အမေရိကန်သမ္မတက ယူကရိန်းနိုင်ငံရဲ့အချုပ်အခြာနဲ့ပိုင်နက်အတွက် ကူညီထောက်ပံ့ပေးသွားမယ်လို့ကတိပြု

463

ဂျန်ဇက် (NP News) - ဇန်နဝါရီ ၁
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ဟာ ရုရှားသမ္မတပူတင်နဲ့ဆွေးနွေးခဲ့ပြီးနောက် ယူကရိန်းသမ္မတ ဗိုလိုဒီမာဇီလန်စကီးနဲ့ဖုန်းဆက်ဆွေးနွေးခဲ့တယ်လို့ နှစ်ဖက်စလုံးကအတည်ပြုခဲ့ပါတယ်။ အမေရိကန်သမ္မတဟာ ပြီးခဲ့တဲ့ရက်ပိုင်းမှာ ရုရှားသမ္မတပူတင်နဲ့တွေ့ဆုံဆွေနွေးစဉ်အတွင်း ယူကရိန်းကိုကျူးကျော်မှုလုပ်မယ်ဆိုရင် တုံ့ပြန်မှုတွေနဲ့ရင်ဆိုင်ရမယ်လို့ သ တိပေးခဲ့ပါတယ်။
ဂျိုးဘိုင်ဒန်ဟာ ယူကရိန်းသမ္မတနဲ့ဆွေးနွေးချိန်အတွင်း ယူကရိန်းနိုင်ငံရဲ့ အချုပ်အခြာနဲ့ပိုင်နက်အတွက် အမေရိကန်က ကူညီထောက်ပံ့ပေးသွားမှာဖြစ်ကြောင်းအခိုင်မာကတိပြုခဲ့ပါတယ်။ ဒါ့ပြင်အမေရိကန်သမ္မတနဲ့ယူကရိန်းသမ္မတတို့ဟာ ယူကရိန်းနယ်စပ်မှာရုရှားရဲ့စစ်ရေးတည် ဆောက်မှုအခြေနေတွေကိုဆွေးနွေးခဲ့တဲ့အပြင် ဒေသအတွင်းတင်းမာမှုတွေကိုလျော့ချနိုင်အောင်ကူညီပေးဖို့ပြုလုပ်မယ့် သံတမန်ရေးစေ့စပ်ဆွေးနွေးမှုတွေကိုလည်းထည့်သွင်းဆွေးနွေးခဲ့တယ်လို့ အမေရိကန်အစိုး ရက သတင်းထုတ်ပြန်ခဲ့ပါတယ်။
ယူကရိန်းသမ္မတက"ဥရောပလုံခြုံရေးနဲ့ ယူကရိန်းငြိမ်းချမ်းရေးအတွက် အဆင့်တိုင်းကိုပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်”လို့ပြောပါတယ်။အမေရိကန်နဲ့ဥရောပမဟာမိတ်နိုင်ငံတွေက ယူကရိန်းနိုင်ငံအပေါ်ရုရှား က ကျူးကျော်မှုအသစ်တွေထပ်မံလုပ်ဆောင်ဖို့ကြိုးပမ်းနေတယ်လို့ စွပ် စွဲနေပါတယ်။ ရုရှားဟာ ယူကရိန်းနယ်စပ်အနီးကို တပ်ဖွဲ့ဝင်ပေါင်း(၁) သိန်းစေလွှတ်ဖြန့်ကျက်ခဲ့ပြီးနောက် အမေရိကန်နဲ့မဟာမိတ်တွေကအခု လိုမျိုးစွပ်စွဲချက်တွေထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ ရုရှားဟာ ၂ဝ၁၄ ခုနှစ်က ယူကရိန်းပိုင်နက်ဖြစ်တဲ့ ခရိုင်းမီးယားဒေသကို ကျူးကျော်သိမ်း ပိုက်ခဲ့ဖူးပါတယ်။ ရုရှားကတော့နယ်စပ်ဒေသမှာ တပ်ဖွဲ့ဝင်တွေချထားခြင်းဟာ နေတိုးအဖွဲ့ရဲ့စစ်ရေးတိုးချဲ့နေခြင်းကို ကာကွယ်ဖို့ဖြစ်တယ်လို့တုံ့ပြန်ထားပါတယ်။ ရုရှားဟာ အိမ်နီးချင်းယူကရိန်းကို နေတိုးအဖွဲ့ဝင်နိုင်ငံအဖြစ်ခွင့်မပြုဖို့ နေတိုးမဟာမိတ်အဖွဲ့ထံတောင်းဆိုထားတယ်လို့ သိရပါတယ်။
zawgyi version
အေမရိကန္သမၼတက ယူကရိန္းႏိုင္ငံရဲ႕အခ်ဳပ္အျခာနဲ႔ပိုင္နက္အတြက္ ကူညီေထာက္ပံ့ေပးသြားမယ္လို႔ကတိျပဳ
ဂ်န္ဇက္ (NP News) - ဇန္နဝါရီ ၁
အေမရိကန္သမၼတ ဂ်ိဳးဘိုင္ဒန္ဟာ ႐ုရွားသမၼတပူတင္နဲ႔ေဆြးေႏြးခဲ့ၿပီးေနာက္ ယူကရိန္းသမၼတ ဗိုလိုဒီမာဇီလန္စကီးနဲ႔ဖုန္းဆက္ေဆြးေႏြးခဲ့တယ္လို႔ ႏွစ္ဖက္စလုံးကအတည္ျပဳခဲ့ပါတယ္။ အေမရိကန္သမၼတဟာ ၿပီးခဲ့တဲ့ရက္ပိုင္းမွာ ႐ုရွားသမၼတပူတင္နဲ႔ေတြ႕ဆုံေဆြေႏြးစဥ္အတြင္း ယူကရိန္းကိုက်ဴးေက်ာ္မႈလုပ္မယ္ဆိုရင္ တုံ႔ျပန္မႈေတြနဲ႔ရင္ဆိုင္ရမယ္လို႔ သ တိေပးခဲ့ပါတယ္။
ဂ်ိဳးဘိုင္ဒန္ဟာ ယူကရိန္းသမၼတနဲ႔ေဆြးေႏြးခ်ိန္အတြင္း ယူကရိန္းႏိုင္ငံရဲ႕ အခ်ဳပ္အျခာနဲ႔ပိုင္နက္အတြက္ အေမရိကန္က ကူညီေထာက္ပံ့ေပးသြားမွာျဖစ္ေၾကာင္းအခိုင္မာကတိျပဳခဲ့ပါတယ္။ ဒါ့ျပင္အေမရိကန္သမၼတနဲ႔ယူကရိန္းသမၼတတို႔ဟာ ယူကရိန္းနယ္စပ္မွာ႐ုရွားရဲ႕စစ္ေရးတည္ ေဆာက္မႈအေျခေနေတြကိုေဆြးေႏြးခဲ့တဲ့အျပင္ ေဒသအတြင္းတင္းမာမႈေတြကိုေလ်ာ့ခ်ႏိုင္ေအာင္ကူညီေပးဖို႔ျပဳလုပ္မယ့္ သံတမန္ေရးေစ့စပ္ေဆြးေႏြးမႈေတြကိုလည္းထည့္သြင္းေဆြးေႏြးခဲ့တယ္လို႔ အေမရိကန္အစိုး ရက သတင္းထုတ္ျပန္ခဲ့ပါတယ္။
ယူကရိန္းသမၼတက"ဥေရာပလုံၿခဳံေရးနဲ႔ ယူကရိန္းၿငိမ္းခ်မ္းေရးအတြက္ အဆင့္တိုင္းကိုပူးေပါင္းေဆာင္႐ြက္သြားမွာျဖစ္ပါတယ္”လို႔ေျပာပါတယ္။အေမရိကန္နဲ႔ဥေရာပမဟာမိတ္ႏိုင္ငံေတြက ယူကရိန္းႏိုင္ငံအေပၚ႐ုရွား က က်ဴးေက်ာ္မႈအသစ္ေတြထပ္မံလုပ္ေဆာင္ဖို႔ႀကိဳးပမ္းေနတယ္လို႔ စြပ္ စြဲေနပါတယ္။ ႐ုရွားဟာ ယူကရိန္းနယ္စပ္အနီးကို တပ္ဖြဲ႕ဝင္ေပါင္း(၁) သိန္းေစလႊတ္ျဖန႔္က်က္ခဲ့ၿပီးေနာက္ အေမရိကန္နဲ႔မဟာမိတ္ေတြကအခု လိုမ်ိဳးစြပ္စြဲခ်က္ေတြထြက္ေပၚလာခဲ့တာျဖစ္ပါတယ္။ ႐ုရွားဟာ ၂ဝ၁၄ ခုႏွစ္က ယူကရိန္းပိုင္နက္ျဖစ္တဲ့ ခ႐ိုင္းမီးယားေဒသကို က်ဴးေက်ာ္သိမ္း ပိုက္ခဲ့ဖူးပါတယ္။ ႐ုရွားကေတာ့နယ္စပ္ေဒသမွာ တပ္ဖြဲ႕ဝင္ေတြခ်ထားျခင္းဟာ ေနတိုးအဖြဲ႕ရဲ႕စစ္ေရးတိုးခ်ဲ႕ေနျခင္းကို ကာကြယ္ဖို႔ျဖစ္တယ္လို႔တုံ႔ျပန္ထားပါတယ္။ ႐ုရွားဟာ အိမ္နီးခ်င္းယူကရိန္းကို ေနတိုးအဖြဲ႕ဝင္ႏိုင္ငံအျဖစ္ခြင့္မျပဳဖို႔ ေနတိုးမဟာမိတ္အဖြဲ႕ထံေတာင္းဆိုထားတယ္လို႔ သိရပါတယ္။