မြန်မာ့ပို့ကုန်လုပ်ငန်းရှင်များ တရုတ်နိုင်ငံ (GACC)တွင် မှတ်ပုံတင်ထားမှသာ ရှေ့လမှစတင်ပြီးစားသောက်ကုန်များတရားဝင်တင်ပို့ခွင့်ရမည်

 903

NP News - ဒီဇင်ဘာ ၁၄
တရုတ်နိုင်ငံသည် တရုတ်နိုင်ငံအကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာ ဏာပိုင်အဖွဲ့ (The General Administration of Customs of China - GACC)တွင် မှတ်ပုံတင်ထားသောလုပ်ငန်းများမှစားသောက်ကုန်များကိုသာ ၂ဝ၂၂ ခုနှစ် ဇန်နဝါရီလမှစတင်ပြီး တရားဝင်တင်သွင်းခွင့်ပြုမည်ဖြစ်ကြောင်းသိရသည်။ ထို့ကြောင့် မြန်မာပို့ကုန်လုပ်ငန်းရှင်များအနေ ဖြင့် GACC တွင်မှတ်ပုံတင်နိုင်ရေးအတွက် သက်ဆိုင်ရာဌာနများနှင့်ချိတ် ဆက်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း အသိပေးကြေညာထားသည်။

တရုတ်နိုင်ငံသို့ စားသောက်ကုန်၊ လယ်ယာထွက်ကုန်နှင့် မွေးမြူရေးထုတ်ကုန်များ တင်ပို့လျက်ရှိသော၊ တင်ပို့လိုသော မြန်မာနိုင်ငံမှပို့ကုန်လုပ်ငန်းရှင်များအနေဖြင့်၎င်းတို့၏လုပ်ငန်းများကို တရုတ်နိုင်ငံ(GACC) တွင် လုပ်ငန်းမှတ်ပုံတင်ခြင်းကို ကုန်သည်အသင်းအဖွဲ့များမှတစ်ဆင့် လည်းကောင်း၊ ကုမ္ပဏီများမှတိုက်ရိုက်လည်းကောင်း ကုန်စည်အုပ်စုအ လိုက်ဆက်သွယ်လျှောက်ထားမှုများကို သက်ဆိုင်ရာ(Competent Authority)များမှ တာဝန်ယူဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။ အဆိုပါလုပ်ငန်းများမှတ်ပုံတင်ခြင်းကို တရုတ်နိုင်ငံအကောက်ခွန်အ ထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့(GACC)တွင် ၂ဝ၂၁ ခုနှစ် ဒီဇင်ဘာလကုန်နောက်ဆုံးထား၍မှတ်ပုံတင်ရမည်ဖြစ်ကြောင်းသိရဿည်။

GACC အနေဖြင့် လိုအပ်သည့်စစ်ဆေးမှုများဆောင်ရွက်ပြီးစီး၍ အတည် ပြုပြီးသည့်အခါ မြန်မာနိုင်ငံမှသက်ဆိုင်ရာအာဏာပိုင်အဖွဲ့များက အ ဆိုပါလုပ်ငန်းအား တရုတ်နိုင်ငံ၌ မှတ်ပုံတင်နိုင်ရန် လုပ်ဆောင်ပေးရမည်ဖြစ်ကြောင်းသိရသည်။ မှတ်ပုံတင်ပြီးသည့် အစားအသောက်ထုတ် လုပ်တင်သွင်းသူများ၏ မှတ်ပုံတင်ခွင့်ပြုရက်စွဲ နှင့် မှတ်ပုံတင်သက် တမ်းကုန်သည့်ရက်စွဲတို့ကိုဖော်ပြထားမည်ဖြစ်ပြီး သက်ဆိုင်ရာလုပ်ငန်းများသည်မှတ်ပုံတင်သက်တမ်းမကုန်မီ သုံးလ သို့မဟုတ် ခြောက်လကြို တင်၍ပြန်လည်သက်တမ်းတိုးရန်တင်ပြလျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။ ပြန်လည်သက်တမ်းတိုးရန် လျှောက်ထားခြင်းမရှိပါက မှတ် ပုံတင်ထားခြင်းကို ပယ်ဖျက်သွားမည်ဖြစ်ကြောင်းသိရသည်။ ထို့ပြင် ပြည်ပနိုင်ငံများမှ တရုတ်နိုင်ငံသို့ ကုန်စည်အမျိုးအစား(၄)ခုဖြစ်သည့် အသားနှင့် အသားထုတ်ကုန်များ၊ ရေထွက်ကုန်များ၊ နို့ထွက်ပစ္စည်းများ၊ ငှက်သိုက်နှင့် ဆက်စပ်ထုတ်ကုန်များအားတင်သွင်းရန် တရုတ်နိုင်ငံ၌ မှတ်ပုံတင်ထားပြီးဖြစ်သည့် ထုတ်လုပ်သူများသည်ဆက်လက်အကျုံး ဝင်မည်ဖြစ်ကြောင်းသိရသည်။

zawgyi version
ျမန္မာ့ပို႔ကုန္လုပ္ငန္းရွင္မ်ား တ႐ုတ္ႏိုင္ငံ (GACC)တြင္ မွတ္ပုံတင္ထားမွသာ ေရွ႕လမွစတင္ၿပီးစားေသာက္ကုန္မ်ားတရားဝင္တင္ပို႔ခြင့္ရမည္
NP News - ဒီဇင္ဘာ ၁၄
တ႐ုတ္ႏိုင္ငံသည္ တ႐ုတ္ႏိုင္ငံအေကာက္ခြန္အေထြေထြအုပ္ခ်ဳပ္မႈအာ ဏာပိုင္အဖြဲ႕ (The General Administration of Customs of China - GACC)တြင္ မွတ္ပုံတင္ထားေသာလုပ္ငန္းမ်ားမွစားေသာက္ကုန္မ်ားကိုသာ ၂ဝ၂၂ ခုႏွစ္ ဇန္နဝါရီလမွစတင္ၿပီး တရားဝင္တင္သြင္းခြင့္ျပဳမည္ျဖစ္ေၾကာင္းသိရသည္။ ထို႔ေၾကာင့္ ျမန္မာပို႔ကုန္လုပ္ငန္းရွင္မ်ားအေန ျဖင့္ GACC တြင္မွတ္ပုံတင္ႏိုင္ေရးအတြက္ သက္ဆိုင္ရာဌာနမ်ားႏွင့္ခ်ိတ္ ဆက္ေဆာင္႐ြက္သြားရမည္ျဖစ္ေၾကာင္း အသိေပးေၾကညာထားသည္။

တ႐ုတ္ႏိုင္ငံသို႔ စားေသာက္ကုန္၊ လယ္ယာထြက္ကုန္ႏွင့္ ေမြးျမဴေရးထုတ္ကုန္မ်ား တင္ပို႔လ်က္ရွိေသာ၊ တင္ပို႔လိုေသာ ျမန္မာႏိုင္ငံမွပို႔ကုန္လုပ္ငန္းရွင္မ်ားအေနျဖင့္၎တို႔၏လုပ္ငန္းမ်ားကို တ႐ုတ္ႏိုင္ငံ(GACC) တြင္ လုပ္ငန္းမွတ္ပုံတင္ျခင္းကို ကုန္သည္အသင္းအဖြဲ႕မ်ားမွတစ္ဆင့္ လည္းေကာင္း၊ ကုမၸဏီမ်ားမွတိုက္႐ိုက္လည္းေကာင္း ကုန္စည္အုပ္စုအ လိုက္ဆက္သြယ္ေလွ်ာက္ထားမႈမ်ားကို သက္ဆိုင္ရာ(Competent Authority)မ်ားမွ တာဝန္ယူေဆာင္႐ြက္ေပးလ်က္ရွိေၾကာင္းသိရသည္။ အဆိုပါလုပ္ငန္းမ်ားမွတ္ပုံတင္ျခင္းကို တ႐ုတ္ႏိုင္ငံအေကာက္ခြန္အ ေထြေထြအုပ္ခ်ဳပ္မႈအာဏာပိုင္အဖြဲ႕(GACC)တြင္ ၂ဝ၂၁ ခုႏွစ္ ဒီဇင္ဘာလကုန္ေနာက္ဆုံးထား၍မွတ္ပုံတင္ရမည္ျဖစ္ေၾကာင္းသိရႆည္။

GACC အေနျဖင့္ လိုအပ္သည့္စစ္ေဆးမႈမ်ားေဆာင္႐ြက္ၿပီးစီး၍ အတည္ ျပဳၿပီးသည့္အခါ ျမန္မာႏိုင္ငံမွသက္ဆိုင္ရာအာဏာပိုင္အဖြဲ႕မ်ားက အ ဆိုပါလုပ္ငန္းအား တ႐ုတ္ႏိုင္ငံ၌ မွတ္ပုံတင္ႏိုင္ရန္ လုပ္ေဆာင္ေပးရမည္ျဖစ္ေၾကာင္းသိရသည္။ မွတ္ပုံတင္ၿပီးသည့္ အစားအေသာက္ထုတ္ လုပ္တင္သြင္းသူမ်ား၏ မွတ္ပုံတင္ခြင့္ျပဳရက္စြဲ ႏွင့္ မွတ္ပုံတင္သက္ တမ္းကုန္သည့္ရက္စြဲတို႔ကိုေဖာ္ျပထားမည္ျဖစ္ၿပီး သက္ဆိုင္ရာလုပ္ငန္းမ်ားသည္မွတ္ပုံတင္သက္တမ္းမကုန္မီ သုံးလ သို႔မဟုတ္ ေျခာက္လႀကိဳ တင္၍ျပန္လည္သက္တမ္းတိုးရန္တင္ျပေလွ်ာက္ထားရမည္ျဖစ္ေၾကာင္း သိရသည္။ ျပန္လည္သက္တမ္းတိုးရန္ ေလွ်ာက္ထားျခင္းမရွိပါက မွတ္ ပုံတင္ထားျခင္းကို ပယ္ဖ်က္သြားမည္ျဖစ္ေၾကာင္းသိရသည္။ ထို႔ျပင္ ျပည္ပႏိုင္ငံမ်ားမွ တ႐ုတ္ႏိုင္ငံသို႔ ကုန္စည္အမ်ိဳးအစား(၄)ခုျဖစ္သည့္ အသားႏွင့္ အသားထုတ္ကုန္မ်ား၊ ေရထြက္ကုန္မ်ား၊ ႏို႔ထြက္ပစၥည္းမ်ား၊ ငွက္သိုက္ႏွင့္ ဆက္စပ္ထုတ္ကုန္မ်ားအားတင္သြင္းရန္ တ႐ုတ္ႏိုင္ငံ၌ မွတ္ပုံတင္ထားၿပီးျဖစ္သည့္ ထုတ္လုပ္သူမ်ားသည္ဆက္လက္အက်ဳံး ဝင္မည္ျဖစ္ေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.