ရုရှားတပ်ဖွဲ့တွေကိုတိုက်ခိုက်ဖို့ ယူကရိန်းအလှမယ်ဟောင်း စစ်ပွဲထဲပါဝင်လာ

816

ဂျန်ဇက် (NP News) - ဖေဖော်ဝါရီ ၂၇
ယူကရိန်းအလှမယ်ဟောင်းဟာ ရုရှားကို တိုက်ခိုက်ဖို့ ယူကရိန်းစစ်တပ်တွေနဲ့ပူးပေါင်းသွားမယ်လို့ သိရပါတယ်။ အဆိုပါ ယူကရိန်းအလှမယ်ဟောင်းဖြစ်တဲ့ အေနာစတာစီယာလမ်နာဟာ ၂ဝ၁၅ ခုနှစ်က Miss Grand International အလှမယ်ပြိုင်ပွဲမှာ အလှမယ်ဆုရရှိခဲ့ပြီး ရုရှားတပ်ဖွဲ့တွေကိုတိုက်ခိုက်ဖို့ စစ်ပွဲထဲပါ ဝင်လာမှုကို လူမူကွန်ရက်မှတဆင့် ပုံတွေတင်ခဲ့တာဖြစ်ပါတယ်။ လမ်နာဟာ လူမူကွန်ရက်မှာ သေနတ်ကိုင်ထားပြီး မိမိရဲ့အိမ်ကိုကာကွယ်ဖို့ တိုက်တွန်းထားတယ်လို့ သိရပါတယ်။
ယူကရိန်းအလှမယ်က "ယူကရိန်းနယ်စပ်ကို ဖြတ်ကျော်လာတဲ့လူတိုင်းကို သတ်ဖြတ်သွားရမယ်"လို့ပြောပါတယ်။ ၄င်းဟာ ယူကရိန်းသမ္မတကိုလည်း စစ်မှန်တဲ့ခေါင်းဆောင်တစ်ဦးဖြစ်တယ်လို့ ချီးကျူးပြောဆိုထားပါတယ်။ ယူကရိန်းကို ရုရှားတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ချိန်ကစတင်ပြီး အလှမယ်လမ်နာဟာ ယူကရိန်းတပ်ဖွဲ့ဝင်များအတွက်လိုအပ်တဲ့သွေးလှူဒါန်းဖို့နဲ့ကူညီထောက်ပံ့ပေးဖို့ လူမူကွန်ရက်ကနေစည်းရုံးလှုံဆော်တာမျိုးတွေရှိခဲ့ကြောင်းသိရပါတယ်။
ရုရှားဟာ ဖေဖော်ဝါရီလ ၂၄ ရက်က ရုရှားကိုတိုက် ခိုက်ခဲ့ပြီး ယူကရိန်းသမ္မတက ပြည်သူတွေကို ကိုယ့်နိုင်ငံကိုကာကွယ်ဖို့ ယူကရိန်းတပ်ဖွဲ့များနဲ့အတူ ပူး ပေါင်းတိုက်ခိုက်ဖို့ တောင်းဆိုတိုက်တွန်းထားပါတယ်။ ရုရှားတို့ စတင်ချိန်ကတည်းက ယူကရိန်းဟာစစ်မှုထမ်းဟောင်းများနဲ့ပြည်သူများကို လက်နက်များ ဖြန့်ဝေပေးတာမျိုးတွေရှိနေခဲ့ကြောင်းသိရပါတယ်။
zawgyi version
႐ုရွားတပ္ဖြဲ႕ေတြကိုတိုက္ခိုက္ဖို႔ ယူကရိန္းအလွမယ္ေဟာင္း စစ္ပြဲထဲပါဝင္လာ
ဂ်န္ဇက္ (NP News) - ေဖေဖာ္ဝါရီ ၂၇
ယူကရိန္းအလွမယ္ေဟာင္းဟာ ႐ုရွားကို တိုက္ခိုက္ဖို႔ ယူကရိန္းစစ္တပ္ေတြနဲ႔ပူးေပါင္းသြားမယ္လို႔ သိရပါတယ္။ အဆိုပါ ယူကရိန္းအလွမယ္ေဟာင္းျဖစ္တဲ့ ေအနာစတာစီယာလမ္နာဟာ ၂ဝ၁၅ ခုႏွစ္က Miss Grand International အလွမယ္ၿပိဳင္ပြဲမွာ အလွမယ္ဆုရရွိခဲ့ၿပီး ႐ုရွားတပ္ဖြဲ႕ေတြကိုတိုက္ခိုက္ဖို႔ စစ္ပြဲထဲပါ ဝင္လာမႈကို လူမူကြန္ရက္မွတဆင့္ ပုံေတြတင္ခဲ့တာျဖစ္ပါတယ္။ လမ္နာဟာ လူမူကြန္ရက္မွာ ေသနတ္ကိုင္ထားၿပီး မိမိရဲ႕အိမ္ကိုကာကြယ္ဖို႔ တိုက္တြန္းထားတယ္လို႔ သိရပါတယ္။
ယူကရိန္းအလွမယ္က "ယူကရိန္းနယ္စပ္ကို ျဖတ္ေက်ာ္လာတဲ့လူတိုင္းကို သတ္ျဖတ္သြားရမယ္"လို႔ေျပာပါတယ္။ ၄င္းဟာ ယူကရိန္းသမၼတကိုလည္း စစ္မွန္တဲ့ေခါင္းေဆာင္တစ္ဦးျဖစ္တယ္လို႔ ခ်ီးက်ဴးေျပာဆိုထားပါတယ္။ ယူကရိန္းကို ႐ုရွားတပ္ဖြဲ႕ေတြ ဝင္ေရာက္တိုက္ခိုက္ခ်ိန္ကစတင္ၿပီး အလွမယ္လမ္နာဟာ ယူကရိန္းတပ္ဖြဲ႕ဝင္မ်ားအတြက္လိုအပ္တဲ့ေသြးလႉဒါန္းဖို႔နဲ႔ကူညီေထာက္ပံ့ေပးဖို႔ လူမူကြန္ရက္ကေနစည္း႐ုံးလႈံေဆာ္တာမ်ိဳးေတြရွိခဲ့ေၾကာင္းသိရပါတယ္။
႐ုရွားဟာ ေဖေဖာ္ဝါရီလ ၂၄ ရက္က ႐ုရွားကိုတိုက္ ခိုက္ခဲ့ၿပီး ယူကရိန္းသမၼတက ျပည္သူေတြကို ကိုယ့္ႏိုင္ငံကိုကာကြယ္ဖို႔ ယူကရိန္းတပ္ဖြဲ႕မ်ားနဲ႔အတူ ပူး ေပါင္းတိုက္ခိုက္ဖို႔ ေတာင္းဆိုတိုက္တြန္းထားပါတယ္။ ႐ုရွားတို႔ စတင္ခ်ိန္ကတည္းက ယူကရိန္းဟာစစ္မႈထမ္းေဟာင္းမ်ားနဲ႔ျပည္သူမ်ားကို လက္နက္မ်ား ျဖန႔္ေဝေပးတာမ်ိဳးေတြရွိေနခဲ့ေၾကာင္းသိရပါတယ္။