အိမ်ထောင်သက်(၂၂)နှစ်ကျော်လာပြီဖြစ်တဲ့ ဘက်ခမ်းတို့ဇနီးမောင်နှံရဲ့စိတ်ဝင်စားစရာအဖြာဖြာ

877

ဝတီ (NP News) - ဒီဇင်ဘာ ၂၅
ထိပ်သီးနာမည်ကျော်နှစ်ယောက်ပေါင်းဖက်ကြတဲ့အိမ်ထောင်ရေးဟာနှစ်ပေါင်း(၂၂)နှစ်ကျော်တဲ့အထိတည်တံ့ခိုင်မြဲနေတော့ အံ့သြစရာလည်း ကောင်း၊ လေးစားအားကျစရာလည်း ကောင်းလှပါတယ်။ ဒေးဗစ်ဘက်ခမ်းဟာဘောလုံးလောကမှာလျှမ်းလျှမ်းတောက်အောင်မြင်ခဲ့ပြီး ပျိုတိုင်း ကြိုက်တဲ့ နှင်းဆီခိုင်လည်းဖြစ်ခဲ့ပါတယ်။ သူက ၁၉၉၉ ခုနှစ်၊ ဇူလိုင်လမှာ နာမည်ကြီးအဆိုတော် ဗစ်တိုးရီးယားနဲ့လက်ထပ်လိုက်တော့ပျိုပျိုမေတွေအသည်းကွဲကြတာပေါ့။ ဗစ်တိုးရီးယားကလည်း ဘက်ခမ်းလိုပဲ နာမည်ကြီးဆိုတော့သူတို့နှစ်ယောက်ဟာအင်မတန်ကိုမှလိုက်ဖက်ညီလှပါတယ်။ ဒါ့အပြင် နှစ်ပေါင်း(၂၂ နှစ်ကျော်လာချိန်မှာတော့သူတို့ဟာချစ် စရာသားသမီးလေးယောက်ရထားပြီဖြစ်လို့ သာယာလှပလှတဲ့မိသားစုဘဝလေးကို ရထားပြီပေါ့။ အနောက်တိုင်းနာမည်ကျော်တွေလောကမှာ ကွာရှင်းပြတ်စဲမှုနှုန်း အရမ်းမြင့်တဲ့အတွက် (၂၂)နှစ်ကျော်တဲ့အထိ သူတို့အိမ်ထောင်ရေးတည်တံ့ခိုင်မြဲနေတာဟာ လူအများအားကျရလောက်စရာ၊ ပြောစမှတ်ပြုလောက်စရာ ဖြစ်နေပါတော့တယ်။ ပြီးတော့နှစ်ယောက်လုံးစီးပွားရှာ အရမ်းတော်ကြတဲ့အတွက်စီးပွားဖြစ်သထက်ဖြစ် လာပြီး ဒေါ်လာသန်းရာပေါင်းများစွာနဲ့ချီအောင် ကြွယ်ဝချမ်းသာနေကြပါပြီ။ ဘက်ခမ်းကလည်း ဘောလုံးလောကက အနားယူလိုက်ပြီး ဗစ်တိုးရီးယားကလည်း ဂီတလောကကနေအနားယူလိုက်တာကြာလှပြီဆိုပေ မယ့် သူတို့ဟာအခုထက်ထိ အရမ်းကိုလူစိတ်ဝင်စားတာခံနေရတုန်းပါပဲ။ ဘက်ခမ်းဟာ သားချည်းပဲ သုံးယောက်ရအပြီးမှာမှသမီးလေးတစ်ယောက်ရတဲ့အတွက်သမီးကိုမျက်စိအောက်ကအပျောက်မခံနိုင်လောက် အောင်သည်းသည်းလှုပ်ချစ်ပုံရပါတယ်။အခုဆိုရင်တော့သားသုံးယောက် မှာ အကြီးဆုံးတစ်ယောက်က စေ့စပ်ပြီးသွားပါပြီ။ ဒါကြောင့်(၂၂)နှစ်ကျော်တဲ့အထိ အချစ်တွေတည်တံ့ခိုင်မြဲနေသေးတဲ့ ဒီကမ္ဘာကျော်နှစ်ယောက်အကြောင်းကို စုစည်းတင်ဆက်လိုက်ပါတယ်။
zawgyi version
အိမ္ေထာင္သက္(၂၂)ႏွစ္ေက်ာ္လာၿပီျဖစ္တဲ့ ဘက္ခမ္းတို႔ဇနီးေမာင္ႏွံရဲ႕စိတ္ဝင္စားစရာအျဖာျဖာ
ဝတီ (NP News) - ဒီဇင္ဘာ ၂၅
ထိပ္သီးနာမည္ေက်ာ္ႏွစ္ေယာက္ေပါင္းဖက္ၾကတဲ့ အိမ္ေထာင္ေရးဟာႏွစ္ေပါင္း (၂၂)ႏွစ္ေက်ာ္တဲ့အထိ တည္တံ့ခိုင္ၿမဲေနေတာ့ အံ့ၾသစရာလည္းေကာင္း၊ ေလးစားအားက်စရာလည္း ေကာင္းလွပါတယ္။ ေဒးဗစ္ဘက္ခမ္းဟာ ေဘာလုံးေလာကမွာ လွ်မ္းလွ်မ္းေတာက္ေအာင္ျမင္ခဲ့ၿပီး ပ်ိဳတိုင္းႀကိဳက္တဲ့ ႏွင္းဆီခိုင္လည္းျဖစ္ခဲ့ပါတယ္။ သူက ၁၉၉၉ ခုႏွစ္၊ ဇူ လိုင္လမွာ နာမည္ႀကီးအဆိုေတာ္ ဗစ္တိုးရီးယားနဲ႔လက္ထပ္လိုက္ေတာ့ပ်ိဳပ်ိဳေမေတြအသည္းကြဲၾကတာေပါ့။ ဗစ္တိုးရီးယားကလည္း ဘက္ခမ္းလိုပဲ နာမည္ႀကီးဆိုေတာ့သူတို႔ႏွစ္ေယာက္ဟာအင္မတန္ကိုမွလိုက္ဖက္ညီလွပါတယ္။ ဒါ့အျပင္ ႏွစ္ေပါင္း(၂၂ ႏွစ္ေက်ာ္လာခ်ိန္မွာေတာ့ သူတို႔ဟာ ခ်စ္စရာ သားသမီးေလးေယာက္ရထားၿပီျဖစ္လို႔ သာယာလွပလွတဲ့ မိသားစုဘဝေလးကို ရထားၿပီေပါ့။ အေနာက္တိုင္းနာမည္ေက်ာ္ေတြေလာကမွာ ကြာရွင္းျပတ္စဲမႈႏႈန္း အရမ္းျမင့္တဲ့အတြက္ (၂၂)ႏွစ္ေက်ာ္တဲ့အထိ သူတို႔အိမ္ေထာင္ေရးတည္တံ့ခိုင္ၿမဲေနတာဟာ လူအမ်ားအားက်ရေလာက္စရာ၊ေျပာစမွတ္ျပဳေလာက္စရာ ျဖစ္ေနပါေတာ့တယ္။ ၿပီးေတာ့ ႏွစ္ေယာက္လုံးစီးပြားရွာ အရမ္းေတာ္ၾကတဲ့အတြက္ စီးပြားျဖစ္သထက္ ျဖစ္လာၿပီး ေဒၚလာသန္းရာေပါင္းမ်ားစြာနဲ႔ခ်ီေအာင္ ႂကြယ္ဝခ်မ္းသာေနၾကပါၿပီ။ ဘက္ခမ္းကလည္း ေဘာလုံးေလာကက အနားယူလိုက္ၿပီး ဗစ္တိုးရီးယားကလည္း ဂီတေလာကကေန အနားယူလိုက္တာၾကာလွၿပီဆိုေပမယ့္ သူတို႔ဟာ အခုထက္ထိ အရမ္းကိုလူစိတ္ဝင္စားတာခံေနရတုန္းပါပဲ။ ဘက္ခမ္းဟာ သားခ်ည္းပဲ သုံးေယာက္ရအၿပီးမွာမွသမီးေလးတစ္ေယာက္ရတဲ့အတြက္ သမီးကိုမ်က္စိေအာက္က အေပ်ာက္မခံႏိုင္ေလာက္ေအာင္ သည္းသည္းလႈပ္ခ်စ္ပုံရပါတယ္။ အခုဆိုရင္ေတာ့ သားသုံးေယာက္မွာ အႀကီးဆုံးတစ္ေယာက္က ေစ့စပ္ၿပီးသြားပါၿပီ။ ဒါေၾကာင့္(၂၂)ႏွစ္ေက်ာ္တဲ့အထိ အခ်စ္ေတြတည္တံ့ခိုင္ၿမဲေနေသးတဲ့ ဒီကမာၻေက်ာ္ႏွစ္ေယာက္အေၾကာင္းကို စုစည္းတင္ဆက္လိုက္ပါတယ္။

ဗစ်တိုးရီးယားရဲ့ဖုန်းနံပါတ်ရေးမှတ်ထားတဲ့လေယာဉ်လက်မှတ်ကိုဘက် ခမ်းကအခုထက်ထိသိမ်းထားတုန်းပါပဲ။
သူတို့နှစ်ယောက် စတွေ့တဲ့ညမှာ ဗစ်တိုးရီးယားက သူ့ဖုန်းနံပါတ်ကို လေ ယာဉ်လက်မှတ်တစ်ခုပေါ်ချရေးပေးလိုက်ပြီး ဘက်ခမ်းကအဲဒီလက်မှတ်လေးကို အခုထက်ထိသိမ်းထားတာပါ။ အဲဒီတုန်းကသူတို့ကနာရီဝက်လောက် စကားစမြည်ပြောခဲ့ကြပါတယ်။ ပြန်ခါနီးမှာတော့ သူနဲ့ချိန်းတွေ့မလား၊ဒါဆိုရင်ဖုန်းနံပါတ်ရေးပေးလိုက်မယ်ဆိုပြီးဗစ်တိုးရီးယားကပြော လိုက်တာပါ။ ဒါနဲ့ ဒေးဗစ်ဘက်ခမ်းလည်း အရမ်းပျော်သွားပြီး အိမ်ရောက်ရောက်ချင်းပဲ အဲဒီဖုန်းနံပါတ်ကို တခြားစာရွက်တစ်ရွက်ပေါ်ကူးရေးထားလိုက်ပါတော့တယ်။ ဒါပေမဲ့လည်း သူက ဗစ်တိုးရီးယားကိုယ်တိုင်ရေးပေးထားတဲ့ ဖုန်းနံပါတ်စာရွက်လေးကို အခုထိ သိမ်းထားတုန်းပါ။ လေယာဉ်လက်မှတ်လေးကို နှစ်ပေါင်း(၂၂)နှစ်ကျော်တဲ့အထိ မြတ်မြတ်နိုးနိုးသိမ်း ထားတယ်ဆိုတာက ဗစ်တိုးရီးယားကို သူဘယ်လောက်အထိမြတ်နိုးတန် ဖိုးထားကြောင်း ပြနေတာပါပဲ။
ဗစ်တိုးရီးယားက ဘက်ခမ်းထက်အရင် နာမည်ကြီးတာပါ။
သူတို့နှစ်ယောက် စဆုံတဲ့အချိန်တုန်းကဆိုရင် ဗစ်တိုးရီးယားက ဘက်ခမ်းထက်နာမည်ကြီးနေချိန်ပါ။ အားလုံးသိကြတဲ့အတိုင်း ဗစ်တိုးရီးယားက Spice Girls အဖွဲ့ဝင်ဆိုတော့ အရမ်းနာမည်ကြီးနေတာပေါ့။ အဲဒီအချိန်တုန်းက ဘက်ခမ်းဟာနာမည်လေးရစပဲရှိပါသေးတယ်။ နှစ်နည်းနည်း ကြာလာမှ ဘက်ခမ်းကဗစ်တိုးရီးယားထက် နာမည်ပိုကြီးလာတာ ဖြစ်ပါတယ်။ Spice Girls အဖွဲ့ဟာ ၂ဝဝဝ ခုနှစ်တုန်းက ပြိုကွဲသွားတယ်လေ။ အဖွဲ့ကွဲသွားပြီးနောက်မှာအဖွဲ့ဝင်တွေအားလုံးက တစ်ကိုယ်တော် အနုပ ညာလှုပ်ရှားမှုတွေလုပ်ကြသေးပေမယ့် အဖွဲ့လိုက်တုန်းကလို မအောင်မြင်ကြတော့ပါဘူး။ ဒါပေမဲ့ ဗစ်တိုးရီးယားဟာဒီဇိုင်နာဘက်မှာ သူမတူအောင် ထူးချွန်ပြီး ဝက်ဝက်ကွဲအောင်မြင်လာပါတယ်။
သူတို့နှစ်ယောက်က တစ်ယောက်ကို တစ်ယောက် စတွေ့တွေ့ချင်း
သဘောကျသွားကြတာပါ။
မြင်မြင်ချင်းအချစ်ဆိုတာ စာတွေထဲမှာ ဖန်တရာတေအောင်ပါနေပေမယ့်
လက်တွေ့ဘဝမှာတော့ အဲဒါမျိုးက အင်မတန်ရှားပါတယ်။ ဒါပေမဲ့ အဲဒီရှားရှားပါးပါးထဲမှာ ဘက်ခမ်းနဲ့ဗစ်တိုးရီးယားပါနေပုံပါပဲ။ ဘက်ခမ်းပါတဲ့ ဘောလုံးပွဲကိုဗစ်တိုးရီးယားက မထင်မှတ်ဘဲသွားကြည့်မိတာပါ။ အဲဒီမတိုင်ခင်ကတည်းကဘက်ခမ်းက Spice Girls အဖွဲ့သီချင်းဆိုတာကို တီဗီမှာမြင်မိပြီး ဗစ်တိုးရီးယားကိုအရမ်းသဘောကျသွားပါတယ်။ အဲဒီမှာ မြင်လိုက်ရပြီးကလည်းက ဒီမိန်းကလေးက ငါ့ဇနီးလောင်းပဲလို့ဘက်ခမ်းက သဘောပေါက်သွားပါတော့တယ်။ ဒါပေမဲ့ဒီကိစ္စမှာ ဗစ်တိုးရီးယားကအရင်လှုပ်ရှားခဲ့ရတာပါ။ ဘောလုံးပွဲပြီးလို့ ဘောလုံးသမားတွေအားလုံးနားနေခန်းကို ရောက်သွားကြပါတယ်။ ဘက်ခမ်းကိုမြင်မြင်ချင်းကြိုက်သွားတယ်လို့ ဗစ်တိုးရီးယားက ပြောပါတယ်။ နားနေခန်းမှာဘောလုံးသမားတွေအကုန်လုံးက မိတ်ဆွေတွေ၊ ကစားဖော်တွေနဲ့ စုဖွဲ့စကားပြောနေကြပေမယ့် အဲဒီအချိန်မှာဘက်ခမ်းက မိသားစုနဲ့ပဲစုဖွဲ့ပြီးစကားစမြည် ပြောနေတာကို ဗစ်တိုးရီးယားက သတိထားမိပြီး သဘောကျသွားပါတယ်။ ဒါနဲ့ပဲ သူက ဘက်ခမ်းဆီသွားပြီးမိတ်ဆက်လိုက်တာပါ။ မိသားစုကို ခင်တွယ်တတ်တဲ့ယောကျ်ားဟာ ကိုယ်ပိုင် မိသားစုဘဝရလာတဲ့အခါကျရင်လည်း ခင်တွယ်တတ်မှာပဲလို့ဗစ်တိုးရီးယားက တွက်လိုက်ပါသတဲ့။ ဗစ်တိုးရီးယားကိုယ်တိုင်ကလည်း မိသားစုကိုခင်တွယ်တတ်တယ်လေ။
zawgyi version
ဗစ္တိုးရီးယားရဲ႕ ဖုန္းနံပါတ္ေရးမွတ္ထားတဲ့ ေလယာဥ္လက္မွတ္ကို
ဘက္ခမ္းက အခုထက္ထိသိမ္းထားတုန္းပါပဲ။
သူတို႔ႏွစ္ေယာက္ စေတြ႕တဲ့ညမွာ ဗစ္တိုးရီးယားက သူ႔ဖုန္းနံပါတ္ကို ေလ ယာဥ္လက္မွတ္တစ္ခုေပၚခ်ေရးေပးလိုက္ၿပီး ဘက္ခမ္းကအဲဒီလက္မွတ္ေလးကို အခုထက္ထိသိမ္းထားတာပါ။ အဲဒီတုန္းကသူတို႔ကနာရီဝက္ေလာက္ စကားစျမည္ေျပာခဲ့ၾကပါတယ္။ ျပန္ခါနီးမွာေတာ့ သူနဲ႔ခ်ိန္းေတြ႕မလား၊ ဒါဆိုရင္ဖုန္းနံပါတ္ေရးေပးလိုက္မယ္ဆိုၿပီး ဗစ္တိုးရီးယားကေျပာလိုက္တာပါ။ ဒါနဲ႔ ေဒးဗစ္ဘက္ခမ္းလည္း အရမ္းေပ်ာ္သြားၿပီး အိမ္ေရာက္ေရာက္ခ်င္းပဲ အဲဒီဖုန္းနံပါတ္ကို တျခားစာ႐ြက္တစ္႐ြက္ေပၚကူးေရးထားလိုက္ပါေတာ့တယ္။ ဒါေပမဲ့လည္း သူက ဗစ္တိုးရီးယားကိုယ္ တိုင္ေရးေပးထားတဲ့ ဖုန္းနံပါတ္စာ႐ြက္ေလးကို အခုထိ သိမ္းထားတုန္းပါ။ ေလယာဥ္လက္မွတ္ေလးကို ႏွစ္ေပါင္း (၂၂)ႏွစ္ေက်ာ္တဲ့အထိ ျမတ္ျမတ္ ႏိုးႏိုးသိမ္းထားတယ္ဆိုတာက ဗစ္တိုးရီးယားကို သူဘယ္ေလာက္အထိျမတ္ႏိုးတန္ဖိုးထားေၾကာင္း ျပေနတာပါပဲ။
ဗစ္တိုးရီးယားက ဘက္ခမ္းထက္အရင္ နာမည္ႀကီးတာပါ။
သူတို႔ႏွစ္ေယာက္ စဆုံတဲ့အခ်ိန္တုန္းကဆိုရင္ ဗစ္တိုးရီးယားက ဘက္ခမ္းထက္နာမည္ႀကီးေနခ်ိန္ပါ။ အားလုံးသိၾကတဲ့အတိုင္း ဗစ္တိုးရီးယားက Spice Girls အဖြဲ႕ဝင္ဆိုေတာ့ အရမ္းနာမည္ႀကီးေနတာေပါ့။ အဲဒီအခ်ိန္တုန္းက ဘက္ခမ္းဟာနာမည္ေလးရစပဲရွိပါေသးတယ္။ ႏွစ္နည္းနည္း ၾကာလာမွ ဘက္ခမ္းကဗစ္တိုးရီးယားထက္ နာမည္ပိုႀကီးလာတာ ျဖစ္ပါတယ္။ Spice Girls အဖြဲ႕ဟာ ၂ဝဝဝ ခုႏွစ္တုန္းက ၿပိဳကြဲသြားတယ္ေလ။ အဖြဲ႕ကြဲသြားၿပီးေနာက္မွာအဖြဲ႕ဝင္ေတြအားလုံးက တစ္ကိုယ္ေတာ္ အႏုပ ညာလႈပ္ရွားမႈေတြလုပ္ၾကေသးေပမယ့္ အဖြဲ႕လိုက္တုန္းကလို မေအာင္ျမင္ၾကေတာ့ပါဘူး။ ဒါေပမဲ့ ဗစ္တိုးရီးယားဟာဒီဇိုင္နာဘက္မွာ သူမတူေအာင္ ထူးခြၽန္ၿပီး ဝက္ဝက္ကြဲေအာင္ျမင္လာပါတယ္။
သူတို႔ႏွစ္ေယာက္က တစ္ေယာက္ကို တစ္ေယာက္ စေတြ႕ေတြ႕ခ်င္း
သေဘာက်သြားၾကတာပါ။
ျမင္ျမင္ခ်င္းအခ်စ္ဆိုတာ စာေတြထဲမွာ ဖန္တရာေတေအာင္ပါေနေပမယ့္လက္ေတြ႕ဘဝမွာေတာ့ အဲဒါမ်ိဳးက အင္မတန္ရွားပါတယ္။ ဒါေပမဲ့ အဲဒီရွားရွားပါးပါးထဲမွာ ဘက္ခမ္းနဲ႔ဗစ္တိုးရီးယားပါေနပုံပါပဲ။ ဘက္ခမ္းပါတဲ့ ေဘာလုံးပြဲကိုဗစ္တိုးရီးယားက မထင္မွတ္ဘဲသြားၾကည့္မိတာပါ။ အဲဒီမတိုင္ခင္ကတည္းကဘက္ခမ္းက Spice Girls အဖြဲ႕သီခ်င္းဆိုတာကို တီဗီမွာျမင္မိၿပီး ဗစ္တိုးရီးယားကိုအရမ္းသေဘာက်သြားပါတယ္။ အဲဒီမွာ ျမင္လိုက္ရၿပီးကလည္းက ဒီမိန္းကေလးက ငါ့ဇနီးေလာင္းပဲလို႔ဘက္ခမ္းက သေဘာေပါက္သြားပါေတာ့တယ္။ ဒါေပမဲ့ဒီကိစၥမွာ ဗစ္တိုးရီးယားကအရင္လႈပ္ရွားခဲ့ရတာပါ။ ေဘာလုံးပြဲၿပီးလို႔ ေဘာလုံးသမားေတြအားလုံးနားေနခန္းကို ေရာက္သြားၾကပါတယ္။ ဘက္ခမ္းကိုျမင္ျမင္ခ်င္းႀကိဳက္သြားတယ္လို႔ ဗစ္တိုးရီးယားက ေျပာပါတယ္။ နားေနခန္းမွာေဘာလုံးသမားေတြအကုန္လုံးက မိတ္ေဆြေတြ၊ ကစားေဖာ္ေတြနဲ႔ စုဖြဲ႕စကားေျပာေနၾကေပမယ့္ အဲဒီအခ်ိန္မွာဘက္ခမ္းက မိသားစုနဲ႔ပဲစုဖြဲ႕ၿပီးစကားစျမည္ ေျပာေနတာကို ဗစ္တိုးရီးယားက သတိထားမိၿပီး သေဘာက်သြားပါတယ္။ ဒါနဲ႔ပဲ သူက ဘက္ခမ္းဆီသြားၿပီးမိတ္ဆက္လိုက္တာပါ။ မိသားစုကို ခင္တြယ္တတ္တဲ့ေယာက်္ားဟာ ကိုယ္ပိုင္ မိသားစုဘဝရလာတဲ့အခါက်ရင္လည္း ခင္တြယ္တတ္မွာပဲလို႔ဗစ္တိုးရီးယားက တြက္လိုက္ပါသတဲ့။ ဗစ္တိုးရီးယားကိုယ္တိုင္ကလည္း မိသားစုကိုခင္တြယ္တတ္တယ္ေလ။

ကျိကျိတက်ချမ်းသာနေပေမယ့် သူတို့က သားသမီးတွေကိုအလုပ်ရဲ့တန် ဖိုး နားလည်အောင် သွန်သင်ပါတယ်။
သူတို့သားသမီးလေးယောက်လုံးဟာ စံအိမ်ကြီးမှာနေ၊ အကောင်းစားတွေချည်းပဲဝတ်ရ၊ စားရပေမယ့်ကလေးတွေကို အလုပ်လုပ်တတ်အောင်သူတို့ က သေသေချာချာသင်ပေးပါတယ်။ သူတို့က သားသမီးတွေကို အအားမထားပါဘူး။အကြီးဆုံးသားလေးဘရွတ်က်လင်းတုန်းကဆိုသူတို့ကကော် ဖီဆိုင်တစ်ဆိုင်မှာအလုပ်သွင်းပေးပါတယ်။ သားသမီးတွေ အလုပ် မလုပ်လည်း ဆယ်သက်ထိုင်စားလို့ရပေမယ့် သူတို့ကသားသမီးတွေကို အလုပ်ရဲ့တန်ဖိုးသိတတ်အောင် သင်ပေးတာဖြစ်ပါသတဲ့။ အခုတော့ ဘရွတ်က်လင်းလည်းရည်းစားရလို့ စေ့တောင်စေ့စပ်ထားပါပြီ။
ဘက်ခမ်းတို့ဇနီးမောင်နှံဟာ အိမ်အလုပ်ကိုမျှလုပ်ကြပါတယ်။
သူတို့နှစ်ယောက်ဟာ သိပ်ချမ်းသာ၊ သိပ်နာမည်ကြီးပြီး သိပ်အလုပ်ရှုပ်ကြပေမယ့် အိမ်အလုပ်ကိုမျှလုပ်ကြပါသတဲ့။ ဒါ့အပြင် ချက်ရေးပြုတ်ရေး ၊ သန့်ရှင်းရေးတွေမှာ သားသမီးတွေကိုလည်း ကူလုပ်ခိုင်းပါသေးသတဲ့။ အ မှိုက်ထုပ်ကို အမှိုက်ပုံမှာသွားပစ်တဲ့ကိစ္စမျိုးဆို သူပဲအမြဲလုပ်တာလို့ ဘက်ခမ်းက ထုတ်ပြောဖူးပါတယ်။ သားသမီးတွေကတစ်ယောက်တစ်ကျောင်း စီဆိုတော့ ကျောင်းပို့ကျောင်းကြို ကိစ္စတွေကိုလည်း သူတို့ကကိုယ်တိုင် လုပ်ပါသတဲ့။ ကင်မရာတွေရှေ့မှာ ကျော့ကျော့မော့မော့လေးပဲမြင်ရလေ့
ရှိတဲ့ သူတို့နှစ်ယောက်သာ တခြားသာမန်မိဘတွေလိုပဲ အိမ်မှုကိစ္စတွေ ကိုယ်တိုင်လုပ်၊သားသမီးကိစ္စတွေ ကိုယ်တိုင်လုပ်နေတာ အံ့သြစရာပါပဲ။
ဘက်ခမ်းက တက်တူးထိုးရတာ ကြိုက်ပေမယ့် အဲဒါကို ဗစ်တိုးရီးယားက မကြိုက်ပါဘူး။
အားလုံးသိကြတဲ့အတိုင်း ဘက်ခမ်းခန္ဓာကိုယ်ပေါ်မှာတက်တူးတွေ အများကြီးရှိပါတယ်။ အဲဒီတက်တူးတွေထဲမှာ ဗစ်တိုးရီးယားနာမည်၊ ဗစ်တိုးရီးယားပုံလည်းပါပါတယ်။ တက်တူးထိုးတာ မကြိုက်ဘူးလို့ ဗစ်တိုးရီးယားကအစပိုင်းမှာ ပြောသေးပေမယ့် ပြောလို့မရတဲ့အဆုံး လွှတ်ထားလိုက်ရတော့တာပါ။ နောက်ပိုင်းကျတော့ ဘက်ခမ်း ကိုယ်ပေါ်မှာတက်တူးတွေများလွန်းလို့ ဘာတွေမှန်းဗစ်တိုးရီးယားတောင် သေသေချာချာမသိတော့ပါဘူး။ နောက်ပိုင်းကျတော့ သားကြီးဘရွတ်က်လင်းကပါ တက်တူးတွေ ထိုးလာပါတယ်။
zawgyi version
က်ိက်ိတက္ခ်မ္းသာေနေပမယ့္ သူတို႔က သားသမီးေတြကိုအလုပ္ရဲ႕တန္ ဖိုး နားလည္ေအာင္ သြန္သင္ပါတယ္။
သူတို႔သားသမီးေလးေယာက္လုံးဟာ စံအိမ္ႀကီးမွာေန၊ အေကာင္းစားေတြခ်ည္းပဲဝတ္ရ၊ စားရေပမယ့္ကေလးေတြကို အလုပ္လုပ္တတ္ေအာင္သူတို႔ က ေသေသခ်ာခ်ာသင္ေပးပါတယ္။ သူတို႔က သားသမီးေတြကို အအားမထားပါဘူး။ အႀကီးဆုံးသားေလး ဘ႐ြတ္က္လင္းတုန္းကဆို သူတို႔ကေကာ္ဖီဆိုင္တစ္ဆိုင္မွာ အလုပ္သြင္းေပးပါတယ္။ သားသမီးေတြ အလုပ္ မလုပ္လည္း ဆယ္သက္ ထိုင္စားလို႔ရေပမယ့္ သူတို႔ကသားသမီးေတြကို အလုပ္ရဲ႕တန္ဖိုးသိတတ္ေအာင္ သင္ေပးတာျဖစ္ပါသတဲ့။ အခုေတာ့ ဘ႐ြတ္က္လင္းလည္းရည္းစားရလို႔ ေစ့ေတာင္ေစ့စပ္ထားပါၿပီ။
ဘက္ခမ္းတို႔ဇနီးေမာင္ႏွံဟာ အိမ္အလုပ္ကိုမွ်လုပ္ၾကပါတယ္။
သူတို႔ႏွစ္ေယာက္ဟာ သိပ္ခ်မ္းသာ၊ သိပ္နာမည္ႀကီးၿပီး သိပ္အလုပ္ရႈပ္ၾကေပမယ့္ အိမ္အလုပ္ကိုမွ်လုပ္ၾကပါသတဲ့။ ဒါ့အျပင္ ခ်က္ေရးျပဳတ္ေရး ၊ သန႔္ရွင္းေရးေတြမွာ သားသမီးေတြကိုလည္း ကူလုပ္ခိုင္းပါေသးသတဲ့။ အ မႈိက္ထုပ္ကို အမႈိက္ပုံမွာသြားပစ္တဲ့ကိစၥမ်ိဳးဆို သူပဲအၿမဲလုပ္တာလို႔ ဘက္ခမ္းက ထုတ္ေျပာဖူးပါတယ္။ သားသမီးေတြကတစ္ေယာက္တစ္ေက်ာင္း စီဆိုေတာ့ ေက်ာင္းပို႔ေက်ာင္းႀကိဳ ကိစၥေတြကိုလည္း သူတို႔ကကိုယ္တိုင္ လုပ္ပါသတဲ့။ ကင္မရာေတြေရွ႕မွာ ေက်ာ့ေက်ာ့ေမာ့ေမာ့ေလးပဲျမင္ရေလ့ရွိတဲ့ သူတို႔ႏွစ္ေယာက္သာ တျခားသာမန္မိဘေတြလိုပဲ အိမ္မႈကိစၥေတြ ကိုယ္တိုင္လုပ္၊သားသမီးကိစၥေတြ ကိုယ္တိုင္လုပ္ေနတာ အံ့ၾသစရာပါပဲ။
ဘက္ခမ္းက တက္တူးထိုးရတာ ႀကိဳက္ေပမယ့္ အဲဒါကို ဗစ္တိုးရီးယားက မႀကိဳက္ပါဘူး။
အားလုံးသိၾကတဲ့အတိုင္း ဘက္ခမ္းခႏၶာကိုယ္ေပၚမွာတက္တူးေတြ အမ်ားႀကီးရွိပါတယ္။ အဲဒီတက္တူးေတြထဲမွာ ဗစ္တိုးရီးယားနာမည္၊ ဗစ္တိုးရီးယားပုံလည္းပါပါတယ္။ တက္တူးထိုးတာ မႀကိဳက္ဘူးလို႔ ဗစ္တိုးရီးယားကအစပိုင္းမွာ ေျပာေသးေပမယ့္ ေျပာလို႔မရတဲ့အဆုံး လႊတ္ထားလိုက္ရေတာ့တာပါ။ ေနာက္ပိုင္းက်ေတာ့ ဘက္ခမ္း ကိုယ္ေပၚမွာတက္တူးေတြမ်ားလြန္းလို႔ ဘာေတြမွန္းဗစ္တိုးရီးယားေတာင္ ေသေသခ်ာခ်ာမသိေတာ့ပါဘူး။ ေနာက္ပိုင္းက်ေတာ့ သားႀကီးဘ႐ြတ္က္လင္းကပါ တက္တူးေတြ ထိုးလာပါတယ္။