ဘရာဇီးရှိ ရေတံခွန်ကျောက်တောင်ပြိုကျခဲ့တာကြောင့် အနည်းဆုံး(၇)ဦးသေဆုံး

 951

ဂျန်ဇက် (NP News) - ဇန်နဝါရီ ၉
ဘရာဇီးနိုင်ငံအရှေ့တောင်ပိုင်း၊ ရေတံခွန်ကျောက်တောင်ရှိ ကန်ကြီးတစ်ခုအတွင်း ကမ္ဘာလှည့်ခရီးသွားတွေလိုက်ပါစီးနင်းလာတဲ့လှေပေါ်ကိုကျောက်တောင် နံရံတွေ ဇန်နဝါရီလ(၉)ရက်ကပြိုကျခဲ့တဲ့အတွက် အ နည်းဆုံး(၇)ဦးသေဆုံးခဲ့ပြီး (၉)ဦးပြင်းထန်စွာဒဏ် ရာရခဲ့တယ်လို့သိရပါတယ်။ရုပ်သံဖိုင်တွေမှာကျောက် တောင်နံရံတွေဟာ အောက်ဘက်ရှိရေကန်ထဲကိုပြိုကျခဲ့ချိန်အတွင်း လှေတွေပေါ်ရှိကမ္ဘာလှည့်ခရီးသွားတွေရဲ့အသံဆူညံပွက်လောရိုက်ခဲ့ပြီး အော်ဟစ်အကူညီတောင်းခဲ့တယ်လို့သိရပါတယ်။

ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ဘရာဇီးရေတပ်ဖွဲ့တွေဟာ Furnas ရေကန်ကြီးထဲကိုအလျင်မြန်သွားရောက်ကာ ကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်ခဲ့ရတယ်လို့သိရပါတယ်။ ဘရာဇီးမီးသတ်တပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက (၇)ဦးသေဆုံးပြီး (၃)ဦးပျောက်ဆုံးနေဆဲဖြစ်တယ်လို့အတည်ပြုခဲ့ပါတယ်။ ဒါ့ပြင်ဒဏ်ရာရသူ(၃၂)ဦးအ နက်(၉)ဦးက ဒဏ်ရာပြင်းထန်ခဲ့တယ်လို့ဘရာဇီးအာ ဏာပိုင်တွေကဆိုပါတယ်။

အဆိုပါရေကန်ကြီးကို ၁၉၅၈ ခုနှစ်ကဖန်တီးခဲ့ပြီး ဆာအိုပေါ်လိုမြို့မြောက်ပိုင်း ၄၂ဝ ကီလိုမီတာအကွာမှာရှိကာ ကမ္ဘာလှည့်ခရီးသွားတွေကိုဆွဲဆောင်နိုင်တဲ့ရေကန်ကြီးတစ်ခုဖြစ်ပါတယ်။ အဆိုပါရေကန်ကြီးကို တစ်ပတ်မှာ ခရီးသွားဧည့်ပေါင်း ၅ဝဝဝ ပုံမှန်လာရောက်လေ့ရှိနေပြီး အပန်းဖြေအားလပ်ရက်ကာလမှာ ခရီးသွားပေါင်း (၃)သောင်းအထိလာရောက်တယ် လို့ဒေသခံတွေကပြောပါတယ်။ ကျောက်တောင်တွေဟာ မိုးသည်းထန်စွာရွာသွန်းမှုတွေကြောင့်အက် ကြောင်းတွေရှိလာခဲ့ပြီးနောက် ပြိုကျပျက်စီးတာမျိုးဖြစ်နိုင်ဖွယ်ရှိတယ်လို့ ဘရာဇီးအာဏာပိုင်တွေကပြောပါတယ်။

zawgyi version
ဘရာဇီးရွိ ေရတံခြန္ေက်ာက္ေတာင္ၿပိဳက်ခဲ့တာေၾကာင့္ အနည္းဆုံး(၇)ဦးေသဆုံး
ဂ်န္ဇက္ (NP News) - ဇန္နဝါရီ ၉

ဘရာဇီးႏိုင္ငံအေရွ႕ေတာင္ပိုင္း၊ ေရတံခြန္ေက်ာက္ေတာင္ရွိ ကန္ႀကီးတစ္ခုအတြင္း ကမာၻလွည့္ခရီးသြားေတြလိုက္ပါစီးနင္းလာတဲ့ေလွေပၚကိုေက်ာက္ေတာင္ နံရံေတြ ဇန္နဝါရီလ(၉)ရက္ကၿပိဳက်ခဲ့တဲ့အတြက္ အ နည္းဆုံး(၇)ဦးေသဆုံးခဲ့ၿပီး (၉)ဦးျပင္းထန္စြာဒဏ္ ရာရခဲ့တယ္လို႔သိရပါတယ္။႐ုပ္သံဖိုင္ေတြမွာေက်ာက္ ေတာင္နံရံေတြဟာ ေအာက္ဘက္ရွိေရကန္ထဲကိုၿပိဳက်ခဲ့ခ်ိန္အတြင္း ေလွေတြေပၚရွိကမာၻလွည့္ခရီးသြားေတြရဲ႕အသံဆူညံပြက္ေလာ႐ိုက္ခဲ့ၿပီး ေအာ္ဟစ္အကူညီေတာင္းခဲ့တယ္လို႔သိရပါတယ္။

ကယ္ဆယ္ေရးအဖြဲ႕ေတြနဲ႔ဘရာဇီးေရတပ္ဖြဲ႕ေတြဟာ Furnas ေရကန္ႀကီးထဲကိုအလ်င္ျမန္သြားေရာက္ကာ ကယ္ဆယ္ေရးလုပ္ငန္းေတြလုပ္ခဲ့ရတယ္လို႔သိရပါတယ္။ ဘရာဇီးမီးသတ္တပ္ဖြဲ႕တာဝန္ရွိသူတစ္ဦးက (၇)ဦးေသဆုံးၿပီး (၃)ဦးေပ်ာက္ဆုံးေနဆဲျဖစ္တယ္လို႔အတည္ျပဳခဲ့ပါတယ္။ ဒါ့ျပင္ဒဏ္ရာရသူ(၃၂)ဦးအ နက္(၉)ဦးက ဒဏ္ရာျပင္းထန္ခဲ့တယ္လို႔ဘရာဇီးအာ ဏာပိုင္ေတြကဆိုပါတယ္။

အဆိုပါေရကန္ႀကီးကို ၁၉၅၈ ခုႏွစ္ကဖန္တီးခဲ့ၿပီး ဆာအိုေပၚလိုၿမိဳ႕ေျမာက္ပိုင္း ၄၂ဝ ကီလိုမီတာအကြာမွာရွိကာ ကမာၻလွည့္ခရီးသြားေတြကိုဆြဲေဆာင္ႏိုင္တဲ့ေရကန္ႀကီးတစ္ခုျဖစ္ပါတယ္။ အဆိုပါေရကန္ႀကီးကို တစ္ပတ္မွာ ခရီးသြားဧည့္ေပါင္း ၅ဝဝဝ ပုံမွန္လာေရာက္ေလ့ရွိေနၿပီး အပန္းေျဖအားလပ္ရက္ကာလမွာ ခရီးသြားေပါင္း (၃)ေသာင္းအထိလာေရာက္တယ္ လို႔ေဒသခံေတြကေျပာပါတယ္။ ေက်ာက္ေတာင္ေတြဟာ မိုးသည္းထန္စြာ႐ြာသြန္းမႈေတြေၾကာင့္အက္ ေၾကာင္းေတြရွိလာခဲ့ၿပီးေနာက္ ၿပိဳက်ပ်က္စီးတာမ်ိဳးျဖစ္ႏိုင္ဖြယ္ရွိတယ္လို႔ ဘရာဇီးအာဏာပိုင္ေတြကေျပာပါတယ္။

Related news

© 2021. All rights reserved.