လူငယ်ဂိုဏ်းပြိုင်ဘက်နှစ်ခုကြောင့် KTV ဘား မီးလောင်၍ ၁၉ ဦး ထက်မနည်း သေဆုံး

 2510

Htay Oung (NP News) - ဇန်နဝါရီ ၂၅
ဇန်နဝါရီလ ၂၅ ရက်နေ့တွင် အင်ဒိုနီးရှားနိုင်ငံ အနောက်ပါပူအာပြည်နယ် ဆိုရောင်းမြိုရှိ KTV ဘားတစ်ခု၌ ဒေသတွင်း လူငယ်ဂိုဏ်း ပြိုင်ဘက် အုပ်စုနှစ်စုအကြား ခိုက်ရန်ဖြစ်ပွားပြီးနောက် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ လူ ၁၉ ဦး ထက်မနည်း သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ ထံမှ သိရှိရသည်ဟု Reuters ၏ သတင်းကို CNN က ဖော်ပြသည်။

အင်္ဂါ(ယနေ့) နံနက်စောစောပိုင်း ရန်ပွဲအတွင်း လူတစ်ဦး သေလုမျောပါးဖြစ်အောင် ဓားဖြင့်ထိုးခံရသည့် အခင်းဖြစ်ပွားရာ Double O နိုက်ကလပ်တွင် မီးလောင်မှုမဖြစ်ပွားမီ လူ ၁၈ ဦး ပိတ်မိနေကြောင်း ရဲအရာရှိတစ်ဦးက ပြော ကြားသည်။ မြို့ကြီးများ၌ လူငယ်တို့အကြား ခိုက်ရန်ဖြစ်ပွားမှုများမှာ ပုံမှန်လိုလို ရှိတတ်သော်လည်း အသေအပျောက်များစွာ ဖြစ်ခဲ့ရသည့် ယခုကိစ္စမှာ ပထမဆုံးဖြစ်ကြောင်း၊ ဆိုရောင်းမြို့ရှိ ဖျော်ဖြေရေးအဆောက်အအုံ၌ ကြောက်မက်ဖွယ် လူသေဆုံးမှုကို အသေးစိတ် စုံစမ်းစစ်ဆေးလျှက်ရှိပြီး သေဆုံးသူအရေအတွက် ထပ်မံတိုးလာခြင်း ရှိ-မရှိ ရှင်းလင်းစွာ မသိရသေးကြောင်း အနောက်ပါပူအာ ရဲတပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူက Metro TV သို့ ရှင်းပြသည်။ အင်ဒိုနီးရှား အမျိုးသားရဲတပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူက သီးခြား ပြောဆိုရာတွင်မူ အိမ်နီးချင်း မာလူကူကျွန်းမှ ပြိုင်ဘက်ဂိုဏ်းနှစ်ဖွဲ့တို့အကြား လုံးထွေးသတ်ပုတ်ကြရာမှ စတင်ဖြစ်ပွားကြောင်း သိရှိရသည်။

ဆိုရောင်းမြို့သည် သြတေးလျနိုင်ငံ မြောက်ဘက် ပါပူအာကျွန်းပေါ်တွင် တည်ရှိပြီး အင်ဒိုနီးရှားနိုင်ငံအတွင်း ကျရောက်သည်။ ၎င်းကျွန်း၏ အရှေ့ပိုင်းမှာ ပါပူအာနယူးဂီနီဖြစ်ပြီး သီးခြား အချုပ်အခြာအာဏာပိုင်နိုင်ငံ ဖြစ်သည်။ ၁၈ ရာစုတွင် ပေါ်တူဂီကုန်သည်တို့ စတင်တွေ့ရှိခဲ့သည့်ကျွန်းမှာ ၁၈၈၄ ခုနှစ်တွင် ဂျာမန်တို့ သိမ်းယူ၍ ဂျာမန်နယူးဂီနီဟု အမည်တွင်ခဲ့သည်။ ပထမကမ္ဘာစစ်တွင် ဂျာမန်တို့ စစ်ရှုံး၍ သြစတြေးလျက သိမ်းယူခဲ့ပြီး နိုင်ငံပေါင်းချုပ်အသင်းကြီး၏ အစီအစဉ်ဖြင့် သြစတြေးလျနိုင်ငံက အုပ်ချုပ်သည်။ ၁၈၈၈ ခုနှစ်တွင် ဗြိတိသျှထိန်းသိမ်းခံ နိုင်ငံဖြစ်လာပြီး ဒုတိယကမ္ဘာစစ်၌ ဂျပန်တို့၏လက်တွင်း ကျရောက်ခဲ့ရပြန်သည်။ ၁၉၇၅ ခုနှစ်တွင် ဗြိတိသျှဘုရင်မကြီး အယ်လိဇဘက်၏ လွတ်လပ်သော ဓနသဟာယ အဖွဲ့ဝင် နိုင်ငံဖြစ်ခဲ့သည်။ လူဦးရေ ၇ သန်းမျှသာရှိသော်လည်း ကမ္ဘာပေါ်တွင် ယဉ်ကျေးမှုအမျိုးအစားကွဲပြားမှု အများဆုံးနိုင်ငံဖြစ်ပြီး ဒေသသုံး ဘာသာစကား ၈၄၈ မျိုးရှိသည်။ ပစိဖိတ်သမုဒ္ဒရာအတွင်း တည်ရှိသည့် ကျွန်း၏ အနောက်ဘက်ခြမ်းမှာ ယခုသတင်းပါ အင်ဒိုနီးရှားနိုင်ငံအတွင်း၌ ဖြစ်သည်။

Zawgyi Version
လူငယ္ဂိုဏ္းၿပိဳင္ဘက္ႏွစ္ခုေၾကာင့္ KTV ဘား မီးေလာင္၍ ၁၉ ဦး ထက္မနည္း ေသဆုံး
Htay Oung (NP News) - ဇန္နဝါရီ ၂၅
ဇန္နဝါရီလ ၂၅ ရက္ေန႔တြင္ အင္ဒိုနီးရွားႏိုင္ငံ အေနာက္ပါပူအာျပည္နယ္ ဆိုေရာင္းၿမိဳရွိ KTV ဘားတစ္ခု၌ ေဒသတြင္း လူငယ္ဂိုဏ္း ၿပိဳင္ဘက္ အုပ္စုႏွစ္စုအၾကား ခိုက္ရန္ျဖစ္ပြားၿပီးေနာက္ မီးေလာင္ကြၽမ္းမႈျဖစ္ပြားခဲ့ရာ လူ ၁၉ ဦး ထက္မနည္း ေသဆုံးခဲ့ေၾကာင္း ရဲတပ္ဖြဲ႕ေျပာေရးဆိုခြင့္ရွိသူ ထံမွ သိရွိရသည္ဟု Reuters ၏ သတင္းကို CNN က ေဖာ္ျပသည္။

အဂၤါ(ယေန႔) နံနက္ေစာေစာပိုင္း ရန္ပြဲအတြင္း လူတစ္ဦး ေသလုေမ်ာပါးျဖစ္ေအာင္ ဓားျဖင့္ထိုးခံရသည့္ အခင္းျဖစ္ပြားရာ Double O ႏိုက္ကလပ္တြင္ မီးေလာင္မႈမျဖစ္ပြားမီ လူ ၁၈ ဦး ပိတ္မိေနေၾကာင္း ရဲအရာရွိတစ္ဦးက ေျပာ ၾကားသည္။ ၿမိဳ႕ႀကီးမ်ား၌ လူငယ္တို႔အၾကား ခိုက္ရန္ျဖစ္ပြားမႈမ်ားမွာ ပုံမွန္လိုလို ရွိတတ္ေသာ္လည္း အေသအေပ်ာက္မ်ားစြာ ျဖစ္ခဲ့ရသည့္ ယခုကိစၥမွာ ပထမဆုံးျဖစ္ေၾကာင္း၊ ဆိုေရာင္းၿမိဳ႕ရွိ ေဖ်ာ္ေျဖေရးအေဆာက္အအုံ၌ ေၾကာက္မက္ဖြယ္ လူေသဆုံးမႈကို အေသးစိတ္ စုံစမ္းစစ္ေဆးလွ်က္ရွိၿပီး ေသဆုံးသူအေရအတြက္ ထပ္မံတိုးလာျခင္း ရွိ-မရွိ ရွင္းလင္းစြာ မသိရေသးေၾကာင္း အေနာက္ပါပူအာ ရဲတပ္ဖြဲ႕၏ ေျပာေရးဆိုခြင့္ရွိသူက Metro TV သို႔ ရွင္းျပသည္။ အင္ဒိုနီးရွား အမ်ိဳးသားရဲတပ္ဖြဲ႕၏ ေျပာေရးဆိုခြင့္ရွိသူက သီးျခား ေျပာဆိုရာတြင္မူ အိမ္နီးခ်င္း မာလူကူကြၽန္းမွ ၿပိဳင္ဘက္ဂိုဏ္းႏွစ္ဖြဲ႕တို႔အၾကား လုံးေထြးသတ္ပုတ္ၾကရာမွ စတင္ျဖစ္ပြားေၾကာင္း သိရွိရသည္။

ဆိုေရာင္းၿမိဳ႕သည္ ၾသေတးလ်ႏိုင္ငံ ေျမာက္ဘက္ ပါပူအာကြၽန္းေပၚတြင္ တည္ရွိၿပီး အင္ဒိုနီးရွားႏိုင္ငံအတြင္း က်ေရာက္သည္။ ၎ကြၽန္း၏ အေရွ႕ပိုင္းမွာ ပါပူအာနယူးဂီနီျဖစ္ၿပီး သီးျခား အခ်ဳပ္အျခာအာဏာပိုင္ႏိုင္ငံ ျဖစ္သည္။ ၁၈ ရာစုတြင္ ေပၚတူဂီကုန္သည္တို႔ စတင္ေတြ႕ရွိခဲ့သည့္ကြၽန္းမွာ ၁၈၈၄ ခုႏွစ္တြင္ ဂ်ာမန္တို႔ သိမ္းယူ၍ ဂ်ာမန္နယူးဂီနီဟု အမည္တြင္ခဲ့သည္။ ပထမကမာၻစစ္တြင္ ဂ်ာမန္တို႔ စစ္ရႈံး၍ ၾသစေၾတးလ်က သိမ္းယူခဲ့ၿပီး ႏိုင္ငံေပါင္းခ်ဳပ္အသင္းႀကီး၏ အစီအစဥ္ျဖင့္ ၾသစေၾတးလ်ႏိုင္ငံက အုပ္ခ်ဳပ္သည္။ ၁၈၈၈ ခုႏွစ္တြင္ ၿဗိတိသွ်ထိန္းသိမ္းခံ ႏိုင္ငံျဖစ္လာၿပီး ဒုတိယကမာၻစစ္၌ ဂ်ပန္တို႔၏လက္တြင္း က်ေရာက္ခဲ့ရျပန္သည္။ ၁၉၇၅ ခုႏွစ္တြင္ ၿဗိတိသွ်ဘုရင္မႀကီး အယ္လိဇဘက္၏ လြတ္လပ္ေသာ ဓနသဟာယ အဖြဲ႕ဝင္ ႏိုင္ငံျဖစ္ခဲ့သည္။ လူဦးေရ ၇ သန္းမွ်သာရွိေသာ္လည္း ကမာၻေပၚတြင္ ယဥ္ေက်းမႈအမ်ိဳးအစားကြဲျပားမႈ အမ်ားဆုံးႏိုင္ငံျဖစ္ၿပီး ေဒသသုံး ဘာသာစကား ၈၄၈ မ်ိဳးရွိသည္။ ပစိဖိတ္သမုဒၵရာအတြင္း တည္ရွိသည့္ ကြၽန္း၏ အေနာက္ဘက္ျခမ္းမွာ ယခုသတင္းပါ အင္ဒိုနီးရွားႏိုင္ငံအတြင္း၌ ျဖစ္သည္။

Related news

© 2021. All rights reserved.