ငလျင်အပြီး ဘူမိအင်ဂျင်နီယာဆိုင်ရာအခြေအနေများနှင့်ပတ်သက်၍ မြန်မာဘူမိအသင်းက ဂျပန်ပညာရှင်များနှင့်ပူးပေါင်း၍ ဆွေးနွေးပွဲကျင်းပမည်

74

ဟန်ဟန်(NP News)
မန္တလေးငလျင်ကြီး ငလျင်အပြီး ဖြစ်ေပါ်လာသော ဘူမိအင်ဂျင်နီယာဆိုင်ရာအခြေအနေများနှင့်ပတ်သက်၍ ကွင်းဆင်းလေ့လာတွေ့ရှိချက်များကို မြန်မာဘူမိအသင်းက ဂျပန်ပညာရှင်များနှင့် ဆွေးနွေးပွဲကျင်းပမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘူမိသိပ္ပံအသင်းက ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံဘူမိသိပ္ပံအသင်းသည် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်နှင့်အတူ ပူးပေါင်း၍ ငလျင်လှုပ်ခတ်မှုအပြီး ဖြစ်ေပါ်လာသော မြေပြင်အခြေအနေများ၊ ဘူမိအင်ဂျင်နီယာဆိုင်ရာအခြေအနေများကို ဂျပန်နိုင်ငံ တိုကျိုတက္ကသိုလ်နှင့် ကျူရှင်းတက္ကသိုလ်တိုမှ ပညာရှင်များနှင့် ပူးပေါင်းကွင်းဆင်းလေ့လာမှုများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါလေ့လာတွေ့ရှိချက်များကို လာမည့် ဇွန်လ ၁၇ ရက်နေ့ နံနက် ၉ နာရီမှ ၁၂ နာရီအထိ ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်ရှိ မြန်မာအင်ဂျင်နီယာအသင်းချုပ် (Hybrid) တွင် ကျင်းပသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
အဆိုပါ ဆွေးနွေးပွဲတွင် ဂျပန်ပညာရှင်များဖြစ်ကြသော ပါမောက္ခ Hemanta Hazarikaက "ဂျပန်၊ အင်ဒိုနီးရှားနှင့် တူရကီနိုင်ငံတိုတွင် ဖြစ်ပွားခဲ့သော ငလျင်များကြောင့် အဆောက်အအုံများ ပျက်စီးဆုံးရှုးမှု" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပါမောက္ခ Ikuo Towhata က "မန္တလေးငလျင်ကြောင့် မြေပြင်အခြေအနေနှင့် အဆောက်အအုံများ ပျက်စီးဆုံးရှုးမှုဆိုင်ရာ ကွင်းဆင်းလေ့လာတွေ့ရှိချက်များ" ခေါင်းစဉ်ဖြင့်လည်းကောင်း တင်ဆက်ဆွေးနွေးသွားမည်ကိုလည်းသိရသည်။
စိတ်ပါဝင်စားသူများအနေဖြင့် မြန်မာနိုင်ငံဘူမိသိပ္ပံအသင်း၏ Function Hall တွင် တိုက်ရိုက်တက်ရောက်နိုင်ပြီး၊ Zoom မှတဆင့် ပါဝင်လိုသူများအတွက် Meeting ID မှာ 885 6491 3907 ဖြစ်ပြီး Passcode မှာ 881728 ဖြစ်ကြောင်း မြန်မာနိုင်ငံဘူမိသိပ္ပံအသင်းမှ ထုတ်ပြန်ချက်အရသိရသည်။

Zawgyi Version:
ငလ်င္အၿပီး ဘူမိအင္ဂ်င္နီယာဆိုင္ရာအေျခအေနမ်ားႏွင့္ပတ္သက္၍ ျမန္မာဘူမိအသင္းက ဂ်ပန္ပညာရွင္မ်ားႏွင့္ပူးေပါင္း၍ ေဆြးေႏြးပြဲက်င္းပမည္
ဟန္ဟန္(NP News)
မႏၲေလးငလ်င္ႀကီး ငလ်င္အၿပီး ျဖစ္ေပၚလာေသာ ဘူမိအင္ဂ်င္နီယာဆိုင္ရာအေျခအေနမ်ားႏွင့္ပတ္သက္၍ ကြင္းဆင္းေလ့လာေတြ႕ရွိခ်က္မ်ားကို ျမန္မာဘူမိအသင္းက ဂ်ပန္ပညာရွင္မ်ားႏွင့္ ေဆြးေႏြးပြဲက်င္းပမည္ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံဘူမိသိပၸံအသင္းက ထုတ္ျပန္ထားသည္။
ျမန္မာႏိုင္ငံဘူမိသိပၸံအသင္းသည္ ျမန္မာႏိုင္ငံအင္ဂ်င္နီယာအသင္းခ်ဳပ္ႏွင့္အတူ ပူးေပါင္း၍ ငလ်င္လႈပ္ခတ္မႈအၿပီး ျဖစ္ေပၚလာေသာ ေျမျပင္အေျခအေနမ်ား၊ ဘူမိအင္ဂ်င္နီယာဆိုင္ရာအေျခအေနမ်ားကို ဂ်ပန္ႏိုင္ငံ တိုက်ိဳတကၠသိုလ္ႏွင့္ က်ဴရွင္းတကၠသိုလ္တိုမွ ပညာရွင္မ်ားႏွင့္ ပူးေပါင္းကြင္းဆင္းေလ့လာမႈမ်ားကို ေဆာင္႐ြက္ခဲ့ေၾကာင္း သိရသည္။
အဆိုပါေလ့လာေတြ႕ရွိခ်က္မ်ားကို လာမည့္ ဇြန္လ ၁၇ ရက္ေန႔ နံနက္ ၉ နာရီမွ ၁၂ နာရီအထိ ရန္ကုန္တိုင္းေဒသႀကီး လႈိင္ၿမိဳ႕နယ္ရွိ ျမန္မာအင္ဂ်င္နီယာအသင္းခ်ဳပ္ (Hybrid) တြင္ က်င္းပသြားမည္ျဖစ္ေၾကာင္း ထုတ္ျပန္ထားသည္။
အဆိုပါ ေဆြးေႏြးပြဲတြင္ ဂ်ပန္ပညာရွင္မ်ားျဖစ္ၾကေသာ ပါေမာကၡ Hemanta Hazarikaက "ဂ်ပန္၊ အင္ဒိုနီးရွားႏွင့္ တူရကီႏိုင္ငံတိုတြင္ ျဖစ္ပြားခဲ့ေသာ ငလ်င္မ်ားေၾကာင့္ အေဆာက္အအုံမ်ား ပ်က္စီးဆုံးရႈးမႈ" ေခါင္းစဥ္ျဖင့္လည္းေကာင္း၊ ပါေမာကၡ Ikuo Towhata က "မႏၲေလးငလ်င္ေၾကာင့္ ေျမျပင္အေျခအေနႏွင့္ အေဆာက္အအုံမ်ား ပ်က္စီးဆုံးရႈးမႈဆိုင္ရာ ကြင္းဆင္းေလ့လာေတြ႕ရွိခ်က္မ်ား" ေခါင္းစဥ္ျဖင့္လည္းေကာင္း တင္ဆက္ေဆြးေႏြးသြားမည္ကိုလည္းသိရသည္။
စိတ္ပါဝင္စားသူမ်ားအေနျဖင့္ ျမန္မာႏိုင္ငံဘူမိသိပၸံအသင္း၏ Function Hall တြင္ တိုက္႐ိုက္တက္ေရာက္ႏိုင္ၿပီး၊ Zoom မွတဆင့္ ပါဝင္လိုသူမ်ားအတြက္ Meeting ID မွာ 885 6491 3907 ျဖစ္ၿပီး Passcode မွာ 881728 ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံဘူမိသိပၸံအသင္းမွ ထုတ္ျပန္ခ်က္အရသိရသည္။