စင်ကာပူမှာ ၂ဝ၂၁ ခုနှစ်က အရပ်ဘက်ကာကွယ်ရေးတပ်ဖွဲ့အတွက် (၆)နှစ်တာအတွင်း ကိုယ်ထိလက်ရောက် နှောင့်ယှက်ခံရမှု အများဆုံးနှစ်ဖြစ်နေ

 766

ရောင်နီ (NP News) - ဖေဖော်ဝါရီ ၄
စင်ကာပူမှာ ၂ဝ၂၁ ခုနှစ်က ပြီးခဲ့တဲ့ (၆) နှစ်အတွင်း အရပ်ဘက်ကာကွယ်ရေးအတွက် အများပြည်သူ ကိုယ်ထိ လက်ရောက်နှောင့်ယှက်ဖြစ်ပွားမှု အများဆုံးဖြစ်ပွားခဲ့တဲ့ နှစ်တစ်နှစ်ဖြစ်ကြောင်း စင်ကာပူ အရပ်ဘက်ကာကွယ် ရေးတပ်ဖွဲ့ (SCDF) က ၎င်းရဲ့စစ်တမ်းများအရ ပြောကြားခဲ့ပါတယ်။


ပြီးခဲ့တဲ့ ၂ဝ၂၁ ခုနှစ် တာဝန်ထမ်းဆောင်စဉ်အတွင်း နှုတ် (သို့မဟုတ်) ကိုယ်ထိလက်ရောက်နှောင့်ယှက်မှု (၂၉) မှုဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့က သောကြာနေ့ (ဖေဖော်ဝါရီ ၄ ရက်) မှာ ပြောကြားခဲ့ပါတယ်။

၂ဝ၁၆ မှ ၂ဝ၂၁ ခုနှစ်ထိအတွင်း တစ်နှစ်စီကို ပျှမ်းမျှနှောင့်ယှက်မှုအရေအတွက် (၂၁) ခုသာရှိခဲ့ရာမှ ၂ဝ၂ဝ ပြည်နှစ်မှ ၂ဝ၂၁ ခုနှစ်အထိအတွင်း ကိုယ်ထိလက်ရောက် အနိုင်ကျင့်နှောင့်ယှက်မှု (၁၂) ခု ထပ်တိုးလာခဲ့ တယ်လို့ ၎င်းကဆိုပါတယ်။

အဆိုပါဖြစ်ရပ်တွေအနက် Hight Light ပြထားတဲ့ အမှု (၃) မှုကတော့ ပြီးခဲ့တဲ့နှစ် ဧပြီလ (၂၅) ရက်နေ့က လူနာတစ်ဦးက လူနာတင်ယာဉ်အမှုထမ်းတစ်ဦးကို ကြမ်းတမ်းစွာထိုးနှက်ခဲ့ပြီး အခြားတစ်ဦးကို လက်ခလယ် ညွှန်ပြခဲ့မှုကြောင့် ထောင်ဒဏ်တစ်လနဲ့ (၃) ရက် ထောင်ကျခြင်း၊ ယမန်နှစ် မေလက လူနာတစ်ဦးဟာ လူနာတင် ယာဉ်အမှုထမ်းကိုအော်ဟစ်ကာ ဝမ်းဗိုက်ကို ကန်ပြီး အခြားအမှုထမ်းတစ်ဦးရဲ့လက်မောင်းကို ကုတ်ခြစ်ခဲ့မှု ကြောင့် ထောင်ဒဏ်ငါးလနဲ့တစ်ပတ် ချမှတ်ခံခဲ့ရခြင်း၊ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ(၂) ရက်နေ့က အခြားလူနာ တစ်ဦးမှ ရန်ငြိုးဖွဲ့ကာ လူနာတင်ယာဉ်အမှုထမ်းရဲ့မျက်နှာကို လက်သီးနဲ့ထိုးခဲ့မှုကြောင့် လူနာ လေးလ၊ နှစ်ပတ်နဲ့ သုံးရက် ထောင်ကျခဲ့ခြင်းတို့ ဖြစ်ပါတယ်။

SCDF ၏ အရေးပေါ်ဆေးဘက်ဆိုင်ရာ၊ ဝန်ဆောင်မှုများဆိုင်ရာ ဒါရိုက်တာ လက်ထောက်ကော်မရှင်နာ Yong Meng Wah က “ယေဘုယျအားဖြင့်တော့ ပြည်သူတွေဟာ ကျွန်ုပ်တို့ရဲ့အရေးပေါ်ကယ်ဆယ်ရေးသမားတွေရဲ့ နေ့စဉ်လုပ်ဆောင်ချက်တွေကို အလွန်တန်ဖိုးထားကြပါတယ်" "ကံမကောင်းစွာဖြင့်၊ ကျွန်ုပ်တို့ကိုနှုတ်ဖြင့် (သို့မဟုတ်) ရုပ်ပိုင်းဆိုင်ရာနဲ့နှောင့်ယှက်မယ့် လူနည်းစုလည်း ရှိပါတယ်" လို့ ဆိုခဲ့ပါတယ်။

အဆိုပါ လက်မခံနိုင်တဲ့ အပြုအမူများဟာ လူနာများရဲ့ ဆေးရုံအကြိုစောင့်ရှောက်စီမံခန့်ခွဲမှုအတွက် အတား အဆီးတစ်ခုဖြစ်နိုင်ပြီး လူနာများအတွက် ဆေးဘက်ဆိုင်ရာကုသမှုကို ဆိုးရွားစွာထိခိုက်စေနိုင်ကြောင်း၊ SCDF (အရေးပေါ်ဆေးဘက်ဆိုင်ရာဝန်ဆောင်မှုများ) ဟာ လူနာများအတွက် ဖြစ်နိုင်သမျှ အကောင်းဆုံးစောင့် ရှောက်မှုပေးဖို့ ကတိကဝတ်ပြုထားကြပေမယ့်လည်း၊ အရေးပေါ်တုံ့ပြန်သူများရဲ့နှောင့်ယှက်မှုပုံစံကို သည်းမခံ နိုင်တော့ဘဲ ရဲတိုင်ဖို့ တွန့်ဆုတ်နေတော့မှာ မဟုတ်ပါကြောင်း၊ အရေးပေါ်ဝန်ဆောင်မှုသမားတွေဟာ ပြည်သူ တွေရဲ့အသက်နဲ့ ပစ္စည်းဥစ္စာများကိုကာကွယ်စောင့်ရှောက်ရာမှာ အတတ်နိုင်ဆုံး ၎င်းတို့ရဲ့တာဝန်တွေကို ထမ်းဆောင်နိုင်တဲ့ ဘေးကင်းတဲ့ပတ်ဝန်းကျင်တွေမှာသာ အလုပ်လုပ်ဖို့ထိုက်တန်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားခဲ့ပါတယ်။

Zawgyi Version;
စင္ကာပူမွာ ၂ဝ၂၁ ခုႏွစ္္က အရပ္ဘက္ကာကြယ္ေရးတပ္ဖြဲ႕အတြက္ (၆)ႏွစ္တာအတြင္း ကိုယ္ထိလက္ေရာက္ ေႏွာင့္ယွက္ခံရမႈ အမ်ားဆုံးႏွစ္ျဖစ္ေန
ေရာင္နီ (NP News) - ေဖေဖာ္ဝါရီ ၄
စင္ကာပူမွာ ၂ဝ၂၁ ခုႏွစ္က ၿပီးခဲ့တဲ့ (၆) ႏွစ္အတြင္း အရပ္ဘက္ကာကြယ္ေရးအတြက္ အမ်ားျပည္သူ ကိုယ္ထိ လက္ေရာက္ေႏွာင့္ယွက္ျဖစ္ပြားမႈ အမ်ားဆုံးျဖစ္ပြားခဲ့တဲ့ ႏွစ္တစ္ႏွစ္ျဖစ္ေၾကာင္း စင္ကာပူ အရပ္ဘက္ကာကြယ္ ေရးတပ္ဖြဲ႕ (SCDF) က ၎ရဲ႕စစ္တမ္းမ်ားအရ ေျပာၾကားခဲ့ပါတယ္။


ၿပီးခဲ့တဲ့ ၂ဝ၂၁ ခုႏွစ္ တာဝန္ထမ္းေဆာင္စဥ္အတြင္း ႏႈတ္ (သို႔မဟုတ္) ကိုယ္ထိလက္ေရာက္ေႏွာင့္ယွက္မႈ (၂၉) မႈျဖစ္ပြားခဲ့ေၾကာင္း ရဲတပ္ဖြဲ႕က ေသာၾကာေန႔ (ေဖေဖာ္ဝါရီ ၄ ရက္) မွာ ေျပာၾကားခဲ့ပါတယ္။

၂ဝ၁၆ မွ ၂ဝ၂၁ ခုႏွစ္ထိအတြင္း တစ္ႏွစ္စီကို ပွ်မ္းမွ်ေႏွာင့္ယွက္မႈအေရအတြက္ (၂၁) ခုသာရွိခဲ့ရာမွ ၂ဝ၂ဝ ျပည္ႏွစ္မွ ၂ဝ၂၁ ခုႏွစ္အထိအတြင္း ကိုယ္ထိလက္ေရာက္ အႏိုင္က်င့္ေႏွာင့္ယွက္မႈ (၁၂) ခု ထပ္တိုးလာခဲ့ တယ္လို႔ ၎ကဆိုပါတယ္။

အဆိုပါျဖစ္ရပ္ေတြအနက္ Hight Light ျပထားတဲ့ အမႈ (၃) မႈကေတာ့ ၿပီးခဲ့တဲ့ႏွစ္ ဧၿပီလ (၂၅) ရက္ေန႔က လူနာတစ္ဦးက လူနာတင္ယာဥ္အမႈထမ္းတစ္ဦးကို ၾကမ္းတမ္းစြာထိုးႏွက္ခဲ့ၿပီး အျခားတစ္ဦးကို လက္ခလယ္ ၫႊန္ျပခဲ့မႈေၾကာင့္ ေထာင္ဒဏ္တစ္လနဲ႔ (၃) ရက္ ေထာင္က်ျခင္း၊ ယမန္ႏွစ္ ေမလက လူနာတစ္ဦးဟာ လူနာတင္ ယာဥ္အမႈထမ္းကိုေအာ္ဟစ္ကာ ဝမ္းဗိုက္ကို ကန္ၿပီး အျခားအမႈထမ္းတစ္ဦးရဲ႕လက္ေမာင္းကို ကုတ္ျခစ္ခဲ့မႈ ေၾကာင့္ ေထာင္ဒဏ္ငါးလနဲ႔တစ္ပတ္ ခ်မွတ္ခံခဲ့ရျခင္း၊ ၿပီးခဲ့တဲ့ႏွစ္ ေအာက္တိုဘာလ(၂) ရက္ေန႔က အျခားလူနာ တစ္ဦးမွ ရန္ၿငိဳးဖြဲ႕ကာ လူနာတင္ယာဥ္အမႈထမ္းရဲ႕မ်က္ႏွာကို လက္သီးနဲ႔ထိုးခဲ့မႈေၾကာင့္ လူနာ ေလးလ၊ ႏွစ္ပတ္နဲ႔ သုံးရက္ ေထာင္က်ခဲ့ျခင္းတို႔ ျဖစ္ပါတယ္။

SCDF ၏ အေရးေပၚေဆးဘက္ဆိုင္ရာ၊ ဝန္ေဆာင္မႈမ်ားဆိုင္ရာ ဒါ႐ိုက္တာ လက္ေထာက္ေကာ္မရွင္နာ Yong Meng Wah က “ေယဘုယ်အားျဖင့္ေတာ့ ျပည္သူေတြဟာ ကြၽႏ္ုပ္တို႔ရဲ႕အေရးေပၚကယ္ဆယ္ေရးသမားေတြရဲ႕ ေန႔စဥ္လုပ္ေဆာင္ခ်က္ေတြကို အလြန္တန္ဖိုးထားၾကပါတယ္" "ကံမေကာင္းစြာျဖင့္၊ ကြၽႏ္ုပ္တို႔ကိုႏႈတ္ျဖင့္ (သို႔မဟုတ္) ႐ုပ္ပိုင္းဆိုင္ရာနဲ႔ေႏွာင့္ယွက္မယ့္ လူနည္းစုလည္း ရွိပါတယ္" လို႔ ဆိုခဲ့ပါတယ္။

အဆိုပါ လက္မခံႏိုင္တဲ့ အျပဳအမူမ်ားဟာ လူနာမ်ားရဲ႕ ေဆး႐ုံအႀကိဳေစာင့္ေရွာက္စီမံခန႔္ခြဲမႈအတြက္ အတား အဆီးတစ္ခုျဖစ္ႏိုင္ၿပီး လူနာမ်ားအတြက္ ေဆးဘက္ဆိုင္ရာကုသမႈကို ဆိုး႐ြားစြာထိခိုက္ေစႏိုင္ေၾကာင္း၊ SCDF (အေရးေပၚေဆးဘက္ဆိုင္ရာဝန္ေဆာင္မႈမ်ား) ဟာ လူနာမ်ားအတြက္ ျဖစ္ႏိုင္သမွ် အေကာင္းဆုံးေစာင့္ ေရွာက္မႈေပးဖို႔ ကတိကဝတ္ျပဳထားၾကေပမယ့္လည္း၊ အေရးေပၚတုံ႔ျပန္သူမ်ားရဲ႕ေႏွာင့္ယွက္မႈပုံစံကို သည္းမခံ ႏိုင္ေတာ့ဘဲ ရဲတိုင္ဖို႔ တြန႔္ဆုတ္ေနေတာ့မွာ မဟုတ္ပါေၾကာင္း၊ အေရးေပၚဝန္ေဆာင္မႈသမားေတြဟာ ျပည္သူ ေတြရဲ႕အသက္နဲ႔ ပစၥည္းဥစၥာမ်ားကိုကာကြယ္ေစာင့္ေရွာက္ရာမွာ အတတ္ႏိုင္ဆုံး ၎တို႔ရဲ႕တာဝန္ေတြကို ထမ္းေဆာင္ႏိုင္တဲ့ ေဘးကင္းတဲ့ပတ္ဝန္းက်င္ေတြမွာသာ အလုပ္လုပ္ဖို႔ထိုက္တန္ေၾကာင္း ၎က ထပ္ေလာင္း ေျပာၾကားခဲ့ပါတယ္။

Related news

© 2021. All rights reserved.