ပြင်ဦးလွင်မြို့ကို Clean City ၊ Green City ဖြစ်အောင်လုပ်ဆောင်ရမည်ဟုဆို

1466

NP News - ဒီဇင်ဘာလ ၁ဝ
ပြင်ဦးလွင်မြို့သည် ခရီးသွားများစိတ်ဝင်စားသည့်မြို့တစ်မြို့ဖြစ်ခြင်းကြောင့် Clean City (သန့်ရှင်းသောမြို့) Green City (စိမ်းလန်းသောမြို့) မြို့ကြီးဖြစ်အောင် လုပ်ဆောင်ရန်လိုကြောင်း နစက ဥက္ကဋ္ဌ ဗိုလ် ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီဇင်ဘာလ(၉)ရက်ကပြင်ဦးလွင်ခရိုင်ရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့်တွေ့ဆုံစဉ်ပြောသည်။ ထို့ပြင် ရှိပြီးသားအ ခြေခံဖြစ်သည့် ရတနာပုံ ဆိုက်ဘာစီးတီး၊ အနီးစခန်းလေယာဉ်ကွင်းများကို အသုံးချ၍ Smart City ဖြစ်အောင်ဆက်လက်ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း ယင်းကပြောသည်။
“ဒီအခွင့်အရေးကို အသုံးချနိုင်ရင် ခရီးသွားလုပ်ငန်းအတွက်များစွာ အ ကျိုးဖြစ်ထွန်းတာကြောင့် ပြင်ဦးလွင်မြို့ကို နိုင်ငံတကာအဆင့်မှီသာယာလှပစေရေးအကောင်အထည်ဖော်ဆောင်ရွက်သင့်တယ်”ဟု ယင်းကပြောသည်။
ပြင်ဦးလွင်မြို့သည် ပြည်တွင်းခရီးသွားများနှင့် ကမ္ဘာလှည့်ခရီးသွားများ စိတ်ဝင်စားမှုရှိသည့် ခရီးသွားမြို့တစ်မြို့ဖြစ်ပြီး ပင်လယ်ရေမျက်နှာပြင် အထက်အမြင့်ပေ ၃၅၃၈ ပေတွင်ရှိကာ ၁၈၅ဝ ပြည့်နှစ်၊ ပုဂံမင်းလက် ထက်တွင် စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ထို့ကြောင့် ပြင်ဦးလွင်မြို့တွင် ရှေးဟောင်းသမိုင်းတင်အဆောက်အအုံများ၊ နေရာများစွာရှိသည့်အတွက် ပြင်ဦးလွင်ဘူတာသည် သမိုင်းဝင်ဘူတာဖြစ်ပြီး ဂုတ်ထိပ်တံတားသည်လည်း သမိုင်းဝင်နေရာတစ်ခုဖြစ်ကြောင်းသိရသည်။ ခရီးသွားများ စိတ်ဝင်စားမှုရှိသည့် ကျောက်မီးသွေးသုံးရထားစက်ခေါင်းများအသုံးပြု၍ ပြင်ဦးလွင်မြို့ကိုဗဟိုပြုပြီး ရထားခရီးစဉ်များပြေးဆွဲနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်းသိရသည်။ ထို့ပြင် ပြင်ဦးလွင်မြို့ကိုပညာရေးနှင့်ပတ်သက်၍လည်း ပညာရေးမြို့အဖြစ်ဖော်ဆောင်ရန် လိုပြီး အလားတူကျန်းမာရေးနှင့်ပတ်သက်၍လည်း ပြင်ဦးလွင်မြို့ကို ဗဟိုပြု၍ မြှင့်တင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ယင်းကပြောသည်။
နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေဖြင့် ပြီးခဲ့သည့် မေ လ (၂၈)ရက်ကလည်း နေပြည်တော်မြို့အား အစိုးရရုံးစိုက်ရာမြို့တစ်မြို့ဖြစ်ခြင်းကြောင့် မြို့တော်အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာမှုတွင် စံပြဖြစ်အောင်လုပ်ဆောင်ရန် ပြောကြားခဲ့ခြင်းများရှိခဲ့ပြီး ယခု (ဒီဇင်ဘာ လ ၉ ရက်)တွင်လည်း ပြင်ဦးလွင်မြို့အား Clean City၊ Green City ဖြစ်အောင် တည်ဆောက်သွားမည်ဟု ပြောကြားလာပြန်သည်။ မြန်မာနိုင်ငံ တွင်ဖေဖော်ဝါရီလ(၁)ရက်(အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း)နှင့် အပြန်အလှန်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ချိန်အတွင်း ပြည်သူများအနေ ဖြင့် အဘက်ဘက်မှထိခိုက်နစ်နာမှုများရှိခဲ့သော်လည်း ၎င်းတို့အတွက် မည်ကဲ့သို့ ဆောင်ရွက်ပေးမည်ကို နစကဘက်မှအတိအကျထုတ်ပြန်ထားခြင်းမရှိသေးသည်ကိုလည်း တွေ့ရသည်။
zawgyi version
ျပင္ဦးလြင္ၿမိဳ႕ကို Clean City ၊ Green City ျဖစ္ေအာင္လုပ္ေဆာင္ရမည္ဟုဆို
NP News - ဒီဇင္ဘာလ ၁ဝ
ျပင္ဦးလြင္ၿမိဳ႕သည္ ခရီးသြားမ်ားစိတ္ဝင္စားသည့္ၿမိဳ႕တစ္ၿမိဳ႕ျဖစ္ျခင္းေၾကာင့္ Clean City (သန႔္ရွင္းေသာၿမိဳ႕) Green City (စိမ္းလန္းေသာၿမိဳ႕) ၿမိဳ႕ႀကီးျဖစ္ေအာင္ လုပ္ေဆာင္ရန္လိုေၾကာင္း နစက ဥကၠ႒ ဗိုလ္ ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ဒီဇင္ဘာလ(၉)ရက္ကျပင္ဦးလြင္ခ႐ိုင္ရွိ ဌာနဆိုင္ရာဝန္ထမ္းမ်ားႏွင့္ေတြ႕ဆုံစဥ္ေျပာသည္။ ထို႔ျပင္ ရွိၿပီးသားအ ေျခခံျဖစ္သည့္ ရတနာပုံ ဆိုက္ဘာစီးတီး၊ အနီးစခန္းေလယာဥ္ကြင္းမ်ားကို အသုံးခ်၍ Smart City ျဖစ္ေအာင္ဆက္လက္ႀကိဳးပမ္းေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္း ယင္းကေျပာသည္။
“ဒီအခြင့္အေရးကို အသုံးခ်ႏိုင္ရင္ ခရီးသြားလုပ္ငန္းအတြက္မ်ားစြာ အ က်ိဳးျဖစ္ထြန္းတာေၾကာင့္ ျပင္ဦးလြင္ၿမိဳ႕ကို ႏိုင္ငံတကာအဆင့္မွီသာယာလွပေစေရးအေကာင္အထည္ေဖာ္ေဆာင္႐ြက္သင့္တယ္”ဟု ယင္းကေျပာသည္။
ျပင္ဦးလြင္ၿမိဳ႕သည္ ျပည္တြင္းခရီးသြားမ်ားႏွင့္ ကမာၻလွည့္ခရီးသြားမ်ား စိတ္ဝင္စားမႈရွိသည့္ ခရီးသြားၿမိဳ႕တစ္ၿမိဳ႕ျဖစ္ၿပီး ပင္လယ္ေရမ်က္ႏွာျပင္ အထက္အျမင့္ေပ ၃၅၃၈ ေပတြင္ရွိကာ ၁၈၅ဝ ျပည့္ႏွစ္၊ ပုဂံမင္းလက္ ထက္တြင္ စတင္တည္ေဆာက္ခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။ ထို႔ေၾကာင့္ ျပင္ဦးလြင္ၿမိဳ႕တြင္ ေရွးေဟာင္းသမိုင္းတင္အေဆာက္အအုံမ်ား၊ ေနရာမ်ားစြာရွိသည့္အတြက္ ျပင္ဦးလြင္ဘူတာသည္ သမိုင္းဝင္ဘူတာျဖစ္ၿပီး ဂုတ္ထိပ္တံတားသည္လည္း သမိုင္းဝင္ေနရာတစ္ခုျဖစ္ေၾကာင္းသိရသည္။ ခရီးသြားမ်ား စိတ္ဝင္စားမႈရွိသည့္ ေက်ာက္မီးေသြးသုံးရထားစက္ေခါင္းမ်ားအသုံးျပဳ၍ ျပင္ဦးလြင္ၿမိဳ႕ကိုဗဟိုျပဳၿပီး ရထားခရီးစဥ္မ်ားေျပးဆြဲႏိုင္ေရးေဆာင္႐ြက္လ်က္ရွိေၾကာင္းသိရသည္။ ထို႔ျပင္ ျပင္ဦးလြင္ၿမိဳ႕ကိုပညာေရးႏွင့္ပတ္သက္၍လည္း ပညာေရးၿမိဳ႕အျဖစ္ေဖာ္ေဆာင္ရန္ လိုၿပီး အလားတူက်န္းမာေရးႏွင့္ပတ္သက္၍လည္း ျပင္ဦးလြင္ၿမိဳ႕ကို ဗဟိုျပဳ၍ ျမႇင့္တင္ေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္း ယင္းကေျပာသည္။
နစက ဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္အေနျဖင့္ ၿပီးခဲ့သည့္ ေမ လ (၂၈)ရက္ကလည္း ေနျပည္ေတာ္ၿမိဳ႕အား အစိုးရ႐ုံးစိုက္ရာၿမိဳ႕တစ္ၿမိဳ႕ျဖစ္ျခင္းေၾကာင့္ ၿမိဳ႕ေတာ္အဂၤါရပ္ႏွင့္အညီ သန႔္ရွင္းသာယာမႈတြင္ စံျပျဖစ္ေအာင္လုပ္ေဆာင္ရန္ ေျပာၾကားခဲ့ျခင္းမ်ားရွိခဲ့ၿပီး ယခု (ဒီဇင္ဘာ လ ၉ ရက္)တြင္လည္း ျပင္ဦးလြင္ၿမိဳ႕အား Clean City၊ Green City ျဖစ္ေအာင္ တည္ေဆာက္သြားမည္ဟု ေျပာၾကားလာျပန္သည္။ ျမန္မာႏိုင္ငံ တြင္ေဖေဖာ္ဝါရီလ(၁)ရက္(အာဏာသိမ္းမႈျဖစ္ပြားခဲ့ၿပီးေနာက္ပိုင္း)ႏွင့္ အျပန္အလွန္တိုက္ခိုက္မႈမ်ား ျဖစ္ပြားခဲ့ခ်ိန္အတြင္း ျပည္သူမ်ားအေန ျဖင့္ အဘက္ဘက္မွထိခိုက္နစ္နာမႈမ်ားရွိခဲ့ေသာ္လည္း ၎တို႔အတြက္ မည္ကဲ့သို႔ ေဆာင္႐ြက္ေပးမည္ကို နစကဘက္မွအတိအက်ထုတ္ျပန္ထားျခင္းမရွိေသးသည္ကိုလည္း ေတြ႕ရသည္။