ဒါရိုက်တာစင်ရော်မောင်မောင် ကိုဗစ်ကပ်ရောဂါကူးစက်ခံရ၍ ဆေးရုံတက်ရောက်ကုသမှုခံယူနေ

 1088

မျိုးကြီး (NP News) - ဖေဖော်ဝါရီ ၁၉
မြန်မာ့ရုပ်ရှင်လောကတွင် အကယ်ဒမီများစွာရရှိထားသည့် ဒါရိုက်တာစင်ရော်မောင်မောင်သည်ကိုဗစ်ကပ်ရောဂါကူးစက်ခံရပြီး လက်ရှိတွင် ဆေးရုံတက်ရောက်ကုသမှုခံယူနေကြောင်း သတင်းရရှိသည်။

လက်ရှိတွင် ဒါရိုက်တာစင်ရော်မောင်မောင်သည် ရန်ကုန်ရှိ ဂျပန်ဆေးရုံကြီးတွင် တက်ရောက်ကုသမှုခံယူနေပြီး ဖျားခြင်း၊ မောပန်းခြင်း၊ အရသာပျက်ခြင်း လက္ခဏာများကို ခံစားရကြောင်း ၎င်း၏လူမှုကွန် ရက်စာမျက်နှာမှတဆင့် ဖေဖော်ဝါရီလ ၁၉ ရက်က အသိပေးပြောကြားထားသည်။

"အိုမီခရွန်ကပေါ့ပေါ့လေးပါဆိုပေမဲ့ ကျွန်တော်က တော့ ၂ ရက်လုံးတစ်ညလုံးတရေးတောင်အိပ်လို့မရပါဘူး။ လှိမ့်ခံရတယ်။ ၃ ရက်မြောက်တဲ့မနက်ကျမှအဖျားကကျသွားတယ်။ အဖျားကျသွားတယ်ဆိုတာတောင် ၁ဝဝ မှာတန်းခံနေတယ်။ Day 3 -အသံတွေလည်းပြောင်း၊ အရသာတွေလည်းပျက်၊ လူလည်းမော၊ အဆုတ်လည်းနည်းနည်းလေးထိသွားတယ်။Urid အက်စစ်များတယ်။ သွေးနဲနဲခဲတယ်။ သွေးကျဲဆေးထိုးတယ်။ Remdisivir ထိုးတယ်။ သွေးရည် ကြည်သွင်းတယ်။ နည်းနည်းမောတာပေါ့ဗျာ။ ဒီလိုပဲသူများတွေလိုပဲ day 7 ထိရအောင်ကျော်ဖြတ်ရမှာပေါ့" ဟု ဒါရိုက်တာစင်ရော်မောင်မောင်က ရေးသားထားသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ဒါရိုက်တာစင်ရော်မောင်မောင်၏ နေအိမ်၌နေထိုင်သည့် ၎င်း၏သားဖြစ်သူအပါအဝင် အိမ်သားများကိုဗစ်ရောဂါကူးစက်ခံခဲ့ရကြောင်း သိရသည်။

လက်ရှိတွင် မြန်မာတစ်နိုင်ငံလုံး၌ ကိုဗစ်ကပ်ရော ဂါကူးစက်မှု ပြန်လည်မြင့်တက်လျက်ရှိပြီး အထူးသဖြင့် ရန်ကုန်တိုင်းအတွင်း ကိုဗစ်ရောဂါကူးစက်မှုအများဆုံးဖြစ်ပွားနေကြောင်းသိရသည်။

zawgyi version
ဒါ႐ိုက္တာစင္ေရာ္ေမာင္ေမာင္ ကိုဗစ္ကပ္ေရာဂါကူးစက္ခံရ၍ ေဆး႐ုံတက္ေရာက္ကုသမႈခံယူေန
မ်ိဳးႀကီး (NP News) - ေဖေဖာ္ဝါရီ ၁၉

ျမန္မာ့႐ုပ္ရွင္ေလာကတြင္ အကယ္ဒမီမ်ားစြာရရွိထားသည့္ ဒါ႐ိုက္တာစင္ေရာ္ေမာင္ေမာင္သည္ကိုဗစ္ကပ္ေရာဂါကူးစက္ခံရၿပီး လက္ရွိတြင္ ေဆး႐ုံတက္ေရာက္ကုသမႈခံယူေနေၾကာင္း သတင္းရရွိသည္။

လက္ရွိတြင္ ဒါ႐ိုက္တာစင္ေရာ္ေမာင္ေမာင္သည္ ရန္ကုန္ရွိ ဂ်ပန္ေဆး႐ုံႀကီးတြင္ တက္ေရာက္ကုသမႈခံယူေနၿပီး ဖ်ားျခင္း၊ ေမာပန္းျခင္း၊ အရသာပ်က္ျခင္း လကၡဏာမ်ားကို ခံစားရေၾကာင္း ၎၏လူမႈကြန္ ရက္စာမ်က္ႏွာမွတဆင့္ ေဖေဖာ္ဝါရီလ ၁၉ ရက္က အသိေပးေျပာၾကားထားသည္။

"အိုမီခ႐ြန္ကေပါ့ေပါ့ေလးပါဆိုေပမဲ့ ကြၽန္ေတာ္က ေတာ့ ၂ ရက္လုံးတစ္ညလုံးတေရးေတာင္အိပ္လို႔မရပါဘူး။ လွိမ့္ခံရတယ္။ ၃ ရက္ေျမာက္တဲ့မနက္က်မွအဖ်ားကက်သြားတယ္။ အဖ်ားက်သြားတယ္ဆိုတာေတာင္ ၁ဝဝ မွာတန္းခံေနတယ္။ Day 3 -အသံေတြလည္းေျပာင္း၊ အရသာေတြလည္းပ်က္၊ လူလည္းေမာ၊ အဆုတ္လည္းနည္းနည္းေလးထိသြားတယ္။Urid အက္စစ္မ်ားတယ္။ ေသြးနဲနဲခဲတယ္။ ေသြးက်ဲေဆးထိုးတယ္။ Remdisivir ထိုးတယ္။ ေသြးရည္ ၾကည္သြင္းတယ္။ နည္းနည္းေမာတာေပါ့ဗ်ာ။ ဒီလိုပဲသူမ်ားေတြလိုပဲ day 7 ထိရေအာင္ေက်ာ္ျဖတ္ရမွာေပါ့" ဟု ဒါ႐ိုက္တာစင္ေရာ္ေမာင္ေမာင္က ေရးသားထားသည္။

ၿပီးခဲ့သည့္ရက္ပိုင္းအတြင္း ဒါ႐ိုက္တာစင္ေရာ္ေမာင္ေမာင္၏ ေနအိမ္၌ေနထိုင္သည့္ ၎၏သားျဖစ္သူအပါအဝင္ အိမ္သားမ်ားကိုဗစ္ေရာဂါကူးစက္ခံခဲ့ရေၾကာင္း သိရသည္။

လက္ရွိတြင္ ျမန္မာတစ္ႏိုင္ငံလုံး၌ ကိုဗစ္ကပ္ေရာ ဂါကူးစက္မႈ ျပန္လည္ျမင့္တက္လ်က္ရွိၿပီး အထူးသျဖင့္ ရန္ကုန္တိုင္းအတြင္း ကိုဗစ္ေရာဂါကူးစက္မႈအမ်ားဆုံးျဖစ္ပြားေနေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.