ဂျပန်၊ ကိုရီးယားနှင့် စင်္ကာပူနိုင်ငံတို့က မြန်မာအလုပ်သမားများကို ပုံမှန်ခေါ်ယူလျက်ရှိဟုဆို
964
မျိုးကြီး (NP News)- ဖေဖော်ဝါရီ ၈
ဂျပန်၊ ကိုရီးယားနှင့် စင်္ကာပူနိုင်ငံတို့က မြန်မာအလုပ် သမားများကို ပုံမှန်ခေါ်ယူလျက်ရှိကြောင်း အလုပ်သ မားဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်ဦးညွန့်ဝင်းက NP News ကိုပြောကြားသည်။
"ဂျပန်ကလည်း ခေါ်ပါတယ်။ အလုပ်သင်၊ ပညာ တော်သင်အဖြစ်နဲ့ ဂျပန်ကိုလည်းကျွန်တော်တို့ တောက်လျှောက်လွှတ်နေတယ်။ ကိုရီးယားလည်း ကျွန်တော်တို့ Re-entry ပေါ့။ နဂိုအလုပ်သမားဟောင်းတွေ သွားတာလည်းရှိသလို အစိုးရအေဂျင်စီကနေတစ်ဆင့် ဟိုဘက်က Demand ရတဲ့အပေါ် မူတည်ပြီးတော့ အလုပ်သမားအသစ်တွေလည်း ကိုရီးယားကို လွှတ်နေတယ်။ နောက်စင်္ကာပူလွှတ်တယ်။ စင်္ကာပူလည်း Demand ကောင်းပါတယ်ဗျ။ သူလည်း အပေါ်ပိုင်း နည်းပညာရှင် level လည်း ကျွန်တော်တို့ လွှတ်နေတယ်။ အောက်ခြေ အလုပ် သမားတွေလည်း လွှတ်နေတယ်။ မလေးရှားဘက်က လောလောဆယ်ဒီကာလတွေမှာ တုံ့နေတယ်" ဟု အလုပ်သမားဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်ဦး
ညွန့်ဝင်းက ပြောကြားသည်။
တောင်ကိုရီးယားနိုင်ငံသည် ၎င်းနိုင်ငံအတွင်း ကိုဗစ်ကူးစက်ရောဂါပြန့်ပွားခြင်းကို ထိန်းချုပ်နိုင်ရန်အတွက် ၂ဝ၂ဝ ခုနှစ် ဇွန်လမှစ၍ ပြည်ဝင်ခွင့်ပိတ်ပင်ထားပြီးနောက်ပိုင်းတွင် ၂ဝ၂၁ ခုနှစ် ဒီဇင်ဘာလအ တွင်း၌ မြန်မာလုပ်သားများကို နှစ်နိုင်ငံညှိနှိုင်းမှုများဖြင့် ပြန်လည်ခေါ်ယူလျက်ရှိသည်။
တောင်ကိုရီးယားနိုင်ငံသို့ မြန်မာနိုင်ငံမှ Re Entry လုပ်သားများအပါအဝင် စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်သားအဖြစ် အသစ်ဝင်ရောက်လုပ်ကိုင်မည့် လုပ်သားများ စုစုပေါင်း ၂ဝဝ ခန့်ပြန်လည်စေလွှတ်ထားကြောင်း သိရသည်။
ဆက်လက်ပြီး အမြဲတမ်းအတွင်းဝန်ဦးညွန့်ဝင်းက "စင်္ကာပူလွှတ်နေတယ်။ ကိုရီးယားလွှတ်တယ်။ ဂျပန်လွှတ်တယ်။ အဲဒီဘက်ကတော့သိပ်လျှော့တယ်လည်းမပြောဘူး။ သိပ်များတယ်လည်းမပြောပေမယ့် ပုံမှန်နှုန်းထားလောက်ရှိပါတယ်။ အစိုးရအေဂျင်စီက ကိုရီးယားနဲ့လွှတ်တယ်။ ဂျပန်ကြတော့ နှစ်နိုင်ငံညှိ နှိုင်းမှုနဲ့အတူ private ကပဲလွှတ်တာပေါ့။ နှစ်နိုင်ငံ ညှိနှိုင်းထားမှုတော့ရှိတယ်ပေါ့" ဟုပြောကြားသည်။
ထို့ပြင် လက်ရှိကာလတွင် မြန်မာလုပ်သားများအနေ ဖြင့် အရှေ့အလယ်ပိုင်းနိုင်ငံများသို့ သွားရောက် အ လုပ်လုပ်ကိုင်နေမှုများလည်းရှိကြောင်းသိရသည်။
လတ်တလောတွင် ထိုင်းနိုင်ငံသို့ မြန်မာနိုင်ငံအလုပ် သမားများ တရားဝင်စေလွှတ်နိုင်ရေးအတွက်လည်း နှစ်နိုင်ငံဆွေးနွေးနေပြီး ရလာဒ်ကောင်းများရရှိထားကြောင်းလည်း သိရသည်။
zawgyi version
ဂ်ပန္၊ ကိုရီးယားႏွင့္ စကၤာပူႏိုင္ငံတို႔က ျမန္မာအလုပ္သမားမ်ားကို ပုံမွန္ေခၚယူလ်က္ရွိဟုဆို
မ်ိဳးႀကီး (NP News)- ေဖေဖာ္ဝါရီ ၈
ဂ်ပန္၊ ကိုရီးယားႏွင့္ စကၤာပူႏိုင္ငံတို႔က ျမန္မာအလုပ္ သမားမ်ားကို ပုံမွန္ေခၚယူလ်က္ရွိေၾကာင္း အလုပ္သ မားဝန္ႀကီးဌာနမွ အၿမဲတမ္းအတြင္းဝန္ဦးၫြန႔္ဝင္းက NP News ကိုေျပာၾကားသည္။
"ဂ်ပန္ကလည္း ေခၚပါတယ္။ အလုပ္သင္၊ ပညာ ေတာ္သင္အျဖစ္နဲ႔ ဂ်ပန္ကိုလည္းကြၽန္ေတာ္တို႔ ေတာက္ေလွ်ာက္လႊတ္ေနတယ္။ ကိုရီးယားလည္း ကြၽန္ေတာ္တို႔ Re-entry ေပါ့။ နဂိုအလုပ္သမားေဟာင္းေတြ သြားတာလည္းရွိသလို အစိုးရေအဂ်င္စီကေနတစ္ဆင့္ ဟိုဘက္က Demand ရတဲ့အေပၚ မူတည္ၿပီးေတာ့ အလုပ္သမားအသစ္ေတြလည္း ကိုရီးယားကို လႊတ္ေနတယ္။ ေနာက္စကၤာပူလႊတ္တယ္။ စကၤာပူလည္း Demand ေကာင္းပါတယ္ဗ်။ သူလည္း အေပၚပိုင္း နည္းပညာရွင္ level လည္း ကြၽန္ေတာ္တို႔ လႊတ္ေနတယ္။ ေအာက္ေျခ အလုပ္ သမားေတြလည္း လႊတ္ေနတယ္။ မေလးရွားဘက္က ေလာေလာဆယ္ဒီကာလေတြမွာ တုံ႔ေနတယ္" ဟု အလုပ္သမားဝန္ႀကီးဌာနမွ အၿမဲတမ္းအတြင္းဝန္ဦးၫြန႔္ဝင္းက ေျပာၾကားသည္။
ေတာင္ကိုရီးယားႏိုင္ငံသည္ ၎ႏိုင္ငံအတြင္း ကိုဗစ္ကူးစက္ေရာဂါျပန႔္ပြားျခင္းကို ထိန္းခ်ဳပ္ႏိုင္ရန္အတြက္ ၂ဝ၂ဝ ခုႏွစ္ ဇြန္လမွစ၍ ျပည္ဝင္ခြင့္ပိတ္ပင္ထားၿပီးေနာက္ပိုင္းတြင္ ၂ဝ၂၁ ခုႏွစ္ ဒီဇင္ဘာလအ တြင္း၌ ျမန္မာလုပ္သားမ်ားကို ႏွစ္ႏိုင္ငံညႇိႏႈိင္းမႈမ်ားျဖင့္ ျပန္လည္ေခၚယူလ်က္ရွိသည္။
ေတာင္ကိုရီးယားႏိုင္ငံသို႔ ျမန္မာႏိုင္ငံမွ Re Entry လုပ္သားမ်ားအပါအဝင္ စိုက္ပ်ိဳးေရးႏွင့္ေမြးျမဴေရးလုပ္သားအျဖစ္ အသစ္ဝင္ေရာက္လုပ္ကိုင္မည့္ လုပ္သားမ်ား စုစုေပါင္း ၂ဝဝ ခန႔္ျပန္လည္ေစလႊတ္ထားေၾကာင္း သိရသည္။
ဆက္လက္ၿပီး အၿမဲတမ္းအတြင္းဝန္ဦးၫြန႔္ဝင္းက "စကၤာပူလႊတ္ေနတယ္။ ကိုရီးယားလႊတ္တယ္။ ဂ်ပန္လႊတ္တယ္။ အဲဒီဘက္ကေတာ့သိပ္ေလွ်ာ့တယ္လည္းမေျပာဘူး။ သိပ္မ်ားတယ္လည္းမေျပာေပမယ့္ ပုံမွန္ႏႈန္းထားေလာက္ရွိပါတယ္။ အစိုးရေအဂ်င္စီက ကိုရီးယားနဲ႔လႊတ္တယ္။ ဂ်ပန္ၾကေတာ့ ႏွစ္ႏိုင္ငံညႇိ ႏႈိင္းမႈနဲ႔အတူ private ကပဲလႊတ္တာေပါ့။ ႏွစ္ႏိုင္ငံ ညႇိႏႈိင္းထားမႈေတာ့ရွိတယ္ေပါ့" ဟုေျပာၾကားသည္။
ထို႔ျပင္ လက္ရွိကာလတြင္ ျမန္မာလုပ္သားမ်ားအေန ျဖင့္ အေရွ႕အလယ္ပိုင္းႏိုင္ငံမ်ားသို႔ သြားေရာက္ အ လုပ္လုပ္ကိုင္ေနမႈမ်ားလည္းရွိေၾကာင္းသိရသည္။
လတ္တေလာတြင္ ထိုင္းႏိုင္ငံသို႔ ျမန္မာႏိုင္ငံအလုပ္ သမားမ်ား တရားဝင္ေစလႊတ္ႏိုင္ေရးအတြက္လည္း ႏွစ္ႏိုင္ငံေဆြးေႏြးေနၿပီး ရလာဒ္ေကာင္းမ်ားရရွိထားေၾကာင္းလည္း သိရသည္။