ကိုရီးယား Zombie စီးရီး All Of Us Are Dead ဟာ ကမ္ဘာလုံးဆိုင်ရာထိပ်တန်း Netflix စာရင်းမှာ ပါဝင်လာ

1184

ရောင်နီ (NP News) - ဖေဖော်ဝါရီ ၄
Netflix မှတစ်ဆင့် ကမ္ဘာတစ်ဝန်းရေပန်းစားနေတဲ့ တောင်ကိုရီးယား သည်းထိတ်ရင်ဖို ဖုတ်ကောင် ဒရမ်မာ စီးရီးရုပ်ရှင် "All Of Us Are Dead" ဟာ ဇန်နဝါရီ (၂၄) ရက်မှ ဇန်နဝါရီ (၃ဝ) ရက်အထိ သီတင်းပတ်အတွင်း ကြည့်ရှုသူ (၁၂၄ ဒသမ ၇၉) သန်းနဲ့ အင်္ဂလိပ်မဟုတ်တဲ့ ဘာသာစကား ထိပ်တန်း TV ဇာတ်ကားထိပ်ဆုံး(၁ဝ) နိုင်ငံစာရင်းမှာ ပါဝင်ခဲ့ပါတယ်။
"All Of Us Are Dead" ဟာ စင်္ကာပူ၊ တောင်ကိုရီးယား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နဲ့ ဂျပန်အပါအဝင် နိုင်ငံအများအပြားမှာ နံပါတ်တစ် တီဗီရှိုးဖြစ်လာခဲ့ပြီး US နဲ့ UK မှာ Top-10 စာရင်းဝင် စီးရီးတစ်ခု ဖြစ်လာခဲ့ပါတ ယ်။ အဆိုပါဇာတ်ကားဟာ အောင်မြင်မှုကြီးစွာရခဲ့တဲ့ Squid Game၊ Hellbound နဲ့ The Silent Sea ပြီးနောက် Netflix ရဲ့အပတ်စဉ် World List မှာ ထိပ်ဆုံးနေရာသို့ရောက်ရှိခဲ့တဲ့ စတုတ္ထမြောက်ကိုရီးယားစီးရီး ဖြစ်လာခဲ့ပါ တယ်။
"All Of Us Are Dead" ဟာ အခြားဖုတ်ကောင် ဇာတ်လမ်းပုံစံတွေနဲ့ ကွဲထွက်နေပြီး အထက်တန်းကျောင်း တစ်ကျောင်းမှ ဖုတ်ကောင်ဗိုင်းရပ်စ် စတင်ပေါက်ပွားလာပုံကို ဇာတ်အိမ်တည်ပြီး ကျောင်းထဲမှာပိတ်မိနေတဲ့ ကျောင်းသားများရဲ့အသက်ရှင်သန်ရေးကြိုးပမ်းမှုကို ရိုက်ကူးထားတာဖြစ်ပါတယ်။
အဆိုပါကိုရိးယားဒရမ်မာစီးရီးဟာ အမှန်တကယ်ဖြစ်နိုင်ခြေအရှိဆုံး ဇာတ်ကွက်ပုံစံများနဲ့ရှင်သန်နိုင်ဖို့ ကြိုးပမ်းမှု များကြား သစ္စာဖောက်မှု၊ ချစ်ကြည်ရင်းနှီးမှုအကြောင်းကို လှလှပပပုံဖော်ရိုက်ကူးထားတာဖြစ်ပါတယ်။၏
သည်းထိတ်ရင်ဖိုဇာတ်ကားမှာ အပိုင်း (၁၂) ပိုင်း ပါဝင်ပြီး ဒါရိုက်တာ Lee Jae-kyoo ရိုက်ကူးကာ Lee Yoo-mi၊ Park Ji-hu၊ Yoon Chan-young၊ Cho Yi-hyun၊ Park Solomon၊ Yoo In-soo၊ Kim Byung-chul၊ Lee Kyu-hyung နဲ့ Jeon Bae-soo တို့က ပါဝင်သရုပ်ဆောင်ထားကြတာဖြစ်ပါတယ်။
Netflix ရဲ့ ကြည့်ရှုမှု အများဆုံးဇာတ်ကားဖြစ်လာခဲ့တဲ့ Squid Game ဇာတ်လမ်းတွဲရဲ့ကျော်ကြားမှုနဲ့အတူ ကမ္ဘာတစ်ဝန်း ကိုရီးယားဇာတ်လမ်းတွဲများ ပိုမိုရေပန်းစားလာခဲ့ပြီး Player 001 ဖြစ်တဲ့ O Yeung-su ဟာ အကောင်းဆုံးဇာတ်ပို့ဆု အပါအဝင် ဆုတံဆိပ်များစွာကို ရရှိခဲ့ပါတယ်။

Zawgyi Version;
ကိုရီးယား Zombie စီးရီး All Of Us Are Dead ဟာ ကမာၻလုံးဆိုင္ရာထိပ္တန္း Netflix စာရင္းမွာ ပါဝင္လာ
ေရာင္နီ (NP News) - ေဖေဖာ္ဝါရီ ၄
Netflix မွတစ္ဆင့္ ကမာၻတစ္ဝန္းေရပန္းစားေနတဲ့ ေတာင္ကိုရီးယား သည္းထိတ္ရင္ဖို ဖုတ္ေကာင္ ဒရမ္မာ စီးရီး႐ုပ္ရွင္ "All Of Us Are Dead" ဟာ ဇန္နဝါရီ (၂၄) ရက္မွ ဇန္နဝါရီ (၃ဝ) ရက္အထိ သီတင္းပတ္အတြင္း ၾကည့္ရႈသူ (၁၂၄ ဒသမ ၇၉) သန္းနဲ႔ အဂၤလိပ္မဟုတ္တဲ့ ဘာသာစကား ထိပ္တန္း TV ဇာတ္ကားထိပ္ဆံုး(၁ဝ) ႏိုင္ငံစာရင္းမွာ ပါဝင္ခဲ့ပါတယ္။
"All Of Us Are Dead" ဟာ စကၤာပူ၊ ေတာင္ကိုရီးယား၊ အင္ဒိုနီးရွား၊ ဖိလစ္ပိုင္နဲ႔ ဂ်ပန္အပါအဝင္ ႏိုင္ငံအမ်ားအျပားမွာ နံပါတ္တစ္ တီဗီရႈိးျဖစ္လာခဲ့ၿပီး US နဲ႔ UK မွာ Top-10 စာရင္းဝင္ စီးရီးတစ္ခု ျဖစ္လာခဲ့ပါတ ယ္။ အဆိုပါဇာတ္ကားဟာ ေအာင္ျမင္မႈႀကီးစြာရခဲ့တဲ့ Squid Game၊ Hellbound နဲ႔ The Silent Sea ၿပီးေနာက္ Netflix ရဲ႕အပတ္စဥ္ World List မွာ ထိပ္ဆုံးေနရာသို႔ေရာက္ရွိခဲ့တဲ့ စတုတၳေျမာက္ကိုရီးယားစီးရီး ျဖစ္လာခဲ့ပါ တယ္။
"All Of Us Are Dead" ဟာ အျခားဖုတ္ေကာင္ ဇာတ္လမ္းပံုစံေတြနဲ႔ ကြဲထြက္ေနၿပီး အထက္တန္းေက်ာင္း တစ္ေက်ာင္းမွ ဖုတ္ေကာင္ဗိုင္းရပ္စ္ စတင္ေပါက္ပြားလာပံုကို ဇာတ္အိမ္တည္ၿပီး ေက်ာင္းထဲမွာပိတ္မိေနတဲ့ ေက်ာင္းသားမ်ားရဲ႕အသက္ရွင္သန္ေရးႀကိဳးပမ္းမႈကို ရိုက္ကူးထားတာျဖစ္ပါတယ္။
အဆိုပါကိုရိးယားဒရမ္မာစီးရီးဟာ အမွန္တကယ္ျဖစ္ႏိုင္ေျခအရွိဆုံး ဇာတ္ကြက္ပံုစံမ်ားနဲ႔ရွင္သန္ႏိုင္ဖို႔ ႀကိဳးပမ္းမႈ မ်ားၾကား သစၥာေဖာက္မႈ၊ ခ်စ္ၾကည္ရင္းႏွီးမႈအေၾကာင္းကို လွလွပပပံုေဖာ္ရိုက္ကူးထားတာျဖစ္ပါတယ္။၏
သည္းထိတ္ရင္ဖိုဇာတ္ကားမွာ အပိုင္း (၁၂) ပိုင္း ပါဝင္ၿပီး ဒါရိုက္တာ Lee Jae-kyoo ရိုက္ကူးကာ Lee Yoo-mi၊ Park Ji-hu၊ Yoon Chan-young၊ Cho Yi-hyun၊ Park Solomon၊ Yoo In-soo၊ Kim Byung-chul၊ Lee Kyu-hyung နဲ႔ Jeon Bae-soo တို႔က ပါဝင္သရုပ္ေဆာင္ထားၾကတာျဖစ္ပါတယ္။
Netflix ရဲ႕ ၾကည့္ရႈမႈ အမ်ားဆံုးဇာတ္ကားျဖစ္လာခဲ့တဲ့ Squid Game ဇာတ္လမ္းတြဲရဲ႕ေက်ာ္ၾကားမႈနဲ႔အတူ ကမာၻတစ္ဝန္း ကိုရီးယားဇာတ္လမ္းတြဲမ်ား ပိုမိုေရပန္းစားလာခဲ့ၿပီး Player 001 ျဖစ္တဲ့ O Yeung-su ဟာ အေကာင္းဆုံးဇာတ္ပို႔ဆု အပါအဝင္ ဆုတံဆိပ္မ်ားစြာကို ရရွိခဲ့ပါတယ္။