မြန်မာ့ပဲမျိုးစုံတင်ပို့မှုသမိုင်းတွင် အမြင့်ဆုံးအဖြစ် ပြီးခဲ့သည့်ဘဏ္ဍာနှစ်က တန်ချိန်(၂)သန်းကျော်တင်ပို့

 1162

NP News - ဒီဇင်ဘာ ၁၇
ပြီးခဲ့သည့်ဘဏ္ဍာနှစ်(၂ဝ၂ဝ-၂ဝ၂၁ ဘဏ္ဍာနှစ်)တွင် မြန်မာ့ပဲမျိုးစုံ တင်ပို့မှုသမိုင်း၌အမြင့်ဆုံးဖြင့် တန်ချိန်(၂)သန်းကျော်၊ တန်ဖိုးအမေရိကန်ဒေါ် လာ(၁ ဒသမ ၅၇)ဘီလျံရရှိခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၏စာရင်းများအရသိရသည်။ မြန်မာနိုင်ငံမှပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုအနေဖြင့် ပင်လယ်ရေကြောင်းမှ တန်ချိန်(၁.၂)သန်းကျော်၊ တန်ဖိုးအားဖြင့်အမေရိကန်ဒေါ်လာ (၉၆၆)သန်းကျော်၊ နယ်စပ်မှတန်ချိန်(၇၈ဝဝဝဝ)ကျော်၊ တန်ဖိုးအားဖြင့်အမေရိကန်ဒေါ်လာ (၆ဝ၄)သန်းကျော်တင်ပို့နိုင်ခဲ့ကြောင်းသိရသည်။

တစ်နိုင်ငံလုံး၏ စိုက်ပျိုးထုတ်လုပ်မှုတွင် ပဲအမျိုးမျိုးစိုက်ပျိုးထုတ်လုပ်မှု သည်ဒုတိယအများဆုံးဖြစ်ပြီး ပဲမျိုးစုံအနေဖြင့်တစ်နိုင်ငံလုံး၏ လယ် ယာထွက်ပစ္စည်းထွက်ရှိမှု၏ (၃၃%) စိုက်ပျိုးထုတ်လုပ်လျက်ရှိကြောင်း သိရသည်။ မြန်မာနိုင်ငံစိုက်ပျိုးမြေဧရိယာ၏(၂ဝ%)ခန့်သည် ပဲမျိုးစုံ စိုက်ပျိုးနေပြီး ပဲမျိုးစုံစိုက်ဧက၏(၇၂ %)သည် မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံများဖြစ်ပြီး ပဲလွန်း၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ပဲယင်း၊ ကုလားပဲ၊ ပဲပုပ်၊ စားတော်ပဲနှင့် အခြားပဲများလည်း စိုက်ပျိုးကြကြောင်းသိရသည်။ ပြီးခဲ့သည့် ၂ဝ၁၉-၂ဝ၂ဝ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ တင်ပို့ခဲ့သည့် ပဲမျိုးစုံတန်ချိန်သည် (၁.၆)သန်းကျော်ရှိခဲ့ပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ (၁.၂) ဘီလျံခန့် ရရှိခဲ့ကြောင်းသိရသည်။

မြန်မာနိုင်ငံမှ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုတွင် ပင်လယ်ရေကြောင်းနှင့်နယ် စပ်မှတင်ပို့နေပြီး နိုင်ငံပေါင်း (၆ဝ) ခန့်ကို တင်ပို့လျက်ရှိကြောင်း စီးပွား ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။ တင်ပို့သည့်နိုင် ငံများတွင် အိန္ဒိယ၊ တရုတ်၊ စင်ကာပူ၊ ပါကစ္စတန်၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ဘင်္ဂလားဒေ့ရှ်၊ ယူအေအီး၊ မလေးရှား၊ စသည်နိုင်ငံများစွာအပြင်မြန်မာနိုင်ငံအနေဖြင့် ပြည်တွင်းမှ ထွက်ရှိသည့် ပဲမျိုးစုံများအနက်မတ် ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံစသည့် ပဲအမျိုးအစားသုံးခုကို ပြည်ပသို့အများဆုံးတင်ပို့နေကြောင်းသိရသည်။ ထို့ပြင် ယခုကြားကာလဘဏ္ဍာနှစ်ဖြစ်သည့်(၂ဝ၂၁-၂ဝ၂၂)ဘဏ္ဍာနှစ်၏ ၂ဝ၂၁ ခုနှစ်အောက်တိုဘာလ(၁)ရက် မှနိုဝင်ဘာလ(၁၉)ရက်အထိ ပြည်ပသို့ပဲတန်ချိန်(၁၇ဝဝဝဝ)ခန့်၊ တန်ဖိုး အားဖြင့် အမေရိကန်ဒေါ်လာ (၁၄၄)သန်းကျော် တင်ပို့နိုင်ခဲ့ကြောင်းသိရသည်။

မြန်မာနိုင်ငံအနေဖြင့် ၂ဝ၂၁ ခုနှစ်၊ ဇွန် ၁၈ ရက်တွင် မြန်မာနှင့် အိန္ဒိယနိုင်ငံအစိုးရများအကြား လက်မှတ်ရေးထိုးခဲ့သည့် မတ်ပဲနှင့် ပဲစင်းငုံ ကုန် သွယ်မှုပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာအရ နှစ်စဉ် မတ်ပဲတန်ချိန်(၂ ဒသမ ၅) သိန်းနှင့် ပဲစင်းငုံတန်ချိန်(၁)သိန်းတို့ကို ပုဂ္ဂ လိကကုန်သွယ်မှုမှတဆင့်နောင်ဘဏ္ဍာနှစ်(၅)နှစ်ဖြစ်သည့် ၂ဝ၂၁-၂ဝ၂၂ ဘဏ္ဍာနှစ်မှ ၂ဝ၂၅-၂ဝ၂၆ ဘဏ္ဍာနှစ်(ဧပြီလမှ မတ်လ)အတွင်း အိန္ဒိယနိုင်ငံသို့ တင်ပို့သွားရမည်ဖြစ်ကြောင်းသိရသည်။

zawgyi version
ျမန္မာ့ပဲမ်ိဳးစုံတင္ပို႔မႈသမိုင္းတြင္ အျမင့္ဆုံးအျဖစ္ ၿပီးခဲ့သည့္ဘ႑ာႏွစ္က တန္ခ်ိန္(၂)သန္းေက်ာ္တင္ပို႔
NP News - ဒီဇင္ဘာ ၁၇
ၿပီးခဲ့သည့္ဘ႑ာႏွစ္(၂ဝ၂ဝ-၂ဝ၂၁ ဘ႑ာႏွစ္)တြင္ ျမန္မာ့ပဲမ်ိဳးစုံ တင္ပို႔မႈသမိုင္း၌အျမင့္ဆုံးျဖင့္ တန္ခ်ိန္(၂)သန္းေက်ာ္၊ တန္ဖိုးအေမရိကန္ေဒၚ လာ(၁ ဒသမ ၅၇)ဘီလ်ံရရွိခဲ့ေၾကာင္း စီးပြားေရးႏွင့္ကူးသန္းေရာင္းဝယ္ ေရးဝန္ႀကီးဌာန၏စာရင္းမ်ားအရသိရသည္။ ျမန္မာႏိုင္ငံမွျပည္ပသို႔ ပဲမ်ိဳးစုံတင္ပို႔မႈအေနျဖင့္ ပင္လယ္ေရေၾကာင္းမွ တန္ခ်ိန္(၁.၂)သန္းေက်ာ္၊ တန္ဖိုးအားျဖင့္အေမရိကန္ေဒၚလာ (၉၆၆)သန္းေက်ာ္၊ နယ္စပ္မွတန္ခ်ိန္(၇၈ဝဝဝဝ)ေက်ာ္၊ တန္ဖိုးအားျဖင့္အေမရိကန္ေဒၚလာ (၆ဝ၄)သန္းေက်ာ္တင္ပို႔ႏိုင္ခဲ့ေၾကာင္းသိရသည္။

တစ္ႏိုင္ငံလုံး၏ စိုက္ပ်ိဳးထုတ္လုပ္မႈတြင္ ပဲအမ်ိဳးမ်ိဳးစိုက္ပ်ိဳးထုတ္လုပ္မႈ သည္ဒုတိယအမ်ားဆုံးျဖစ္ၿပီး ပဲမ်ိဳးစုံအေနျဖင့္တစ္ႏိုင္ငံလုံး၏ လယ္ ယာထြက္ပစၥည္းထြက္ရွိမႈ၏ (၃၃%) စိုက္ပ်ိဳးထုတ္လုပ္လ်က္ရွိေၾကာင္း သိရသည္။ ျမန္မာႏိုင္ငံစိုက္ပ်ိဳးေျမဧရိယာ၏(၂ဝ%)ခန္႔သည္ ပဲမ်ိဳးစုံ စိုက္ပ်ိဳးေနၿပီး ပဲမ်ိဳးစုံစိုက္ဧက၏(၇၂ %)သည္ မတ္ပဲ၊ ပဲတီစိမ္း၊ ပဲစဥ္းငုံမ်ားျဖစ္ၿပီး ပဲလြန္း၊ ေျမေထာက္ပဲ၊ ေထာပတ္ပဲ၊ပဲယင္း၊ ကုလားပဲ၊ ပဲပုပ္၊ စားေတာ္ပဲႏွင့္ အျခားပဲမ်ားလည္း စိုက္ပ်ိဳးၾကေၾကာင္းသိရသည္။ ၿပီးခဲ့သည့္ ၂ဝ၁၉-၂ဝ၂ဝ ဘ႑ာႏွစ္တြင္ ျပည္ပသို႔ တင္ပို႔ခဲ့သည့္ ပဲမ်ိဳးစုံတန္ခ်ိန္သည္ (၁.၆)သန္းေက်ာ္ရွိခဲ့ၿပီး တန္ဖိုးအားျဖင့္ အေမရိကန္ေဒၚလာ (၁.၂) ဘီလ်ံခန႔္ ရရွိခဲ့ေၾကာင္းသိရသည္။

ျမန္မာႏိုင္ငံမွ ျပည္ပသို႔ ပဲမ်ိဳးစုံတင္ပို႔မႈတြင္ ပင္လယ္ေရေၾကာင္းႏွင့္နယ္ စပ္မွတင္ပို႔ေနၿပီး ႏိုင္ငံေပါင္း (၆ဝ) ခန႔္ကို တင္ပို႔လ်က္ရွိေၾကာင္း စီးပြား ေရးႏွင့္ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနမွ သိရသည္။ တင္ပို႔သည့္ႏိုင္ ငံမ်ားတြင္ အိႏၵိယ၊ တ႐ုတ္၊ စင္ကာပူ၊ ပါကစၥတန္၊ ဗီယက္နမ္၊ အင္ဒိုနီးရွား၊ ဘဂၤလားေဒ့ရွ္၊ ယူေအအီး၊ မေလးရွား၊ စသည္ႏိုင္ငံမ်ားစြာအျပင္ျမန္မာႏိုင္ငံအေနျဖင့္ ျပည္တြင္းမွ ထြက္ရွိသည့္ ပဲမ်ိဳးစုံမ်ားအနက္မတ္ ပဲ၊ ပဲတီစိမ္း၊ ပဲစင္းငုံစသည့္ ပဲအမ်ိဳးအစားသုံးခုကို ျပည္ပသို႔အမ်ားဆုံးတင္ပို႔ေနေၾကာင္းသိရသည္။ ထို႔ျပင္ ယခုၾကားကာလဘ႑ာႏွစ္ျဖစ္သည့္(၂ဝ၂၁-၂ဝ၂၂)ဘ႑ာႏွစ္၏ ၂ဝ၂၁ ခုႏွစ္ေအာက္တိုဘာလ(၁)ရက္ မွႏိုဝင္ဘာလ(၁၉)ရက္အထိ ျပည္ပသို႔ပဲတန္ခ်ိန္(၁၇ဝဝဝဝ)ခန႔္၊ တန္ဖိုး အားျဖင့္ အေမရိကန္ေဒၚလာ (၁၄၄)သန္းေက်ာ္ တင္ပို႔ႏိုင္ခဲ့ေၾကာင္းသိရသည္။

ျမန္မာႏိုင္ငံအေနျဖင့္ ၂ဝ၂၁ ခုႏွစ္၊ ဇြန္ ၁၈ ရက္တြင္ ျမန္မာႏွင့္ အိႏၵိယႏိုင္ငံအစိုးရမ်ားအၾကား လက္မွတ္ေရးထိုးခဲ့သည့္ မတ္ပဲႏွင့္ ပဲစင္းငုံ ကုန္ သြယ္မႈပူးေပါင္းေဆာင္႐ြက္ေရးဆိုင္ရာ နားလည္မႈစာခြၽန္လႊာအရ ႏွစ္စဥ္ မတ္ပဲတန္ခ်ိန္(၂ ဒသမ ၅) သိန္းႏွင့္ ပဲစင္းငုံတန္ခ်ိန္(၁)သိန္းတို႔ကို ပုဂၢ လိကကုန္သြယ္မႈမွတဆင့္ေနာင္ဘ႑ာႏွစ္(၅)ႏွစ္ျဖစ္သည့္ ၂ဝ၂၁-၂ဝ၂၂ ဘ႑ာႏွစ္မွ ၂ဝ၂၅-၂ဝ၂၆ ဘ႑ာႏွစ္(ဧၿပီလမွ မတ္လ)အတြင္း အိႏၵိယႏိုင္ငံသို႔ တင္ပို႔သြားရမည္ျဖစ္ေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.