(၁၃)နှစ်တာကာလအတွင်း အသက်မပြည့်စစ်သည် (၁၀၀၀)ကျော်ကို နုတ်ထွက်ခွင့်ပြုကာ မိဘအုပ်ထိန်းသူများထံ အပ်နှံခဲ့

161

စော(NP News)- စက်တင်ဘာ ၂၆
(၂၀၁၂) ခုနှစ်မှ (၂၀၂၅) ခုနှစ် ဩဂုတ်လအထိ၊ (၁၃)နှစ်တာကာလအတွင်း အသက်မပြည့်သေးသည့် စစ်သည် (၁)ထောင်ကျော်ကို နုတ်ထွက်ခွင့်ပြုကာ မိဘအုပ်ထိန်းသူများထံ အပ်နှံခဲ့ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော် မရှင်၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေး က ယမန်နေ့ (စက်တင်ဘာ ၂၅ရက်)တွင် ကျင်းပသော အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေးကော်မတီအစည်းအဝေး တွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်၏ အစီရင်ခံစာတွင် တပ်မတော် (ကြည်း) ပါဝင်နေခြင်းကို စာရင်းမှပယ်ဖျက်နိုင်ရန်အတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ နှင့် Country Task Force on Monitoring and Reporting (CTFMR) တို့အကြား အရွယ်မရောက် သေးသူကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်း စီမံချက်(Plan of Action) ကို (၂၀၁၂) ခုနှစ်၊ ဇွန် (၂၇) ရက်တွင် လက်မှတ်ရေးထိုးခဲ့ပြီး ကော်မတီနှင့် CTFMR တို့ ပူးပေါင်းဆောင်ရွက်ခဲ့ရာ (၂၀၁၄) ခုနှစ်၊ ဒီဇင်ဘာ(၂၇) ရက်တွင် သက်တမ်းကုန်ဆုံးခဲ့ပြီးဖြစ်ကြောင်း ဗိုလ်ချုပ်ကြီး မောင်မောင်အေးက ပြောကြားခဲ့သည်။
ထိုကဲ့သို့ကော်မတီနှင့် CTFMR တို့အကြား Plan of Action သည် အသက်ဝင်ခြင်း မရှိခဲ့သော်လည်း မြန်မာ့တပ်မတော်အနေဖြင့် ကလေးသူငယ်များ၏ အကျိုးစီးပွားကို ရှေးရှုလျက် မိမိတို့လုပ်ဆောင်ရန်ရှိသည့် လုပ်ငန်းများကို စဉ်ဆက်မပြတ်လုပ်ဆောင်လျက်ရှိကြောင်း၊ တပ်သားသစ်စုဆောင်းရေးကဏ္ဍတွင် အရွယ်မရောက်သေးသူ ကလေးသူငယ်များ အား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်း ရေးကော်မတီနှင့် CTFMR တို့ သဘောတူသတ်မှတ် ပြဋ္ဌာန်းချက်များနှင့်အညီ ဥပဒေ၊ စည်းမျဉ်းစည်းကမ်း များအတိုင်း အလေးထားလိုက်ပါ စုဆောင်းလျက်ရှိကြောင်း ထည့်သွင်းပြောကြားခဲ့သည့်။
ထို့ပြင် ကော်မတီအစည်းအဝေးများကို ပုံမှန်ကျင်းပလျက်ရှိပြီး ကော်မတီ၏ရည်မှန်းချက်အတိုင်း တပ်မတော်အတွင်း ကလေးစစ်သားအသုံးပြုမှုမရှိစေရေး တစိုက်မတ်မတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်းနှင့် အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို CTFMR သို့ အသိပေး အကြောင်း ကြားလျက်ရှိပါကြောင်း သိရသည်။
အဆိုပါ Plan of Action လက်မှတ်ရေးထိုးခဲ့သည့် (၂၀၁၂) ခုနှစ်မှ (၂၀၂၅) ခုနှစ်၊ ဩဂုတ်လအထိ အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေးကော်မတီနှင့် CTFMR တို့ ပူးပေါင်းပြီး အရွယ်မရောက်သေးမီ မှားယွင်းစုဆောင်းခဲ့သည့် အသက်မပြည့်စစ်သည် အမြဲတမ်းစစ်မှုထမ်း ၁၁၅၂ ဦးကို တပ်မတော်မှ နုတ်ထွက်ခွင့်ပြုကာ မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း ဗိုလ်ချုပ်ကြီး မောင်မောင်အေးက ပြောသည်။
တပ်မတော်အနေဖြင့်လည်း တပ်သားသစ်စုဆောင်းရေးတပ်များတွင် စုဆောင်းရရှိသည့် တပ်သားသစ်များထဲမှ ငယ်ရုပ်မပျောက်သေးသူ၊ အသက်မပြည့်သေးသူဟု သံသယရှိသူများကို စိစစ်ရေးဘုတ်အဖွဲ့ဖြင့် စစ်ဆေးခြင်း၊ အရိုးဓာတ်မှန်ဖြင့် ရိုက်ကူး၍ စစ်ဆေးခြင်းများ ပြုလုပ်ခဲ့ရာ အသက်မပြည့်၍ ပြန်လည်စေလွှတ်ပေး ခဲ့သူ တပ်သားသစ်များရှိကြောင်း ထပ်မံပြောကြားခဲ့သည်။
ထို့ပြင် (၂၀၁၀) ပြည့်နှစ်တွင် ပြဋ္ဌာန်းခဲ့သည့် ပြည်သူ့စစ်မှုထမ်းဥပဒေအား (၂၀၂၄) ခုနှစ်၊ ဖေဖော်ဝါရီလ (၁၀) ရက်တွင် စတင်အကောင်အထည်ဖော်၍ ပြည်သူ့စစ်မှုထမ်းများ ဆင့်ခေါ်ခဲ့ပြီးအဆိုပါ ဆင့်ခေါ်ခဲ့သူများထဲမှ အသက်ငယ်ရွယ်ကြောင်း စိစစ်တွေ့ရှိရသူများကိုလည်း ပြန်လည်စေလွှတ်ပေးနိုင်ခဲ့ကြောင်း၊ အရွယ်မရောက်သေးသူများကို မှားယွင်းစု ဆောင်းခဲ့သူ၊ မှားယွင်းဆင့်ခေါ်ခဲ့သူများကိုလည်း အရေးယူခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

Zawgyi Version:
(၁၃)ႏွစ္တာကာလအတြင္း အသက္မျပည့္စစ္သည္ (၁)ေထာင္ေက်ာ္ကို ႏုတ္ထြက္ခြင့္ျပဳကာ မိဘအုပ္ထိန္းသူမ်ားထံ အပ္ႏွံခဲ့
ေစာ(NP News)- စက္တင္ဘာ ၂၆
(၂၀၁၂) ခုႏွစ္မွ (၂၀၂၅) ခုႏွစ္ ဩဂုတ္လအထိ၊ (၁၃)ႏွစ္တာကာလအတြင္း အသက္မျပည့္ေသးသည့္ စစ္သည္ (၁)ေထာင္ေက်ာ္ကို ႏုတ္ထြက္ခြင့္ျပဳကာ မိဘအုပ္ထိန္းသူမ်ားထံ အပ္ႏွံခဲ့ေၾကာင္း ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရးေကာ္ မရွင္၏ သတင္းထုတ္ျပန္ခ်က္အရ သိရသည္။
အ႐ြယ္မေရာက္ေသးသူ ကေလးသူငယ္မ်ားအား စစ္မႈထမ္းျခင္းမွ ကာကြယ္တားဆီးထိန္းသိမ္းေရးေကာ္မတီဥကၠ႒ ကာကြယ္ေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေအး က ယမန္ေန႔ (စက္တင္ဘာ ၂၅ရက္)တြင္ က်င္းပေသာ အ႐ြယ္မေရာက္ေသးသူ ကေလးသူငယ္မ်ားအား စစ္မႈထမ္းျခင္းမွ ကာကြယ္တားဆီးထိန္းသိမ္းေရးေကာ္မတီအစည္းအေဝး တြင္ ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္သည္။
ကုလသမဂၢအေထြေထြ အတြင္းေရးမႉးခ်ဳပ္၏ အစီရင္ခံစာတြင္ တပ္မေတာ္ (ၾကည္း) ပါဝင္ေနျခင္းကို စာရင္းမွပယ္ဖ်က္ႏိုင္ရန္အတြက္ ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံေတာ္အစိုးရ ႏွင့္ Country Task Force on Monitoring and Reporting (CTFMR) တို႔အၾကား အ႐ြယ္မေရာက္ ေသးသူကေလးသူငယ္မ်ားအား စစ္မႈထမ္းျခင္းမွ ကာကြယ္တားဆီးထိန္းသိမ္းေရးဆိုင္ရာ လုပ္ငန္း စီမံခ်က္(Plan of Action) ကို (၂၀၁၂) ခုႏွစ္၊ ဇြန္ (၂၇) ရက္တြင္ လက္မွတ္ေရးထိုးခဲ့ၿပီး ေကာ္မတီႏွင့္ CTFMR တို႔ ပူးေပါင္းေဆာင္႐ြက္ခဲ့ရာ (၂၀၁၄) ခုႏွစ္၊ ဒီဇင္ဘာ(၂၇) ရက္တြင္ သက္တမ္းကုန္ဆုံးခဲ့ၿပီးျဖစ္ေၾကာင္း ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေအးက ေျပာၾကားခဲ့သည္။
ထိုကဲ့သို႔ေကာ္မတီႏွင့္ CTFMR တို႔အၾကား Plan of Action သည္ အသက္ဝင္ျခင္း မရွိခဲ့ေသာ္လည္း ျမန္မာ့တပ္မေတာ္အေနျဖင့္ ကေလးသူငယ္မ်ား၏ အက်ိဳးစီးပြားကို ေရွးရႈလ်က္ မိမိတို႔လုပ္ေဆာင္ရန္ရွိသည့္ လုပ္ငန္းမ်ားကို စဥ္ဆက္မျပတ္လုပ္ေဆာင္လ်က္ရွိေၾကာင္း၊ တပ္သားသစ္စုေဆာင္းေရးက႑တြင္ အ႐ြယ္မေရာက္ေသးသူ ကေလးသူငယ္မ်ား အား စစ္မႈထမ္းျခင္းမွ ကာကြယ္တားဆီးထိန္းသိမ္း ေရးေကာ္မတီႏွင့္ CTFMR တို႔ သေဘာတူသတ္မွတ္ ျပ႒ာန္းခ်က္မ်ားႏွင့္အညီ ဥပေဒ၊ စည္းမ်ဥ္းစည္းကမ္း မ်ားအတိုင္း အေလးထားလိုက္ပါ စုေဆာင္းလ်က္ရွိေၾကာင္း ထည့္သြင္းေျပာၾကားခဲ့သည့္။
ထို႔ျပင္ ေကာ္မတီအစည္းအေဝးမ်ားကို ပုံမွန္က်င္းပလ်က္ရွိၿပီး ေကာ္မတီ၏ရည္မွန္းခ်က္အတိုင္း တပ္မေတာ္အတြင္း ကေလးစစ္သားအသုံးျပဳမႈမရွိေစေရး တစိုက္မတ္မတ္အေကာင္အထည္ေဖာ္ ေဆာင္႐ြက္လ်က္ရွိေၾကာင္းႏွင့္ အစည္းအေဝးဆုံးျဖတ္ခ်က္မ်ားအေပၚ ေဆာင္႐ြက္ၿပီးစီးမႈအေျခအေနမ်ားကို CTFMR သို႔ အသိေပး အေၾကာင္း ၾကားလ်က္ရွိပါေၾကာင္း သိရသည္။
အဆိုပါ Plan of Action လက္မွတ္ေရးထိုးခဲ့သည့္ (၂၀၁၂) ခုႏွစ္မွ (၂၀၂၅) ခုႏွစ္၊ ဩဂုတ္လအထိ အ႐ြယ္မေရာက္ေသးသူ ကေလးသူငယ္မ်ားအား စစ္မႈထမ္းျခင္းမွ ကာကြယ္တားဆီးထိန္းသိမ္းေရးေကာ္မတီႏွင့္ CTFMR တို႔ ပူးေပါင္းၿပီး အ႐ြယ္မေရာက္ေသးမီ မွားယြင္းစုေဆာင္းခဲ့သည့္ အသက္မျပည့္စစ္သည္ အၿမဲတမ္းစစ္မႈထမ္း ၁၁၅၂ ဦးကို တပ္မေတာ္မွ ႏုတ္ထြက္ခြင့္ျပဳကာ မိဘအုပ္ထိန္းသူမ်ားထံ ျပန္လည္လႊဲေျပာင္းေပးခဲ့ေၾကာင္း ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေအးက ေျပာသည္။
တပ္မေတာ္အေနျဖင့္လည္း တပ္သားသစ္စုေဆာင္းေရးတပ္မ်ားတြင္ စုေဆာင္းရရွိသည့္ တပ္သားသစ္မ်ားထဲမွ ငယ္႐ုပ္မေပ်ာက္ေသးသူ၊ အသက္မျပည့္ေသးသူဟု သံသယရွိသူမ်ားကို စိစစ္ေရးဘုတ္အဖြဲ႕ျဖင့္ စစ္ေဆးျခင္း၊ အ႐ိုးဓာတ္မွန္ျဖင့္ ႐ိုက္ကူး၍ စစ္ေဆးျခင္းမ်ား ျပဳလုပ္ခဲ့ရာ အသက္မျပည့္၍ ျပန္လည္ေစလႊတ္ေပး ခဲ့သူ တပ္သားသစ္မ်ားရွိေၾကာင္း ထပ္မံေျပာၾကားခဲ့သည္။
ထို႔ျပင္ (၂၀၁၀) ျပည့္ႏွစ္တြင္ ျပ႒ာန္းခဲ့သည့္ ျပည္သူ႔စစ္မႈထမ္းဥပေဒအား (၂၀၂၄) ခုႏွစ္၊ ေဖေဖာ္ဝါရီလ (၁၀) ရက္တြင္ စတင္အေကာင္အထည္ေဖာ္၍ ျပည္သူ႔စစ္မႈထမ္းမ်ား ဆင့္ေခၚခဲ့ၿပီးအဆိုပါ ဆင့္ေခၚခဲ့သူမ်ားထဲမွ အသက္ငယ္႐ြယ္ေၾကာင္း စိစစ္ေတြ႕ရွိရသူမ်ားကိုလည္း ျပန္လည္ေစလႊတ္ေပးႏိုင္ခဲ့ေၾကာင္း၊ အ႐ြယ္မေရာက္ေသးသူမ်ားကို မွားယြင္းစု ေဆာင္းခဲ့သူ၊ မွားယြင္းဆင့္ေခၚခဲ့သူမ်ားကိုလည္း အေရးယူျခင္းမ်ား ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။