဒ္မွာေဖာ္ျပထားပါတယ္။

ဘုရင္မႀကီးဟာ ၁၉၈၉ ခုႏွစ္ကတည္းက လက္သည္းနီအေရာင္တစ္မ်ိဳးတည္းပဲဆိုးလာတာအခုထက္ထိပါပဲ။
ဘုရင္မႀကီးဟာ ၁၉၈၉ ခုႏွစ္ကတည္းက လက္သည္းနီအေရာင္တစ္မ်ိဳးတည္း၊ အမ်ိဳးအစားတစ္ခုတည္းကိုပဲ ဆိုးလာခဲ့တာပါ။ အဲဒီအေရာင္ဟာ ပန္းႏုေရာင္ျဖစ္ၿပီး ထူးဆန္းတာကေတာ့အဲဒီလက္သည္းနီက ေဈးေပါပါသတဲ့။ လက္လီေဈးဆိုရင္ ၉ ေဒၚလာပဲ ရွိပါသတဲ့ေလ။ ဘုရင္မႀကီးက
တျခားအေရာင္ဆိုရင္မဆိုးဘူးတဲ့။

သူဟာ ႏိုင္ငံကူးလက္မွတ္လည္း မလို၊ ယာဥ္ေမာင္းလိုင္စင္လည္း မလိုပါဘူး။
သူဟာႏိုင္ငံကူးလက္မွတ္လည္း ကိုင္စရာမလို၊ ယာဥ္ေမာင္းလိုင္စင္လည္း ကိုင္စရာမလိုပါဘူး။ သူက ကိုယ္တိုင္လည္း ကားေကာင္းေကာင္းေမာင္းတတ္ပါတယ္။ တစ္ခါကဆိုရင္ေဆာ္ဒီမင္းသားတစ္ပါးကို သူက ကိုယ္ တိုင္ကားေမာင္းၿပီး သူ႔ၿခံဝင္းႀကီးကို ပတ္ျပခဲ့ပါေသးတယ္။

သူက သူ႔ကိုမမွတ္မိတဲ့ တိုးရစ္တစ္စုကိုအေၾကာင္႐ိုက္ခဲ့ဖူးပါတယ္။
ဘုရင္မႀကီးကို ၾကည့္လိုက္ရင္ အမ်ားအားျဖင့္ မ်က္ႏွာကခပ္တည္တည္ေပမယ့္သူက စတတ္၊ ေနာက္တတ္ပါတယ္။ တစ္ခါကဆိုရင္ သူကသူ႔ကို အျပင္မွာ မမွတ္မိတဲ့တိုးရစ္အုပ္စုတစ္စုကို ခပ္တည္တည္နဲ႔အေၾကာင္ ႐ိုက္လိုက္ပါေသးတယ္။ အဲဒီတုန္းကသူက ေခါင္းကိုပဝါနဲ႔စည္းထားေတာ့ တိုးရစ္ေတြက သူ႔ကိုမမွတ္မိပါဘူး။ ဘုရင္မႀကီးကိုျမင္ဖူးလားလို႔ တိုးရစ္ေတြက ေမးေတာ့မျမင္ဖူးဘူး။ ဒါေပမဲ့ ဟိုလူကေတာ့ျမင္ဖူးတယ္ဆိုၿပီး သူက သူ႔လုံၿခဳံေရးကိုလက္ညႇိဳးထိုးျပလိုက္တာပါတဲ့။

Related news

© 2021. All rights reserved.