“အမေရိကန်နဲ့ တရုတ် ချနေတာကြောင့် မြန်မာက အရေးပါတာ”
5303
တွေ့ဆုံမေးမြန်း - ကျော်မျိုးမင်း၊ ရေးသား - စည်သူဟိန်း
မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ နိုင်ငံရေးပြဿနာကြီးနဲ့ပတ်သက်ရင် နိုင်ငံတကာဆက်ဆံရေးမှာ သိကိုသိရမယ့် အချက်တွေကိုမေ့လျော့ပြီး စိတ်ခံစားမှုနောက်မှာ ကပ်ပါနေကြပါတယ်။ အိမ်နီးချင်းတရုတ်နိုင်ငံနဲ့ ဆက်ဆံရေး မှာလည်း အလားတူဖြစ်သလို အမေရိကန်-မြန်မာ-တရုတ် သုံးပွင့်ဆိုင်ဆက်ဆံရေးမှာ မဖြစ်မနေစဉ်းစားရမယ့် အချက်တွေကို တရုတ်-မြန်မာအရေးကျွမ်းကျင်သုတေသီဒေါက်တာဟိန်းခိုင်ကို NP News က ဆက်သွယ် မေးမြန်းဆွေးနွေးထားပါတယ်။
ဒေါက်တာဟိန်းခိုင်ရဲ့ပြောကြားချက်တွေဟာ လက်ရှိမြေပြင်အရှိတရားနဲ့ အနီးစပ်ဆုံးမှာရှိနေသလို မြန်မာနိုင်ငံ သားတိုင်း သေချာပေါက် အတွေးအခေါ်ကောင်းတွေရစေမယ်လို့ NP News ဘက်က ယုံကြည်ပါတယ်။ ပညာရှင်တစ်ဦးရဲ့ ပညာရှင်ဆန်ဆန်တွေးခေါ် တွက်ချက်စဉ်းစားပြောကြားမှုတွေကို ဖော်ပြပေးလိုက်ပါတယ်။
မေး ။ ။ ဆရာဟိန်းခိုင် မင်္ဂလာပါခင်ဗျ။ ပထမဆုံးအနေနဲ့ ကျွန်တော်တို့ NP News ကို အင်တာဗျူးပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော်သိချင်တာကတော့ တရုတ်-မြန်မာဆက်ဆံရေးအကြောင်းပါ။ တရုတ်-မြန်မာဆက်ဆံရေးနဲ့ပတ်သက်လို့ ဆရာဟိန်းခိုင် လေ့လာနေတဲ့အပိုင်းကို အရင်ဆုံး အကြမ်းဖျင်းပြောပြပေးပါ။
ဖြေ ။ ။ ကျွန်တော်တို့ တရုတ်-မြန်မာဆက်ဆံရေးလို့ ပြောတိုင်းပြောတိုင်း အရင်ဆုံးအနေနဲ့ တရုတ်နိုင်ငံရဲ့ နိုင်ငံတကာဆက်ဆံရေးကို နားလည်ဖို့လိုတယ်။ တရုတ်နိုင်ငံဟာ ရှီကျင်းဖျင်သမ္မတအဖြစ် တက်လာပြီးနောက် နိုင်ငံတကာဆက်ဆံရေးမူ(၄)ချက်ကို ချမှတ်ခဲ့တယ်။ ပထမဆုံးအချက်က နိုင်ငံကြီးက အဓိက။ ဒုတိယအချက် အနေနဲ့ အိမ်နီးချင်းက ဦးစားပေး။ တတိယအချက်က ဖွံ့ဖြိုးဆဲနိုင်ငံက အခြေခံ။ စတုတ္ထအချက်အနေနဲ့ကတော့ ဘက်ပေါင်စုံပလက်ဖောင်းက ဇာတ်စင်မြင့်။ အဲဒီတော့ကျွန်တော် ဒီမူ(၄)ချက်ကို ပြန်ပြီးသုံးသပ်ရှင်းပြရမယ်ဆို ရင် တရုတ်နိုင်ငံရဲ့နိုင်ငံတကာဆက်ဆံရေးမှာ အရေးကြီးဆုံးကဘာလဲဆိုရင် ပထမဆုံးတစ်ချက်မှာပါတဲ့ နိုင်ငံ ကြီးက အဓိက။ အဲဒီတော့ နိုင်ငံကြီးဆိုတာဘာလဲ။ ဘက်စုံအင်အားတောင့်တင်းတဲ့နိုင်ငံကြီးကို ပြောတာလား။ ကျွန်တော်တို့အားလုံးသိပြီးသား တရုတ်နိုင်ငံက စီးပွားရေးအရ ကမ္ဘာမှာ နံပါတ်(၂)နေရာကိုရောက်နေပြီ။ အဲဒီ တော့ သူ့ထက် အင်အားကြီးတာဆိုလို့ အမေရိကန်ပဲ ရှိတော့တယ်။ အမေရိကန်ကတော့ နိုင်ငံကြီးဆိုတာ ဘာမှ ပြောစရာမလိုဘူး။ နောက်ပြီးတော့ ရုရှားပေါ့။ ရုရှားက စီးပွားရေးအနည်းငယ်ကျဆင်းနေပေမယ့် စစ်ရေးအရ၊ နိုင်ငံတကာဩဇာအရ ရုရှားကလည်း အင်အားကြီးတဲ့နိုင်ငံဖြစ်တယ်။ အဲဒီနိုင်ငံ နှစ်နိုင်ငံကိုပဲ တရုတ်အနေနဲ့က နိုင်ငံကြီးလို့ သတ်မှတ်လို့ရတယ်။ ဆိုလိုတာက တရုတ်ရဲ့နိုင်ငံတကာဆက်ဆံရေးထဲမှာ အရေးကြီးဆုံးက အမေ ရိကန်နဲ့ ရုရှားဖြစ်တယ်။ ကျန်တဲ့နိုင်ငံတွေနဲ့ဆက်ဆံရေးက အမေရိကန်၊ ရုရှားနဲဆက်ဆံရေးကိုအခြေခံတဲ့ နိုင်ငံ တကာဆက်ဆံရေးပဲဖြစ်တယ်။ အဲဒီတော့ အမေရိကန်နဲ့ ရုရှားပြီးရင် ဦးစားပေးရမယ့်နိုင်ငံတွေကတော့ သူ့ရဲ့ ဒုတိယမူမှာပါတဲ့ အိမ်နီးချင်းဦးစားပေးဖြစ်တယ်။ အဲဒီတော့ အိမ်နီးချင်းနိုင်ငံကိုဦးစားပေးရမယ်။ အဲဒီတော့ မြန်မာနိုင်ငံက နည်းနည်းပျော်သွားလိမ့်မယ်။ မြန်မာနိုင်ငံကလည်း တရုတ်နိုင်ငံရဲ့အိမ်နီးချင်းနိုင်ငံပေါ့။ အဲဒီတော့ ဦးစားပေးစာရင်းထဲမှာပါလားဆိုတော့ ပါပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ကြည့်ရမှာက တရုတ်နိုင်ငံဟာ ကမ္ဘာ ပေါ်မှာ အိမ်နီးချင်းအများဆုံးနိုင်ငံဖြစ်တယ်။ သူ့ဆီမှာ အိမ်နီးချင်းနိုင်ငံ(၁၅) နိုင်ငံတောင် ရှိတယ်။ အဲဒီ(၁၅) နိုင်ငံ ကိုပြန်ကြည့်ရင် ခုနကပြောတဲ့နိုင်ငံကြီးစားရင်းထဲမှာပါတဲ့ ရုရှားနိုင်ငံကလည်း တရုတ်ရဲ့အိမ်နီးချင်းနိုင်ငံဖြစ် တယ်။ ပြီးတော့ အိန္ဒိယနိုင်ငံဆိုရင်လည်း တရုတ်ရဲ့အိမ်နီးချင်းနိုင်ငံဖြစ်တယ်။ ကျွန်တော်တို့သိတာက အိန္ဒိယဆို တာ တရုတ်ရဲ့နိုင်ငံကြီးစာရင်းထဲမှာ မပါရင်တောင်မှ အထိုက်အလျောက် အင်အားကြီးတဲ့နိုင်ငံစာရင်းထဲမှာပါ တယ်။ ပြီးတော့ အရေးကြီးဆုံးက တရုတ်နိုင်ငံနဲ့သူက နယ်နိမိတ်ပြဿနာရှိတယ်။ နောက်ပြီးတော့ တရုတ်နိုင်ငံ ရဲ့အရှေ့ပိုင်းမှာရှိတဲ့ မြောက်ကိုရီးယားပေါ့။ သူကလည်း ဘာလို့အရေးကြီးလဲဆိုတာ လူတိုင်းသိတယ်။ သူက တောင်ကိုရီးယားနဲ့လည်းပြဿနာရှိတယ်။ ပြီးတော့ နိုင်ငံရေး Ideology အရ တရုတ်နဲ့လည်း ခင်မင်တဲ့ဆက်ဆံ ရေး ရှိတယ်ဆိုတာ ဒါကအရေးကြီးတယ်။ အဲဒီတော့ အိမ်နီးနားချင်းထဲမှာတောင် ဦးစားပေးအရ ခွဲမယ်ဆိုရင် ရုရှား၊ အိန္ဒိယ၊ မြောက်ကိုရီးယား ဒါတွေက တကယ့်ဦးစားပေးဖြစ်တယ်။ နောက်ပြီးတော့ ဗီယက်နမ်ပေါ့။ ဗီယက်နမ်ကလည်း ကျွန်းပိုင်ဆိုင်မှုတွေ ပြဿနာရှိတယ်။ ဒါက ပထမဦးစားပေါ့။ ဒုတိယဦးစားပေးမှာကြည့်ရင် ပါကစ္စတန်ရှိမယ်။ ပါကစ္စတန်က ဘာလို့အရေးကြီးလည်းဆိုရင် အိန္ဒိယနဲ့ဆက်စပ်နေတယ်။ အာဖဂန်လည်း ဆက်စပ်နေတယ်။ အာဖဂန်မှာ တာလီဘန်တွေရှိတယ်ဆိုတာ လူတိုင်းသိတယ်။ အဲဒီတော့ ပါကစ္စတန်ဟာ ဘယ်လောက်ထိအရေးကြီးတယ်ဆိုတာ ကျွန်တော်တို့သိနိုင်တယ်။ ပြီးတော့ မြန်မာပေါ့။ မြန်မာကလည်း အရေး ကြီးပါတယ်။ မြန်မာနိုင်ငံကတော့ တရုတ်အတွက် အိမ်နီးချင်းဦးစားပေးနိုင်ငံတွေထဲမှာ ဒုတိယတန်းလောက်မှာ ရှိတယ်။ အိမ်နီးချင်းနိုင်ငံပြီးရင် သူ့ရဲ့တတိယမူမှာပါတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေကိုအခြေခံပြီးတော့ လုပ်ရမယ်ဆိုတာ ပါတယ်။ ကျွန်တော်တို့အားလုံးသိတာကလည်း လက်ရှိနိုင်ငံတကာအခင်းအကျင်းကိုပြောမယ်ဆိုရင် အားလုံး သိ တဲ့အတိုင်း တရုတ်နိုင်ငံဟာ တချို့သောဖွံ့ဖြိုးပြီးနိုင်ငံတွေ၊ အဓိကအားဖြင့်တော့ အနောက်တိုင်းနိုင်ငံတွေနဲ့ ပြိုင်ဆိုင်မှုတွေရှိတယ်။ တချို့နိုင်ငံတွေနဲ့ တင်းမာမှုတွေရှိတယ်။ အဲဒီလိုနိုင်ငံတွေနဲ့ တင်းမာမှုတွေရှိတဲ့အချိန်မှာ အားပြုပြီးအပြိုင်အဆိုင်လုပ်ဖို့အတွက် သူ့မှာလည်း မိတ်ဖွဲ့ဖို့လိုတယ်။ မိတ်ဖွဲ့တဲ့အချိန်မှာလည်း ပြောရမယ်ဆို ရင် တရုတ်နိုင်ငံဟာ ကမ္ဘာ့ဒုတိယအကြီးဆုံး စီးပွားရေးနိုင်ငံဖြစ်နေပေမယ့် ဖွံ့ဖြိုးဆဲနိုင်ငံအဖြစ်ပဲ ရပ်တည်တယ်။ အဲဒီတော့ ဖွဲ့ဖြိုးဆဲနိုင်ငံတွေကိုစုစည်း အားယူပြီးတော့ ဖွံ့ဖြိုးပြီးနိုင်ငံတွေနဲ့ သူကယှဉ်ပြိုင်ချင်တယ်။ အဲဒီတော့ ဖွံ့ဖြိုးဆဲနိုင်ငံတွေနဲ့ဆက်ဆံရေးကို သူကပိုပြီးဦးစားပေးတယ်။ အဲဒီအထဲမှာ မြန်မာနိုင်ငံကတော့ ဖွံ့ဖြိုးဆဲနိုင်ငံ အထဲမှာ ပါတာပေါ့။ အဲဒီတော့ မြန်မာနိုင်ငံနဲ့ဆက်ဆံရေးကလည်း အခြေခံကျတဲ့ဆက်ဆံရေးထဲပါတာပေါ့။ စတုတ္ထမူကတော့ ဘက်ပေါင်းစုံပလက်ဖောင်းက ဇာတ်စင်မြင့်လို့ပြောတယ်။ ဒါက အင်မတန် အရေးကြီးတဲ့ အချက်ဖြစ်တယ်။ ဘာကြောင့်လည်းဆိုတော့ ဥပမာ- မြန်မာနိုင်ငံအရေးကိုကြည့်ရင် သိနိုင်တယ်။ အနောက် တိုင်းကပဲဖြစ်ဖြစ်၊ မြန်မာက နိုင်ငံရေးသုံးသပ်သူတွေပဲဖြစ်ဖြစ် ပြောကြတဲ့စကားရှိတယ်။ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံအပေါ်မှာ ဩဇာလွှမ်းမိုးမှုအရှိဆုံး နိုင်ငံဖြစ်တယ်ပေါ့။ ဒါကြောင့် မြန်မာနိုင်ငံအရေးကို တရုတ်အနေနဲ့ တိုက်ရိုက်ဝင်ပြီးဖြေရှင်းပေးသင့်တယ်လို့ ပြောကြတယ်။ ဒါပေမယ့် လက်တွေ့မှာကြည့်ရင်တော့ မဟုတ်ဘူးဗျ။ မရှိဘူး။ မလုပ်ဘူးပေါ့ဗျာ။ ဘာကြောင့်မလုပ်လဲဆိုရင် တရုတ်နိုင်ငံရဲ့နိုင်ငံခြားရေးဝန်ကြီးရဲ့ လှုံ့ဆောင်မှုတွေ ရော၊ သူ့ရဲ့လုပ်ဆောင်ချက်တွေကိုကြည့်လိုက်ရင် ဘာထူးခြားချက်တွေ့မလဲဆိုတော့ သူကိုယ်တိုင်ရှေ့မထွက် ဘူး။ သူက အာဆီယံကနေတဆင့် သွားချင်တာ။ ခုနကပြောတဲ့အတိုင်း ဘက်ပေါင်းစုံပလက်ဖောင်းကို ဇာတ်စင် မြင့်အဖြစ်ထားချင်တာ။ သူကရှေ့ထွက်ပြီး မကဘူး။ အဖွဲ့လိုက်စုပြီးဖြေရှင်းချင်တာ။ သူ့ရဲ့ထူးခြားချက်က ဘာလဲဆိုတော့ တရုတ်နိုင်ငံနဲ့တိုက်ရိုက်ဖြစ်တဲ့ပြဿနာမဟုတ်ရင် သူကိုယ်တိုင်ရှေ့ကိုမထွက်ဘူး။ အားလုံနဲ့စု ပြီးတော့ ဘက်ပေါင်းစုံနိုင်ငံတွေနဲ့စုပြီး ပလက်ဖောင်းတစ်ခုပေါ်မှာ ဇာတ်စင်မြင့်အဖြစ် ဖြေရှင်းချင်တဲ့ ဝါဒရှိတယ်။ ဒါကတော့ တရုတ်ရဲ့နိုင်ငံတကာဆက်ဆံရေး မူ(၄)ချက်ပေါ့။ ဒီလိုသိမှ တရုတ်-မြန်မာဆက်ဆံရေးကို ပြန်ကြည့် ရမှာပေါ့။ တရုတ်-မြန်မာဆက်ဆံရေးကတော့ လုံးဝအရေးမကြီးဘူးလားဆိုတော့ မဟုတ်ဘူး။ အရေးကြီးတာက ကြီးတယ်။ အရေးကြီးတာမှာလည်း နိုင်ငံရေးအရ အရေးကြီးတာလား။ စီးပွားရေးအရလား။ အခြားအပိုင်းမှာ အရေးကြီးတာလားဆိုတာ ကြည့်ရမယ်။ အဲဒီတော့ စီးပွားရေးအရပြောရင် ကျွန်တော်တို့မြန်မာတွေသိတာက မြန်မာနိုင်ငံအတွက် တရုတ်နိုင်ငံဟာ အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံဖြစ်တယ်။ မြန်မာနိုင်ငံရဲ့အကြီးဆုံး ရင်နှီးမြှုပ် နှံမှုနိုင်ငံလို့လည်း ပြောလို့ရတယ်။ အဲဒီတော့ မြန်မာနိုင်ငံအတွက်က တရုတ်နိုင်ငံဟာ အရေးကြီးဆုံးမိတ်ဖက် နိုင်ငံဖြစ်တယ်။ ဒါပေမယ့် တရုတ်ဘက်ကပြန်ကြည့်ရင်တော့ မဟုတ်ဘူး။ ကိုယ့်နိုင်ငံကို နှိမ့်ချပြီးပြောတာတော့ မဟုတ်ဘူး။ ကျွန်တော်တို့ကိန်းဂဏန်းတွေကို ပြန်စစ်ကြည့်တဲ့အခါမှာ ဘာတွေ့လဲဆိုရင် တရုတ်နိုင်ငံနဲ့ မြန်မာ နိုင်ငံရဲ့ကုန်သွယ်မှုပမာဏက တရုတ်နိုင်ငံရဲ့ကုန်သွယ်မှု စုစုပေါင်းပမာဏရဲ့ (ဝ ဒသမ ၃) ရာခိုင်နှုန်းပဲ ရှိတယ်။ (၁) ရာခိုင်နှုန်းတောင် မရှိဘူး။ ဆိုလိုတာက မြန်မာနိုင်ငံရဲ့ကုန်သွယ်မှုအများဆုံးကိုကြည့်လိုက်ရင် နယ်စပ်ကနေ ထွက်သွားတယ်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရွှေလီကနေ ဝင်သွားတယ်။ အဲဒီတော့ မြန်မာတစ်နိုင်ငံလုံးက ထွက်လာတဲ့ပစ္စည်းတွေက ရွှေလီကနေဝင်ပြီးတော့ ယူနန်ပြည်နယ်မှာပဲ ကုန်တာ။ တခြားပြည်နယ်အထိ ရောက် ဖို့တောင် မလွယ်ဘူး။ ဆိုလိုတာက ယူနန်ပြည်နယ်တစ်ခုတည်းကနေ မြန်မာနိုင်ငံထုတ်ကုန် မှန်သမျှကို စားသုံး နိုင်တယ်။ အခုလက်ရှိ ကျွန်တော်က အမွိုင်မြို့မှာ နေထိုင်ပါတယ်။ အမွိုင်မြို့ဆိုတာက မြန်မာ့သမိုင်းကို လေ့လာ ကြည့်ရင် ကြားဖူးမှာပါ။ ဗိုလ်ချုပ်အောင်ဆန်းတို့ ဗြိတိသျှကို တော်လှန်နေတဲ့အချိန်မှာ အစပိုင်း သူက တရုတ် ကွန်မြူနစ်ပါတီနဲ့မိတ်ဖက်ပြုလုပ်ပြီးတော့ အကူအညီတောင်းချင်တဲ့အတွက် တရုတ်နိုင်ငံကိုထွက်ခွာခဲ့တယ်။ အဲဒီအချိန်မှာ သူက အမွိုင်မြို့ကို ရောက်ခဲ့တယ်။ ဒီအမွိုင်မြို့ကိုရောက်တဲ့အချိန်မှာ တရုတ်ကွန်မြူနစ်ပါတီနဲ့ မတွေ့နိုင်ဘဲနဲ့ ဂျပန်တွေနဲ့တွေ့သွားတယ်။ အဲဒီတော့ ဂျပန်တွေက သူ့ကိုခေါ်သွားတယ်။ ဒါကတော့ မြန်မာ့ သမိုင်းပေါ့။ အဲဒီတော့ ကျွန်တော်အခု အမွိုင်မြို့ တက္ကသိုလ်မှာရှိတယ်။ ဒီမှာကိန်းဂဏန်းတချို့ကို လေ့လာ ကြည့်တဲ့အခါမှာ အမွိုင်မြို့ဟာ တရုတ်နိုင်ငံရဲ့ဆိပ်ကမ်းမြို့ကြီးတစ်ခုဖြစ်တယ်။ ဒါပေမယ့် သူကထိပ်တန်း ဆိပ်ကမ်းမြို့ကြီးတော့ မဟုတ်ပါဘူး။ အလယ်အလတ်ပဲရှိတယ်။ ဒါပေမယ့် အမွိုင်မြို့ကနေ အဝင်/အထွက် လုပ် တဲ့ ကုန်သွယ်ရေးပမာဏဟာ မြန်မာတစ်နိုင်ငံလုံးထက် မြင့်နေတယ်။
နောက်တစ်ခုကတော့ မြန်မာတွေနဲ့ ပိုရင်းနှီးမှာဖြစ်တဲ့ တရုတ်နိုင်ငံရဲ့ကုန်သွယ်ရေးနဲ့ စက်မှုထွန်းကားတဲ့မြို့ကြီး ဖြစ်တဲ့ ကွမ်ကျုံးမြို့ပေါ့။ ကွမ်ကျုံးမြို့ဟာ တရုတ်နိုင်ငံရဲ့စီပွားရေးအရ ပြောမယ်ဆိုရင် တတိယ၊ စတုတ္ထလောက် ရှိမယ်။ သူ့ရဲ့မြို့တစ်မြို့ရဲ့ GDP ဟာ မြန်မာတစ်နိုင်ငံလုံးရဲ့ GDP ထက်မြင့်တယ်။ အဲဒီတော့ဆိုလိုတာက တရုတ် နိုင်ငံအနေနဲ့ပြောရရင် မြန်မာနိုင်ငံရဲ့စီးပွားရေးဟာ တရုတ်နိုင်ငံအတွက် အဲဒီလောက်ထိ အရေးကြီးတဲ့နိုင်ငံ မဟုတ်ဘူး။ ပထဝီနိုင်ငံရေးအရ၊ ဗျူဟာအရပြန်ကြည့်ရင် အရေးပါလားဆိုတော့ အရေးပါပါတယ်။ အဓိက ကတော့ မြန်မာနိုင်ငံက အရေးကြီးလို့ အရေးပါတာမဟုတ်ဘဲနဲ့ ခုနကပြောတဲ့တရုတ်နိုင်ငံရဲ့ နိုင်ငံတကာ ဆက်ဆံရေးပထမဆုံးမူဖြစ်တဲ့ နိုင်ငံကြီးကသာ အဓိကဆိုတဲ့မူကြောင့် အရေးပါသွားတာ။ ဘာကြောင့်လည်းဆို တော့ အားလုံးသိတဲ့အတိုင်းပဲ အမေရိကန်နဲ့ ရုရှားတို့ရဲ့အားပြိုင်မှုတွေရှိနေတော့ မြန်မာနိုင်ငံဟာ ပထဝီနိုင်ငံ ရေးအရ အထိုက်အလျောက် အရေးပါလာတယ်။ အခုလက်ရှိအခြေအနေအရ အကြမ်းဖျင်းသုံးသပ်ရရင် တရုတ် နိုင်ငံက မြန်မာအပေါ်ကို ဘယ်လောက်ထိဂရုစိုက်နိုင်လဲဆိုတာ ဒီအချက်တွေကိုကြည့်လိုက်ရင် နားလည် လောက်ပြီလို့ ထင်ပါတယ်။
မေး ။ ။ ဆရာဟိန်းပြောတဲ့အချက်တွေကိုနားထောင်ကြည့်တာနဲ့ ကိုယ့်နိုင်ငံက ဆရာဟိန်းတစ်ခါပြောသလို ကိုယ့်နိုင်ငံကိုယ်သာ ကြည့်ပြီးတော့ ဟုတ်ပြီလို့ထင်နေတာ။ တရုတ်နိုင်ငံက ကျွန်တော်တို့နိုင်ငံကို အရမ်းကို ချစ်မြတ်နိုးစွာနဲ့ ဖက်တွယ်နေတာလို့ထင်နေတာ။ တကယ်တော့ တရုတ်အနေနဲ့ပြောရင် ဘာမှမဟုတ်သလိုဖြစ် နေတယ်။ နောက်တစ်ခုက တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးအပါအဝင် လူတွေကသာ ခေတ်အဆက်ဆက် ပြောနေကြတာတွေရှိတယ်။ တရုတ်က မြန်မာပြည်မှာ ဂုတ်သွေးစုပ်တယ်။ တရုတ်က မြန်မာနိုင်ငံရဲ့ကျွန်းတွေ၊ သစ်တွေ၊ ရွှေတွေ၊ ကျောက်မျက်ရတနာတွေ စသဖြင့် အမျိုးစုံကို တရားမဝင်လမ်းကြောင်းပေါ်ကနေ ယူတယ် ဆိုတဲ့ပြဿနာမျိုးစုံလည်း မြန်မာတွေရဲ့ရင်ထဲမှာကိန်းဝပ်နေတယ်ဆိုတော့ ဒီအခြေအနေကိုရော ဘယ်လို တွက်ဆချင်ပါသလဲ။
ဖြေ ။ ။ ဟုတ်ကဲ့။ ဒီကိစ္စက အထိုက်အလျောက်မှန်ကန်ပါတယ်။ ဒီကိစ္စမရှိဘူးလားဆိုတော့ ရှိတယ်။ ရှိပေမယ့် ကျွန်တော်တို့ဒီကိစ္စအပေါ်မှာ အပြည့်အဝ သေသေချာချာနားလည်မှုမရှိကြတာလို့ သုံးသပ်ချင်တယ်။ ဘာ့ကြောင့်လဲဆိုရင် တချို့သောမီဒီယာတွေကြောင့်ဖြစ်တယ်လို့ အကြမ်းဖျင်းယူဆလို့ရတယ်။ ဥပမာ- သစ် ထုတ်လုပ်မှု၊ စိုက်ပျိုးရေး၊ စိုက်ပျိုးရေးအဓိကကတော့ အသီးအနှံမှာ ဖရဲသီးပဲထားပါတော့ ပြီးတော့ ကျောက်မှာ လည်း ကျောက်စိမ်းပဲထားပါတော့။ အဲဒီ(၃)ပိုင်းကိုပြောရရင် တရုတ်နယ်စပ်ကနေဝင်လာပြီတော့ ကချင်မှာပဲ ဖြစ်ဖြစ်၊ စစ်ကိုင်းမှာပဲဖြစ်ဖြစ်၊ ရှမ်းပြည်မြောက်ပိုင်းမှာဖြစ်ဖြစ် သစ်ထုတ်လုပ်မှုတွေရှိတယ်။ အဲဒီအထဲမှာလည်း တရားမဝင်လုပ်တာတွေ အများကြီးရှိတယ်။ ဒါပေမယ့် ဒီလိုတရားမဝင်လုပ်တာတွေကို တရုတ်အစိုးရဆိုပြီးတော့ ကျွန်တော်တို့ သတ်မှတ်လို့မရသလို ဥပမာအနေနဲ့လွယ်လွယ်ပြောရရင် မြန်မာနိုင်ငံရေးအခင်းအကျင်းမှာ စစ်တပ်ကိုထောက်ခံတဲ့သူ ရှိတယ်။ စစ်တပ်ကိုမုန်းတဲ့သူရှိတယ်။ NLD ကို ထောက်ခံတဲ့သူရှိတယ်။ NLD ကို မုန်း တဲ့သူလည်း ရှိတယ်။ အဲဒီတော့ ဟုတ်ပြီ။ NLD အနေနဲ့ကြည့်မယ်ဆိုရင် စစ်တပ်ကမြန်မာနိုင်ငံကို ကိုယ်စားပြု တယ်လို့ ပြောလို့ရလား။ သူတို့အနေနဲ့ဆိုရင် စစ်တပ်က မြန်မာနိုင်ငံကို ကိုယ်စားမပြုဘူး။ ဆိုလိုတာက သူ မကြိုက်တဲ့သူကို သူ့ဘက်ကတော့ ခွဲထားတယ်။ မြန်မာနိုင်ငံနဲ့ မြန်မာစစ်တပ်ဆိုပြီး။ စစ်တပ်ကလည်း မြန်မာ နိုင်ငံက သပ်သပ်၊ NLD က သပ်သပ်ဆိုပြီး ခွဲထားတယ်။ ပြည်သူလူထုကိုလည်း သပ်သပ်ခွဲထားတယ်။ ဒါကြောင့် မို့လို့ ကျွန်တော်တို့က ဒီလိုတရားမဝင် သစ်ခုတ်သမားတွေကို တရုတ်တစ်နိုင်ငံလုံးနဲ့ ထပ်တူ လုပ်လိုက်တာလဲ။ နောက်တစ်ချက်က ဒီလိုခိုးဝင်တာဟာ သူတို့အနေနဲ့ လွတ်လွတ်လပ်လပ်ခိုးဝင်ပြီး လုပ်ချင်ရာလုပ်တာမဟုတ် ဘူး။ ဆိုလိုတာက မြန်မာနိုင်ငံမှာ ခွင့်ပြုတဲ့လူရှိလို့။ အဲဒီခွင့်ပြုတဲ့လူတွေက ဘယ်သူတွေပါလဲဆိုတာ နည်းနည်း တော့ ပြောရခက်သွားပြီ။ ပါတဲ့လူတွေအများကြီးတော့ ရှိတာပေါ့။ အဲဒီတော့ ခိုးဝင်တဲ့လူတွေကို ကျွန်တော်တို့က နိုင်ငံတစ်နိုင်ငံအဖြစ် နှိုင်းယှဉ်ပြီးတော့ တန်းတူလုပ်လိုက်တယ်။ အဲဒီလိုဆို ခွင့်ပြုတဲ့လူတွေကိုရော တစ်နိုင်ငံလုံး နဲ့ တန်းတူထားလိုက်ကြတာလား။ မထားလိုက်ပြန်ဘူး။ ကျွန်တော်ဒီလိုပြောတာက ခိုးလုပ်တာတွေကို ကောင်း တယ်၊ မှန်တယ်လို့ ပြောနေတာမဟုတ်ဘူး။ ကျွန်တော် လုံးဝဆန့်ကျင်ပါတယ်။ ဒါမကောင်းဘူး။ ဒါတွေကို တားမြစ်သင့်တယ်။ စိုက်ပျိုးရေးအကြောင်းပြောရင် ဖရဲသီး၊ ငှက်ပျောသီး စိုက်တာတွေပေါ့။ တစ်ခါတစ်လေ ကျွန်တော်တို့က အတွေးအခေါ်တချို့ မှားနေတယ်ဗျ။ ဥပမာ- တရုတ်တွေ မြန်မာနိုင်ငံကို အလုံးအရင်းဝင်လာ ပြီးတော့ စိုက်ပျိုးရေးတွေလာလုပ်ကြတယ်။ ကျွန်တော်ကတော့ စိုက်ပျိုးရေးအကြောင်းနားမလည်တော့ ကောင်း / မကောင်းမပြောရဲဘူး။ စီးပွားရေးအရပဲပြောရရင် ဒီလူတွေဝင်နေတာဟာ တရုတ်ဘက်ကပဲ အလုံးစုံအကျိုးရ နေပြီးတော့ မြန်မာနိုင်ငံဘက်က ဘာမှမရဘဲနဲ့ ဂုတ်သွေးစုပ်ခံနေရတယ်လို့ပြောတာက မှားတယ်။ ဘာကြောင့် လဲဆိုတော့ ဒီလူတွေက တရားဝင်/ မဝင် ကျွန်တော်မသိဘူး။ ဒါပေမယ့် ပွင့်ပွင့်လင်းလင်း လုပ်နေကြတာတော့ ထင်ထင်ရှားရှားပဲ။ အဲဒါကို ခွင့်ပြုပေးတဲ့လူရှိပါတယ်။ အစိုးရကနေပဲ ခွင့်ပြုပေးလို့ရမယ်လို့ ကျွန်တော် ယူဆပါ တယ်။ ဘယ်လောက်ညံ့ဖျင်းတဲ့အစိုးရဖြစ်ဖြစ် အလကားခွင့်ပြုချက်တော့ မပေးပါဘူး။ စစ်အစိုးရပဲဖြစ်ဖြစ်၊ ဦးသိန်းစိန်အစိုးရဖြစ်ဖြစ်၊ NLD အစိုးရဖြစ်ဖြစ် ဘယ်အစိုးရမှ နိုင်ငံခြားသားတွေကို ကိုယ့်နိုင်ငံမှာ ကြိုက်သလို ဝင်လုပ်ခွင့်ပေးမှာ မဟုတ်ပါဘူး။ ဆိုလိုတာက ဒီတရုတ်ကုန်သည်တွေက မြန်မာနိုင်ငံမှာ မြေတွေငှားပြီးတော့ စိုက်ပျိုးရေးလုပ်ရတာ။ ငှားတယ်ဆိုတော့ ပိုက်ဆံပေးရတယ်။ အစိုးရကိုဖြစ်စေ၊ မူလမြေပိုင်ရှင်ကိုဖြစ်စေ ငွေပေး ပြီးတော့ ငှားယူလိုက်တဲ့သဘော။ အဲဒီလိုငွေပေးလိုက်တဲ့အချိန်မှာ မြန်မာတွေဆုံးရှုံးသလားဆိုတာ ကာယကံရှင် ကိုယ်တိုင်က အသိဆုံးဖြစ်မှာပါ။ ဆရာ့ကိုပဲ ရှင်းရှင်းလေးပြောရရင် ဆရာနဲ့ကျွန်တော် စီးပွားရေးတစ်ခုလုပ်ဖို့ ဆရာ့အနေနဲ့သဘောတူလိုက်ပြီဆိုရင် သေချာတာကတော့ ဆရာ့အနေနဲ့လည်း အကျိုးရှိလို့၊ မြတ်တယ်လို့ ထင် တဲ့အတွက် တစ်ခုခုရောင်းပေးလိုက်တာလေ။ ကျွန်တော်တော့ ကြီးပွားရင်ပြီးရောဆိုပြီး အရှုံးခံပေးတာမှ မရှိတာ။ အဲဒီတော့ ဒါတွေကလည်း မြေငှားတဲ့အချိန်မှာ လယ်သမားတွေ၊ အစိုးရတွေ သူတို့တွေလည်း အကျိုးရှိပါတယ်။ သူ့အကျိုးသူ ရှိလို့ပေါ့။ နောက်တစ်ခုက ဒီအသီးတွေကို နယ်စပ်ကတစ်ဆင့် တရုတ်ပြည်ကို ပြန်ရောင်းလိုက်တဲ့ အခါမှာ အဓိကကတော့ ဒီအသီးတွေကိုပိုင်ဆိုင်တဲ့ တရုတ်ကုန်သည်ကတော့ ဒီအကျိုးအမြတ်ကို အရဆုံးဆိုတာ သေချာပါတယ်။ ဒါပေမယ့် သူတစ်ယောက်တည်း ဒီအသီးတွေကို စိုက်လို့မရဘူး။ မြန်မာလယ်သမားတွေကို ငှားရမ်းပြီးတော့ လုပ်ဖို့လိုတယ်။ ဒီအသီးတွေကို နယ်စပ်အထိပို့ဖို့အတွက် ကုန်ကားတွေ လိုပါတယ်။ ဒီအသီး တွေ မြန်မာကနေ တရုတ်ပြည်ကိုထွက်သွားဖို့ အခွန်ဆောင်ရပါတယ်။ ဒါတွေအားလုံးက မြန်မာပြည်သူတွေ ရနေ တဲ့ကိစ္စဖြစ်တယ်။ ဒါကြောင့်မို့လို့ စီးပွားရေးအမြင်အရပြန်ကြည့်ရင် ညီမျှတဲ့အနေအထားကို တွေ့နိုင်ပါတယ်။ နောက်တစ်ခုက ကျောက်ဆိုရင်လည်း အဲဒီအတိုင်းပဲ။ တစ်ခါတစ်လေ ကျွန်တော် နားမလည်ဘူး။ ဥပမာ- မြန်မာ ပြည်က ကျောက်တွေ တရုတ်ပြည်ကိုရောက်သွားတယ်ဆိုပြီး ကျွန်တော်တို့ မြန်မာပြည်ကလူတွေ စိတ်နာနေတာ ပေါ့နော်။ ဟုတ်ပြီ အဲဒီကျောက်တွေ အလကားရောက်သွားတာ မဟုတ်ဘူးဗျ။ တရုတ်ပြည်က ဝယ်သွားတာလေ။ ဝယ်တယ်ဆိုတော့ မြန်မာပြည်က ပိုက်ဆံရတာပေါ့။ ကျွန်တော်တို့ အားလုံးသိတဲ့အတိုင်း မြန်မာနိုင်ငံမှာ ကျောက်ကုန်စည်ပြပွဲဆိုတာ တစ်နှစ်ကို သုံးချိန်လောက် ကျင်းပတယ်။ အဲဒီလိုကျင်းပတဲ့အခါမှာ အဲဒီပွဲကို သွား တဲ့သူ၊ သတင်းယူတဲ့သူတွေ သိမှာပါ။ ရောက်လာတဲ့ နိုင်ငံခြားကုန်သည် (၉ဝ) ရာခိုင်နှုန်းအထက်က တရုတ် ကုန်သည်တွေဖြစ်တယ်။ အဲဒီတရုတ်ကုန်သည်တွေက ဒီကျောက်တွေကို ဝယ်သွားတာ။ ကျွန်တော်တို့ မြန်မာ နိုင်ငံရဲ့ကုန်သွယ်ရေးစာရင်းကိုပြန်ကြည့်ရင် ဒီကျောက်မျက်အရောင်းအဝယ်ကလည်း အင်မတန်အရေးကြီးတဲ့ နိုင်ငံခြားငွေရတဲ့ လမ်းတစ်ခုဖြစ်ပါတယ်။ ဟုတ်ပြီ အဲဒါဆိုရင် တရုတ်ကို မကြိုက်လို့မရောင်းချင်ဘူးဆိုရင် ဘယ်သူဝယ်မလဲဆိုတာကို စဉ်းစားကြမယ်။ ဒီကျောက်တွေကို မြန်မာနိုင်ငံရဲ့မြေအောက်ပေ(၁) ထောင်၊ ပေ(၁) သောင်းအောက်မှာပဲနှစ်မြှုပ်ထားရင် မြန်မာနိုင်ငံအတွက် ဘာအကျိုးရှိမလဲ။ မြန်မာအတွက် အကျိုးမရှိဘူး။ အဲဒီ တော့ ဒီကျောက်တွေကို မြန်မာပြည်မှာပဲ ရောင်းမလား။ တခြားနိုင်ငံကို ရောင်းမလားဆိုရင် ကျွန်တော်တို့သိတဲ့ အတိုင်း မြန်မာရဲ့ကျောက်စိမ်းက ကမ္ဘာပေါ်မှာအရည်အသွေး အကောင်းဆုံးဖြစ်တယ်။ ဒါပေမယ့် နိုင်ငံခြားသား တွေက ကျောက်စိမ်းကို စိတ်မဝင်စားကြဘူး။ ကျောက်စိမ်းကိုချစ်တာက တရုတ်တွေ ချစ်တာ။ အဲဒီတော့ တကယ်တမ်း မြန်မာ့ကျောက်စိမ်းကနေတဆင့် တရုတ်ဝင်ငွေရတဲ့ အရမ်း အရေးကြီးတဲ့လမ်းကြောင်းတစ်ခု ဖြစ် တယ်ဆိုတာ ပြောချင်တယ်။ ဒီကြားထဲမှာ ကျောက်တွင်းပိုင်းမှာ တရားမဝင်တာတွေ၊ မမျှတတာတွေရှိတယ်။ ဒါကတော့ ပုဂ္ဂလိကအရ အဲဒီလိုတွေရှိမှာ သေချာတယ်။ အဲဒီလိုလုပ်တဲ့လူတွေမှာလည်း တရုတ်မကဘူး မြန်မာ ပြည်တွင်းကလူတွေလည်း အမျိုးမျိုးရှိမှာသေချာတယ်။ ကျွန်တော်တို့ အတွေးလေးနည်းနည်းပြောင်းပြီးတော့ စီးပွားရေးအရစဉ်းစားကြည့်မယ်ဆိုရင် ဒီလိုကိစ္စတွေကို ပိုပြီးတော့ မှန်မှန်ကန်ကန်မြင်နိုင်မယ်လို့ ထင်ပါတယ် ခင်ဗျာ။
မေး ။ ။ တရုတ်နဲ့ မြန်မာ နဲ့ ကုန်သွယ်ရေးလုပ်တဲ့အခါကျတော့ တရုတ်ဘက်က ပိတ်ချင်သလိုပိတ်တယ်။ ဖွင့် ချင်သလိုဖွင့်တယ်။ လုပ်ချင်သလိုလုပ်တယ်ပေါ့ဗျာ။ မြန်မာပြည်ကကုန်တွေ ပုံထပ်သွားတဲ့အခါမှ ဈေးကိုလိုသလို ကစားလိုက်တယ်ဆိုတဲ့ပြဿနာမျိုးတွေ မြန်မာဘက်မှာ အမြဲတမ်းရှိနေတာတွေ့ရတယ်။ အဲဒီအချက်ကို ဆရာ ရော လေ့လာမိလား။ မြန်မာကုန်စည်တွေ တရုတ်ကိုသွားတယ်။ ပြီးရင်အပိတ်ခံရတယ်။ ဈေးနှိမ်ခံရတာတွေ၊ လွှတ်ပစ်လိုက်ရတာတွေ အဲဒီလိုပြဿနာတွေရှိနေတာကို ဘယ်လိုလေ့လာထားမိလဲ ခင်ဗျာ။
ဖြေ ။ ။ ဒီကိစ္စတွေ မရှိဘူးလားပြောရင်တော့ ပြောလို့မရနိုင်ပါဘူး။ ရှိကောင်းရှိနိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ခြုံပြီးတော့ကြည့်လိုက်ရင် တရုတ်-မြန်မာရဲ့စီးပွားရေးအဖွဲ့အစည်း Structure ကို ပြန်လေ့လာဖို့ လိုမယ် ခင်ဗျ။ မြန်မာနိုင်ငံက စိုက်ပျိုးရေးကို အခြေခံတဲ့နိုင်ငံတစ်ခုဖြစ်တယ်။ မြန်မာနိုင်ငံက စက်မှုထွန်းကားမှု နည်းနည်း အားနည်းနေသေးတာကို ကျွန်တော်တို့အားလုံးလည်း လက်ခံပါတယ်။ အဲဒီတော့ မြန်မာနိုင်ငံရဲ့ အဓိကပို့ကုန်က စိုက်ပျိုးထွက်ပစ္စည်းတွေဖြစ်တယ်။ စိုက်ပျိုးရေးဆိုတော့ စားနပ်ရိက္ခာနဲ့ဆိုင်သွားပြီ။ နိုင်ငံတိုင်း နိုင်ငံတိုင်းဟာ စားနပ်ရိက္ခာနဲ့ပတ်သက်ရင် တင်းကြပ်တဲ့စည်းမျဉ်းစည်းကမ်းဥပဒေတွေရှိတယ်။ ပြောရမယ်ဆိုရင် စားနပ်ရိက္ခာနဲ့ပတ်သက်တဲ့ လုံခြုံရေးဥပဒေဆိုတာရှိတယ်။ အမြင်တွေ၊ ဗျူဟာတွေရှိတယ်။ ဘယ်နိုင်ငံမှာမဆို နိုင်ငံတစ်နိုင်ငံကနေ စားနပ်ရိက္ခာနဲ့ပတ်သက်တဲ့ကုန်သွင်းမှုက သူ့ရဲ့ပေါ်လစီအရရော၊ သူ့ရဲ့စည်းမျည်းစည်း ကမ်းတွေ အမျိုးမျိုးရှိလေ့မယ်လို့ထင်တယ်။ အခြားကုန်စည်တွေနဲ့ယှဉ်ရင် စိုက်ပျိုးရေးပစ္စည်းတွေက အတင်း ကြပ်ဆုံးပဲ။ မြန်မာနိုင်ငံအနေနဲ့ပြောမယ်ဆိုရင်လည်း ကျွန်တော်တို့မြန်မာနိုင်မှာ တစ်ခုပဲမေးရရင် နိုင်ငံခြားဆန် တွေရှိလား။ ထိုင်းနိုင်ငံကတင်သွင်းတဲ့ ဆန်တွေရှိလား။ မရှိသလောက်ပဲ။ နိုင်ငံတွင်းမှာ မလိုအပ်တာက တစ်ချက် ပေါ့။ နောက်တစ်ချက်က ခွင့်မပြုဘူး။ လွယ်လွယ်နဲ့ဝင်လာလို့မရဘူး။ ဥပမာ- ထိုင်းဆန်က ပိုကောင်းတယ်ပဲထား ပါတော့။ ဈေးလည်း သက်သာတယ်ဆိုရင် ကျွန်တော်တို့က ထိုင်းဆန်တွေကို အမြောက်အများတင်သွင်း လိုက် တယ်။ တင်သွင်းပြီးတော့ စားကြတယ်။ လူတွေကလည်း ဒီအရသာကိုကြိုက်ကြတယ်။ နောက်ပြီး မြန်မာဆန် ပေါဆန်းမွှေးထက်လည်း ဈေးပေါနေတယ်ဆိုရင် လူတွေကတဖြည်းဖြည်းနဲ့ ထိုင်းဆန်ကိုပဲ အားကိုးလာတဲ့ အချိန်မှာ မြန်မာပေါဆန်းမွှေးက အရောင်းကျသွားမယ်။ အရောင်းကျသွားတော့ လယ်သမားတွေလည်း မစိုက် တော့ဘူးလေ။ တခြားဟာပြောင်းပြီးစိုက်ကြရင် တဖြည်းဖြည်းနဲ့ မြန်မာနိုင်ငံကိုယ်တိုင်က ဆန်ထုတ်လုပ်မှုကျ ဆင်းသွားမယ်။ အဲဒီအချိန်မှာ မြန်မာနိုင်ငံရဲ့စားနပ်ရိက္ခာက ထိုင်းကိုပဲ မှီခိုသွားနိုင်ဖွယ်ရှိတယ်။ အဲဒါကြောင့် မြန်မာနိုင်ငံဟာလည်း တခြားနိုင်ငံကဝင်လာတဲ့ စားနပ်ရိက္ခာပစ္စည်းတွေကို အင်မတန်တင်းကြပ်ပါတယ်။ တရုတ်နိုင်ငံမှာလည်း ဒီလိုပါပဲ။ မြန်မာနိုင်ငံက ထွက်လာတဲ့စားနပ်ရိက္ခာပစ္စည်းတွေအပေါ်မှာလည်း သူ့ သတ်မှတ်ချက်နဲ့သူရှိတယ်။ ပေးမဝင်ဘူးဗျ။ ကျွန်တော်မှတ်မိသလောက်ပြောရရင် ဥပမာ- တရုတ်နိုင်ငံက ခွင့်ပြု ထားတာက တစ်နှစ်ကို မြန်မာ့ဆန် တန်ချိန် (၂) သိန်းလား မသိဘူး။ တရားဝင် ဝင်ခွင့်ပေးတယ်။ ဒါပေမယ့် တကယ်ဝင်သွားတာက (၁ဝ) သိန်းလောက်ရှိတယ်။ (၂)သိန်းပဲ ခွင့်ပြုထားတာ။ ကျန်တာက မှောင်ခိုဗျ။ ဒါပေ မယ့် မြန်မာတွေအတွက်ကတော့ ဒါကမှောင်ခိုလား ဘာလားဆိုတာ သူတို့နားမလည်ဘူး။ သူတို့သိတာက ကျွန်တော်တို့ ဆန်တွေ၊ ပြောင်းတွေရှိတာကို ရောင်းထုတ်မယ်။ ဟိုမှာရောက်တော့ ကျွန်တော်တို့က ဥပဒေအရ လည်း သိပ်နာမလည်းသလို နိုင်ငံတကာကုန်သွယ်ရေး စည်းမျဉ်းစည်းကမ်းတွေလည်း နားမလည်ဘူး။ ဂိတ် ကနေလည်း ဝင်လို့မရဘူး။ မြစ်ချောင်းကိုကျော်ပြီးတော့ ဝင်ရမယ်။ လူတွေကလည်း မြစ်ချောင်းကိုကျော်ပြီး တော့ သင်္ဘောနဲ့ ဆန်တွေ၊ ပြောင်းတွေကို သယ်သွားမယ်။ သယ်သွားတဲ့ဆန်တွေပြောင်းတွေကို ဟိုဘက်က ကားပေါ်တင်ပြီးတော့ ဝင်သွားတယ်။ ဒါပေမယ့် လူတွေသတိမထားမိတာက မြစ်ကိုကျော်ပြီးတော့ ဝင်သွားတာ ဖြစ်တဲ့အတွက် ဒါကမှောင်ခိုဖြစ်တယ်။ အဲဒီလိုတွေကြောင့် အဖမ်းခံရတာတွေ ဒီနှစ်ပိုင်းမှာရှိလာတယ်။ ၂ဝ၁၇ လောက်ကနေစပြီးတော့ တရုတ်နိုင်ငံကလည်း ကုန်သွယ်ရေးကိုတင်းကြပ်လာတဲ့အချိန်မှာ ဖမ်းဆီးမှုတွေဖြစ် လာတဲ့အခါ မြန်မာနိုင်ငံဘက်က တော်တော်ဒုက္ခရောက်သွားတယ်။ နောက်ပြီးတော့ မြန်မာနိုင်ငံက သစ်သီးတွေ ကို တရုတ်ဘက်က အခွန်ကင်းမဲ့ခွင့် ပေးထားပါတယ်။ ဝင်ခွင့်ပေးထားပါတယ်။ ဒါပေမယ့် ခက်တာက ဈေး အပြောင်းအလဲ ကစားတာတွေရှိပါတယ်။ ဒါကတော့ သက်ဆိုင်ရာကုမ္ပဏီတွေနဲ့ဆိုင်တယ်ဗျ။ နောက်တစ်ချက် တရုတ်ဘက်က အစိုးရတာဝန်ရှိသူတစ်ဦး ရှင်းပြဖူးတာရှိတယ်။ မှန်တာ/မမှန်တာကတော့ ကိုယ့်ဟာကိုယ်ပြန် သုံးသပ်ပေါ့နော်။ သူပြောတာက အစပိုင်းက သူသတ်မှတ်ထား၊ ပြောထားတဲ့ဈေးနှုန်းက တစ်ခုပါ။ ဒါပေမယ့် အဲဒီ ဈေးနှုန်းက မထွက်လာခင်ရောက်လာတဲ့အချိန်မှာ ဈေးနှုန်းပြောင်းသွားတာမှန်တယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာကနေ တရုတ်နယ်စပ်ထဲကိုဝင်ဖို့အရေး ကုန်သွယ်ရေးလမ်းကြောင်းက အင်မတန်ဆိုးဝါး ပါတယ်။ သစ်သီး တွေဆိုရင် နမ့်ဆန်ကနေ သွားတာများတယ်။ အဲဒီနမ့်ဆန်ဘက်ကလမ်းတွေက အင်မတန်ဆိုးဝါးတယ်။ တစ်လမ်းလုံး မငြိမ်မသက်ပဲသွားရတော့ အသီးတွေက ကွာလတီတော်တော်လေး ကျသွားတာပေါ့။ အဲဒီတော့ အရင်ကပြောထားတဲ့ဈေးနဲ့ တန်ဖိုးတူညီတဲ့ကွာလတီမတွေ့ရတဲ့အတွက် တချို့ကုမ္ပဏီတွေက ပြောထားတဲ့ ဈေးကို မပေးချင်တာပေါ့။ ဒါမျိုးလည်း ရှိတာပေါ့။ နှစ်မျိုးစလုံးရှိတာပေါ့။ မတရားတဲ့ကုမ္ပဏီတွေရှိတာလည်း မှန် တယ်။ လိမ်ညာသွားတဲ့ကုမ္ပဏီရှိတာလည်း မှန်တယ်။ နယ်စပ်ကုန်သွယ်ရေးသမားတွေက အရမ်းရိုးသား တယ်ဗျ။ ကျွန်တော်သိသလောက်ဆို ကျွန်တော့်မိတ်ဆွေတွေမှာလည်း နယ်စပ်ကုန်သွယ်ရေးသမားတွေ ရှိပါ တယ်။ ဥပမာ- ပြောင်း တင်ပို့တယ်ဆိုရင် တရုတ်ကုမ္ပဏီနဲ့ တစ်ဖက်နဲ့တစ်ဖက် လူချင်းတောင်မတွေ့ဖူးဘူးလို့ ပြောဖူးတယ်။ လိုချင်တဲ့ပမာဏကို ပို့လိုက်တယ်။ စာချုပ်လည်းမရှိဘူး။ ကုမ္ပဏီနာမည်တောင် တိတိကျကျမသိ ကြဘူး။ အဲဒီလိုရိုးရိုးသားသား ယုံကြည်မှုနဲ့ပဲ လုပ်နေကြတာ။ များသောအားဖြင့်တော့ အဆင်ပြေကြတယ်။ တစ်ခါတစ်လေတော့ အလိမ်ခံရတာမျိုး ရှိတယ်။ ပြောင်းတွေကို ကားတစ်စီးလုံး တင်ပို့လိုက်တယ်။ ဟိုဘက် လက်ခံမယ့်သူက ပျောက်သွားတယ်။ အဲဒီလိုဆုံးရှုံးမှုတွေလည်း ရှိတယ်။ ခုနကပြောသလိုပေါ့ အခြေအနေက အမျိုးမျိုးရှိတယ်။ လိမ်ညာတဲ့လူတွေရှိတယ်။ အနိုင်ကျင့်တဲ့လူတွေရှိတယ်။ နောက်တစ်ခုက ပေါ်လစီအရ အကန့်အသတ်တွေရှိတယ်။ နောက်တစ်ခုက မြန်မာနိုင်ငံရဲ့လမ်းပန်းဆက်သွယ်ရေးအခြေအနေက အင်မတန် ဆိုးရွားတဲ့အခြေအနေတွေကြောင့်မို့လို့ ဖြစ်ပေါ်လာတဲ့ ဆိုးကျိုးတွေလည်း ရှိတယ်ခင်ဗျ။
မေး ။ ။ နောက်တစ်ခုက ကျွန်တော်တို့မြန်မာတွေ ဆယ်စုနှစ်တစ်ခုအတွင်းမှာ အုန်းအုန်းထလာတဲ့ကိစ္စက ဘာလဲဆိုရင် မြစ်ဆုံစီမံကိန်းကို တရုတ်ဘက်က အသည်းအသန်လိုချင်တာမျိုး၊ ဒီစီမံကိန်းကို ဘာကြောင့် လိုချင် တာလဲ။ မြစ်ဆုံစီမံကိန်းဆောက်ရင် ဘာဖြစ်မယ်၊ ညာဖြစ်မယ်ဆိုတဲ့ ကွန်ပလိန်းမျိုးစုံတွေနဲ့ အုန်းအုန်းထခဲ့တယ်။ တစ်ချိန်တည်းမှာပဲ ကျောက်ဖြူ၊ ကူမင်းရထားလမ်း၊ ကားလမ်းနဲ့ ပိုက်လိုင်းစီမံကိန်းကြီးပေါ့။ တရုတ်က အဲဒီ စီမံကိန်းကိုလိုချင်တာက ငါတို့မြန်မာနိုင်ငံကို သိမ်းပိုက်ဖို့၊ မြန်မာနိုင်ငံကို တစ်ခြမ်းခြမ်းပြီးတော့ အပိုင်စီးဖို့ဆိုတဲ့ စကားတွေနဲ့ လူများစွာကြားထဲမှာပွက်လောရိုက်အောင် ရှိခဲ့တယ်။ ဒီအခြေအနေကိုရော ဆရာဟိန်းလေ့လာ ထားမိတာလေးရှိရင် ပြောပြလို့ရမလား။
ဖြေ ။ ။ ဟုတ်ကဲ့။ ဒါကတော့ မြန်မာနိုင်ငံမှာ အရမ်းကို ထိလွယ်ရှလွယ်တဲ့အကြောင်းအရာတစ်ခုတောင် ဖြစ် နေပြီ။ အဲဒါကြောင့် NLD အစိုးရခေတ်တောင်မှ NLD ပါတီဝင်တွေက ဘယ်လိုပြောလဲဆိုရင် မြစ်ဆုံအကြောင်း ပြောတယ်ဆိုတာ နိုင်ငံရေးမှာ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံတဲ့ကိစ္စဖြစ်နေပြီလို့ ပြောကြတယ်။ ဒါပေမယ့် ကျွန်တော်တို့က ဘယ်လိုပြောမလဲဆိုရင် ဒီကိစ္စပြောတဲ့အချိန်မှာ အမျိုးမျိုးပြောလို့ရတယ်။ ရှု့ထောင့်အမျိုးမျိုးနဲ့ ကြည့်လို့ရတယ်ပေါ့။ ဥပမာ- ကျွန်တော်တို့ပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေး ရှု့ထောင့်ကကြည့်မယ်ဆို ရင် ဒါတွေတည်ဆောက်တဲ့အချိန်မှာ ပတ်ဝန်းကျင်ရဲ့ဇီဝဇစ်မြစ်ကို အထိုက်အလျောက်ထိခိုက်တယ်။ ဒါကတော့ ဘယ်သူမှလည်း မငြင်းပါဘူး။ သေချာပါတယ်။ ဒါပေမယ့် နိုင်ငံတကာမှာ ဒီလိုရေကာတာကြီးတွေ ဆောက်နေ ကြတာပဲ။ ဥပမာ- မြစ်ဆုံစီမံကိန်းကြီးကိုဆန့်ကျင်ဖို့ NGO တွေကို အများဆုံးထောက်ပံ့ပေးထားတဲ့ အမေရိကန် ဟာ ကမ္ဘာပေါ်မှာ ရေကာတာအများဆုံးနိုင်ငံဖြစ်တယ်။ သူ့ရဲ့ရေကာတာကိုတစ်ခုမှ သူက မဖျက်ဘူး။ သူက တော့ သူများနိုင်ငံရဲ့ရေကာတာကိုပဲ ဖျက်ချင်နေတာ။ အဲဒီလို ဇီဝစနစ်ကိုထိခိုက်ပေမယ့် ဘာကြောင့် နိုင်ငံ အများစုဟာ အခုထိ ရေကာတာကြီးတွေကိုဆောက်ချင်ကြလဲဆိုရင် တွက်ချေကိုက်လို့ပေါ့။ ဆိုလိုတာက ဇီဝ စနစ် အထိုက်အလျောက်တော့ ထိခိုက်မယ်။ ပျက်စီးမယ်။ တချိန်တည်းမှာပဲ နိုင်ငံတစ်နိုင်ငံရဲ့လျှပ်စစ်ဖူလုံရေး အတွက် အထောက်အကူပြုမယ်။ အဲဒီလျှပ်စစ်ဖူလုံရေးကနေတဆင့် စက်မှုလုပ်ငန်းတွေ ထွန်းကားလာမယ်။ အဲဒီလိုထွန်းကားလာတာနဲ့ ရရှိလာမယ့်ငွေကြွေးနဲ့ ပျက်စီးသွားတဲ့ဇီဝစနစ်ကိုပြန်ထိန်းနိုင်မှာလားလို့ တွက်ကြည့် တဲ့အခါမှာ နိုင်ငံတော်တော်များများက လက်ခံကြတယ်။ တွက်ခြေကိုက်တယ်။ အဲဒါကြောင့်မို့လို့လဲ အခုထိ လုပ်ကြတာပေါ့။ ဒီရေအားလျှပ်စစ်မဟုတ်ဘဲနဲ့ တခြားနည်းလမ်းတွေကိုပြန်စဉ်းစားကြည့်ရင် ကျောက်မီးသွေး လျှပ်စစ်စက်ရုံရှိတယ်။ ဒါပေမယ့် ကျောက်မီးသွေး လျှပ်စစ်စက်ရုံဆိုတာ ရေအားလျှပ်စစ်နဲ့ယှဉ်ရင် သူရဲ့ပတ်ဝန်း ကျင်ထိခိုက်မှုက ပိုဆိုးတယ်။ ဒါကြောင့်မို့လို့ ကျောက်မီးသွေးကနေ လျှပ်စစ်ထုတ်တာကိုတော့ နိုင်ငံတော်တော် များများမှာ အားပေးမှုမရှိတော့ဘူး။ ကျောက်မီးသွေးနဲ့ ရေကိုယှဉ်ကြည့်လိုက်ရင် ရေကပိုသန့်တယ်။ နောက်ပြီး လေအားလျှပ်စစ်အကြောင်းပြောမယ်ဆိုရင် သူကနေရာအရမ်းရွေးတယ်ဗျ။ တကယ့်လျှပ်စစ်ထုတ်နိုင်တဲ့ လေ အားအရင်းအမြစ်ရှိတဲ့နေရာ တော်တော်လေးကိုရှားတယ်။ အရမ်းခက်တယ်။ ပြီးတော့ မတည်ငြိမ်ဘူး။ နောက်ဆုံးခေတ်အမှီဆုံးတစ်ခုကတော့ နျူကလီးယားလျှပ်စစ်ဓာတ်အားပေးစက်ရုံ ဖြစ်တယ်။ နည်းပညာအရ ပြောရမယ်ဆိုရင် ဒါကပိုပြီးတော့ အဆင့်မြင့်တဲ့တောင်းဆိုချက်တွေရှိတယ်။ ရေအားလျှပ်စစ်လောက် မလွယ်ဘူး။ မြန်မာနိုင်ငံအနေနဲ့ကတော့ လုပ်ဖို့မလွယ်ဘူး။ နောက်တစ်ခုကတော့ သူကတစ်ခုခုဖြစ်လိုက်ရင် ပြန် ကယ်ဆယ်လို့မရတဲ့ တိုက်ရိုက်ပျက်စီးမှုတွေကိုဖြစ်နိုင်တယ်။ အဲဒီလို နျူကလီးယားလျှပ်စစ်ဓာတ်အားစက်ရုံ တည်ဆောက်ဖို့အရင်းအနှီးကလည်း အင်မတန်ကြီးတယ်။ အဲဒီတော့ ဖွံ့ဖြိုးဆဲနိုင်ငံရဲ့ရှု့ထောင့်ကနေ ကြည့်မယ် ဆိုရင် နျူကလီးယားလျှပ်စစ်ဓာတ်အားစက်ရုံတည်ဆောက်ဖို့ မဖြစ်နိုင်တဲ့အခြေအနေမှာရှိတယ်။ အဲဒီတော့ ဖွံ့ဖြိုးဆဲနိုင်ငံတွေအနေနဲ့ ရေအားလျှပ်စစ်က အဓိကပေါ့။ ဒါကတော့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ရှု့ထောင့် ကနေ ကြည့်တာပေါ့။ နောက်တစ်ခုက မြန်မာလူထုတွေ ထိတ်လန့်ကြောက်ရွံ့နေတာက ဒါကိုအခြေခံပြီးတော့ တရုတ်က ကျူးကျော်ဝင်ရောက်လာမယ်ဆိုတာမျိုးပေါ့။ ဒါကတော့ လုံခြုံရေးပိုင်းဖြစ်သွားပြီး။ လုံးဝကို မဆိုင်ဘူး လို့ပဲ ပြောရမှာပေါ့။ ရေအားလျှပ်စစ်စက်ရုံတစ်ခု (သို့မဟုတ်) ရေနံပိုက်လိုင်းတစ်ခု (သို့မဟုတ်) အထူးစီးပွားရေး ဇုန်တစ်ခုက ဘယ်လိုလုပ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်ဝင်ရောက်တဲ့အခွင့်အရေးဖြစ်သွားမှာလဲ။ စဉ်းစားကြည့် လိုက်ရင် ရှင်းနေတာပဲဆိုတာ အရမ်းသိသာပါတယ်။ မြန်မာနိုင်ငံမှာလည်း ဂျပန်တွေ၊ ထိုင်းတွေ ကြိုးစားပြီးတော့ ရင်းနှီးမြှုပ်နှံမှုလုပ်ချင်တဲ့ ရေအားလျှပ်စစ်လုပ်ငန်းတွေရှိပါတယ်။ တချို့ပရော့ဂျက်တွေက ဒေသခံပြည်သူလုထု တွေရဲ့ဆန့်ကျင်မှုကို ခံနေရတာလည်းရှိပါတယ်။ ဥပမာ- ဂျပန်က စက်ရုံတစ်ခု လာဆောက်တယ်ဆိုပါတော့။ အဲဒီစက်ရုံက ဂျပန်တွေ မြန်မာနိုင်ငံကိုကျူးကျော်ဝင်ရောက်ဖို့ ခြေကုပ်စခန်းလားပေါ့။ မဟုတ်ပါဘူး။ ဘယ်လိုမှ မဖြစ်နိုင်တဲ့ကိစ္စပါ။ နောက်တစ်ခုက တရုတ်-မြန်မာ ရထားလမ်း၊ သံလမ်းတည်ဆောက်တဲ့အချိန်မှာ တချို့ပြော နေကြတာက မြန်မာနိုင်ငံကို နှစ်ပိုင်း ပိုင်းတာမျိုးတွေပေါ့။ လမ်းကြောင်းတစ်ကြောင်းက မြန်မာနိုင်ငံကို နှစ်ပိုင်း ပိုင်းလိုက်နိုင်တယ်ဆိုတာ ဘယ်လိုမှယုံစရာကို မရှိဘူး။ တကယ်တော့ စဉ်းစားကြည့်မယ်ဆိုရင် ငါးနှစ်အရွယ် ကလေးလည်း မဟုတ်ဘူး။ ပြီးတော့ ကျွန်တော်တို့က မြန်မာ-တရုတ်အကြောင်းပြောကြရင် မြန်မာ-တရုတ် အကြောင်းပဲကြည့်နေကြတယ်။ ကျွန်တော်တို့က ကမ္ဘာနဲ့ယှဉ်ပြီး ကြည့်ရမယ်။ တရုတ်နိုင်ငံ သံလမ်းနဲ့ပတ်သက် ပြီး မြန်မာနိုင်ငံကို နှစ်ပိုင်း ပိုင်းတာမျိုးတွေစဉ်းစားနေတဲ့အချိန်မှာ တရုတ်က ဥရောပအထိ သံလမ်းတစ်ခုကို ဖောက်လိုက်တာ။ အဲဒီလို ဥရောပသံလမ်းကိုဖောက်လိုက်တဲ့အတွက် တရုတ်နိုင်ငံဟာ နိုင်ငံပေါင်များစွာကို ကျော်ဖြတ်ခဲ့တယ်။ အဲဒီနိုင်ငံတွေအကုန်လုံး နှစ်ပိုင်းကွဲသွားပြီလား။ ဥရောပကြီး နှစ်ပိုင်းကွဲသွားပြီလား။ တရုတ် ပြည်ရဲ့ ကုန်သွယ်ရေးမြို့တစ်မြို့ဖြစ်တဲ့ ယိဝူးမြို့ကနေ သံလမ်းတစ်ခုဖောက်လိုက်တာက အီတလီအထိ ရောက် တယ်။ စပိန်အထိရောက်နေပြီ။ စပိန်နိုင်ငံက အစိတ်စိတ်အမွာမွာ ကွဲသွားလား။ မကြာခင်ကပဲ ကြားလိုက်တာက တရုတ်-လာအို သံလမ်းကြီးလည်း ဖွင့်လှစ်လိုက်ပြီ။ လာအိုကရော နှစ်ပိုင်းကွဲသွားလား စသဖြင့်ပေါ့နော်။ အဲဒီ တော့ ကျွန်တော်တို့စဉ်းစားရမှာက ဝင်လာမှာကို ဘာလို့ကြောက်နေလဲဆိုတော့ အရင်းမြစ်ကို ပြန်စဉ်းစားကြည့် ရင် ကျွန်တော်တို့ မထွက်နိုင်လို့။ ဆိုလိုတာက ဘာလဲဆိုတော့ သံလမ်းဖောက်လိုက်တဲ့အချိန်မှာ ချက်ခြင်း ခေါင်းထဲဝင်လာတာက တရုတ်ကုန်ပစ္စည်းတွေ အလုံးအရင်းနဲ့ ဒီသံလမ်းကနေတဆင့် ဝင်လာမယ်ဆိုတာမျိုးပဲ ခေါင်းထဲရောက်လာတယ်။ အဲဒီလိုအတွေးမျိုးပဲ ခေါင်းထဲဝင်လာတဲ့အချိန်မှာ မြန်မာပြည်တွင်းက ထုတ်လုပ်ရေး သမားတွေ၊ ရောင်းဝယ်ရေးသမားတွေကလည်း သူတို့နည်းနည်းဒုက္ခရောက်မှာကို စိုးရိမ်တာပေါ့။ ကျွန်တော်တို့ ဘာလို့ အဲဒီလိုကြောက်နေကြတာလဲ။ ကျွန်တော်တို့ကုန်ပစ္စည်းတွေက အဲဒီသံလမ်းကနေရော ထွက်မသွားနိုင် ဘူးလား။ ဒါပေမယ့် ပွင့်ပွင့်လင်းလင်းပြောမယ်ဆိုရင် ကျွန်တော်တို့ သိပ်ပြီး ထွက်မသွားနိုင်ကြဘူးဗျ။ ဘာဖြစ်လို့ လည်းဆိုတော့ ကျွန်တော်တို့က စီးပွာရေးနဲ့ စက်မှုဖွံ့ဖြိုးတိုးတက်ရေးတွေက နောက်ကျနေသေးတယ်။ တရုတ်-မြန်မာကုန်သွယ်ရေးကို ပြန်ကြည်မယ်ဆိုရင် ဟုတ်ပါတယ်၊ အဝင်ကများနေပြီးတော့ အထွက်က နည်းနေသေး တယ်။ အကယ်၍သာ ကျွန်တော်တို့နိုင်ငံက စက်မှုဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံကြီးဖြစ်လာမယ်ဆိုရင် ကျွန်တော်တို့ရဲ့ ကုန်ပစ္စည်းတွေက နိုင်ငံတကာစံချိန်စံနှုန်းလည်း မှီမယ်။ တရုတ်နိုင်ငံကိုလည်း လိုအပ်တဲ့အချိန်မှာ ကုန်ပစ္စည်း တွေကို ဒီထက်မက ပို့ဆောင်နိုင်လိမ့်မယ်။ အဲဒီလိုပို့ဆောင်နိုင်တဲ့အခါမှာ အကျိုးအမြတ်လည်း ပိုရနိုင်မယ်။ အဲဒီ အခါကျရင် ဒီအသံတွေကို ဘာမှကြောက်စရာ အကြောင်းမရှိတော့ဘူး။
မေး ။ ။ တရုတ်နဲ့မြန်မာအကြောင်းကို စဉ်းစားလိုက်တိုင်းမှာ အခုလက်ရှိနိုင်ငံရေးအခင်းအကျင်း ဖြစ်လာတာ ပေါ့။ အဲဒီလိုဖြစ်လာတဲ့အခါမှာလည်း တရုတ်နိုင်ငံအကြောင်းစဉ်စားတဲ့ပုံစံမှာ တရုတ်က မြန်မာစစ်တပ်ကို သွား ပြီးတော့ အာဏာသိမ်းဖို့မြှောက်ပေးနေသလားလို့ ဝိုင်းပြောနေကြသလို တစ်ခါတရုတ်က မြန်မာနိုင်ငံကို မဖိတ် ဘူးလည်းဆိုရော အဲဒါမှ ငါတို့တရုတ် ၊ တရုတ်က ငါတို့ကိုနားလည်သွားပြီဆိုပြီး ပြောကြတယ်။ အဲဒီတော့ မြန်မာ တွေရဲ့တရုတ်နဲ့ပတ်သက်ပြီးစဉ်စားမှုပုံစံက သူတို့လိုချင်တဲ့အတိုင်းအကြိုက်လိုက်ရင် အဲဒါမှတရုတ်ပေါ့။ အကြို က်မလိုက်ရင်တော့ တရုတ်ကို ဆဲမယ်။ အဲဒီလိုပုံစံမျိုးတွေဖြစ်နေတာလား။ စဉ်စားပုံပဲ လွဲတာလား။ ဒါမှမဟုတ် တရုတ်ရဲ့မူပုံစံကိုကတည်းက ဟိုလိုလို ဒီလိုလိုယိမ်းတာလား။ နိုင်ငံရေးမှာ တရုတ်က သူ့မူအတိုင်းပဲ သူသွားနေ တာမျိုးလား။ ဆရာ ဘယ်လိုသုံးသပ်ပြချင်လဲ။
ဖြေ ။ ။ ဟုတ်ကဲ့။ အမှန်အတိုင်းပြောရမယ်ဆိုရင် တရုတ်ကတော့ အစကတည်းက ကျွန်တော်ပြောခဲ့သလိုပဲ တရုတ်က သူ့တို့မှာက နိုင်ငံတကာဆက်ဆံရေးမူက ရှိပြီးသားပဲ။ အခြေခံရှိပြီးသားပဲ။ အဲဒီတော့ တရုတ်ရဲ့ပြုမူ ဆောင်ရွက်မှုမှန်သမျှဟာ သူ့ရဲ့မူအရပဲ သူသွားနေတာဗျ။ ပြီးတော့ နိုင်ငံတကာဆက်ဆံရေးဆိုတာ ကျွန်တော် တို့ ဥပမာ- ဆရာနဲ့ ကျွန်တော်တို့ရဲ့ ဆက်ဆံရေးလိုမဟုတ်ဘူးဗျ။ ကျွန်တော်နဲ့ဆရာတို့ ဆက်ဆံရေးက ကျွန်တော်နဲ့ ဆရာနှစ်ယောက်ပဲ ဆုံးဖြတ်မှာပါ။ ဥပမာ- ဆရာက တစ်ခုခုပြောလိုက်လို့ ကျွန်တော်မကြိုက်ရင် ကျွန်တော် မဆက်ဆံတော့ဘူးပေါ့ဗျာ။ ဟုတ်တယ်မလား။ နောက်ပြီး ကျွန်တော်မကျေနပ်ရင် ဆရာ့ကို လက်ညှိး ထိုး ဆဲဆိုပြီးတော့ ထွက်သွားလို့ရတယ်။ အဲဒီနောက် ပြီးသွားတာပဲ။ ကျွန်တော်တို့နှစ်ယောက်ကိစ္စဆိုတော့ ကျွန် တော်တို့နှစ်ယောက်ရှင်းရတာ အရမ်းလွယ်တယ်ဗျ။ ဒါပေမယ့် နိုင်ငံနှစ်နိုင်ငံအရေးဖြစ်လာတဲ့အခါမှာ ဒီလို မဟုတ်တော့ဘူးဗျ။ သူတို့အနေနဲ့ တွေးခေါ်စရာအများကြီး ဖြစ်သွားပြီ။ ဒါကတစ်ချက်။ နောက်တစ်ချက်က လွယ် လွယ်လေးနဲ့ ကျွန်တော် ဒီတစ်ယောက်ကိုကြိုက်လို့ သူနဲ့ပေါင်းတယ်။ နောက်တစ်ယောက်ကိုတော့ မကြိုက်လို့ မပေါင်းဘူး။ အဲဒီလို မရဘူးဗျ။ ဒေါ်အောင်ဆန်းစုကြည် ပြောသလိုပေါ့။ အိမ်နီးချင်းဆိုတာ ရွေးလို့မရဘူး။ ကြိုက် သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ တရုတ်နဲ့ပေါင်းရမယ်တဲ့။ တရုတ်နိုင်ငံကလည်း ဒီလိုပါပဲ။ ဘယ်သူ့ကိုပဲဖြစ်ဖြစ် မြန်မာပြည်က ဘယ်သူပဲဖြစ်ဖြစ် ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ သူလည်းပေါင်းရမှာပဲ။ သူ့အနေနဲ့က လည်း မြန်မာနိုင်ငံက အိမ်နီးချင်းပဲဆိုတော့ သူရွေးလို့မရဘူး။ ငြင်းလို့လည်း မရဘူး။ အိမ်နီးချင်းက ရှိနေတယ်။ ပြီးတော့ တရုတ်နိုင်ငံရဲ့မူဝါဒ (၄) ချက်ပေါ့နော်။ အဲဒီအချက်တွေအပြင် နောက်ကွယ်မှာ နောက်ထပ်တစ်ချက်က ဘာရှိလဲဆိုတော့ အတတ်နိုင်ဆုံး သူက နိုင်ငံတိုင်းနဲ့ ပြေလည်ချင်တယ်။ ကောင်းမွန်တဲ့ဆက်ဆံရေးရှိချင်တယ်။ ဒါကတော့လည်း ရိုးရှင်းပါတယ်။ ကျွန်တော်တို့ လူတိုင်းနားလည်ပါတယ် ဟုတ်တယ်မလား။ ဘယ်သူမှလည်း ရန်သူမရှိချင်ဘူး။ အထူးသဖြင့် ကိုယ့်အိမ်နီးချင်းနဲ့ ရန်မဖြစ်ချင်ဘူး။ ဒါကသေချာတယ်လေ ဟုတ်တယ်မလား။ ဥပမာ- ဆရာနဲ့ ကျွန်တော် အခုစကားပြောသလိုပေါ့။ ကျွန်တော်နဲ့ ဆရာ မတည့်နေရင် ကျွန်တော်တို့ စကား ပြောလို့လည်း မကောင်းဘူး။ အဲဒီတော့ ဆရာနဲ့ ကျွန်တော်တို့ ဆက်ဆံရေးကောင်းမွန်မှ ဖြစ်မယ်။ အဲဒီတော့ အတူတူပါပဲ။ တရုတ်ကလည်း ဘယ်သူနဲ့ပဲဖြစ်ဖြစ် သူကတော့ ဆက်ဆံရေးကောင်းမွန်ချင်တယ်။ အဲဒီလို ကောင်းမွန်ချင်တဲ့အချိန်မှာ သူကတော့ သူ့မူအရကို အခြေခံပြီးတော့ ကောင်းမွန်တဲ့ဆက်ဆံရေးတစ်ခုကိုတော့ သူကတော့ လုပ်ချင်မှာပဲ။ အဲဒါကိုပြောရင်းနဲ့ ကျွန်တော်နည်းနည်းလေး နိုင်ငံတကာဆက်ဆံရေးအကြောင်းကို ချဲ့ပြီးတော့ ပြောချင်တယ်။ ဘာလို့လည်းဆိုတော့ ဒါလေးကိုကျွန်တော် နည်းနည်းလေးရှင်းပြချင်တယ်။ မြန်မာ ပြည်သူလူထုတွေရဲ့ နိုင်ငံတကာဆက်ဆံရေးအမြင်ပေါ့နော်။ ကျွန်တော်နည်းနည်းလေးဖြည့်စွက်ပြီးတော့ ရှင်းပြ ချင်တယ်။ ဥပမာ- ကျွန်တော်တို့ အခုခံစားချက်ပြင်းပြနေတဲ့ ပြည်သူလူထုတော်တော်များများက UN ကိုလည်း မကျေနပ်ဘူး။ အာဆီယံကိုလည်း မကျေနပ်ဘူး။ ဘယ်နိုင်ငံကိုမှ မကျေနပ်ဘူး။ အားမရဘူးဖြစ်နေကြတယ်။ UN ကိုပြောလိုက်ရင်လည်း ခင်ဗျားတို့က စိုးရိမ်တယ်လို့ပဲ ပြောနေတယ်။ အာဆီယံကလည်း စိုးရိမ်တယ်လို့ပဲ ပြော နေတယ်။ အားမရဘူး။ ဒါပေမယ့် အခုလက်ရှိ နိုင်ငံတကာဆက်ဆံရေးစနစ် ဘယ်လို ပေါ်ပေါ်က်လာတာလဲ ဆို တာကို ကျွန်တော်တို့ ပြန်လေ့လာကြည့်မယ်။ အဲဒီတော့ ပထမကမ္ဘာစစ်၊ ဒုတိယကမ္ဘာစစ်တွေဖြစ်ပွားတာဟာ တကယ်ကမ္ဘာ့သမိုင်မှာ ပေါ့နော်။ အင်မတန်ကြီးမားတဲ့ ပြဿနာကြီးပေါ့နော်။ ဘယ်လိုပြဿနာမှ ယှဉ်လို့မရတဲ့ အကြီးမားဆုံးပြဿနာကြီးကတော့ ပထမကမ္ဘာစစ်၊ ဒုတိယကမ္ဘာစစ်ပဲ။ အဲဒီလို ကမ္ဘာစစ်ကြီးတွေဖြစ်လာတဲ့ အချိန်မှာ နိုင်ငံခေါင်းဆောင်တွေက ဘာတွေစဉ်စားနေလဲဆိုတော့ နောက်ထပ် ဒီလိုကမ္ဘာစစ်ကြီး ထပ်မဖြစ်သွား အောင် နည်းလမ်းတစ်ခု ရှာရကြံရမယ်ဆိုပြီးတော့ အပြန်အလှန် ဒီလိုစစ်မဖြစ်လာအောင် ထိန်းကြောင်းနိုင်မယ့် စနစ်တစ်ခု တည်ဆောက်ရမယ်ဆိုပြီးတော့ သူတို့ စဉ်စားတယ်။ အဲဒီတော့ ကမ္ဘာကုလသမဂ္ဂဆိုတဲ့ အဖွဲ့အစည်း ကို ဗဟိုပြုတဲ့ နိုင်ငံတကာဆက်ဆံရေးစနစ်ဟာ ပေါ်ပေါ်က်လာတယ်။ အဲဒီတော့ ကမ္ဘာကုလသမဂ္ဂဆိုတဲ့အဖွဲ့ အစည်းကိုဗဟိုပြုတဲ့ နိုင်ငံတကာဆတ်ဆံရေးစနစ်ဟာ ဘာလဲဆိုတော့ သူရဲ့အခြေခံကဘာလဲဆိုတော့ နိုင်ငံ တစ်နိုင်ငံနဲ့တစ်နိုင်ငံကို ဝင်ရောက်စွက်ဖက်ကျူးကျော်တိုက်ခိုက်လို့မရအောင်(သို့) အတတ်နိုင်ဆုံးလျှော့ပေါ့ အောင် ထိန်းညှိဖို့အတွက် ဖြစ်ပေါ်လာတဲ့စနစ်ဖြစ်တယ်။ ဒါကြောင့်မို့လို့ အမေရိကန်ကလည်း အခုမြန်မာနိုင်ငံလို ဖြစ်လာတယ်။ အမျိုးမျိုးပြောတယ် ဟုတ်တယ်နော်။ ဝေဖန်တယ်။ ဒါပေမယ့် အမေရိကန်ဘာလုပ်လည်းဆို တော့ ဘာမှလုပ်လို့မရဘူး။ အမေရိကန်က ပြောရမယ်ဆိုရင် စစ်လက်နက်အရ ကမ္ဘာမှာအင်အားအကြီးဆုံးနိုင်ငံ ဖြစ်တယ်။ ဒါပေမယ့် မြန်မာနိုင်ငံကို သူတိုက်ချင်တိုင်း တိုက်လို့မရဘူး။ ဒီကမ္ဘာ့ကုလသမဂ္ဂဆိုတဲ့အဖွဲ့အစည်းကို ဗဟိုပြုတဲ့နိုင်ငံတကာဆက်ဆံရေးစနစ်က အတတ်နိုင်ဆုံး ထိန်းကြောင်းထားတယ်။ အဲဒီတော့ နိုင်ငံတကာစနစ် ဆိုတာ နိုင်ငံကြီးတစ်နိုင်ငံက နောက်နိုင်ငံအသေးလေးတစ်ခုကို ဝင်ရောက်စွက်ဖက်ကျူးကျော်တိုက်ခိုက်လို့ မရအောင်ထိန်းတဲ့ နိုင်ငံဖြစ်တယ်။ အဲဒီလိုဝင်ရောက်စွက်ဖက်လို့ရအောင် အားပေးတဲ့စနစ်မဟုတ်ဘူး။ အဲဒါ ကြောင့်မို့လို့ ဒီ UN တွေ၊ အာဆီယံတွေ သူတို့ပြုမူဆောင်ရွက်တဲ့အချိန်မှာ တဖြည်းဖြည်းချင်းသွားရတာပေါ့နော်။ အလွန်အကျွံ တိုက်မယ်ခိုက်မယ် R2P တွေ ဝင်မယ်ဆိုကတည်းက ဖြစ်မလာတာကို ကျွန်တော်တို့က ပြန်ပြီး နားလည်သင့်တာပေါ့။ ကျွန်တော်ပြောသလိုပဲ လူနှစ်ယောက်ဆက်ဆံရေးကတော့ ရှင်းတယ်။ မကြိုက်ရင် ဆရာ့မျက်နှာ ဝင်ထိုးလိုက်မှာပဲလေ။ ကျွန်တော့်ဆုံးဖြတ်ချက်နဲ့ကျွန်တော်လုပ်လို့ရတယ်။ ဒါပေမယ့် အမေရိကန် ဟာ မြန်မာပြည်ကိုမကျေနပ်လို့ ချက်ချင်းဝင်တိုက်မယ်ဆို တိုက်လို့မရဘူး။ တရုတ်ကလည်း အတူတူပဲ။ တရုတ် က မြန်မာပြည်အပေါ် သြဇာရှိတယ်လို့သာပြောတာ တရုတ်နိုင်ငံ ဘယ်နိုင်ငံကိုမကျေနပ်လို့ဆိုပြီး ငါဝင်တိုက် လိုက်မယ်ဆိုတာမျိုး လုပ်လို့မရဘူးဗျာ။ ဘယ်သူမှလုပ်လို့မရဘူး။ လွယ်လွယ်လေးနဲ့ ဘယ်သူမှလုပ်လို့မရဘူး။ အဲဒါလေးကို ကျွန်တော်နည်းနည်းလေး ရှင်းပြချင်ပါတယ်ဗျ။
မေး ။ ။ မြန်မာတွေရင်ထဲမှာရှိနေတဲ့ အသိတရားတစ်ခုရှိတယ်ဗျ။ တရုတ်ဟာ မြန်မာတိုင်းရင်းသား လက်နက် ကိုင်တွေပေါ့။ တရုတ်နိုင်ငံက သူရဲ့နယ်စပ်ခြံစည်းရိုးတစ်လျှောက်မှာရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ အပေါ်မှာ သြဇာညောင်းတယ်။ ဒီလိုသြဇာညောင်းရတာကလည်း တရုတ်က ငွေပေးတယ်(သို့မဟုတ်) လက်နက်ပေးတယ်။ တစ်ခုခုနဲ့ထောက်ပံ့ထားလို့ နည်းလမ်းတစ်ခုခုနဲ့ထောက်ပံ့ထားလို့ ဒီလက်နက်ကိုင်တွေက အင်အားကြီးလာတာ ဒါကြောင့်လည်း သြဇာညောင်းတယ်လို့ပြောကြတယ်။ အဲဒီတော့ ဒီလက်နက်ကိုင်တွေ အပေါ်မှ တရုတ်က သြဇာညောင်းတယ်ဆိုတာ ဘာကြောင့်လို့ထင်လဲ။
ဖြေ ။ ။ ဒါကတော့ အမျိုးမျိုးရှိတယ်။ အဲဒီလို သြဇာညောင်းတယ်လို့ပြောတဲ့အချိန်မှာ တကယ် သြဇာညောင်း လား/ မညောင်းလား ဆိုတာ ကျွန်တော်တို့ပြန်ကြည့်ရမယ်။ တကယ် သြဇာညောင်းလားပေါ့။ အဲဒီတော့ ဥပမာ - ကျွန်တော်တို့ ကိုးကန့်ပဲထားလိုက်ပါတော့။ ကျွန်တော်တို့ ပွင့်ပွင့်လင်းလင်းပြောရရင်တော့ ကိုးကန့် ပေါ့ဗျာ။ ဘာကြောင့်အဆက်အသွယ်ရှိလည်းဆိုတော့ ကျွန်တော်တို့ငြင်းလို့မရတာက ကိုကန့်လူမျိုးဆိုတာကလည်း တရုတ်လူမျိုးပါပဲနော်။ အဲဒီတော့ သူတို့ယဉ်ကျေးမှုအရ ဆက်နွယ်မှုရှိနေတယ်။ ဒါဘယ်လိုမှ ငြင်းပယ်လို့မရဘူး။ နယ်နိမိတ်အရလည်း နီးစပ်နေတယ်။ ဒါလည်း ငြင်းလို့မရဘူး။ အဲဒီလိုဖြစ်တဲ့အချိန်မှာ သူတို့လက်တွေ့မှာ လက်နက်ထောက်ပံ့လား၊ ငွေကြေးထောက်ပံ့လားဆိုတာကိုတော့ ကျွန်တော်မသိဘူး။ ကျွန်တော်က အပြင် လူတစ်ယောက်ဆိုတော့ ဒါတွေကိုမသိဘူး။ ဒါပေမယ့် ကျွန်တော်ပြောနိုင်တာက ဟုတ်ပါတယ်။ ယဉ်ကျေးမှုတွေ အရ၊ လူမျိုးအရကတော့ နီးစပ်မှုရှိတဲ့အတွက် နယ်နိမိတ်အရလည်း ကပ်လျက်ဖြစ်နေတဲ့အတွက် အဲဒီလို ဆက်ဆံရေးတချို့ရှိလိမ့်မယ်နော်။ နောက်တစ်ခုက ဘာလဲဆိုတော့ ကိုးကန့်အရေးဟာ မြန်မာအရေးဖြစ်ပေမယ့် တချိန်တည်းမှာပဲ သူဟာ တရုတ်-မြန်မာအရေးဖြစ်နေတယ်။ ဘာကြောင့် တရုတ်-မြန်မာအရေးဖြစ်နေလည်း ဆို တော့ ကိုးကန့်ဟာ နယ်စပ်ဒေသဖြစ်တဲ့အတွက် ကိုးကန့်ဒေသမှာ မတည်မငြိမ်မှုတွေဖြစ်လာတဲ့အချိန်မှာ တရုတ် နိုင်ငံရဲ့လုံခြုံရေးကိုလည်းသူက ထိခိုက်နိုင်ကိန်းရှိတယ်။ ဒါကြောင့်မို့လို့ တရုတ်နိုင်ငံကလည်း ဒီကိုးကန့်အရေးကို ပိုဂရုပြုဖို့လိုတာပေါ့နော်။ ဒါကတော့ တစ်ပိုင်းပေါ့။ ဒါပေမယ့် ကျွန်တော်တို့ ဒါကိုပြောတဲ့အချိန်မှာ ဒီလက်နက် ကိုင်အဖွဲ့တစ်ဖွဲ့နဲ့ တရုတ်နိုင်ငံတစ်ခုကိုပဲကြည့်လို့ မရတာက ဘာလဲဆိုတော့ မြန်မာနိုင်ငံရဲ့တိုင်းရင်းသား အရေးက အင်မတန်မှကို ရှုပ်ထွေးပါတယ်။ သမိုင်းလည်း ရှည်ကြာပြီဖြစ်တဲ့အတွက် ဘက်ပေါင်းစုံ ပါဝင်နေပါ တယ်။ ကျွန်တော်နောက်တစ်ခါ ထပ်ပြောပါမယ်။ ဘက်ပေါင်းစုံကို ပါဝင်နေပါတယ်ခင်ဗျ။ ဆိုလိုတာက ဥပမာ - KIA တို့၊ KNU တို့၊ ကျွန်တော်တို့ပြောတဲ့အချိန်မှာ အဲဒါဘယ်သူတွေပါမလဲ။ တရုတ်ပဲလား (သို့မဟုတ်) အမေရိကန်ပါလား။ ထိုင်းနယ်စပ်နဲ့ကပ်နေတော့ ထိုင်းနဲ့ပါဆက်နွယ်မှု ရှိနေမလားပေါ့။ အဲဒါတွေလည်း ကျွန်တော်တို့တွေ ပြန်စဉ်းစားရမယ်။ အာလုံးကတော့ အခွင့်အရေးကိုယ်စီရှိကြတာပေါ့။ ဒါပေမယ့် တကယ် သြဇာညောင်းလားဆိုတော့ ကျွန်တော်ကြားဖူးပါတယ်။ တရုတ်ကမိတ်ဆွေအချို့ကလည်း ပြောဖူးတယ်။ သူတို့ ပြောတာက ဘာလဲဆိုတော့ ကျွန်တော်တို့ကိုသြဇာညောင်းတယ်လို့သာပြောတယ်။ ဒါပေမယ့် တကယ်လက် တွေ့မှာတော့ ဒီလက်နက်ကိုင်တပ်ဖွဲ့တွေက သူတို့လုပ်ချင်တာလုပ်တာပဲလို့ ပြောတယ်။ သူတို့လုပ်ချင်တဲ့ ကိစ္စ တွေကိုလည်း တရုတ်ကို ကြိုပြောလေ့မရှိဘူး။ တရုတ်ဆီမှာလည်း ခွင့်တောင်းဖို့မရှိဘူး။ ဥပမာအားဖြင့် ကျွန်တော်မှတ်မိသလောက် ပြောပြပါမယ်။ ကိုးကန့်က ဘယ်နှစ်ခုနှစ်ကနေ စပြီး ပြန်တိုက်တာလဲဆိုတော့ ၂ဝ၁၅ ခုနှစ်မှာ ရုတ်တရက်ပြန်ထွက်လာပြီးတော့ တိုက်တယ်။ ဒါကိုလည်း တရုတ်က မသိဘူးဗျ။ သူ့ဟာသူတိုက်တာဗျ။ မူဆယ်(၁ဝ၅) မိုင်မှာ လွန်ခဲ့တဲ့(၂)နှစ်လောက်က ကိုးကန့်၊ TNLA ၊ မြောက်ပိုင်းမဟာမိတ်ဟာ တရုတ်-မြန်မာ ကုန်သွယ်ရေးလမ်းကြောင်းမှာရှိတဲ့ (၁ဝ၅) ကုန်သွယ်ရေးစခန်းကို ဝင်တိုက်သွားတယ်။ အဲဒီလိုဝင်တိုက်ခြင်း အားဖြင့် တရုတ်ကိုလည်း ထိခိုက်တယ်။ ဘာလို့ဆို ကုန်သွယ်ရေးထိခိုက်တော့ ကျွန်တော်တို့ တစ်ခုမှတ်မိရမှာ က ကုန်သွယ်ရေးလုပ်ငန်းဆိုတာ တစ်ဖက်တည်းရဲ့ကိစ္စ္မဟုတ်ဘူး။ နှစ်ဖက်ကိစ္စဖြစ်တယ်။ အဲဒီလို(၁ဝ၅) မိုင်မှာ အနှောင့်ယှက်ဖြစ်သွားတော့ တရုတ်ဘက်ကလည်း ထိခိုက်နစ်နာမှုတွေရှိတယ်။ ဒါမျိုးတွေပေါ့နော်။ အဲဒါတွေက အရမ်းပြောရခက်တဲ့ကိစ္စတွေဖြစ်ပါတယ်။ ပြီးတော့ ပိုဆိုးတာက ကျွန်တော်တို့အင်မတန်ရှုပ်ထွေးတဲ့ ပြဿနာ တွေကိုဆွေးနွေးတဲ့အချိန်မှာ ဒီအကြောင်းတွေ၊ အချက်အလက်တွေကို ပိုပြီးတော့ အခြေခံသင့်တယ်။ ပကတိ အခြေအနေကို ကျွန်တော်တို့အခြေခံသင့်တယ်။ တစ်ခါတလေကျရင် ကျွန်တော်တို့က မြန်မာနိုင်ငံမှာက မြန်မာပြည်သူတော်တော်များများက ခံစားချက်ကိုလိုက်ပြီး ပြောင်းလဲပြီးတော့ ပြောနေကြတယ်။ တချို့က ကိုးကန့်ကို သောင်းကျန်းသူ၊ သူပုန်၊ မြန်မာနိုင်ငံကိုဆန့်ကျင်တဲ့သူပုန်အဖွဲ့လို့ ခံယူကြတယ်။ ဒါပေမယ့် အခုက တော့ ဒီစစ်အာဏာသိမ်းပြီးတော့ စစ်အာဏာသိမ်းမှုကို လက်မခံတဲ့ပြည်သူလူထုက ရုတ်တရက် ဘက်ပြောင်း သွားတယ်။ ကိုးကန့်က သူတို့ရဲ့တိုင်းရင်းသားခေါင်းတွေဖြစ်သွားတယ်။ အဲဒီတော့ ခံစားချက်ကိုလိုက်ပြီးတော့ ပြောင်းသွားတာပေါ့နော်။ တကယ်လို့သာ အဲဒီလို အခြေအနေတွေ မရှိဘဲ ပကတိအခြေအနေ၊ အချက်အလက် တွေကို အခြေခံပြီးတော့ ကျွန်တော်တို့ ဒီပြဿနာတွေကို ခေါင်းအေးအေးနဲ့ ပြန်စဉ်းစားရလိမ့်မယ်လို့ ထင်တယ်။
မေး ။ ။ နောက်တစ်ခုက တရုတ်နဲ့မြန်မာက ခြံစည်းရိုးကပ်တဲ့နိုင်ငံတွေဖြစ်တယ်။ နောက်တစ်ခါ မြန်မာတွေ တော်တော်များများ ခံယူနေတဲ့အချက်က ကမ္ဘာ့ရေးရာမှာ ကျွန်တော်တို့နိုင်ငံဟာ မဟာဗျူဟာကျတဲ့နေရာမှာ ရှိ တယ်။ ပြီးတော့ သမုဒ္ဒရာပင်လယ်ရေကြောင်းမှာလည်း တကယ့်ကို အရေးကြီးတဲ့ပွိုင့်နေရာဖြစ်နေတယ် ဆို တော့ အမေရိကန်ကလည်း စိတ်ဝင်စားတယ်။ တရုတ်ကလည်း စိတ်ဝင်စားတယ်။ အိန္ဒိယကလည်း စိတ်ဝင်စား တယ်။ အိမ်နီးချင်းနိုင်ငံအကုန်လုံးကလည်း စိတ်ဝင်းစားတယ်။ အဲဒီတော့ ကျွန်တော်တို့နိုင်ငံဟာ လုံးဝ မဟာဗျူ ဟာကျတဲ့နေရာဖြစ်တဲ့အတွက် အရေးပါတဲ့နေရာမှာရှိတဲ့အတွက် အရာကိုပေးရလိမ့်မယ်လို့ မြန်မာတွေက အဲဒီလိုကို ယုံကြည်နေတယ်။ ခောတ်အဆက်ဆက်ခေါင်းဆောင်တွေကလည်း အဲဒီလိုတွေးခဲ့တာများတယ်။ အဲဒီအတွေးအတိုင်း တွေးလို့ရပါသလား။ ဆရာ့အနေနဲ့ ဘယ်လိုမြင်ပါသလဲ။
ဖြေ ။ ။ ဒီအတွေးက ဘယ်လိုပြောရမလဲဆိုတော့ အထိုက်အလျောက်မှန်ကန်တယ်လို့ ပြောလို့ရမယ်။ မြန်မာ နိုင်ငံဟာ ပထဝီအနေအထားအရ အရေးပါတယ်ဆိုတာ အထိုက်အလျောက်မှန်ကန်ပါတယ်။ မှန်ကန်ပါတယ်။ ဒီ အချက်က မမှားပါဘူး။ ဘာကြောင့်လည်းဆိုတော့ တရုတ်နိုင်ငံ အနောက်တောင်ပိုင်းကနေတစ်ဆင့် ပင်လယ် ထွက်ပေါက်ဖြစ်တယ်။ ဒါလည်းငြင်းလို့ မရပါဘူး။ ဒါပေမယ့် ကျွန်တော်တို့အတွက် ပိုအရေးကြီးတာက ဘာလဲဆို တော့ ဒီအချက်အလက်တော့ မှန်ကန်တယ်။ ဒါပေမယ့် ဒီအချက်အလက်အပေါ် တွေးခေါ်တဲ့ပုံစံတွေကတော့ မမှန်ပါဘူးလို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော်တို့ရဲ့တွေးခေါ်မှုပုံစံကိုပြောင်းလဲရမယ်။ ကျွန်တော်တို့စဉ်စား နေတာ ဘာလဲဆိုတော့ နိုင်ငံတကာက ကျွန်တော်တို့ကို လိုအပ်နေတယ်လို့ပဲထင်တယ်။ ကျွန်တော်တို့ဟာ နိုင်ငံ တကာအတွက် အရေးကြီးနေတယ်ဆိုပြီးတော့ ကိုယ့်ဟာကိုယ်ပျော်ပြီးတော့ ဈေးကိုင်နေတဲ့အခြေအနေဖြစ်နေ တယ်လို့ တွေးခေါ်နေကြတယ်။ အဲဒီလိုတွေးခေါ်နေမယ့်အစားပေါ့နော်။ ကျွန်တော်အကြံပြုချင်တာက ဘာလဲ ဆိုတော့ ပြောင်းပြန်လေးပြန်တွေးပါ။ ကျွန်တော်တို့ ဒီလိုအချက်အချာကြနေတဲ့အတွက် ဒီလိုအခြေအနေကို အသုံးချပြီးတော့ ကိုယ့်နိုင်ငံကောင်းကျိုးအတွက် ဘယ်လိုပူးပေါင်းဆောင်ရွက်မှုတွေလုပ်ပြီးတော့ ကိုယ့်နိုင်ငံကို ဖွံ့ဖြိုးတိုးတက်လာမလဲ ဆိုတာလေးကို စဉ်းစားသင့်တယ်လို့ထင်ပါတယ်။ ကျွန်တော်တို့က ဒီလိုအချက်အချာ ကျနေတဲ့အတွက်ကြောင့်မို့လို့ “ကဲ… တရုတ်တို့ ခင်ဗျားတို့က ကျွန်တော်တို့မရှိရင်မဖြစ်ဘူး” လို့ ပြောနေကြတာ ပါ။ မှန်ပါတယ်။ တရုတ်ရဲ့အနောက်တောင်ပိုင်းကနေထွက် ပင်လယ်ပေါက်တစ်ခုဖြစ်နေတာမှန်ပေမယ့် ကျွန်တော်စောစောက ပြောသလိုပဲ တရုတ်ရဲ့အရှေ့တောင်ပိုင်းမှာရှိတဲ့ အမွိုင်မြို့တစ်မြို့ရဲ့ကုန်သွယ်မှုက တောင် မြန်မာတစ်နိုင်ငံလုံးထက် မြင့်နေပြီလေဗျ။ အဲဒီတော့ ဒီအပေါက်ရှိရင် တရုတ်အတွက် အကျိုးပြုတာ မှန်တယ်။ ဒါပေမယ့် မရှိတော့လည်း တရုတ်အကျိုးနည်းတာပေါ့။ ဒါလဲမှန်ပါတယ်။ တရုတ်အတွက် အကျိုးနည်းသွားမယ်။ ဒါပေမယ့် မြန်မာပြည်ကတော့ တရုတ်ဟာ စီးပွားရေးအရအင်မတန်ကြီးတဲ့ နိုင်ငံ တစ်နိုင်ငံဖြစ်တယ်။ တရုတ်-မြန်မာကုန်သွယ်ရေးကလည်း မြန်မာက တရုတ်စီးပွားရေးကို အင်မတန်မှီခိုနေရတဲ့ နိုင်ငံတစ်ခုဖြစ်နေတဲ့အတွက် ဒီလိုကုန်သွယ်ရေးတွေ မလုပ်ဘူးဆိုရင် ဘယ်သူပိုပြီးနစ်နာမလဲဆိုတော့ မြန်မာက သာ ပိုနစ်နာမှာပါ။ အဲဒီတော့ မြန်မာဟာ ဒီလိုအခွင့်ကောင်းကိုယူပြီး၊ ပိုတက်ကြွပြီးတော့ ပူးပေါင်းဆောင်ရွက်မှု တွေ၊ ကိုယ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုတွေကို လုပ်လာတာကိုမြင်ချင်တယ်။ ကိုယ့်ကိုယ်ကိုယ် ဈေးကိုင်ပြီးတော့ ငါကွ ဆိုပြီးတော့ ပျော်နေတာကတော့ မဖြစ်သင့်ဘူးလို့ ကျွန်တော်မြင်ပါတယ်ဗျ။
မေး ။ ။ အဲဒီမှာ တရုတ်-မြန်မာဆက်ဆံရေးလို့ပြောရရင် ကျွန်တော်တို့အားလုံး သတိထားမိလိုက်တဲ့အချက်က အမေရိကန်နိုင်ငံကို ကျိန်းသေထည့်ပြောရမယ်။ တရုတ်အတွက် မြန်မာက ဘာကြောင့်အရေးကြီးလဲပြောရင် အမေရိကန်ကြောင့်ဆိုတဲ့ခေါင်းစဉ်ရှိတယ်။ အဲဒီတော့ မြန်မာကြောင့် တရုတ်နဲ့ အမေရိကန်ချတာလား။ တရုတ်ရဲ့ အမေရိကန်တို့ ချကြတဲ့အကွက်ထဲမှာ မြန်မာက ရှိနေတာလား။ သူတို့အတွက် အရေးပါမှုထဲမှာ ရှိနေ တာလား။ ဘယ်လိုမြင်မိလဲဗျ။
ဖြေ ။ ။ ဒါကတော့ အင်မတန်အရေးကြီးတဲ့ အချက်ပေါ့နော်။ မြန်မာကြောင့် တရုတ်နဲ့ အမေရိကန် ချနေကြတာ မဟုတ်ဘူး။ တရုတ်နဲ့ အမေရိကန် ချနေတာကြောင့် မြန်မာကို နည်းနည်းဂရုပြုလာတယ်လို့ ပြောလို့ရတယ်။ အဲဒီလို ဂရုပြုလာတဲ့အချိန်မှာတောင်မှ မြန်မာက ပထမတန်းစားထဲဝင်တဲ့ အရေးကြီးဆုံးစဉ်းစားရမယ့် အချက်ထဲ မှာ မပါဘူးဆိုတာ ကျွန်တော်တို့မြန်မာတွေ ကိုယ်တိုင်မြင်တွေ့ဖို့လိုတယ်။ ဥပမာ - ကျွန်တော်တို့ တရုတ် အကြောင်းပြောတဲ့အချိန်မှာ တရုတ်အတွက် တကယ်အရေးကြီးတဲ့ ပထဝီနိုင်ငံရေးပြဿနာတွေက ဘာလဲဆို တော့ မြန်မာမဟုတ်ဘူးဗျ။ မြန်မာက ဒုတိယတန်း ဒါမှမဟုတ် တတိယတန်းလောက်မှာပဲရှိတယ်။ သူရဲ့အဆို အရ အရေးကြီးဆုံးအရာက သူတို့ရဲ့ပြည်တွင်းရေးပြဿနာပဲ။ ပြည်တွင်းအချုပ်အချာအာဏာ တည်တံ့ရေး၊ ဆိုလိုတာက ထိုင်ဝမ်ကျွန်းပြဿနာပေါ့နော်။ ဒီထိုင်ဝမ်ကျွန်းပြဿနာကသာလျှင် တရုတ်ရဲ့အရေးကြီးဆုံးသော မဟာပထဝီမြောက် ပြဿနာတစ်ခုဖြစ်တယ်။ ဒါက သူတို့အတွက် အရေးကြီးဆုံးပဲ။ ဒီထိုင်ဝမ်အရေးနဲ့ပတ်သက် လာရင် တရုတ်က မည်သည့်နိုင်ငံကိုမှ အလျှော့ပေးမှာမဟုတ်ဘူးဆိုတာ သေချာတယ်။ ဒါကတစ်ချက် နောက် ဒုတိယတန်းကတော့ ထပ်ပြောမယ်ဆိုရင် ဂျပန်နဲ့ မြောက်ကိုရီးယားပေါ့။ အထူးသဖြင့် ဂျပန်ဖြစ်တယ်။ ဂျပန်ကို ကျွန်တော်တို့ တရုတ်ရဲ့ပထဝီနိုင်ငံရေးအရကြည့်မယ်ဆိုရင် ဂျပန်က ဒုတိယအရေးကြီးဆုံးဖြစ်နေတယ်။ ဘာကြောင့်လဲဆိုတော့ တစ်ဖက်မှာက ဂျပန်ကလည်း အင်မတန်ကို စီးပွားရေးဘက်စုံအင်အားတောင့်တင်းတဲ့ နိုင်ငံတစ်ခုဖြစ်တယ်။ နယ်နမိတ်သာ သေးတာပေါ့နော်။ ဒါပေမယ့် ဂျပန်နိုင်ငံက ဘက်စုံအင်အားကြီးတဲ့ နိုင်ငံ တစ်ခုဖြစ်တယ်။ နောက်တစ်ဖက်မှာလည်း ဂျပန်နဲ့ တရုတ်က နယ်နိမိတ်ပြဿနာတစ်ခုရှိတယ်။ ကျွန်းပိုင်ဆိုင်မှုပဲ ပေါ့နော်။ ပြီးတော့ အမေရိကန်နဲ့ ဂျပန်ရဲ့ဆက်ဆံရေးကြောင့်မို့လို့ တရုတ်ကလည်း အမေရိကန်နဲ့ ပြိုင်ဆိုင်မှုတွေ ရှိနေတဲ့အတွက်ပေါ့နော်။ ဆိုလိုတာက တရုတ်အတွက် ဂျပန်ဟာ ပိုပြီးတော့ အများကြီးအရေးကြီးတာပေါ့။ မြောက်ကိုရီးယားဆိုတာကလည်း တရုတ်နိုင်ငံနဲ့ နယ်နိမိတ်ချင်းထိစပ်နေတာကတစ်ပိုင်း၊ နောက်တစ်ခုက မြောက်ကိုရီးယားနိုင်ငံ ကိုယ်တိုင်ကလည်း အမေရိကန်တို့နဲ့ ဆက်ဆံရေးထိပ်တိုက်တွေ့နေတဲ့ နိုင်ငံတစ်ခုဖြစ် တယ်။ တောင်ကိုရီးယားနဲ့လည်း မတည်မငြိမ်မှုတွေဖြစ်တယ်။ အဆင်မပြေဘူးပေါ့ဗျာ။ ပြီးတော့ တောင်ကိုရီး ယားကလည်း အမေရိကန်ဘက်ကဖြစ်တယ်။ အဲဒီမှာ ယှဉ်ကြည့်လိုက်ရင် မြန်မာနိုင်ငံထက် အဲဒီနိုင်ငံတွေက တရုတ်အတွက် ပိုပြီးတော့အရေးကြီးတယ်။ နောက်တတိယအချက်က ဘာလဲဆိုတော့ အိန္ဒိယပေါ့နော်။ အိန္ဒိယ ကလည်း တရုတ်အတွက် ပိုအရေးကြီးတယ်။ ဘာကြောင့်လဲဆိုတော့ အိန္ဒိယက နိုင်ငံပိုကြီးတယ်။ အင်အား ပိုကြီးတယ်။ ပြီးတော့ တရုတ်နဲ့လည်း နယ်နိမိတ်ပြဿနာရှိနေတယ်။ ပြီးတော့ မြန်မာနဲ့ယှဉ်ရင် အိန္ဒိယနဲ့ အမေရိကန်နဲ့ဆက်ဆံရေးက ပိုကောင်းတယ်။ ပိုပြီးတော့ နီးစပ်တဲ့နိုင်ငံတစ်ခုဖြစ်တယ်။ အဲဒါကြောင့်မို့လို့ တရုတ်ရဲ့ပထဝီမဟာရှု့ထောင့်ကကြည့်မယ်ဆိုရင် အရေးကြီးဆုံးအနေဲ့ နံပါတ်(၁) ပြဿနာက ထိုင်ဝမ်ကျွန်း ပြဿနာပဲ။ နံပါတ်(၂) က ဂျပန်၊ နံပါတ်(၃) က မြောက်ကိုရီးယား၊ နံပါတ်(၄) က အိန္ဒိယ ပြီးတော့ နောက်တစ်ခုရှိ သေးတာက ဗီယက်နမ်နဲ့လည်း ကျွန်းပြဿနာရှိနေသေးတယ်။ အဲဒီတော့ မြန်မာနိုင်ငံကို နံပါတ်(၆) နေရာမှာ ထားလို့ ရပါတယ်။ အဲဒီတော့ တရုတ်ရှု့ထောင့်ကနေပြောမယ်ဆိုရင် ပထဝီမဟာဗျူဟာမြောက်ပြိုင်ဆိုင်မှုမှာ မြန်မာနိုင်ငံကို သူရဲ့နံပါတ်(၆) နေရာမှာ ထားထားပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံအနေနဲ့ကတော့ တရုတ်က နံပါတ်(၁) ပေါ့။ ဒီလိုအခြေအနေအောက်မှာ ကျွန်တော်တို့က ဈေးကိုင်နေတာမျိုး မဟုတ်ဘဲနဲ့ အခွင့်ကောင်း ယူ ရမှာဖြစ်တယ်။ အဲဒီလိုပြောင်းလဲပြီးတော့ နားလည်ဖို့လိုအပ်လာပြီလို့ ကျွန်တော် ယူဆတယ်ဗျ။
မေး ။ ။ မြန်မာပြည်ရဲ့ကိစ္စက ကျွန်တော်တို့မြန်မာဘက်က သုံးသပ်သူတွေရဲ့မြင်တဲ့အမြင်အရ တရုတ်ဟာ သူရဲ့နောက်ဖေးပေါက်မှာ ဒီမိုကရေစီရှင်သန်ကြီးထွားသွားမှာ အရမ်းကြောက်တယ်။ အမေရိကန်ရဲ့ အရိပ် အငွေ့တွေလွှမ်းမိုးသွားမှာ အရမ်းကြောက်တယ်။ ဒါကြောင့် တရုတ်က မြန်မာမှာ အမေရိကန် ရဲ့အရိပ်အငွေ့ တွေ မလွှမ်းမိုးလာအောင် တရုတ်ကလည်း တတ်နိုင်သမျှထိန်းနေတဲ့သဘောမျိုးတွေ့ရတယ်။ မြန်မာမှာ လာပြီး အားပြိုင်နေတယ်ဆိုတဲ့သဘောမျိုး ဝိုင်းပြီးတော့ သုံးသပ်ကြတာတွေ့ရတယ်။ ဒီသုံးသပ်ချက်တွေကိုရော ဆရာ ဘယ်ရှု့ထောင့်က ပြောချင်လဲဗျ။
ဖြေ ။ ။ ဒါကတော့ တကယ်ပြောမယ်ဆိုရင် နိုင်ငံရေး(Idealogy) ရဲ့ပြိုင်ဆိုင်မှုဖြစ်သွားပြီ။ ဒါကတော့ မဖြစ်နိုင် ဘူးလား ဆိုရင်တော့ သီအိုရီသဘောအရဆိုရင်တော့ ဟုတ်သလိုလိုပဲ။ ဒါပေမယ့် ကျွန်တော်တို့လက်တွေ့ကို ပြန်ကြည့်ကြရအောင်ပါ။ အခုလို မြန်မာနိုင်ငံမှာ အာဏာသိမ်းမှုတွေ၊ တိုက်ခိုက်မှုတွေ နေရာတကာဖြစ်နေတယ်။ တိုင်းရင်သားလက်နက်ကိုင်တွေနဲ့ ဗဟိုနဲ့ စစ်မက်တွေဖြစ်ပွားနေတယ်။ ဒီလိုနိုင်ငံတစ်နိုင်ငံဟာ တရုတ်နိုင်ငံ အတွက် တကယ်အကျိုးပြုလားဆိုတာပေါ့နော်။ ဥပမာ- ကျွန်တော်နဲ့ ဆရာနဲ့က အိမ်နီးချင်လို့ ထားလိုက်ပါ။ အကယ်၍ ကျွန်တော်က ဆရာနဲ့ယဉ်ကျေးမှု၊ ဘာသာရေး၊ နေပုံထိုင်ပုံ အာလုံးတစ်ပုံစံတည်းဖြစ်နေတာက ကောင်းပေမယ့် ကျွန်တော် ဆရာ့ကိုတောင်းဆိုလို့မရဘူး။ ကျွန်တော်က မြန်မာနိုင်ငံသား တရုတ်လူမျိုးဖြစ် တယ်။ ကျွန်တော်အိမ်မှာဆိုရင် တရုတ်အစားအစား စားတယ်။ အဲဒီတော့ ကျွန်တော် ဆရာ့ကို တရုတ်အစား အစာပဲစားရမယ်လို့ တောင်းဆိုလို့ရလား။ မရဘူးဗျ။ ဆရာကတော့ ဗမာစာပဲ စားမှာပဲ။ ဒါကို ကျွန်တော် တောင်းဆိုလို့မရဘူး။ အဲဒီတော့ အကောင်းဆုံးကဘာလဲဆိုရင် ကျွန်တော်တို့လက်ခံရမှာက တစ်ပုံစံတည်းဖြစ်ရ မယ်ဆိုတဲ့အရာမဟုတ်ဘဲနဲ့ မတူညီတဲ့ပုံစံနဲ့ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရမယ်ဆိုတဲ့ အမြင်ပေါ့။ ကျွန်တော် ထင်တာ တရုတ်မှာဒီလိုအမြင်ရှိတယ်လို့ ထင်တယ်ဗျ။ တရုတ်မှာအိမ်ချင်းနိုင်ငံ(၁၅) နိုင်ငံရှိတယ်။ ကျွန်တော်တို့ အဲဒီ(၁၅) နိုင်ငံကိုကြည့်လိုက်ရင် ဘယ်နိုင်ငံကမှ စနစ်တူတာမဟုတ်ဘူး။ (၁၅) နိုင်ငံကို တရုတ်နိုင်ငံလို စနစ် ဖြစ်ဖို့ သူရည်ရွယ်မယ်၊ ကြိုးစားမယ်လို့ထင်လား။ အရင်တုန်းကတော့ ရှိခဲ့ဖူးတယ်။ ဒါပေမယ့် အခုကတော့ တရုတ်က ဒီလမ်းစဉ်ကို လုံးဝစွန့်လွှတ်လိုက်ပါပြီ။ သူတို့ရွေးချယ်တဲ့လမ်းစဉ်ကတော့ မတူမှုအောက်မှာ ငြိမ်းချမ်း စွာ အတူယှဉ်တွဲနေထိုင်ရမယ်ဆိုတဲ့မူကို ယူထားပါတယ်။ အဲဒီတော့ ကျွန်တော်တို့စောစောကပြောသလိုပဲ ဆရာ နဲ့ကတော့ စားပုံ၊ သောက်ပုံ၊ နေပုံ၊ ထိုင်ပုံလည်း မတူဘူး။ အဲဒါဆိုရင် ကျွန်တော်က ဆရာ့အိမ်တွင်းမှာ မိသားစု တွေပြဿနာဖြစ်အောင် မြောက်ပေးနေမယ်ပေါ့။ ဥပမာဗျာ- ဆရာ့အိမ်တွင်းမှာ ဆရာမိသားစုတွေ နေ့တိုင်း အိမ် မှာ ရန်ဖြစ်ပေါက်ကွဲနေရင် ကျွန်တော်ဘေးမှာနေတဲ့သူတစ်ယောက်အနေနဲ့ စိတ်ချမ်းသာလားပေါ့နော်။ အဲဒါကို ပဲ စဉ်းစားကြည့်လိုက်ပါ။ နောက်တစ်ခါ ကျွန်တော် ညအိပ်ခါးနီးအချိန်မှာ ဆရာတို့အိမ်မှာ ရန်တွေဖြစ်နေကြ တယ်။ အိုးတွေ၊ ပန်းကန်တွေ ခွဲရိုက်နေကြတယ်။ ကျွန်တော်အိပ်လို့ ရပါ့မလား။ အဲဒီလိုနည်းလမ်းနဲ့ ပြန်စဉ်းစား ကြည့်လိုက်ပါ။ အဲဒီတော့ ဒီကိစ္စတွေကကြည့်မယ်ဆိုရင် တရုတ်က ဒီလို လိုလားနေတာလို့ ပြောမယ့်အစားပေါ့ နော် အမေရိကန်က ဒီလိုပိုပြီးတော့ လိုလားတယ်လို့ ပြောလို့ရမယ်။ ဘာကြောင့်လဲဆိုတော့ အမေရိကန်နဲ့ မြန်မာနဲ့က အရမ်းဝေးနေတယ်။ သူ့အတွက်ကတော့ မြန်မာဟာ ဘာဖြစ်ဖြစ်သိပ်ပြဿနာမရှိဘူး။ သူ့ဘက်က တော့ မြန်မာဟာ အကယ်၍အမေရိကန်လိုဖြစ်လာမယ်ဆိုရင် တရုတ်ကိုဖိအားပေးနိုင်မယ်လို့တော့ ယူဆ ကောင်းယူဆနိုင်တယ်။
မေး ။ ။ အဲဒီတော့ ဆိုလိုတာက ကျွန်တော်တို့မြန်မာနိုင်ငံမှာ တည်တည်ငြိမ်ငြိမ်ဖြစ်နေတာကို အမေရိကန်နဲ့ တရုတ်မှာ ဘယ်သူက ပိုလိုချင်လဲမေးရင် တရုတ်ကပိုလိုချင်တယ်။ အမေရိကန်က သိပ်လိုချင်ပုံမပေါက်ဘူး။ ဘာလို့လဲဆိုတော့ မြန်မာမှာ မတည်ငြိမ်မှုတွေဖြစ်နေမှ တရုတ်က အိပ်မရဖြစ်မယ်။ အဲဒီလို မျိုး ပြောချင်တာလား ဗျ။
ဖြေ ။ ။ ဒီလိုလည်း ပြောလို့မရပါဘူး။ အမေရိကန်က မြန်မာနိုင်ငံမှာ ရှုပ်ထွေးမှုတွေကို မြင်ချင်တယ်လို့လည်း ပြောလို့ မရဘူးဗျ။ အမေရိကန်ကလည်း ကျွန်တော်တို့ကိုမြန်မာနိုင်ငံကို ကောင်းစားစေချင်ပါတယ်။ အကုန်လုံး ကတော့ အကောင်းမြင်ပါတယ်။ ကျွန်တော်ပြောဖူးပါတယ်။ နိုင်ငံရေးက ညစ်ပတ်တယ်လို့ ကျွန်တော်ပြောခဲ့ဖူးပါ တယ်။ အဲဒီတော့ နိုင်ငံရေးက ညစ်ပတ်တယ်ဆိုပေမယ့်လည်း နိုင်ငံရေးလုပ်တဲ့လူတိုင်းကတော့ မညစ်ပတ်ဘူး ဗျ။ ကျွန်တော်တို့ ဘယ်လောက်ညစ်ပတ်တာပဲဖြစ်ဖြစ် ဘာကိုယုံကြည်ရမလဲဆိုတော့ လူတွေကလေ ကောင်းမွန် တဲ့ စိတ်ဆန္ဒနှလုံးသားတွေ လူတိုင်းပိုင်ဆိုင်ကြတယ်ဆိုတာ နိုင်ငံရေးလုပ်လုပ်၊ စီးပွားရေးလုပ်လုပ် အဲဒီလိုလူ တွေလည်း ရှိတယ်လို့ ကျွန်တော်တို့ယုံကြည်ထားသင့်တယ်။ ဆိုလိုတာက အမေရိကန်ကလည်း တရုတ်နဲ့ အပြိုင်အဆိုင်ရှိနေတာ မှန်ပါတယ်။ မြန်မာနိုင်ငံမှာ အမေရိကန်လိုချင်တဲ့ နိုင်ငံရေးစနစ်မျိုးပိုင်ဆိုင်ပြီးတော့ သူ့ရဲ့ဘက်တော်သားဖြစ်သွားပြီး တရုတ်ကိုဆန့်ကျင်ဖို့ သူတို့အနေနဲ့လိုလားကောင်းလိုလားနိုင်ပါတယ်။ ဒါပေ မယ့် အဲဒီလို လိုလားမှုအတွက်ကြောင့်နဲ့တော့ မြန်မာနိုင်ငံ ပြည်တွင်းမှာ ရှုပ်လေကောင်းလေဆိုပြီးတော့ သူ့နိုင်ငံ အတွက်ပဲ သူအဲဒီလိုစဉ်းစားမယ်လို့တော့ မထင်ဘူးဗျ။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့လူတွေက အကောင်းမြင် တဲ့ စိတ်လေးတော့ရှိရမှာပေါ့။ ကျွန်တော်တို့ကိုယ်တိုင်က တရုတ်နိုင်ငံထက် မြန်မာနိုင်ငံကို ဒုက္ခပေးမယ်ဆိုပြီး တော့ အဲဒီလိုမတွေးသင့်သလို အမေရိကန်ကလည်း မြန်မာနိုင်ငံကို ဒုက္ခပေးမယ်လို့ မတွေးသင့်ဘူး။ ကျွန်တော် ထပ်ပြောရမယ်ဆိုရင် နိုင်ငံတကာဆက်ဆံရေးကနေပြီးတော့ ကျွန်တော်တို့ မြန်မာပြည်တွင်းရေး ပြောမယ်ဆိုရင် လည်း အဲဒီလိုပါပဲ။ အခုမြန်မာပြည်တွင်းမှာဖြစ်နေတဲ့ စစ်တပ်နဲ့ NLD ပြဿနာကိုပဲကြည့်ပေါ့နော်။ NLD က လည်းပြောတယ် စစ်တပ်က ဒီတိုင်းပြည်ကို ဖျက်ဖို့ပဲ။ စစ်တပ်ကလည်း NLD က တိုင်းပြည်ကို ဒုက္ခပေးဖို့ အတွက် ဆိုတာမျိုးပေါ့နော်။ သူတို့အချင်းချင်း ဒီလိုမစဉ်းစားသင့်ဘူး။ တကယ်တော့ အမြင်နဲ့ရပ်တည်မှုချင်းသာ မတူကြ တာ။ နှစ်ဖက်စလုံးကတော့ တိုင်းပြည်ကောင်းစားရေးကိုလိုလားကြတဲ့သူတွေချည်းပါပဲ။ ဒါပေမယ့် လမ်းစဉ်မတူ တာပေါ့နော်။ ခံယူချက်တွေ မတူကြဘူး။ လုပ်နည်းလုပ်ဟန်တွေ မတူကြတာလို့ပဲ ကျွန်တော် ယူဆပါတယ်။
မေး ။ ။ ကျွန်တော်တို့မြန်မာနိုင်ငံအပေါ်မှာ အမေရိကန်ကထားတဲ့စိတ်ထားနဲ့ တရုတ်ကထားတဲ့စိတ်ထား နောက်တစ်ခါ မြန်မာပြည်သူတွေက အမေရိကန်ကိုမြင်တဲ့အမြင်နဲ့ တရုတ်ကိုမြင်တဲ့အမြင် တော်တော်လေး ကွဲပြားနေတာကိုတွေ့ရတယ်။ ဘယ်သူက သူတော်ကောင်းတယ်လို့ပြောပြီးတော့ ဘယ်သူက နည်းနည်းလေး မကောင်းဘူလို့ ပြောလို့ရလဲဗျ။
ဖြေ ။ ။ ဘယ်သူက သူတော်ကောင်းလို့ပြောရမလဲဆိုရင်တော့ ဘာကြောင့် မြန်မာပြည်သူတွေ ဒီလိုမျိုးမြင်ရလဲ ဆိုတာကို ကျွန်တော်တို့အရင်သုံးသပ်ကြရင် ပိုပြီးတော့ကောင်းမယ်လို့ထင်ပါတယ်။ ဒါကို ကျွန်တော်အချက် (၂) ချက်နဲ့ ပြောပါမယ်။ ဥပမာ- ဆရာက ဆရာ့အိမ်နီးချင်းရဲ့အကြောင်းကို ပိုသိမလား။ အိမ်နီးချင်းအကြောင်းကိုပဲ ဆရာ့အနေနဲ့ ပိုသိမှာပေါ့နော်။ ဆရာက ရန်ကုန်မှာနေတယ်။ မြစ်ကြီးနားမှာနေတဲ့သူတစ်ယောက်ကို ဆရာရဲ့ ရန်ကုန်က အိမ်နီးချင်းလောက် ပိုသိနိုင်ပါ့မလား။ ဆိုလိုတာက ဆရာ့အိမ်နီးချင်းအကြောင်းပဲ ပိုသိလိမ့်မယ်။ မြစ်ကြီးနားမှာနေတဲ့ သူတစ်ယောက်အကြောင်းကိုတော့ ဆရာပိုသိမှာ မဟုတ်ဘူး။ ပြီးတော့ အိမ်နီးချင်းနဲ့ ဆက် ဆံေရေးက များတယ်။ ဆရာနေ့တိုင်းအပြင်ထွက်လိုက်တာနဲ့ အိမ်နီးချင်းနဲ့တွေ့နေရမှာပဲ။ ဆက်ဆံရေးအရ လည်း ပိုသိလာလိမ့်မယ်။ မြစ်ကြီးနားကလူတစ်ယောက်နဲ့တော့ ဘာမှအဆက်အသွယ်ရှိမှာ မဟုတ်ဘူး။ အဲဒီ တော့ ဆရာနဲ့ဘာပြဿနာမှမရှိဘူး။ ဘာပြဿနာမှမရှိဘူးဆိုတော့ ကောင်းနေတဲ့သဘောပေါ့။ ဒါပေမယ့် အိမ်နီး ချင်းတွေ၊ ဆက်ဆံရေးတွေရှိနေတဲ့အတွက် တစ်ခါတလေမှာ ဆွေးနွေးရမယ့်ကိစ္စလေးတွေတော့ ကြုံကောင်း ကြုံနိုင်တယ်။ ထားလိုက်ပါတော့ ရပ်ကွက်ထဲမှာ အမှိုက်ကိစ္စတွေပြောစရာရှိမယ်။ ဆရာအိမ်ရှေ့မှာ အမှိုက်တွေ ပစ်ထားလို့ပြောရတာရှိမယ်။ အမျိုးမျိုးပေါ့။ ဒါတွေက အိမ်နီးချင်တွေမှာပဲဖြစ်တတ်တဲ့ ကိစ္စတွေလေ။ အဲဒီတော့ အိမ်နီးချင်းတွေက ကောင်းလည်းကောင်းနိုင်တယ်။ မတည့်နိုင်တဲ့ အခွင့်အလမ်းလည်းပိုများတယ်ဗျ။ အဲဒီတော့ ရန်ကုန်မှာနေတဲ့သူတစ်ယောက်က မြစ်ကြီးနားမှာနေတဲ့သူတစ်ယောက်နဲ့ ပြဿနာဖြစ်စရာအကြောင်း သိပ်မရှိ ဘူး။ ဒါကြောင့်မို့လို့ မြန်မာနိုင်ငံအနေနဲ့ တရုတ်က အိမ်နီးချင်းနိုင်ငံလည်းဖြစ်နေတယ်။ ဆက်ဆံရေးကလည်း ဒီလောက်အထိများနေတဲ့အတွက် အဆင်မပြေမှုတွေ၊ ပြဿနာတွေတော့ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါတွေက ဖြစ်မှာပဲ၊ ကြုံမှာပဲ။ ဒါက ဘယ်လိုမှငြင်းလို့မရတဲ့ကိစ္စ၊ အဲဒါကြောင့်မို့လို့ပဲ မကျေနပ်မှုတွေ၊ နားလည်မှုလွဲချော် တာတွေ ဖြစ်လာတာပေါ့။ အမေရိကန်နဲ့ကကျတော့ နားလည်မှုလွဲချော်တာမျိုး မဖြစ်ဘူး။ ဘာကြောင့်လဲဆိုတော့ နားလည်စရာကို မလိုဘူး။ ဘာမှမှမဆိုင်တာ အဝေးကြီးမှာ။ အဲဒါကြောင့်ပါ။ ဒါကတစ်ချက်ပေါ့။ နောက်တစ်ချက် က ဘာလဲဆိုတော့ မီဒီယာတွေရဲ့တာဝန်က အရမ်းအရေးကြီးသွားတာပေါ့နော်။ ကျွန်တော်တို့ မီဒီယာတွေကို တစ်ချက်ပြန်ကြည့်လိုက်မယ်ဆိုရင် ကျွန်တော်တို့ဘာတွေ့ရလဲဆိုတော့ မြန်မာပြည်သူလူထုတွေ အခုပြော လိုက်တဲ့ တရုတ်အကြောင်းဆိုတာ များသောအားဖြင့် ကိုယ်တွေ့အကြောင်းတွေ သိပ်မဟုတ်ဘူးဗျ။ အထူးသဖြင့် တရုတ်ရဲ့ပြည်တွင်းကအကြောင်းအချို့ပေါ့နော်။ ကိုယ်တွေ့ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲဗျာ။ ဒါတွေ က မီဒီယာတွေကနေတစ်ဆင့် သတင်းစကားတွေကတစ်ဆင့် ကြားလာရတဲ့အရာတွေဖြစ်တယ်။ အဲဒီသတင်း စကားတွေကိုပြန်ကြည့်လိုက်တဲ့အချိန်မှာ ဘာတွေလဲဆိုတော့ ကျွန်တော်တော်တော်လေး အားမရတဲ့ကိစ္စတစ်ခု ကို တွေ့ခဲ့ရတယ်။ ဘာလဲဆိုတော့ မီဒီယာတွေမှာ ထဲထဲဝင်ဝင်ရေးထားတဲ့သတင်းတွေကို ပြန်ကြည့်လိုက်တဲ့ အချိန်မှာ မှန်သည်/ မှားသည်ကို ကျွန်တော်တို့မပြောဘူး။ ရှု့ထောင်ကိုလည်း ကျွန်တော်မလိုဘူး။ အတွင်းကျကျ ရေးတယ်လို့ပဲ ကျွန်တော်တို့ပြောရမယ်။ အဲဒီလိုသတင်းမှန်သမျှ ရာခိုင်နှုန်းပြည့်ဟာ အနောက်တိုင်း မီဒီယာတွေ ရေးထားတဲ့သတင်းတွေကို ဘာသာပြန်လိုက်တာဖြစ်ပါတယ်။ မြန်မာမီဒီယာသတင်းသမားတွေ ကိုယ်တိုင် ရေးတဲ့ဆောင်းပါးတွေ တော်တော်နည်းပါတယ်။ တရုတ်နိုင်ငံနဲ့ပတ်သက်ပြီးတော့ပေါ့နော်။ မရှိသလောက်ပါပဲ။ ဘာကြောင့်လဲဆိုတော့ မီဒီယာသမားတွေလည်း တရုတ်အကြောင်းမသိဘူးဗျ။ သူတို့က အနောက်တိုင်းသတင်း တွေကရေးထားတဲ့သတင်းဆောင်းပါးတွေကိုသာ ဘာသာပြန်ပြီးတော့ ထုတ်ပြန်နေကြတာများတယ်။ တကယ် တော့ ကျွန်တော်တို့ထင်တဲ့ တရုတ်၊ ကျွန်တော်တို့သိတဲ့ တရုတ်အကြောင်းဆိုတာက ကျွန်တော်တို့တကယ် သိထားတဲ့ တရုတ်အကြောင်းတွေမဟုတ်ဘူး။ အနောက်တိုင်းတွေက ကျွန်တော်တို့ကိုပေးသိချင်တဲ့ အကြောင်း တွေ ဖြစ်နေပါတယ်။ အဲဒါကြောင့်ပါ။
မေး ။ ။ အဲဒီတော့ လက်ရှိမြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံရဲ့ဆက်ဆံရေးအကြောင်းပြောရမယ်ဆိုရင်လည်း လူတွေ အားလုံးသိနေတာက သေးသေးလေး၊ တကယ်တမ်းဖြစ်နေတာက နောက်ကွယ်မှ အများကြီးဖြစ်နေတယ်။ နောက်တစ်ခု တရုတ်နိုင်ငံက မြန်မာနိုင်ငံရဲ့ရှုပ်ထွေးနေတဲ့ နိုင်ငံရေးအခင်းအကျင်းအပေါ်မှာ တရုတ်ရဲ့ရပ်တည် ချက်ကလည်း သူ့ဟာသူရှိပြီးသားပါ။ ကျွန်တော်တို့ဒီဘက်ကသူတွေကသာလိုသလို ရေးချင်ရာရေး၊ ပြောချင်ရာ ပြော ဖြစ်ဖြစ်နေကြတဲ့သဘောပေါ့။ အဲဒီလိုသဘောမျိုး ပြောလို့ရလားဗျ။
ဖြေ ။ ။ ဟုတ်ကဲ့ မှန်ပါတယ်ခင်ဗျ။ ကျွန်တော်တို့တကယ်ကပြောရမယ်ဆိုရင် ဒီနှစ်မှာတကယ်တော့ တရုတ်ရဲ့ မူဝါဒ အပြုအမှုတွေပေါ့။ တကယ်တော့ ကျွန်တော်နိုင်ငံတကာဆက်ဆံရေးသုတေသီအနေနဲ့ဆိုရင် ဒါတွေက အင်မတန်မှ ထူးဆန်းလက္ခဏာတွေကိုတွေ့ရတယ်။ ဘာလဲဆိုတော့ သူရဲ့မူတွေက မတူတော့ဘူး။ မတူတော့ ဘူးဆိုတာက အရင်တုန်းက အတတ်နိုင်ဆုံးနိုင်ငံတကာပြဿနာထဲကိုသူက ဝင်မပါဘူး။ အရင်တုန်းကဆိုရင် စစ်အစိုးရခေတ်တုန်းက မြန်မာနိုင်ငံကိုထောက်ခံတယ်ဆိုတဲ့ကိစ္စမှာ သူကတော့ ရိုးရိုးရှင်းရှင်းစဉ်းစားတာပေါ့ နော်။ အဲဒီပြဿနာတွေကို သူဝင်မရှုပ်ဘူး။ အာဏာရနေတဲ့အသင်းအဖွဲ့အုပ်စုကိုပဲ အသိအမှတ်ပြုတယ်။ လက်တွေ့မှာလည်း ဒီလိုဖြစ်နေတာကို ဟုတ်တယ်မလား။ အဲဒီတော့ သူကနိုင်ငံတကာပြဿနာထဲကို သူဝင်မ ရှုပ်ဘူး။ တရုတ်က အတတ်နိုင်ဆုံးရှောင်တယ်။ ပြီးတော့လက်ရှိအာဏာရနေတဲ့အသင်းအဖွဲ့နဲ့ပဲ သူဆက်ဆံ မယ်။ ဒါပေမယ့် ဒီနှစ်မှာကျတော့ ကျွန်တော်တို့တွေ့တာက သူရဲ့မူဟာ သူတို့ရဲ့တရုတ်နိုင်ငံ အင်အားကြီးလာတဲ့ အလျောက် နိုင်ငံတကာတာဝန်တွေလည်း ရှိလာတယ်။ သူ့ရဲ့မူက အနည်းငယ်လေးပြောင်းသွားတယ်ဆိုတာက နိုင်ငံတကာအရေးမှာ သူတက်တက်ကြွကြွပါဝင်လာတဲ့အတွက်ဖြစ်တယ်။ ခေါင်းဆောင်တော့ မလုပ်သေးဘူး။ သူရဲ့အခြေခံမူ(၄) ချက်ထဲက နံပါတ်(၄)ချက်အနေနဲ့ ဘက်ပေါင်းစုံပလက်ဖောင်းကို ဇာတ်စင်မြင့်ပေါ်ကနေ သူ စပြီးတော့ ကလာတယ်။ ဥပမာ- UN မှာ ပထမဦးဆုံးအကြိမ်အဖြစ် လုံခြုံရေးကောင်စီကနေပြီးတော့ မြန်မာ အခြေအနေကိုဝေဖန်တဲ့ သဘောတူကြေညာချက်ထွက်လာတယ်။ ဒါဟာ လွန်ခဲ့တဲ့နှစ်ပေါင်း(၃ဝ) ကျော်မှာ တစ်ခါမှမဖြစ်ဖူးတဲ့ကိစ္စဖြစ်တယ်။ ပြီးတော့ တရုတ်ရဲ့ နိုင်ငံတကာဆက်ဆံရေးကဏ္ဍရဲ့ ပြောရေးဆိုခွင့်ရှိသူပဲ ဖြစ်ဖြစ် ကုလသမဂ္ဂရဲ့ကိုယ်စားလှယ်ပဲဖြစ်ဖြစ် သူတို့ပြောစကားကို ကျွန်တော်တို့ သေချာပြန်လေ့လာကြည့်တဲ့ အချိန်မှာ အရင်တုန်းကလို ဒါဟာမြန်မာပြည်တွင်းရေးပဲ ကျွန်တော်တို့ကို ဘာမှမပြောပါနဲ့ဆိုတာမျိုး မဟုတ် တော့ဘဲနဲ့ စကားတစ်ခွန်းပါလာတယ်။ အဲဒီစကားတစ်ခွန်းက ပထမဆုံးအကြိမ် စပြောကတည်းက ဒီနေ့အထိ ဒီ စကားက ပါနေတုန်းပဲ။ အဲဒါက ဘာလဲဆိုတော့ “သက်ဆိုင်ရာတွေအားလုံး အကြမ်းဖက်လမ်းစဉ်ကို မရွေးဘဲနဲ့ တိုင်ပင်ဆွေးနွေးကြပါ” ဆိုပြီးတော့ ဒါကိုပဲ သူတောက်လျှောက်တောင်းဆိုလာခဲ့တယ်။ တရုတ်ကိုယ်စားလှယ် တွေ မြန်မာနိုင်ငံကိုလာတာလည်း ဒီနှစ်ပိုင်းမှာ နှစ်ခါ၊ သုံးခါလောက်ရှိပါပြီ။ ကျွန်တော်နားလည်သလောက်က တော့ တရုတ်ကိုယ်စားလှယ်တွေ မြန်မာပြည်ကိုလာတိုင်း ဒီတစ်ချက်ကိုပဲ ဦးစားပေးပြီးတော့ တိုက်တွန်းနေတာ ပဲ ဖြစ်ပါတယ်။
မေး ။ ။ ပြီးတော့ လွန်ခဲ့တဲ့ရက်ပိုင်းလေးက သမ္မတရှီကျင့်ပင်ကိုယ်တိုင်ဦးဆောင်တဲ့ တရုတ်-အာဆီယံ အစည်း အဝေးဆိုရင် အဲဒီမတိုင်ခင်လေးမှာ မစ္စတာဆုန်ကောရှင်းက မြန်မာပြည်ကိုလာပြီးတော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့တွေ့သွားတယ်။ တွေ့ပြီးတဲ့နောက် အဲဒီအစည်းအဝေးမှာ တရုတ်-အာဆီယံထိပ်သီးအစည်း အဝေးကိစ္စတွေ စကားပြောခဲ့ကြပုံရပါတယ်။ ဒါပေမယ့် အဲဒီမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ အစည်းအဝေး တက်ခွင့် မရလိုက်ဘူး။ ဆိုတော့ တရုတ်ကမြန်မာနဲ့ပတ်သက်ပြီးတော့ အာဆီယံထိပ်သီးအစည်းအဝေးမှာ မြန်မာတက်ခွင့်မရလိုက်တဲ့အခင်းအကျင်းမှာ တရုတ်နဲ့မြန်မာရဲ့ဆက်ဆံရေးက ဘယ်လိုပုံစံအချိုးအကွေ့ဖြစ် သွားခဲ့တယ်လို့ ပြောချင်လဲ။
ဖြေ ။ ။ တရုတ်ကိုယ်စားလှယ် မြန်မာပြည်ရောက်ပြီးတော့ ဘာတွေပြောခဲ့လဲ။ ဘာတွေဆွေးနွေးခဲ့လဲဆိုတာကို တော့ ကျွန်တော်တို့မသိပါဘူး။ ဒါတွေကတော့ သူတို့တွေပဲသိမယ့်ကိစ္စပါ။ ကျွန်တော်တို့ နိုင်ငံရေးသုံးသပ်သူတွေ အနေနဲ့ အပြင်ကနေလေ့လာကြည့်မယ်ဆိုရင် တရုတ်က ဒီကိစ္စမှာအစကတည်းက သူရဲ့မူက သတ်မှတ်ပြီးသား ပါပဲ။ သက်ဆိုင်ရာအားလုံး အကြမ်းမဖက်ဘဲနဲ့ ဆွေးနွေးတိုင်ပင်ညှိနှိုင်းကြပါ။ ဒီတစ်ချက်ကို သူတို့တိုက်တွန်းချင် တယ်။ ဒီလိုပဋိပက္ခတွေဖြစ်တာကို သူတို့မမြင်ချင်ဘူး။ ဘယ်ဖက်ပဲဖြစ်ဖြစ် တစ်ဖက်သတ် လက်နက်အားကိုး ပြီး တော့ အာဏာရယူကြတာကိုလည်း သူတို့အားမပေးချင်ဘူး။ တည်းတည်ငြိမ်ငြိမ်ဖြစ်နေတဲ့ အိမ်နီးချင်းနိုင်ငံတစ်ခု ကို သူတို့လိုလားတယ်။ ဒါကိုပဲ တရုတ်က တောက်လျှောက်အားပေးနေတယ်။ အဲဒီအတွက်လည်း သူက အာဆီယံအသင်းအဖွဲ့တွေနဲ့ပူးပေါင်းပြီးတော့ တော်တော်လေးအလုပ်လုပ်ခဲ့တယ်လို့ ကျွန်တော်ယူဆပါတယ်။ ဒါပေမယ့် အာဆီယံကို သူကပိုပြီးတော့ဦးစားပေးတယ်။ သူကိုယ်တိုင်ကထွက်ပြီးတော့ ခေါင်းဆောင် မလုပ်ပါ ဘူး။ အဲဒီလိုမလုပ်တာကိုလည်း ကျွန်တော်တို့က နောက်တစ်ချက်ပြန်ကြည့်ရမယ်ဆိုရင် အာဆီယံကို ရှေ့ပို့တာ ပေါ့နော်။ မြန်မာ့အရေးမှာ အာဆီယံကိုရှေ့ပို့တဲ့အခန်းကဏ္ဍနဲ့ပတ်သက်ပြီးတော့ပေါ့နော်။ ကျွန်တော်တို့မြန်မာ ပြည်မှာ အခုစဉ်းစားနေတာက တရုတ်ဘယ်လိုမြင်လဲ၊ ဘယ်လိုယူဆနေလဲ ဆိုတာကိုပဲ စဉ်းစားလေ့ရှိတယ်။ အာဆီယံရှု့ထောင့်ကို ကျွန်တော်တို့ပြန်မေ့နေကြတယ်။ ဆိုလိုတာက မြန်မာ့အရေးနဲ့ပတ်သက်ပြီးတော့ တရုတ် ကလည်း အာဆီယံကို ရှေ့ပို့တယ်။ အာဆီယံကလည်း ရှေ့ထွက်တယ်။ ကျွန်တော်တို့ပြောတယ်။ တရုတ် ဘာကြောင့်ရှေ့မထွက်လဲပေါ့။ ဘာလို့ဆုံးဖြတ်ချက် မချပေးလဲပေါ့နော်။ ဒါပေမယ့် ကျွန်တော်တို့ ပြန်စဉ်းစားရ မှာ အာဆီယံကတော့ တရုတ်ဝင်စွက်ဖက်တာကို လိုလားလို့လားပေါ့။ ဒီတစ်ချက်ကို ကျွန်တော်တို့က မစဉ်းစားမိ ကြဘူးဗျ။ ကျွန်တော်တို့က တရုတ်နဲ့ မြန်မာနိုင်ငံ ဒီနှစ်နိုင်ငံကိုပဲ စဉ်စားကြတယ်။ အာဆီယံမှာ နောက်ထပ် (၉) နိုင်ငံရဲ့ခံစားချက်ကို ကျွန်တော်တို့ကမေ့နေတယ်ဗျ။ ကျွန်တော်တို့မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ တရုတ်နိုင်ငံ က မြန်မာနိုင်ငံအရေးကို တိုက်ရိုက်ဝင်စွက်ဖက်တယ်ပဲ ထားပါဦး။ အာဆီယံနိုင်ငံတွေက သဘောကျပါ့မလား ပေါ့။ သဘောမကျလောက်ဘူးဗျ။ ဘာကြောင့်လဲဆိုတော့ ကျန်တဲ့(၉)နိုင်ငံကလည်း စဉ်းစာမိမယ်။ ငါတို့နိုင်ငံရဲ့ အရေးကိုလည်း သူသဘောမကျရင် တိုက်ရိုက်စွက်ဖက်မှာလားပေါ့။ အဲဒီလိုတွေရှိတယ်ဗျ။ ပြီးတော့ အာဆီယံ လို အသင်းအဖွဲ့တစ်ခုရှိနေတဲ့အတွက် အဲဒီအသင်းအဖွဲ့ကနေသွားသင့်တာပေါ့နော်။ ဒါကတော့ အာဆီယံရဲ့ ယူဆချက်နဲ့အားလုံးပါပဲ။ ကျွန်တော်ထပ်ပြောရမယ်ဆိုရင် ကျွန်တော့်အိမ်မှာပြဿနာဖြစ်တယ်။ ကျွန်တော့် မိသားစုအမျိုးတွေရှိလိမ့်မယ်။ အဲဒီတော့ ကျွန်တော့်ပြဿနာကို ကျွန်တော်တို့ မိသားစု၊ ဆွေမျိုးအသိုင်းအဝိုင်း ထဲမှာပဲ ဖြေရှင်းတာ အကောင်းဆုံးပေါ့နော်။ ကျွန်တော့်အိမ်နီးချင်းတစ်ယောက်က ကျွန်တော့်အိမ်တွင်းရေးကို လာရောက်ဖြေရှင်းတာကို ကျွန်တော်ကိုယ်တိုင်းလည်းမကြိုက်သလို ကျွန်တော့်ဆွေမျိုးတွေလည်း ဘယ်တော့မှ ကြိုက်မှာ မဟုတ်ဘူးလေ။ ထိုနည်းလည်းကောင်းပါပဲ။
မေး ။ ။ အဲဒီတော့ တရုတ်သမ္မတရှီကျင့်ပင်က တရုတ်-အာဆီယံထိပ်သီးအစည်းအဝေးမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုမဖိတ်တာက စစ်တပ်အုပ်စုရဲ့ဆန့်ကျင်ဘက်မှာ သွားရပ်တယ်ဆိုပြီးတော့ ဒီဘက်က NLD နဲ့ သူတို့ရဲ့ထောက်ခံတဲ့သူတွေက ပျော်ကြတာပေါ့။ အဲဒါကိုရော ဘယ်လိုယူဆလို့ရလဲ။ တရုတ်က သူ့မူအတိုင်း သွားတယ်လို့ထင်လား။
ဖြေ ။ ။ စစ်တပ်ရဲ့ဆန့်ကျင်ဘက်မှာရပ်တယ်လို့ပြောမယ့်အစား ကျွန်တော်ပြောသလိုပဲ တရုတ်ရဲ့မူကဘာလဲ ဆိုတော့ အာဆီယံရဲ့သဘောထားကိုလေးစားကြောင်း သူဖော်ပြလိုက်တာပါပဲ။ ဒါက တစ်ချက်ပေါ့။ နောက်တစ် ချက်က ဘယ်ဖက်ကိုရပ်မလဲဆိုတာထက် တရုတ်က တောက်လျှောက်ပြောလာတဲ့စကားက နှစ်ဖက်ညှိနှိုင်းစေ ချင်တယ်။ ဆိုလိုတာက အခုအထိသူဟာ ဘယ်ဖက်မှာရပ်တည်မယ်လို့ပြောတာမရှိပါဘူး။ ကျွန်တော်တို့ မြန်မာ နိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး ချန်ဟိုင်း က ဟိုတလောက ပြဿနာတွေကြီးထွားလာတဲ့ အချိန်မှာ တရားဝင် ကြေညာချက်တစ်ခုထုတ်ဖူးပါတယ်။ သူကအဲဒီကြေညာချက်မှာ ပွင့်ပွင့်လင်းလင်းပြောထား ပြီးသားပါ။ မြန်မာ့ တပ်မတော်နဲ့ပဲဖြစ်ဖြစ် NLD ပါတီနဲ့ပဲဖြစ်ဖြစ် တရုတ်ကွန်မြူနစ်ပါတီဟာ မိတ်ကောင်းဆွေ ကောင်းဖြစ်ပါတယ်။ ဆိုတော့ သူဘယ်ဖက်မှာမှ မရပ်တည်ဘူး။ ဒါပေမယ့် နှစ်ဖက်စလုံးထိုင်ပြီးတော့ လက်နက် အားကိုးနေကြတာ မဟုတ်ဘဲနဲ့ နိုင်ငံရေးအရ ဆွေးနွေးညှိနှိုင်းစေချင်တယ်။ ဒါက တရုတ်ရဲ့အခြေခံဆုံးမူဝါဒပါပဲ။
မေး ။ ။ တရုတ်-မြန်မာနဲ့ပတ်သက်ပြီးတော့ နောက်ဆုံးအနေနဲ့ ဆရာ့ရဲ့သုံးသပ်ချက်အနေနဲ့ လက်ရှိမြန်မာ နိုင်ငံရဲ့အခင်းအကျင်းအရှုပ်အထွေးနဲ့ တရုတ်ရဲ့စဉ်းစားပုံတွေ၊ မြန်မာတွေရဲ့စဉ်စားပုံတွေကို ဘေးကကြည့်တဲ့သူ တစ်ယောက်အနေနဲ့ ဘာများပြောချင်လဲ။
ဖြေ ။ ။ ဒါကတော့ နည်းနည်းပြောရခက်ပါတယ်။ ဆိုလိုတာကတော့ ကိုယ့်အိမ်ကိစ္စကတော့ ကိုယ့်ဟာကိုပဲ ရှင်းရမှာပါ။ အပြင်လူကို အားမကိုးနဲ့ပေါ့နော်။ ကိုယ့်အိမ်ကိစ္စကတော့ ကိုယ်ကိုယ်တိုင်ရှင်းရမယ်။ ဆွေးမျိုးတွေပဲ ဖြစ်ဖြစ်၊ အိမ်နီးချင်းတွေပဲဖြစ်ဖြစ် (ဆွေမျိုးဆိုတာ အာဆီယံ၊ အိမ်နီးချင်းတာက တရုတ်) ပေါ့နော်။ ဘာပဲဖြစ်ဖြစ် သူတို့တွေက အထောက်အပံ့အကူအညီတွေပေးနိုင်ပါတယ်။ ဒါပေမယ့် ဖြေရှင်းဖို့ကတော့ ကာယကံရှင်နဲ့ပဲဆိုင် ပါတယ်။ သူတို့တွေကက အထောက်အပံ့အကူအညီတွေပေးနိုင်ပေမယ့် နောက်ဆုံး ဆုံးဖြတ်ချက်ချရမှာက ကိုယ်ကိုယ်တိုင်ပါပဲ။ ကိုယ့်အိမ်ကိစ္စ ကိုယ်ကိုယ်တိုင်ပဲ ရှင်းရမှာဖြစ်လို့ပဲ ပြောချင်ပါတယ်။
မေး ။ ။ ဟုတ်ကဲ့ အခုလိုအချိန်ပေးပြီး ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်ခင်ဗျာ။
ဖြေ ။ ။ ဟုတ်ကဲ့ ရပါတယ်။
Zawgyi Version;
“အေမရိကန္နဲ႔ တရုတ္ ခ်ေနတာေၾကာင့္ ျမန္မာက အေရးပါတာ” (အင္တာဗ်ဴး)
ေတြ႕ဆံုေမးျမန္း - ေက်ာ္မ်ဳိးမင္း၊ ေရးသား - စည္သူဟိန္း
ျမန္မာႏိုင္ငံမွာျဖစ္ေပၚေနတဲ့ ႏိုင္ငံေရးျပႆနာႀကီးနဲ႔ပတ္သက္ရင္ ႏိုင္ငံတကာဆက္ဆံေရးမွာ သိကိုသိရမယ့္ အခ်က္ေတြကိုေမ့ေလ်ာ့ၿပီး စိတ္ခံစားမႈေနာက္မွာ ကပ္ပါေနၾကပါတယ္။ အိမ္နီးခ်င္းတ႐ုတ္ႏိုင္ငံနဲ႔ ဆက္ဆံေရး မွာလည္း အလားတူျဖစ္သလို အေမရိကန္-ျမန္မာ-တ႐ုတ္ သုံးပြင့္ဆိုင္ဆက္ဆံေရးမွာ မျဖစ္မေနစဥ္းစားရမယ့္ အခ်က္ေတြကို တ႐ုတ္-ျမန္မာအေရးကြၽမ္းက်င္သုေတသီေဒါက္တာဟိန္းခိုင္ကို NP News က ဆက္သြယ္ ေမးျမန္းေဆြးေႏြးထားပါတယ္။
ေဒါက္တာဟိန္းခိုင္ရဲ႕ေျပာၾကားခ်က္ေတြဟာ လက္ရွိေျမျပင္အရွိတရားနဲ႔ အနီးစပ္ဆုံးမွာရွိေနသလို ျမန္မာႏိုင္ငံ သားတိုင္း ေသခ်ာေပါက္ အေတြးအေခၚေကာင္းေတြရေစမယ္လို႔ NP News ဘက္က ယုံၾကည္ပါတယ္။ ပညာရွင္တစ္ဦးရဲ႕ ပညာရွင္ဆန္ဆန္ေတြးေခၚ တြက္ခ်က္စဥ္းစားေျပာၾကားမႈေတြကို ေဖာ္ျပေပးလိုက္ပါတယ္။
ေမး ။ ။ ဆရာဟိန္းခိုင္ မဂၤလာပါခင္ဗ်။ ပထမဆုံးအေနနဲ႔ ကြၽန္ေတာ္တို႔ NP News ကို အင္တာဗ်ဴးေပးတဲ့ အတြက္ ေက်းဇူးတင္ပါတယ္။ ကြၽန္ေတာ္သိခ်င္တာကေတာ့ တ႐ုတ္-ျမန္မာဆက္ဆံေရးအေၾကာင္းပါ။ တ႐ုတ္-ျမန္မာဆက္ဆံေရးနဲ႔ပတ္သက္လို႔ ဆရာဟိန္းခိုင္ ေလ့လာေနတဲ့အပိုင္းကို အရင္ဆံုး အၾကမ္းဖ်င္းေျပာျပေပးပါ။
ေျဖ ။ ။ ကြၽန္ေတာ္တို႔ တ႐ုတ္-ျမန္မာဆက္ဆံေရးလို႔ ေျပာတိုင္းေျပာတိုင္း အရင္ဆုံးအေနနဲ႔ တ႐ုတ္ႏိုင္ငံရဲ႕ ႏိုင္ငံတကာဆက္ဆံေရးကို နားလည္ဖို႔လိုတယ္။ တ႐ုတ္ႏိုင္ငံဟာ ရွီက်င္းဖ်င္သမၼတအျဖစ္ တက္လာၿပီးေနာက္ ႏိုင္ငံတကာဆက္ဆံေရးမူ(၄)ခ်က္ကို ခ်မွတ္ခဲ့တယ္။ ပထမဆုံးအခ်က္က ႏိုင္ငံႀကီးက အဓိက။ ဒုတိယအခ်က္ အေနနဲ႔ အိမ္နီးခ်င္းက ဦးစားေပး။ တတိယအခ်က္က ဖြံ႕ၿဖိဳးဆဲႏိုင္ငံက အေျခခံ။ စတုတၳအခ်က္အေနနဲ႔ကေတာ့ ဘက္ေပါင္စုံပလက္ေဖာင္းက ဇာတ္စင္ျမင့္။ အဲဒီေတာ့ကၽြန္ေတာ္ ဒီမူ(၄)ခ်က္ကို ျပန္ၿပီးသုံးသပ္ရွင္းျပရမယ္ဆို ရင္ တ႐ုတ္ႏိုင္ငံရဲ႕ႏိုင္ငံတကာဆက္ဆံေရးမွာ အေရးႀကီးဆုံးကဘာလဲဆိုရင္ ပထမဆုံးတစ္ခ်က္မွာပါတဲ့ ႏိုင္ငံ ႀကီးက အဓိက။ အဲဒီေတာ့ ႏိုင္ငံႀကီးဆိုတာဘာလဲ။ ဘက္စုံအင္အားေတာင့္တင္းတဲ့ႏိုင္ငံႀကီးကို ေျပာတာလား။ ကြၽန္ေတာ္တို႔အားလုံးသိၿပီးသား တ႐ုတ္ႏိုင္ငံက စီးပြားေရးအရ ကမာၻမွာ နံပါတ္(၂)ေနရာကိုေရာက္ေနၿပီ။ အဲဒီ ေတာ့ သူ႔ထက္ အင္အားႀကီးတာဆိုလို႔ အေမရိကန္ပဲ ရွိေတာ့တယ္။ အေမရိကန္ကေတာ့ ႏိုင္ငံႀကီးဆိုတာ ဘာမွ ေျပာစရာမလိုဘူး။ ေနာက္ၿပီးေတာ့ ႐ုရွားေပါ့။ ႐ုရွားက စီးပြားေရးအနည္းငယ္က်ဆင္းေနေပမယ့္ စစ္ေရးအရ၊ ႏိုင္ငံတကာဩဇာအရ ႐ုရွားကလည္း အင္အားႀကီးတဲ့ႏိုင္ငံျဖစ္တယ္။ အဲဒီႏိုင္ငံ ႏွစ္ႏိုင္ငံကိုပဲ တ႐ုတ္အေနနဲ႔က ႏိုင္ငံႀကီးလို႔ သတ္မွတ္လို႔ရတယ္။ ဆိုလိုတာက တ႐ုတ္ရဲ႕ႏိုင္ငံတကာဆက္ဆံေရးထဲမွာ အေရးႀကီးဆုံးက အေမ ရိကန္နဲ႔ ႐ုရွားျဖစ္တယ္။ က်န္တဲ့ႏိုင္ငံေတြနဲ႔ဆက္ဆံေရးက အေမရိကန္၊ ႐ုရွားနဲဆက္ဆံေရးကိုအေျခခံတဲ့ ႏိုင္ငံ တကာဆက္ဆံေရးပဲျဖစ္တယ္။ အဲဒီေတာ့ အေမရိကန္နဲ႔ ႐ုရွားၿပီးရင္ ဦးစားေပးရမယ့္ႏိုင္ငံေတြကေတာ့ သူ႔ရဲ႕ ဒုတိယမူမွာပါတဲ့ အိမ္နီးခ်င္းဦးစားေပးျဖစ္တယ္။ အဲဒီေတာ့ အိမ္နီးခ်င္းႏိုင္ငံကိုဦးစားေပးရမယ္။ အဲဒီေတာ့ ျမန္မာႏိုင္ငံက နည္းနည္းေပ်ာ္သြားလိမ့္မယ္။ ျမန္မာႏိုင္ငံကလည္း တ႐ုတ္ႏိုင္ငံရဲ႕အိမ္နီးခ်င္းႏိုင္ငံေပါ့။ အဲဒီေတာ့ ဦးစားေပးစာရင္းထဲမွာပါလားဆိုေတာ့ ပါပါတယ္။ ဒါေပမယ့္ ကြၽန္ေတာ္တို႔ၾကည့္ရမွာက တ႐ုတ္ႏိုင္ငံဟာ ကမာၻ ေပၚမွာ အိမ္နီးခ်င္းအမ်ားဆုံးႏိုင္ငံျဖစ္တယ္။ သူ႔ဆီမွာ အိမ္နီးခ်င္းႏိုင္ငံ(၁၅) ႏိုင္ငံေတာင္ ရွိတယ္။ အဲဒီ(၁၅) ႏိုင္ငံ ကိုျပန္ၾကည့္ရင္ ခုနကေျပာတဲ့ႏိုင္ငံႀကီးစားရင္းထဲမွာပါတဲ့ ႐ုရွားႏို္င္ငံကလည္း တ႐ုတ္ရဲ႕အိမ္နီးခ်င္းႏိုင္ငံျဖစ္ တယ္။ ၿပီးေတာ့ အိႏၵိယႏိုင္ငံဆိုရင္လည္း တ႐ုတ္ရဲ႕အိမ္နီးခ်င္းႏိုင္ငံျဖစ္တယ္။ ကြၽန္ေတာ္တို႔သိတာက အိႏၵိယဆို တာ တ႐ုတ္ရဲ႕ႏိုင္ငံႀကီးစာရင္းထဲမွာ မပါရင္ေတာင္မွ အထိုက္အေလ်ာက္ အင္အားႀကီးတဲ့ႏိုင္ငံစာရင္းထဲမွာပါ တယ္။ ၿပီးေတာ့ အေရးႀကီးဆုံးက တ႐ုတ္ႏိုင္ငံနဲ႔သူက နယ္နိမိတ္ျပႆနာရွိတယ္။ ေနာက္ၿပီးေတာ့ တ႐ုတ္ႏိုင္ငံ ရဲ႕အေရွ႕ပိုင္းမွာရွိတဲ့ ေျမာက္ကိုရီးယားေပါ့။ သူကလည္း ဘာလို႔အေရးႀကီးလဲဆိုတာ လူတိုင္းသိတယ္။ သူက ေတာင္ကိုရီးယားနဲ႔လည္းျပႆနာရွိတယ္။ ၿပီးေတာ့ ႏိုင္ငံေရး Ideology အရ တ႐ုတ္နဲ႔လည္း ခင္မင္တဲ့ဆက္ဆံ ေရး ရွိတယ္ဆိုတာ ဒါကအေရးႀကီးတယ္။ အဲဒီေတာ့ အိမ္နီးနားခ်င္းထဲမွာေတာင္ ဦးစားေပးအရ ခြဲမယ္ဆိုရင္ ႐ုရွား၊ အိႏၵိယ၊ ေျမာက္ကိုရီးယား ဒါေတြက တကယ့္ဦးစားေပးျဖစ္တယ္။ ေနာက္ၿပီးေတာ့ ဗီယက္နမ္ေပါ့။ ဗီယက္နမ္ကလည္း ကြၽန္းပိုင္ဆိုင္မႈေတြ ျပႆနာရွိတယ္။ ဒါက ပထမဦးစားေပါ့။ ဒုတိယဦးစားေပးမွာၾကည့္ရင္ ပါကစၥတန္ရွိမယ္။ ပါကစၥတန္က ဘာလို႔အေရးႀကီးလည္းဆိုရင္ အိႏၵိယနဲ႔ဆက္စပ္ေနတယ္။ အာဖဂန္လည္း ဆက္စပ္ေနတယ္။ အာဖဂန္မွာ တာလီဘန္ေတြရွိတယ္ဆိုတာ လူတိုင္းသိတယ္။ အဲဒီေတာ့ ပါကစၥတန္ဟာ ဘယ္ေလာက္ထိအေရးႀကီးတယ္ဆိုတာ ကြၽန္ေတာ္တို႔သိႏိုင္တယ္။ ၿပီးေတာ့ ျမန္မာေပါ့။ ျမန္မာကလည္း အေရး ႀကီးပါတယ္။ ျမန္မာႏိုင္ငံကေတာ့ တရုတ္အတြက္ အိမ္နီးခ်င္းဦးစားေပးႏိုင္ငံေတြထဲမွာ ဒုတိယတန္းေလာက္မွာ ရွိတယ္။ အိမ္နီးခ်င္းႏိုင္ငံၿပီးရင္ သူ႔ရဲ႕တတိယမူမွာပါတဲ့ ဖြံ႕ၿဖိဳးဆဲႏိုင္ငံေတြကိုအေျခခံၿပီးေတာ့ လုပ္ရမယ္ဆိုတာ ပါတယ္။ ကြၽန္ေတာ္တို႔အားလုံးသိတာကလည္း လက္ရွိႏိုင္ငံတကာအခင္းအက်င္းကိုေျပာမယ္ဆိုရင္ အားလုံး သိ တဲ့အတိုင္း တ႐ုတ္ႏိုင္ငံဟာ တခ်ိဳ႕ေသာဖြံ႕ၿဖိဳးၿပီးႏိုင္ငံေတြ၊ အဓိကအားျဖင့္ေတာ့ အေနာက္တိုင္းႏိုင္ငံေတြနဲ႔ ၿပိဳင္ဆိုင္မႈေတြရွိတယ္။ တခ်ိဳ႕ႏိုင္ငံေတြနဲ႔ တင္းမာမႈေတြရွိတယ္။ အဲဒီလိုႏိုင္ငံေတြနဲ႔ တင္းမာမႈေတြရွိတဲ့အခ်ိန္မွာ အားျပဳၿပီးအၿပိဳင္အဆိုင္လုပ္ဖို႔အတြက္ သူ႔မွာလည္း မိတ္ဖြဲ႕ဖို႔လိုတယ္။ မိတ္ဖြဲ႕တဲ့အခ်ိန္မွာလည္း ေျပာရမယ္ဆို ရင္ တ႐ုတ္ႏိုင္ငံဟာ ကမာၻ႔ဒုတိယအႀကီးဆုံး စီးပြားေရးႏိုင္ငံျဖစ္ေနေပမယ့္ ဖြံ႕ၿဖိဳးဆဲႏိုင္ငံအျဖစ္ပဲ ရပ္တည္တယ္။ အဲဒီေတာ့ ဖြဲ႕ၿဖိဳးဆဲႏိုင္ငံေတြကိုစုစည္း အားယူၿပီးေတာ့ ဖြံ႕ၿဖိဳးၿပီးႏိုင္ငံေတြနဲ႔ သူကယွဥ္ၿပိဳင္ခ်င္တယ္။ အဲဒီေတာ့ ဖြံ႕ၿဖိဳးဆဲႏိုင္ငံေတြနဲ႔ဆက္ဆံေရးကို သူကပိုၿပီးဦးစားေပးတယ္။ အဲဒီအထဲမွာ ျမန္မာႏိုင္ငံကေတာ့ ဖြံ႕ၿဖိဳးဆဲႏိုင္ငံ အထဲမွာ ပါတာေပါ့။ အဲဒီေတာ့ ျမန္မာႏိုင္ငံနဲ႔ဆက္ဆံေရးကလည္း အေျခခံက်တဲ့ဆက္ဆံေရးထဲပါတာေပါ့။ စတုတၳမူကေတာ့ ဘက္ေပါင္းစုံပလက္ေဖာင္းက ဇာတ္စင္ျမင့္လို႔ေျပာတယ္။ ဒါက အင္မတန္ အေရးႀကီးတဲ့ အခ်က္ျဖစ္တယ္။ ဘာေၾကာင့္လည္းဆိုေတာ့ ဥပမာ- ျမန္မာႏိုင္ငံအေရးကိုၾကည့္ရင္ သိႏိုင္တယ္။ အေနာက္ တိုင္းကပဲျဖစ္ျဖစ္၊ ျမန္မာက ႏိုင္ငံေရးသုံးသပ္သူေတြပဲျဖစ္ျဖစ္ ေျပာၾကတဲ့စကားရွိတယ္။ တ႐ုတ္ႏိုင္ငံဟာ ျမန္မာႏိုင္ငံအေပၚမွာ ဩဇာလႊမ္းမိုးမႈအရွိဆုံး ႏိုင္ငံျဖစ္တယ္ေပါ့။ ဒါေၾကာင့္ ျမန္မာႏိုင္ငံအေရးကို တ႐ုတ္အေနနဲ႔ တိုက္႐ိုက္ဝင္ၿပီးေျဖရွင္းေပးသင့္တယ္လို႔ ေျပာၾကတယ္။ ဒါေပမယ့္ လက္ေတြ႕မွာၾကည့္ရင္ေတာ့ မဟုတ္ဘူးဗ်။ မရွိဘူး။ မလုပ္ဘူးေပါ့ဗ်ာ။ ဘာေၾကာင့္မလုပ္လဲဆိုရင္ တ႐ုတ္ႏိုင္ငံရဲ႕ႏိုင္ငံျခားေရးဝန္ႀကီးရဲ႕ လႈံ႕ေဆာင္မႈေတြ ေရာ၊ သူ႔ရဲ႕လုပ္ေဆာင္ခ်က္ေတြကိုၾကည့္လိုက္ရင္ ဘာထူးျခားခ်က္ေတြ႕မလဲဆိုေတာ့ သူကိုယ္တိုင္ေရွ႕မထြက္ ဘူး။ သူက အာဆီယံကေနတဆင့္ သြားခ်င္တာ။ ခုနကေျပာတဲ့အတိုင္း ဘက္ေပါင္းစုံပလက္ေဖာင္းကို ဇာတ္စင္ ျမင့္အျဖစ္ထားခ်င္တာ။ သူကေရွ႕ထြက္ၿပီး မကဘူး။ အဖြဲ႕လိုက္စုၿပီးေျဖရွင္းခ်င္တာ။ သူ႔ရဲ႕ထူးျခားခ်က္က ဘာလဲဆိုေတာ့ တ႐ုတ္ႏိုင္ငံနဲ႔တိုက္႐ိုက္ျဖစ္တဲ့ျပႆနာမဟုတ္ရင္ သူကိုယ္တိုင္ေရွ႕ကိုမထြက္ဘူး။ အားလုံနဲ႔စု ၿပီးေတာ့ ဘက္ေပါင္းစုံႏိုင္ငံေတြနဲ႔စုၿပီး ပလက္ေဖာင္းတစ္ခုေပၚမွာ ဇာတ္စင္ျမင့္အျဖစ္ ေျဖရွင္းခ်င္တဲ့ ဝါဒရွိတယ္။ ဒါကေတာ့ တ႐ုတ္ရဲ႕ႏိုင္ငံတကာဆက္ဆံေရး မူ(၄)ခ်က္ေပါ့။ ဒီလိုသိမွ တ႐ုတ္-ျမန္မာဆက္ဆံေရးကို ျပန္ၾကည့္ ရမွာေပါ့။ တ႐ုတ္-ျမန္မာဆက္ဆံေရးကေတာ့ လုံးဝအေရးမႀကီးဘူးလားဆိုေတာ့ မဟုတ္ဘူး။ အေရးႀကီးတာက ႀကီးတယ္။ အေရးႀကီးတာမွာလည္း ႏိုင္ငံေရးအရ အေရးႀကီးတာလား။ စီးပြားေရးအရလား။ အျခားအပိုင္းမွာ အေရးႀကီးတာလားဆိုတာ ၾကည့္ရမယ္။ အဲဒီေတာ့ စီးပြားေရးအရေျပာရင္ ကြၽန္ေတာ္တို႔ျမန္မာေတြသိတာက ျမန္မာႏိုင္ငံအတြက္ တ႐ုတ္ႏိုင္ငံဟာ အႀကီးဆုံးကုန္သြယ္ဖက္ႏိုင္ငံျဖစ္တယ္။ ျမန္မာႏိုင္ငံရဲ႕အႀကီးဆုံး ရင္ႏွီးျမွဳပ္ ႏွံမႈႏိုင္ငံလို႔လည္း ေျပာလို႔ရတယ္။ အဲဒီေတာ့ ျမန္မာႏိုင္ငံအတြက္က တ႐ုတ္ႏိုင္ငံဟာ အေရးႀကီးဆုံးမိတ္ဖက္ ႏိုင္ငံျဖစ္တယ္။ ဒါေပမယ့္ တ႐ုတ္ဘက္ကျပန္ၾကည့္ရင္ေတာ့ မဟုတ္ဘူး။ ကိုယ့္ႏိုင္ငံကို ႏွိမ့္ခ်ၿပီးေျပာတာေတာ့ မဟုတ္ဘူး။ ကြၽန္ေတာ္တို႔ကိန္းဂဏန္းေတြကို ျပန္စစ္ၾကည့္တဲ့အခါမွာ ဘာေတြ႕လဲဆိုရင္ တ႐ုတ္ႏိုင္ငံနဲ႔ ျမန္မာ ႏိုင္ငံရဲ႕ကုန္သြယ္မႈပမာဏက တ႐ုတ္ႏိုင္ငံရဲ႕ကုန္သြယ္မႈ စုစုေပါင္းပမာဏရဲ႕ (ဝ ဒသမ ၃) ရာခိုင္ႏႈန္းပဲ ရွိတယ္။ (၁) ရာခိုင္ႏႈန္းေတာင္ မရွိဘူး။ ဆိုလိုတာက ျမန္မာႏိုင္ငံရဲ႕ကုန္သြယ္မႈအမ်ားဆုံးကိုၾကည့္လိုက္ရင္ နယ္စပ္ကေန ထြက္သြားတယ္။ တ႐ုတ္ႏိုင္ငံ ယူနန္ျပည္နယ္ ေ႐ႊလီကေန ဝင္သြားတယ္။ အဲဒီေတာ့ ျမန္မာတစ္ႏိုင္ငံလုံးက ထြက္လာတဲ့ပစၥည္းေတြက ေ႐ႊလီကေနဝင္ၿပီးေတာ့ ယူနန္ျပည္နယ္မွာပဲ ကုန္တာ။ တျခားျပည္နယ္အထိ ေရာက္ ဖို႔ေတာင္ မလြယ္ဘူး။ ဆိုလိုတာက ယူနန္ျပည္နယ္တစ္ခုတည္းကေန ျမန္မာႏိုင္ငံထုတ္ကုန္ မွန္သမွ်ကို စားသုံး ႏိုင္တယ္။ အခုလက္ရွိ ကြၽန္ေတာ္က အမြိဳင္ၿမိဳ႕မွာ ေနထိုင္ပါတယ္။ အမြိဳင္ၿမိဳ႕ဆိုတာက ျမန္မာ့သမိုင္းကို ေလ့လာ ၾကည့္ရင္ ၾကားဖူးမွာပါ။ ဗိုလ္ခ်ဳပ္ေအာင္ဆန္းတို႔ ၿဗိတိသွ်ကို ေတာ္လွန္ေနတဲ့အခ်ိန္မွာ အစပိုင္း သူက တ႐ုတ္ ကြန္ျမဴနစ္ပါတီနဲ႔မိတ္ဖက္ျပဳလုပ္ၿပီးေတာ့ အကူအညီေတာင္းခ်င္တဲ့အတြက္ တ႐ုတ္ႏိုင္ငံကိုထြက္ခြာခဲ့တယ္။ အဲဒီအခ်ိန္မွာ သူက အမြိဳင္ၿမိဳ႕ကို ေရာက္ခဲ့တယ္။ ဒီအမြိဳင္ၿမိဳ႕ကိုေရာက္တဲ့အခ်ိန္မွာ တ႐ုတ္ကြန္ျမဴနစ္ပါတီနဲ႔ မေတြ႕ႏိုင္ဘဲနဲ႔ ဂ်ပန္ေတြနဲ႔ေတြ႕သြားတယ္။ အဲဒီေတာ့ ဂ်ပန္ေတြက သူ႔ကိုေခၚသြားတယ္။ ဒါကေတာ့ ျမန္မာ့ သမိုင္းေပါ့။ အဲဒီေတာ့ ကြၽန္ေတာ္အခု အမြိဳင္ၿမိဳ႕ တကၠသိုလ္မွာရွိတယ္။ ဒီမွာကိန္းဂဏန္းတခ်ိဳ႕ကို ေလ့လာ ၾကည့္တဲ့အခါမွာ အမြိဳင္ၿမိဳ႕ဟာ တ႐ုတ္ႏိုင္ငံရဲ႕ဆိပ္ကမ္းၿမိဳ႕ႀကီးတစ္ခုျဖစ္တယ္။ ဒါေပမယ့္ သူကထိပ္တန္း ဆိပ္ကမ္းၿမိဳ႕ႀကီးေတာ့ မဟုတ္ပါဘူး။ အလယ္အလတ္ပဲရွိတယ္။ ဒါေပမယ့္ အမြိဳင္ၿမိဳ႕ကေန အဝင္/အထြက္ လုပ္ တဲ့ ကုန္သြယ္ေရးပမာဏဟာ ျမန္မာတစ္ႏိုင္ငံလုံးထက္ ျမင့္ေနတယ္။
ေနာက္တစ္ခုကေတာ့ ျမန္မာေတြနဲ႔ ပိုရင္းႏွီးမွာျဖစ္တဲ့ တ႐ုတ္ႏိုင္ငံရဲ႕ကုန္သြယ္ေရးနဲ႔ စက္မႈထြန္းကားတဲ့ၿမိဳ႕ႀကီး ျဖစ္တဲ့ ကြမ္က်ံဳးၿမိဳ႕ေပါ့။ ကြမ္က်ဳံးၿမိဳ႕ဟာ တ႐ုတ္ႏိုင္ငံရဲ႕စီပြားေရးအရ ေျပာမယ္ဆိုရင္ တတိယ၊ စတုတၳေလာက္ ရွိမယ္။ သူ႔ရဲ႕ၿမိဳ႕တစ္ၿမိဳ႕ရဲ႕ GDP ဟာ ျမန္မာတစ္ႏိုင္ငံလုံးရဲ႕ GDP ထက္ျမင့္တယ္။ အဲဒီေတာ့ဆိုလိုတာက တ႐ုတ္ ႏိုင္ငံအေနနဲ႔ေျပာရရင္ ျမန္မာႏိုင္ငံရဲ႕စီးပြားေရးဟာ တရုတ္ႏိုင္ငံအတြက္ အဲဒီေလာက္ထိ အေရးႀကီးတဲ့ႏိုင္ငံ မဟုတ္ဘူး။ ပထဝီႏိုင္ငံေရးအရ၊ ဗ်ဴဟာအရျပန္ၾကည့္ရင္ အေရးပါလားဆိုေတာ့ အေရးပါပါတယ္။ အဓိက ကေတာ့ ျမန္မာႏိုင္ငံက အေရးႀကီးလို႔ အေရးပါတာမဟုတ္ဘဲနဲ႔ ခုနကေျပာတဲ့တ႐ုတ္ႏိုင္ငံရဲ႕ ႏိုင္ငံတကာ ဆက္ဆံေရးပထမဆုံးမူျဖစ္တဲ့ ႏိုင္ငံႀကီးကသာ အဓိကဆိုတဲ့မူေၾကာင့္ အေရးပါသြားတာ။ ဘာေၾကာင့္လည္းဆို ေတာ့ အားလုံးသိတဲ့အတိုင္းပဲ အေမရိကန္နဲ႔ ႐ုရွားတို႔ရဲ႕အားၿပိဳင္မႈေတြရွိေနေတာ့ ျမန္မာႏိုင္ငံဟာ ပထဝီႏိုင္ငံ ေရးအရ အထိုက္အေလ်ာက္ အေရးပါလာတယ္။ အခုလက္ရွိအေျခအေနအရ အၾကမ္းဖ်င္းသုံးသပ္ရရင္ တ႐ုတ္ ႏိုင္ငံက ျမန္မာအေပၚကို ဘယ္ေလာက္ထိဂ႐ုစိုက္ႏိုင္လဲဆိုတာ ဒီအခ်က္ေတြကိုၾကည့္လိုက္ရင္ နားလည္ ေလာက္ၿပီလို႔ ထင္ပါတယ္။
ေမး ။ ။ ဆရာဟိန္းေျပာတဲ့အခ်က္ေတြကိုနားေထာင္ၾကည့္တာနဲ႔ ကိုယ့္ႏိုင္ငံက ဆရာဟိန္းတစ္ခါေျပာသလို ကိုယ့္ႏိုင္ငံကိုယ္သာ ၾကည့္ၿပီးေတာ့ ဟုတ္ၿပီလို႔ထင္ေနတာ။ တ႐ုတ္ႏိုင္ငံက ကြၽန္ေတာ္တို႔ႏိုင္ငံကို အရမ္းကို ခ်စ္ျမတ္ႏိုးစြာနဲ႔ ဖက္တြယ္ေနတာလို႔ထင္ေနတာ။ တကယ္ေတာ့ တ႐ုတ္အေနနဲ႔ေျပာရင္ ဘာမွမဟုတ္သလိုျဖစ္ ေနတယ္။ ေနာက္တစ္ခုက တ႐ုတ္-ျမန္မာနယ္စပ္ကုန္သြယ္ေရးအပါအဝင္ လူေတြကသာ ေခတ္အဆက္ဆက္ ေျပာေနၾကတာေတြရွိတယ္။ တ႐ုတ္က ျမန္မာျပည္မွာ ဂုတ္ေသြးစုပ္တယ္။ တ႐ုတ္က ျမန္မာႏိုင္ငံရဲ႕ကြၽန္းေတြ၊ သစ္ေတြ၊ ေ႐ႊေတြ၊ ေက်ာက္မ်က္ရတနာေတြ စသျဖင့္ အမ်ိဳးစုံကို တရားမဝင္လမ္းေၾကာင္းေပၚကေန ယူတယ္ ဆိုတဲ့ျပႆနာမ်ိဳးစုံလည္း ျမန္မာေတြရဲ႕ရင္ထဲမွာကိန္းဝပ္ေနတယ္ဆိုေတာ့ ဒီအေျခအေနကိုေရာ ဘယ္လို တြက္ဆခ်င္ပါသလဲ။
ေျဖ ။ ။ ဟုတ္ကဲ့။ ဒီကိစၥက အထိုက္အေလ်ာက္မွန္ကန္ပါတယ္။ ဒီကိစၥမရွိဘူးလားဆိုေတာ့ ရွိတယ္။ ရွိေပမယ့္ ကြၽန္ေတာ္တို႔ဒီကိစၥအေပၚမွာ အျပည့္အဝ ေသေသခ်ာခ်ာနားလည္မႈမရွိၾကတာလို႔ သုံးသပ္ခ်င္တယ္။ ဘာ့ေၾကာင့္လဲဆိုရင္ တခ်ိဳ႕ေသာမီဒီယာေတြေၾကာင့္ျဖစ္တယ္လို႔ အၾကမ္းဖ်င္းယူဆလို႔ရတယ္။ ဥပမာ- သစ္ ထုတ္လုပ္မႈ၊ စိုက္ပ်ိဳးေရး၊ စိုက္ပ်ိဳးေရးအဓိကကေတာ့ အသီးအႏွံမွာ ဖရဲသီးပဲထားပါေတာ့ ၿပီးေတာ့ ေက်ာက္မွာ လည္း ေက်ာက္စိမ္းပဲထားပါေတာ့။ အဲဒီ(၃)ပိုင္းကိုေျပာရရင္ တ႐ုတ္နယ္စပ္ကေနဝင္လာၿပီေတာ့ ကခ်င္မွာပဲ ျဖစ္ျဖစ္၊ စစ္ကိုင္းမွာပဲျဖစ္ျဖစ္၊ ရွမ္းျပည္ေျမာက္ပိုင္းမွာျဖစ္ျဖစ္ သစ္ထုတ္လုပ္မႈေတြရွိတယ္။ အဲဒီအထဲမွာလည္း တရားမဝင္လုပ္တာေတြ အမ်ားႀကီးရွိတယ္။ ဒါေပမယ့္ ဒီလိုတရားမဝင္လုပ္တာေတြကို တ႐ုတ္အစိုးရဆိုၿပီးေတာ့ ကြၽန္ေတာ္တို႔ သတ္မွတ္လို႔မရသလို ဥပမာအေနနဲ႔လြယ္လြယ္ေျပာရရင္ ျမန္မာႏိုင္ငံေရးအခင္းအက်င္းမွာ စစ္တပ္ကိုေထာက္ခံတဲ့သူ ရွိတယ္။ စစ္တပ္ကိုမုန္းတဲ့သူရွိတယ္။ NLD ကို ေထာက္ခံတဲ့သူရွိတယ္။ NLD ကို မုန္း တဲ့သူလည္း ရွိတယ္။ အဲဒီေတာ့ ဟုတ္ၿပီ။ NLD အေနနဲ႔ၾကည့္မယ္ဆိုရင္ စစ္တပ္ကျမန္မာႏိုင္ငံကို ကိုယ္စားျပဳ တယ္လို႔ ေျပာလို႔ရလား။ သူတို႔အေနနဲ႔ဆိုရင္ စစ္တပ္က ျမန္မာႏိုင္ငံကို ကိုယ္စားမျပဳဘူး။ ဆိုလိုတာက သူ မႀကိဳက္တဲ့သူကို သူ႔ဘက္ကေတာ့ ခြဲထားတယ္။ ျမန္မာႏိုင္ငံနဲ႔ ျမန္မာစစ္တပ္ဆိုၿပီး။ စစ္တပ္ကလည္း ျမန္မာ ႏိုင္ငံက သပ္သပ္၊ NLD က သပ္သပ္ဆိုၿပီး ခြဲထားတယ္။ ျပည္သူလူထုကိုလည္း သပ္သပ္ခြဲထားတယ္။ ဒါေၾကာင့္ မို႔လို႔ ကြၽန္ေတာ္တို႔က ဒီလိုတရားမဝင္ သစ္ခုတ္သမားေတြကို တ႐ုတ္တစ္ႏိုင္ငံလုံးနဲ႔ ထပ္တူ လုပ္လိုက္တာလဲ။ ေနာက္တစ္ခ်က္က ဒီလိုခိုးဝင္တာဟာ သူတို႔အေနနဲ႔ လြတ္လြတ္လပ္လပ္ခိုးဝင္ၿပီး လုပ္ခ်င္ရာလုပ္တာမဟုတ္ ဘူး။ ဆိုလိုတာက ျမန္မာႏိုင္ငံမွာ ခြင့္ျပဳတဲ့လူရွိလို႔။ အဲဒီခြင့္ျပဳတဲ့လူေတြက ဘယ္သူေတြပါလဲဆိုတာ နည္းနည္း ေတာ့ ေျပာရခက္သြားၿပီ။ ပါတဲ့လူေတြအမ်ားႀကီးေတာ့ ရွိတာေပါ့။ အဲဒီေတာ့ ခိုးဝင္တဲ့လူေတြကို ကြၽန္ေတာ္တို႔က ႏိုင္ငံတစ္ႏိုင္ငံအျဖစ္ ႏႈိင္းယွဥ္ၿပီးေတာ့ တန္းတူလုပ္လိုက္တယ္။ အဲဒီလိုဆို ခြင့္ျပဳတဲ့လူေတြကိုေရာ တစ္ႏိုင္ငံလုံး နဲ႔ တန္းတူထားလိုက္ၾကတာလား။ မထားလိုက္ျပန္ဘူး။ ကြၽန္ေတာ္ဒီလိုေျပာတာက ခိုးလုပ္တာေတြကို ေကာင္း တယ္၊ မွန္တယ္လို႔ ေျပာေနတာမဟုတ္ဘူး။ ကြၽန္ေတာ္ လုံးဝဆန႔္က်င္ပါတယ္။ ဒါမေကာင္းဘူး။ ဒါေတြကို တားျမစ္သင့္တယ္။ စိုက္ပ်ိဳးေရးအေၾကာင္းေျပာရင္ ဖရဲသီး၊ ငွက္ေပ်ာသီး စိုက္တာေတြေပါ့။ တစ္ခါတစ္ေလ ကြၽန္ေတာ္တို႔က အေတြးအေခၚတခ်ိဳ႕ မွားေနတယ္ဗ်။ ဥပမာ- တ႐ုတ္ေတြ ျမန္မာႏိုင္ငံကို အလုံးအရင္းဝင္လာ ၿပီးေတာ့ စိုက္ပ်ိဳးေရးေတြလာလုပ္ၾကတယ္။ ကြၽန္ေတာ္ကေတာ့ စိုက္ပ်ိဳးေရးအေၾကာင္းနားမလည္ေတာ့ ေကာင္း / မေကာင္းမေျပာရဲဘူး။ စီးပြားေရးအရပဲေျပာရရင္ ဒီလူေတြဝင္ေနတာဟာ တ႐ုတ္ဘက္ကပဲ အလုံးစုံအက်ိဳးရ ေနၿပီးေတာ့ ျမန္မာႏိုင္ငံဘက္က ဘာမွမရဘဲနဲ႔ ဂုတ္ေသြးစုပ္ခံေနရတယ္လို႔ေျပာတာက မွားတယ္။ ဘာေၾကာင့္ လဲဆိုေတာ့ ဒီလူေတြက တရားဝင္/ မဝင္ ကြၽန္ေတာ္မသိဘူး။ ဒါေပမယ့္ ပြင့္ပြင့္လင္းလင္း လုပ္ေနၾကတာေတာ့ ထင္ထင္ရွားရွားပဲ။ အဲဒါကို ခြင့္ျပဳေပးတဲ့လူရွိပါတယ္။ အစိုးရကေနပဲ ခြင့္ျပဳေပးလို႔ရမယ္လို႔ ကြၽန္ေတာ္ ယူဆပါ တယ္။ ဘယ္ေလာက္ညံ့ဖ်င္းတဲ့အစိုးရျဖစ္ျဖစ္ အလကားခြင့္ျပဳခ်က္ေတာ့ မေပးပါဘူး။ စစ္အစိုးရပဲျဖစ္ျဖစ္၊ ဦးသိန္းစိန္အစိုးရျဖစ္ျဖစ္၊ NLD အစိုးရျဖစ္ျဖစ္ ဘယ္အစိုးရမွ ႏိုင္ငံျခားသားေတြကို ကိုယ့္ႏိုင္ငံမွာ ႀကိဳက္သလို ဝင္လုပ္ခြင့္ေပးမွာ မဟုတ္ပါဘူး။ ဆိုလိုတာက ဒီတ႐ုတ္ကုန္သည္ေတြက ျမန္မာႏိုင္ငံမွာ ေျမေတြငွားၿပီးေတာ့ စိုက္ပ်ိဳးေရးလုပ္ရတာ။ ငွားတယ္ဆိုေတာ့ ပိုက္ဆံေပးရတယ္။ အစိုးရကိုျဖစ္ေစ၊ မူလေျမပိုင္ရွင္ကိုျဖစ္ေစ ေငြေပး ၿပီးေတာ့ ငွားယူလိုက္တဲ့သေဘာ။ အဲဒီလိုေငြေပးလိုက္တဲ့အခ်ိန္မွာ ျမန္မာေတြဆုံးရႈံးသလားဆိုတာ ကာယကံရွင္ ကိုယ္တိုင္က အသိဆုံးျဖစ္မွာပါ။ ဆရာ့ကိုပဲ ရွင္းရွင္းေလးေျပာရရင္ ဆရာနဲ႔ကြၽန္ေတာ္ စီးပြားေရးတစ္ခုလုပ္ဖို႔ ဆရာ့အေနနဲ႔သေဘာတူလိုက္ၿပီဆိုရင္ ေသခ်ာတာကေတာ့ ဆရာ့အေနနဲ႔လည္း အက်ိဳးရွိလို႔၊ ျမတ္တယ္လို႔ ထင္ တဲ့အတြက္ တစ္ခုခုေရာင္းေပးလိုက္တာေလ။ ကြၽန္ေတာ္ေတာ့ ႀကီးပြားရင္ၿပီးေရာဆိုၿပီး အရႈံးခံေပးတာမွ မရွိတာ။ အဲဒီေတာ့ ဒါေတြကလည္း ေျမငွားတဲ့အခ်ိန္မွာ လယ္သမားေတြ၊ အစိုးရေတြ သူတို႔ေတြလည္း အက်ိဳးရွိပါတယ္။ သူ႔အက်ိဳးသူ ရွိလို႔ေပါ့။ ေနာက္တစ္ခုက ဒီအသီးေတြကို နယ္စပ္ကတစ္ဆင့္ တ႐ုတ္ျပည္ကို ျပန္ေရာင္းလိုက္တဲ့ အခါမွာ အဓိကကေတာ့ ဒီအသီးေတြကိုပိုင္ဆိုင္တဲ့ တ႐ုတ္ကုန္သည္ကေတာ့ ဒီအက်ိဳးအျမတ္ကို အရဆုံးဆိုတာ ေသခ်ာပါတယ္။ ဒါေပမယ့္ သူတစ္ေယာက္တည္း ဒီအသီးေတြကို စိုက္လို႔မရဘူး။ ျမန္မာလယ္သမားေတြကို ငွားရမ္းၿပီးေတာ့ လုပ္ဖို႔လိုတယ္။ ဒီအသီးေတြကို နယ္စပ္အထိပို႔ဖို႔အတြက္ ကုန္ကားေတြ လိုပါတယ္။ ဒီအသီး ေတြ ျမန္မာကေန တ႐ုတ္ျပည္ကိုထြက္သြားဖို႔ အခြန္ေဆာင္ရပါတယ္။ ဒါေတြအားလုံးက ျမန္မာျပည္သူေတြ ရေန တဲ့ကိစၥျဖစ္တယ္။ ဒါေၾကာင့္မို႔လို႔ စီးပြားေရးအျမင္အရျပန္ၾကည့္ရင္ ညီမွ်တဲ့အေနအထားကို ေတြ႕ႏိုင္ပါတယ္။ ေနာက္တစ္ခုက ေက်ာက္ဆိုရင္လည္း အဲဒီအတိုင္းပဲ။ တစ္ခါတစ္ေလ ကြၽန္ေတာ္ နားမလည္ဘူး။ ဥပမာ- ျမန္မာ ျပည္က ေက်ာက္ေတြ တ႐ုတ္ျပည္ကိုေရာက္သြားတယ္ဆိုၿပီး ကြၽန္ေတာ္တို႔ ျမန္မာျပည္ကလူေတြ စိတ္နာေနတာ ေပါ့ေနာ္။ ဟုတ္ၿပီ အဲဒီေက်ာက္ေတြ အလကားေရာက္သြားတာ မဟုတ္ဘူးဗ်။ တ႐ုတ္ျပည္က ဝယ္သြားတာေလ။ ဝယ္တယ္ဆိုေတာ့ ျမန္မာျပည္က ပိုက္ဆံရတာေပါ့။ ကြၽန္ေတာ္တို႔ အားလုံးသိတဲ့အတိုင္း ျမန္မာႏိုင္ငံမွာ ေက်ာက္ကုန္စည္ျပပြဲဆိုတာ တစ္ႏွစ္ကို သုံးခ်ိန္ေလာက္ က်င္းပတယ္။ အဲဒီလိုက်င္းပတဲ့အခါမွာ အဲဒီပြဲကို သြား တဲ့သူ၊ သတင္းယူတဲ့သူေတြ သိမွာပါ။ ေရာက္လာတဲ့ ႏိုင္ငံျခားကုန္သည္ (၉ဝ) ရာခိုင္ႏႈန္းအထက္က တ႐ုတ္ ကုန္သည္ေတြျဖစ္တယ္။ အဲဒီတ႐ုတ္ကုန္သည္ေတြက ဒီေက်ာက္ေတြကို ဝယ္သြားတာ။ ကြၽန္ေတာ္တို႔ ျမန္မာ ႏိုင္ငံရဲ႕ကုန္သြယ္ေရးစာရင္းကိုျပန္ၾကည့္ရင္ ဒီေက်ာက္မ်က္အေရာင္းအဝယ္ကလည္း အင္မတန္အေရးႀကီးတဲ့ ႏိုင္ငံျခားေငြရတဲ့ လမ္းတစ္ခုျဖစ္ပါတယ္။ ဟုတ္ၿပီ အဲဒါဆိုရင္ တ႐ုတ္ကို မႀကိဳက္လို႔မေရာင္းခ်င္ဘူးဆိုရင္ ဘယ္သူဝယ္မလဲဆိုတာကို စဥ္းစားၾကမယ္။ ဒီေက်ာက္ေတြကို ျမန္မာႏိုင္ငံရဲ႕ေျမေအာက္ေပ(၁) ေထာင္၊ ေပ(၁) ေသာင္းေအာက္မွာပဲႏွစ္ျမႇဳပ္ထားရင္ ျမန္မာႏိုင္ငံအတြက္ ဘာအက်ိဳးရွိမလဲ။ ျမန္မာအတြက္ အက်ိဳးမရွိဘူး။ အဲဒီ ေတာ့ ဒီေက်ာက္ေတြကို ျမန္မာျပည္မွာပဲ ေရာင္းမလား။ တျခားႏိုင္ငံကို ေရာင္းမလားဆိုရင္ ကြၽန္ေတာ္တို႔သိတဲ့ အတိုင္း ျမန္မာရဲ႕ေက်ာက္စိမ္းက ကမာၻေပၚမွာအရည္အေသြး အေကာင္းဆုံးျဖစ္တယ္။ ဒါေပမယ့္ ႏိုင္ငံျခားသား ေတြက ေက်ာက္စိမ္းကို စိတ္မဝင္စားၾကဘူး။ ေက်ာက္စိမ္းကိုခ်စ္တာက တ႐ုတ္ေတြ ခ်စ္တာ။ အဲဒီေတာ့ တကယ္တမ္း ျမန္မာ့ေက်ာက္စိမ္းကေနတဆင့္ တ႐ုတ္ဝင္ေငြရတဲ့ အရမ္း အေရးႀကီးတဲ့လမ္းေၾကာင္းတစ္ခု ျဖစ္ တယ္ဆိုတာ ေျပာခ်င္တယ္။ ဒီၾကားထဲမွာ ေက်ာက္တြင္းပိုင္းမွာ တရားမဝင္တာေတြ၊ မမွ်တတာေတြရွိတယ္။ ဒါကေတာ့ ပုဂၢလိကအရ အဲဒီလိုေတြရွိမွာ ေသခ်ာတယ္။ အဲဒီလိုလုပ္တဲ့လူေတြမွာလည္း တ႐ုတ္မကဘူး ျမန္မာ ျပည္တြင္းကလူေတြလည္း အမ်ိဳးမ်ိဳးရွိမွာေသခ်ာတယ္။ ကြၽန္ေတာ္တို႔ အေတြးေလးနည္းနည္းေျပာင္းၿပီးေတာ့ စီးပြားေရးအရစဥ္းစားၾကည့္မယ္ဆိုရင္ ဒီလိုကိစၥေတြကို ပိုၿပီးေတာ့ မွန္မွန္ကန္ကန္ျမင္ႏိုင္မယ္လို႔ ထင္ပါတယ္ ခင္ဗ်ာ။
ေမး ။ ။ တ႐ုတ္နဲ႔ ျမန္မာ နဲ႔ ကုန္သြယ္ေရးလုပ္တဲ့အခါက်ေတာ့ တ႐ုတ္ဘက္က ပိတ္ခ်င္သလိုပိတ္တယ္။ ဖြင့္ ခ်င္သလိုဖြင့္တယ္။ လုပ္ခ်င္သလိုလုပ္တယ္ေပါ့ဗ်ာ။ ျမန္မာျပည္ကကုန္ေတြ ပုံထပ္သြားတဲ့အခါမွ ေဈးကိုလိုသလို ကစားလိုက္တယ္ဆိုတဲ့ျပႆနာမ်ိဳးေတြ ျမန္မာဘက္မွာ အျမဲတမ္းရွိေနတာေတြ႕ရတယ္။ အဲဒီအခ်က္ကို ဆရာ ေရာ ေလ့လာမိလား။ ျမန္မာကုန္စည္ေတြ တ႐ုတ္ကိုသြားတယ္။ ၿပီးရင္အပိတ္ခံရတယ္။ ေဈးႏွိမ္ခံရတာေတြ၊ လႊတ္ပစ္လိုက္ရတာေတြ အဲဒီလိုျပႆနာေတြရွိေနတာကို ဘယ္လိုေလ့လာထားမိလဲ ခင္ဗ်ာ။
ေျဖ ။ ။ ဒီကိစၥေတြ မရွိဘူးလားေျပာရင္ေတာ့ ေျပာလို႔မရႏိုင္ပါဘူး။ ရွိေကာင္းရွိႏိုင္ပါတယ္။ ဒါေပမယ့္ ကြၽန္ေတာ္တို႔ ၿခဳံၿပီးေတာ့ၾကည့္လိုက္ရင္ တ႐ုတ္-ျမန္မာရဲ႕စီးပြားေရးအဖြဲ႕အစည္း Structure ကို ျပန္ေလ့လာဖို႔ လိုမယ္ ခင္ဗ်။ ျမန္မာႏိုင္ငံက စိုက္ပ်ိဳးေရးကို အေျခခံတဲ့ႏိုင္ငံတစ္ခုျဖစ္တယ္။ ျမန္မာႏိုင္ငံက စက္မႈထြန္းကားမႈ နည္းနည္း အားနည္းေနေသးတာကို ကြၽန္ေတာ္တို႔အားလုံးလည္း လက္ခံပါတယ္။ အဲဒီေတာ့ ျမန္မာႏိုင္ငံရဲ႕ အဓိကပို႔ကုန္က စိုက္ပ်ိဳးထြက္ပစၥည္းေတြျဖစ္တယ္။ စိုက္ပ်ိဳးေရးဆိုေတာ့ စားနပ္ရိကၡာနဲ႔ဆိုင္သြားၿပီ။ ႏိုင္ငံတိုင္း ႏိုင္ငံတိုင္းဟာ စားနပ္ရိကၡာနဲ႔ပတ္သက္ရင္ တင္းၾကပ္တဲ့စည္းမ်ဥ္းစည္းကမ္းဥပေဒေတြရွိတယ္။ ေျပာရမယ္ဆိုရင္ စားနပ္ရိကၡာနဲ႔ပတ္သက္တဲ့ လုံၿခဳံေရးဥပေဒဆိုတာရွိတယ္။ အျမင္ေတြ၊ ဗ်ဴဟာေတြရွိတယ္။ ဘယ္ႏိုင္ငံမွာမဆို ႏိုင္ငံတစ္ႏိုင္ငံကေန စားနပ္ရိကၡာနဲ႔ပတ္သက္တဲ့ကုန္သြင္းမႈက သူ႔ရဲ႕ေပၚလစီအရေရာ၊ သူ႔ရဲ႕စည္းမ်ည္းစည္း ကမ္းေတြ အမ်ိဳးမ်ိဳးရွိေလ့မယ္လို႔ထင္တယ္။ အျခားကုန္စည္ေတြနဲ႔ယွဥ္ရင္ စိုက္ပ်ိဳးေရးပစၥည္းေတြက အတင္း ၾကပ္ဆံုးပဲ။ ျမန္မာႏိုင္ငံအေနနဲ႔ေျပာမယ္ဆိုရင္လည္း ကြၽန္ေတာ္တို႔ျမန္မာႏိုင္မွာ တစ္ခုပဲေမးရရင္ ႏိုင္ငံျခားဆန္ ေတြရွိလား။ ထိုင္းႏိုင္ငံကတင္သြင္းတဲ့ ဆန္ေတြရွိလား။ မရွိသေလာက္ပဲ။ ႏိုင္ငံတြင္းမွာ မလိုအပ္တာက တစ္ခ်က္ ေပါ့။ ေနာက္တစ္ခ်က္က ခြင့္မျပဳဘူး။ လြယ္လြယ္နဲ႔ဝင္လာလို႔မရဘူး။ ဥပမာ- ထိုင္းဆန္က ပိုေကာင္းတယ္ပဲထား ပါေတာ့။ ေဈးလည္း သက္သာတယ္ဆိုရင္ ကြၽန္ေတာ္တို႔က ထိုင္းဆန္ေတြကို အေျမာက္အမ်ားတင္သြင္း လိုက္ တယ္။ တင္သြင္းၿပီးေတာ့ စားၾကတယ္။ လူေတြကလည္း ဒီအရသာကိုႀကိဳက္ၾကတယ္။ ေနာက္ၿပီး ျမန္မာဆန္ ေပါဆန္းေမႊးထက္လည္း ေဈးေပါေနတယ္ဆိုရင္ လူေတြကတျဖည္းျဖည္းနဲ႔ ထိုင္းဆန္ကိုပဲ အားကိုးလာတဲ့ အခ်ိန္မွာ ျမန္မာေပါဆန္းေမႊးက အေရာင္းက်သြားမယ္။ အေရာင္းက်သြားေတာ့ လယ္သမားေတြလည္း မစိုက္ ေတာ့ဘူးေလ။ တျခားဟာေျပာင္းၿပီးစိုက္ၾကရင္ တျဖည္းျဖည္းနဲ႔ ျမန္မာႏိုင္ငံကိုယ္တိုင္က ဆန္ထုတ္လုပ္မႈက် ဆင္းသြားမယ္။ အဲဒီအခ်ိန္မွာ ျမန္မာႏိုင္ငံရဲ႕စားနပ္ရိကၡာက ထိုင္းကိုပဲ မွီခိုသြားႏိုင္ဖြယ္ရွိတယ္။ အဲဒါေၾကာင့္ ျမန္မာႏိုင္ငံဟာလည္း တျခားႏိုင္ငံကဝင္လာတဲ့ စားနပ္ရိကၡာပစၥည္းေတြကို အင္မတန္တင္းၾကပ္ပါတယ္။ တ႐ုတ္ႏိုင္ငံမွာလည္း ဒီလိုပါပဲ။ ျမန္မာႏိုင္ငံက ထြက္လာတဲ့စားနပ္ရိကၡာပစၥည္းေတြအေပၚမွာလည္း သူ႔ သတ္မွတ္ခ်က္နဲ႔သူရွိတယ္။ ေပးမဝင္ဘူးဗ်။ ကြၽန္ေတာ္မွတ္မိသေလာက္ေျပာရရင္ ဥပမာ- တ႐ုတ္ႏိုင္ငံက ခြင့္ျပဳ ထားတာက တစ္ႏွစ္ကို ျမန္မာ့ဆန္ တန္ခ်ိန္ (၂) သိန္းလား မသိဘူး။ တရားဝင္ ဝင္ခြင့္ေပးတယ္။ ဒါေပမယ့္ တကယ္ဝင္သြားတာက (၁ဝ) သိန္းေလာက္ရွိတယ္။ (၂)သိန္းပဲ ခြင့္ျပဳထားတာ။ က်န္တာက ေမွာင္ခိုဗ်။ ဒါေပ မယ့္ ျမန္မာေတြအတြက္ကေတာ့ ဒါကေမွာင္ခိုလား ဘာလားဆိုတာ သူတို႔နားမလည္ဘူး။ သူတို႔သိတာက ကြၽန္ေတာ္တို႔ ဆန္ေတြ၊ ေျပာင္းေတြရွိတာကို ေရာင္းထုတ္မယ္။ ဟိုမွာေရာက္ေတာ့ ကြၽန္ေတာ္တို႔က ဥပေဒအရ လည္း သိပ္နာမလည္းသလို ႏိုင္ငံတကာကုန္သြယ္ေရး စည္းမ်ဥ္းစည္းကမ္းေတြလည္း နားမလည္ဘူး။ ဂိတ္ ကေနလည္း ဝင္လို႔မရဘူး။ ျမစ္ေခ်ာင္းကိုေက်ာ္ၿပီးေတာ့ ဝင္ရမယ္။ လူေတြကလည္း ျမစ္ေခ်ာင္းကိုေက်ာ္ၿပီး ေတာ့ သေဘၤာနဲ႔ ဆန္ေတြ၊ ေျပာင္းေတြကို သယ္သြားမယ္။ သယ္သြားတဲ့ဆန္ေတြေျပာင္းေတြကို ဟိုဘက္က ကားေပၚတင္ၿပီးေတာ့ ဝင္သြားတယ္။ ဒါေပမယ့္ လူေတြသတိမထားမိတာက ျမစ္ကိုေက်ာ္ၿပီးေတာ့ ဝင္သြားတာ ျဖစ္တဲ့အတြက္ ဒါကေမွာင္ခိုျဖစ္တယ္။ အဲဒီလိုေတြေၾကာင့္ အဖမ္းခံရတာေတြ ဒီႏွစ္ပိုင္းမွာရွိလာတယ္။ ၂ဝ၁၇ ေလာက္ကေနစၿပီးေတာ့ တ႐ုတ္ႏိုင္ငံကလည္း ကုန္သြယ္ေရးကိုတင္းၾကပ္လာတဲ့အခ်ိန္မွာ ဖမ္းဆီးမႈေတြျဖစ္ လာတဲ့အခါ ျမန္မာႏိုင္ငံဘက္က ေတာ္ေတာ္ဒုကၡေရာက္သြားတယ္။ ေနာက္ၿပီးေတာ့ ျမန္မာႏိုင္ငံက သစ္သီးေတြ ကို တ႐ုတ္ဘက္က အခြန္ကင္းမဲ့ခြင့္ ေပးထားပါတယ္။ ဝင္ခြင့္ေပးထားပါတယ္။ ဒါေပမယ့္ ခက္တာက ေဈး အေျပာင္းအလဲ ကစားတာေတြရွိပါတယ္။ ဒါကေတာ့ သက္ဆိုင္ရာကုမၸဏီေတြနဲ႔ဆိုင္တယ္ဗ်။ ေနာက္တစ္ခ်က္ တ႐ုတ္ဘက္က အစိုးရတာဝန္ရွိသူတစ္ဦး ရွင္းျပဖူးတာရွိတယ္။ မွန္တာ/မမွန္တာကေတာ့ ကိုယ့္ဟာကိုယ္ျပန္ သံုးသပ္ေပါ့ေနာ္။ သူေျပာတာက အစပိုင္းက သူသတ္မွတ္ထား၊ ေျပာထားတဲ့ေဈးႏႈန္းက တစ္ခုပါ။ ဒါေပမယ့္ အဲဒီ ေဈးႏႈန္းက မထြက္လာခင္ေရာက္လာတဲ့အခ်ိန္မွာ ေဈးႏႈန္းေျပာင္းသြားတာမွန္တယ္။ ဘာေၾကာင့္လဲဆိုေတာ့ ျမန္မာကေန တ႐ုတ္နယ္စပ္ထဲကိုဝင္ဖို႔အေရး ကုန္သြယ္ေရးလမ္းေၾကာင္းက အင္မတန္ဆိုးဝါး ပါတယ္။ သစ္သီး ေတြဆိုရင္ နမ့္ဆန္ကေန သြားတာမ်ားတယ္။ အဲဒီနမ့္ဆန္ဘက္ကလမ္းေတြက အင္မတန္ဆိုးဝါးတယ္။ တစ္လမ္းလုံး မၿငိမ္မသက္ပဲသြားရေတာ့ အသီးေတြက ကြာလတီေတာ္ေတာ္ေလး က်သြားတာေပါ့။ အဲဒီေတာ့ အရင္ကေျပာထားတဲ့ေဈးနဲ႔ တန္ဖိုးတူညီတဲ့ကြာလတီမေတြ႕ရတဲ့အတြက္ တခ်ိဳ႕ကုမၸဏီေတြက ေျပာထားတဲ့ ေဈးကို မေပးခ်င္တာေပါ့။ ဒါမ်ိဳးလည္း ရွိတာေပါ့။ ႏွစ္မ်ိဳးစလုံးရွိတာေပါ့။ မတရားတဲ့ကုမၸဏီေတြရွိတာလည္း မွန္ တယ္။ လိမ္ညာသြားတဲ့ကုမၸဏီရွိတာလည္း မွန္တယ္။ နယ္စပ္ကုန္သြယ္ေရးသမားေတြက အရမ္း႐ိုးသား တယ္ဗ်။ ကြၽန္ေတာ္သိသေလာက္ဆို ကြၽန္ေတာ့္မိတ္ေဆြေတြမွာလည္း နယ္စပ္ကုန္သြယ္ေရးသမားေတြ ရွိပါ တယ္။ ဥပမာ- ေျပာင္း တင္ပို႔တယ္ဆိုရင္ တ႐ုတ္ကုမၸဏီနဲ႔ တစ္ဖက္နဲ႔တစ္ဖက္ လူခ်င္းေတာင္မေတြ႕ဖူးဘူးလို႔ ေျပာဖူးတယ္။ လိုခ်င္တဲ့ပမာဏကို ပို႔လိုက္တယ္။ စာခ်ဳပ္လည္းမရွိဘူး။ ကုမၸဏီနာမည္ေတာင္ တိတိက်က်မသိ ၾကဘူး။ အဲဒီလို႐ိုး႐ိုးသားသား ယုံၾကည္မႈနဲ႔ပဲ လုပ္ေနၾကတာ။ မ်ားေသာအားျဖင့္ေတာ့ အဆင္ေျပၾကတယ္။ တစ္ခါတစ္ေလေတာ့ အလိမ္ခံရတာမ်ိဳး ရွိတယ္။ ေျပာင္းေတြကို ကားတစ္စီးလံုး တင္ပို႔လိုက္တယ္။ ဟိုဘက္ လက္ခံမယ့္သူက ေပ်ာက္သြားတယ္။ အဲဒီလိုဆုံးရႈံးမႈေတြလည္း ရွိတယ္။ ခုနကေျပာသလိုေပါ့ အေျခအေနက အမ်ိဳးမ်ိဳးရွိတယ္။ လိမ္ညာတဲ့လူေတြရွိတယ္။ အႏိုင္က်င့္တဲ့လူေတြရွိတယ္။ ေနာက္တစ္ခုက ေပၚလစီအရ အကန႔္အသတ္ေတြရွိတယ္။ ေနာက္တစ္ခုက ျမန္မာႏိုင္ငံရဲ႕လမ္းပန္းဆက္သြယ္ေရးအေျခအေနက အင္မတန္ ဆုိး႐ြားတဲ့အေျခအေနေတြေၾကာင့္မို႔လို႔ ျဖစ္ေပၚလာတဲ့ ဆိုးက်ိဳးေတြလည္း ရွိတယ္ခင္ဗ်။
ေမး ။ ။ ေနာက္တစ္ခုက ကြၽန္ေတာ္တို႔ျမန္မာေတြ ဆယ္စုႏွစ္တစ္ခုအတြင္းမွာ အုန္းအုန္းထလာတဲ့ကိစၥက ဘာလဲဆိုရင္ ျမစ္ဆုံစီမံကိန္းကို တ႐ုတ္ဘက္က အသည္းအသန္လိုခ်င္တာမ်ိဳး၊ ဒီစီမံကိန္းကို ဘာေၾကာင့္ လိုခ်င္ တာလဲ။ ျမစ္ဆုံစီမံကိန္းေဆာက္ရင္ ဘာျဖစ္မယ္၊ ညာျဖစ္မယ္ဆိုတဲ့ ကြန္ပလိန္းမ်ိဳးစုံေတြနဲ႔ အုန္းအုန္းထခဲ့တယ္။ တစ္ခ်ိန္တည္းမွာပဲ ေက်ာက္ျဖဴ၊ ကူမင္းရထားလမ္း၊ ကားလမ္းနဲ႔ ပိုက္လိုင္းစီမံကိန္းႀကီးေပါ့။ တ႐ုတ္က အဲဒီ စီမံကိန္းကိုလိုခ်င္တာက ငါတို႔ျမန္မာႏိုင္ငံကို သိမ္းပိုက္ဖို႔၊ ျမန္မာႏိုင္ငံကို တစ္ျခမ္းျခမ္းၿပီးေတာ့ အပိုင္စီးဖို႔ဆိုတဲ့ စကားေတြနဲ႔ လူမ်ားစြာၾကားထဲမွာပြက္ေလာ႐ိုက္ေအာင္ ရွိခဲ့တယ္။ ဒီအေျခအေနကိုေရာ ဆရာဟိန္းေလ့လာ ထားမိတာေလးရွိရင္ ေျပာျပလို႔ရမလား။
ေျဖ ။ ။ ဟုတ္ကဲ့။ ဒါကေတာ့ ျမန္မာႏိုင္ငံမွာ အရမ္းကို ထိလြယ္ရွလြယ္တဲ့အေၾကာင္းအရာတစ္ခုေတာင္ ျဖစ္ ေနၿပီ။ အဲဒါေၾကာင့္ NLD အစိုးရေခတ္ေတာင္မွ NLD ပါတီဝင္ေတြက ဘယ္လိုေျပာလဲဆိုရင္ ျမစ္ဆုံအေၾကာင္း ေျပာတယ္ဆိုတာ ႏိုင္ငံေရးမွာ ကိုယ့္ကိုယ္ကိုယ္ ေသေၾကာင္းႀကံတဲ့ကိစၥျဖစ္ေနၿပီလို႔ ေျပာၾကတယ္။ ဒါေပမယ့္ ကြၽန္ေတာ္တို႔က ဘယ္လိုေျပာမလဲဆိုရင္ ဒီကိစၥေျပာတဲ့အခ်ိန္မွာ အမ်ိဳးမ်ိဳးေျပာလို႔ရတယ္။ ရႈ႕ေထာင့္အမ်ိဳးမ်ိဳးနဲ႔ ၾကည့္လို႔ရတယ္ေပါ့။ ဥပမာ- ကြၽန္ေတာ္တို႔ပတ္ဝန္းက်င္ထိန္းသိမ္းေစာင့္ေရွာက္ေရး ရႈ႕ေထာင့္ကၾကည့္မယ္ဆို ရင္ ဒါေတြတည္ေဆာက္တဲ့အခ်ိန္မွာ ပတ္ဝန္းက်င္ရဲ႕ဇီဝဇစ္ျမစ္ကို အထိုက္အေလ်ာက္ထိခိုက္တယ္။ ဒါကေတာ့ ဘယ္သူမွလည္း မျငင္းပါဘူး။ ေသခ်ာပါတယ္။ ဒါေပမယ့္ ႏိုင္ငံတကာမွာ ဒီလိုေရကာတာႀကီးေတြ ေဆာက္ေန ၾကတာပဲ။ ဥပမာ- ျမစ္ဆုံစီမံကိန္းႀကီးကိုဆန႔္က်င္ဖို႔ NGO ေတြကို အမ်ားဆုံးေထာက္ပံ့ေပးထားတဲ့ အေမရိကန္ ဟာ ကမာၻေပၚမွာ ေရကာတာအမ်ားဆုံးႏိုင္ငံျဖစ္တယ္။ သူ႔ရဲ႕ေရကာတာကိုတစ္ခုမွ သူက မဖ်က္ဘူး။ သူက ေတာ့ သူမ်ားႏိုင္ငံရဲ႕ေရကာတာကိုပဲ ဖ်က္ခ်င္ေနတာ။ အဲဒီလို ဇီဝစနစ္ကိုထိခိုက္ေပမယ့္ ဘာေၾကာင့္ ႏိုင္ငံ အမ်ားစုဟာ အခုထိ ေရကာတာႀကီးေတြကိုေဆာက္ခ်င္ၾကလဲဆိုရင္ တြက္ေခ်ကိုက္လို႔ေပါ့။ ဆိုလိုတာက ဇီဝ စနစ္ အထိုက္အေလ်ာက္ေတာ့ ထိခိုက္မယ္။ ပ်က္စီးမယ္။ တခ်ိန္တည္းမွာပဲ ႏိုင္ငံတစ္ႏိုင္ငံရဲ႕လ်ွပ္စစ္ဖူလုံေရး အတြက္ အေထာက္အကူျပဳမယ္။ အဲဒီလွ်ပ္စစ္ဖူလုံေရးကေနတဆင့္ စက္မႈလုပ္ငန္းေတြ ထြန္းကားလာမယ္။ အဲဒီလိုထြန္းကားလာတာနဲ႔ ရရွိလာမယ့္ေငြေႂကြးနဲ႔ ပ်က္စီးသြားတဲ့ဇီဝစနစ္ကိုျပန္ထိန္းႏိုင္မွာလားလို႔ တြက္ၾကည့္ တဲ့အခါမွာ ႏိုင္ငံေတာ္ေတာ္မ်ားမ်ားက လက္ခံၾကတယ္။ တြက္ေျခကိုက္တယ္။ အဲဒါေၾကာင့္မို႔လို႔လဲ အခုထိ လုပ္ၾကတာေပါ့။ ဒီေရအားလွ်ပ္စစ္မဟုတ္ဘဲနဲ႔ တျခားနည္းလမ္းေတြကိုျပန္စဥ္းစားၾကည့္ရင္ ေက်ာက္မီးေသြး လွ်ပ္စစ္စက္႐ုံရွိတယ္။ ဒါေပမယ့္ ေက်ာက္မီးေသြး လွ်ပ္စစ္စက္႐ုံဆိုတာ ေရအားလွ်ပ္စစ္နဲ႔ယွဥ္ရင္ သူရဲ႕ပတ္ဝန္း က်င္ထိခိုက္မႈက ပိုဆိုးတယ္။ ဒါေၾကာင့္မို႔လို႔ ေက်ာက္မီးေသြးကေန လွ်ပ္စစ္ထုတ္တာကိုေတာ့ ႏိုင္ငံေတာ္ေတာ္ မ်ားမ်ားမွာ အားေပးမႈမရွိေတာ့ဘူး။ ေက်ာက္မီးေသြးနဲ႔ ေရကိုယွဥ္ၾကည့္လိုက္ရင္ ေရကပိုသန႔္တယ္။ ေနာက္ၿပီး ေလအားလွ်ပ္စစ္အေၾကာင္းေျပာမယ္ဆိုရင္ သူကေနရာအရမ္းေ႐ြးတယ္ဗ်။ တကယ့္လွ်ပ္စစ္ထုတ္ႏိုင္တဲ့ ေလ အားအရင္းအျမစ္ရွိတဲ့ေနရာ ေတာ္ေတာ္ေလးကိုရွားတယ္။ အရမ္းခက္တယ္။ ၿပီးေတာ့ မတည္ၿငိမ္ဘူး။ ေနာက္ဆုံးေခတ္အမွီဆုံးတစ္ခုကေတာ့ ႏ်ဴကလီးယားလွ်ပ္စစ္ဓာတ္အားေပးစက္႐ုံ ျဖစ္တယ္။ နည္းပညာအရ ေျပာရမယ္ဆိုရင္ ဒါကပိုၿပီးေတာ့ အဆင့္ျမင့္တဲ့ေတာင္းဆိုခ်က္ေတြရွိတယ္။ ေရအားလွ်ပ္စစ္ေလာက္ မလြယ္ဘူး။ ျမန္မာႏိုင္ငံအေနနဲ႔ကေတာ့ လုပ္ဖို႔မလြယ္ဘူး။ ေနာက္တစ္ခုကေတာ့ သူကတစ္ခုခုျဖစ္လိုက္ရင္ ျပန္ ကယ္ဆယ္လို႔မရတဲ့ တိုက္႐ိုက္ပ်က္စီးမႈေတြကိုျဖစ္ႏိုင္တယ္။ အဲဒီလို ႏ်ဴကလီးယားလွ်ပ္စစ္ဓာတ္အားစက္႐ုံ တည္ေဆာက္ဖို႔အရင္းအႏွီးကလည္း အင္မတန္ႀကီးတယ္။ အဲဒီေတာ့ ဖြံ႕ၿဖိဳးဆဲႏိုင္ငံရဲ႕ရႈ႕ေထာင့္ကေန ၾကည့္မယ္ ဆိုရင္ ႏ်ဴကလီးယားလွ်ပ္စစ္ဓာတ္အားစက္႐ုံတည္ေဆာက္ဖို႔ မျဖစ္ႏိုင္တဲ့အေျခအေနမွာရွိတယ္။ အဲဒီေတာ့ ဖြံ႕ၿဖိဳးဆဲႏိုင္ငံေတြအေနနဲ႔ ေရအားလွ်ပ္စစ္က အဓိကေပါ့။ ဒါကေတာ့ ပတ္ဝန္းက်င္ထိန္းသိမ္းေရး ရႈ႕ေထာင့္ ကေန ၾကည့္တာေပါ့။ ေနာက္တစ္ခုက ျမန္မာလူထုေတြ ထိတ္လန႔္ေၾကာက္႐ြံ႕ေနတာက ဒါကိုအေျခခံၿပီးေတာ့ တ႐ုတ္က က်ဴးေက်ာ္ဝင္ေရာက္လာမယ္ဆိုတာမ်ိဳးေပါ့။ ဒါကေတာ့ လုံၿခဳံေရးပိုင္းျဖစ္သြားၿပီး။ လုံးဝကို မဆိုင္ဘူး လို႔ပဲ ေျပာရမွာေပါ့။ ေရအားလွ်ပ္စစ္စက္႐ုံတစ္ခု (သို႔မဟုတ္) ေရနံပိုက္လိုင္းတစ္ခု (သို႔မဟုတ္) အထူးစီးပြားေရး ဇုန္တစ္ခုက ဘယ္လိုလုပ္ၿပီး ျမန္မာႏိုင္ငံကို က်ဴးေက်ာ္ဝင္ေရာက္တဲ့အခြင့္အေရးျဖစ္သြားမွာလဲ။ စဥ္းစားၾကည့္ လိုက္ရင္ ရွင္းေနတာပဲဆိုတာ အရမ္းသိသာပါတယ္။ ျမန္မာႏိုင္ငံမွာလည္း ဂ်ပန္ေတြ၊ ထိုင္းေတြ ႀကိဳးစားၿပီးေတာ့ ရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ခ်င္တဲ့ ေရအားလွ်ပ္စစ္လုပ္ငန္းေတြရွိပါတယ္။ တခ်ိဳ႕ပေရာ့ဂ်က္ေတြက ေဒသခံျပည္သူလုထု ေတြရဲ႕ဆန႔္က်င္မႈကို ခံေနရတာလည္းရွိပါတယ္။ ဥပမာ- ဂ်ပန္က စက္႐ုံတစ္ခု လာေဆာက္တယ္ဆိုပါေတာ့။ အဲဒီစက္႐ုံက ဂ်ပန္ေတြ ျမန္မာႏိုင္ငံကိုက်ဴးေက်ာ္ဝင္ေရာက္ဖို႔ ေျခကုပ္စခန္းလားေပါ့။ မဟုတ္ပါဘူး။ ဘယ္လိုမွ မျဖစ္ႏိုင္တဲ့ကိစၥပါ။ ေနာက္တစ္ခုက တ႐ုတ္-ျမန္မာ ရထားလမ္း၊ သံလမ္းတည္ေဆာက္တဲ့အခ်ိန္မွာ တခ်ိဳ႕ေျပာ ေနၾကတာက ျမန္မာႏိုင္ငံကို ႏွစ္ပိုင္း ပိုင္းတာမ်ိဳးေတြေပါ့။ လမ္းေၾကာင္းတစ္ေၾကာင္းက ျမန္မာႏိုင္ငံကို ႏွစ္ပိုင္း ပိုင္းလိုက္ႏိုင္တယ္ဆိုတာ ဘယ္လိုမွယုံစရာကို မရွိဘူး။ တကယ္ေတာ့ စဥ္းစားၾကည့္မယ္ဆိုရင္ ငါးႏွစ္အ႐ြယ္ ကေလးလည္း မဟုတ္ဘူး။ ၿပီးေတာ့ ကြၽန္ေတာ္တို႔က ျမန္မာ-တ႐ုတ္အေၾကာင္းေျပာၾကရင္ ျမန္မာ-တ႐ုတ္ အေၾကာင္းပဲၾကည့္ေနၾကတယ္။ ကြၽန္ေတာ္တို႔က ကမာၻနဲ႔ယွဥ္ၿပီး ၾကည့္ရမယ္။ တ႐ုတ္ႏိုင္ငံ သံလမ္းနဲ႔ပတ္သက္ ၿပီး ျမန္မာႏိုင္ငံကို ႏွစ္ပိုင္း ပိုင္းတာမ်ိဳးေတြစဥ္းစားေနတဲ့အခ်ိန္မွာ တ႐ုတ္က ဥေရာပအထိ သံလမ္းတစ္ခုကို ေဖာက္လိုက္တာ။ အဲဒီလို ဥေရာပသံလမ္းကိုေဖာက္လိုက္တဲ့အတြက္ တ႐ုတ္ႏိုင္ငံဟာ ႏိုင္ငံေပါင္မ်ားစြာကို ေက်ာ္ျဖတ္ခဲ့တယ္။ အဲဒီႏိုင္ငံေတြအကုန္လုံး ႏွစ္ပိုင္းကြဲသြားၿပီလား။ ဥေရာပႀကီး ႏွစ္ပိုင္းကြဲသြားၿပီလား။ တ႐ုတ္ ျပည္ရဲ႕ ကုန္သြယ္ေရးၿမိဳ႕တစ္ၿမိဳ႕ျဖစ္တဲ့ ယိဝူးၿမိဳ႕ကေန သံလမ္းတစ္ခုေဖာက္လိုက္တာက အီတလီအထိ ေရာက္ တယ္။ စပိန္အထိေရာက္ေနၿပီ။ စပိန္ႏိုင္ငံက အစိတ္စိတ္အမြာမြာ ကြဲသြားလား။ မၾကာခင္ကပဲ ၾကားလိုက္တာက တ႐ုတ္-လာအို သံလမ္းႀကီးလည္း ဖြင့္လွစ္လိုက္ၿပီ။ လာအိုကေရာ ႏွစ္ပိုင္းကြဲသြားလား စသျဖင့္ေပါ့ေနာ္။ အဲဒီ ေတာ့ ကြၽန္ေတာ္တို႔စဥ္းစားရမွာက ဝင္လာမွာကို ဘာလို႔ေၾကာက္ေနလဲဆိုေတာ့ အရင္းျမစ္ကို ျပန္စဥ္းစားၾကည့္ ရင္ ကြၽန္ေတာ္တို႔ မထြက္ႏိုင္လို႔။ ဆိုလိုတာက ဘာလဲဆိုေတာ့ သံလမ္းေဖာက္လိုက္တဲ့အခ်ိန္မွာ ခ်က္ျခင္း ေခါင္းထဲဝင္လာတာက တ႐ုတ္ကုန္ပစၥည္းေတြ အလုံးအရင္းနဲ႔ ဒီသံလမ္းကေနတဆင့္ ဝင္လာမယ္ဆိုတာမ်ိဳးပဲ ေခါင္းထဲေရာက္လာတယ္။ အဲဒီလိုအေတြးမ်ဳိးပဲ ေခါင္းထဲဝင္လာတဲ့အခ်ိန္မွာ ျမန္မာျပည္တြင္းက ထုတ္လုပ္ေရး သမားေတြ၊ ေရာင္းဝယ္ေရးသမားေတြကလည္း သူတို႔နည္းနည္းဒုကၡေရာက္မွာကို စိုးရိမ္တာေပါ့။ ကြၽန္ေတာ္တို႔ ဘာလို႔ အဲဒီလိုေၾကာက္ေနၾကတာလဲ။ ကြၽန္ေတာ္တို႔ကုန္ပစၥည္းေတြက အဲဒီသံလမ္းကေနေရာ ထြက္မသြားႏိုင္ ဘူးလား။ ဒါေပမယ့္ ပြင့္ပြင့္လင္းလင္းေျပာမယ္ဆိုရင္ ကြၽန္ေတာ္တို႔ သိပ္ၿပီး ထြက္မသြားႏိုင္ၾကဘူးဗ်။ ဘာျဖစ္လို႔ လည္းဆိုေတာ့ ကြၽန္ေတာ္တို႔က စီးပြာေရးနဲ႔ စက္မႈဖြံ႕ၿဖိဳးတိုးတက္ေရးေတြက ေနာက္က်ေနေသးတယ္။ တ႐ုတ္-ျမန္မာကုန္သြယ္ေရးကို ျပန္ၾကည္မယ္ဆိုရင္ ဟုတ္ပါတယ္၊ အဝင္ကမ်ားေနၿပီးေတာ့ အထြက္က နည္းေနေသး တယ္။ အကယ္၍သာ ကြၽန္ေတာ္တို႔ႏိုင္ငံက စက္မႈဖြံ႕ၿဖိဳးတိုးတက္တဲ့ႏိုင္ငံႀကီးျဖစ္လာမယ္ဆိုရင္ ကြၽန္ေတာ္တို႔ရဲ႕ ကုန္ပစၥည္းေတြက ႏိုင္ငံတကာစံခ်ိန္စံႏႈန္းလည္း မွီမယ္။ တ႐ုတ္ႏိုင္ငံကိုလည္း လိုအပ္တဲ့အခ်ိန္မွာ ကုန္ပစၥည္း ေတြကို ဒီထက္မက ပို႔ေဆာင္ႏိုင္လိမ့္မယ္။ အဲဒီလိုပို႔ေဆာင္ႏိုင္တဲ့အခါမွာ အက်ိဳးအျမတ္လည္း ပိုရႏိုင္မယ္။ အဲဒီ အခါက်ရင္ ဒီအသံေတြကို ဘာမွေၾကာက္စရာ အေၾကာင္းမရွိေတာ့ဘူး။
ေမး ။ ။ တ႐ုတ္နဲ႔ျမန္မာအေၾကာင္းကို စဥ္းစားလိုက္တိုင္းမွာ အခုလက္ရွိႏိုင္ငံေရးအခင္းအက်င္း ျဖစ္လာတာ ေပါ့။ အဲဒီလိုျဖစ္လာတဲ့အခါမွာလည္း တ႐ုတ္ႏိုင္ငံအေၾကာင္းစဥ္စားတဲ့ပံုစံမွာ တ႐ုတ္က ျမန္မာစစ္တပ္ကို သြား ၿပီးေတာ့ အာဏာသိမ္းဖို႔ေျမွာက္ေပးေနသလားလို႔ ဝိုင္းေျပာေနၾကသလို တစ္ခါတ႐ုတ္က ျမန္မာႏိုင္ငံကို မဖိတ္ ဘူးလည္းဆိုေရာ အဲဒါမွ ငါတို႔တ႐ုတ္ ၊ တ႐ုတ္က ငါတို႔ကိုနားလည္သြားၿပီဆိုၿပီး ေျပာၾကတယ္။ အဲဒီေတာ့ ျမန္မာ ေတြရဲ႕တ႐ုတ္နဲ႔ပတ္သက္ၿပီးစဥ္စားမႈပံုစံက သူတို႔လိုခ်င္တဲ့အတိုင္းအႀကိဳက္လိုက္ရင္ အဲဒါမွတ႐ုတ္ေပါ့။ အႀကိဳ က္မလိုက္ရင္ေတာ့ တ႐ုတ္ကို ဆဲမယ္။ အဲဒီလိုပံုစံမ်ိဳးေတြျဖစ္ေနတာလား။ စဥ္စားပံုပဲ လြဲတာလား။ ဒါမွမဟုတ္ တ႐ုတ္ရဲ႕မူပံုစံကိုကတည္းက ဟိုလိုလို ဒီလိုလိုယိမ္းတာလား။ ႏိုင္ငံေရးမွာ တ႐ုတ္က သူ႔မူအတိုင္းပဲ သူသြားေန တာမ်ဳိးလား။ ဆရာ ဘယ္လိုသံုးသပ္ျပခ်င္လဲ။
ေျဖ ။ ။ ဟုတ္ကဲ႔။ အမွန္အတိုင္းေျပာရမယ္ဆိုရင္ တ႐ုတ္ကေတာ့ အစကတည္းက ကြ်န္ေတာ္ေျပာခဲ့သလိုပဲ တ႐ုတ္က သူ႔တို႔မွာက ႏိုင္ငံတကာဆက္ဆံေရးမူက ရွိၿပီးသားပဲ။ အေျခခံရွိၿပီးသားပဲ။ အဲဒီေတာ့ တ႐ုတ္ရဲ႕ျပဳမူ ေဆာင္ရြက္မႈမွန္သမွ်ဟာ သူ႔ရဲ႕မူအရပဲ သူသြားေနတာဗ်။ ၿပီးေတာ့ ႏိုင္ငံတကာဆက္ဆံေရးဆိုတာ ကြ်န္ေတာ္ တို႔ ဥပမာ- ဆရာနဲ႔ ကြ်န္ေတာ္တို႔ရဲ႕ ဆက္ဆံေရးလိုမဟုတ္ဘူးဗ်။ ကြ်န္ေတာ္နဲ႔ဆရာတို႔ ဆက္ဆံေရးက ကြ်န္ေတာ္နဲ႔ ဆရာႏွစ္ေယာက္ပဲ ဆံုးျဖတ္မွာပါ။ ဥပမာ- ဆရာက တစ္ခုခုေျပာလိုက္လို႔ ကြ်န္ေတာ္မႀကိဳက္ရင္ ကြ်န္ေတာ္ မဆက္ဆံေတာ့ဘူးေပါ့ဗ်ာ။ ဟုတ္တယ္မလား။ ေနာက္ၿပီး ကၽြန္ေတာ္မေက်နပ္ရင္ ဆရာ့ကို လက္ညွိး ထိုး ဆဲဆိုၿပီးေတာ့ ထြက္သြားလို႔ရတယ္။ အဲဒီေနာက္ ၿပီးသြားတာပဲ။ ကြ်န္ေတာ္တို႔ႏွစ္ေယာက္ကိစၥဆိုေတာ့ ကြ်န္ ေတာ္တို႔ႏွစ္ေယာက္ရွင္းရတာ အရမ္းလြယ္တယ္ဗ်။ ဒါေပမယ့္ ႏိုင္ငံႏွစ္ႏိုင္ငံအေရးျဖစ္လာတဲ့အခါမွာ ဒီလို မဟုတ္ေတာ့ဘူးဗ်။ သူတို႔အေနနဲ႔ ေတြးေခၚစရာအမ်ားႀကီး ျဖစ္သြားၿပီ။ ဒါကတစ္ခ်က္။ ေနာက္တစ္ခ်က္က လြယ္ လြယ္ေလးနဲ႔ ကြ်န္ေတာ္ ဒီတစ္ေယာက္ကိုႀကိဳက္လို႔ သူနဲ႔ေပါင္းတယ္။ ေနာက္တစ္ေယာက္ကိုေတာ့ မႀကိဳက္လို႔ မေပါင္းဘူး။ အဲဒီလို မရဘူးဗ်။ ေဒၚေအာင္ဆန္းစုၾကည္ ေျပာသလိုေပါ့။ အိမ္နီးခ်င္းဆိုတာ ေရြးလို႔မရဘူး။ ႀကိဳက္ သည္ျဖစ္ေစ၊ မႀကိဳက္သည္ျဖစ္ေစ တ႐ုတ္နဲ႔ေပါင္းရမယ္တဲ့။ တ႐ုတ္ႏိုင္ငံကလည္း ဒီလိုပါပဲ။ ဘယ္သူ႔ကိုပဲျဖစ္ျဖစ္ ျမန္မာျပည္က ဘယ္သူပဲျဖစ္ျဖစ္ ႀကိဳက္သည္ျဖစ္ေစ၊ မႀကိဳက္သည္ျဖစ္ေစ သူလည္းေပါင္းရမွာပဲ။ သူ႔အေနနဲ႔က လည္း ျမန္မာႏိုင္ငံက အိမ္နီးခ်င္းပဲဆိုေတာ့ သူေရြးလို႔မရဘူး။ ျငင္းလို႔လည္း မရဘူး။ အိမ္နီးခ်င္းက ရွိေနတယ္။ ၿပီးေတာ့ တ႐ုတ္ႏိုင္ငံရဲ႕မူဝါဒ (၄) ခ်က္ေပါ့ေနာ္။ အဲဒီအခ်က္ေတြအျပင္ ေနာက္ကြယ္မွာ ေနာက္ထပ္တစ္ခ်က္က ဘာရွိလဲဆိုေတာ့ အတတ္ႏိုင္ဆံုး သူက ႏိုင္ငံတိုင္းနဲ႔ ေျပလည္ခ်င္တယ္။ ေကာင္းမြန္တဲ႔ဆက္ဆံေရးရွိခ်င္တယ္။ ဒါကေတာ့လည္း ႐ိုးရွင္းပါတယ္။ ကြ်န္ေတာ္တို႔ လူတိုင္းနားလည္ပါတယ္ ဟုတ္တယ္မလား။ ဘယ္သူမွလည္း ရန္သူမရွိခ်င္ဘူး။ အထူးသျဖင့္ ကိုယ့္အိမ္နီးခ်င္းနဲ႔ ရန္မျဖစ္ခ်င္ဘူး။ ဒါကေသခ်ာတယ္ေလ ဟုတ္တယ္မလား။ ဥပမာ- ဆရာနဲ႔ ကြ်န္ေတာ္ အခုစကားေျပာသလိုေပါ့။ ကြ်န္ေတာ္နဲ႔ ဆရာ မတည့္ေနရင္ ကြ်န္ေတာ္တို႔ စကား ေျပာလို႔လည္း မေကာင္းဘူး။ အဲဒီေတာ့ ဆရာနဲ႔ ကြ်န္ေတာ္တို႔ ဆက္ဆံေရးေကာင္းမြန္မွ ျဖစ္မယ္။ အဲဒီေတာ့ အတူတူပါပဲ။ တ႐ုတ္ကလည္း ဘယ္သူနဲ႔ပဲျဖစ္ျဖစ္ သူကေတာ့ ဆက္ဆံေရးေကာင္းမြန္ခ်င္တယ္။ အဲဒီလို ေကာင္းမြန္ခ်င္တဲ့အခ်ိန္မွာ သူကေတာ့ သူ႕မူအရကို အေျခခံၿပီးေတာ့ ေကာင္းမြန္တဲ့ဆက္ဆံေရးတစ္ခုကိုေတာ့ သူကေတာ့ လုပ္ခ်င္မွာပဲ။ အဲဒါကိုေျပာရင္းနဲ႔ ကြ်န္ေတာ္နည္းနည္းေလး ႏိုင္ငံတကာဆက္ဆံေရးအေၾကာင္းကို ခ်ဲ႕ၿပီးေတာ့ ေျပာခ်င္တယ္။ ဘာလို႔လည္းဆိုေတာ့ ဒါေလးကိုကြ်န္ေတာ္ နည္းနည္းေလးရွင္းျပခ်င္တယ္။ ျမန္မာ ျပည္သူလူထုေတြရဲ႕ ႏိုင္ငံတကာဆက္ဆံေရးအျမင္ေပါ့ေနာ္။ ကြ်န္ေတာ္နည္းနည္းေလးျဖည့္စြက္ၿပီးေတာ့ ရွင္းျပ ခ်င္တယ္။ ဥပမာ- ကြ်န္ေတာ္တို႔ အခုခံစားခ်က္ျပင္းျပေနတဲ့ ျပည္သူလူထုေတာ္ေတာ္မ်ားမ်ားက UN ကိုလည္း မေက်နပ္ဘူး။ အာဆီယံကိုလည္း မေက်နပ္ဘူး။ ဘယ္ႏိုင္ငံကိုမွ မေက်နပ္ဘူး။ အားမရဘူးျဖစ္ေနၾကတယ္။ UN ကိုေျပာလိုက္ရင္လည္း ခင္ဗ်ားတို႔က စိုးရိမ္တယ္လို႔ပဲ ေျပာေနတယ္။ အာဆီယံကလည္း စိုးရိမ္တယ္လို႔ပဲ ေျပာ ေနတယ္။ အားမရဘူး။ ဒါေပမယ့္ အခုလက္ရွိ ႏိုင္ငံတကာဆက္ဆံေရးစနစ္ ဘယ္လို ေပၚေပၚက္လာတာလဲ ဆို တာကို ကြ်န္ေတာ္တို႔ ျပန္ေလ့လာၾကည့္မယ္။ အဲဒီေတာ့ ပထမကမ႓ာစစ္၊ ဒုတိယကမ႓ာစစ္ေတြျဖစ္ပြားတာဟာ တကယ္ကမ႓ာ့သမိုင္မွာ ေပါ့ေနာ္။ အင္မတန္ႀကီးမားတဲ့ ျပႆနာႀကီးေပါ့ေနာ္။ ဘယ္လိုျပႆနာမွ ယွဥ္လို႔မရတဲ့ အႀကီးမားဆံုးျပႆနာႀကီးကေတာ့ ပထမကမ႓ာစစ္၊ ဒုတိယကမ႓ာစစ္ပဲ။ အဲဒီလို ကမ႓ာစစ္ႀကီးေတြျဖစ္လာတဲ့ အခ်ိန္မွာ ႏိုင္ငံေခါင္းေဆာင္ေတြက ဘာေတြစဥ္စားေနလဲဆိုေတာ့ ေနာက္ထပ္ ဒီလိုကမ႓ာစစ္ႀကီး ထပ္မျဖစ္သြား ေအာင္ နည္းလမ္းတစ္ခု ရွာရၾကံရမယ္ဆိုၿပီးေတာ့ အျပန္အလွန္ ဒီလိုစစ္မျဖစ္လာေအာင္ ထိန္းေၾကာင္းႏိုင္မယ့္ စနစ္တစ္ခု တည္ေဆာက္ရမယ္ဆိုၿပီးေတာ့ သူတို႔ စဥ္စားတယ္။ အဲဒီေတာ့ ကမ႓ာကုလသမဂၢဆိုတဲ့ အဖြဲ႔အစည္း ကို ဗဟိုျပဳတဲ့ ႏိုင္ငံတကာဆက္ဆံေရးစနစ္ဟာ ေပၚေပၚက္လာတယ္။ အဲဒီေတာ့ ကမ႓ာကုလသမဂၢဆိုတဲ့အဖြဲ႔ အစည္းကိုဗဟိုျပဳတဲ့ ႏိုင္ငံတကာဆတ္ဆံေရးစနစ္ဟာ ဘာလဲဆိုေတာ့ သူရဲ႕အေျခခံကဘာလဲဆိုေတာ့ ႏိုင္ငံ တစ္ႏိုင္ငံနဲ႔တစ္ႏိုင္ငံကို ဝင္ေရာက္စြက္ဖက္က်ဴးေက်ာ္တိုက္ခိုက္လို႔မရေအာင္(သို႔) အတတ္ႏိုင္ဆံုးေလွ်ာ့ေပါ့ ေအာင္ ထိန္းညွိဖို႔အတြက္ ျဖစ္ေပၚလာတဲ့စနစ္ျဖစ္တယ္။ ဒါေၾကာင့္မို႔လို႔ အေမရိကန္ကလည္း အခုျမန္မာႏိုင္ငံလို ျဖစ္လာတယ္။ အမ်ိဳးမ်ိဳးေျပာတယ္ ဟုတ္တယ္ေနာ္။ ေဝဖန္တယ္။ ဒါေပမယ့္ အေမရိကန္ဘာလုပ္လည္းဆို ေတာ့ ဘာမွလုပ္လို႔မရဘူး။ အေမရိကန္က ေျပာရမယ္ဆိုရင္ စစ္လက္နက္အရ ကမ႓ာမွာအင္အားအႀကီးဆံုးႏိုင္ငံ ျဖစ္တယ္။ ဒါေပမယ့္ ျမန္မာႏိုင္ငံကို သူတိုက္ခ်င္တိုင္း တိုက္လို႔မရဘူး။ ဒီကမ႓ာ့ကုလသမဂၢဆိုတဲ့အဖြဲ႔အစည္းကို ဗဟိုျပဳတဲ့ႏိုင္ငံတကာဆက္ဆံေရးစနစ္က အတတ္ႏိုင္ဆံုး ထိန္းေၾကာင္းထားတယ္။ အဲဒီေတာ့ ႏိုင္ငံတကာစနစ္ ဆိုတာ ႏိုင္ငံႀကီးတစ္ႏိုင္ငံက ေနာက္ႏိုင္ငံအေသးေလးတစ္ခုကို ဝင္ေရာက္စြက္ဖက္က်ဴးေက်ာ္တိုက္ခိုက္လို႔ မရေအာင္ထိန္းတဲ့ ႏိုင္ငံျဖစ္တယ္။ အဲဒီလိုဝင္ေရာက္စြက္ဖက္လို႔ရေအာင္ အားေပးတဲ့စနစ္မဟုတ္ဘူး။ အဲဒါ ေၾကာင့္မို႔လို႔ ဒီ UN ေတြ၊ အာဆီယံေတြ သူတို႔ျပဳမူေဆာင္ရြက္တဲ့အခ်ိန္မွာ တျဖည္းျဖည္းခ်င္းသြားရတာေပါ့ေနာ္။ အလြန္အကြ်ံ တိုက္မယ္ခိုက္မယ္ R2P ေတြ ဝင္မယ္ဆိုကတည္းက ျဖစ္မလာတာကို ကြ်န္ေတာ္တို႔က ျပန္ၿပီး နားလည္သင့္တာေပါ့။ ကြ်န္ေတာ္ေျပာသလိုပဲ လူႏွစ္ေယာက္ဆက္ဆံေရးကေတာ့ ရွင္းတယ္။ မႀကိဳက္ရင္ ဆရာ့မ်က္ႏွာ ဝင္ထိုးလိုက္မွာပဲေလ။ ကြ်န္ေတာ့္ဆံုးျဖတ္ခ်က္နဲ႔ကြ်န္ေတာ္လုပ္လို႔ရတယ္။ ဒါေပမယ့္ အေမရိကန္ ဟာ ျမန္မာျပည္ကိုမေက်နပ္လို႔ ခ်က္ခ်င္းဝင္တိုက္မယ္ဆို တိုက္လို႔မရဘူး။ တ႐ုတ္ကလည္း အတူတူပဲ။ တ႐ုတ္ က ျမန္မာျပည္အေပၚ ၾသဇာရွိတယ္လို႔သာေျပာတာ တရုတ္ႏိုင္ငံ ဘယ္ႏိုင္ငံကိုမေက်နပ္လို႔ဆိုၿပီး ငါဝင္တိုက္ လိုက္မယ္ဆိုတာမ်ိဳး လုပ္လို႔မရဘူးဗ်ာ။ ဘယ္သူမွလုပ္လို႔မရဘူး။ လြယ္လြယ္ေလးနဲ႔ ဘယ္သူမွလုပ္လို႔မရဘူး။ အဲဒါေလးကို ကြ်န္ေတာ္နည္းနည္းေလး ရွင္းျပခ်င္ပါတယ္ဗ်။
ေမး ။ ။ ျမန္မာေတြရင္ထဲမွာရွိေနတဲ့ အသိတရားတစ္ခုရွိတယ္ဗ်။ တ႐ုတ္ဟာ ျမန္မာတိုင္းရင္းသား လက္နက္ ကိုင္ေတြေပါ့။ တရုတ္ႏိုင္ငံက သူရဲ႕နယ္စပ္ျခံစည္း႐ိုးတစ္ေလွ်ာက္မွာရွိတဲ့ တိုင္းရင္းသားလက္နက္ကိုင္ေတြ အေပၚမွာ ၾသဇာေညာင္းတယ္။ ဒီလိုၾသဇာေညာင္းရတာကလည္း တ႐ုတ္က ေငြေပးတယ္(သို႔မဟုတ္) လက္နက္ေပးတယ္။ တစ္ခုခုနဲ႔ေထာက္ပံ့ထားလို႔ နည္းလမ္းတစ္ခုခုနဲ႔ေထာက္ပံ့ထားလို႔ ဒီလက္နက္ကိုင္ေတြက အင္အားႀကီးလာတာ ဒါေၾကာင့္လည္း ၾသဇာေညာင္းတယ္လို႔ေျပာၾကတယ္။ အဲဒီေတာ့ ဒီလက္နက္ကိုင္ေတြ အေပၚမွ တ႐ုတ္က ၾသဇာေညာင္းတယ္ဆိုတာ ဘာေၾကာင့္လို႔ထင္လဲ။
ေျဖ ။ ။ ဒါကေတာ့ အမ်ိဳးမ်ိဳးရွိတယ္။ အဲဒီလို ၾသဇာေညာင္းတယ္လို႔ေျပာတဲ့အခ်ိန္မွာ တကယ္ ၾသဇာေညာင္း လား/ မေညာင္းလား ဆိုတာ ကြ်န္ေတာ္တို႔ျပန္ၾကည့္ရမယ္။ တကယ္ ၾသဇာေညာင္းလားေပါ့။ အဲဒီေတာ့ ဥပမာ - ကြ်န္ေတာ္တို႔ ကိုးကန္႔ပဲထားလိုက္ပါေတာ့။ ကြ်န္ေတာ္တို႔ ပြင့္ပြင့္လင္းလင္းေျပာရရင္ေတာ့ ကိုးကန္႔ ေပါ့ဗ်ာ။ ဘာေၾကာင့္အဆက္အသြယ္ရွိလည္းဆိုေတာ့ ကြ်န္ေတာ္တို႔ျငင္းလို႔မရတာက ကိုကန္႔လူမ်ိဳးဆိုတာကလည္း တ႐ုတ္လူမ်ိဳးပါပဲေနာ္။ အဲဒီေတာ့ သူတို႔ယဥ္ေက်းမႈအရ ဆက္ႏြယ္မႈရွိေနတယ္။ ဒါဘယ္လိုမွ ျငင္းပယ္လို႔မရဘူး။ နယ္နိမိတ္အရလည္း နီးစပ္ေနတယ္။ ဒါလည္း ျငင္းလို႔မရဘူး။ အဲဒီလိုျဖစ္တဲ့အခ်ိန္မွာ သူတို႔လက္ေတြ႕မွာ လက္နက္ေထာက္ပံ့လား၊ ေငြေၾကးေထာက္ပံ့လားဆိုတာကိုေတာ့ ကြ်န္ေတာ္မသိဘူး။ ကြ်န္ေတာ္က အျပင္ လူတစ္ေယာက္ဆိုေတာ့ ဒါေတြကိုမသိဘူး။ ဒါေပမယ့္ ကြ်န္ေတာ္ေျပာႏိုင္တာက ဟုတ္ပါတယ္။ ယဥ္ေက်းမႈေတြ အရ၊ လူမ်ိဳးအရကေတာ့ နီးစပ္မႈရွိတဲ့အတြက္ နယ္နိမိတ္အရလည္း ကပ္လ်က္ျဖစ္ေနတဲ့အတြက္ အဲဒီလို ဆက္ဆံေရးတခ်ိဳ႕ရွိလိမ့္မယ္ေနာ္။ ေနာက္တစ္ခုက ဘာလဲဆိုေတာ့ ကိုးကန္႔အေရးဟာ ျမန္မာအေရးျဖစ္ေပမယ့္ တခ်ိန္တည္းမွာပဲ သူဟာ တ႐ုတ္-ျမန္မာအေရးျဖစ္ေနတယ္။ ဘာေၾကာင့္ တ႐ုတ္-ျမန္မာအေရးျဖစ္ေနလည္း ဆို ေတာ့ ကိုးကန္႔ဟာ နယ္စပ္ေဒသျဖစ္တဲ့အတြက္ ကိုးကန္႔ေဒသမွာ မတည္မၿငိမ္မႈေတြျဖစ္လာတဲ့အခ်ိန္မွာ တ႐ုတ္ ႏိုင္ငံရဲ႕လံုျခံဳေရးကိုလည္းသူက ထိခိုက္ႏိုင္ကိန္းရွိတယ္။ ဒါေၾကာင့္မို႔လို႔ တ႐ုတ္ႏိုင္ငံကလည္း ဒီကိုးကန္႔အေရးကို ပိုဂ႐ုျပဳဖို႔လိုတာေပါ့ေနာ္။ ဒါကေတာ့ တစ္ပိုင္းေပါ့။ ဒါေပမယ့္ ကြ်န္ေတာ္တို႔ ဒါကိုေျပာတဲ့အခ်ိန္မွာ ဒီလက္နက္ ကိုင္အဖြဲ႕တစ္ဖြဲ႕နဲ႔ တ႐ုတ္ႏိုင္ငံတစ္ခုကိုပဲၾကည့္လို႔ မရတာက ဘာလဲဆိုေတာ့ ျမန္မာႏိုင္ငံရဲ႕တိုင္းရင္းသား အေရးက အင္မတန္မွကို ရႈပ္ေထြးပါတယ္။ သမိုင္းလည္း ရွည္ၾကာၿပီျဖစ္တဲ့အတြက္ ဘက္ေပါင္းစံု ပါဝင္ေနပါ တယ္။ ကြ်န္ေတာ္ေနာက္တစ္ခါ ထပ္ေျပာပါမယ္။ ဘက္ေပါင္းစံုကို ပါဝင္ေနပါတယ္ခင္ဗ်။ ဆိုလိုတာက ဥပမာ - KIA တို႔၊ KNU တို႔၊ ကြ်န္ေတာ္တို႔ေျပာတဲ့အခ်ိန္မွာ အဲဒါဘယ္သူေတြပါမလဲ။ တ႐ုတ္ပဲလား (သို႔မဟုတ္) အေမရိကန္ပါလား။ ထိုင္းနယ္စပ္နဲ႔ကပ္ေနေတာ့ ထိုင္းနဲ႔ပါဆက္ႏြယ္မႈ ရွိေနမလားေပါ့။ အဲဒါေတြလည္း ကြ်န္ေတာ္တို႔ေတြ ျပန္စဥ္းစားရမယ္။ အာလံုးကေတာ့ အခြင့္အေရးကိုယ္စီရွိၾကတာေပါ့။ ဒါေပမယ့္ တကယ္ ၾသဇာေညာင္းလားဆိုေတာ့ ကြ်န္ေတာ္ၾကားဖူးပါတယ္။ တ႐ုတ္ကမိတ္ေဆြအခ်ိဳ႕ကလည္း ေျပာဖူးတယ္။ သူတို႔ ေျပာတာက ဘာလဲဆိုေတာ့ ကြ်န္ေတာ္တို႔ကိုၾသဇာေညာင္းတယ္လို႔သာေျပာတယ္။ ဒါေပမယ့္ တကယ္လက္ ေတြ႕မွာေတာ့ ဒီလက္နက္ကိုင္တပ္ဖြဲ႕ေတြက သူတို႔လုပ္ခ်င္တာလုပ္တာပဲလို႔ ေျပာတယ္။ သူတို႔လုပ္ခ်င္တဲ့ ကိစၥ ေတြကိုလည္း တ႐ုတ္ကို ႀကိဳေျပာေလ့မရွိဘူး။ တ႐ုတ္ဆီမွာလည္း ခြင့္ေတာင္းဖို႔မရွိဘူး။ ဥပမာအားျဖင့္ ကြ်န္ေတာ္မွတ္မိသေလာက္ ေျပာျပပါမယ္။ ကိုးကန္႔က ဘယ္ႏွစ္ခုႏွစ္ကေန စၿပီး ျပန္တိုက္တာလဲဆိုေတာ့ ၂ဝ၁၅ ခုႏွစ္မွာ ႐ုတ္တရက္ျပန္ထြက္လာၿပီးေတာ့ တိုက္တယ္။ ဒါကိုလည္း တ႐ုတ္က မသိဘူးဗ်။ သူ႔ဟာသူတိုက္တာဗ်။ မူဆယ္(၁ဝ၅) မိုင္မွာ လြန္ခဲ့တဲ့(၂)ႏွစ္ေလာက္က ကိုးကန္႔၊ TNLA ၊ ေျမာက္ပိုင္းမဟာမိတ္ဟာ တ႐ုတ္-ျမန္မာ ကုန္သြယ္ေရးလမ္းေၾကာင္းမွာရွိတဲ့ (၁ဝ၅) ကုန္သြယ္ေရးစခန္းကို ဝင္တိုက္သြားတယ္။ အဲဒီလိုဝင္တိုက္ျခင္း အားျဖင့္ တ႐ုတ္ကိုလည္း ထိခိုက္တယ္။ ဘာလို႔ဆို ကုန္သြယ္ေရးထိခိုက္ေတာ့ ကြ်န္ေတာ္တို႔ တစ္ခုမွတ္မိရမွာ က ကုန္သြယ္ေရးလုပ္ငန္းဆိုတာ တစ္ဖက္တည္းရဲ႕ကိစၥၼဟုတ္ဘူး။ ႏွစ္ဖက္ကိစၥျဖစ္တယ္။ အဲဒီလို(၁ဝ၅) မိုင္မွာ အေႏွာင့္ယွက္ျဖစ္သြားေတာ့ တ႐ုတ္ဘက္ကလည္း ထိခိုက္နစ္နာမႈေတြရွိတယ္။ ဒါမ်ိဳးေတြေပါ့ေနာ္။ အဲဒါေတြက အရမ္းေျပာရခက္တဲ့ကိစၥေတြျဖစ္ပါတယ္။ ၿပီးေတာ့ ပိုဆိုးတာက ကြ်န္ေတာ္တို႔အင္မတန္ရႈပ္ေထြးတဲ့ ျပႆနာ ေတြကိုေဆြးေႏြးတဲ့အခ်ိန္မွာ ဒီအေၾကာင္းေတြ၊ အခ်က္အလက္ေတြကို ပိုၿပီးေတာ့ အေျခခံသင့္တယ္။ ပကတိ အေျခအေနကို ကြ်န္ေတာ္တို႔အေျခခံသင့္တယ္။ တစ္ခါတေလက်ရင္ ကြ်န္ေတာ္တို႔က ျမန္မာႏိုင္ငံမွာက ျမန္မာျပည္သူေတာ္ေတာ္မ်ားမ်ားက ခံစားခ်က္ကိုလိုက္ၿပီး ေျပာင္းလဲၿပီးေတာ့ ေျပာေနၾကတယ္။ တခ်ိဳ႕က ကိုးကန္႔ကို ေသာင္းက်န္းသူ၊ သူပုန္၊ ျမန္မာႏိုင္ငံကိုဆန္႔က်င္တဲ့သူပုန္အဖြဲ႔လို႔ ခံယူၾကတယ္။ ဒါေပမယ့္ အခုက ေတာ့ ဒီစစ္အာဏာသိမ္းၿပီးေတာ့ စစ္အာဏာသိမ္းမႈကို လက္မခံတဲ့ျပည္သူလူထုက ႐ုတ္တရက္ ဘက္ေျပာင္း သြားတယ္။ ကိုးကန္႔က သူတို႔ရဲ႕တိုင္းရင္းသားေခါင္းေတြျဖစ္သြားတယ္။ အဲဒီေတာ့ ခံစားခ်က္ကိုလိုက္ၿပီးေတာ့ ေျပာင္းသြားတာေပါ့ေနာ္။ တကယ္လို႔သာ အဲဒီလို အေျခအေနေတြ မရွိဘဲ ပကတိအေျခအေန၊ အခ်က္အလက္ ေတြကို အေျခခံၿပီးေတာ့ ကြ်န္ေတာ္တို႔ ဒီျပႆနာေတြကို ေခါင္းေအးေအးနဲ႔ ျပန္စဥ္းစားရလိမ့္မယ္လို႔ ထင္တယ္။
ေမး ။ ။ ေနာက္တစ္ခုက တ႐ုတ္နဲ႔ျမန္မာက ျခံစည္း႐ိုးကပ္တဲ့ႏိုင္ငံေတြျဖစ္တယ္။ ေနာက္တစ္ခါ ျမန္မာေတြ ေတာ္ေတာ္မ်ားမ်ား ခံယူေနတဲ့အခ်က္က ကမ႓ာ့ေရးရာမွာ ကြ်န္ေတာ္တို႔ႏိုင္ငံဟာ မဟာဗ်ဴဟာက်တဲ့ေနရာမွာ ရွိ တယ္။ ၿပီးေတာ့ သမုဒၵရာပင္လယ္ေရေၾကာင္းမွာလည္း တကယ့္ကို အေရးႀကီးတဲ့ပြိဳင့္ေနရာျဖစ္ေနတယ္ ဆို ေတာ့ အေမရိကန္ကလည္း စိတ္ဝင္စားတယ္။ တ႐ုတ္ကလည္း စိတ္ဝင္စားတယ္။ အိႏိၵယကလည္း စိတ္ဝင္စား တယ္။ အိမ္နီးခ်င္းႏိုင္ငံအကုန္လံုးကလည္း စိတ္ဝင္းစားတယ္။ အဲဒီေတာ့ ကြ်န္ေတာ္တို႔ႏိုင္ငံဟာ လံုးဝ မဟာဗ်ဴ ဟာက်တဲ့ေနရာျဖစ္တဲ့အတြက္ အေရးပါတဲ့ေနရာမွာရွိတဲ့အတြက္ အရာကိုေပးရလိမ့္မယ္လို႔ ျမန္မာေတြက အဲဒီလိုကို ယံုၾကည္ေနတယ္။ ေခာတ္အဆက္ဆက္ေခါင္းေဆာင္ေတြကလည္း အဲဒီလိုေတြးခဲ့တာမ်ားတယ္။ အဲဒီအေတြးအတိုင္း ေတြးလို႔ရပါသလား။ ဆရာ့အေနနဲ႔ ဘယ္လိုျမင္ပါသလဲ။
ေျဖ ။ ။ ဒီအေတြးက ဘယ္လိုေျပာရမလဲဆိုေတာ့ အထိုက္အေလ်ာက္မွန္ကန္တယ္လို႔ ေျပာလို႔ရမယ္။ ျမန္မာ ႏိုင္ငံဟာ ပထဝီအေနအထားအရ အေရးပါတယ္ဆိုတာ အထိုက္အေလ်ာက္မွန္ကန္ပါတယ္။ မွန္ကန္ပါတယ္။ ဒီ အခ်က္က မမွားပါဘူး။ ဘာေၾကာင့္လည္းဆိုေတာ့ တ႐ုတ္ႏိုင္ငံ အေနာက္ေတာင္ပိုင္းကေနတစ္ဆင့္ ပင္လယ္ ထြက္ေပါက္ျဖစ္တယ္။ ဒါလည္းျငင္းလို႔ မရပါဘူး။ ဒါေပမယ့္ ကြ်န္ေတာ္တို႔အတြက္ ပိုအေရးႀကီးတာက ဘာလဲဆို ေတာ့ ဒီအခ်က္အလက္ေတာ့ မွန္ကန္တယ္။ ဒါေပမယ့္ ဒီအခ်က္အလက္အေပၚ ေတြးေခၚတဲ့ပံုစံေတြကေတာ့ မမွန္ပါဘူးလို႔ ကြ်န္ေတာ္ထင္ပါတယ္။ ကြ်န္ေတာ္တို႔ရဲ႕ေတြးေခၚမႈပံုစံကိုေျပာင္းလဲရမယ္။ ကြ်န္ေတာ္တို႔စဥ္စား ေနတာ ဘာလဲဆိုေတာ့ ႏိုင္ငံတကာက ကြ်န္ေတာ္တို႔ကို လိ္ုအပ္ေနတယ္လို႔ပဲထင္တယ္။ ကြ်န္ေတာ္တို႔ဟာ ႏိ္ုင္ငံ တကာအတြက္ အေရးႀကီးေနတယ္ဆိုၿပီးေတာ့ ကိုယ့္ဟာကိုယ္ေပ်ာ္ၿပီးေတာ့ ေစ်းကိုင္ေနတဲ့အေျခအေနျဖစ္ေန တယ္လို႔ ေတြးေခၚေနၾကတယ္။ အဲဒီလိုေတြးေခၚေနမယ္ ့အစားေပါ့ေနာ္။ ကြ်န္ေတာ္အၾကံျပဳခ်င္တာက ဘာလဲ ဆိုေတာ့ ေျပာင္းျပန္ေလးျပန္ေတြးပါ။ ကြ်န္ေတာ္တို႔ ဒီလိုအခ်က္အခ်ာၾကေနတဲ့အတြက္ ဒီလိုအေျခအေနကို အသံုးခ်ၿပီးေတာ့ ကိုယ့္ႏိုင္ငံေကာင္းက်ိဳးအတြက္ ဘယ္လိုပူးေပါင္းေဆာင္ရြက္မႈေတြလုပ္ၿပီးေတာ့ ကိုယ့္ႏိုင္ငံကို ဖြံ႔ၿဖိဳးတိုးတက္လာမလဲ ဆိုတာေလးကို စဥ္းစားသင့္တယ္လို႔ထင္ပါတယ္။ ကြ်န္ေတာ္တို႔က ဒီလိုအခ်က္အခ်ာ က်ေနတဲ့အတြက္ေၾကာင့္မို႔လို႔ “ကဲ… တ႐ုတ္တို႔ ခင္ဗ်ားတို႕က ကြ်န္ေတာ္တို႔မရွိရင္မျဖစ္ဘူး” လို႔ ေျပာေနၾကတာ ပါ။ မွန္ပါတယ္။ တ႐ုတ္ရဲ႕အေနာက္ေတာင္ပိုင္းကေနထြက္ ပင္လယ္ေပါက္တစ္ခုျဖစ္ေနတာမွန္ေပမယ့္ ကြ်န္ေတာ္ေစာေစာက ေျပာသလိုပဲ တ႐ုတ္ရဲ႕အေရွ႕ေတာင္ပိုင္းမွာရွိတဲ့ အမြိဳင္ၿမိဳ႕တစ္ၿမိဳ႕ရဲ႕ကုန္သြယ္မႈက ေတာင္ ျမန္မာတစ္ႏိုင္ငံလံုးထက္ ျမင့္ေနၿပီေလဗ်။ အဲဒီေတာ့ ဒီအေပါက္ရွိရင္ တ႐ုတ္အတြက္ အက်ိဳးျပဳတာ မွန္တယ္။ ဒါေပမယ့္ မရွိေတာ့လည္း တ႐ုတ္အက်ိဳးနည္းတာေပါ့။ ဒါလဲမွန္ပါတယ္။ တ႐ုတ္အတြက္ အက်ိဳးနည္းသြားမယ္။ ဒါေပမယ့္ ျမန္မာျပည္ကေတာ့ တ႐ုတ္ဟာ စီးပြားေရးအရအင္မတန္ႀကီးတဲ့ ႏိုင္ငံ တစ္ႏိုင္ငံျဖစ္တယ္။ တ႐ုတ္-ျမန္မာကုန္သြယ္ေရးကလည္း ျမန္မာက တ႐ုတ္စီးပြားေရးကို အင္မတန္မွီခိုေနရတဲ့ ႏိုင္ငံတစ္ခုျဖစ္ေနတဲ့အတြက္ ဒီလိုကုန္သြယ္ေရးေတြ မလုပ္ဘူးဆိုရင္ ဘယ္သူပိုၿပီးနစ္နာမလဲဆိုေတာ့ ျမန္မာက သာ ပိုနစ္နာမွာပါ။ အဲဒီေတာ့ ျမန္မာဟာ ဒီလိုအခြင့္ေကာင္းကိုယူၿပီး၊ ပိုတက္ႂကြၿပီးေတာ့ ပူးေပါင္းေဆာင္ရြက္မႈ ေတြ၊ ကိုယ္ႏိုင္ငံ ဖြံ႔ၿဖိဳးတိုးတက္မႈေတြကို လုပ္လာတာကိုျမင္ခ်င္တယ္။ ကိုယ့္ကိုယ္ကိုယ္ ေစ်းကိုင္ၿပီးေတာ့ ငါကြ ဆိုၿပီးေတာ့ ေပ်ာ္ေနတာကေတာ့ မျဖစ္သင့္ဘူးလို႔ ကြ်န္ေတာ္ျမင္ပါတယ္ဗ်။
ေမး ။ ။ အဲဒီမွာ တ႐ုတ္-ျမန္မာဆက္ဆံေရးလို႔ေျပာရရင္ ကြ်န္ေတာ္တို႔အားလံုး သတိထားမိလိုက္တဲ့အခ်က္က အေမရိကန္ႏိုင္ငံကို က်ိန္းေသထည့္ေျပာရမယ္။ တ႐ုတ္အတြက္ ျမန္မာက ဘာေၾကာင့္အေရးႀကီးလဲေျပာရင္ အေမရိကန္ေၾကာင့္ဆိုတဲ့ေခါင္းစဥ္ရွိတယ္။ အဲဒီေတာ့ ျမန္မာေၾကာင့္ တ႐ုတ္နဲ႔ အေမရိကန္ခ်တာလား။ တ႐ုတ္ရဲ႕ အေမရိကန္တို႔ ခ်ၾကတဲ့အကြက္ထဲမွာ ျမန္မာက ရွိေနတာလား။ သူတို႔အတြက္ အေရးပါမႈထဲမွာ ရွိေန တာလား။ ဘယ္လိုျမင္မိလဲဗ်။
ေျဖ ။ ။ ဒါကေတာ့ အင္မတန္အေရးႀကီးတဲ့ အခ်က္ေပါ့ေနာ္။ ျမန္မာေၾကာင့္ တ႐ုတ္နဲ႔ အေမရိကန္ ခ်ေနၾကတာ မဟုတ္ဘူး။ တ႐ုတ္နဲ႔ အေမရိကန္ ခ်ေနတာေၾကာင့္ ျမန္မာကို နည္းနည္းဂ႐ုျပဳလာတယ္လို႔ ေျပာလို႔ရတယ္။ အဲဒီလို ဂ႐ုျပဳလာတဲ့အခ်ိန္မွာေတာင္မွ ျမန္မာက ပထမတန္းစားထဲဝင္တဲ့ အေရးႀကီးဆံုးစဥ္းစားရမယ့္ အခ်က္ထဲ မွာ မပါဘူးဆိုတာ ကြ်န္ေတာ္တို႔ျမန္မာေတြ ကိုယ္တိုင္ျမင္ေတြ႕ဖို႔လိုတယ္။ ဥပမာ - ကြ်န္ေတာ္တို႔ တ႐ုတ္ အေၾကာင္းေျပာတဲ့အခ်ိန္မွာ တ႐ုတ္အတြက္ တကယ္အေရးႀကီးတဲ့ ပထဝီႏိုင္ငံေရးျပႆနာေတြက ဘာလဲဆို ေတာ့ ျမန္မာမဟုတ္ဘူးဗ်။ ျမန္မာက ဒုတိယတန္း ဒါမွမဟုတ္ တတိယတန္းေလာက္မွာပဲရွိတယ္။ သူရဲ႕အဆို အရ အေရးႀကီးဆံုးအရာက သူတို႔ရဲ႕ျပည္တြင္းေရးျပႆနာပဲ။ ျပည္တြင္းအခ်ဳပ္အခ်ာအာဏာ တည္တံ့ေရး၊ ဆိုလိုတာက ထိုင္ဝမ္ကြ်န္းျပႆနာေပါ့ေနာ္။ ဒီထိုင္ဝမ္ကြ်န္းျပႆနာကသာလွ်င္ တ႐ုတ္ရဲ႕အေရးႀကီးဆံုးေသာ မဟာပထဝီေျမာက္ ျပႆနာတစ္ခုျဖစ္တယ္။ ဒါက သူတို႔အတြက္ အေရးႀကီးဆံုးပဲ။ ဒီထိုင္ဝမ္အေရးနဲ႔ပတ္သက္ လာရင္ တ႐ုတ္က မည္သည့္ႏိုင္ငံကိုမွ အေလွ်ာ့ေပးမွာမဟုတ္ဘူးဆိုတာ ေသခ်ာတယ္။ ဒါကတစ္ခ်က္ ေနာက္ ဒုတိယတန္းကေတာ့ ထပ္ေျပာမယ္ဆိုရင္ ဂ်ပန္နဲ႔ ေျမာက္ကိုရီးယားေပါ့။ အထူးသျဖင့္ ဂ်ပန္ျဖစ္တယ္။ ဂ်ပန္ကို ကြ်န္ေတာ္တို႔ တ႐ုတ္ရဲ႕ပထဝီႏိုင္ငံေရးအရၾကည့္မယ္ဆိုရင္ ဂ်ပန္က ဒုတိယအေရးႀကီးဆံုးျဖစ္ေနတယ္။ ဘာေၾကာင့္လဲဆိုေတာ့ တစ္ဖက္မွာက ဂ်ပန္ကလည္း အင္မတန္ကို စီးပြားေရးဘက္စံုအင္အားေတာင့္တင္းတဲ့ ႏိုင္ငံတစ္ခုျဖစ္တယ္။ နယ္နမိတ္သာ ေသးတာေပါ့ေနာ္။ ဒါေပမယ့္ ဂ်ပန္ႏိုင္ငံက ဘက္စံုအင္အားႀကီးတဲ့ ႏိ္ုင္ငံ တစ္ခုျဖစ္တယ္။ ေနာက္တစ္ဖက္မွာလည္း ဂ်ပန္နဲ႔ တ႐ုတ္က နယ္နိမိတ္ျပႆနာတစ္ခုရွိတယ္။ ကြ်န္းပိုင္ဆိုင္မႈပဲ ေပါ့ေနာ္။ ၿပီးေတာ့ အေမရိကန္နဲ႔ ဂ်ပန္ရဲ႕ဆက္ဆံေရးေၾကာင့္မို႔လို႔ တ႐ုတ္ကလည္း အေမရိကန္နဲ႔ ၿပိဳင္ဆိုင္မႈေတြ ရွိေနတဲ့အတြက္ေပါ့ေနာ္။ ဆိုလိုတာက တ႐ုတ္အတြက္ ဂ်ပန္ဟာ ပိုၿပီးေတာ့ အမ်ားႀကီးအေရးႀကီးတာေပါ့။ ေျမာက္ကိုရီးယားဆိုတာကလည္း တ႐ုတ္ႏိုင္ငံနဲ႔ နယ္နိမိတ္ခ်င္းထိစပ္ေနတာကတစ္ပိုင္း၊ ေနာက္တစ္ခုက ေျမာက္ကိုရီးယားႏိုင္ငံ ကိုယ္တိုင္ကလည္း အေမရိကန္တို႔နဲ႔ ဆက္ဆံေရးထိပ္တိုက္ေတြ႕ေနတဲ့ ႏိုင္ငံတစ္ခုျဖစ္ တယ္။ ေတာင္ကိုရီးယားနဲ႔လည္း မတည္မၿငိမ္မႈေတြျဖစ္တယ္။ အဆင္မေျပဘူးေပါ့ဗ်ာ။ ၿပီးေတာ့ ေတာင္ကိုရီး ယားကလည္း အေမရိကန္ဘက္ကျဖစ္တယ္။ အဲဒီမွာ ယွဥ္ၾကည့္လိုက္ရင္ ျမန္မာႏိုင္ငံထက္ အဲဒီႏိုင္ငံေတြက တရုတ္အတြက္ ပိုၿပီးေတာ့အေရးႀကီးတယ္။ ေနာက္တတိယအခ်က္က ဘာလဲဆိုေတာ့ အိႏိၵယေပါ့ေနာ္။ အိႏိၵယ ကလည္း တ႐ုတ္အတြက္ ပိုအေရးႀကီးတယ္။ ဘာေၾကာင့္လဲဆိုေတာ့ အိႏိၵယက ႏိုင္ငံပိုႀကီးတယ္။ အင္အား ပိုႀကီးတယ္။ ၿပီးေတာ့ တ႐ုတ္နဲ႔လည္း နယ္နိမိတ္ျပႆနာရွိေနတယ္။ ၿပီးေတာ့ ျမန္မာနဲ႔ယွဥ္ရင္ အိႏိၵယနဲ႔ အေမရိကန္နဲ႔ဆက္ဆံေရးက ပိုေကာင္းတယ္။ ပိုၿပီးေတာ့ နီးစပ္တဲ့ႏိုင္ငံတစ္ခုျဖစ္တယ္။ အဲဒါေၾကာင့္မို႔လို႔ တ႐ုတ္ရဲ႕ပထဝီမဟာရႈ႕ေထာင့္ကၾကည့္မယ္ဆိုရင္ အေရးႀကီးဆံုးအေနဲ႔ နံပါတ္(၁) ျပႆနာက ထိုင္ဝမ္ကြ်န္း ျပႆနာပဲ။ နံပါတ္(၂) က ဂ်ပန္၊ နံပါတ္(၃) က ေျမာက္ကိုရီးယား၊ နံပါတ္(၄) က အိႏိၵယ ၿပီးေတာ့ ေနာက္တစ္ခုရွိ ေသးတာက ဗီယက္နမ္နဲ႔လည္း ကြ်န္းျပႆနာရွိေနေသးတယ္။ အဲဒီေတာ့ ျမန္မာႏိုင္ငံကို နံပါတ္(၆) ေနရာမွာ ထားလို႔ ရပါတယ္။ အဲဒီေတာ့ တ႐ုတ္ရႈ႕ေထာင့္ကေနေျပာမယ္ဆိုရင္ ပထဝီမဟာဗ်ဴဟာေျမာက္ၿပိဳင္ဆိုင္မႈမွာ ျမန္မာႏိုင္ငံကို သူရဲ႕နံပါတ္(၆) ေနရာမွာ ထားထားပါတယ္။ ဒါေပမယ့္ ျမန္မာႏိုင္ငံအေနနဲ႔ကေတာ့ တရုတ္က နံပါတ္(၁) ေပါ့။ ဒီလိုအေျခအေနေအာက္မွာ ကြ်န္ေတာ္တို႔က ေစ်းကိုင္ေနတာမ်ဳိး မဟုတ္ဘဲနဲ႔ အခြင့္ေကာင္း ယူ ရမွာျဖစ္တယ္။ အဲဒီလိုေျပာင္းလဲၿပီးေတာ့ နားလည္ဖို႔လိုအပ္လာၿပီလို႔ ကြ်န္ေတာ္ ယူဆတယ္ဗ်။
ေမး ။ ။ ျမန္မာျပည္ရဲ႕ကိစၥက ကြ်န္ေတာ္တို႔ျမန္မာဘက္က သံုးသပ္သူေတြရဲ႕ျမင္တဲ့အျမင္အရ တ႐ုတ္ဟာ သူရဲ႕ေနာက္ေဖးေပါက္မွာ ဒီမိုကေရစီရွင္သန္ႀကီးထြားသြားမွာ အရမ္းေၾကာက္တယ္။ အေမရိကန္ရဲ႕ အရိပ္ အေငြ႕ေတြလႊမ္းမိုးသြားမွာ အရမ္းေၾကာက္တယ္။ ဒါေၾကာင့္ တရုတ္က ျမန္မာမွာ အေမရိကန္ ရဲ႕အရိပ္အေငြ႕ ေတြ မလႊမ္းမိုးလာေအာင္ တ႐ုတ္ကလည္း တတ္ႏိုင္သမွ်ထိန္းေနတဲ့သေဘာမ်ိဳးေတြ႕ရတယ္။ ျမန္မာမွာ လာၿပီး အားၿပိဳင္ေနတယ္ဆိုတဲ့သေဘာမ်ိဳး ဝိုင္းၿပီးေတာ့ သံုးသပ္ၾကတာေတြ႕ရတယ္။ ဒီသံုးသပ္ခ်က္ေတြကိုေရာ ဆရာ ဘယ္ရႈ႕ေထာင့္က ေျပာခ်င္လဲဗ်။
ေျဖ ။ ။ ဒါကေတာ့ တကယ္ေျပာမယ္ဆိုရင္ ႏိုင္ငံေရး(Idealogy) ရဲ႕ၿပိဳင္ဆိုင္မႈျဖစ္သြားၿပီ။ ဒါကေတာ့ မျဖစ္ႏိုင္ ဘူးလား ဆိုရင္ေတာ့ သီအိုရီသေဘာအရဆိုရင္ေတာ့ ဟုတ္သလိုလိုပဲ။ ဒါေပမယ့္ ကြ်န္ေတာ္တို႔လက္ေတြ႕ကို ျပန္ၾကည့္ၾကရေအာင္ပါ။ အခုလို ျမန္မာႏိုင္ငံမွာ အာဏာသိမ္းမႈေတြ၊ တိုက္ခိုက္မႈေတြ ေနရာတကာျဖစ္ေနတယ္။ တိုင္းရင္သားလက္နက္ကိုင္ေတြနဲ႔ ဗဟိုနဲ႔ စစ္မက္ေတြျဖစ္ပြားေနတယ္။ ဒီလိုႏိုင္ငံတစ္ႏိုင္ငံဟာ တ႐ုတ္ႏိ္ုင္ငံ အတြက္ တကယ္အက်ိဳးျပဳလားဆိုတာေပါ့ေနာ္။ ဥပမာ- ကြ်န္ေတာ္နဲ႔ ဆရာနဲ႔က အိမ္နီးခ်င္လို႔ ထားလိုက္ပါ။ အကယ္၍ ကြ်န္ေတာ္က ဆရာနဲ႔ယဥ္ေက်းမႈ၊ ဘာသာေရး၊ ေနပံုထိုင္ပံု အာလံုးတစ္ပံုစံတည္းျဖစ္ေနတာက ေကာင္းေပမယ့္ ကြ်န္ေတာ္ ဆရာ့ကိုေတာင္းဆိုလို႔မရဘူး။ ကြ်န္ေတာ္က ျမန္မာႏိုင္ငံသား တ႐ုတ္လူမ်ိဳးျဖစ္ တယ္။ ကြ်န္ေတာ္အိမ္မွာဆိုရင္ တ႐ုတ္အစားအစား စားတယ္။ အဲဒီေတာ့ ကြ်န္ေတာ္ ဆရာ့ကို တ႐ုတ္အစား အစာပဲစားရမယ္လို႔ ေတာင္းဆိုလို႔ရလား။ မရဘူးဗ်။ ဆရာကေတာ့ ဗမာစာပဲ စားမွာပဲ။ ဒါကို ကြ်န္ေတာ္ ေတာင္းဆိုလို႔မရဘူး။ အဲဒီေတာ့ အေကာင္းဆံုးကဘာလဲဆိုရင္ ကြ်န္ေတာ္တို႔လက္ခံရမွာက တစ္ပံုစံတည္းျဖစ္ရ မယ္ဆိုတဲ့အရာမဟုတ္ဘဲနဲ႔ မတူညီတဲ့ပံုစံနဲ႔ ၿငိမ္းခ်မ္းစြာအတူယွဥ္တြဲေနထိုင္ရမယ္ဆိုတဲ့ အျမင္ေပါ့။ ကြ်န္ေတာ္ ထင္တာ တ႐ုတ္မွာဒီလိုအျမင္ရွိတယ္လို႔ ထင္တယ္ဗ်။ တရုတ္မွာအိမ္ခ်င္းႏိုင္ငံ(၁၅) ႏိုင္ငံရွိတယ္။ ကြ်န္ေတာ္တို႔ အဲဒီ(၁၅) ႏိ္ုင္ငံကိုၾကည့္လိုက္ရင္ ဘယ္ႏိုင္ငံကမွ စနစ္တူတာမဟုတ္ဘူး။ (၁၅) ႏိုင္ငံကို တရုတ္ႏိုင္ငံလို စနစ္ ျဖစ္ဖို႔ သူရည္ရြယ္မယ္၊ ႀကိဳးစားမယ္လို႔ထင္လား။ အရင္တုန္းကေတာ့ ရွိခဲ့ဖူးတယ္။ ဒါေပမယ့္ အခုကေတာ့ တ႐ုတ္က ဒီလမ္းစဥ္ကို လံုးဝစြန္႔လႊတ္လိုက္ပါၿပီ။ သူတို႔ေရြးခ်ယ္တဲ့လမ္းစဥ္ကေတာ့ မတူမႈေအာက္မွာ ၿငိမ္းခ်မ္း စြာ အတူယွဥ္တြဲေနထိုင္ရမယ္ဆိုတဲ့မူကို ယူထားပါတယ္။ အဲဒီေတာ့ ကြ်န္ေတာ္တို႔ေစာေစာကေျပာသလိုပဲ ဆရာ နဲ႔ကေတာ့ စားပံု၊ ေသာက္ပံု၊ ေနပံု၊ ထိုင္ပံုလည္း မတူဘူး။ အဲဒါဆိုရင္ ကြ်န္ေတာ္က ဆရာ့အိမ္တြင္းမွာ မိသားစု ေတြျပႆနာျဖစ္ေအာင္ ေျမာက္ေပးေနမယ္ေပါ့။ ဥပမာဗ်ာ- ဆရာ့အိမ္တြင္းမွာ ဆရာမိသားစုေတြ ေန႔တိုင္း အိမ္ မွာ ရန္ျဖစ္ေပါက္ကြဲေနရင္ ကြ်န္ေတာ္ေဘးမွာေနတဲ့သူတစ္ေယာက္အေနနဲ႔ စိတ္ခ်မ္းသာလားေပါ့ေနာ္။ အဲဒါကို ပဲ စဥ္းစားၾကည့္လိုက္ပါ။ ေနာက္တစ္ခါ ကြ်န္ေတာ္ ညအိပ္ခါးနီးအခ်ိန္မွာ ဆရာတို႔အိ္မ္မွာ ရန္ေတြျဖစ္ေနၾက တယ္။ အိုးေတြ၊ ပန္းကန္ေတြ ခြဲ႐ိုက္ေနၾကတယ္။ ကြ်န္ေတာ္အိပ္လို႔ ရပါ့မလား။ အဲဒီလိုနည္းလမ္းနဲ႔ ျပန္စဥ္းစား ၾကည့္လိုက္ပါ။ အဲဒီေတာ့ ဒီကိစၥေတြကၾကည့္မယ္ဆိုရင္ တ႐ုတ္က ဒီလို လိုလားေနတာလို႔ ေျပာမယ့္အစားေပါ့ ေနာ္ အေမရိကန္က ဒီလိုပိုၿပီးေတာ့ လိုလားတယ္လို႔ ေျပာလို႔ရမယ္။ ဘာေၾကာင့္လဲဆိုေတာ့ အေမရိကန္နဲ႔ ျမန္မာနဲ႔က အရမ္းေဝးေနတယ္။ သူ႔အတြက္ကေတာ့ ျမန္မာဟာ ဘာျဖစ္ျဖစ္သိပ္ျပႆနာမရွိဘူး။ သူ႔ဘက္က ေတာ့ ျမန္မာဟာ အကယ္၍အေမရိကန္လိုျဖစ္လာမယ္ဆိုရင္ တ႐ုတ္ကိုဖိအားေပးႏိုင္မယ္လို႔ေတာ့ ယူဆ ေကာင္းယူဆႏိုင္တယ္။
ေမး ။ ။ အဲဒီေတာ့ ဆိုလိုတာက ကြ်န္ေတာ္တို႔ျမန္မာႏိုင္ငံမွာ တည္တည္ၿငိမ္ၿငိမ္ျဖစ္ေနတာကို အေမရိကန္နဲ႔ တ႐ုတ္မွာ ဘယ္သူက ပိုလိုခ်င္လဲေမးရင္ တ႐ုတ္ကပိုလိုခ်င္တယ္။ အေမရိကန္က သိပ္လိုခ်င္ပံုမေပါက္ဘူး။ ဘာလို႔လဲဆိုေတာ့ ျမန္မာမွာ မတည္ၿငိမ္မႈေတြျဖစ္ေနမွ တ႐ုတ္က အိပ္မရျဖစ္မယ္။ အဲဒီလို မ်ဳိး ေျပာခ်င္တာလား ဗ်။
ေျဖ ။ ။ ဒီလိုလည္း ေျပာလို႔မရပါဘူး။ အေမရိကန္က ျမန္မာႏိ္ုင္ငံမွာ ရႈပ္ေထြးမႈေတြကို ျမင္ခ်င္တယ္လို႔လည္း ေျပာလို႔ မရဘူးဗ်။ အေမရိကန္ကလည္း ကြ်န္ေတာ္တို႔ကိုျမန္မာႏိုင္ငံကို ေကာင္းစားေစခ်င္ပါတယ္။ အကုန္လံုး ကေတာ့ အေကာင္းျမင္ပါတယ္။ ကြ်န္ေတာ္ေျပာဖူးပါတယ္။ ႏိ္ုင္ငံေရးက ညစ္ပတ္တယ္လို႔ ကြ်န္ေတာ္ေျပာခဲ့ဖူးပါ တယ္။ အဲဒီေတာ့ ႏိုင္ငံေရးက ညစ္ပတ္တယ္ဆိုေပမယ့္လည္း ႏိ္ုင္ငံေရးလုပ္တဲ့လူတိုင္းကေတာ့ မညစ္ပတ္ဘူး ဗ်။ ကြ်န္ေတာ္တို႔ ဘယ္ေလာက္ညစ္ပတ္တာပဲျဖစ္ျဖစ္ ဘာကိုယံုၾကည္ရမလဲဆိုေတာ့ လူေတြကေလ ေကာင္းမြန္ တဲ့ စိတ္ဆႏၵႏွလံုးသားေတြ လူတိုင္းပိုင္ဆိုင္ၾကတယ္ဆိုတာ ႏိုင္ငံေရးလုပ္လုပ္၊ စီးပြားေရးလုပ္လုပ္ အဲဒီလိုလူ ေတြလည္း ရွိတယ္လို႔ ကြ်န္ေတာ္တို႔ယံုၾကည္ထားသင့္တယ္။ ဆိုလိုတာက အေမရိကန္ကလည္း တ႐ုတ္နဲ႔ အၿပိဳင္အဆိုင္ရွိေနတာ မွန္ပါတယ္။ ျမန္မာႏိုင္ငံမွာ အေမရိကန္လိုခ်င္တဲ့ ႏိုင္ငံေရးစနစ္မ်ိဳးပိုင္ဆိုင္ၿပီးေတာ့ သူ႔ရဲ႕ဘက္ေတာ္သားျဖစ္သြားၿပီး တ႐ုတ္ကိုဆန္႔က်င္ဖို႔ သူတို႔အေနနဲ႔လိုလားေကာင္းလိုလားႏိုင္ပါတယ္။ ဒါေပ မယ့္ အဲဒီလို လိုလားမႈအတြက္ေၾကာင့္နဲ႔ေတာ့ ျမန္မာႏိုင္ငံ ျပည္တြင္းမွာ ရႈပ္ေလေကာင္းေလဆိုၿပီးေတာ့ သူ႔ႏိုင္ငံ အတြက္ပဲ သူအဲဒီလိုစဥ္းစားမယ္လို႔ေတာ့ မထင္ဘူးဗ်။ ဘယ္လိုပဲျဖစ္ျဖစ္ ကြ်န္ေတာ္တို႔လူေတြက အေကာင္းျမင္ တဲ့ စိတ္ေလးေတာ့ရွိရမွာေပါ့။ ကြ်န္ေတာ္တို႔ကိုယ္တိုင္က တ႐ုတ္ႏိုင္ငံထက္ ျမန္မာႏိုင္ငံကို ဒုကၡေပးမယ္ဆိုၿပီး ေတာ့ အဲဒီလိုမေတြးသင့္သလို အေမရိကန္ကလည္း ျမန္မာႏိ္ုင္ငံကို ဒုကၡေပးမယ္လို႔ မေတြးသင့္ဘူး။ ကြ်န္ေတာ္ ထပ္ေျပာရမယ္ဆိုရင္ ႏိုင္ငံတကာဆက္ဆံေရးကေနၿပီးေတာ့ ကြ်န္ေတာ္တို႔ ျမန္မာျပည္တြင္းေရး ေျပာမယ္ဆိုရင္ လည္း အဲဒီလိုပါပဲ။ အခုျမန္မာျပည္တြင္းမွာျဖစ္ေနတဲ့ စစ္တပ္နဲ႔ NLD ျပႆနာကိုပဲၾကည့္ေပါ့ေနာ္။ NLD က လည္းေျပာတယ္ စစ္တပ္က ဒီတိုင္းျပည္ကို ဖ်က္ဖို႔ပဲ။ စစ္တပ္ကလည္း NLD က တိုင္းျပည္ကို ဒုကၡေပးဖို႔ အတြက္ ဆိုတာမ်ဳိးေပါ့ေနာ္။ သူတို႔အခ်င္းခ်င္း ဒီလိုမစဥ္းစားသင့္ဘူး။ တကယ္ေတာ့ အျမင္နဲ႔ရပ္တည္မႈခ်င္းသာ မတူၾက တာ။ ႏွစ္ဖက္စလံုးကေတာ့ တိုင္းျပည္ေကာင္းစားေရးကိုလိုလားၾကတဲ့သူေတြခ်ည္းပါပဲ။ ဒါေပမယ့္ လမ္းစဥ္မတူ တာေပါ့ေနာ္။ ခံယူခ်က္ေတြ မတူၾကဘူး။ လုပ္နည္းလုပ္ဟန္ေတြ မတူၾကတာလို႔ပဲ ကြ်န္ေတာ္ ယူဆပါတယ္။
ေမး ။ ။ ကြ်န္ေတာ္တို႔ျမန္မာႏိုင္ငံအေပၚမွာ အေမရိကန္ကထားတဲ့စိတ္ထားနဲ႔ တ႐ုတ္ကထားတဲ့စိတ္ထား ေနာက္တစ္ခါ ျမန္မာျပည္သူေတြက အေမရိကန္ကိုျမင္တဲ့အျမင္နဲ႔ တ႐ုတ္ကိုျမင္တဲ့အျမင္ ေတာ္ေတာ္ေလး ကြဲျပားေနတာကိုေတြ႕ရတယ္။ ဘယ္သူက သူေတာ္ေကာင္းတယ္လို႔ေျပာၿပီးေတာ့ ဘယ္သူက နည္းနည္းေလး မေကာင္းဘူလို႔ ေျပာလို႔ရလဲဗ်။
ေျဖ ။ ။ ဘယ္သူက သူေတာ္ေကာင္းလို႔ေျပာရမလဲဆိုရင္ေတာ့ ဘာေၾကာင့္ ျမန္မာျပည္သူေတြ ဒီလိုမ်ိဳးျမင္ရလဲ ဆိုတာကို ကြ်န္ေတာ္တို႔အရင္သံုးသပ္ၾကရင္ ပိုၿပီးေတာ့ေကာင္းမယ္လို႔ထင္ပါတယ္။ ဒါကို ကြ်န္ေတာ္အခ်က္ (၂) ခ်က္နဲ႔ ေျပာပါမယ္။ ဥပမာ- ဆရာက ဆရာ့အိမ္နီးခ်င္းရဲ႕အေၾကာင္းကို ပိုသိမလား။ အိမ္နီးခ်င္းအေၾကာင္းကိုပဲ ဆရာ့အေနနဲ႔ ပိုသိမွာေပါ့ေနာ္။ ဆရာက ရန္ကုန္မွာေနတယ္။ ျမစ္ႀကီးနားမွာေနတဲ့သူတစ္ေယာက္ကို ဆရာရဲ႕ ရန္ကုန္က အိမ္နီးခ်င္းေလာက္ ပိုသိႏိုင္ပါ့မလား။ ဆိုလိုတာက ဆရာ႔အိမ္နီးခ်င္းအေၾကာင္းပဲ ပိုသိလိမ့္မယ္။ ျမစ္ႀကီးနားမွာေနတဲ့ သူတစ္ေယာက္အေၾကာင္းကိုေတာ့ ဆရာပိုသိမွာ မဟုတ္ဘူး။ ၿပီးေတာ့ အိမ္နီးခ်င္းနဲ႔ ဆက္ ဆံေေရးက မ်ားတယ္။ ဆရာေန႔တိုင္းအျပင္ထြက္လိုက္တာနဲ႔ အိမ္နီးခ်င္းနဲ႔ေတြ႕ေနရမွာပဲ။ ဆက္ဆံေရးအရ လည္း ပိုသိလာလိမ့္မယ္။ ျမစ္ႀကီးနားကလူတစ္ေယာက္နဲ႔ေတာ့ ဘာမွအဆက္အသြယ္ရွိမွာ မဟုတ္ဘူး။ အဲဒီ ေတာ့ ဆရာနဲ႔ဘာျပႆနာမွမရွိဘူး။ ဘာျပႆနာမွမရွိဘူးဆိုေတာ့ ေကာင္းေနတဲ့သေဘာေပါ့။ ဒါေပမယ့္ အိမ္နီး ခ်င္းေတြ၊ ဆက္ဆံေရးေတြရွိေနတဲ့အတြက္ တစ္ခါတေလမွာ ေဆြးေႏြးရမယ့္ကိစၥေလးေတြေတာ့ ၾကံဳေကာင္း ၾကံဳႏိုင္တယ္။ ထားလိုက္ပါေတာ့ ရပ္ကြက္ထဲမွာ အမိႈက္ကိစၥေတြေျပာစရာရွိမယ္။ ဆရာအိမ္ေရွ႕မွာ အမိႈက္ေတြ ပစ္ထားလို႔ေျပာရတာရွိမယ္။ အမ်ိဳးမ်ိဳးေပါ့။ ဒါေတြက အိမ္နီးခ်င္ေတြမွာပဲျဖစ္တတ္တဲ့ ကိစၥေတြေလ။ အဲဒီေတာ့ အိမ္နီးခ်င္းေတြက ေကာင္းလည္းေကာင္းႏိုင္တယ္။ မတည့္ႏိုင္တဲ့ အခြင့္အလမ္းလည္းပိုမ်ားတယ္ဗ်။ အဲဒီေတာ့ ရန္ကုန္မွာေနတဲ့သူတစ္ေယာက္က ျမစ္ႀကီးနားမွာေနတဲ့သူတစ္ေယာက္နဲ႔ ျပႆနာျဖစ္စရာအေၾကာင္း သိပ္မရွိ ဘူး။ ဒါေၾကာင့္မို႔လို႔ ျမန္မာႏိုင္ငံအေနနဲ႔ တ႐ုတ္က အိမ္နီးခ်င္းႏိုင္ငံလည္းျဖစ္ေနတယ္။ ဆက္ဆံေရးကလည္း ဒီေလာက္အထိမ်ားေနတဲ့အတြက္ အဆင္မေျပမႈေတြ၊ ျပႆနာေတြေတာ့ ျဖစ္ေကာင္းျဖစ္ႏိုင္ပါတယ္။ ဒါေတြက ျဖစ္မွာပဲ၊ ၾကံဳမွာပဲ။ ဒါက ဘယ္လိုမွျငင္းလို႔မရတဲ့ကိစၥ၊ အဲဒါေၾကာင့္မို႔လို႔ပဲ မေက်နပ္မႈေတြ၊ နားလည္မႈလြဲေခ်ာ္ တာေတြ ျဖစ္လာတာေပါ့။ အေမရိကန္နဲ႔ကက်ေတာ့ နားလည္မႈလြဲေခ်ာ္တာမ်ဳိး မျဖစ္ဘူး။ ဘာေၾကာင့္လဲဆိုေတာ့ နားလည္စရာကို မလိုဘူး။ ဘာမွမွမဆိုင္တာ အေဝးႀကီးမွာ။ အဲဒါေၾကာင့္ပါ။ ဒါကတစ္ခ်က္ေပါ့။ ေနာက္တစ္ခ်က္ က ဘာလဲဆိုေတာ့ မီဒီယာေတြရဲ႕တာဝန္က အရမ္းအေရးႀကီးသြားတာေပါ့ေနာ္။ ကြ်န္ေတာ္တို႔ မီဒီယာေတြကို တစ္ခ်က္ျပန္ၾကည့္လိုက္မယ္ဆိုရင္ ကြ်န္ေတာ္တို႔ဘာေတြ႕ရလဲဆိုေတာ့ ျမန္မာျပည္သူလူထုေတြ အခုေျပာ လိုက္တဲ့ တ႐ုတ္အေၾကာင္းဆိုတာ မ်ားေသာအားျဖင့္ ကိုယ္ေတြ႕အေၾကာင္းေတြ သိပ္မဟုတ္ဘူးဗ်။ အထူးသျဖင့္ တ႐ုတ္ရဲ႕ျပည္တြင္းကအေၾကာင္းအခ်ိဳ႕ေပါ့ေနာ္။ ကိုယ္ေတြ႕ဘယ္လိုလုပ္ျဖစ္ႏိုင္မွာလဲဗ်ာ။ ဒါေတြ က မီဒီယာေတြကေနတစ္ဆင့္ သတင္းစကားေတြကတစ္ဆင့္ ၾကားလာရတဲ့အရာေတြျဖစ္တယ္။ အဲဒီသတင္း စကားေတြကိုျပန္ၾကည့္လိုက္တဲ့အခ်ိန္မွာ ဘာေတြလဲဆိုေတာ့ ကြ်န္ေတာ္ေတာ္ေတာ္ေလး အားမရတဲ့ကိစၥတစ္ခု ကို ေတြ႕ခဲ့ရတယ္။ ဘာလဲဆိုေတာ့ မီဒီယာေတြမွာ ထဲထဲဝင္ဝင္ေရးထားတဲ့သတင္းေတြကို ျပန္ၾကည့္လိုက္တဲ့ အခ်ိန္မွာ မွန္သည္/ မွားသည္ကို ကြ်န္ေတာ္တို႔မေျပာဘူး။ ရႈ႕ေထာင္ကိုလည္း ကြ်န္ေတာ္မလိုဘူး။ အတြင္းက်က် ေရးတယ္လို႔ပဲ ကြ်န္ေတာ္တို႔ေျပာရမယ္။ အဲဒီလိုသတင္းမွန္သမွ် ရာခိုင္ႏႈန္းျပည့္ဟာ အေနာက္တိုင္း မီဒီယာေတြ ေရးထားတဲ့သတင္းေတြကို ဘာသာျပန္လိုက္တာျဖစ္ပါတယ္။ ျမန္မာမီဒီယာသတင္းသမားေတြ ကိ္ုယ္တိုင္ ေရးတဲ့ေဆာင္းပါးေတြ ေတာ္ေတာ္နည္းပါတယ္။ တ႐ုတ္ႏိုင္ငံနဲ႔ပတ္သက္ၿပီးေတာ့ေပါ့ေနာ္။ မရွိသေလာက္ပါပဲ။ ဘာေၾကာင့္လဲဆိုေတာ့ မီဒီယာသမားေတြလည္း တ႐ုတ္အေၾကာင္းမသိဘူးဗ်။ သူတို႔က အေနာက္တိုင္းသတင္း ေတြကေရးထားတဲ့သတင္းေဆာင္းပါးေတြကိုသာ ဘာသာျပန္ၿပီးေတာ့ ထုတ္ျပန္ေနၾကတာမ်ားတယ္။ တကယ္ ေတာ့ ကြ်န္ေတာ္တို႔ထင္တဲ့ တ႐ုတ္၊ ကြ်န္ေတာ္တို႔သိတဲ့ တ႐ုတ္အေၾကာင္းဆိုတာက ကြ်န္ေတာ္တို႔တကယ္ သိထားတဲ့ တ႐ုတ္အေၾကာင္းေတြမဟုတ္ဘူး။ အေနာက္တိုင္းေတြက ကြ်န္ေတာ္တို႔ကိုေပးသိခ်င္တဲ့ အေၾကာင္း ေတြ ျဖစ္ေနပါတယ္။ အဲဒါေၾကာင့္ပါ။
ေမး ။ ။ အဲဒီေတာ့ လက္ရွိျမန္မာႏိုင္ငံနဲ႔ တ႐ုတ္ႏိုင္ငံရဲ႕ဆက္ဆံေရးအေၾကာင္းေျပာရမယ္ဆိုရင္လည္း လူေတြ အားလံုးသိေနတာက ေသးေသးေလး၊ တကယ္တမ္းျဖစ္ေနတာက ေနာက္ကြယ္မွ အမ်ားႀကီးျဖစ္ေနတယ္။ ေနာက္တစ္ခု တ႐ုတ္ႏိုင္ငံက ျမန္မာႏိုင္ငံရဲ႕ရႈပ္ေထြးေနတဲ့ ႏိုင္ငံေရးအခင္းအက်င္းအေပၚမွာ တ႐ုတ္ရဲ႕ရပ္တည္ ခ်က္ကလည္း သူ႔ဟာသူရွိၿပီးသားပါ။ ကြ်န္ေတာ္တို႔ဒီဘက္ကသူေတြကသာလိုသလို ေရးခ်င္ရာေရး၊ ေျပာခ်င္ရာ ေျပာ ျဖစ္ျဖစ္ေနၾကတဲ့သေဘာေပါ့။ အဲဒီလိုသေဘာမ်ိဳး ေျပာလို႔ရလားဗ်။
ေျဖ ။ ။ ဟုတ္ကဲ့ မွန္ပါတယ္ခင္ဗ်။ ကြ်န္ေတာ္တို႔တကယ္ကေျပာရမယ္ဆိုရင္ ဒီႏွစ္မွာတကယ္ေတာ့ တ႐ုတ္ရဲ႕ မူဝါဒ အျပဳအမႈေတြေပါ့။ တကယ္ေတာ့ ကြ်န္ေတာ္ႏိုင္ငံတကာဆက္ဆံေရးသုေတသီအေနနဲ႔ဆိုရင္ ဒါေတြက အင္မတန္မွ ထူးဆန္းလကၡဏာေတြကိုေတြ႕ရတယ္။ ဘာလဲဆိုေတာ့ သူရဲ႕မူေတြက မတူေတာ့ဘူး။ မတူေတာ့ ဘူးဆိုတာက အရင္တုန္းက အတတ္ႏိုင္ဆံုးႏိုင္ငံတကာျပႆနာထဲကိုသူက ဝင္မပါဘူး။ အရင္တုန္းကဆိုရင္ စစ္အစိုးရေခတ္တုန္းက ျမန္မာႏိုင္ငံကိုေထာက္ခံတယ္ဆိုတဲ့ကိစၥမွာ သူကေတာ့ ရိုးရိုးရွင္းရွင္းစဥ္းစားတာေပါ့ ေနာ္။ အဲဒီျပႆနာေတြကို သူဝင္မရႈပ္ဘူး။ အာဏာရေနတဲ့အသင္းအဖြဲ႕အုပ္စုကိုပဲ အသိအမွတ္ျပဳတယ္။ လက္ေတြ႕မွာလည္း ဒီလိုျဖစ္ေနတာကို ဟုတ္တယ္မလား။ အဲဒီေတာ့ သူကႏိုင္ငံတကာျပႆနာထဲကို သူဝင္မ ရႈပ္ဘူး။ တရုတ္က အတတ္ႏိုင္ဆံုးေရွာင္တယ္။ ျပီးေတာ့လက္ရွိအာဏာရေနတဲ့အသင္းအဖြဲ႕နဲ႔ပဲ သူဆက္ဆံ မယ္။ ဒါေပမယ့္ ဒီႏွစ္မွာက်ေတာ့ ကြ်န္ေတာ္တို႔ေတြ႕တာက သူရဲ႕မူဟာ သူတို႔ရဲ႕တရုတ္ႏိုင္ငံ အင္အားႀကီးလာတဲ့ အေလ်ာက္ ႏိုင္ငံတကာတာဝန္ေတြလည္း ရွိလာတယ္။ သူ႔ရဲ႕မူက အနည္းငယ္ေလးေျပာင္းသြားတယ္ဆိုတာက ႏို္င္ငံတကာအေရးမွာ သူတက္တက္ၾကြၾကြပါဝင္လာတဲ့အတြက္ျဖစ္တယ္။ ေခါင္းေဆာင္ေတာ့ မလုပ္ေသးဘူး။ သူရဲ႕အေျခခံမူ(၄) ခ်က္ထဲက နံပါတ္(၄)ခ်က္အေနနဲ႔ ဘက္ေပါင္းစံုပလက္ေဖာင္းကို ဇာတ္စင္ျမင့္ေပၚကေန သူ စၿပီးေတာ့ ကလာတယ္။ ဥပမာ- UN မွာ ပထမဦးဆံုးအႀကိမ္အျဖစ္ လံုျခံဳေရးေကာင္စီကေနၿပီးေတာ့ ျမန္မာ အေျခအေနကိုေဝဖန္တဲ့ သေဘာတူေၾကညာခ်က္ထြက္လာတယ္။ ဒါဟာ လြန္ခဲ့တဲ့ႏွစ္ေပါင္း(၃ဝ) ေက်ာ္မွာ တစ္ခါမွမျဖစ္ဖူးတဲ့ကိစၥျဖစ္တယ္။ ၿပီးေတာ့ တရုတ္ရဲ႕ ႏိုင္ငံတကာဆက္ဆံေရးက႑ရဲ႕ ေျပာေရးဆိုခြင့္ရွိသူပဲ ျဖစ္ျဖစ္ ကုလသမဂၢရဲ႕ကိုယ္စားလွယ္ပဲျဖစ္ျဖစ္ သူတို႔ေျပာစကားကို ကြ်န္ေတာ္တို႔ ေသခ်ာျပန္ေလ့လာၾကည့္တဲ့ အခ်ိန္မွာ အရင္တုန္းကလို ဒါဟာျမန္မာျပည္တြင္းေရးပဲ ကြ်န္ေတာ္တို႔ကို ဘာမွမေျပာပါနဲ႔ဆိုတာမ်ိဳး မဟုတ္ ေတာ့ဘဲနဲ႔ စကားတစ္ခြန္းပါလာတယ္။ အဲဒီစကားတစ္ခြန္းက ပထမဆံုးအႀကိမ္ စေျပာကတည္းက ဒီေန႔အထိ ဒီ စကားက ပါေနတုန္းပဲ။ အဲဒါက ဘာလဲဆိုေတာ့ “သက္ဆိုင္ရာေတြအားလံုး အၾကမ္းဖက္လမ္းစဥ္ကို မေရြးဘဲနဲ႔ တိုင္ပင္ေဆြးေႏြးၾကပါ” ဆိုၿပီးေတာ့ ဒါကိုပဲ သူေတာက္ေလ်ွာက္ေတာင္းဆိုလာခဲ့တယ္။ တရုတ္ကိုယ္စားလွယ္ ေတြ ျမန္မာနိုင္ငံကိုလာတာလည္း ဒီႏွစ္ပိုင္းမွာ ႏွစ္ခါ၊ သံုးခါေလာက္ရွိပါၿပီ။ ကြ်န္ေတာ္နားလည္သေလာက္က ေတာ့ တရုတ္ကိုယ္စားလွယ္ေတြ ျမန္မာျပည္ကိုလာတိုင္း ဒီတစ္ခ်က္ကိုပဲ ဦးစားေပးၿပီးေတာ့ တိုက္တြန္းေနတာ ပဲ ျဖစ္ပါတယ္။
ေမး ။ ။ ၿပီးေတာ့ လြန္ခဲ့တဲ့ရက္ပိုင္းေလးက သမၼတရွီက်င့္ပင္ကိုယ္တိုင္ဦးေဆာင္တဲ့ တ႐ုတ္-အာဆီယံ အစည္း အေဝးဆိုရင္ အဲဒီမတိုင္ခင္ေလးမွာ မစၥတာဆုန္ေကာရွင္းက ျမန္မာျပည္ကိုလာၿပီးေတာ့ ဗိ္ုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္နဲ႔ေတြ႕သြားတယ္။ ေတြ႕ၿပီးတဲ့ေနာက္ အဲဒီအစည္းအေဝးမွာ တ႐ုတ္-အာဆီယံထိပ္သီးအစည္း အေဝးကိစၥေတြ စကားေျပာခဲ့ၾကပံုရပါတယ္။ ဒါေပမယ့္ အဲဒီမွာ ဗိ္ုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္တို႔ အစည္းအေဝး တက္ခြင့္ မရလိုက္ဘူး။ ဆိုေတာ့ တ႐ုတ္ကျမန္မာနဲ႔ပတ္သက္ၿပီးေတာ့ အာဆီယံထိပ္သီးအစည္းအေဝးမွာ ျမန္မာတက္ခြင့္မရလိုက္တဲ့အခင္းအက်င္းမွာ တ႐ုတ္နဲ႔ျမန္မာရဲ႕ဆက္ဆံေရးက ဘယ္လိုပံုစံအခ်ိဳးအေကြ႕ျဖစ္ သြားခဲ့တယ္လို႔ ေျပာခ်င္လဲ။
ေျဖ ။ ။ တ႐ုတ္ကိုယ္စားလွယ္ ျမန္မာျပည္ေရာက္ၿပီးေတာ့ ဘာေတြေျပာခဲ့လဲ။ ဘာေတြေဆြးေႏြးခဲ့လဲဆိုတာကို ေတာ့ ကြ်န္ေတာ္တို႔မသိပါဘူး။ ဒါေတြကေတာ့ သူတို႔ေတြပဲသိမယ့္ကိစၥပါ။ ကြ်န္ေတာ္တို႔ ႏိ္ုင္ငံေရးသံုးသပ္သူေတြ အေနနဲ႔ အျပင္ကေနေလ့လာၾကည့္မယ္ဆိုရင္ တ႐ုတ္က ဒီကိစၥမွာအစကတည္းက သူရဲ႕မူက သတ္မွတ္ၿပီးသား ပါပဲ။ သက္ဆိုင္ရာအားလံုး အၾကမ္းမဖက္ဘဲနဲ႔ ေဆြးေႏြးတိုင္ပင္ညွိႏိႈင္းၾကပါ။ ဒီတစ္ခ်က္ကို သူတို႔တိုက္တြန္းခ်င္ တယ္။ ဒီလိုပဋိပကၡေတြျဖစ္တာကို သူတို႔မျမင္ခ်င္ဘူး။ ဘယ္ဖက္ပဲျဖစ္ျဖစ္ တစ္ဖက္သတ္ လက္နက္အားကိုး ၿပီး ေတာ့ အာဏာရယူၾကတာကိုလည္း သူတို႔အားမေပးခ်င္ဘူး။ တည္းတည္ၿငိမ္ၿငိမ္ျဖစ္ေနတဲ့ အိမ္နီးခ်င္းႏိ္ုင္ငံတစ္ခု ကို သူတို႔လိုလားတယ္။ ဒါကိုပဲ တရုတ္က ေတာက္ေလွ်ာက္အားေပးေနတယ္။ အဲဒီအတြက္လည္း သူက အာဆီယံအသင္းအဖြဲ႕ေတြနဲ႔ပူးေပါင္းၿပီးေတာ့ ေတာ္ေတာ္ေလးအလုပ္လုပ္ခဲ့တယ္လို႔ ကြ်န္ေတာ္ယူဆပါတယ္။ ဒါေပမယ့္ အာဆီယံကို သူကပိုၿပီးေတာ့ဦးစားေပးတယ္။ သူကိုယ္တိုင္ကထြက္ၿပီးေတာ့ ေခါင္းေဆာင္ မလုပ္ပါ ဘူး။ အဲဒီလိုမလုပ္တာကိုလည္း ကြ်န္ေတာ္တို႔က ေနာက္တစ္ခ်က္ျပန္ၾကည့္ရမယ္ဆိုရင္ အာဆီယံကို ေရွ႕ပို႔တာ ေပါ့ေနာ္။ ျမန္မာ့အေရးမွာ အာဆီယံကိုေရွ႕ပို႔တဲ့အခန္းက႑နဲ႔ပတ္သက္ၿပီးေတာ့ေပါ့ေနာ္။ ကြ်န္ေတာ္တို႔ျမန္မာ ျပည္မွာ အခုစဥ္းစားေနတာက တ႐ုတ္ဘယ္လိုျမင္လဲ၊ ဘယ္လိုယူဆေနလဲ ဆိုတာကိုပဲ စဥ္းစားေလ့ရွိတယ္။ အာဆီယံရႈ႕ေထာင့္ကို ကြ်န္ေတာ္တို႔ျပန္ေမ့ေနၾကတယ္။ ဆိုလိုတာက ျမန္မာ့အေရးနဲ႔ပတ္သက္ၿပီးေတာ့ တ႐ုတ္ ကလည္း အာဆီယံကို ေရွ႕ပို႔တယ္။ အာဆီယံကလည္း ေရွ႕ထြက္တယ္။ ကြ်န္ေတာ္တို႔ေျပာတယ္။ တ႐ုတ္ ဘာေၾကာင့္ေရွ႕မထြက္လဲေပါ့။ ဘာလို႔ဆံုးျဖတ္ခ်က္ မခ်ေပးလဲေပါ့ေနာ္။ ဒါေပမယ့္ ကြ်န္ေတာ္တို႔ ျပန္စဥ္းစားရ မွာ အာဆီယံကေတာ့ တ႐ုတ္ဝင္စြက္ဖက္တာကို လိုလားလို႔လားေပါ့။ ဒီတစ္ခ်က္ကို ကြ်န္ေတာ္တို႔က မစဥ္းစားမိ ၾကဘူးဗ်။ ကြ်န္ေတာ္တို႔က တ႐ုတ္နဲ႔ ျမန္မာႏိုင္ငံ ဒီႏွစ္ႏိုင္ငံကိုပဲ စဥ္စားၾကတယ္။ အာဆီယံမွာ ေနာက္ထပ္ (၉) ႏိ္ုင္ငံရဲ႕ခံစားခ်က္ကို ကြ်န္ေတာ္တို႔ကေမ့ေနတယ္ဗ်။ ကြ်န္ေတာ္တို႔မွန္သည္ျဖစ္ေစ၊ မွားသည္ျဖစ္ေစ တ႐ုတ္ႏိုင္ငံ က ျမန္မာႏိုင္ငံအေရးကို တိုက္႐ိုက္ဝင္စြက္ဖက္တယ္ပဲ ထားပါဦး။ အာဆီယံႏိုင္ငံေတြက သေဘာက်ပါ့မလား ေပါ့။ သေဘာမက်ေလာက္ဘူးဗ်။ ဘာေၾကာင့္လဲဆိုေတာ့ က်န္တဲ့(၉)ႏိ္ုင္ငံကလည္း စဥ္းစာမိမယ္။ ငါတို႔ႏိ္ုင္ငံရဲ႕ အေရးကိုလည္း သူသေဘာမက်ရင္ တိုက္႐ိုက္စြက္ဖက္မွာလားေပါ့။ အဲဒီလိုေတြရွိတယ္ဗ်။ ၿပီးေတာ့ အာဆီယံ လို အသင္းအဖြဲ႕တစ္ခုရွိေနတဲ့အတြက္ အဲဒီအသင္းအဖြဲ႕ကေနသြားသင့္တာေပါ့ေနာ္။ ဒါကေတာ့ အာဆီယံရဲ႕ ယူဆခ်က္နဲ႔အားလံုးပါပဲ။ ကြ်န္ေတာ္ထပ္ေျပာရမယ္ဆိုရင္ ကြ်န္ေတာ့္အိမ္မွာျပႆနာျဖစ္တယ္။ ကြ်န္ေတာ့္ မိသားစုအမ်ိဳးေတြရွိလိမ့္မယ္။ အဲဒီေတာ့ ကြ်န္ေတာ့္ျပႆနာကို ကြ်န္ေတာ္တို႔ မိသားစု၊ ေဆြမ်ိဳးအသိုင္းအဝိုင္း ထဲမွာပဲ ေျဖရွင္းတာ အေကာင္းဆံုးေပါ့ေနာ္။ ကြ်န္ေတာ့္အိမ္နီးခ်င္းတစ္ေယာက္က ကြ်န္ေတာ့္အိမ္တြင္းေရးကို လာေရာက္ေျဖရွင္းတာကို ကြ်န္ေတာ္ကိုယ္တိုင္းလည္းမႀကိဳက္သလို ကြ်န္ေတာ့္ေဆြမ်ိဳးေတြလည္း ဘယ္ေတာ့မွ ႀကိဳက္မွာ မဟုတ္ဘူးေလ။ ထိုနည္းလည္းေကာင္းပါပဲ။
ေမး ။ ။ အဲဒီေတာ့ တ႐ုတ္သမၼတရွီက်င့္ပင္က တ႐ုတ္-အာဆီယံထိပ္သီးအစည္းအေဝးမွာ ဗိ္ုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ကိုမဖိတ္တာက စစ္တပ္အုပ္စုရဲ႕ဆန္႔က်င္ဘက္မွာ သြားရပ္တယ္ဆိုၿပီးေတာ့ ဒီဘက္က NLD နဲ႔ သူတို႔ရဲ႕ေထာက္ခံတဲ့သူေတြက ေပ်ာ္ၾကတာေပါ့။ အဲဒါကိုေရာ ဘယ္လိုယူဆလို႔ရလဲ။ တ႐ုတ္က သူ႔မူအတိုင္း သြားတယ္လို႔ထင္လား။
ေျဖ ။ ။ စစ္တပ္ရဲ႕ဆန္႔က်င္ဘက္မွာရပ္တယ္လို႔ေျပာမယ့္အစား ကြ်န္ေတာ္ေျပာသလိုပဲ တ႐ုတ္ရဲ႕မူကဘာလဲ ဆိုေတာ့ အာဆီယံရဲ႕သေဘာထားကိုေလးစားေၾကာင္း သူေဖာ္ျပလိုက္တာပါပဲ။ ဒါက တစ္ခ်က္ေပါ့။ ေနာက္တစ္ ခ်က္က ဘယ္ဖက္ကိုရပ္မလဲဆိုတာထက္ တ႐ုတ္က ေတာက္ေလွ်ာက္ေျပာလာတဲ့စကားက ႏွစ္ဖက္ၫွိႏႈိင္းေစ ခ်င္တယ္။ ဆိုလိုတာက အခုအထိသူဟာ ဘယ္ဖက္မွာရပ္တည္မယ္လို႔ေျပာတာမရွိပါဘူး။ ကြ်န္ေတာ္တို႔ ျမန္မာ ႏိုင္ငံဆိုင္ရာတ႐ုတ္သံအမတ္ႀကီး ခ်န္ဟုိင္း က ဟိုတေလာက ျပႆနာေတြႀကီးထြားလာတဲ့ အခ်ိန္မွာ တရားဝင္ ေၾကညာခ်က္တစ္ခုထုတ္ဖူးပါတယ္။ သူကအဲဒီေၾကညာခ်က္မွာ ပြင့္ပြင့္လင္းလင္းေျပာထား ၿပီးသားပါ။ ျမန္မာ့ တပ္မေတာ္နဲ႔ပဲျဖစ္ျဖစ္ NLD ပါတီနဲ႔ပဲျဖစ္ျဖစ္ တ႐ုတ္ကြန္ျမဴနစ္ပါတီဟာ မိတ္ေကာင္းေဆြ ေကာင္းျဖစ္ပါတယ္။ ဆိုေတာ့ သူဘယ္ဖက္မွာမွ မရပ္တည္ဘူး။ ဒါေပမယ့္ ႏွစ္ဖက္စလံုးထိုင္ၿပီးေတာ့ လက္နက္ အားကိုးေနၾကတာ မဟုတ္ဘဲနဲ႔ ႏိ္ုင္ငံေရးအရ ေဆြးေႏြးၫွိႏႈိင္းေစခ်င္တယ္။ ဒါက တ႐ုတ္ရဲ႕အေျခခံဆံုးမူဝါဒပါပဲ။
ေမး ။ ။ တ႐ုတ္-ျမန္မာနဲ႔ပတ္သက္ၿပီးေတာ့ ေနာက္ဆံုးအေနနဲ႔ ဆရာ့ရဲ႕သံုးသပ္ခ်က္အေနနဲ႔ လက္ရွိျမန္မာ ႏိုင္ငံရဲ႕အခင္းအက်င္းအရႈပ္အေထြးနဲ႔ တ႐ုတ္ရဲ႕စဥ္းစားပံုေတြ၊ ျမန္မာေတြရဲ႕စဥ္စားပံုေတြကို ေဘးကၾကည့္တဲ့သူ တစ္ေယာက္အေနနဲ႔ ဘာမ်ားေျပာခ်င္လဲ။
ေျဖ ။ ။ ဒါကေတာ့ နည္းနည္းေျပာရခက္ပါတယ္။ ဆိုလိုတာကေတာ့ ကိုယ့္အိမ္ကိစၥကေတာ့ ကိုယ့္ဟာကိုပဲ ရွင္းရမွာပါ။ အျပင္လူကို အားမကိုးနဲ႔ေပါ့ေနာ္။ ကိုယ့္အိမ္ကိစၥကေတာ့ ကိုယ္ကိုယ္တိုင္ရွင္းရမယ္။ ေဆြးမ်ိဳးေတြပဲ ျဖစ္ျဖစ္၊ အိမ္နီးခ်င္းေတြပဲျဖစ္ျဖစ္ (ေဆြမ်ိဳးဆိုတာ အာဆီယံ၊ အိမ္နီးခ်င္းတာက တ႐ုတ္) ေပါ့ေနာ္။ ဘာပဲျဖစ္ျဖစ္ သူတို႔ေတြက အေထာက္အပံ့အကူအညီေတြေပးႏိုင္ပါတယ္။ ဒါေပမယ့္ ေျဖရွင္းဖို႔ကေတာ့ ကာယကံရွင္နဲ႔ပဲဆိုင္ ပါတယ္။ သူတို႔ေတြကက အေထာက္အပံ့အကူအညီေတြေပးႏိုင္ေပမယ့္ ေနာက္ဆံုး ဆံုးျဖတ္ခ်က္ခ်ရမွာက ကိုယ္ကိုယ္တိုင္ပါပဲ။ ကိုယ့္အိမ္ကိစၥ ကိုယ္ကိုယ္တိုင္ပဲ ရွင္းရမွာျဖစ္လို႔ပဲ ေျပာခ်င္ပါတယ္။
ေမး ။ ။ ဟုတ္ကဲ့ အခုလိုအခ်ိန္ေပးၿပီး ေျဖၾကားေပးတာ ေက်းဇူးတင္ပါတယ္ခင္ဗ်ာ။
ေျဖ ။ ။ ဟုတ္ကဲ့ ရပါတယ္။