ထိုင်းနိုင်ငံကိုသွားမယ့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးရဲ့ခရီးစဉ်ဖျက်သိမ်း

 962

ဂျန်ဇက် (NP News) - ဒီဇင်ဘာ ၁၆
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်ရဲ့ကိုယ်စားလှယ်အဖွဲ့နဲ့အတူအရှေ့တောင်အာရှခရီးစဉ်ကို လိုက်ပါနေတဲ့သတင်းထောက် ဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရပြီးနောက် ဝန်ကြီးဘလင်ကန်ဟာ ထိုင်းနိုင်ငံကို သွားရောက်မယ့်ခရီးစဉ်ကိုဖျက်သိမ်းလိုက်တယ်လို့ ထိုင်းနိုင်ငံရှိအမေရိကန်သံရုံးကသတင်းထုတ်ပြန်ခဲ့ပါတယ်။

ထိုင်းနိုင်ငံရှိ အမေရိကန်သံရုံးက"အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟာ ဒီသီတင်းပတ်အတွင်း ထိုင်းနိုင်ငံဘန်ကောက်မြို့ကိုသွားရောက်မယ့် ခရီး စဉ်ကိုသွားရောက်နိုင်မှာမဟုတ်ဘူး၊ အဲဒီအတွက်လည်း နောင်တရနေတယ်"လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟာထိုင်းနိုင်ငံကို မလာရောက်နိုင်တဲ့အကြောင်းအရင်းကို ထိုင်းနိုင်ငံခြား ရေးဝန်ကြီး Don Pramudwinai ကိုအသိပေးထားကြောင်း ဘန်ကောက်ပိုစ့်က ဖော်ပြထားပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟာ ထိုင်းနိုင်ငံကိုလာရောက်မယ့် ခရီး စဉ်အတွင်း ထိုင်းနိုင်ငံဝန်ကြီးချုပ် ပရာရွတ်ချန်အိုချာနဲ့တွေ့ဆုံဖို့စီစဉ်ထား တယ်လို့ သိရပါတယ်။ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနကလည်း အဆိုပါအစည်းအဝေးဖျက်သိမ်းတဲ့အကြောင်းအရင်းကိုအတည်ပြုထားကြောင်းသိရပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟာ အရှေ့တောင်အာရှခ ရီးစဉ်အဖြစ်ပြီးခဲ့တဲ့ရက်ပိုင်းမှာ အင်ဒိုနီးရှားနဲ့မလေးရှားနိုင်ငံတို့ကို သွား ရောက်ခဲ့ပြီးနောက် ထိုင်းနိုင်ငံကို လာရောက်ခါနီးမှာမှခရီးစဉ်ဖျက်သိမ်းခဲ့ရတာဖြစ်တယ်လို့သိရပါတယ်။

zawgyi version
ထိုင္းႏိုင္ငံကိုသြားမယ့္ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးရဲ႕ခရီးစဥ္ဖ်က္သိမ္း
ဂ်န္ဇက္ (NP News) - ဒီဇင္ဘာ ၁၆
အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး အန္တိုနီဘလင္ကန္ရဲ႕ကိုယ္စားလွယ္အဖြဲ႕နဲ႔အတူအေရွ႕ေတာင္အာရွခရီးစဥ္ကို လိုက္ပါေနတဲ့သတင္းေထာက္ ဟာ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရၿပီးေနာက္ ဝန္ႀကီးဘလင္ကန္ဟာ ထိုင္းႏိုင္ငံကို သြားေရာက္မယ့္ခရီးစဥ္ကိုဖ်က္သိမ္းလိုက္တယ္လို႔ ထိုင္းႏိုင္ငံရွိအေမရိကန္သံ႐ုံးကသတင္းထုတ္ျပန္ခဲ့ပါတယ္။

ထိုင္းႏိုင္ငံရွိ အေမရိကန္သံ႐ုံးက"အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဟာ ဒီသီတင္းပတ္အတြင္း ထိုင္းႏိုင္ငံဘန္ေကာက္ၿမိဳ႕ကိုသြားေရာက္မယ့္ ခရီး စဥ္ကိုသြားေရာက္ႏိုင္မွာမဟုတ္ဘူး၊ အဲဒီအတြက္လည္း ေနာင္တရေနတယ္"လို႔ သတင္းထုတ္ျပန္ခဲ့ပါတယ္။ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဟာထိုင္းႏိုင္ငံကို မလာေရာက္ႏိုင္တဲ့အေၾကာင္းအရင္းကို ထိုင္းႏိုင္ငံျခား ေရးဝန္ႀကီး Don Pramudwinai ကိုအသိေပးထားေၾကာင္း ဘန္ေကာက္ပိုစ့္က ေဖာ္ျပထားပါတယ္။

အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဟာ ထိုင္းႏိုင္ငံကိုလာေရာက္မယ့္ ခရီး စဥ္အတြင္း ထိုင္းႏိုင္ငံဝန္ႀကီးခ်ဳပ္ ပရာ႐ြတ္ခ်န္အိုခ်ာနဲ႔ေတြ႕ဆုံဖို႔စီစဥ္ထား တယ္လို႔ သိရပါတယ္။ ထိုင္းႏိုင္ငံျခားေရးဝန္ႀကီးဌာနကလည္း အဆိုပါအစည္းအေဝးဖ်က္သိမ္းတဲ့အေၾကာင္းအရင္းကိုအတည္ျပဳထားေၾကာင္းသိရပါတယ္။ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဟာ အေရွ႕ေတာင္အာရွခ ရီးစဥ္အျဖစ္ၿပီးခဲ့တဲ့ရက္ပိုင္းမွာ အင္ဒိုနီးရွားနဲ႔မေလးရွားႏိုင္ငံတို႔ကို သြား ေရာက္ခဲ့ၿပီးေနာက္ ထိုင္းႏိုင္ငံကို လာေရာက္ခါနီးမွာမွခရီးစဥ္ဖ်က္သိမ္းခဲ့ရတာျဖစ္တယ္လို႔သိရပါတယ္။

Related news

© 2021. All rights reserved.