မုံရွာ-မန်းလေးလမ်းတွင် ကုန်ကားနှစ်စီးတိုက်မှုဖြစ်ပွားပြီး ၁ ဦးသေဆုံးကာ ၁ ဦးစိုးရိမ်ရသည့်အခြေအနေတွင်ရှိ

 1135

ဖူးပြည့် (NP News) - ဖေဖော်ဝါရီ ၁၁
မုံရွာ- မန်းလေးလမ်း နတ်ရေကန် ကျေးရွာအနီး ကုန်တင်ကားနှစ်စီး တိုက်မိ၍ ၁ ဦးသေဆုံးကာ ၂ ဦးဒဏ် ရာရရှိခဲ့ ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ မုံရွာမြို့ထံမှ သိရသည်။

အဆိုပါ ယာဉ်တိုက်မှုဖြစ်စဉ်ကို တာဝန်သိပြည်သူတစ်ဦးမှ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ မုံရွာမြို့ထံ ဖုန်းဆက်အကြောင်းကြားမှူအရ ကယ်ဆယ်ရေးယာဉ် (၁)စီး လူနာတင်ယာဉ်(၂)စီး ထွက်ခွာကာ သေဆုံးသူ တစ်ဦး ဒဏ်ရာရ လူနာနှစ်ဦးကို ချောင်းဦးဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

“ကားနှစ်စီးက မျက်နှာချင်းဆိုင်တိုက်မိတာ။ တစ်ဦးကတော့ အခင်းဖြစ်နေရာမှာတင် သေဆုံးခဲ့တယ်။ နှစ်ဦးကတော့ ဒဏ်ရာရခဲ့တယ်။ ဒဏ်ရာရတဲ့နှစ်ဦးထဲက တစ်ဦးကတော့ စိုးရိမ်ရတဲ့အခြေအနေမှာရှိတယ်”ဟု မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ မုံရွာမြို့မှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြော သည်။

မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ မုံရွာမြို့ အနေ ဖြင့် ကူညီကယ်ဆယ်မှုများကို ၂၄ နာရီမပြတ်ကူညီပေးလျက်ရှိပြီး ၂ဝ၂၂ ခုနှစ် ဇန်နဝါရီလအတွင်း စုစု ပေါင်း ၁၈၁ ကြိမ်ကူညီပေးခဲ့ကြောင်းသိရသည်။ ကူ ညီမှုများတွင် မြို့တွင်းကူညီမှု၊ မီးလောင်ပြင်ကူညီမှု၊ အက်ဆီးဒင့်၊ ကိုဗစ်-၁၉ ကူညီမှု၊ မုံရွာဆေးရုံမှ နယ်ပို့မှု စသည်တို့ပါဝင်ကြောင်းသိရသည်။

zawgyi version
ဖူးပြည့် (NP News) - ဖေဖော်ဝါရီ ၁၁

မုံရွာ- မန်းလေးလမ်း နတ်ရေကန် ကျေးရွာအနီး ကုန်တင်ကားနှစ်စီး တိုက်မိ၍ ၁ ဦးသေဆုံးကာ ၂ ဦးဒဏ် ရာရရှိခဲ့ ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ မုံရွာမြို့ထံမှ သိရသည်။

အဆိုပါ ယာဉ်တိုက်မှုဖြစ်စဉ်ကို တာဝန်သိပြည်သူတစ်ဦးမှ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ မုံရွာမြို့ထံ ဖုန်းဆက်အကြောင်းကြားမှူအရ ကယ်ဆယ်ရေးယာဉ် (၁)စီး လူနာတင်ယာဉ်(၂)စီး ထွက်ခွာကာ သေဆုံးသူ တစ်ဦး ဒဏ်ရာရ လူနာနှစ်ဦးကို ချောင်းဦးဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

“ကားနှစ်စီးက မျက်နှာချင်းဆိုင်တိုက်မိတာ။ တစ်ဦးကတော့ အခင်းဖြစ်နေရာမှာတင် သေဆုံးခဲ့တယ်။ နှစ်ဦးကတော့ ဒဏ်ရာရခဲ့တယ်။ ဒဏ်ရာရတဲ့နှစ်ဦးထဲက တစ်ဦးကတော့ စိုးရိမ်ရတဲ့အခြေအနေမှာရှိတယ်”ဟု မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ မုံရွာမြို့မှတာဝန် ရှိသူတစ်ဦးက NP News ကို ပြောသည်။

မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ မုံရွာမြို့ အနေ ဖြင့် ကူညီကယ်ဆယ်မှုများကို ၂၄ နာရီမပြတ်ကူညီပေးလျက်ရှိပြီး ၂ဝ၂၂ ခုနှစ် ဇန်နဝါရီလအတွင်း စုစု ပေါင်း ၁၈၁ ကြိမ်ကူညီပေးခဲ့ကြောင်းသိရသည်။ ကူ ညီမှုများတွင် မြို့တွင်းကူညီမှု၊ မီးလောင်ပြင်ကူညီမှု၊ အက်ဆီးဒင့်၊ ကိုဗစ်-၁၉ ကူညီမှု၊ မုံရွာဆေးရုံမှ နယ်ပို့မှု စသည်တို့ပါဝင်ကြောင်းသိရသည်။

Related news

© 2021. All rights reserved.