ကမ္ဘာ့ရုပ်အဆိုးဆုံးအမျိုးသားက ဇနီးနှစ်ဦးယူထားတဲ့အပြင် အဆိုတော်အဖြစ်လည်း အောင်မြင်နေ

 2263

ဝတီ (NP News)- ဖေဖော်ဝါရီ ၂၁
အသက် ၄၈ နှစ်အရွယ် ယူဂန်ဒါ(Uganda) နိုင်ငံသား ဂေါ့ဒ်ဖရေဘဂူမာ (Godfrey Baguma)ကို ကမ္ဘာပေါ်မှာ ရုပ်အဆိုးဆုံးအမျိုးသားအဖြစ် ဂင်းနစ်ကမ္ဘာ့စံချိန်ပြုစုရေးအဖွဲ့က တရားဝင်အသိအမှတ်ပြုထားပါတယ်။ စိတ်ဓာတ်ကျနေတဲ့လူတွေ၊ စိတ်အားငယ်နေတဲ့လူတွေ၊ ဘဝကို အရှုံးပေးချင်စိတ်ပေါက်နေတဲ့ လူတွေဟာ သူ့အကြောင်းကို နားထောင်ပြီး စိတ်အား တက်သွားလေ့ ရှိကြပါတယ်။ ဒီတော့သူ့ဘဝအ ကြောင်းကို ကြည့်လိုက်ကြရအောင်ပါ။

သူ့နာမည်အရင်းက ဂေါ့ဒ်ဖရေဘဂူမာ (Godfrey Baguma)ဆိုပေမယ့် လူအတော်များများက သူ့ကို ဆီဘဘီ (Ssebabi)ဆိုတဲ့ နာမည်ပြောင်နဲ့ပဲ အသိများကြပါတယ်။ ယူဂန်ဒါဆိုတဲ့ အာဖရိကနိုင်ငံမှာတော့ သူကအတော့်ကိုပဲနာမည်ကြီးပါတယ်။ သူ့လက်ရှိဇနီးကတော့ ကိတ် (Kate)ဆိုတဲ့ အမျိုးသမီးပါ။ ဂေါ့ဒ်ဖရေဘဂူမာဟာ အင်မတန်ကိုမှအရုပ်ဆိုး အကျည်းတန်တဲ့အတွက် မိခင်အရင်းခေါက်ခေါက်ကတောင် သူ့ကိုစွန့်ပစ်သွားခဲ့တာပါ။ ဒါပေမဲ့ကံ ကောင်းချင်တော့ အဘွားလုပ်သူက သူ့ကိုပြုစုစောင့်ရှောက်ကျွေးမွေးခဲ့ပါတယ်။ သူဟာ ရုပ်ရည်ရူပကာပိုင်းမှာတင် အင်မတန်ကံဆိုးရုံသာမက ပစ္စည်းဥစ္စာဘက်မှာလည်း အတော်လေးချို့တဲ့ခဲ့ပါတယ်။ သူဟာ ဆင်းဆင်းရဲရဲကြီးပြင်းလာခဲ့ရတာလေ။ ရုပ်အရမ်းဆိုးတဲ့အတွက် သူ့မှာကလေးဘဝတုန်းကဆိုရင် အိမ်ထဲချည်းပဲအောင်းနေရပါသတဲ့။ ကလေးသဘာဝရွယ်တူတန်းတူတွေနဲ့ ဆော့ကစားချင်ပေမယ့် ဘယ်ကလေးကမှ သူနဲ့အတူမကစားချင်ကြပါဘူး။ အဲဒီရုပ်ရည်ကြောင့် သူစိမ်းတရံသာမက မိခင်အရင်းခေါက်ခေါက်ကပါ သူ့ကိုဆေးဖော်ကြော ဖက် မလုပ်ကြတာပါ။ ဒီလိုနဲ့အရွယ်လေးနည်းနည်းရောက်လာတော့ သူက သူအရုပ်ဆိုးအကျည်းတန်နေတာကို လက်သင့်ခံလိုက်ရပါတော့တယ်။ ပြီးတော့ သူကြားဖူးထားတဲ့ ကမ္ဘာ့ရုပ်အဆိုးဆုံးပြိုင်ပွဲကို ဝင်ပြိုင်လိုက်ပါတယ်။ ကံကောင်းချင်တော့ အဲဒီပြိုင်ပွဲမှာ သူက အေးအေးဆေးဆေးအနိုင်ရသွားပြီး ကမ္ဘာ့ရုပ်အဆိုးဆုံးအမျိုးသားဆိုတဲ့ ဂုဏ်ပုဒ်ကိုရသွားပါတော့တယ်။ ဒီလိုနဲ့ သူ့ဘဝဟာ မျှော်လင့်ချက်အ လင်းရောင်၊ အောင်မြင်မှုအလင်းရောင်လေးသန်းလာပါတော့တယ်။ အဲဒီကမ္ဘာ့ဂုဏ်ပုဒ်ကြောင့် သူဟာ ချက်ချင်းကို အရမ်းလူသိများသွားတာပေါ့။ ဒါပေမဲ့ သူက ဒါနဲ့ကျေနပ်မနေပါဘူး။ သူကသူ့ကိုယ်သူသီ ချင်းဆိုကောင်းမှန်း၊ ဟာသတွေ ကောင်းကောင်းပြောတတ်မှန်း သိလာပါတယ်။ ဒီလိုနဲ့ ဆက်ကြိုးစားလိုက်တော့ သူဟာ အဆိုတော်လည်း ဖြစ်လာပြီး လူရွှင်တော်လည်း ဖြစ်လာပါတော့တယ်။

zawgyi version
ကမာၻ႔႐ုပ္အဆိုးဆုံးအမ်ိဳးသားက ဇနီးႏွစ္ဦးယူထားတဲ့အျပင္ အဆိုေတာ္အျဖစ္လည္း ေအာင္ျမင္ေန
ဝတီ (NP News)- ေဖေဖာ္ဝါရီ ၂၁

အသက္ ၄၈ ႏွစ္အ႐ြယ္ ယူဂန္ဒါ(Uganda) ႏိုင္ငံသား ေဂါ့ဒ္ဖေရဘဂူမာ (Godfrey Baguma)ကို ကမာၻေပၚမွာ ႐ုပ္အဆိုးဆုံးအမ်ိဳးသားအျဖစ္ ဂင္းနစ္ကမာၻ႔စံခ်ိန္ျပဳစုေရးအဖြဲ႕က တရားဝင္အသိအမွတ္ျပဳထားပါတယ္။ စိတ္ဓာတ္က်ေနတဲ့လူေတြ၊ စိတ္အားငယ္ေနတဲ့လူေတြ၊ ဘဝကို အရႈံးေပးခ်င္စိတ္ေပါက္ေနတဲ့ လူေတြဟာ သူ႔အေၾကာင္းကို နားေထာင္ၿပီး စိတ္အား တက္သြားေလ့ ရွိၾကပါတယ္။ ဒီေတာ့သူ႔ဘဝအ ေၾကာင္းကို ၾကည့္လိုက္ၾကရေအာင္ပါ။

သူ႔နာမည္အရင္းက ေဂါ့ဒ္ဖေရဘဂူမာ (Godfrey Baguma)ဆိုေပမယ့္ လူအေတာ္မ်ားမ်ားက သူ႔ကို ဆီဘဘီ (Ssebabi)ဆိုတဲ့ နာမည္ေျပာင္နဲ႔ပဲ အသိမ်ားၾကပါတယ္။ ယူဂန္ဒါဆိုတဲ့ အာဖရိကႏိုင္ငံမွာေတာ့ သူကအေတာ့္ကိုပဲနာမည္ႀကီးပါတယ္။ သူ႔လက္ရွိဇနီးကေတာ့ ကိတ္ (Kate)ဆိုတဲ့ အမ်ိဳးသမီးပါ။ ေဂါ့ဒ္ဖေရဘဂူမာဟာ အင္မတန္ကိုမွအ႐ုပ္ဆိုး အက်ည္းတန္တဲ့အတြက္ မိခင္အရင္းေခါက္ေခါက္ကေတာင္ သူ႔ကိုစြန႔္ပစ္သြားခဲ့တာပါ။ ဒါေပမဲ့ကံ ေကာင္းခ်င္ေတာ့ အဘြားလုပ္သူက သူ႔ကိုျပဳစုေစာင့္ေရွာက္ေကြၽးေမြးခဲ့ပါတယ္။ သူဟာ ႐ုပ္ရည္႐ူပကာပိုင္းမွာတင္ အင္မတန္ကံဆိုး႐ုံသာမက ပစၥည္းဥစၥာဘက္မွာလည္း အေတာ္ေလးခ်ိဳ႕တဲ့ခဲ့ပါတယ္။ သူဟာ ဆင္းဆင္းရဲရဲႀကီးျပင္းလာခဲ့ရတာေလ။ ႐ုပ္အရမ္းဆိုးတဲ့အတြက္ သူ႔မွာကေလးဘဝတုန္းကဆိုရင္ အိမ္ထဲခ်ည္းပဲေအာင္းေနရပါသတဲ့။ ကေလးသဘာဝ႐ြယ္တူတန္းတူေတြနဲ႔ ေဆာ့ကစားခ်င္ေပမယ့္ ဘယ္ကေလးကမွ သူနဲ႔အတူမကစားခ်င္ၾကပါဘူး။ အဲဒီ႐ုပ္ရည္ေၾကာင့္ သူစိမ္းတရံသာမက မိခင္အရင္းေခါက္ေခါက္ကပါ သူ႔ကိုေဆးေဖာ္ေၾကာ ဖက္ မလုပ္ၾကတာပါ။ ဒီလိုနဲ႔အ႐ြယ္ေလးနည္းနည္းေရာက္လာေတာ့ သူက သူအ႐ုပ္ဆိုးအက်ည္းတန္ေနတာကို လက္သင့္ခံလိုက္ရပါေတာ့တယ္။ ၿပီးေတာ့ သူၾကားဖူးထားတဲ့ ကမာၻ႔႐ုပ္အဆိုးဆုံးၿပိဳင္ပြဲကို ဝင္ၿပိဳင္လိုက္ပါတယ္။ ကံေကာင္းခ်င္ေတာ့ အဲဒီၿပိဳင္ပြဲမွာ သူက ေအးေအးေဆးေဆးအႏိုင္ရသြားၿပီး ကမာၻ႔႐ုပ္အဆိုးဆုံးအမ်ိဳးသားဆိုတဲ့ ဂုဏ္ပုဒ္ကိုရသြားပါေတာ့တယ္။ ဒီလိုနဲ႔ သူ႔ဘဝဟာ ေမွ်ာ္လင့္ခ်က္အ လင္းေရာင္၊ ေအာင္ျမင္မႈအလင္းေရာင္ေလးသန္းလာပါေတာ့တယ္။ အဲဒီကမာၻ႔ဂုဏ္ပုဒ္ေၾကာင့္ သူဟာ ခ်က္ခ်င္းကို အရမ္းလူသိမ်ားသြားတာေပါ့။ ဒါေပမဲ့ သူက ဒါနဲ႔ေက်နပ္မေနပါဘူး။ သူကသူ႔ကိုယ္သူသီ ခ်င္းဆိုေကာင္းမွန္း၊ ဟာသေတြ ေကာင္းေကာင္းေျပာတတ္မွန္း သိလာပါတယ္။ ဒီလိုနဲ႔ ဆက္ႀကိဳးစားလိုက္ေတာ့ သူဟာ အဆိုေတာ္လည္း ျဖစ္လာၿပီး လူ႐ႊင္ေတာ္လည္း ျဖစ္လာပါေတာ့တယ္။

သူ့သီချင်းတွေဟာ ကြည့်ရှုမှုအကြိမ်ရေ သန်းနဲ့ချီရပါတယ်။ ဒီလိုနာမည်ကြီး အဆိုတော်ဖြစ်လာတော့ ပွဲတွေလည်းဆိုရတဲ့အပြင် လူရွှင်တော်အဖြစ်လည်း ပရိသတ်တွေကို ဖျော်ဖြေရပါသေးတယ်။ ကမ္ဘာ့ရုပ်အဆိုးဆုံးအမျိုးသားဆိုတဲ့ ဂုဏ်ပုဒ်တရားဝင်ချီးမြှင့်ခံလိုက်ရမှ သူဟာအောင်မြင်မှုလမ်းစရသွားတာပါ။ သူ့မှာ အိမ်ထောင်နှစ်ဆက်ရှိပါတယ်။

ပထမ ဇနီးက အိမ်ထောင်ရေးဖောက်ပြန်တာကြောင့် သူကကွာရှင်းလိုက်တာပါ။ သူက ပထမဇနီးနဲ့ သားသ မီးနှစ်ယောက်ရခဲ့ပါတယ်။ ပထမအိမ်ထောင်ပျက်သွားအပြီးမှာမှ သူကကိတ်ဆိုတဲ့ လက်ရှိဇနီးနဲ့လက်ထပ်လိုက်တာပါ။ ကိတ်ရဲ့မိဘတွေ သဘောမတူမှာစိုးလို့ဆိုပြီး သူက ကိတ်ကလေးမွေးပြီးမှ မိဘတွေနဲ့တွေ့ခွင့်ပေးခဲ့ပါသတဲ့။ ကိတ်က ကလေးခြောက်ယောက်မွေးပေးခဲ့လို့ သူ့မှာအိမ်ထောင်နှစ်ဆက်နဲ့ စုစုပေါင်း ကလေးရှစ်ယောက်ရနေပါပြီ။ ဟိုးအရင်တုန်းကဆို သူက သူ့ကိုယူမယ့် မိန်းမမရှိဘူးလို့တောင် တစ်ထစ်ချ ယုံကြည်ခဲ့တာပါ။ သူဟာ စံချိန်တင်ရုပ်ဆိုးတဲ့အပြင် ပုပုသေးသေးလေးဖြစ်ပြီး လမ်းလျှောက်ရင်လည်း ကုန်းကုန်းကွကွနဲ့လေ။ သူ့ယောက်ျားက အရမ်းရုပ်ဆိုးပေမယ့် စိတ်ထားကောင်းတယ်၊ နာမည်ကြီးတစ်ယောက်လည်းဖြစ်တယ်၊ အသံလည်းကောင်းတယ် ဒါကြောင့် သဘောကျတာလို့ သူ့ဇနီးကဆိုပါတယ်။ သူ့ရုပ်ရည် သွင်ပြင်နဲ့ပတ်သက်လို့ ဘယ်လိုသဘောရသလဲလို့ ကာယကံရှင်ဖြစ်တဲ့ ဂေါ့ဒ်ဖရေဘဂူမာကိုမေးတော့ "ကံကြမ္မာက ဒီလိုဖန်တီးလာတော့လည်း ဘယ်တတ် နိုင်မလဲဗျာ။ အရှိကို အရှိအတိုင်း လက်ခံလိုက်ရတော့တာပေါ့။ အရင်ကဆို အိမ်အပြင်တောင် မထွက်ရဲဘူး။ လူတွေက ကျွန်တော့ကို သရဲသဘက်နဲ့ တူတယ်လို့ ဝိုင်းပြောကြပြီး ဝိုင်းဖယ်ကြည်ကြလို့လေ" လို့ သူက ဆိုပါတယ်။

ကမ္ဘာ့ရုပ်အဆိုးဆုံးအမျိုးသား တတိယမြောက်ဇနီးယူလိုက်ပြီဆိုတဲ့ သတင်းမှားကလည်းအတော်လည်းပျံ့နှံ့သွားခဲ့ပါသေးတယ်။ သူ့သီချင်းခွေတစ်ခွေထဲမှာ သရုပ် ဆောင်အမျိုးသမီးတစ်ယောက်နဲ့လက်ထပ်တဲ့ အခန်း ပါခဲ့ပြီး မီဒီယာတချို့က အဲဒီထဲကပုံတွေကိုသုံးပြီး သူ အပြင်မှာ တကယ်တတိယဇနီး ယူတယ်လို့ဖွခဲ့တာပါ။ သူဟာ ကိုယ့်အားနည်းချက်ကို အားသာချက်အဖြစ် ပြောင်းလဲပစ်လိုက်နိုင်တဲ့အတွက် အခုလို သက်သောင့် သက်သာဘဝမျိုးနေနိုင်သွားတာပါ။ အရင်ကဆို သူဟာ လက်လုပ်လက်စားတစ်ယောက်ပေါ့။ အခုတော့ သူဟာ နာမည်ကြီးဆိုင်တွေမှာ သွားစားနိုင်ပြီ၊ ကိုယ် ပိုင်အိမ်လည်း ရှိနေပါပြီ။ သူက သီချင်းဆိုတဲ့ဘက်ကနေပြီး ဝင်ငွေတွေ အတော်ရနေတာပါ။ ဒါကြောင့် ဘယ်လောက်ကြီးမားတဲ့ ဘဝအခက်အခဲတွေပဲ ရှိရှိ၊ သူ့လိုပဲ ရိုးရိုးသားသားနဲ့ အကောင်းဆုံးကြိုးစားပြီး ရှင်သန်ကြပါလို့ တိုက်တွန်းလိုက်ပါရစေ။

zawgyi version
သူ႔သီခ်င္းေတြဟာ ၾကည့္ရႈမႈအႀကိမ္ေရ သန္းနဲ႔ခ်ီရပါတယ္။ ဒီလိုနာမည္ႀကီး အဆိုေတာ္ျဖစ္လာေတာ့ ပြဲေတြလည္းဆိုရတဲ့အျပင္ လူ႐ႊင္ေတာ္အျဖစ္လည္း ပရိသတ္ေတြကို ေဖ်ာ္ေျဖရပါေသးတယ္။ ကမာၻ႔႐ုပ္အဆိုးဆုံးအမ်ိဳးသားဆိုတဲ့ ဂုဏ္ပုဒ္တရားဝင္ခ်ီးျမႇင့္ခံလိုက္ရမွ သူဟာေအာင္ျမင္မႈလမ္းစရသြားတာပါ။ သူ႔မွာ အိမ္ေထာင္ႏွစ္ဆက္ရွိပါတယ္။

ပထမ ဇနီးက အိမ္ေထာင္ေရးေဖာက္ျပန္တာေၾကာင့္ သူကကြာရွင္းလိုက္တာပါ။ သူက ပထမဇနီးနဲ႔ သားသ မီးႏွစ္ေယာက္ရခဲ့ပါတယ္။ ပထမအိမ္ေထာင္ပ်က္သြားအၿပီးမွာမွ သူကကိတ္ဆိုတဲ့ လက္ရွိဇနီးနဲ႔လက္ထပ္လိုက္တာပါ။ ကိတ္ရဲ႕မိဘေတြ သေဘာမတူမွာစိုးလို႔ဆိုၿပီး သူက ကိတ္ကေလးေမြးၿပီးမွ မိဘေတြနဲ႔ေတြ႕ခြင့္ေပးခဲ့ပါသတဲ့။ ကိတ္က ကေလးေျခာက္ေယာက္ေမြးေပးခဲ့လို႔ သူ႔မွာအိမ္ေထာင္ႏွစ္ဆက္နဲ႔ စုစုေပါင္း ကေလးရွစ္ေယာက္ရေနပါၿပီ။ ဟိုးအရင္တုန္းကဆို သူက သူ႔ကိုယူမယ့္ မိန္းမမရွိဘူးလို႔ေတာင္ တစ္ထစ္ခ် ယုံၾကည္ခဲ့တာပါ။ သူဟာ စံခ်ိန္တင္႐ုပ္ဆိုးတဲ့အျပင္ ပုပုေသးေသးေလးျဖစ္ၿပီး လမ္းေလွ်ာက္ရင္လည္း ကုန္းကုန္းကြကြနဲ႔ေလ။ သူ႔ေယာက္်ားက အရမ္း႐ုပ္ဆိုးေပမယ့္ စိတ္ထားေကာင္းတယ္၊ နာမည္ႀကီးတစ္ေယာက္လည္းျဖစ္တယ္၊ အသံလည္းေကာင္းတယ္ ဒါေၾကာင့္ သေဘာက်တာလို႔ သူ႔ဇနီးကဆိုပါတယ္။ သူ႔႐ုပ္ရည္ သြင္ျပင္နဲ႔ပတ္သက္လို႔ ဘယ္လိုသေဘာရသလဲလို႔ ကာယကံရွင္ျဖစ္တဲ့ ေဂါ့ဒ္ဖေရဘဂူမာကိုေမးေတာ့ "ကံၾကမၼာက ဒီလိုဖန္တီးလာေတာ့လည္း ဘယ္တတ္ ႏိုင္မလဲဗ်ာ။ အရွိကို အရွိအတိုင္း လက္ခံလိုက္ရေတာ့တာေပါ့။ အရင္ကဆို အိမ္အျပင္ေတာင္ မထြက္ရဲဘူး။ လူေတြက ကြၽန္ေတာ့ကို သရဲသဘက္နဲ႔ တူတယ္လို႔ ဝိုင္းေျပာၾကၿပီး ဝိုင္းဖယ္ၾကည္ၾကလို႔ေလ" လို႔ သူက ဆိုပါတယ္။

ကမာၻ႔႐ုပ္အဆိုးဆုံးအမ်ိဳးသား တတိယေျမာက္ဇနီးယူလိုက္ၿပီဆိုတဲ့ သတင္းမွားကလည္းအေတာ္လည္းပ်ံ႕ႏွံ႔သြားခဲ့ပါေသးတယ္။ သူ႔သီခ်င္းေခြတစ္ေခြထဲမွာ သ႐ုပ္ ေဆာင္အမ်ိဳးသမီးတစ္ေယာက္နဲ႔လက္ထပ္တဲ့ အခန္း ပါခဲ့ၿပီး မီဒီယာတခ်ိဳ႕က အဲဒီထဲကပုံေတြကိုသုံးၿပီး သူ အျပင္မွာ တကယ္တတိယဇနီး ယူတယ္လို႔ဖြခဲ့တာပါ။ သူဟာ ကိုယ့္အားနည္းခ်က္ကို အားသာခ်က္အျဖစ္ ေျပာင္းလဲပစ္လိုက္ႏိုင္တဲ့အတြက္ အခုလို သက္ေသာင့္ သက္သာဘဝမ်ိဳးေနႏိုင္သြားတာပါ။ အရင္ကဆို သူဟာ လက္လုပ္လက္စားတစ္ေယာက္ေပါ့။ အခုေတာ့ သူဟာ နာမည္ႀကီးဆိုင္ေတြမွာ သြားစားႏိုင္ၿပီ၊ ကိုယ္ ပိုင္အိမ္လည္း ရွိေနပါၿပီ။ သူက သီခ်င္းဆိုတဲ့ဘက္ကေနၿပီး ဝင္ေငြေတြ အေတာ္ရေနတာပါ။ ဒါေၾကာင့္ ဘယ္ေလာက္ႀကီးမားတဲ့ ဘဝအခက္အခဲေတြပဲ ရွိရွိ၊ သူ႔လိုပဲ ႐ိုး႐ိုးသားသားနဲ႔ အေကာင္းဆုံးႀကိဳးစားၿပီး ရွင္သန္ၾကပါလို႔ တိုက္တြန္းလိုက္ပါရေစ။

Related news

© 2021. All rights reserved.