ပတ္တရားမြို့ရှိ ဟိုတယ်တစ်ခုတွင် မြန်မာနှစ်ဦးအပါအဝင် လောင်ကစားလုပ်သူ(၄ဝ) ကျော်ကိုဖမ်းဆီးရမိ

715

ဂျန်ဇက် (NP News) - ဒီဇင်ဘာ ၃ဝ
ထိုင်းနိုင်ငံပတ္တရားမြို့ရှိ ရဲတပ်ဖွဲ့ဟာအင်္ဂါနေ့ညပိုင်းကမြို့အတွင်းရှိကြယ်လေးပွင့်အဆင့်ရှိဟိုတယ်တစ်ခုကိုစီးနင်းခဲ့ရာ လောင်းကစားသမား(၄၂) ဦးကိုဖမ်းဆီးနိုင်တဲ့အပြင် လောင်းကစားဒိုင်ပိုင်ဆိုင်တဲ့ ဘတ်ငွေ(၁၇) သန်းကျော်ကိုလည်းသိမ်းဆည်းရမိခဲ့တယ်လို့သိရပါတယ်။ ဖမ်းဆီးရမိသူတွေထဲမှာလောင်းကစားဒိုင်မှာအလုပ်လုပ်တဲ့ မြန်မာလုပ်သားနှစ်ဦးလည်းပါတယ်လို့သိရပါတယ်။
ပတ္တယာမြို့တရားရုံးက ဖမ်းဝရမ်းလက်ခံရရှိခဲ့ပြီးနောက် မြို့ရဲတပ်ဖွဲ့အ ကြီးအကဲရဲမှူးကြီး Kulachart Kulchai ဦးဆောင်ကာ Le Vernissage ဟိုတယ်ရှိအခန်းတွေကိုစီးနင်းရှာဖွေခဲ့ပြီး လောင်ကစားသမားတွေကို ဖမ်းဆီးခဲ့တာဖြစ်တယ်လို့သိရပါတယ်။ ရဲတပ်ဖွဲ့ဟာ လောင်ကစားဝိုင်းရဲ့လုံခြုံရေးတွေအပါအဝင် လူပေါင်း(၄၂)ဦးကိုဖမ်းဆီးနိုင်ခဲ့ပြီး အများစုဟာ ဖဲရိုက်နေခြင်းဖြစ်ပြီး face masks များဝတ်ဆင်ထားခြင်းမရှိဘူးလို့ဆိုပါတယ်။ ရဲတပ်ဖွဲ့ဟာ စားပွဲအပါအဝင်လောင်းကစားပြုလုပ်ရာမှာအ သုံးပြုတဲ့ပစ္စည်းတွေဖြစ်တဲ့ဖဲချပ်တွေအပြင် ဘတ်သန်း(၅ဝဝ)တန်ဖိုးရှိ လောင်းကစားချက်ပ်စ်တွေနဲ့ ဘတ်ငွေ (၂)သန်းကို သိမ်းဆည်းနိုင်ခဲ့တယ်လို့သိရပါတယ်။
ဒါ့အပြင် ရဲတပ်ဖွဲ့ဟာ လောင်ကစားဝိုင်းလုံခြုံရေးအဖွဲ့တွေထံကနေ သေ နတ်သုံးလက်ကိုသိမ်းဆည်းနိုင်ခဲ့တယ်လို့သိရပါတယ်။ လောင်းကစားဒိုင်ဖြစ်တဲ့ အသက်(၄၇)နှစ်အရွယ်ရှိ Weerapong Premchaiporn ကိုဖမ်း ဆီးနိုင်ခဲ့ပြီး ၎င်းနဲ့အတူ ငွေသားဘတ်(၁၇)သန်းကို သိမ်းဆည်းနိုင်ခဲ့တယ်လို့ရဲတပ်ဖွဲ့ကဆိုပါတယ်။ ရဲတပ်ဖွဲ့ဟာ စီးနင်းမှုမလုပ်ခင်ဘဏ်အကောင့်တွေထဲရှိ ငွေသားဘတ်(၃၂)သန်းကို ခြေရာခံလိုက်ခဲ့တယ်လို့သိရပါတယ်။ ရဲတပ်ဖွဲ့အနေနဲ့နောက်ထပ်စုံစမ်းနိုင်ဖို့ ဘဏ်အကောင့်တွေထဲကသိမ်းဆည်းထားတဲ့ဘတ်ငွေသုံးသန်းကို ငွေကြေးခဝါချမှုတိုက်ဖျက်ရေးရုံးထံသက်သေပေးပို့သွားမှာဖြစ်တယ်လို့ ရဲတပ်ဖွဲ့အကြီးအကဲ Kulachart Kulchai ကပြောပါတယ်။ လောင်းကစားဒိုင်ဖြစ်တဲ့ Weerapong Premchaiporn က မိမိအနေနဲ့ပတ္တယားမြို့ကိုမပြောင်း ရွှေ့ခင် ရနောင်းမြို့မှာလည်း ဖဲဝိုင်းဒိုင်အဖြစ်လုပ်ကိုင်ခဲ့တယ်လို့ဝန်ခံထားပါတယ်။
zawgyi version
ပတၱယာၿမိဳ႕ရွိ ဟိုတယ္တစ္ခုတြင္ ျမန္မာႏွစ္ဦးအပါအဝင္ ေလာင္ကစားလုပ္သူ(၄ဝ) ေက်ာ္ကိုဖမ္းဆီးရမိ
ဂ်န္ဇက္ (NP News) - ဒီဇင္ဘာ ၃ဝ
ထိုင္းႏိုင္ငံပတၱယာၿမိဳ႕ရွိ ရဲတပ္ဖြဲ႕ဟာအဂၤါေန႔ညပိုင္းကၿမိဳ႕အတြင္းရွိၾကယ္ေလးပြင့္အဆင့္ရွိဟိုတယ္တစ္ခုကိုစီးနင္းခဲ့ရာ ေလာင္းကစားသမား(၄၂)ဦးကိုဖမ္းဆီးႏိုင္တဲ့အျပင္ ေလာင္းကစားဒိုင္ပိုင္ဆိုင္တဲ့ ဘတ္ ေငြ(၁၇)သန္းေက်ာ္ကိုလည္းသိမ္းဆည္းရမိခဲ့တယ္လို႔သိရပါတယ္။ ဖမ္းဆီးရမိသူေတြထဲမွာ ေလာင္းကစားဒိုင္မွာအလုပ္လုပ္တဲ့ ျမန္မာလုပ္ သားႏွစ္ဦးလည္းပါတယ္လို႔သိရပါတယ္။
ပတၱယာၿမိဳ႕တရား႐ုံးက ဖမ္းဝရမ္းလက္ခံရရွိခဲ့ၿပီးေနာက္ ၿမိဳ႕ရဲတပ္ဖြဲ႕အ ႀကီးအကဲရဲမႉးႀကီး Kulachart Kulchai ဦးေဆာင္ကာ Le Vernissage ဟိုတယ္ရွိအခန္းေတြကိုစီးနင္းရွာေဖြခဲ့ၿပီး ေလာင္ကစားသမားေတြကို ဖမ္းဆီးခဲ့တာျဖစ္တယ္လို႔သိရပါတယ္။ ရဲတပ္ဖြဲ႕ဟာ ေလာင္ကစားဝိုင္းရဲ႕လုံၿခဳံေရးေတြအပါအဝင္ လူေပါင္း(၄၂)ဦးကိုဖမ္းဆီးႏိုင္ခဲ့ၿပီး အမ်ားစုဟာ ဖဲ႐ိုက္ေနျခင္းျဖစ္ၿပီး face masks မ်ားဝတ္ဆင္ထားျခင္းမရွိဘူးလို႔ဆိုပါတယ္။ ရဲတပ္ဖြဲ႕ဟာ စားပြဲအပါအဝင္ေလာင္းကစားျပဳလုပ္ရာမွာအ သုံးျပဳတဲ့ပစၥည္းေတြျဖစ္တဲ့ဖဲခ်ပ္ေတြအျပင္ ဘတ္သန္း(၅ဝဝ)တန္ဖိုးရွိ ေလာင္းကစားခ်က္ပ္စ္ေတြနဲ႔ ဘတ္ေငြ (၂)သန္းကို သိမ္းဆည္းႏိုင္ခဲ့တယ္လို႔သိရပါတယ္။
ဒါ့အျပင္ ရဲတပ္ဖြဲ႕ဟာ ေလာင္ကစားဝိုင္းလုံၿခဳံေရးအဖြဲ႕ေတြထံကေန ေသ နတ္သုံးလက္ကိုသိမ္းဆည္းႏိုင္ခဲ့တယ္လို႔သိရပါတယ္။ ေလာင္းကစားဒိုင္ျဖစ္တဲ့ အသက္(၄၇)ႏွစ္အ႐ြယ္ရွိ Weerapong Premchaiporn ကိုဖမ္း ဆီးႏိုင္ခဲ့ၿပီး ၎နဲ႔အတူ ေငြသားဘတ္(၁၇)သန္းကို သိမ္းဆည္းႏိုင္ခဲ့တယ္လို႔ရဲတပ္ဖြဲ႕ကဆိုပါတယ္။ ရဲတပ္ဖြဲ႕ဟာ စီးနင္းမႈမလုပ္ခင္ဘဏ္အေကာင့္ေတြထဲရွိ ေငြသားဘတ္(၃၂)သန္းကို ေျခရာခံလိုက္ခဲ့တယ္လို႔သိရပါတယ္။ ရဲတပ္ဖြဲ႕အေနနဲ႔ေနာက္ထပ္စုံစမ္းႏိုင္ဖို႔ ဘဏ္အေကာင့္ေတြထဲကသိမ္းဆည္းထားတဲ့ဘတ္ေငြသုံးသန္းကို ေငြေၾကးခဝါခ်မႈတိုက္ဖ်က္ေရး႐ုံးထံသက္ေသေပးပို႔သြားမွာျဖစ္တယ္လို႔ ရဲတပ္ဖြဲ႕အႀကီးအကဲ Kulachart Kulchai ကေျပာပါတယ္။ ေလာင္းကစားဒိုင္ျဖစ္တဲ့ Weerapong Premchaiporn က မိမိအေနနဲ႔ပတၱယားၿမိဳ႕ကိုမေျပာင္း ေ႐ႊ႕ခင္ ရေနာင္းၿမိဳ႕မွာလည္း ဖဲဝိုင္းဒိုင္အျဖစ္လုပ္ကိုင္ခဲ့တယ္လို႔ဝန္ခံထားပါတယ္။