ဒုတိယမြောက် တစ်ကိုယ်တော်အယ်လ်ဘမ်ဖြင့် comeback လာတော့မည့် တောင်ကိုရီးယားအဆိုတော် Chanhyuk

 113

(NP News)-ဇူလိုင် ၄
တောင်ကိုရီးယားအမျိုးသားအဆိုတော် Chanhyuk သည် ၎င်း၏ ဒုတိယမြောက် တစ်ကိုယ်တော် အယ်လ်ဘမ် EROS ဖြင့် လာမည့်ဇူလိုင်လ (၁၄)ရက်တွင် comeback လာမည်ဖြစ်ကြောင်း သိရသည်။ ဇွန်လ(၃၀)ရက်တွင် YG Entertainment သည် ၎င်းတို့၏တရားဝင်ဆိုရှယ်မီဒီယာချန်နယ်များတွင် တင်ထားသော ‘‘EROS ANNOUNCE MENT’’ ဗီဒီယိုမှတစ်ဆင့် အဆိုပါသတင်းကို ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
YG Entertainment က ‘Chanhyuk ရဲ့ တစ်မူထူးခြားတဲ့ ထုတ်လုပ်မှုပုံစံသာမက သူ့ရဲ့ နူးညံ့သိမ်မွေ့တဲ့ ပုံစံတွေနဲ့ ဂီတဖန်တီးမှုတွေကို အားလုံးတွေ့မြင်ရတော့မှာပါ။ ဒီအယ်လ်ဘမ်အသစ်ဟာ အချိန်(၃)နှစ်အတွင်း Chanhyuk ရဲ့ ပထမဆုံးတစ် ကိုယ်တော်အယ်လ်ဘမ်ဖြစ်တာကြောင့် ကောင်းမွန်တဲ့ဖန်တီးမှုတစ်ခု ဖြစ်လာလိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်’ဟုထုတ်ပြန်ကြေညာခဲ့သည်။
Chanhyuk သည် AKMU အဖွဲ့၏ တစ်စိတ်တစ်ပိုင်းအဖြစ်သာမက ၎င်း၏တစ်ကိုယ် တော်အသက်မွေးဝမ်း ကြောင်းတွင်ပါ အောင်မြင်ကျော်ကြားသော သီချင်းများစွာဖြင့် ၎င်း၏အဆင့် အတန်းကို တည်ထောင်ထားသူတစ်ဦးဖြစ် ကြောင်း လည်းသိရသည်။ ထို့ပြင် ၎င်း၏ထူးခြားသောအတွေး အခေါ်များမှ ပေါ်ထွက်လာလေ့ရှိသော သီချင်းများသည် လူအများ၏အာရုံစိုက်မှုနှင့် ဝေဖန်မှုများကို ဆွဲဆောင်နိုင်ခဲ့ကြောင်းလည်းသိရသည်။
Pika (Ref : CNA)

Zawgyi Version:
ဒုတိယေျမာက္ တစ္ကိုယ္ေတာ္အယ္လ္ဘမ္ျဖင့္ comeback လာေတာ့မည့္ ေတာင္ကိုရီးယားအဆိုေတာ္ Chanhyuk
(NP News)-ဇူလိုင္ ၄
ေတာင္ကိုရီးယားအမ်ိဳးသားအဆိုေတာ္ Chanhyuk သည္ ၎၏ ဒုတိယေျမာက္ တစ္ကိုယ္ေတာ္ အယ္လ္ဘမ္ EROS ျဖင့္ လာမည့္ဇူလိုင္လ (၁၄)ရက္တြင္ comeback လာမည္ျဖစ္ေၾကာင္း သိရသည္။ ဇြန္လ(၃၀)ရက္တြင္ YG Entertainment သည္ ၎တို႔၏တရားဝင္ဆိုရွယ္မီဒီယာခ်န္နယ္မ်ားတြင္ တင္ထားေသာ ‘‘EROS ANNOUNCE MENT’’ ဗီဒီယိုမွတစ္ဆင့္ အဆိုပါသတင္းကို ထုတ္ျပန္ေၾကညာခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။
YG Entertainment က ‘Chanhyuk ရဲ႕ တစ္မူထူးျခားတဲ့ ထုတ္လုပ္မႈပုံစံသာမက သူ႔ရဲ႕ ႏူးညံ့သိမ္ေမြ႕တဲ့ ပုံစံေတြနဲ႔ ဂီတဖန္တီးမႈေတြကို အားလုံးေတြ႕ျမင္ရေတာ့မွာပါ။ ဒီအယ္လ္ဘမ္အသစ္ဟာ အခ်ိန္(၃)ႏွစ္အတြင္း Chanhyuk ရဲ႕ ပထမဆုံးတစ္ ကိုယ္ေတာ္အယ္လ္ဘမ္ျဖစ္တာေၾကာင့္ ေကာင္းမြန္တဲ့ဖန္တီးမႈတစ္ခု ျဖစ္လာလိမ့္မယ္လို႔ ကြၽန္ေတာ္တို႔ ေမွ်ာ္လင့္ပါတယ္’ဟုထုတ္ျပန္ေၾကညာခဲ့သည္။
Chanhyuk သည္ AKMU အဖြဲ႕၏ တစ္စိတ္တစ္ပိုင္းအျဖစ္သာမက ၎၏တစ္ကိုယ္ ေတာ္အသက္ေမြးဝမ္း ေၾကာင္းတြင္ပါ ေအာင္ျမင္ေက်ာ္ၾကားေသာ သီခ်င္းမ်ားစြာျဖင့္ ၎၏အဆင့္ အတန္းကို တည္ေထာင္ထားသူတစ္ဦးျဖစ္ ေၾကာင္း လည္းသိရသည္။ ထို႔ျပင္ ၎၏ထူးျခားေသာအေတြး အေခၚမ်ားမွ ေပၚထြက္လာေလ့ရွိေသာ သီခ်င္းမ်ားသည္ လူအမ်ား၏အာ႐ုံစိုက္မႈႏွင့္ ေဝဖန္မႈမ်ားကို ဆြဲေဆာင္ႏိုင္ခဲ့ေၾကာင္းလည္းသိရသည္။
Pika (Ref : CNA)

Related news

© 2021. All rights reserved.