ဆင်းကဒ်ဈေးနှုန်းများ တိုးမြှင့်ရခြင်းသည် ပြည်သူကို ဖိနှိပ်လိုစိတ်ဖြင့် အကြပ်ရိုက်အောင်လုပ်ခြင်းမဟုတ်ဘဲ အကြမ်းဖက်ဖောက်ခွဲမှုများကို ထိန်းချုပ်ရန်သာဖြစ်ဟု ဆို

 1362

NP News - ဇန်နဝါရီ ၁၅
ဆင်းကဒ်ဈေးနှုန်း တိုးမြှင့်လိုက်ရခြင်း သည် ပြည်သူများအကြပ်တွေ့စေရန်မဟုတ်ဘဲ ကီးပက်ဖုန်းနှင့် ဆင်းကဒ် များအသုံးပြု၍ ဗုံးခွဲခြင်း၊ မဟုတ်မမှန်သတင်းများဖြန့်ဝေခြင်းအား ထိန်းချုပ်နိုင်ရန်အတွက် ရည်ရွယ်ခြင်းသာ ဖြစ်ကြောင်း နစကပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ဇန်နဝါရီလ (၁၄) ရက်တွင်ပြုလုပ်ခဲ့သည့် (၁၁) ကြိမ်မြောက် နစကသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ဆင်းကဒ်တစ်ကတ်လျှင် ကျပ်(၂) သောင်းနှုန်းဖြင့် ကုန်သွယ်လုပ်ငန်းခွန် ကျသင့်စေရမည်ဖြစ်ကြောင်း နှင့် အင်တာနက်ဝန်ဆောင်မှုလုပ်ငန်းများမှရသည့် ဝင်ငွေများအပေါ်တွင်လည်း ကုန်သွယ်လုပ်ငန်းခွန် (၁၅) ရာခိုင်နှုန်းကောက်ခံသွားမည်ဖြစ်ကြောင်း နစက သည် အခွန်ကောက်ဥပဒေတစ်ခုအား ပြင်ဆင်ထုတ်ပြန်လိုက် ကြောင်း ဇန်နဝါရီ (၆) ရက်က တရားဝင်ထုတ်ပြန်ကြေညာထားပြီးဖြစ်သည်။

“ ဘယ်နိုင်ငံမှာမှ ဆင်းကဒ်ကို မြန်မာနိုင်ငံလို လွတ်လွတ်လပ်လပ် ဝယ်လို့မရဘူး။ အခုဆင်းကဒ်တွေကို အလွယ်တကူဝယ်ပြီး တလွဲသုံးတာတွေ၊ အဝေးထိန်းစနစ်နဲ့ ဗုံးဖောက်ခွဲတာတွေ ဆောင်ရွက်နိုင်တဲ့အတွက် ကြောင့် ဆင်းကဒ်ကိုအသုံးပြုပြီးတော့ ကျူးလွန်တဲ့ရာဇဝတ်မှုတွေကိုလျော့ချရေးနဲ့ ဥပဒေပြင်ပလုပ်ရပ်တွေကို ထိန်းချုပ်နိုင်ရန်ရည်ရွယ်ပြီး ဆောင်ရွက်ခြင်းဖြစ်ပါတယ်။ ပြည်သူလူထုကို အကြပ်အတည်းဖြစ်စေဖို့၊ ပြည်သူ လူထုကို ဖိနှိပ်ဖို့ရည်ရွယ်ပြီး လုပ်ဆောင်ခြင်းမဟုတ်ပါဘူး ” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောသည်။

ယခုကဲ့သို့ ဖုန်းဆင်းကဒ်များကို ဈေးနှုန်းမြှင့်တက်ရခြင်းသည် လက်ရှိပြည်တွင်း ဖြစ်ပွားလျက်ရှိသည့် အကြမ်း ဖက်ဗုံးခွဲတိုက်ခိုက်မှုများကို ထိန်းချုပ်ရန်ဖြစ်သည့်အပြင် ဖုန်းဖြင့် အင်တာနက်အလွန်အကျွံအသုံးပြုခြင်းများ ကြောင့် ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုများနှင့် စိတ်ပိုင်းဆိုင်ရာ စိတ်ဖိစီး၊ အလိုမကျမှုများ၊ အမုန်းပွားမှုများအား လျော့ချပေးနိုင်ရန် ရည်ရွယ်ခြင်းလည်းဖြစ်ကြောင်းသိရသည်။

ထို့အပြင် ဆင်းကဒ်တစ်ကဒ်ကို (၂) သောင်းကျပ်တိုးမြှင့်မည့်ကိစ္စနှင့်ပတ်သက်၍ ဗိုလ်ချုပ်ဇော်မင်းထွန်းက “မြန်မာတစ်နိုင်ငံလုံးမှာ လူဦးရေသန်း(၅ဝ) နီးပါးရှိပြီးတော့ ဆင်းကဒ်အသုံးပြုတဲ့ဦိးရေက သန်း(၇ဝ) ကျော် ရှိပါ တယ်။ အဲဒီအတွက် လူတစ်ယောက်မှာ အနည်းဆုံး ဆင်းကဒ်တစ်ကဒ် ပိုင်ပြီးသားဖြစ်တယ်လို့ ပြောလို့ရပါ တယ်။ ဒါကြောင့် နောက်ထပ်ဝယ်ယူတဲ့ဆင်းကဒ်တွေအတွက်သာ (၂) သောင်း ကျသင့်မှာဖြစ်ပါတယ်။ အရင် ဆင်းကဒ်တွေအတွက် မဟုတ်ပါဘူး ” ဟု ပြောသည်။
အင်တာနက်အခွန်အကောက်များနှင့်ပတ်သက်၍လည်း အများပြည်သူနှင့်ပတ်သက်သည့် ကျန်းမာရေး၊ ပညာ ရေးနှင့် ပတ်သက်သောအခန်းကဏ္ဍများအတွက် ပြန်လည်စဉ်းစားပေးမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့ သည်။

လက်ရှိဈေးကွက်ထဲတွင် ပျံကျဈေးသည်များရောင်းချနေသည့် ဆင်းကဒ်ဈေးနှုန်းများသည် အော်ရီဒူးနှင့် MPT တစ်ကဒ်လျှင် ကျပ် ၂၅ဝဝ နှင့် (ဘေတစ်ထောင်) ပါရှိပြီး၊ Mytel ဆင်းကဒ် ဆိုလျှင် တစ်ကဒ်ကို ကျပ် ၂ဝဝဝ နှင့် ( ဘေတစ်ထောင်) ပါရှိသည့်ဆင်းကဒ်များကို ရောင်းချလျက်ရှိသည်ကို တွေ့ရသည်။

Zawgyi Version;
ဆင္းကဒ္ေဈးႏႈန္းမ်ား တိုးျမႇင့္ရျခင္းသည္ ျပည္သူကို ဖိႏွိပ္လိုစိတ္ျဖင့္ အၾကပ္႐ိုက္ေအာင္လုပ္ျခင္းမဟုတ္ဘဲ အၾကမ္းဖက္ေဖာက္ခြဲမႈမ်ားကို ထိန္းခ်ဳပ္ရန္သာျဖစ္ဟု ဆို
NP News - ဇန္နဝါရီ ၁၅
ဆင္းကဒ္ေဈးႏႈန္း တိုးျမႇင့္လိုက္ရျခင္း သည္ ျပည္သူမ်ားအၾကပ္ေတြ႕ေစရန္မဟုတ္ဘဲ ကီးပက္ဖုန္းႏွင့္ ဆင္းကဒ္ မ်ားအသုံးျပဳ၍ ဗုံးခြဲျခင္း၊ မဟုတ္မမွန္သတင္းမ်ားျဖန႔္ေဝျခင္းအား ထိန္းခ်ဳပ္ႏိုင္ရန္အတြက္ ရည္႐ြယ္ျခင္းသာ ျဖစ္ေၾကာင္း နစကျပန္ၾကားေရးဒုဝန္ႀကီး ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ဇန္နဝါရီလ (၁၄) ရက္တြင္ျပဳလုပ္ခဲ့သည့္ (၁၁) ႀကိမ္ေျမာက္ နစကသတင္းစာရွင္းလင္းပြဲတြင္ ေျပာၾကားခဲ့သည္။

ဆင္းကဒ္တစ္ကတ္လွ်င္ က်ပ္(၂) ေသာင္းႏႈန္းျဖင့္ ကုန္သြယ္လုပ္ငန္းခြန္ က်သင့္ေစရမည္ျဖစ္ေၾကာင္း ႏွင့္ အင္တာနက္ဝန္ေဆာင္မႈလုပ္ငန္းမ်ားမွရသည့္ ဝင္ေငြမ်ားအေပၚတြင္လည္း ကုန္သြယ္လုပ္ငန္းခြန္ (၁၅) ရာခိုင္ႏႈန္းေကာက္ခံသြားမည္ျဖစ္ေၾကာင္း နစက သည္ အခြန္ေကာက္ဥပေဒတစ္ခုအား ျပင္ဆင္ထုတ္ျပန္လိုက္ ေၾကာင္း ဇန္နဝါရီ (၆) ရက္က တရားဝင္ထုတ္ျပန္ေၾကညာထားၿပီးျဖစ္သည္။

“ ဘယ္ႏိုင္ငံမွာမွ ဆင္းကဒ္ကို ျမန္မာႏိုင္ငံလို လြတ္လြတ္လပ္လပ္ ဝယ္လို႔မရဘူး။ အခုဆင္းကဒ္ေတြကို အလြယ္တကူဝယ္ၿပီး တလြဲသုံးတာေတြ၊ အေဝးထိန္းစနစ္နဲ႔ ဗုံးေဖာက္ခြဲတာေတြ ေဆာင္႐ြက္ႏိုင္တဲ့အတြက္ ေၾကာင့္ ဆင္းကဒ္ကိုအသုံးျပဳၿပီးေတာ့ က်ဴးလြန္တဲ့ရာဇဝတ္မႈေတြကိုေလ်ာ့ခ်ေရးနဲ႔ ဥပေဒျပင္ပလုပ္ရပ္ေတြကို ထိန္းခ်ဳပ္ႏိုင္ရန္ရည္႐ြယ္ၿပီး ေဆာင္႐ြက္ျခင္းျဖစ္ပါတယ္။ ျပည္သူလူထုကို အၾကပ္အတည္းျဖစ္ေစဖို႔၊ ျပည္သူ လူထုကို ဖိႏွိပ္ဖို႔ရည္႐ြယ္ၿပီး လုပ္ေဆာင္ျခင္းမဟုတ္ပါဘူး ” ဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းကေျပာသည္။

ယခုကဲ့သို႔ ဖုန္းဆင္းကဒ္မ်ားကို ေဈးႏႈန္းျမႇင့္တက္ရျခင္းသည္ လက္ရွိျပည္တြင္း ျဖစ္ပြားလ်က္ရွိသည့္ အၾကမ္း ဖက္ဗုံးခြဲတိုက္ခိုက္မႈမ်ားကို ထိန္းခ်ဳပ္ရန္ျဖစ္သည့္အျပင္ ဖုန္းျဖင့္ အင္တာနက္အလြန္အကြၽံအသုံးျပဳျခင္းမ်ားေၾကာင့္ ႐ုပ္ပိုင္းဆိုင္ရာထိခိုက္မႈမ်ားႏွင့္ စိတ္ပိုင္းဆိုင္ရာ စိတ္ဖိစီး၊ အလိုမက်မႈမ်ား၊ အမုန္းပြားမႈမ်ားအား ေလ်ာ့ခ်ေပးႏိုင္ရန္ ရည္႐ြယ္ျခင္းလည္းျဖစ္ေၾကာင္းသိရသည္။

ထို႔အျပင္ ဆင္းကဒ္တစ္ကဒ္ကို (၂) ေသာင္းက်ပ္တိုးျမႇင့္မည့္ကိစၥႏွင့္ပတ္သက္၍ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက “ျမန္မာတစ္ႏိုင္ငံလုံးမွာ လူဦးေရသန္း(၅ဝ) နီးပါးရွိၿပီးေတာ့ ဆင္းကဒ္အသုံးျပဳတဲ့ဦိးေရက သန္း(၇ဝ) ေက်ာ္ ရွိပါ တယ္။ အဲဒီအတြက္ လူတစ္ေယာက္မွာ အနည္းဆုံး ဆင္းကဒ္တစ္ကဒ္ ပိုင္ၿပီးသားျဖစ္တယ္လို႔ ေျပာလို႔ရပါ တယ္။ ဒါေၾကာင့္ ေနာက္ထပ္ဝယ္ယူတဲ့ဆင္းကဒ္ေတြအတြက္သာ (၂) ေသာင္း က်သင့္မွာျဖစ္ပါတယ္။ အရင္ ဆင္းကဒ္ေတြအတြက္ မဟုတ္ပါဘူး ” ဟု ေျပာသည္။ အင္တာနက္အခြန္အေကာက္မ်ားႏွင့္ပတ္သက္၍လည္း အမ်ားျပည္သူႏွင့္ပတ္သက္သည့္ က်န္းမာေရး၊ ပညာေရးႏွင့္ပတ္သက္ေသာ အခန္းက႑မ်ားအတြက္ ျပန္လည္စဥ္းစားေပးမည္ျဖစ္ေၾကာင္း ထည့္သြင္းေျပာၾကားခဲ့ သည္။

လက္ရွိေဈးကြက္ထဲတြင္ ပ်ံက်ေဈးသည္မ်ားေရာင္းခ်ေနသည့္ ဆင္းကဒ္ေဈးႏႈန္းမ်ားသည္ ေအာ္ရီဒူးႏွင့္ MPT တစ္ကဒ္လွ်င္ က်ပ္ ၂၅ဝဝ ႏွင့္ (ေဘတစ္ေထာင္) ပါရွိၿပီး၊ Mytel ဆင္းကဒ္ ဆိုလွ်င္ တစ္ကဒ္ကို က်ပ္ ၂ဝဝဝ ႏွင့္ ( ေဘတစ္ေထာင္) ပါရွိသည့္ဆင္းကဒ္မ်ားကို ေရာင္းခ်လ်က္ရွိသည္ကို ေတြ႕ရသည္။

Related news

© 2021. All rights reserved.