သွေးလွန်တုပ်ကွေးရောဂါပျံ့နှံ့မှုကိုတိုက်ဖျက်ရန်အတွက် ကမ္ဘာ့အကြီးဆုံး ခြင်စက်ရုံကို ဘရာဇီးတွင် ဖွင့်လှစ်

246

Pika (NP News) - အောက်တိုဘာ ၁၃
သွေးလွန်တုပ်ကွေးရောဂါပျံ့နှံ့မှုကို တိုက်ဖျက်ရန်ကြိုးပမ်းမှုအဖြစ် ဘရာဇီးနိုင်ငံတွင် သီတင်း တစ်ပတ်လျှင် ခြင်အကောင်ရေ သန်း(၁၉၀)နီးပါး ထုတ်လုပ်နိုင်သည့် ကမ္ဘာ့အကြီးဆုံးခြင်စက်ရုံကို မကြာသေးမီကဖွင့်လှစ်ခဲ့ကြောင်းသိရသည်။
ဘရာဇီးနိုင်ငံ Sao Paolo ပြည်နယ် Campinas မြူနီစီပယ်တွင်ရှိသော ကမ္ဘာ့အကြီးဆုံး ခြင် စက်ရုံသည် (၁၃၀ဝ)စတုရန်းမီတာကျယ်ဝန်းပြီး ခြင် အကောင်ရေသန်း (၂၀ဝ) နီးပါးကို မျိုးပွားရန် မလွှတ်မီ ရင့်ကျက်သည့်အဆင့်သို့ရောက်ရှိကြောင်းသေချာ စေရန်အတွက် ဝန်ထမ်းများက ဆက်တိုက် အလုပ်လုပ်နေလျက်ရှိကြောင်းသိရသည်။
လက်တွေ့တွင် အဆိုပါလုပ်ဆောင်မှုသည် သွေးလွန်တုပ်ကွေးရောဂါပျံ့နှံ့မှုကို ကာကွယ်ရန် ကောင်းမွန်စွာမှတ်တမ်းတင်ထားသည့် လုပ်ငန်းစဉ်၏ တစ်စိတ်တစ်ပိုင်းလည်းဖြစ်သည်။ အဆိုပါ စက်ရုံ အတွင်း ပေါက်ဖွားလာသော ခြင်မျိုးစိတ်များသည် ၎င်းတို့၏ခန္ဓာကိုယ်အတွင်း သွေးလွန်တုပ်ကွေး ဗိုင်း ရပ်စ်ပိုးမဖြစ်ပွားစေရန်နှင့် လူများသို့ကူးစက်ခြင်းမျိုး မရှိစေရန်တားဆီးပေးသည့် Wolbachia ဗက်တီးရီး ယားပိုးကူးစက်ခံထားရသည့် ခြင်မျိုးစိတ်များဖြစ်ကြောင်းလည်းသိရသည်။ ထို့ပြင် အဆိုပါ ခြင်မျိုးစိတ် များ မျိုးပွားသည့်အချိန်တွင် Wolbachia ဗက်တီး ရီးယားပိုးသည် ၎င်းတို့၏အကောင်ပေါက်များအထိ ကူးစက်သွားမည်ဖြစ်ကြောင်းသိရသည်။
ကမ္ဘာ့အကြီးဆုံး ခြင်စက်ရုံအတွင်းရှိ ခြင်ထုတ်လုပ်မှုသည် ပိုးကောင်များပေါက်ဖွားသည့် ထိန်း ညှိအပူချိန်တွင်ရှိသော ရေထည့်ထားသည့် ဘူးခွံထောင်ပေါင်းများစွာဖြင့် စတင်ခြင်းဖြစ်ကြောင်းသိရ သည်။ အကောင်ဖြစ်လာခဲ့ပြီးနောက် အဆိုပါ ခြင်မျိုးစိတ်များသည် လှောင်အိမ်များအတွင်း သီတင်းလေး ပတ်ကြာအောင်မျိုးပွားပြီး လှောင်အိမ်၏အောက်ခြေရှိ ဘူးခွံများတွင် ဥပေးကြကြောင်းသိရသည်။
Wolbachia နည်းလမ်းကို ကမ္ဘာတစ်ဝန်းရှိ အခြားနေရာများတွင် အောင်မြင်စွာအသုံးပြုနေပြီ ဖြစ်သော်လည်း ဘရာဇီးလ်သည် ယခင်က လုပ်ဆောင်ခဲ့ခြင်းမျိုးမရှိသောအတိုင်းအတာဖြင့် အဆိုပါ နည်းလမ်းကိုအသုံးပြုရန် မျှော်လင့်ထားကြောင်းသိရသည်။ ဘရာဇီးနိုင်ငံသည် (၂၀၂၄)ခုနှစ်တွင် သမိုင်း တစ်လျှောက် အဆိုးရွားဆုံး သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုကို ကြုံတွေ့ခဲ့ရပြီးနောက် ယင်းကဲ့သို့ လုပ်ဆောင်မှုများ ထွက်ပေါ်လာခြင်းဖြစ်သည်။

Zawgyi Version:
ေသြးလြန္တုပ္ေကြးေရာဂါပ်ံ႕ႏွံ႔မႈကိုတိုက္ဖ်က္ရန္အတြက္ ကမာၻ႔အႀကီးဆုံး ျခင္စက္႐ုံကို ဘရာဇီးတြင္ ဖြင့္လွစ္
Pika (NP News) - ေအာက္တိုဘာ ၁၃
ေသြးလြန္တုပ္ေကြးေရာဂါပ်ံ႕ႏွံ႔မႈကို တိုက္ဖ်က္ရန္ႀကိဳးပမ္းမႈအျဖစ္ ဘရာဇီးႏိုင္ငံတြင္ သီတင္း တစ္ပတ္လွ်င္ ျခင္အေကာင္ေရ သန္း(၁၉၀)နီးပါး ထုတ္လုပ္ႏိုင္သည့္ ကမာၻ႔အႀကီးဆုံးျခင္စက္႐ုံကို မၾကာေသးမီကဖြင့္လွစ္ခဲ့ေၾကာင္းသိရသည္။
ဘရာဇီးႏိုင္ငံ Sao Paolo ျပည္နယ္ Campinas ျမဴနီစီပယ္တြင္ရွိေသာ ကမာၻ႔အႀကီးဆုံး ျခင္ စက္႐ုံသည္ (၁၃၀ဝ)စတုရန္းမီတာက်ယ္ဝန္းၿပီး ျခင္ အေကာင္ေရသန္း (၂၀ဝ) နီးပါးကို မ်ိဳးပြားရန္ မလႊတ္မီ ရင့္က်က္သည့္အဆင့္သို႔ေရာက္ရွိေၾကာင္းေသခ်ာေစရန္အတြက္ ဝန္ထမ္းမ်ားက ဆက္တိုက္ အလုပ္လုပ္ေနလ်က္ရွိေၾကာင္းသိရသည္။
လက္ေတြ႕တြင္ အဆိုပါလုပ္ေဆာင္မႈသည္ ေသြးလြန္တုပ္ေကြးေရာဂါပ်ံ႕ႏွံ႔မႈကို ကာကြယ္ရန္ ေကာင္းမြန္စြာမွတ္တမ္းတင္ထားသည့္ လုပ္ငန္းစဥ္၏ တစ္စိတ္တစ္ပိုင္းလည္းျဖစ္သည္။ အဆိုပါ စက္႐ုံ အတြင္း ေပါက္ဖြားလာေသာ ျခင္မ်ိဳးစိတ္မ်ားသည္ ၎တို႔၏ ခႏၶာကိုယ္အတြင္း ေသြးလြန္တုပ္ေကြး ဗိုင္း ရပ္စ္ပိုးမျဖစ္ပြားေစရန္ႏွင့္ လူမ်ားသို႔ကူးစက္ျခင္းမ်ိဳး မရွိေစရန္တားဆီးေပးသည့္ Wolbachia ဗက္တီးရီးယားပိုးကူးစက္ခံထားရသည့္ ျခင္မ်ိဳးစိတ္မ်ားျဖစ္ေၾကာင္းလည္းသိရသည္။ ထို႔ျပင္ အဆိုပါ ျခင္မ်ိဳးစိတ္ မ်ား မ်ိဳးပြားသည့္အခ်ိန္တြင္ Wolbachia ဗက္တီး ရီးယားပိုးသည္ ၎တို႔၏အေကာင္ေပါက္မ်ားအထိ ကူးစက္သြားမည္ျဖစ္ေၾကာင္း သိရသည္။
ကမာၻ႔အႀကီးဆုံး ျခင္စက္႐ုံအတြင္းရွိ ျခင္ထုတ္လုပ္မႈသည္ ပိုးေကာင္မ်ားေပါက္ဖြားသည့္ ထိန္း ညႇိအပူခ်ိန္တြင္ရွိေသာ ေရထည့္ထားသည့္ ဘူးခြံေထာင္ေပါင္းမ်ားစြာျဖင့္ စတင္ျခင္းျဖစ္ေၾကာင္းသိရ သည္။ အေကာင္ျဖစ္လာခဲ့ၿပီးေနာက္ အဆိုပါ ျခင္မ်ိဳးစိတ္မ်ားသည္ ေလွာင္အိမ္မ်ားအတြင္း သီတင္းေလး ပတ္ၾကာေအာင္မ်ိဳးပြားၿပီး ေလွာင္အိမ္၏ေအာက္ေျခရွိ ဘူးခြံမ်ားတြင္ ဥေပးၾကေၾကာင္းသိရသည္။
Wolbachia နည္းလမ္းကို ကမာၻတစ္ဝန္းရွိ အျခားေနရာမ်ားတြင္ ေအာင္ျမင္စြာအသုံးျပဳေနၿပီ ျဖစ္ေသာ္လည္း ဘရာဇီးလ္သည္ ယခင္က လုပ္ေဆာင္ခဲ့ျခင္းမ်ိဳးမရွိေသာအတိုင္းအတာျဖင့္ အဆိုပါ နည္းလမ္းကိုအသုံးျပဳရန္ ေမွ်ာ္လင့္ထားေၾကာင္းသိရသည္။ ဘရာဇီးႏိုင္ငံသည္ (၂၀၂၄)ခုႏွစ္တြင္ သမိုင္းတစ္ေလွ်ာက္ အဆိုး႐ြားဆုံး ေသြးလြန္တုပ္ေကြးေရာဂါ ျဖစ္ပြားမႈကို ႀကဳံေတြ႕ခဲ့ရၿပီးေနာက္ ယင္းကဲ့သို႔ လုပ္ေဆာင္မႈမ်ား ထြက္ေပၚလာျခင္းျဖစ္သည္။