အိန္ဒိယနဲ့ (၂၁)နှစ်ကြာဝေးကွာခဲ့ရတဲ့ Miss Universe သရဖူကိုရယူပေးခဲ့သူ

 603

ဝတီ (NP News) - ဒီဇင်ဘာ ၂၅
၂ဝ၂၁ ခုနှစ် ဒီဇင်ဘာလမှာ ခြိမ့်ခြိမ့်သဲသဲကျင်းပသွားတဲ့ မယ်စကြာဝဠာအလှမယ်ပြိုင်ပွဲကြီးမှာ သရဖူဆုရှင်အသစ်ပေါ်ထွက်လာခဲ့ပါတယ်။ သူ ကတော့အိန္ဒိယနိုင်ငံကိုကိုယ်စားပြုယှဉ်ပြိုင်ခဲ့တဲ့အသက်(၂၁)နှစ်အရွယ် မော်ဒယ်ပါပဲ။ တစ်ကမ္ဘာလုံးက အချောဆုံး၊ အလှဆုံးတွေဝင်ပြိုင်တဲ့က မ္ဘာ့အထင်ကရအလှမယ်ပြိုင်ပွဲကြီးမှာ သူတို့နိုင်ငံကဗိုလ်စွဲသွားတော့ အိ န္ဒိယနိုင်ငံသားတွေပျော်မဆုံးမော်မဆုံး၊ဂုဏ်ယူမဆုံးဖြစ်သွားကြပါတယ်။ Miss Universe ဆိုတဲ့မယ်စကြာဝဠာအလှမယ်ပြိုင်ပွဲကြီးမှာ ပ ထမဆုရတဲ့အိန္ဒိယသူဆိုလို့သူအပါအဝင်နဲ့မှသုံးယောက်ပဲရှိပါသေးတယ်။၁၉၉၄ ခုနှစ်မှာ အိန္ဒိယသူ ဆူရှ်မီတာဆန်(Sushmita Sen)က ဒီသရဖူကိုဆွတ် ခူးခဲ့ပြီး ၂ဝဝဝခုနှစ်မှာလည်း အိန္ဒိယသူ လာရာဒွတ်တာ (Lara Dutta ) က သရဖူဆောင်းခဲ့တာဖြစ်ပါတယ်။ အဲဒီသရဖူဆုကြီးကို လာရာဒွတ်တာဆွတ်ခူးတဲ့နှစ်မှာပဲ ဟာနက်ဇ်ဆန်ဒူ (Harnaaz Sandhu)ဆိုတဲ့ မယ်စကြာဝဠာလောင်းဟာလူ့လောကထဲရောက်လာတာပါ။ လာရာဒွတ်တာဆုရသွားတာ(၂၁)နှစ် တင်းတင်းပြည့်သွားတဲ့နှစ်၊ ၂ဝ၂၁ ခုနှစ်မှာပဲအ သက်(၂၁)နှစ်အရွယ် အိန္ဒိယသူအချောအလှလေးဟာနက်ဇ်ဆန်ဒူက
သရဖူဆုကြီးကို နိုင်ငံအတွက်ဆွတ်ခူးပေးနိုင်သွားတာလေ။

zawgyi version
အိႏၵိယနဲ႔ (၂၁)ႏွစ္ၾကာေဝးကြာခဲ့ရတဲ့ Miss Universe သရဖူကိုရယူေပးခဲ့သူ
ဝတီ (NP News) - ဒီဇင္ဘာ ၂၅
၂ဝ၂၁ ခုႏွစ္ ဒီဇင္ဘာလမွာ ၿခိမ့္ၿခိမ့္သဲသဲက်င္းပသြားတဲ့ မယ္စၾကာဝဠာအလွမယ္ၿပိဳင္ပြဲႀကီးမွာ သရဖူဆုရွင္အသစ္ေပၚထြက္လာခဲ့ပါတယ္။ သူ ကေတာ့အိႏၵိယႏိုင္ငံကိုကိုယ္စားျပဳယွဥ္ၿပိဳင္ခဲ့တဲ့အသက္(၂၁)ႏွစ္အ႐ြယ္ ေမာ္ဒယ္ပါပဲ။ တစ္ကမာၻလုံးက အေခ်ာဆုံး၊ အလွဆုံးေတြဝင္ၿပိဳင္တဲ့က မာၻ႔အထင္ကရအလွမယ္ၿပိဳင္ပြဲႀကီးမွာ သူတို႔ႏိုင္ငံကဗိုလ္စြဲသြားေတာ့ အိ ႏၵိယႏိုင္ငံသားေတြေပ်ာ္မဆုံးေမာ္မဆုံး၊ဂုဏ္ယူမဆုံးျဖစ္သြားၾကပါတယ္။ Miss Universe ဆိုတဲ့မယ္စၾကာဝဠာအလွမယ္ၿပိဳင္ပြဲႀကီးမွာ ပ ထမဆုရတဲ့အိႏၵိယသူဆိုလို႔သူအပါအဝင္နဲ႔မွသုံးေယာက္ပဲရွိပါေသးတယ္။၁၉၉၄ ခုႏွစ္မွာ အိႏၵိယသူ ဆူရွ္မီတာဆန္(Sushmita Sen)က ဒီသရဖူကိုဆြတ္ ခူးခဲ့ၿပီး ၂ဝဝဝခုႏွစ္မွာလည္း အိႏၵိယသူ လာရာဒြတ္တာ (Lara Dutta ) က သရဖူေဆာင္းခဲ့တာျဖစ္ပါတယ္။ အဲဒီသရဖူဆုႀကီးကို လာရာဒြတ္တာဆြတ္ခူးတဲ့ႏွစ္မွာပဲ ဟာနက္ဇ္ဆန္ဒူ (Harnaaz Sandhu)ဆိုတဲ့ မယ္စၾကာဝဠာေလာင္းဟာလူ႔ေလာကထဲေရာက္လာတာပါ။ လာရာဒြတ္တာဆုရသြားတာ(၂၁)ႏွစ္ တင္းတင္းျပည့္သြားတဲ့ႏွစ္၊ ၂ဝ၂၁ ခုႏွစ္မွာပဲအ သက္(၂၁)ႏွစ္အ႐ြယ္ အိႏၵိယသူအေခ်ာအလွေလးဟာနက္ဇ္ဆန္ဒူကသရဖူဆုႀကီးကို ႏိုင္ငံအတြက္ဆြတ္ခူးေပးႏိုင္သြားတာေလ။

ဆန်ဒူဟာ အရပ် ၅ ပေ၊ ၉ လက်မရှိပြီး ရုပ်ရည်၊ အသားအရေ၊ ကိုယ်ခန္ဓာအချိုးအစားကတော့အားလုံးမြင်ကြတဲ့အတိုင်းပါပဲ။သူဟာMiss Universe အလှမယ်ပြိုင်ပွဲနောက်ဆုံးအဆင့်မှာ တလက်လက်တောက်နေတဲ့ငွေ ရောင်ဂါဝန်ကိုဝတ်ဆင်လာခဲ့ပြီး အဝတ်အစားနဲ့ လူအရမ်းလိုက်ဖက်တဲ့အ တွက်ပွဲလာပရိသတ်တွေက သူ့ကိုပ ငေးကြည့်နေခဲ့ရပါတယ်။ ဒီအလှတ ရားတွေအပြင် ဥာဏ်ရည်ဥာဏ်သွေး၊ ပညာရေး၊ အင်္ဂလိပ်စကားပြော၊ ဗ ဟုသုတစတာတွေလည်း ပြည့်စုံတဲ့အတွက် သူဟာသရဖူကိုထိုက်ထိုက် တန်တန် ဆွတ်ခူးရရှိသွားတာဖြစ်ပါတယ်။ သူဟာ ပါရာဂွေးနိုင်ငံကိုယ်စား ပြု အလှမယ်နဒီယာဖရီရာ (Nadia Ferreira) နဲ့ တောင်အာဖရိက ကိုယ် စားပြု အလှမယ်လာလီလာမစ်ဆွန် (Lalela Mswane) ကိုအနိုင်ယူပြီး အ လှဘုရင်မအဖြစ် ဗိုလ်စွဲသွားတာပါ။ နောက်ဆုံး ဆန်ခါတင် ငါးယောက်ထဲမှာဖိလစ်ပိုင် ကိုယ်စားပြုအလှမယ် ဘစ်ထရစ်လွီဂီဂိုမက်ဇ်(Beatrice Luigi Gomez) လည်း ပါခဲ့တာကြောင့် ဖိလစ်ပိုင်နိုင်ငံသူ၊ နိုင်ငံသားတွေက အများကြီးမျှော်လင့်ထားတာပါ။ ဒါပေမဲ့အိန္ဒိယကိုယ်စားပြု ဟာနက်ဇ် ဆန်ဒူ(Harnaaz Sandhu)ပဲသရဖူဆုကြီးကို သိမ်းပိုက်သွားတော့ဖိလစ်ပိုင်ကလူတွေအတော်ကြီးစိတ်ပျက်သွားကြပါတယ်။ ဆန်ခါတင်နောက် ဆုံး အဆင့်အထိ ဖိလစ်ပိုင်ကိုယ်စားပြုအလှမယ်တွေ မင်းမူစိုးမိုးနေတာ ၁၂ နှစ်ဆက်တိုက်ရှိသွားပါပြီ။ Miss Universe ကျင်းပခဲ့တဲ့သက်တမ်းတလျှောက်မှာဒီသရဖူကို ဖိလစ်ပိုင်နိုင်ငံသူတွေသိမ်းပိုက်သွားတာလေးကြိမ်တိတိရှိနေပါပြီ။ အိန္ဒိယကတော့ ၂ဝ၂၁ ခုနှစ်အပါအဝင်နဲ့ဆို သုံးကြိမ်ပေါ့။

zawgyi version
ဆန္ဒူဟာ အရပ္ ၅ ေပ၊ ၉ လက္မရွိၿပီး ႐ုပ္ရည္၊ အသားအေရ၊ ကိုယ္ခႏၶာအခ်ိဳးအစားကေတာ့အားလုံးျမင္ၾကတဲ့အတိုင္းပါပဲ။သူဟာMiss Universe အလွမယ္ၿပိဳင္ပြဲေနာက္ဆုံးအဆင့္မွာ တလက္လက္ေတာက္ေနတဲ့ေငြ ေရာင္ဂါဝန္ကိုဝတ္ဆင္လာခဲ့ၿပီး အဝတ္အစားနဲ႔ လူအရမ္းလိုက္ဖက္တဲ့အ တြက္ပြဲလာပရိသတ္ေတြက သူ႔ကိုပ ေငးၾကည့္ေနခဲ့ရပါတယ္။ ဒီအလွတ ရားေတြအျပင္ ဥာဏ္ရည္ဥာဏ္ေသြး၊ ပညာေရး၊ အဂၤလိပ္စကားေျပာ၊ ဗ ဟုသုတစတာေတြလည္း ျပည့္စုံတဲ့အတြက္ သူဟာသရဖူကိုထိုက္ထိုက္ တန္တန္ ဆြတ္ခူးရရွိသြားတာျဖစ္ပါတယ္။ သူဟာ ပါရာေဂြးႏိုင္ငံကိုယ္စား ျပဳ အလွမယ္နဒီယာဖရီရာ (Nadia Ferreira) နဲ႔ ေတာင္အာဖရိက ကိုယ္ စားျပဳ အလွမယ္လာလီလာမစ္ဆြန္ (Lalela Mswane) ကိုအႏိုင္ယူၿပီး အ လွဘုရင္မအျဖစ္ ဗိုလ္စြဲသြားတာပါ။ ေနာက္ဆုံး ဆန္ခါတင္ ငါးေယာက္ထဲမွာဖိလစ္ပိုင္ ကိုယ္စားျပဳအလွမယ္ ဘစ္ထရစ္လြီဂီဂိုမက္ဇ္(Beatrice Luigi Gomez) လည္း ပါခဲ့တာေၾကာင့္ ဖိလစ္ပိုင္ႏိုင္ငံသူ၊ ႏိုင္ငံသားေတြက အမ်ားႀကီးေမွ်ာ္လင့္ထားတာပါ။ ဒါေပမဲ့အိႏၵိယကိုယ္စားျပဳ ဟာနက္ဇ္ ဆန္ဒူ(Harnaaz Sandhu)ပဲသရဖူဆုႀကီးကို သိမ္းပိုက္သြားေတာ့ဖိလစ္ပိုင္ကလူေတြအေတာ္ႀကီးစိတ္ပ်က္သြားၾကပါတယ္။ ဆန္ခါတင္ေနာက္ ဆုံး အဆင့္အထိ ဖိလစ္ပိုင္ကိုယ္စားျပဳအလွမယ္ေတြ မင္းမူစိုးမိုးေနတာ ၁၂ ႏွစ္ဆက္တိုက္ရွိသြားပါၿပီ။ Miss Universe က်င္းပခဲ့တဲ့သက္တမ္းတေလွ်ာက္မွာဒီသရဖူကို ဖိလစ္ပိုင္ႏိုင္ငံသူေတြသိမ္းပိုက္သြားတာေလးႀကိမ္တိတိရွိေနပါၿပီ။ အိႏၵိယကေတာ့ ၂ဝ၂၁ ခုႏွစ္အပါအဝင္နဲ႔ဆို သုံးႀကိမ္ေပါ့။

၂ဝ၂၁ ခုနှစ် ပြိုင်ပွဲကြီးမှာတော့ ဟာနက်ဇ်ဆန်ဒူ(Harnaaz Sandhu) ဟာဖိလစ်ပိုင်အလှမယ်အပါအဝင် ပြိုင်ဘက်(၇၉)ယောက်ကို အပြတ်အ သတ်အနိုင်ရပြီး သရဖူကိုဆွတ်ခူးသွားတာပါ။ အိန္ဒိယနဲ့ (၂၁)နှစ်ကြာဝေး ကွာခဲ့ရတဲ့ Miss Universe သရဖူကို နိုင်ငံအတွက်ပြန်ယူပေးနိုင်ခဲ့လို့ပြောမပြတတ်အောင် ဝမ်းသာပီတိဖြစ်ရတယ်လို့ သူကပြောပါတယ်။ သူဟာ ၁၇ နှစ် သမီးအရွယ်ကတည်းကစလို့ အလှမယ်ပြိုင်ပွဲအမျိုးမျိုးမှာဝင်ပြိုင်ခဲ့ပြီး သရဖူဆုတွေလည်း ခဏခဏ ဆွတ်ခူးခဲ့ပါတယ်။ ဒါကြောင့်လည်း သူဟာ တကယ့်ပြိုင်ပွဲကြီးတွေမှာသက်သောင့်သက်သာဖြစ်နေပြီး ကိုယ့်ကိုယ်ကိုယ်လည်း ယုံကြည်မှုအပြည့်ရှိနေတာပါ။ ဒါ့အပြင် ကမ္ဘာကြီးပူနွေးလာမှုအကြောင်းပြောရမလား၊ ရာသီဥတုပြောင်းလဲလာမှုအကြောင်းပြော ရမလား သူကအေးအေးဆေးဆေးသွက်သွက်လက်လက်ပြောနိုင်ပါတယ်။ ဒါ့အပြင် သူက ဘယ်သူ့အသံကိုမဆို တူအောင်လိုက်တုပြီး ပြောတတ်ပါတယ်။ ဒါသာမက တိရစ္ဆာန်ပေါင်းစုံရဲ့အသံကိုပါ လိုက်လုပ်ပြတတ်ပါသေးတယ်။ သူဟာ တက္ကသိုလ်မှာလူထုစီမံခန့်ခွဲရေး ဘာသာရပ်မာစတာတန်း တက်နေတာပါ။ အစ္စရေးနိုင်ငံ အီလိတ်(Eilate)မြို့လေးမှာလုပ်သွားတဲ့အ လှမယ်ပြိုင်ပွဲကြီးမှာ ပြိုင်ပွဲဝင်ထိပ်သီးအလှမယ်လေးတွေဟာရိုးရာဝတ်စုံ၊ ရေကူးဝတ်စုံတွေဝတ်ပြီးယှဉ်ပြိုင်ခဲ့ရတဲ့အပြင် ဒိုင်တွေမေးတဲ့မေးခွန်းတွေ ကိုလည်း ဒက်ခနဲ၊ ဒက်ခနဲဖြေပြရပါတယ်။ မေးခွန်းတွေကို ဘယ်လောက် အထိ ဖြေနိုင်တယ်ဆိုတာကြည့်ပြီး သူတို့တွေလူအများရှေ့မှာ စကားပြော စွမ်းရည်ဘယ်လောက်အထိရှိတယ်ဆိုတာကို ဒိုင်တွေကဆုံးဖြတ်တာပါ။ ၂ဝ၂၁ ခုနှစ် သရဖူဆုရှင် ဟာနက်ဇ်ဆန်ဒူရဲ့မိခင်ဟာမီးယပ်သားဖွားအ ထူးကုဖြစ်ပါတယ်။ အိန္ဒိယသူ ဟာနက်ဇ်ဆန်ဒူဟာ အက ကတာ၊ မြင်းစီးတာ ဝါသနာပါပါတယ်။ သူဟာမော်ဒယ်ဆိုပေမယ့် ရုပ်ရှင်ကားတစ်ကားစ၊ နှစ်ကားစမှာသရုပ်ဆောင်ထားပြီးပါပြီ။

zawgyi version
၂ဝ၂၁ ခုႏွစ္ ၿပိဳင္ပြဲႀကီးမွာေတာ့ ဟာနက္ဇ္ဆန္ဒူ(Harnaaz Sandhu) ဟာဖိလစ္ပိုင္အလွမယ္အပါအဝင္ ၿပိဳင္ဘက္(၇၉)ေယာက္ကို အျပတ္အ သတ္အႏိုင္ရၿပီး သရဖူကိုဆြတ္ခူးသြားတာပါ။ အိႏၵိယနဲ႔ (၂၁)ႏွစ္ၾကာေဝး ကြာခဲ့ရတဲ့ Miss Universe သရဖူကို ႏိုင္ငံအတြက္ျပန္ယူေပးႏိုင္ခဲ့လို႔ေျပာမျပတတ္ေအာင္ ဝမ္းသာပီတိျဖစ္ရတယ္လို႔ သူကေျပာပါတယ္။ သူဟာ ၁၇ ႏွစ္ သမီးအ႐ြယ္ကတည္းကစလို႔ အလွမယ္ၿပိဳင္ပြဲအမ်ိဳးမ်ိဳးမွာဝင္ၿပိဳင္ခဲ့ၿပီး သရဖူဆုေတြလည္း ခဏခဏ ဆြတ္ခူးခဲ့ပါတယ္။ ဒါေၾကာင့္လည္း သူဟာ တကယ့္ၿပိဳင္ပြဲႀကီးေတြမွာသက္ေသာင့္သက္သာျဖစ္ေနၿပီး ကိုယ့္ကိုယ္ကိုယ္လည္း ယုံၾကည္မႈအျပည့္ရွိေနတာပါ။ ဒါ့အျပင္ ကမာၻႀကီးပူေႏြးလာမႈအေၾကာင္းေျပာရမလား၊ ရာသီဥတုေျပာင္းလဲလာမႈအေၾကာင္းေျပာ ရမလား သူကေအးေအးေဆးေဆးသြက္သြက္လက္လက္ေျပာႏိုင္ပါတယ္။ ဒါ့အျပင္ သူက ဘယ္သူ႔အသံကိုမဆို တူေအာင္လိုက္တုၿပီး ေျပာတတ္ပါတယ္။ ဒါသာမက တိရစာၦန္ေပါင္းစုံရဲ႕အသံကိုပါ လိုက္လုပ္ျပတတ္ပါေသးတယ္။ သူဟာ တကၠသိုလ္မွာလူထုစီမံခန႔္ခြဲေရး ဘာသာရပ္မာစတာတန္း တက္ေနတာပါ။ အစၥေရးႏိုင္ငံ အီလိတ္(Eilate)ၿမိဳ႕ေလးမွာလုပ္သြားတဲ့အ လွမယ္ၿပိဳင္ပြဲႀကီးမွာ ၿပိဳင္ပြဲဝင္ထိပ္သီးအလွမယ္ေလးေတြဟာ႐ိုးရာဝတ္စုံ၊ ေရကူးဝတ္စုံေတြဝတ္ၿပီးယွဥ္ၿပိဳင္ခဲ့ရတဲ့အျပင္ ဒိုင္ေတြေမးတဲ့ေမးခြန္းေတြ ကိုလည္း ဒက္ခနဲ၊ ဒက္ခနဲေျဖျပရပါတယ္။ ေမးခြန္းေတြကို ဘယ္ေလာက္ အထိ ေျဖႏိုင္တယ္ဆိုတာၾကည့္ၿပီး သူတို႔ေတြလူအမ်ားေရွ႕မွာ စကားေျပာ စြမ္းရည္ဘယ္ေလာက္အထိရွိတယ္ဆိုတာကို ဒိုင္ေတြကဆုံးျဖတ္တာပါ။ ၂ဝ၂၁ ခုႏွစ္ သရဖူဆုရွင္ ဟာနက္ဇ္ဆန္ဒူရဲ႕မိခင္ဟာမီးယပ္သားဖြားအ ထူးကုျဖစ္ပါတယ္။ အိႏၵိယသူ ဟာနက္ဇ္ဆန္ဒူဟာ အက ကတာ၊ ျမင္းစီးတာ ဝါသနာပါပါတယ္။ သူဟာေမာ္ဒယ္ဆိုေပမယ့္ ႐ုပ္ရွင္ကားတစ္ကားစ၊ ႏွစ္ကားစမွာသ႐ုပ္ေဆာင္ထားၿပီးပါၿပီ။

အလှမယ်ပြိုင်ပွဲကြီးတွေဟာ အိန္ဒိယမှာ ၁၉၅ဝ ပြည့်လွန်နှစ်တွေကစပြီး ရေပန်းစားလာတာ ဆိုပေမယ့် ၁၉၉၄ ခုနှစ်မှာကျမှ ဆူရှ်မီတာဆန် (Sushmita Sen) က Miss Universe ပြိုင်ပွဲကြီးမှာ၊ အစ်ရှ်ဝါယာရွိုင်
(Aishwarya Rai) က Miss World မှာ သရဖူအသီးသီးဆွတ်ခူးသွားခဲ့တာပါ။ ဒီလိုကမ္ဘာ့အဆင့်အလှမယ်ပြိုင်ပွဲကြီးတွေမှာ သရဖူဆုရှင်ဖြစ်သွားရင် ဘောလီဝုဒ်အထိပါတက်လှမ်းလို့ရလောက်တဲ့အထိ နာမည်အရမ်းကြီးသွားလေ့ရှိတာမို့ အလှမယ်ပြိုင်ပွဲကြီးတွေဟာအိန္ဒိယက မိန်းမချောလေးတွေအတွက် ရည်မှန်းချက်ပန်းတိုင်ဖြစ်လာပါတော့တယ်။ သရဖူဆုရှင်
ဖြစ်သွားပြီဆိုတာနဲ့ သူတို့ဟာအသိအမှတ်ပြုခံရ၊ အလုပ်တွေအများကြီး ကမ်းလှမ်းခံရတော့တာပါ။ ဒါကြောင့် အလှမယ်ပြိုင်ပွဲကြီးတွေမှာ သရဖူ ရရေးဟာ အိန္ဒိယမိန်းမချောလေးတွေအတွက် ရည်မှန်းချက်ကြီးဖြစ်လာတော့တာဖြစ်ပါတယ်။ ၂ဝ၂၁ခုနှစ်မှာ အသက်(၂၁)နှစ်အရွယ်ဟာနက်ဇ် ဆန်ဒူ(Harnaaz Sandhu )က ပြိုင်စံရှားဖြစ်သွားပြီး သရဖူဆောင်းသွားတော့ အိန္ဒိယနိုင်ငံသားတွေ ဂုဏ်ယူမဆုံးဖြစ်နေတော့တာပေါ့။

zawgyi version
အလွမယ္ၿပိဳင္ပြဲႀကီးေတြဟာ အိႏၵိယမွာ ၁၉၅ဝ ျပည့္လြန္ႏွစ္ေတြကစၿပီး ေရပန္းစားလာတာ ဆိုေပမယ့္ ၁၉၉၄ ခုႏွစ္မွာက်မွ ဆူရွ္မီတာဆန္ (Sushmita Sen) က Miss Universe ၿပိဳင္ပြဲႀကီးမွာ၊ အစ္ရွ္ဝါယာ႐ြိဳင္(Aishwarya Rai) က Miss World မွာ သရဖူအသီးသီးဆြတ္ခူးသြားခဲ့တာပါ။ ဒီလိုကမာၻ႔အဆင့္အလွမယ္ၿပိဳင္ပြဲႀကီးေတြမွာ သရဖူဆုရွင္ျဖစ္သြားရင္ ေဘာလီဝုဒ္အထိပါတက္လွမ္းလို႔ရေလာက္တဲ့အထိ နာမည္အရမ္းႀကီးသြားေလ့ရွိတာမို႔ အလွမယ္ၿပိဳင္ပြဲႀကီးေတြဟာအိႏၵိယက မိန္းမေခ်ာေလးေတြအတြက္ ရည္မွန္းခ်က္ပန္းတိုင္ျဖစ္လာပါေတာ့တယ္။ သရဖူဆုရွင္ျဖစ္သြားၿပီဆိုတာနဲ႔ သူတို႔ဟာအသိအမွတ္ျပဳခံရ၊ အလုပ္ေတြအမ်ားႀကီး ကမ္းလွမ္းခံရေတာ့တာပါ။ ဒါေၾကာင့္ အလွမယ္ၿပိဳင္ပြဲႀကီးေတြမွာ သရဖူ ရေရးဟာ အိႏၵိယမိန္းမေခ်ာေလးေတြအတြက္ ရည္မွန္းခ်က္ႀကီးျဖစ္လာေတာ့တာျဖစ္ပါတယ္။ ၂ဝ၂၁ခုႏွစ္မွာ အသက္(၂၁)ႏွစ္အ႐ြယ္ဟာနက္ဇ္ ဆန္ဒူ(Harnaaz Sandhu )က ၿပိဳင္စံရွားျဖစ္သြားၿပီး သရဖူေဆာင္းသြားေတာ့ အိႏၵိယႏိုင္ငံသားေတြ ဂုဏ္ယူမဆုံးျဖစ္ေနေတာ့တာေပါ့။

Related news

© 2021. All rights reserved.