နိုင်ငံတကာအထိ ထိုးဖောက်အောင်မြင်ကျော်ကြားနေတဲ့ ထိုင်းအနုပညာရှင်များ

1585

ဝတီ (NP News) - ဒီဇင်ဘာ ၁၅
ဒီနေ့ခေတ်ကြီးမှာ ထိုင်းအနုပညာရှင်တွေဟာ ထိုင်းအနုပညာဈေးကွက်တစ်ခုတည်းမှာ သာမက နိုင်ငံတကာ အထူးသဖြင့်အာရှနိုင်ငံကြီးတွေရဲ့ အနုပညာဈေးကွက်အထိပါ ထိုးဖောက်ပြီး နေရာအခိုင်အမာယူထားနိုင်နေပါပြီ။ ရုပ်ရည်ချောမောလှပငယ်ရွယ်နုပျိုတာ၊ အနုပညာဝမ်းစာအ ပြည့်ရှိတာတို့ကြောင့် သူတို့ဟာ နိုင်ငံရပ်ခြားမှာပါပရိသတ်တွေအခိုင်အ မာ ရနေတော့တာပါ။ ပရိသတ်ကို ဖျော်ဖြေတင်ဆက်တဲ့နေရာမှာ ထူး ချွန်ပြောင်မြောက်တဲ့အတွက် သူတို့ဟာနိုင်ငံတကာအဆင့်အထိ အောင် မြင်ကျော်ကြားလာကြတော့တာပေါ့။ တချို့ဆိုရင် အနောက်နိုင်ငံတွေအထိပါ လူသိများထင်ရှားနေကြပါပြီ။ ဒါကြောင့် အဲဒီလောက်အထိ
အောင်မြင်နေတဲ့ ထိုင်းအနုပညာရှင်တွေကို စုစည်းဖော်ပြလိုက်ပါတယ်။
zawgyi version
ႏိုင္ငံတကာအထိ ထိုးေဖာက္ေအာင္ျမင္ေက်ာ္ၾကားေနတဲ့ ထိုင္းအႏုပညာရွင္မ်ား
ဝတီ (NP News) - ဒီဇင္ဘာ ၁၅
ဒီေန႔ေခတ္ႀကီးမွာ ထိုင္းအႏုပညာရွင္ေတြဟာ ထိုင္းအႏုပညာေဈးကြက္တစ္ခုတည္းမွာ သာမက ႏိုင္ငံတကာ အထူးသျဖင့္အာရွႏိုင္ငံႀကီးေတြရဲ႕ အႏုပညာေဈးကြက္အထိပါ ထိုးေဖာက္ၿပီး ေနရာအခိုင္အမာယူထားႏိုင္ေနပါၿပီ။ ႐ုပ္ရည္ေခ်ာေမာလွပငယ္႐ြယ္ႏုပ်ိဳတာ၊ အႏုပညာဝမ္းစာအ ျပည့္ရွိတာတို႔ေၾကာင့္ သူတို႔ဟာ ႏိုင္ငံရပ္ျခားမွာပါပရိသတ္ေတြအခိုင္အ မာ ရေနေတာ့တာပါ။ ပရိသတ္ကို ေဖ်ာ္ေျဖတင္ဆက္တဲ့ေနရာမွာ ထူး ခြၽန္ေျပာင္ေျမာက္တဲ့အတြက္ သူတို႔ဟာႏိုင္ငံတကာအဆင့္အထိ ေအာင္ ျမင္ေက်ာ္ၾကားလာၾကေတာ့တာေပါ့။ တခ်ိဳ႕ဆိုရင္ အေနာက္ႏိုင္ငံေတြအထိပါ လူသိမ်ားထင္ရွားေနၾကပါၿပီ။ ဒါေၾကာင့္ အဲဒီေလာက္အထိေအာင္ျမင္ေနတဲ့ ထိုင္းအႏုပညာရွင္ေတြကို စုစည္းေဖာ္ျပလိုက္ပါတယ္။

မိုင်ဒါဗီကာဟွန်း Mai Davika Hoorne
ထိုင်းရုပ်ရှင်ကားတွေ၊ ထိုင်းဇာတ်လမ်းတွဲတွေကို သိပ်ကြိုက်တယ်ဆိုရင်တော့ ဒီမင်းသမီးကို မသိဘဲနေမှာမဟုတ်ပါဘူး။ ထိုင်း-ဘယ်လ်ဂျီယံ က ပြားဖြစ်တဲ့ ဒီမင်းသမီးချောဟာ မော်ဒယ်အလုပ်လည်းလုပ်ပါတယ်။ သူဟာ ထိုင်းနာမည်ကြီးဇာတ်ကားအတော်များများမှာ ကျရာဇာတ်ရုပ်ကို
ပီပီပြင်ပြင် သရုပ်ဆောင်နိုင်တဲ့ ထိပ်တန်းမင်းသမီးတစ်လက်ပေါ့။ သူ့ဇာတ်ကားတွေထဲမှာ နာမည်အကြီးဆုံးကတော့ Pee Mak ၊ The Scar ၊ Heart Attack ၊ Suddenly Twenty အစရှိတဲ့ဇာတ်ကားတွေပဲဖြစ်ပါတယ်။ သူ ပါဝင်သရုပ်ဆောင်ထားတဲ့ ကိုရီးယားနဲ့ဗီယက်နမ်သီချင်းအမ်တီဗီတွေလည်း အများကြီးရှိပါတယ်။
zawgyi version
မိုင္ဒါဗီကာဟြန္း Mai Davika Hoorne
ထိုင္း႐ုပ္ရွင္ကားေတြ၊ ထိုင္းဇာတ္လမ္းတြဲေတြကို သိပ္ႀကိဳက္တယ္ဆိုရင္ေတာ့ ဒီမင္းသမီးကို မသိဘဲေနမွာမဟုတ္ပါဘူး။ ထိုင္း-ဘယ္လ္ဂ်ီယံ က ျပားျဖစ္တဲ့ ဒီမင္းသမီးေခ်ာဟာ ေမာ္ဒယ္အလုပ္လည္းလုပ္ပါတယ္။ သူဟာ ထိုင္းနာမည္ႀကီးဇာတ္ကားအေတာ္မ်ားမ်ားမွာ က်ရာဇာတ္႐ုပ္ကို
ပီပီျပင္ျပင္ သ႐ုပ္ေဆာင္ႏိုင္တဲ့ ထိပ္တန္းမင္းသမီးတစ္လက္ေပါ့။ သူ႔ဇာတ္ကားေတြထဲမွာ နာမည္အႀကီးဆုံးကေတာ့ Pee Mak ၊ The Scar ၊ Heart Attack ၊ Suddenly Twenty အစရွိတဲ့ဇာတ္ကားေတြပဲျဖစ္ပါတယ္။ သူ ပါဝင္သ႐ုပ္ေဆာင္ထားတဲ့ ကိုရီးယားနဲ႔ဗီယက္နမ္သီခ်င္းအမ္တီဗီေတြလည္း အမ်ားႀကီးရွိပါတယ္။

မာရီယိုမူရာ Mario Maurer
ဟာသကားတွေမှာ ပြောင်ပြောင်မြောက်မြောက် သရုပ်ဆောင်နိုင်စွမ်းရှိတဲ့ မာရီယိုမူရာဟာ ပျိုပျိုမေတွေ သိပ်ကြိုက်တဲ့ မင်းသားချောတစ်လက်ပေါ့။ The Love of Siam မှာ ခေါင်းဆောင်မင်းသားနေရာမှာပါခွင့်ရပြီးကတည်းက သူဟာနာမည်ကြီးလာတော့တာပါပဲ။ မထင်မှတ်ဘဲ အဲဒီဇာတ်ကားက နိုင်ငံတကာမှာပါ လူကြိုက်များသွားပါတယ်။ အဲဒီနောက် ပိုင်းမှာတော့ သူဟာ Crazy Little Thing Called Love ၊ Pee Mak ၊ Low Season စတဲ့ ဇာတ်ကားတွေနဲ့ပါ အကြီးအကျယ်အောင်မြင်ပြန်ပါတယ်။ သူဟာ တရုတ်ကားတွေနဲ့ ဖိလစ်ပိုင်ရုပ်ရှင်ကားတွေမှာပါ သရုပ်ဆောင်ခွင့် ရထားပါသေးတယ်။
zawgyi version
မာရီယိုမူရာ Mario Maurer
ဟာသကားေတြမွာ ေျပာင္ေျပာင္ေျမာက္ေျမာက္ သ႐ုပ္ေဆာင္ႏိုင္စြမ္းရွိတဲ့ မာရီယိုမူရာဟာ ပ်ိဳပ်ိဳေမေတြ သိပ္ႀကိဳက္တဲ့ မင္းသားေခ်ာတစ္လက္ေပါ့။ The Love of Siam မွာ ေခါင္းေဆာင္မင္းသားေနရာမွာပါခြင့္ရၿပီးကတည္းက သူဟာနာမည္ႀကီးလာေတာ့တာပါပဲ။ မထင္မွတ္ဘဲ အဲဒီဇာတ္ကားက ႏိုင္ငံတကာမွာပါ လူႀကိဳက္မ်ားသြားပါတယ္။ အဲဒီေနာက္ ပိုင္းမွာေတာ့ သူဟာ Crazy Little Thing Called Love ၊ Pee Mak ၊ Low Season စတဲ့ ဇာတ္ကားေတြနဲ႔ပါ အႀကီးအက်ယ္ေအာင္ျမင္ျပန္ပါတယ္။ သူဟာ တ႐ုတ္ကားေတြနဲ႔ ဖိလစ္ပိုင္႐ုပ္ရွင္ကားေတြမွာပါ သ႐ုပ္ေဆာင္ခြင့္ ရထားပါေသးတယ္။
ကစ်တီချီချာ အမ်မာတယာကူလ် Kittty Chicha Amatayakul
ကတီချီချာဟာ ထိုင်းရုပ်ရှင်ကားတွေနဲ့ ရုပ်သံဇာတ်လမ်းတွဲတွေမှာ သရုပ် ဆောင်ပြီး အနုပညာဘဝခရီးလမ်းကို စလျှောက်ခဲ့ပါတယ်။ Girl From Nowhere ဆိုတဲ့ Netflix ဇာတ်လမ်းတွဲမှာ သရုပ်ဆောင်အပြီးမှာတော့ သူဟာ သရုပ်ဆောင်ကောင်းလွန်းလို့အာရှတစ်ခွင်မှာ ပရိသတ်တွေ အ များကြီးရသွားပါတော့တယ်။ ၂၀၂၁ ခုနှစ် အကောင်းဆုံးအာရှရုပ်ရှင်နဲ့ တီဗီရှိုးပေါင်း ၁၀ ခုမှာ အဲဒီဇာတ်ကားလည်းပါသွားပါတယ်။ ဒါ့အပြင် The Serpent ဆိုတဲ့ မှုခင်းဇာတ်လမ်းတွဲမှာလည်း သူက သရုပ်ဆောင်ထားပါသေးတယ်။
zawgyi version
ကစ္တီခ်ီခ်ာ အမ္မာတယာကူလ္ Kittty Chicha Amatayakul
ကတီခ်ီခ်ာဟာ ထိုင္း႐ုပ္ရွင္ကားေတြနဲ႔ ႐ုပ္သံဇာတ္လမ္းတြဲေတြမွာ သ႐ုပ္ ေဆာင္ၿပီး အႏုပညာဘဝခရီးလမ္းကို စေလွ်ာက္ခဲ့ပါတယ္။ Girl From Nowhere ဆိုတဲ့ Netflix ဇာတ္လမ္းတြဲမွာ သ႐ုပ္ေဆာင္အၿပီးမွာေတာ့ သူဟာ သ႐ုပ္ေဆာင္ေကာင္းလြန္းလို႔အာရွတစ္ခြင္မွာ ပရိသတ္ေတြ အ မ်ားႀကီးရသြားပါေတာ့တယ္။ ၂၀၂၁ ခုႏွစ္ အေကာင္းဆုံးအာရွ႐ုပ္ရွင္နဲ႔ တီဗီရႈိးေပါင္း ၁၀ ခုမွာ အဲဒီဇာတ္ကားလည္းပါသြားပါတယ္။ ဒါ့အျပင္ The Serpent ဆိုတဲ့ မႈခင္းဇာတ္လမ္းတြဲမွာလည္း သူက သ႐ုပ္ေဆာင္ထားပါေသးတယ္။

အော့ခ်ဘက်ဘ်ချူတီမွန်ချူအန်ချာရွန်ဆွတ်ခ်ယင် Aokbab Chutimon Chuengcharoensukying
အော့ခ်ဘက်ဘ်ချူတီမွန်ဟာ မော်ဒယ်အလုပ်နဲ့ အနုပညာလောကထဲစဝင်လာခဲ့တာပါ။အဲဒီနောက်မှာမှ Netflix ရဲ့ Bad Genius ဆိုတဲ့ရုပ်ရှင်ကားမှာ ပထမဦးဆုံးပါဝင်ခွင့်ရလိုက်ပါတယ်။ အဲဒီမှာ သူက လင်း(Lynn)ဆိုတဲ့ ကျောင်းသူဇာတ်ရုပ်ဖြစ်ပြီး စာမေးပွဲမှာစာခိုးချတဲ့အစီအစဉ်ရေးဆွဲသူပေါ့။ အဲဒီဇာတ်ရုပ်ကြောင့်ပဲ သူက နိုင်ငံတကာကပရိသတ်တွေ အာရုံစိုက်တာ
ခံလာရပါတယ်။ ဒါကြောင့်လည်း ၂၀၁၇ ခုနှစ်မှာလုပ်တဲ့ နယူးယောက်အာရှရုပ်ရှင်ပွဲတော် New York Asian Film Festival မှာ တက်သစ်စမင်း သမီးဆု ဆွတ်ခူးရရှိသွားတဲ့ ပထမဦးဆုံး ထိုင်းမင်းသမီး ဖြစ်လာပါတော့တယ်။
zawgyi version
ေအာ့ခ္ဘက္ဘ္ခ်ဴတီမြန္ခ်ဴအန္ခ်ာ႐ြန္ဆြတ္ခ္ယင္ Aokbab Chutimon Chuengcharoensukying
ေအာ့ခ္ဘက္ဘ္ခ်ဴတီမြန္ဟာ ေမာ္ဒယ္အလုပ္နဲ႔ အႏုပညာေလာကထဲစဝင္လာခဲ့တာပါ။အဲဒီေနာက္မွာမွ Netflix ရဲ႕ Bad Genius ဆိုတဲ့႐ုပ္ရွင္ကားမွာ ပထမဦးဆုံးပါဝင္ခြင့္ရလိုက္ပါတယ္။ အဲဒီမွာ သူက လင္း(Lynn)ဆိုတဲ့ ေက်ာင္းသူဇာတ္႐ုပ္ျဖစ္ၿပီး စာေမးပြဲမွာစာခိုးခ်တဲ့အစီအစဥ္ေရးဆြဲသူေပါ့။ အဲဒီဇာတ္႐ုပ္ေၾကာင့္ပဲ သူက ႏိုင္ငံတကာကပရိသတ္ေတြ အာ႐ုံစိုက္တာ
ခံလာရပါတယ္။ ဒါေၾကာင့္လည္း ၂၀၁၇ ခုႏွစ္မွာလုပ္တဲ့ နယူးေယာက္အာရွ႐ုပ္ရွင္ပြဲေတာ္ New York Asian Film Festival မွာ တက္သစ္စမင္း သမီးဆု ဆြတ္ခူးရရွိသြားတဲ့ ပထမဦးဆုံး ထိုင္းမင္းသမီး ျဖစ္လာပါေတာ့တယ္။
Mike Pirath Nitipaisannkul မိုက်ခ်ပီရက်သ် နီတီပိုင်ဆန်ကူလ်
Mike D. Angelo လို့လည်း လူူသိများတဲ့ မိုက်ခ်ပီရက်သ်ဟာ ထိုင်း-တ ရုတ် ကပြားအဆိုတော်၊ မင်းသား၊ မော်ဒယ် ဖြစ်ပါတယ်။ သူဟာ တရုတ်မှာ အခြေစိုက်တာဖြစ်ပြီး စွယ်စုံရအနုပညာရှင် ကိုလူချောဖြစ်တာကြောင့် တရုတ်မှာသာမက မလေးရှား၊ ကိုရီးယားနဲ့ဂျပန်မှာပါ နာမည်ကြီးလာပါတော့တယ်။ ဒီလိုနာမည်ကြီးလာပြီးနောက်မှာမှ သူကတရုတ်တီဗီအစီ အစဉ်တွေအများကြီးမှာပါဝင်ခွင့်ရလာပါတယ်။ ဒါ့အပြင် The Misfits ဆို တဲ့ ဟောလီဝုဒ်ရုပ်ရှင်ဇာတ်ကားသစ်မှာတောင် ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။
zawgyi version
Mike Pirath Nitipaisannkul မိုက္ခ္ပီရက္သ္ နီတီပိုင္ဆန္ကူလ္
Mike D. Angelo လို႔လည္း လူူသိမ်ားတဲ့ မိုက္ခ္ပီရက္သ္ဟာ ထိုင္း-တ ႐ုတ္ ကျပားအဆိုေတာ္၊ မင္းသား၊ ေမာ္ဒယ္ ျဖစ္ပါတယ္။ သူဟာ တ႐ုတ္မွာ အေျခစိုက္တာျဖစ္ၿပီး စြယ္စုံရအႏုပညာရွင္ ကိုလူေခ်ာျဖစ္တာေၾကာင့္ တ႐ုတ္မွာသာမက မေလးရွား၊ ကိုရီးယားနဲ႔ဂ်ပန္မွာပါ နာမည္ႀကီးလာပါေတာ့တယ္။ ဒီလိုနာမည္ႀကီးလာၿပီးေနာက္မွာမွ သူကတ႐ုတ္တီဗီအစီ အစဥ္ေတြအမ်ားႀကီးမွာပါဝင္ခြင့္ရလာပါတယ္။ ဒါ့အျပင္ The Misfits ဆို တဲ့ ေဟာလီဝုဒ္႐ုပ္ရွင္ဇာတ္ကားသစ္မွာေတာင္ ပါဝင္သ႐ုပ္ေဆာင္ထားပါေသးတယ္။

ပွက်ဒ်ထရီချာဒါပက်ထ်ချာရက် Poyd Treechada Petcharat
သူကတော့ ထိုင်းအနုပညာရှင်တွေထဲမှာ အင်မတန်ထူးခြားသူပါ။ ထူးခြားရတဲ့အကြောင်းရင်းကတော့ သူဟာ သိပ်ချော၊ သိပ်လှ၊ သိပ်အောင်မြင်ကျော်ကြားတဲ့ ထိုင်းမင်းသမီးဆိုပေမယ့် အသက် ၁၇ နှစ်ကမှ ခွဲစိတ်ပြု ပြင်ပြီး မိန်းမဘဝခံယူထားသူ ဖြစ်နေလို့ပါပဲ။ သူဟာ ၂၀၀၄ ခုနှစ်မှာ မစ္စတစ်ဖနီ Miss Tiffany အလှမယ်သရဖူနဲ့ နိုင်ငံတကာ အလှဘုရင်မ သရ ဖူ Miss International Queen တို့ကို ထိုက်ထိုက်တန်တန်ဆွတ်ခူးခဲ့ပြီးထိုင်းတစ်နိုင်ငံလုံးက လူတွေဟာ သူ့အလှကိုကြည့်ပြီး ဟာခနဲ၊ ဟင်ခနဲ ဖြစ်သွားကြရပါတယ်။ မိန်းမအစစ်တွေကတောင်မနာလိုဖြစ်ရလောက်အောင် နွဲ့နွဲ့နှောင်းနှောင်းနဲ့ နုနယ်စိုပြေလှပလှတဲ့ သူဟာ ပြည်တွင်း၊ပြည်ပ LGBT အရေးအတွက် တက်တက်ကြွကြွ လှုပ်ရှားလေ့ရှိပါတယ်။ အခုအချိန်မှာ အသက် ၃၅ နှစ်ရှိနေပြီဖြစ်တဲ့ သူဟာ ဟောင်ကောင်နဲ့တ ရုတ် မှာ အင်မတန် နာမည်ကြီးပါတယ်။
zawgyi version
ပြက္ဒ္ထရီခ်ာဒါပက္ထ္ခ်ာရက္ Poyd Treechada Petcharat
သူကေတာ့ ထိုင္းအႏုပညာရွင္ေတြထဲမွာ အင္မတန္ထူးျခားသူပါ။ ထူးျခားရတဲ့အေၾကာင္းရင္းကေတာ့ သူဟာ သိပ္ေခ်ာ၊ သိပ္လွ၊ သိပ္ေအာင္ျမင္ေက်ာ္ၾကားတဲ့ ထိုင္းမင္းသမီးဆိုေပမယ့္ အသက္ ၁၇ ႏွစ္ကမွ ခြဲစိတ္ျပဳ ျပင္ၿပီး မိန္းမဘဝခံယူထားသူ ျဖစ္ေနလို႔ပါပဲ။ သူဟာ ၂၀၀၄ ခုႏွစ္မွာ မစၥတစ္ဖနီ Miss Tiffany အလွမယ္သရဖူနဲ႔ ႏိုင္ငံတကာ အလွဘုရင္မ သရ ဖူ Miss International Queen တို႔ကို ထိုက္ထိုက္တန္တန္ဆြတ္ခူးခဲ့ၿပီးထိုင္းတစ္ႏိုင္ငံလုံးက လူေတြဟာ သူ႔အလွကိုၾကည့္ၿပီး ဟာခနဲ၊ ဟင္ခနဲ ျဖစ္သြားၾကရပါတယ္။ မိန္းမအစစ္ေတြကေတာင္မနာလိုျဖစ္ရေလာက္ေအာင္ ႏြဲ႕ႏြဲ႕ေႏွာင္းေႏွာင္းနဲ႔ ႏုနယ္စိုေျပလွပလွတဲ့ သူဟာ ျပည္တြင္း၊ျပည္ပ LGBT အေရးအတြက္ တက္တက္ႂကြႂကြ လႈပ္ရွားေလ့ရွိပါတယ္။ အခုအခ်ိန္မွာ အသက္ ၃၅ ႏွစ္ရွိေနၿပီျဖစ္တဲ့ သူဟာ ေဟာင္ေကာင္နဲ႔တ ႐ုတ္ မွာ အင္မတန္ နာမည္ႀကီးပါတယ္။
ပွန်နာဝပ် ကူလ်ရက်တနာရက် Pong Nawat Kulrattanarak
Song Kram Nag Fah ၊ Ngao Asoke နဲ့ Wonthong အစရှိတဲ့နာမည် ကြီး ထိုင်းဒရမ်မာတွေအများကြီးမှာ ပွန်နာဝပ်ကခေါင်းဆောင်မင်းသားနေရာကသရုပ်ဆောင်ထားပါတယ်။ ဒါ့အပြင် သူဟာ တရုတ် တီဗီရှိုးတွေမှာလည်း ပါခွင့်ရပြီးတရုတ်မှာ နာမည်ကြီးလူကြိုက်များနေပါတယ်။
zawgyi version
ပြန္နာဝပ္ ကူလ္ရက္တနာရက္ Pong Nawat Kulrattanarak
Song Kram Nag Fah ၊ Ngao Asoke နဲ႔ Wonthong အစရွိတဲ့နာမည္ ႀကီး ထိုင္းဒရမ္မာေတြအမ်ားႀကီးမွာ ပြန္နာဝပ္ကေခါင္းေဆာင္မင္းသားေနရာကသ႐ုပ္ေဆာင္ထားပါတယ္။ ဒါ့အျပင္ သူဟာ တ႐ုတ္ တီဗီရႈိးေတြမွာလည္း ပါခြင့္ရၿပီးတ႐ုတ္မွာ နာမည္ႀကီးလူႀကိဳက္မ်ားေနပါတယ္။
မြူဆပ်ပါဆစ် ဂျွန်ချီဗီဗက် Mew Suppasit Jongcheveevat
မြူဆပ်ပါဆစ်ဟာ TharnType: The Series ဆိုတဲ့ ဇာတ်လမ်းတွဲနဲ့ နိုင် ငံတကာမှာပါပရိသတ်တွေ ရသွားတာပါ။ သူက အဲဒီဇာတ်ကားမှာ Tharn (သန်)ဆိုတဲ့ (gay) ဂေးကျောင်းသားအဖြစ် သရုပ်ဆောင်ရတာပါ။ သူက Type ( တိုက်ပ်) ဆိုတဲ့ သူ့အခန်းဖော်နဲ့လိင်တူချင်း ကြိုက်သွားပါတယ်။ ဒီဇာတ်ကားဟာ အာရှတလွှားမှာအင်မတန်ကိုမှ နာမည်ကြီးသွားပါတယ်။ သူတို့နှစ်ယောက် ဇာတ်ကားထဲမှာလိုပဲ အပြင်မှာလည်းတကယ် တွဲကြပါစေလို့ ဆုတောင်းနေကြတဲ့ ပရိသတ်တွေလည်း ရှိနေပါတယ်။
zawgyi version
ျမဴဆပ္ပါဆစ္ ဂြၽန္ခ်ီဗီဗက္ Mew Suppasit Jongcheveevat
ျမဴဆပ္ပါဆစ္ဟာ TharnType: The Series ဆိုတဲ့ ဇာတ္လမ္းတြဲနဲ႔ ႏိုင္ ငံတကာမွာပါပရိသတ္ေတြ ရသြားတာပါ။ သူက အဲဒီဇာတ္ကားမွာ Tharn (သန္)ဆိုတဲ့ (gay) ေဂးေက်ာင္းသားအျဖစ္ သ႐ုပ္ေဆာင္ရတာပါ။ သူက Type ( တိုက္ပ္) ဆိုတဲ့ သူ႔အခန္းေဖာ္နဲ႔လိင္တူခ်င္း ႀကိဳက္သြားပါတယ္။ ဒီဇာတ္ကားဟာ အာရွတလႊားမွာအင္မတန္ကိုမွ နာမည္ႀကီးသြားပါတယ္။ သူတို႔ႏွစ္ေယာက္ ဇာတ္ကားထဲမွာလိုပဲ အျပင္မွာလည္းတကယ္ တြဲၾကပါေစလို႔ ဆုေတာင္းေနၾကတဲ့ ပရိသတ္ေတြလည္း ရွိေနပါတယ္။