ဂျက်စတင်ဘီဘာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသဖြင့် ပွဲစဉ်အချို့ရွှေ့ဆိုင်း

 713

ဂျန်ဇက် (NP News) - ဖေဖော်ဝါရီ ၂၁
ကမ္ဘောကျော်အဆိုတော်ဂျက်စတင်ဘီဘာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း သူရဲ့ကိုယ်စားလှယ်အဖွဲ့ က သတင်းထုတ်ပြန်လိုက်ပါတယ်။
ကနေဒါနိုင်ငံသား ဂျက်စတင်ဘီဘာဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ(၁၈) ရက်၊ သောကြာနေ့မှာ ကမ္ဘာဖျော်ဖြေပွဲခရီးစဉ် စတင်ခဲ့ပြီးနောက် တစ်ရက်အကြာမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတာကို သိရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဂျက်စတင်ဘီဘာဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရတဲ့အတွက် ဖေဖော်ဝါရီလ(၂ဝ) ရက်၊ တနင်္ဂနွေနေ့မှာ အမေရိကန်နိုင်ငံ လက်ဗီးဂတ်မြို့ရှိ T-Mobile Arena ကွင်းကြီးအတွင်း ပြုလုပ်ဖို့ စီစဉ်ထားတဲ့ဖျော်ဖြေပွဲအစီအစဉ်ကို လာမယ့် ဇွန်လ(၂၈) ရက်နေ့သို့ ရွှေ့ဆိုင်းခဲ့ရတယ်လို့သိရပါတယ်။

ဂျက်စတင်ဘီဘာဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရတဲ့အတွက် လာမယ့်ရက်ပိုင်းအတွင်းစီစဉ်ထားတဲ့ ပွဲစဉ် တွေကို ဇွန်လနောက်ပိုင်းကို ရွှေ့ဆိုင်သွားမယ်လို့ သူရဲ့ကိုယ်စားလှယ်အဖွဲ့က ထုတ်ဖော်ပြောဆိုခဲ့တာဖြစ် ပါတယ်။
ဂျက်စတင်ဘီဘာရဲ့ကိုယ်စားလှယ်အဖွဲ့က "ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရလို့ ဂျက်စတင်ဘီဘာဟာ အလွန်အမင်း စိတ်ပျက်နေတယ်။ ဒါပေမယ့် ဂျက်စတင်ဘီဘာဟာ ကျန်းမာရေးကောင်းမွန်နေဆဲဖြစ်ပါတယ်။ ဂျက်စတင်ဘီ ဘာဟာ သူရဲ့ပရိသတ်တွေနဲ့အဖွဲ့ဝင်တွေ ကျန်းမာရေးကောင်းစေဖို့ အမြဲတမ်းဦးစားပေးတတ်သူပါ" လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဂျက်စတင်ဘီဘာဟာ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ စတင်ပြီးနောက်ပိုင်း သူရဲ့ဖျော်ဖြေပွဲအစီအစဉ်တွေ ရွှေ့ဆိုင်းတာ၊ ဖျက်သိမ်းတာမျိုးတွေလုပ်ခဲ့ရသူဖြစ်ပါတယ်။ ဂျက်စတင်ဘီဘာဟာ အခု(၁၃) လအတွင်း နိုင်ငံပေါင်း ဒါဇင်ချီမှာ ဖျော်ဖြေပွဲတွေကျင်းပဖို့ စီစဉ်ထားသူဖြစ်တယ်လို့လည်း သိရပါတယ်။

Zawgyi Version;
ကမာၻေက်ာ္အဆိုေတာ္ ဂ်က္စတင္ဘီဘာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရသျဖင့္ ပြဲစဥ္အခ်ိဳ႕ေ႐ႊ႕ဆိုင္း
ဂ်န္ဇက္ (NP News) - ေဖေဖာ္ဝါရီ ၂၁
ကေမာၻေက်ာ္အဆိုေတာ္ဂ်က္စတင္ဘီဘာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံထားရေၾကာင္း သူရဲ႕ကိုယ္စားလွယ္အဖြဲ႕ က သတင္းထုတ္ျပန္လိုက္ပါတယ္။
ကေနဒါႏိုင္ငံသား ဂ်က္စတင္ဘီဘာဟာ ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလ(၁၈) ရက္၊ ေသာၾကာေန႔မွာ ကမာၻေဖ်ာ္ေျဖပြဲခရီးစဥ္ စတင္ခဲ့ၿပီးေနာက္ တစ္ရက္အၾကာမွာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံထားရတာကို သိရွိခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။

ဂ်က္စတင္ဘီဘာဟာ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရတဲ့အတြက္ ေဖေဖာ္ဝါရီလ(၂ဝ) ရက္၊ တနဂၤေႏြေန႔မွာ အေမရိကန္ႏိုင္ငံ လက္ဗီးဂတ္ၿမိဳ႕ရွိ T-Mobile Arena ကြင္းႀကီးအတြင္း ျပဳလုပ္ဖို႔ စီစဥ္ထားတဲ့ေဖ်ာ္ေျဖပြဲအစီအစဥ္ကို လာမယ့္ ဇြန္လ(၂၈) ရက္ေန႔သို႔ ေ႐ႊ႕ဆိုင္းခဲ့ရတယ္လို႔သိရပါတယ္။

ဂ်က္စတင္ဘီဘာဟာ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံထားရတဲ့အတြက္ လာမယ့္ရက္ပိုင္းအတြင္းစီစဥ္ထားတဲ့ ပြဲစဥ္ ေတြကို ဇြန္လေနာက္ပိုင္းကို ေ႐ႊ႕ဆိုင္သြားမယ္လို႔ သူရဲ႕ကိုယ္စားလွယ္အဖြဲ႕က ထုတ္ေဖာ္ေျပာဆိုခဲ့တာျဖစ္ ပါတယ္။
ဂ်က္စတင္ဘီဘာရဲ႕ကိုယ္စားလွယ္အဖြဲ႕က "ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရလို႔ ဂ်က္စတင္ဘီဘာဟာ အလြန္အမင္း စိတ္ပ်က္ေနတယ္။ ဒါေပမယ့္ ဂ်က္စတင္ဘီဘာဟာ က်န္းမာေရးေကာင္းမြန္ေနဆဲျဖစ္ပါတယ္။ ဂ်က္စတင္ဘီ ဘာဟာ သူရဲ႕ပရိသတ္ေတြနဲ႔အဖြဲ႕ဝင္ေတြ က်န္းမာေရးေကာင္းေစဖို႔ အၿမဲတမ္းဦးစားေပးတတ္သူပါ" လို႔ သတင္းထုတ္ျပန္ခဲ့ပါတယ္။

ဂ်က္စတင္ဘီဘာဟာ ကို႐ိုနာဗိုင္းရပ္စ္ကပ္ေရာဂါ စတင္ၿပီးေနာက္ပိုင္း သူရဲ႕ေဖ်ာ္ေျဖပြဲအစီအစဥ္ေတြ ေ႐ႊ႕ဆိုင္းတာ၊ ဖ်က္သိမ္းတာမ်ိဳးေတြလုပ္ခဲ့ရသူျဖစ္ပါတယ္။ ဂ်က္စတင္ဘီဘာဟာ အခု(၁၃) လအတြင္း ႏိုင္ငံေပါင္း ဒါဇင္ခ်ီမွာ ေဖ်ာ္ေျဖပြဲေတြက်င္းပဖို႔ စီစဥ္ထားသူျဖစ္တယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.