အိန္ဒိယနိုင်ငံမှာ ကလေးချောင်းဆိုးပျောက်ဆေး Coldrif ကြောင့် ကျောက်ကပ်ပျက်စီး သေဆုံးတဲ့ ကလေး ၂၂ ဦးထိရှိ

 456

ရောင်နီ (NP News) - အောက်တိုဘာ ၁ဝ
အိန္ဒိယနိုင်ငံမှာ ပြီးခဲ့တဲ့ လက Coldrif လို့ အမည်ရှိတဲ့ ကလေးချောင်းဆိုးပျောက်ဆေးကို သုံးစွဲပြီးနောက် ကျောက်ကပ်ဆိုင်ရာ ချို့ယွင်းမှုဖြစ်ကာ ကလေးငယ် ၂၂ ဦးထက်မနည်း သေဆုံးတယ်လို့ သိရပါတယ်။ ဒါကြောင့် အဆိုပါ ချောင်းဆိုးပျောက်ဆေး ကို အဆိပ်အဖြစ် ကြေညာခဲ့ပါတယ်။
မက်ဟ်ရာပရာဒက်ရှ်ပြည်နယ်၊ ချက်ဟင်ဒ်ဝါရာမှာ အဆိုပါဖြစ်ရပ်ဖြစ်ခဲ့တာဖြစ်ပြီး ကလေးတွေ သေဆုံးမှုဟာ Coldrif ချောင်းဆိုးပျောက်ဆေးရည် သောက်သုံးမှုနဲ့ဆက်စပ်တယ်လို့ တာဝန်ရှိသူတွေက ပြောကြားပါတယ်။ Coldrif ကို တမေးလ်နာဒူ အခြေစိုက် Sresan Pharmaceutical Manufacturer မှ ထုတ်လုပ်ထားတာဖြစ်ပြီး ကုမ္ပဏီကို လတ်တလော လိုင်စင် ရုပ်သိမ်းထားပါတယ်။ ဓာတ်ခွဲခန်းစမ်းသပ်မှုအရ ချောင်းဆိုးပျောက်ဆေးမှာ အဆိပ်အတောက်ဓာတ် ၄၈.၆ ရာခိုင်နှုန်း ပါဝင်တဲ့ diethylene glycol (DEG) တွေ့ရှိရပြီး အိန္ဒိယနဲ့ WHO မှ သတ်မှတ်ထားတဲ့ကန့်သတ်ချက် ၀.၁ ထက် ပိုညစ်ညမ်းနေတယ်လို့ ဆိုပါတယ်။ သေဆုံးမှုအားလုံးဟာ Coldrif နဲ့ ဆက်စပ်နေတယ်ဆိုပေမယ့် အခြား ကလေးချောင်းဆိုးပျောက်ဆေးတွေဖြစ်တဲ့ Respifresh TR နဲ့ ReLife ဆိုတဲ့ ချောင်းဆိုးပျောက်ဆေးနှစ်မျိုးကိုလည်း အသုံးပြုခြင်း ရှောင်ရှားကြဖို့ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့တွေက သုံးစွဲသူ တွေကို တောင်းဆိုထားပဒတယ်လို့ သိရပါတယ်။

Zawgyi Version:
အိႏၵိယႏိုင္ငံမွာ ကေလးေခ်ာင္းဆိုးေပ်ာက္ေဆး Coldrif ေၾကာင့္ ေက်ာက္ကပ္ပ်က္စီး ေသဆုံးတဲ့ ကေလး ၂၂ ဦးထိရွိ
ေရာင္နီ (NP News) - ေအာက္တိုဘာ ၁ဝ
အိႏၵိယႏိုင္ငံမွာ ၿပီးခဲ့တဲ့ လက Coldrif လို႔ အမည္ရွိတဲ့ ကေလးေခ်ာင္းဆိုးေပ်ာက္ေဆးကို သုံးစြဲၿပီးေနာက္ ေက်ာက္ကပ္ဆိုင္ရာ ခ်ိဳ႕ယြင္းမႈျဖစ္ကာ ကေလးငယ္ ၂၂ ဦးထက္မနည္း ေသဆုံးတယ္လို႔ သိရပါတယ္။ ဒါေၾကာင့္ အဆိုပါ ေခ်ာင္းဆိုးေပ်ာက္ေဆး ကို အဆိပ္အျဖစ္ ေၾကညာခဲ့ပါတယ္။
မက္ဟ္ရာပရာဒက္ရွ္ျပည္နယ္၊ ခ်က္ဟင္ဒ္ဝါရာမွာ အဆိုပါျဖစ္ရပ္ျဖစ္ခဲ့တာျဖစ္ၿပီး ကေလးေတြ ေသဆုံးမႈဟာ Coldrif ေခ်ာင္းဆိုးေပ်ာက္ေဆးရည္ ေသာက္သုံးမႈနဲ႔ဆက္စပ္တယ္လို႔ တာဝန္ရွိသူေတြက ေျပာၾကားပါတယ္။ Coldrif ကို တေမးလ္နာဒူ အေျခစိုက္ Sresan Pharmaceutical Manufacturer မွ ထုတ္လုပ္ထားတာျဖစ္ၿပီး ကုမၸဏီကို လတ္တေလာ လိုင္စင္ ႐ုပ္သိမ္းထားပါတယ္။ ဓာတ္ခြဲခန္းစမ္းသပ္မႈအရ ေခ်ာင္းဆိုးေပ်ာက္ေဆးမွာ အဆိပ္အေတာက္ဓာတ္ ၄၈.၆ ရာခိုင္ႏႈန္း ပါဝင္တဲ့ diethylene glycol (DEG) ေတြ႕ရွိရၿပီး အိႏၵိယနဲ႔ WHO မွ သတ္မွတ္ထားတဲ့ကန႔္သတ္ခ်က္ ၀.၁ ထက္ ပိုညစ္ညမ္းေနတယ္လို႔ ဆိုပါတယ္။ ေသဆုံးမႈအားလုံးဟာ Coldrif နဲ႔ ဆက္စပ္ေနတယ္ဆိုေပမယ့္ အျခား ကေလးေခ်ာင္းဆိုးေပ်ာက္ေဆးေတြျဖစ္တဲ့ Respifresh TR နဲ႔ ReLife ဆိုတဲ့ ေခ်ာင္းဆိုးေပ်ာက္ေဆးႏွစ္မ်ိဳးကိုလည္း အသုံးျပဳျခင္း ေရွာင္ရွားၾကဖို႔ စည္းကမ္းထိန္းသိမ္းေရးအဖြဲ႕ေတြက သုံးစြဲသူ ေတြကို ေတာင္းဆိုထားပဒတယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.