တရားသူကြီးမင်းများရဲ့ဆင်ခြင်တုံတရား " အလွှာ " ပါးသလား

 1869

မျိုးမင်း(မကျည်းလဟာ) - NP News

" မင်း မိုက်ရိုင်းလှချည်လား။ င့ါသမီး နာမည် ထည့်ပြောစရာမလိုဘူး "
တရားသူကြီးက တရားခံရဲ့ရဲဘက်အရာရှိကို ဒေါသတကြီးနဲ့အော်လိုက်တာပါ။ တရားရုံးတစ်ခွင်လုံး တရားသူကြီးရဲ့အသံက ဟိန်းထွက်သွားပြီးတော့ အားလုံးငြိမ်သက်သွားပါတယ်။ တရားရုံးတစ်ခုလုံး အပ်ကျသံတောင် မကြားရလောက်အောင်ပါပဲ။ ရဲအရာရှိက ပြောလိုက်တဲ့စကားဟာ တရားသူကြီးအတွက် ဒေါသတွေ ဆူပွက်စေခဲ့ပါတယ်။ ရဲအရာရှိ ပြောလိုက်တာကတော့....။
" မုဒိမ်းမှုတွေကို တိုက်ဖျက်ဖို့အတွက် တစ်နိုင်ငံလုံးက နိုးနိုးကြားကြားနဲ့လှုပ်ရှားတောင်းဆိုမှုတွေ လုပ်ခဲ့ကြတယ်။ အဲဒီနောက်မှာ ဘာဖြစ်လာသလဲ။ ၂၀၁၃ မှာ မုဒိမ်းမှုပေါင်း ၃၃၀၀၀ ကျော် ဖြစ်ခဲ့တယ်။ ၂၀၁၄ မှာ မိန်းကလေးပေါင်း ၃၆၀၀၀ ကျော် မုဒိမ်းကျင့်ခံရတယ်။ ၂၀၁၆ လည်းရောက်ရော ၃၉၀၀၀ နီးပါးသော မိန်းကလေးတွေ မုဒိမ်းကျင့်ခံရပြန်တယ်။ ၂၀၁၇ မှတ်တမ်းနဲ့အတူ ၂၀၁၈ မှာလည်း နောက်ထပ်မိန်းကလေးပေါင်း မြောက်များစွာ မုဒိမ်းကျင့်ခံနေရဦးမှာပါပဲ။ လွန်ခဲ့တဲ့ ငါးနှစ်အတွင်းမှာ မိန်းကလေးပေါင်း ၁၈၀၀၀၀ ထက်မနည်း မုဒိမ်းသမားတွေရဲ့သားကောင် ဖြစ်ခဲ့ရပြီးပြီ။ ဒ့ါအပြင် ကြောက်ရွံ့မှု၊ ရှက်ရွံ့မှုနဲ့ခြိမ်းခြောက်ခံရမှုတွေကြောင့် မတိုင်ကြားဘဲ ထားခဲ့တဲ့အမှုတွေလည်း အများကြီးရှိခဲ့ပါတယ်။ မကြာသေးခင်ကလည်း(၈)လပဲ ရှိသေးတဲ့ ကလေးလေးတစ်ယောက် မုဒိမ်းကျင့်ခံရပါတယ်။ (၈)လပဲ ရှိပါသေးတယ်။ တစ်နိုင်ငံလုံးက နိုးနိုးကြားကြားနဲ့တောင်းဆိုခဲ့ပေမယ့် မုဒိမ်းကောင်တွေရဲ့လူလိုသိစိတ်က နိုးကြားလာခြင်းမရှိခဲ့ပါဘူး။ ဘယ်တော့မှလည်း နိုးကြားလာမှာမဟုတ်ဘူး။ သူတို့မှာ ဘာအကြောက်တရားမှ မရှိဘူး။ အဆိုးဆုံးက ဘာဖြစ်လာမယ်ထင်လဲ။ တရားရုံးရောက်မယ်။ နောက်ဆုံး အထက်တရားရုံးအထိ ရောက်မယ်။ သူတို့ပြစ်ဒဏ်ခံရရင်တောင် ပြန်လွတ်လာဦးမှာပဲ။ ပြန်လွတ်လာတိုင်းမှာလည်း ဒီလို မုဒိမ်းမှုတွေကို ဆက်ပြီးကျုးလွန်ဖို့အားတွေ တက်လာဦးမှာပါပဲ။ နောက်ဆိုရင် အမျိုးသားကောလိပ်က ၁၆ နှစ်လောက်ပဲ ရှိတဲ့ ကလေးမလေးတစ်ယောက်လည်း မုဒိမ်းကျင့်ခံရနိုင်တယ်။ ဆန်ဒ်ညာဆိုတဲ့ နာမည်နဲ့မိန်းကလေးလည်း ဖြစ်နိုင်တယ်။ စကားမစပ် ဆန်ဒ်ညာက တရားသူကြီးမင်းရဲ့သမီး မဟုတ်လားခင်ဗျာ "
ဒီစကားကို ရဲအရာရှိက ပြောပြီးတဲ့နောက်မှာ တရားသူကြီးက ခုံကို လက်နဲ့အားကုန်ထုပြီး ဒေါသတကြီး ပြောခဲ့တာပါ။ ရဲအရာရှိစကားက တရားသူကြီးရဲ့ရင်ဘတ်ထဲကို ဒေါသမီးတွေ အတောင့်လိုက်ထိုးသွင်းလိုက်သလိုပါပဲ။ ဒီဒေါသဟာလည်း အများပြည်သူကြည့်နေတာ သိသိကြီးနဲ့တောင် မထိန်းနိုင်တဲ့အထိ ပေါ်လွင်သွားခဲ့တာမျိုးပါ။ ရဲအရာရှိကတော့ ချက်ခြင်းဆိုသလိုပဲ....။
" တောင်းပန်ပါတယ် တရားသူကြီးမင်းခင်ဗျာ။ ကျွန်တော်က အဲဒီလို ရည်ရွယ်တာ မဟုတ်ပါဘူး။ တရားသူကြီးမင်းက အာဏာရ တရားသူကြီးမင်းပါခင်ဗျာ။ ဒီလောက် လုပ်ပိုင်ခွင့်အာဏာရှိနေတာတောင် သမီးကို စော်ကားသလိုလေး ပြောလိုက်မိတဲ့စကားအပေါ်မှာ ဒေါသတကြီးဖြစ်လာတယ် မဟုတ်လား။ ဟိုခုံလေးမှာ ထိုင်နေတဲ့ (မုဒိမ်းကျင့်သတ်ဖြတ်ခံရသည့် အမျိုးသမီးငယ်၏ဖခင်ကို လက်ညှိုးထိုး၍)၊ ကူရာ ကယ်ရာမဲ့နေတဲ့ ဖခင်တစ်ယောက်ရဲ့ခံစားချက်ဆိုရင်ရော။ သူဘယ်လိုခံစားရမယ်ထင်သလဲခင်ဗျာ။ သူ့ခန္ဓာကိုယ်ထဲမှာလည်း တရားသူကြီးမင်းလို ဒေါသတွေ ပြည့်နှက်နေပါတယ်။ ကံဆိုးတာက သူ့မှာ အာဏာမရှိပါဘူး။ ဒါပေမဲ့ တရားသူကြီးမင်းမှာတော့ သူ့အတွက် တရားမျှတမှုပေးနိုင်မယ့် အခွင့်အာဏာရှိတယ်လို့သူ ယုံကြည်နေပါတယ်။ ဒါက ဒီနိုင်ငံရဲ့နိုင်ငံ့သားကောင်းတစ်ယောက်က သူ့ကို အားကိုးကြတဲ့ ကူရာကယ်ရာမဲ့ နိုင်ငံသားတစ်ဦးကို အနည်းဆုံးလုပ်ပေးနိုင်မယ့် အရာလေးပါခင်ဗျာ "
ဒီစကားရဲ့နောက်မှာတော့ တရားသူကြီးမင်းက နှုတ်ဆိတ်သွားပါတယ်။
ဒါကတော့ အိန္ဒိယဘောလီးဝုဒ်ရဲ့နာမည်ကျော်ဇာတ်ကားတစ်ကားဖြစ်တဲ့ Simmba ထဲက နာမည်ကျော်မင်းသား Ranveer Singh ပြောလိုက်တဲ့ ဇာတ်ဝင်ခန်းတစ်ခုက စကားတွေပါ။ တရားစီရင်ရေး မဏ္ဍိုင်ရဲ့အရေးပါမှုနဲ့နိုင်ငံရဲ့တည်ငြိမ်အေးချမ်းမှုကို တိတိပပနီးပါး လှလှပပ ထောက်ပြသွားတဲ့ စကားစုလေးပါပဲ။ ဒီဇာတ်ကားထဲက ဒီဇာတ်ဝင်ခန်းကို ကြည့်ပြီးတဲ့နောက် တရားစီရင်ရေးကဏ္ဍဟာ နိုင်ငံတစ်နိုင်ငံမှာ ဘယ်လောက်အရေးပါလဲဆိုတာကို အတွေးနယ်ချဲ့လိုက်မိပါတယ်။

- တရားစီရင်ရေးမဏ္ဍိုင်ရဲ့လုပ်ပိုင်ခွင့် အခန်းကဏ္ဍနဲ့လည်ပတ်ပုံစနစ် -

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၆)မှာ နိုင်ငံတော်၏တရားစီရင်ရေးဆိုင်ရာရုံးများကို(က) ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော်များ၊ ပြည်နယ်တရားလွှတ်တော်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း တရားရုံးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တရားရုံးများ၊ ခရိုင်တရားရုံးများ၊ မြို့နယ်တရားရုံးများ၊ ဥပဒေအရတည်ထောင်ထားသော အခြားတရားရုံးများ။ (ခ) စစ်ဘက်ဆိုင်ရာတရားရုံးများ။ (ဂ) နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး လို့အတိအလင်းဖော်ပြထားပါတယ်။ အဲဒီမှာတော့ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ဟာ နိုင်ငံတော်ရဲ့အမြင့်ဆုံးတရားရုံးဖြစ်တယ်လို့ပြဌာန်းထားသလို ထူးခြားချက်ကတော့ စစ်ဘက်ဆိုင်ရာတရားရုံးနဲ့နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ စီရင်ပိုင်ခွင့် အာဏာကို မထိခိုက်စေဘဲ စီရင်ပိုင်ခွင့်ရှိတယ်လို့ဆိုထားပါတယ်။ တရားစီရင်ရေးဟာ တိုင်းပြည်တစ်ပြည်ရဲ့မဏ္ဍိုင်ကြီးလေးရပ်ထဲက အရေးကြီးတဲ့ မဏ္ဍိုင်တစ်ခုဆိုတာ သိထားပြီးသားပါပဲ။ ခြေလေးချောင်းထောက်ထားတဲ့ ခုံတစ်လုံးထဲက အရေးပါတဲ့ ခြေထောက်တစ်ချောင်းဆိုရင် မမှားပါဘူး။ တိုင်းပြည်တစ်ပြည်မှာ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးနဲ့မီဒီယာဆိုပြီး မဏ္ဍိုင်ကြီးလေးရပ်က အပြန်အလှန်ထိန်းကျောင်းထားတာလည်း ဖြစ်ပါတယ်။ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပေါ်ပေါက်လာတဲ့ အစိုးရမတိုင်မီ တရားစီရင်ရေးကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေမဲ့ တရားစီရင်ရေးမျိုးလို့ကင်ပွန်းတပ်ချင်ရင်လည်း ရနိုင်ပါတယ်။ အဲဒီခေတ်ကာလတွေဟာ လက်နက်ကိုင်ထားသူတွေက တရားစီရင်ရေးကို လိုသလိုခြယ်လှယ်ခွင့်ရှိတဲ့အနေအထားလည်း ဖြစ်တဲ့အတွက် မဏ္ဍိုင်ကြီးလေးရပ်ထဲကတစ်ခုဖြစ်တဲ့ တရားစီရင်ရေးမဏ္ဍိုင်ဟာ မတွန်းသော်လည်း ပြိုကာလဲပြီးသား ဖြစ်ခဲ့တယ်လို့ဆိုချင်ပါတယ်။ ကျန်တဲ့ကဏ္ဍအသီးသီးကလည်း ယိုင်နဲ့နဲ့ဖြစ်နေပြီးတော့ အပျိုရည်ဖျက်ခံရတဲ့သူလို ဖြစ်ခဲ့ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအရ နောက်ဆုံးအပြီးအပြတ် တရားတဘောင်ရင်ဆိုင်ရာ နေရာဖြစ်သလို ထပ်မံအယူခံဝင်စရာမရှိတော့တဲ့ နောက်ဆုံးဂိတ်ပေါက်လည်း ဖြစ်နေပါတယ်။ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးအတွက် ပြည်ထောင်စုတရားသူကြီးချုပ်ကို ခန့်အပ်ရမှာဖြစ်သလို ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီးတွေကိုလည်း ခန့်အပ်တာဝန်ပေးရမယ်လို့ဖော်ပြထားပါတယ်။ ဘယ်သူတွေက ခန့်အပ်ပိုင်ခွင့်ရှိတာလဲဆိုရင်တော့ ပုဒ်မ ၂၉၉(ဂ) အရ နိုင်ငံတော်သမ္မတက ရွေးချယ်ပြီးတော့ ပြည်ထောင်စုလွှတ်တော်ရဲ့သဘောတူညီချက်နဲ့အခြားသော ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီး(၁၁)ဦးအထိကို ပုဒ်မ ၂၉၉(ခ)အရ ခန့်အပ်ခွင့်ရထားပါတယ်။ ပြည်ထောင်စုလွှတ်တော်က ကြိုက်ခြင်းမကြိုက်ခြင်းနဲ့အခြားအချက်တွေကတော့ ပုဒ်မတွေ သီးခြားဆက်ပြီးဖော်ပြထားပါတယ်။ ပုဒ်မ ၃၀၁ မှာလည်း ပုဒ်မခွဲငယ်တွေနဲ့အတူ ပြည်ထောင်စုတရားသူကြီးချုပ်နဲ့အဖွဲ့အပေါ် အရည်အချင်းသတ်မှတ်ချက်တွေကို ဖော်ပြထားပါတယ်။ တာဝန်ထမ်းဆောင်ခွင့်ကာလကိုတော့ ပုဒ်မ ၃၀၃ မှာ အသက်(၇၀)အထိ သတ်မှတ်ထားပါတယ်။ ဆင့်ကဲသတ်မှတ်ချက်အလိုက် မြို့နယ်အဆင့်အထိ အဆင့်ဆင့်အလိုက်သတ်မှတ်တာဝန်တွေကို ဥပဒေအရ ပြဌာန်းပေးထားပါတယ်။ တည်ဆောက်ပုံ၊ လုပ်ပိုင်ခွင့်အခန်းကဏ္ဍနဲ့လည်ပတ်ပုံစနစ်တွေအရ ဆိုရင်တော့ တရားစီရင်ရေးကဏ္ဍဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါအတိုင်း ဥပဒေကိုအပြည့်အဝအသုံးချခွင့် အခွင့်အာဏာကို ပိုင်ဆိုင်ထားပါတယ်။ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ဟာဆိုရင်လည်း ပုဒ်မ ၂၉၆ အရ ရှေ့တော်သွင်း စာချွန်တော်အမိန့်၊ အာဏာပေး စာချွန်တော်အမိန့်၊တားမြစ်စေ စာချွန်တော်အမိန့်၊ အာဏာပိုင်မေး စာချွန်တော်အမိန့်၊ အမှုခေါ် စာချွန်လွှာအမိန့်ဆိုပြီး အမိန့်စာတွေ ထုတ်ပြန်ပိုင်ခွင့်လည်း ရှိထားပါတယ်။ နိုင်ငံတော်အတွင်းမှာ အရေးပေါ်အခြေအနေတွေပေါ်ပေါက်လာရင်လည်း ကြေညာခံရတဲ့ဒေသအတွက် စာချွန်တော်အမိန့်ထုတ်ဆင့်ပေးဖို့လျှောက်ထားချက်တွေကို ရပ်ဆိုင်းခွင့်ရှိတယ်လို့ဆိုပါတယ်။ စာအုပ်ပေါ်က ပြဌာန်းချက်အတိုင်းကတော့ ပြည့်စုံကောင်းမွန် အားပါလွန်းနေတာ တွေ့ရပါတယ်။

- ပြည်သူ့ဆန္ဒ၊ ခံစားချက်များနဲ့တရားစီရင်ရေး -

တကယ်တမ်းကျတော့ တရားစီရင်ရေးဆိုတဲ့ တရားရုံးတွေကို ဘယ်ပြည်သူကမှ တကူးတက မရောက်ချင်ကြပါဘူး။ ပြည်သူတွေ ထိတွေ့ဆက်ဆံနေရတာကတော့ မြို့နယ်အဆင့်တရားရုံးတွေအများဆုံးပါပဲ။ ပြည်သူတွေဟာ တရားစီရင်ရေးရဲ့အလုပ်လုပ်ပုံလုပ်နည်းတွေကို ဘယ်သူမှရေရေရာရာ မသိကြပါဘူး။ သိဖို့လည်း ဆန္ဒမရှိကြပါဘူး။ ပြည်သူ သိချင်တာကတော့ တရားမျှတမှု ရရှိရေးအတွက် တရားရုံးတွေက ကူညီပေးနိုင်တယ်လို့သိထားတာပါ။ သို့သော်လည်း ပြည်သူတိုင်းကို တရားရုံးက စီရင်မယ့် တရားစီရင်မှုကို ကျေနပ်မှု ရှိသလားလို့မေးကြည့်ရင် အားရကျေနပ်တယ်လို့ချည်းပဲ ဖြေမယ့်သူ ၁၀၀ မှာ ၅၀ ရှိဖို့ခက်ခဲပါတယ်။ တရားစီရင်ရေးမှာ အဆောက်အအုံ၊ လူပုဂ္ဂိုလ်နဲ့ပြဌာန်းထားတဲ့ ဥပဒေတွေဆိုတာ ရှိပါတယ်။ အဆောက်အအုံကို ပြည်သူတွေက လုံးဝမကြောက်ပါဘူး။ ပြည်သူတွေ ကြောက်တာကတော့ ဥပဒေပြဌာန်းချက်ကို လိုသလို စကားလုံးသုံးပြီး လှည့်စားမယ့် လူပုဂ္ဂိုလ်တွေကိုပါပဲ။ တိတိပပ ဆိုရရင်တော့ ပြည်သူတွေက အာဏာရလူပုဂ္ဂိုလ်တွေရဲ့ဆင်ခြင်တုံတရားနဲ့အသိစိတ်ကိုပဲ ကြောက်ကြတာပါ။ ဥပဒေတစ်ခုက ပြဌာန်းထားရင် လိုအပ်သလို ခေတ်ကာလအလျောက် ပြင်ဆင်ခွင့်ရှိပေမယ့် လူပုဂ္ဂိုလ်ကတော့ တရားစီရင်ချိန်မှာ ခံစားရတဲ့ ခံစားချက်အတိုင်း ဂျုရီလူကြီးတွေ ခံစားရတဲ့ ခံစားချက်အတိုင်း စီရင်ကြတာဖြစ်တဲ့အတွက် တရားစီရင်မှုဟာ မျှတသည် မမျှတသည်ကို ပြည်သူတိုင်းလိုလိုက ယုံကြည်မှုမှတ်ချက်မပေးချင်ကြတော့ပါဘူး။ ရှေ့နေလုပ်သက် ၅၀ ကျော်ရှိပြီဖြစ်သလို ဆိုရှယ်လစ်ခေတ်ကနေ လက်ရှိဒီမိုကရေစီအထိ ခေတ်အဆက်ဆက်ကို ဖြတ်သန်းခဲ့ရသူ ဆရာကြီး ဦးမြသိန်း(နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးအဖွဲ့ဝင်ဟောင်း)ကတော့ တရားစီရင်ရေးထဲက အာဏာရလူပုဂ္ဂိုလ်တွေကို လူသားဆန်ကြစေဖို့မျှော်လင့်ထားကြောင်း ပြောဖူးပါတယ်။ " တကယ်တော့ တရားစီရင်တယ်ဆိုတာဟာလေ။ တကယ့်အမှန်တရားကို တရားသူကြီးက မသိဘူး။ မသိတဲ့သူတွေကို ထိုင်ပြီးတော့ တရားစီရင်ခိုင်းတာ။ အခင်းဖြစ်ရပ်ဖြစ်တဲ့အချိန်မှာ မရှိတဲ့သူက ရှေ့နေအဖြစ် လိုက်ရတာ။ ဖြစ်တဲ့အချိန်တုန်းက မရှိတဲ့လူက အစိုးရရှေ့နေအဖြစ် လိုက်ရတာ။ ပညာဉာဏ်နဲ့ပဲ ဒီအမှုကိုတည်ဆောက်ပြီးတော့ ဘယ်လိုဖြစ်ဖွယ်ရာရှိတယ်လို့ပြောကြတာမျိုးပါ။ တရားသူကြီးကလည်း ငါကလည်း ဒီလိုထင်တယ်ဆိုပြီးတော့ ထင်မြင်ချက်နဲ့ချတာပါပဲ " လို့ဦးမြသိန်းက ပြောပါတယ်။ ကိုယ်တိုင် ကိုင်တွယ်ခဲ့ဖူးတဲ့ အမှုတစ်ခုမှာတော့ လူသတ်ခဲ့သူကို လူသတ်သမားဖြစ်ကြောင်း သက်သေအထောက်အထား ခိုင်ခိုင်မာမာမရှိစေဘဲ လူမသတ်သူက လူသတ်သမားဖြစ်သွားစေတဲ့ သတ်ဖြတ်တဲ့အထောက်အထားတွေ ပိုင်ဆိုင်သွားတာမျိုး ရှိခဲ့ဖူးတယ်လို့ဆိုပါတယ်။ အထူးသဖြင့် လူသတ်ခဲ့သူက အမှုကနေ လွတ်သွားချိန်မှာ လာကန်တော့ရင်း တကယ်တော့ သူသတ်ခဲ့တာပါလို့ဝန်ခံမှသာ ပြန်သိလိုက်ရတာမျိုးလို့ပြောတာပါ။ လူမသတ်ခဲ့သူက ထောင်ကျသွားပြီးတော့ လူသတ်သူက လူကောင်းတစ်ယောက်အဖြစ် ရပ်တည်ခွင့်ရသွားတာဟာ တရားစီရင်ရေးကဏ္ဍဘက်က အထောက်အထားတွေကို အားပြုခဲ့သလို အခင်းဖြစ်စဉ်တကယ့်အမှန်တရားကို မသိခဲ့တာကြောင့်လည်း ဖြစ်တာလို့ဦးမြသိန်းက ပြောပါတယ်။

- တရားစီရင်ရေးမဏ္ဍိုင်ဘက်က ပြန်နေကြည့်သောအခါ -

တရားစီရင်ရေးကို စီရင်ပိုင်ခွင့်ရသူ လူပုဂ္ဂိုလ်တွေကလည်း တရားစီရင်ရေး လုပ်ငန်းစဉ်မှာတော့ အမှုတစ်ခု ဖြစ်လာတိုင်းမှာ နှစ်ဖက်သက်သေတင်ပြလျှောက်လဲချက်တွေကို အချိန်ပေးနားထောင်ရသလို မျှမျှတတစီရင်နိုင်ဖို့ပဲ အားထုတ်ကြတာဖြစ်တယ်လို့ဆိုကြမှာပါ။ နောက်တစ်ချက်ကတော့ ဥပဒေပြုရေးမဏ္ဍိုင်ဘက်က ပြုထားတဲ့ ဥပဒေတွေအတိုင်းပဲ လိုက်နာကျင့်သုံးရတာဖြစ်တယ်လို့တုံ့ပြန်နိုင်ပါတယ်။ ဒါ့အပြင် မမြင်ရတဲ့ ဖိအားတွေကိုလည်း စိုးရွံ့မှာပါ။ မမြင်ရတဲ့ ဖိအားကတော့ ထင်ပေါ်ကျော်ကြားသူတွေနဲ့ပြည်သူတွေက ဝိုင်းဝန်းလှုံ့ဆော်လှုပ်ရှားလာတာမျိုး၊ သတင်းမီဒီယာတွေကနေ တစ်ဖက်တည်းကိုပဲ စောင်းပေးဖော်ပြတာမျိုးနဲ့တရားစီရင်ခွင့်ရပုဂ္ဂိုလ်ကို ခန့်အပ်ခွင့်ရထားတဲ့ အုပ်ချုပ်ရေးပိုင်းက သွယ်ဝိုက်စွက်ဖက်တာမျိုး၊ ကန့်လန့်ကာနောက်ကွယ်ကနေ စွက်ဖက်တာမျိုးတွေကို ဆိုလိုတာပါ။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ မေးခွန်းထုတ်စရာရှိလာတာဟာ နိုင်ငံတော်သမ္မတကတောင် တရားစီရင်ရေးမဏ္ဍိုင်ကို စွက်ဖက်ခွင့်မရှိဘူးလို့ဆိုထားပေမယ့် နိုင်ငံတော်သမ္မတကပဲ ပြည်ထောင်စုတရားသူကြီးချုပ်နဲ့ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီးတွေကို ခန့်အပ်ဖို့ပြည်ထောင်စုလွှတ်တော်ကို အမည်စာရင်းပေးပို့ပိုင်ခွင့်ရှိနေတာဟာ ဒွိဟဖြစ်စရာအချက်လို့လည်း ဆိုနိုင်ပါတယ်။ ဆိုလိုချင်တာကတော့ နိုင်ငံတော်သမ္မတက မစွက်ဖက်သည့်တိုင် နိုင်ငံတော်သမ္မတနဲ့ထိပ်တိုက်တွေ့လာနိုင်တဲ့ တရားစီရင်မှုမျိုးကျရင် ပြည်ထောင်စုတရားသူကြီးချုပ်နဲ့ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီးတွေက ဆုံးဖြတ်လုပ်ကိုင်ရဲပါ့မလားဆိုတဲ့ သစ္စာတရားကို ဒွိဟဖြစ်တာပါ။ တရားစီရင်ရေးမဏ္ဍိုင်ဟာ နိုင်ငံတော်သမ္မတ ဦးဆောင်တဲ့အုပ်ချုပ်ရေး၊ ပြည်ထောင်စုလွှတ်တော်နာယက ဦးဆောင်တဲ့ ဥပဒေပြုရေးဏ္ဍိုင်တို့က ချမှတ်ထားတဲ့ လမ်းစဉ်တွေကို ထိပ်တိုက်တွေ့ရဲပါ့မလားဆိုတာ သံသယရှိစရာ ထောက်ပြစရာ ဖြစ်လာပါတယ်။ ထင်ရှားကျော်ကြားလှတဲ့ ဟာသသရုပ်ဆောင် အောင်ရဲထွေး အမှုမျိုးနဲ့အခြားသော ထင်ရှားတဲ့ မင်းသားတွေကိစ္စမှာ နိုင်ငံတော်သမ္မတက စကားလုံးလေး တစ်လုံးနှစ်လုံး ဝင်ပြောလိုက်တာနဲ့ပဲ မူလက ပြီးပြတ်သွားပြီလို့သတ်မှတ်ခံရတဲ့ တရားစီရင်ရေးဟာ တစ်ကျော့ပြန် စတင်ရတာလည်း အများအသိပါပဲ။ မှားခြင်း မှန်ခြင်းထက် နိုင်ငံတော်သမ္မတက စကားလေး ဟ လိုက်တာနဲ့ပဲ ချက်ခြင်း မူဝါဒပြောင်းသွားတာဟာ သိပ်ကို သတိထားစရာကောင်းတဲ့အနေထားပါ။ တရားစီရင်ရေးမဏ္ဍိုင်ဘက်က တရားစီရင်မှုတွေဟာ နိုင်ငံတော်အစိုးရကို ပြည်သူတွေက ဘယ်လောက်ယုံကြည်အားကိုးသလဲဆိုတာကို တိုင်းတာပေးနိုင်သလို တိုင်းပြည်တစ်ပြည်ရဲ့တရားဥပဒေစိုးမိုးရေးက ဘယ်လောက်အားကောင်းလာမလဲဆိုတာကိုပါ ညွှန်းပြပါတယ်။ ဒါနဲ့ပတ်သက်ရင်လည်း လက်ရှိ မြန်မာနိုင်ငံအနေအထားကတော့ စစ်တမ်းကောက်ပြစရာမလိုတော့ဘူးလို့လည်း ယူဆပါတယ်။

- ရဲတပ်ဖွဲ့ဘက်က လာတဲ့သတင်းစကားအချို့ -

" ရဲဘက်ကတော့ ဖမ်းပြီးရင် တရားစွဲတင်တယ်လေ။ ကျန်တာက တရားရုံးအလုပ်ပေ့ါဗျာ။ ရဲက ဖမ်းပေမယ့် အပြစ်မရှိဘူးဆိုပြီး တရားသူကြီးက လွှတ်ရင်လည်း ဘာတတ်နိုင်မလဲ " လို့အမည်မဖော်ချင်တဲ့ ရဲအရာရှိတစ်ဦးကတော့ ရင်ဖွင့်ပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေဟာ တရားခံလို့သံသယရှိသူတွေကို လွယ်လွယ်ကူကူဖမ်းလို့ရတာ ရှိသလို၊ ခက်ခက်ခဲခဲ ဖမ်းဆီးရတာလည်း ရှိပါတယ်။ ဒီလိုဖမ်းဆီးတဲ့အချိန်မှာ အသက်ပေးလိုက်ရတာတွေ၊ ရန်ပြုခံရတာတွေအပြင် မလိုလားအပ်တဲ့ ဖြစ်ရပ်တွေပါ ဖြစ်ခဲ့ဖူးပါတယ်။ ဖမ်းဆီးနိုင်ခဲ့တဲ့ တရားခံကိုလည်း တရားရုံးကို တင်လိုက်တဲ့အခါမှာလည်း တရားရုံးမှာတော့ နှစ်ဖက်ရှေ့နေ လျှောက်လဲချက်တွေနဲ့ကြားနာရတာဖြစ်သလို တရားရုံးတင်ခံရသူ တရားခံဘက်မှာ အပြစ်မရှိကြောင်း တရားခံရှေ့နေက ချေပကြပါတယ်။ ဒီလိုနဲ့ပဲ တရားခွင်မှာ လတွေကြာမြင့်သွားတတ်သလို အချို့သော အမှုတွေမှာတော့ အချိန်တိုတိုအတွင်း ပြတ်သွားပါတယ်။ တရားရုံးက စီရင်ချက်ချပြီးရင်လည်း အပြစ်ဒဏ်ခံရလို့အကျဉ်းထောင်ကို ရောက်ချိန်မှာ ထောင်သားဖြစ်သွားသူက ထောင်ထဲမှာ ကောင်းကောင်းမွန်မွန်နေထိုင်ပြရင်းနဲ့လွတ်ငြိမ်းချမ်းသာကိုပါ မျှော်လင့်ခွင့်ရှိသွားပြန်ပါတယ်။ ဆင့်ကဲဖြစ်စဉ်တွေမှာ ရဲတပ်ဖွဲ့ဝင်တွေရဲ့လုပ်ဆောင်ချက်က ဖမ်းဆီးတရားရုံးတင်ပြီးရင် ပြီးပါပြီ။ တရားရုံးက စီရင်ချက် ချပြီးတာနဲ့အကျဉ်းထောင်ကို ပို့ပြီးတာနဲ့ရဲလုပ်ငန်းစဉ်က ပြီးဆုံးသွားပါတယ်။ တရားစီရင်ရေးဘက်ကတော့ အခင်းဖြစ်စဉ်ကို ကိုယ်တိုင်မမြင်လိုက်ရဘဲ နှစ်ဖက်လျှောက်လဲချက်တွေကို နားထောင်ပြီးတော့ တရားသူကြီးရဲ့ဆင်ခြင်တုံတရားနဲ့ဥပဒေကို ကိုင်ပြီး ဆုံးဖြတ်ရတာမျိုး ဖြစ်ပါတယ်။ တရားသူကြီးတွေနဲ့ပတ်သက်ရင် ရဲတပ်ဖွဲ့ဘက်ကတော့ မှန်ကန်မျှတပြီး တိုင်းပြည်ကို ချစ်မြတ်နိုးတဲ့ တရားသူကြီးတွေအဖြစ် မြင်ချင်ကြတယ်လို့ဆိုပါတယ်။ မကြာသေးခင်က ဖြစ်ခဲ့တဲ့ ရန်ကုန်လေဆိပ်မှာ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေကို တရားရုံး တင်လိုက်ချိန်ကျမှ စိုက်ပျိုးရေးဆေးတွေပါဆိုတဲ့ ခေါင်းစဉ်အောက်ကနေ တရားခံတွေ လွတ်သွားတာမျိုးဟာ ရဲတပ်ဖွဲ့ဘက်ကတော့ တရားသူကြီးကို ဒေါသထွက်ခဲ့ရသလို သတ်ပစ်ချင်စိတ်တောင် ဖြစ်မိတယ်လို့ရဲအရာရှိက ဆိုပါတယ်။ မီဒီယာလောကရဲ့နမူနာတစ်ခုလို ဆိုရင်ဖြင့် သတင်းထောက်နဲ့အယ်ဒီတာ ဖြစ်ရပ်မျိုးနဲ့အလားသဏ္ဍန်တူတာပါ။ သတင်းသမားက သတင်းတွေကို ခက်ခက်ခဲခဲ မောကြီးပန်းကြီး လိုက်ယူပြီးတော့ ရုံးကို ပြန်ရောက်လို့သတင်းရေးတင်ချိန်မှာ အယ်ဒီတာက သတင်းရဲ့အတိမ်အနက်ကို သေချာမစိစစ်တော့ဘဲ ဒီသတင်း မသုံးတော့ပါလို့သတင်းထောက်ကို ပြောလိုက်ချိန်မှာ သတင်းထောက်ဘက်ကခံစားရသလိုမျိုး ရဲတပ်ဖွဲ့ဘက်က ခံစားရတာလည်း ဖြစ်နိုင်ပါတယ်။ " တရားသူကြီးက လွတ်စေချင်ရင် အမှုကို အသေးစိတ်မဖတ်တော့ဘဲ လွတ်လောက်တဲ့ သုံးသပ်ထားချက်တွေကိုပဲ ရွေးပြီး ဖတ်တော့တာလေ။ မလွတ်စေချင်ရင်တော့ သိတဲ့အတိုင်းပဲ။ မလွတ်လောက်တဲ့ အချက်တွေကိုပဲ ရွေးဖတ်တော့တာ။ ကျွန်တော် တရားသူကြီးမဖြစ်တာကိုတော့ ဘဝမှာ စိတ်အချမ်းသာဆုံးပဲ " လို့ရဲအရာရှိက ခံပြင်းစွာနဲ့ပြောပါတယ်။

- တရားသူကြီးမင်းများရဲ့ဆင်ခြင်တုံတရားက အလွှာ ပါးသလား -

တရားရုံး တရားခွင် တရားသူကြီးထိုင်ခုံမှာ တရားစီရင်ဖို့အတွက် ထိုင်လိုက်ပြီဆိုရင်ဖြင့် တရားသူကြီးမင်းများကို ဖြစ်စေချင်တာလေး ရှိပါတယ်။ ကိုယ်ထိုင်တဲ့ခုံဟာ လောကကို တည့်မတ်စေဖို့၊ အပြစ်သားကို အပြစ်သားလို အပြစ်ပေးဖို့၊ ဘယ်သူ့သားသမီး ဆွေးမျိုးမျက်နှာကိုမှ မထောက်ဘဲ တရားစီရင်ပေးဖို့စိတ်နှလုံး သွင်းစေချင်တာပါ။ စကားလုံးအားဖြင့်တော့ ပေါ့တယ်လို့ထင်ပေမယ့် ကိုယ်ထိုင်တဲ့ထိုင်ခုံကို တန်ဖိုးထားဖို့လိုတယ်လို့ဆိုချင်ပါတယ်။ တရားခွင်မှာ ဆုံးဖြတ်ချက်တွေဟာ တရားသူကြီးရဲ့ဆင်ခြင်တုံတရားနဲ့ပဲ ဆုံးဖြတ်သွားရတာဖြစ်တဲ့အတွက် တရားသူကြီးမင်းရဲ့ဦးနှောက်၊ စိတ်ခံစားချက်နဲ့သမာသမတ်ကျမှုတွေဟာ ဆင်ခြင်တုံတရားဆိုတဲ့ စကားလုံးကို ဘယ်လိုလွှမ်းမိုးခြယ်လှယ်သွားသလဲဆိုတာက အဖြေပါပဲ။ တရားရေး ချိန်ခွင်ဟာ တစ်ဖက်ဖက်ကို တိမ်းစောင်းနေလို့မရပါဘူး။ တိမ်းစောင်းမှု ဘယ်တုန်းကမှ မလုပ်ခဲ့ဘူးလို့ဆိုသည့်တိုင် ပြည်သူတွေကလည်း စောင့်ကြည့်သုံးသပ်လာကြပြီဖြစ်တဲ့အတွက် ပြည်သူ့ခံစားမှုကို ထည့်မတွေးခဲ့ရင်၊ ဦးနှောက်က မှန်မှန်ကန်ကန် မတွေးခဲ့ရင် ဒါဟာ စိတ်မကောင်းစရာ တရားစီရင်ရေးလမ်းမှားကို တွန်းပို့သလို ဖြစ်သွားနိုင်ပါတယ်။ အိန္ဒိယ ဘောလီးဝုဒ်ဇာတ်ကား Simmba ထဲက စကားလုံးအချို့နဲ့အဆုံးသတ်ပါရစေ။ " တရားသူကြီးမင်းက အာဏာရတရားသူကြီးမင်းပါခင်ဗျာ။ ဒီလောက် လုပ်ပိုင်ခွင့်အာဏာရှိနေတာတောင် သမီးကို စော်ကားသလိုလေး ပြောလိုက်မိတဲ့စကားအပေါ်မှာ ဒေါသတကြီးဖြစ်လာတယ် မဟုတ်လား။ ဟိုခုံလေးမှာ ထိုင်နေတဲ့ (မုဒိမ်းကျင့်သတ်ဖြတ်ခံရသည့် အမျိုးသမီးငယ်၏ဖခင်ကို လက်ညှိုးထိုး၍)၊ ကူရာ ကယ်ရာမဲ့နေတဲ့ ဖခင်တစ်ယောက်ရဲ့ခံစားချက်ဆိုရင်ရော။ သူဘယ်လိုခံစားရမယ်ထင်သလဲခင်ဗျာ။ သူ့ခန္ဓာကိုယ်ထဲမှာလည်း တရားသူကြီးမင်းလို ဒေါသတွေ ပြည့်နှက်နေပါတယ်။ ကံဆိုးတာက သူ့မှာ အာဏာမရှိပါဘူး။ ဒါပေမဲ့ တရားသူကြီးမင်းမှာတော့ သူ့အတွက် တရားမျှတမှုပေးနိုင်မယ့် အခွင့်အာဏာရှိတယ်လို့သူ ယုံကြည်နေပါတယ်။ ဒါက ဒီနိုင်ငံရဲ့နိုင်ငံ့သားကောင်းတစ်ယောက်က သူ့ကို အားကိုးကြတဲ့ ကူရာကယ်ရာမဲ့ နိုင်ငံသားတစ်ဦးကို အနည်းဆုံးလုပ်ပေးနိုင်မယ့် အရာလေးပါခင်ဗျာ "

တရားသူကြီးမင်းများ ခေါင်းအုံးနဲ့ထိတိုင်း စိတ်ရှင်းရှင်း အိပ်နိုင်ကြပါစေ။ စားတဲ့ ထမင်းတိုင်း စိတ်သန့်သန့်စားနိုင်ကြပါစေ။ ဆင်ခြင်တုံတရားဆိုတဲ့ စကားလုံးကို သေသေချာချာ နားလည်ခံစားတတ်သူများ ဖြစ်ကြပါစေ။

( ဆောင်းပါးရှင်က ၂၀၁၉ ခုနှစ် မတ်လအတွင်းက ရေးသားခဲ့ခြင်းဖြစ်ပြီး မှတ်တမ်းမှတ်ရာဆောင်းပါးတစ်ခုအဖြစ် ပြန်လည်ဖော်ပြပေးထားခြင်း ဖြစ်ပါသည်)

Zawgyi Version

တရားသူႀကီးမင္းမ်ားရဲ႕ဆင္ျခင္တုံတရား " အလႊာ " ပါးသလား
မ်ိဳးမင္း(မက်ည္းလဟာ) - NP News

" မင္း မိုက္႐ိုင္းလွခ်ည္လား။ င့ါသမီး နာမည္ ထည့္ေျပာစရာမလိုဘူး "
တရားသူႀကီးက တရားခံရဲ႕ရဲဘက္အရာရွိကို ေဒါသတႀကီးနဲ႔ေအာ္လိုက္တာပါ။ တရား႐ုံးတစ္ခြင္လုံး တရားသူႀကီးရဲ႕အသံက ဟိန္းထြက္သြားၿပီးေတာ့ အားလုံးၿငိမ္သက္သြားပါတယ္။ တရား႐ုံးတစ္ခုလုံး အပ္က်သံေတာင္ မၾကားရေလာက္ေအာင္ပါပဲ။ ရဲအရာရွိက ေျပာလိုက္တဲ့စကားဟာ တရားသူႀကီးအတြက္ ေဒါသေတြ ဆူပြက္ေစခဲ့ပါတယ္။ ရဲအရာရွိ ေျပာလိုက္တာကေတာ့....။
" မုဒိမ္းမႈေတြကို တိုက္ဖ်က္ဖို႔အတြက္ တစ္ႏိုင္ငံလုံးက ႏိုးႏိုးၾကားၾကားနဲ႔လႈပ္ရွားေတာင္းဆိုမႈေတြ လုပ္ခဲ့ၾကတယ္။ အဲဒီေနာက္မွာ ဘာျဖစ္လာသလဲ။ ၂၀၁၃ မွာ မုဒိမ္းမႈေပါင္း ၃၃၀၀၀ ေက်ာ္ ျဖစ္ခဲ့တယ္။ ၂၀၁၄ မွာ မိန္းကေလးေပါင္း ၃၆၀၀၀ ေက်ာ္ မုဒိမ္းက်င့္ခံရတယ္။ ၂၀၁၆ လည္းေရာက္ေရာ ၃၉၀၀၀ နီးပါးေသာ မိန္းကေလးေတြ မုဒိမ္းက်င့္ခံရျပန္တယ္။ ၂၀၁၇ မွတ္တမ္းနဲ႔အတူ ၂၀၁၈ မွာလည္း ေနာက္ထပ္မိန္းကေလးေပါင္း ေျမာက္မ်ားစြာ မုဒိမ္းက်င့္ခံေနရဦးမွာပါပဲ။ လြန္ခဲ့တဲ့ ငါးႏွစ္အတြင္းမွာ မိန္းကေလးေပါင္း ၁၈၀၀၀၀ ထက္မနည္း မုဒိမ္းသမားေတြရဲ႕သားေကာင္ ျဖစ္ခဲ့ရၿပီးၿပီ။ ဒ့ါအျပင္ ေၾကာက္႐ြံ႕မႈ၊ ရွက္႐ြံ႕မႈနဲ႔ၿခိမ္းေျခာက္ခံရမႈေတြေၾကာင့္ မတိုင္ၾကားဘဲ ထားခဲ့တဲ့အမႈေတြလည္း အမ်ားႀကီးရွိခဲ့ပါတယ္။ မၾကာေသးခင္ကလည္း(၈)လပဲ ရွိေသးတဲ့ ကေလးေလးတစ္ေယာက္ မုဒိမ္းက်င့္ခံရပါတယ္။ (၈)လပဲ ရွိပါေသးတယ္။ တစ္ႏိုင္ငံလုံးက ႏိုးႏိုးၾကားၾကားနဲ႔ေတာင္းဆိုခဲ့ေပမယ့္ မုဒိမ္းေကာင္ေတြရဲ႕လူလိုသိစိတ္က ႏိုးၾကားလာျခင္းမရွိခဲ့ပါဘူး။ ဘယ္ေတာ့မွလည္း ႏိုးၾကားလာမွာမဟုတ္ဘူး။ သူတို႔မွာ ဘာအေၾကာက္တရားမွ မရွိဘူး။ အဆိုးဆုံးက ဘာျဖစ္လာမယ္ထင္လဲ။ တရား႐ုံးေရာက္မယ္။ ေနာက္ဆုံး အထက္တရား႐ုံးအထိ ေရာက္မယ္။ သူတို႔ျပစ္ဒဏ္ခံရရင္ေတာင္ ျပန္လြတ္လာဦးမွာပဲ။ ျပန္လြတ္လာတိုင္းမွာလည္း ဒီလို မုဒိမ္းမႈေတြကို ဆက္ၿပီးက်ဳးလြန္ဖို႔အားေတြ တက္လာဦးမွာပါပဲ။ ေနာက္ဆိုရင္ အမ်ိဳးသားေကာလိပ္က ၁၆ ႏွစ္ေလာက္ပဲ ရွိတဲ့ ကေလးမေလးတစ္ေယာက္လည္း မုဒိမ္းက်င့္ခံရႏိုင္တယ္။ ဆန္ဒ္ညာဆိုတဲ့ နာမည္နဲ႔မိန္းကေလးလည္း ျဖစ္ႏိုင္တယ္။ စကားမစပ္ ဆန္ဒ္ညာက တရားသူႀကီးမင္းရဲ႕သမီး မဟုတ္လားခင္ဗ်ာ "
ဒီစကားကို ရဲအရာရွိက ေျပာၿပီးတဲ့ေနာက္မွာ တရားသူႀကီးက ခုံကို လက္နဲ႔အားကုန္ထုၿပီး ေဒါသတႀကီး ေျပာခဲ့တာပါ။ ရဲအရာရွိစကားက တရားသူႀကီးရဲ႕ရင္ဘတ္ထဲကို ေဒါသမီးေတြ အေတာင့္လိုက္ထိုးသြင္းလိုက္သလိုပါပဲ။ ဒီေဒါသဟာလည္း အမ်ားျပည္သူၾကည့္ေနတာ သိသိႀကီးနဲ႔ေတာင္ မထိန္းႏိုင္တဲ့အထိ ေပၚလြင္သြားခဲ့တာမ်ိဳးပါ။ ရဲအရာရွိကေတာ့ ခ်က္ျခင္းဆိုသလိုပဲ....။
" ေတာင္းပန္ပါတယ္ တရားသူႀကီးမင္းခင္ဗ်ာ။ ကြၽန္ေတာ္က အဲဒီလို ရည္႐ြယ္တာ မဟုတ္ပါဘူး။ တရားသူႀကီးမင္းက အာဏာရ တရားသူႀကီးမင္းပါခင္ဗ်ာ။ ဒီေလာက္ လုပ္ပိုင္ခြင့္အာဏာရွိေနတာေတာင္ သမီးကို ေစာ္ကားသလိုေလး ေျပာလိုက္မိတဲ့စကားအေပၚမွာ ေဒါသတႀကီးျဖစ္လာတယ္ မဟုတ္လား။ ဟိုခုံေလးမွာ ထိုင္ေနတဲ့ (မုဒိမ္းက်င့္သတ္ျဖတ္ခံရသည့္ အမ်ိဳးသမီးငယ္၏ဖခင္ကို လက္ညႇိဳးထိုး၍)၊ ကူရာ ကယ္ရာမဲ့ေနတဲ့ ဖခင္တစ္ေယာက္ရဲ႕ခံစားခ်က္ဆိုရင္ေရာ။ သူဘယ္လိုခံစားရမယ္ထင္သလဲခင္ဗ်ာ။ သူ႔ခႏၶာကိုယ္ထဲမွာလည္း တရားသူႀကီးမင္းလို ေဒါသေတြ ျပည့္ႏွက္ေနပါတယ္။ ကံဆိုးတာက သူ႔မွာ အာဏာမရွိပါဘူး။ ဒါေပမဲ့ တရားသူႀကီးမင္းမွာေတာ့ သူ႔အတြက္ တရားမွ်တမႈေပးႏိုင္မယ့္ အခြင့္အာဏာရွိတယ္လို႔သူ ယုံၾကည္ေနပါတယ္။ ဒါက ဒီႏိုင္ငံရဲ႕ႏိုင္ငံ့သားေကာင္းတစ္ေယာက္က သူ႔ကို အားကိုးၾကတဲ့ ကူရာကယ္ရာမဲ့ ႏိုင္ငံသားတစ္ဦးကို အနည္းဆုံးလုပ္ေပးႏိုင္မယ့္ အရာေလးပါခင္ဗ်ာ "
ဒီစကားရဲ႕ေနာက္မွာေတာ့ တရားသူႀကီးမင္းက ႏႈတ္ဆိတ္သြားပါတယ္။
ဒါကေတာ့ အိႏၵိယေဘာလီးဝုဒ္ရဲ႕နာမည္ေက်ာ္ဇာတ္ကားတစ္ကားျဖစ္တဲ့ Simmba ထဲက နာမည္ေက်ာ္မင္းသား Ranveer Singh ေျပာလိုက္တဲ့ ဇာတ္ဝင္ခန္းတစ္ခုက စကားေတြပါ။ တရားစီရင္ေရး မ႑ိဳင္ရဲ႕အေရးပါမႈနဲ႔ႏိုင္ငံရဲ႕တည္ၿငိမ္ေအးခ်မ္းမႈကို တိတိပပနီးပါး လွလွပပ ေထာက္ျပသြားတဲ့ စကားစုေလးပါပဲ။ ဒီဇာတ္ကားထဲက ဒီဇာတ္ဝင္ခန္းကို ၾကည့္ၿပီးတဲ့ေနာက္ တရားစီရင္ေရးက႑ဟာ ႏိုင္ငံတစ္ႏိုင္ငံမွာ ဘယ္ေလာက္အေရးပါလဲဆိုတာကို အေတြးနယ္ခ်ဲ႕လိုက္မိပါတယ္။

- တရားစီရင္ေရးမ႑ိဳင္ရဲ႕လုပ္ပိုင္ခြင့္ အခန္းက႑နဲ႔လည္ပတ္ပုံစနစ္ -

၂၀၀၈ ခုႏွစ္ ဖြဲ႕စည္းပုံအေျခခံဥပေဒ အခန္း(၆)မွာ ႏိုင္ငံေတာ္၏တရားစီရင္ေရးဆိုင္ရာ႐ုံးမ်ားကို(က) ျပည္ေထာင္စုတရားလႊတ္ေတာ္ခ်ဳပ္၊ တိုင္းေဒသႀကီးတရားလႊတ္ေတာ္မ်ား၊ ျပည္နယ္တရားလႊတ္ေတာ္မ်ား၊ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရတိုင္း တရား႐ုံးမ်ား၊ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ တရား႐ုံးမ်ား၊ ခ႐ိုင္တရား႐ုံးမ်ား၊ ၿမိဳ႕နယ္တရား႐ုံးမ်ား၊ ဥပေဒအရတည္ေထာင္ထားေသာ အျခားတရား႐ုံးမ်ား။ (ခ) စစ္ဘက္ဆိုင္ရာတရား႐ုံးမ်ား။ (ဂ) ႏိုင္ငံေတာ္ဖြဲ႕စည္းပုံအေျခခံဥပေဒဆိုင္ရာခုံ႐ုံး လို႔အတိအလင္းေဖာ္ျပထားပါတယ္။ အဲဒီမွာေတာ့ ျပည္ေထာင္စု တရားလႊတ္ေတာ္ခ်ဳပ္ဟာ ႏိုင္ငံေတာ္ရဲ႕အျမင့္ဆုံးတရား႐ုံးျဖစ္တယ္လို႔ျပဌာန္းထားသလို ထူးျခားခ်က္ကေတာ့ စစ္ဘက္ဆိုင္ရာတရား႐ုံးနဲ႔ႏိုင္ငံေတာ္ဖြဲ႕စည္းပုံအေျခခံဥပေဒဆိုင္ရာခုံ႐ုံး၏ စီရင္ပိုင္ခြင့္ အာဏာကို မထိခိုက္ေစဘဲ စီရင္ပိုင္ခြင့္ရွိတယ္လို႔ဆိုထားပါတယ္။ တရားစီရင္ေရးဟာ တိုင္းျပည္တစ္ျပည္ရဲ႕မ႑ိဳင္ႀကီးေလးရပ္ထဲက အေရးႀကီးတဲ့ မ႑ိဳင္တစ္ခုဆိုတာ သိထားၿပီးသားပါပဲ။ ေျခေလးေခ်ာင္းေထာက္ထားတဲ့ ခုံတစ္လုံးထဲက အေရးပါတဲ့ ေျခေထာက္တစ္ေခ်ာင္းဆိုရင္ မမွားပါဘူး။ တိုင္းျပည္တစ္ျပည္မွာ အုပ္ခ်ဳပ္ေရး၊ ဥပေဒျပဳေရး၊ တရားစီရင္ေရးနဲ႔မီဒီယာဆိုၿပီး မ႑ိဳင္ႀကီးေလးရပ္က အျပန္အလွန္ထိန္းေက်ာင္းထားတာလည္း ျဖစ္ပါတယ္။ ၂၀၀၈ ခုႏွစ္ဖြဲ႕စည္းပုံအေျခခံဥပေဒအရ ေပၚေပါက္လာတဲ့ အစိုးရမတိုင္မီ တရားစီရင္ေရးကေတာ့ ဖြဲ႕စည္းပုံအေျခခံဥပေဒမဲ့ တရားစီရင္ေရးမ်ိဳးလို႔ကင္ပြန္းတပ္ခ်င္ရင္လည္း ရႏိုင္ပါတယ္။ အဲဒီေခတ္ကာလေတြဟာ လက္နက္ကိုင္ထားသူေတြက တရားစီရင္ေရးကို လိုသလိုျခယ္လွယ္ခြင့္ရွိတဲ့အေနအထားလည္း ျဖစ္တဲ့အတြက္ မ႑ိဳင္ႀကီးေလးရပ္ထဲကတစ္ခုျဖစ္တဲ့ တရားစီရင္ေရးမ႑ိဳင္ဟာ မတြန္းေသာ္လည္း ၿပိဳကာလဲၿပီးသား ျဖစ္ခဲ့တယ္လို႔ဆိုခ်င္ပါတယ္။ က်န္တဲ့က႑အသီးသီးကလည္း ယိုင္နဲ႔နဲ႔ျဖစ္ေနၿပီးေတာ့ အပ်ိဳရည္ဖ်က္ခံရတဲ့သူလို ျဖစ္ခဲ့ပါတယ္။ ၂၀၀၈ ဖြဲ႕စည္းပုံအရ ေနာက္ဆုံးအၿပီးအျပတ္ တရားတေဘာင္ရင္ဆိုင္ရာ ေနရာျဖစ္သလို ထပ္မံအယူခံဝင္စရာမရွိေတာ့တဲ့ ေနာက္ဆုံးဂိတ္ေပါက္လည္း ျဖစ္ေနပါတယ္။ ျပည္ေထာင္စုတရားလႊတ္ေတာ္ခ်ဳပ္႐ုံးအတြက္ ျပည္ေထာင္စုတရားသူႀကီးခ်ဳပ္ကို ခန္႔အပ္ရမွာျဖစ္သလို ျပည္ေထာင္စုတရားလႊတ္ေတာ္ခ်ဳပ္တရားသူႀကီးေတြကိုလည္း ခန္႔အပ္တာဝန္ေပးရမယ္လို႔ေဖာ္ျပထားပါတယ္။ ဘယ္သူေတြက ခန္႔အပ္ပိုင္ခြင့္ရွိတာလဲဆိုရင္ေတာ့ ပုဒ္မ ၂၉၉(ဂ) အရ ႏိုင္ငံေတာ္သမၼတက ေ႐ြးခ်ယ္ၿပီးေတာ့ ျပည္ေထာင္စုလႊတ္ေတာ္ရဲ႕သေဘာတူညီခ်က္နဲ႔အျခားေသာ ျပည္ေထာင္စုတရားလႊတ္ေတာ္ခ်ဳပ္တရားသူႀကီး(၁၁)ဦးအထိကို ပုဒ္မ ၂၉၉(ခ)အရ ခန္႔အပ္ခြင့္ရထားပါတယ္။ ျပည္ေထာင္စုလႊတ္ေတာ္က ႀကိဳက္ျခင္းမႀကိဳက္ျခင္းနဲ႔အျခားအခ်က္ေတြကေတာ့ ပုဒ္မေတြ သီးျခားဆက္ၿပီးေဖာ္ျပထားပါတယ္။ ပုဒ္မ ၃၀၁ မွာလည္း ပုဒ္မခြဲငယ္ေတြနဲ႔အတူ ျပည္ေထာင္စုတရားသူႀကီးခ်ဳပ္နဲ႔အဖြဲ႕အေပၚ အရည္အခ်င္းသတ္မွတ္ခ်က္ေတြကို ေဖာ္ျပထားပါတယ္။ တာဝန္ထမ္းေဆာင္ခြင့္ကာလကိုေတာ့ ပုဒ္မ ၃၀၃ မွာ အသက္(၇၀)အထိ သတ္မွတ္ထားပါတယ္။ ဆင့္ကဲသတ္မွတ္ခ်က္အလိုက္ ၿမိဳ႕နယ္အဆင့္အထိ အဆင့္ဆင့္အလိုက္သတ္မွတ္တာဝန္ေတြကို ဥပေဒအရ ျပဌာန္းေပးထားပါတယ္။ တည္ေဆာက္ပုံ၊ လုပ္ပိုင္ခြင့္အခန္းက႑နဲ႔လည္ပတ္ပုံစနစ္ေတြအရ ဆိုရင္ေတာ့ တရားစီရင္ေရးက႑ဟာ ၂၀၀၈ ဖြဲ႕စည္းပုံအေျခခံဥပေဒပါအတိုင္း ဥပေဒကိုအျပည့္အဝအသုံးခ်ခြင့္ အခြင့္အာဏာကို ပိုင္ဆိုင္ထားပါတယ္။ ျပည္ေထာင္စုတရားလႊတ္ေတာ္ခ်ဳပ္ဟာဆိုရင္လည္း ပုဒ္မ ၂၉၆ အရ ေရွ႕ေတာ္သြင္း စာခြၽန္ေတာ္အမိန္႔၊ အာဏာေပး စာခြၽန္ေတာ္အမိန္႔၊တားျမစ္ေစ စာခြၽန္ေတာ္အမိန္႔၊ အာဏာပိုင္ေမး စာခြၽန္ေတာ္အမိန္႔၊ အမႈေခၚ စာခြၽန္လႊာအမိန္႔ဆိုၿပီး အမိန္႔စာေတြ ထုတ္ျပန္ပိုင္ခြင့္လည္း ရွိထားပါတယ္။ ႏိုင္ငံေတာ္အတြင္းမွာ အေရးေပၚအေျခအေနေတြေပၚေပါက္လာရင္လည္း ေၾကညာခံရတဲ့ေဒသအတြက္ စာခြၽန္ေတာ္အမိန္႔ထုတ္ဆင့္ေပးဖို႔ေလွ်ာက္ထားခ်က္ေတြကို ရပ္ဆိုင္းခြင့္ရွိတယ္လို႔ဆိုပါတယ္။ စာအုပ္ေပၚက ျပဌာန္းခ်က္အတိုင္းကေတာ့ ျပည့္စုံေကာင္းမြန္ အားပါလြန္းေနတာ ေတြ႕ရပါတယ္။

- ျပည္သူ႔ဆႏၵ၊ ခံစားခ်က္မ်ားနဲ႔တရားစီရင္ေရး -

တကယ္တမ္းက်ေတာ့ တရားစီရင္ေရးဆိုတဲ့ တရား႐ုံးေတြကို ဘယ္ျပည္သူကမွ တကူးတက မေရာက္ခ်င္ၾကပါဘူး။ ျပည္သူေတြ ထိေတြ႕ဆက္ဆံေနရတာကေတာ့ ၿမိဳ႕နယ္အဆင့္တရား႐ုံးေတြအမ်ားဆုံးပါပဲ။ ျပည္သူေတြဟာ တရားစီရင္ေရးရဲ႕အလုပ္လုပ္ပုံလုပ္နည္းေတြကို ဘယ္သူမွေရေရရာရာ မသိၾကပါဘူး။ သိဖို႔လည္း ဆႏၵမရွိၾကပါဘူး။ ျပည္သူ သိခ်င္တာကေတာ့ တရားမွ်တမႈ ရရွိေရးအတြက္ တရား႐ုံးေတြက ကူညီေပးႏိုင္တယ္လို႔သိထားတာပါ။ သို႔ေသာ္လည္း ျပည္သူတိုင္းကို တရား႐ုံးက စီရင္မယ့္ တရားစီရင္မႈကို ေက်နပ္မႈ ရွိသလားလို႔ေမးၾကည့္ရင္ အားရေက်နပ္တယ္လို႔ခ်ည္းပဲ ေျဖမယ့္သူ ၁၀၀ မွာ ၅၀ ရွိဖို႔ခက္ခဲပါတယ္။ တရားစီရင္ေရးမွာ အေဆာက္အအုံ၊ လူပုဂၢိဳလ္နဲ႔ျပဌာန္းထားတဲ့ ဥပေဒေတြဆိုတာ ရွိပါတယ္။ အေဆာက္အအုံကို ျပည္သူေတြက လုံးဝမေၾကာက္ပါဘူး။ ျပည္သူေတြ ေၾကာက္တာကေတာ့ ဥပေဒျပဌာန္းခ်က္ကို လိုသလို စကားလုံးသုံးၿပီး လွည့္စားမယ့္ လူပုဂၢိဳလ္ေတြကိုပါပဲ။ တိတိပပ ဆိုရရင္ေတာ့ ျပည္သူေတြက အာဏာရလူပုဂၢိဳလ္ေတြရဲ႕ဆင္ျခင္တုံတရားနဲ႔အသိစိတ္ကိုပဲ ေၾကာက္ၾကတာပါ။ ဥပေဒတစ္ခုက ျပဌာန္းထားရင္ လိုအပ္သလို ေခတ္ကာလအေလ်ာက္ ျပင္ဆင္ခြင့္ရွိေပမယ့္ လူပုဂၢိဳလ္ကေတာ့ တရားစီရင္ခ်ိန္မွာ ခံစားရတဲ့ ခံစားခ်က္အတိုင္း ဂ်ဳရီလူႀကီးေတြ ခံစားရတဲ့ ခံစားခ်က္အတိုင္း စီရင္ၾကတာျဖစ္တဲ့အတြက္ တရားစီရင္မႈဟာ မွ်တသည္ မမွ်တသည္ကို ျပည္သူတိုင္းလိုလိုက ယုံၾကည္မႈမွတ္ခ်က္မေပးခ်င္ၾကေတာ့ပါဘူး။ ေရွ႕ေနလုပ္သက္ ၅၀ ေက်ာ္ရွိၿပီျဖစ္သလို ဆိုရွယ္လစ္ေခတ္ကေန လက္ရွိဒီမိုကေရစီအထိ ေခတ္အဆက္ဆက္ကို ျဖတ္သန္းခဲ့ရသူ ဆရာႀကီး ဦးျမသိန္း(ႏိုင္ငံေတာ္ဖြဲ႕စည္းပုံအေျခခံဥပေဒဆိုင္ရာခုံ႐ုံးအဖြဲ႕ဝင္ေဟာင္း)ကေတာ့ တရားစီရင္ေရးထဲက အာဏာရလူပုဂၢိဳလ္ေတြကို လူသားဆန္ၾကေစဖို႔ေမွ်ာ္လင့္ထားေၾကာင္း ေျပာဖူးပါတယ္။ " တကယ္ေတာ့ တရားစီရင္တယ္ဆိုတာဟာေလ။ တကယ့္အမွန္တရားကို တရားသူႀကီးက မသိဘူး။ မသိတဲ့သူေတြကို ထိုင္ၿပီးေတာ့ တရားစီရင္ခိုင္းတာ။ အခင္းျဖစ္ရပ္ျဖစ္တဲ့အခ်ိန္မွာ မရွိတဲ့သူက ေရွ႕ေနအျဖစ္ လိုက္ရတာ။ ျဖစ္တဲ့အခ်ိန္တုန္းက မရွိတဲ့လူက အစိုးရေရွ႕ေနအျဖစ္ လိုက္ရတာ။ ပညာဉာဏ္နဲ႔ပဲ ဒီအမႈကိုတည္ေဆာက္ၿပီးေတာ့ ဘယ္လိုျဖစ္ဖြယ္ရာရွိတယ္လို႔ေျပာၾကတာမ်ိဳးပါ။ တရားသူႀကီးကလည္း ငါကလည္း ဒီလိုထင္တယ္ဆိုၿပီးေတာ့ ထင္ျမင္ခ်က္နဲ႔ခ်တာပါပဲ " လို႔ဦးျမသိန္းက ေျပာပါတယ္။ ကိုယ္တိုင္ ကိုင္တြယ္ခဲ့ဖူးတဲ့ အမႈတစ္ခုမွာေတာ့ လူသတ္ခဲ့သူကို လူသတ္သမားျဖစ္ေၾကာင္း သက္ေသအေထာက္အထား ခိုင္ခိုင္မာမာမရွိေစဘဲ လူမသတ္သူက လူသတ္သမားျဖစ္သြားေစတဲ့ သတ္ျဖတ္တဲ့အေထာက္အထားေတြ ပိုင္ဆိုင္သြားတာမ်ိဳး ရွိခဲ့ဖူးတယ္လို႔ဆိုပါတယ္။ အထူးသျဖင့္ လူသတ္ခဲ့သူက အမႈကေန လြတ္သြားခ်ိန္မွာ လာကန္ေတာ့ရင္း တကယ္ေတာ့ သူသတ္ခဲ့တာပါလို႔ဝန္ခံမွသာ ျပန္သိလိုက္ရတာမ်ိဳးလို႔ေျပာတာပါ။ လူမသတ္ခဲ့သူက ေထာင္က်သြားၿပီးေတာ့ လူသတ္သူက လူေကာင္းတစ္ေယာက္အျဖစ္ ရပ္တည္ခြင့္ရသြားတာဟာ တရားစီရင္ေရးက႑ဘက္က အေထာက္အထားေတြကို အားျပဳခဲ့သလို အခင္းျဖစ္စဥ္တကယ့္အမွန္တရားကို မသိခဲ့တာေၾကာင့္လည္း ျဖစ္တာလို႔ဦးျမသိန္းက ေျပာပါတယ္။

- တရားစီရင္ေရးမ႑ိဳင္ဘက္က ျပန္ေနၾကည့္ေသာအခါ -

တရားစီရင္ေရးကို စီရင္ပိုင္ခြင့္ရသူ လူပုဂၢိဳလ္ေတြကလည္း တရားစီရင္ေရး လုပ္ငန္းစဥ္မွာေတာ့ အမႈတစ္ခု ျဖစ္လာတိုင္းမွာ ႏွစ္ဖက္သက္ေသတင္ျပေလွ်ာက္လဲခ်က္ေတြကို အခ်ိန္ေပးနားေထာင္ရသလို မွ်မွ်တတစီရင္ႏိုင္ဖို႔ပဲ အားထုတ္ၾကတာျဖစ္တယ္လို႔ဆိုၾကမွာပါ။ ေနာက္တစ္ခ်က္ကေတာ့ ဥပေဒျပဳေရးမ႑ိဳင္ဘက္က ျပဳထားတဲ့ ဥပေဒေတြအတိုင္းပဲ လိုက္နာက်င့္သုံးရတာျဖစ္တယ္လို႔တုံ႔ျပန္ႏိုင္ပါတယ္။ ဒါ့အျပင္ မျမင္ရတဲ့ ဖိအားေတြကိုလည္း စိုး႐ြံ႕မွာပါ။ မျမင္ရတဲ့ ဖိအားကေတာ့ ထင္ေပၚေက်ာ္ၾကားသူေတြနဲ႔ျပည္သူေတြက ဝိုင္းဝန္းလႈံ႕ေဆာ္လႈပ္ရွားလာတာမ်ိဳး၊ သတင္းမီဒီယာေတြကေန တစ္ဖက္တည္းကိုပဲ ေစာင္းေပးေဖာ္ျပတာမ်ိဳးနဲ႔တရားစီရင္ခြင့္ရပုဂၢိဳလ္ကို ခန္႔အပ္ခြင့္ရထားတဲ့ အုပ္ခ်ဳပ္ေရးပိုင္းက သြယ္ဝိုက္စြက္ဖက္တာမ်ိဳး၊ ကန္႔လန္႔ကာေနာက္ကြယ္ကေန စြက္ဖက္တာမ်ိဳးေတြကို ဆိုလိုတာပါ။ ဖြဲ႕စည္းပုံအေျခခံဥပေဒအရ ေမးခြန္းထုတ္စရာရွိလာတာဟာ ႏိုင္ငံေတာ္သမၼတကေတာင္ တရားစီရင္ေရးမ႑ိဳင္ကို စြက္ဖက္ခြင့္မရွိဘူးလို႔ဆိုထားေပမယ့္ ႏိုင္ငံေတာ္သမၼတကပဲ ျပည္ေထာင္စုတရားသူႀကီးခ်ဳပ္နဲ႔ျပည္ေထာင္စုတရားလႊတ္ေတာ္ခ်ဳပ္တရားသူႀကီးေတြကို ခန္႔အပ္ဖို႔ျပည္ေထာင္စုလႊတ္ေတာ္ကို အမည္စာရင္းေပးပို႔ပိုင္ခြင့္ရွိေနတာဟာ ဒြိဟျဖစ္စရာအခ်က္လို႔လည္း ဆိုႏိုင္ပါတယ္။ ဆိုလိုခ်င္တာကေတာ့ ႏိုင္ငံေတာ္သမၼတက မစြက္ဖက္သည့္တိုင္ ႏိုင္ငံေတာ္သမၼတနဲ႔ထိပ္တိုက္ေတြ႕လာႏိုင္တဲ့ တရားစီရင္မႈမ်ိဳးက်ရင္ ျပည္ေထာင္စုတရားသူႀကီးခ်ဳပ္နဲ႔ျပည္ေထာင္စုတရားလႊတ္ေတာ္ခ်ဳပ္တရားသူႀကီးေတြက ဆုံးျဖတ္လုပ္ကိုင္ရဲပါ့မလားဆိုတဲ့ သစၥာတရားကို ဒြိဟျဖစ္တာပါ။ တရားစီရင္ေရးမ႑ိဳင္ဟာ ႏိုင္ငံေတာ္သမၼတ ဦးေဆာင္တဲ့အုပ္ခ်ဳပ္ေရး၊ ျပည္ေထာင္စုလႊတ္ေတာ္နာယက ဦးေဆာင္တဲ့ ဥပေဒျပဳေရး႑ိဳင္တို႔က ခ်မွတ္ထားတဲ့ လမ္းစဥ္ေတြကို ထိပ္တိုက္ေတြ႕ရဲပါ့မလားဆိုတာ သံသယရွိစရာ ေထာက္ျပစရာ ျဖစ္လာပါတယ္။ ထင္ရွားေက်ာ္ၾကားလွတဲ့ ဟာသသ႐ုပ္ေဆာင္ ေအာင္ရဲေထြး အမႈမ်ိဳးနဲ႔အျခားေသာ ထင္ရွားတဲ့ မင္းသားေတြကိစၥမွာ ႏိုင္ငံေတာ္သမၼတက စကားလုံးေလး တစ္လုံးႏွစ္လုံး ဝင္ေျပာလိုက္တာနဲ႔ပဲ မူလက ၿပီးျပတ္သြားၿပီလို႔သတ္မွတ္ခံရတဲ့ တရားစီရင္ေရးဟာ တစ္ေက်ာ့ျပန္ စတင္ရတာလည္း အမ်ားအသိပါပဲ။ မွားျခင္း မွန္ျခင္းထက္ ႏိုင္ငံေတာ္သမၼတက စကားေလး ဟ လိုက္တာနဲ႔ပဲ ခ်က္ျခင္း မူဝါဒေျပာင္းသြားတာဟာ သိပ္ကို သတိထားစရာေကာင္းတဲ့အေနထားပါ။ တရားစီရင္ေရးမ႑ိဳင္ဘက္က တရားစီရင္မႈေတြဟာ ႏိုင္ငံေတာ္အစိုးရကို ျပည္သူေတြက ဘယ္ေလာက္ယုံၾကည္အားကိုးသလဲဆိုတာကို တိုင္းတာေပးႏိုင္သလို တိုင္းျပည္တစ္ျပည္ရဲ႕တရားဥပေဒစိုးမိုးေရးက ဘယ္ေလာက္အားေကာင္းလာမလဲဆိုတာကိုပါ ၫႊန္းျပပါတယ္။ ဒါနဲ႔ပတ္သက္ရင္လည္း လက္ရွိ ျမန္မာႏိုင္ငံအေနအထားကေတာ့ စစ္တမ္းေကာက္ျပစရာမလိုေတာ့ဘူးလို႔လည္း ယူဆပါတယ္။

- ရဲတပ္ဖြဲ႕ဘက္က လာတဲ့သတင္းစကားအခ်ိဳ႕ -

" ရဲဘက္ကေတာ့ ဖမ္းၿပီးရင္ တရားစြဲတင္တယ္ေလ။ က်န္တာက တရား႐ုံးအလုပ္ေပ့ါဗ်ာ။ ရဲက ဖမ္းေပမယ့္ အျပစ္မရွိဘူးဆိုၿပီး တရားသူႀကီးက လႊတ္ရင္လည္း ဘာတတ္ႏိုင္မလဲ " လို႔အမည္မေဖာ္ခ်င္တဲ့ ရဲအရာရွိတစ္ဦးကေတာ့ ရင္ဖြင့္ပါတယ္။ ရဲတပ္ဖြဲ႕ဝင္ေတြဟာ တရားခံလို႔သံသယရွိသူေတြကို လြယ္လြယ္ကူကူဖမ္းလို႔ရတာ ရွိသလို၊ ခက္ခက္ခဲခဲ ဖမ္းဆီးရတာလည္း ရွိပါတယ္။ ဒီလိုဖမ္းဆီးတဲ့အခ်ိန္မွာ အသက္ေပးလိုက္ရတာေတြ၊ ရန္ျပဳခံရတာေတြအျပင္ မလိုလားအပ္တဲ့ ျဖစ္ရပ္ေတြပါ ျဖစ္ခဲ့ဖူးပါတယ္။ ဖမ္းဆီးႏိုင္ခဲ့တဲ့ တရားခံကိုလည္း တရား႐ုံးကို တင္လိုက္တဲ့အခါမွာလည္း တရား႐ုံးမွာေတာ့ ႏွစ္ဖက္ေရွ႕ေန ေလွ်ာက္လဲခ်က္ေတြနဲ႔ၾကားနာရတာျဖစ္သလို တရား႐ုံးတင္ခံရသူ တရားခံဘက္မွာ အျပစ္မရွိေၾကာင္း တရားခံေရွ႕ေနက ေခ်ပၾကပါတယ္။ ဒီလိုနဲ႔ပဲ တရားခြင္မွာ လေတြၾကာျမင့္သြားတတ္သလို အခ်ိဳ႕ေသာ အမႈေတြမွာေတာ့ အခ်ိန္တိုတိုအတြင္း ျပတ္သြားပါတယ္။ တရား႐ုံးက စီရင္ခ်က္ခ်ၿပီးရင္လည္း အျပစ္ဒဏ္ခံရလို႔အက်ဥ္းေထာင္ကို ေရာက္ခ်ိန္မွာ ေထာင္သားျဖစ္သြားသူက ေထာင္ထဲမွာ ေကာင္းေကာင္းမြန္မြန္ေနထိုင္ျပရင္းနဲ႔လြတ္ၿငိမ္းခ်မ္းသာကိုပါ ေမွ်ာ္လင့္ခြင့္ရွိသြားျပန္ပါတယ္။ ဆင့္ကဲျဖစ္စဥ္ေတြမွာ ရဲတပ္ဖြဲ႕ဝင္ေတြရဲ႕လုပ္ေဆာင္ခ်က္က ဖမ္းဆီးတရား႐ုံးတင္ၿပီးရင္ ၿပီးပါၿပီ။ တရား႐ုံးက စီရင္ခ်က္ ခ်ၿပီးတာနဲ႔အက်ဥ္းေထာင္ကို ပို႔ၿပီးတာနဲ႔ရဲလုပ္ငန္းစဥ္က ၿပီးဆုံးသြားပါတယ္။ တရားစီရင္ေရးဘက္ကေတာ့ အခင္းျဖစ္စဥ္ကို ကိုယ္တိုင္မျမင္လိုက္ရဘဲ ႏွစ္ဖက္ေလွ်ာက္လဲခ်က္ေတြကို နားေထာင္ၿပီးေတာ့ တရားသူႀကီးရဲ႕ဆင္ျခင္တုံတရားနဲ႔ဥပေဒကို ကိုင္ၿပီး ဆုံးျဖတ္ရတာမ်ိဳး ျဖစ္ပါတယ္။ တရားသူႀကီးေတြနဲ႔ပတ္သက္ရင္ ရဲတပ္ဖြဲ႕ဘက္ကေတာ့ မွန္ကန္မွ်တၿပီး တိုင္းျပည္ကို ခ်စ္ျမတ္ႏိုးတဲ့ တရားသူႀကီးေတြအျဖစ္ ျမင္ခ်င္ၾကတယ္လို႔ဆိုပါတယ္။ မၾကာေသးခင္က ျဖစ္ခဲ့တဲ့ ရန္ကုန္ေလဆိပ္မွာ ဖမ္းဆီးရမိတဲ့ မူးယစ္ေဆးဝါးေတြကို တရား႐ုံး တင္လိုက္ခ်ိန္က်မွ စိုက္ပ်ိဳးေရးေဆးေတြပါဆိုတဲ့ ေခါင္းစဥ္ေအာက္ကေန တရားခံေတြ လြတ္သြားတာမ်ိဳးဟာ ရဲတပ္ဖြဲ႕ဘက္ကေတာ့ တရားသူႀကီးကို ေဒါသထြက္ခဲ့ရသလို သတ္ပစ္ခ်င္စိတ္ေတာင္ ျဖစ္မိတယ္လို႔ရဲအရာရွိက ဆိုပါတယ္။ မီဒီယာေလာကရဲ႕နမူနာတစ္ခုလို ဆိုရင္ျဖင့္ သတင္းေထာက္နဲ႔အယ္ဒီတာ ျဖစ္ရပ္မ်ိဳးနဲ႔အလားသ႑န္တူတာပါ။ သတင္းသမားက သတင္းေတြကို ခက္ခက္ခဲခဲ ေမာႀကီးပန္းႀကီး လိုက္ယူၿပီးေတာ့ ႐ုံးကို ျပန္ေရာက္လို႔သတင္းေရးတင္ခ်ိန္မွာ အယ္ဒီတာက သတင္းရဲ႕အတိမ္အနက္ကို ေသခ်ာမစိစစ္ေတာ့ဘဲ ဒီသတင္း မသုံးေတာ့ပါလို႔သတင္းေထာက္ကို ေျပာလိုက္ခ်ိန္မွာ သတင္းေထာက္ဘက္ကခံစားရသလိုမ်ိဳး ရဲတပ္ဖြဲ႕ဘက္က ခံစားရတာလည္း ျဖစ္ႏိုင္ပါတယ္။ " တရားသူႀကီးက လြတ္ေစခ်င္ရင္ အမႈကို အေသးစိတ္မဖတ္ေတာ့ဘဲ လြတ္ေလာက္တဲ့ သုံးသပ္ထားခ်က္ေတြကိုပဲ ေ႐ြးၿပီး ဖတ္ေတာ့တာေလ။ မလြတ္ေစခ်င္ရင္ေတာ့ သိတဲ့အတိုင္းပဲ။ မလြတ္ေလာက္တဲ့ အခ်က္ေတြကိုပဲ ေ႐ြးဖတ္ေတာ့တာ။ ကြၽန္ေတာ္ တရားသူႀကီးမျဖစ္တာကိုေတာ့ ဘဝမွာ စိတ္အခ်မ္းသာဆုံးပဲ " လို႔ရဲအရာရွိက ခံျပင္းစြာနဲ႔ေျပာပါတယ္။

- တရားသူႀကီးမင္းမ်ားရဲ႕ဆင္ျခင္တုံတရားက အလႊာ ပါးသလား -

တရား႐ုံး တရားခြင္ တရားသူႀကီးထိုင္ခုံမွာ တရားစီရင္ဖို႔အတြက္ ထိုင္လိုက္ၿပီဆိုရင္ျဖင့္ တရားသူႀကီးမင္းမ်ားကို ျဖစ္ေစခ်င္တာေလး ရွိပါတယ္။ ကိုယ္ထိုင္တဲ့ခုံဟာ ေလာကကို တည့္မတ္ေစဖို႔၊ အျပစ္သားကို အျပစ္သားလို အျပစ္ေပးဖို႔၊ ဘယ္သူ႔သားသမီး ေဆြးမ်ိဳးမ်က္ႏွာကိုမွ မေထာက္ဘဲ တရားစီရင္ေပးဖို႔စိတ္ႏွလုံး သြင္းေစခ်င္တာပါ။ စကားလုံးအားျဖင့္ေတာ့ ေပါ့တယ္လို႔ထင္ေပမယ့္ ကိုယ္ထိုင္တဲ့ထိုင္ခုံကို တန္ဖိုးထားဖို႔လိုတယ္လို႔ဆိုခ်င္ပါတယ္။ တရားခြင္မွာ ဆုံးျဖတ္ခ်က္ေတြဟာ တရားသူႀကီးရဲ႕ဆင္ျခင္တုံတရားနဲ႔ပဲ ဆုံးျဖတ္သြားရတာျဖစ္တဲ့အတြက္ တရားသူႀကီးမင္းရဲ႕ဦးေႏွာက္၊ စိတ္ခံစားခ်က္နဲ႔သမာသမတ္က်မႈေတြဟာ ဆင္ျခင္တုံတရားဆိုတဲ့ စကားလုံးကို ဘယ္လိုလႊမ္းမိုးျခယ္လွယ္သြားသလဲဆိုတာက အေျဖပါပဲ။ တရားေရး ခ်ိန္ခြင္ဟာ တစ္ဖက္ဖက္ကို တိမ္းေစာင္းေနလို႔မရပါဘူး။ တိမ္းေစာင္းမႈ ဘယ္တုန္းကမွ မလုပ္ခဲ့ဘူးလို႔ဆိုသည့္တိုင္ ျပည္သူေတြကလည္း ေစာင့္ၾကည့္သုံးသပ္လာၾကၿပီျဖစ္တဲ့အတြက္ ျပည္သူ႔ခံစားမႈကို ထည့္မေတြးခဲ့ရင္၊ ဦးေႏွာက္က မွန္မွန္ကန္ကန္ မေတြးခဲ့ရင္ ဒါဟာ စိတ္မေကာင္းစရာ တရားစီရင္ေရးလမ္းမွားကို တြန္းပို႔သလို ျဖစ္သြားႏိုင္ပါတယ္။ အိႏၵိယ ေဘာလီးဝုဒ္ဇာတ္ကား Simmba ထဲက စကားလုံးအခ်ိဳ႕နဲ႔အဆုံးသတ္ပါရေစ။ " တရားသူႀကီးမင္းက အာဏာရတရားသူႀကီးမင္းပါခင္ဗ်ာ။ ဒီေလာက္ လုပ္ပိုင္ခြင့္အာဏာရွိေနတာေတာင္ သမီးကို ေစာ္ကားသလိုေလး ေျပာလိုက္မိတဲ့စကားအေပၚမွာ ေဒါသတႀကီးျဖစ္လာတယ္ မဟုတ္လား။ ဟိုခုံေလးမွာ ထိုင္ေနတဲ့ (မုဒိမ္းက်င့္သတ္ျဖတ္ခံရသည့္ အမ်ိဳးသမီးငယ္၏ဖခင္ကို လက္ညႇိဳးထိုး၍)၊ ကူရာ ကယ္ရာမဲ့ေနတဲ့ ဖခင္တစ္ေယာက္ရဲ႕ခံစားခ်က္ဆိုရင္ေရာ။ သူဘယ္လိုခံစားရမယ္ထင္သလဲခင္ဗ်ာ။ သူ႔ခႏၶာကိုယ္ထဲမွာလည္း တရားသူႀကီးမင္းလို ေဒါသေတြ ျပည့္ႏွက္ေနပါတယ္။ ကံဆိုးတာက သူ႔မွာ အာဏာမရွိပါဘူး။ ဒါေပမဲ့ တရားသူႀကီးမင္းမွာေတာ့ သူ႔အတြက္ တရားမွ်တမႈေပးႏိုင္မယ့္ အခြင့္အာဏာရွိတယ္လို႔သူ ယုံၾကည္ေနပါတယ္။ ဒါက ဒီႏိုင္ငံရဲ႕ႏိုင္ငံ့သားေကာင္းတစ္ေယာက္က သူ႔ကို အားကိုးၾကတဲ့ ကူရာကယ္ရာမဲ့ ႏိုင္ငံသားတစ္ဦးကို အနည္းဆုံးလုပ္ေပးႏိုင္မယ့္ အရာေလးပါခင္ဗ်ာ "

တရားသူႀကီးမင္းမ်ား ေခါင္းအုံးနဲ႔ထိတိုင္း စိတ္ရွင္းရွင္း အိပ္ႏိုင္ၾကပါေစ။ စားတဲ့ ထမင္းတိုင္း စိတ္သန္႔သန္႔စားႏိုင္ၾကပါေစ။ ဆင္ျခင္တုံတရားဆိုတဲ့ စကားလုံးကို ေသေသခ်ာခ်ာ နားလည္ခံစားတတ္သူမ်ား ျဖစ္ၾကပါေစ။

( ေဆာင္းပါးရွင္က ၂၀၁၉ ခုႏွစ္ မတ္လအတြင္းက ေရးသားခဲ့ျခင္းျဖစ္ၿပီး မွတ္တမ္းမွတ္ရာေဆာင္းပါးတစ္ခုအျဖစ္ ျပန္လည္ေဖာ္ျပေပးထားျခင္း ျဖစ္ပါသည္)

Related news

© 2021. All rights reserved.