သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်များ၌ သစ်လွင်သူနာပြု ၆ဝဝ ကျော်ခန့်အပ်တာဝန်ပေး

 616

ဟိန်း (NP News) - မတ် ၁
ကျန်းမာရေးဝန်ကြီးဌာနက သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်များ၌ စုစုပေါင်းသစ်လွင်သူနာပြု ၆၈၄ ဦးအား ခန့်အပ်တာဝန်ပေးခဲ့ကြောင်း သိရသည်။

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နေပြည်တော်၊ မုံရွာ၊ လွိုင်ကော် သူ နာပြုသင်ကျောင်းများမှ သင်တန်းပြီးမြောက်အောင်မြင်ခဲ့သူ သစ်လွင်သူ နာပြု ၆၅ ဦး နှင့် သူနာပြုသားဖွားသင်တန်းကျောင်း ၂၂ ကျောင်းမှ သင် တန်းပြီးမြောက်အောင်မြင်ခဲ့သူ သစ်လွင်သူနာပြု ၆၁၉ ဦးအားခန့်အပ်တာဝန်ပေးအပ်ခဲ့ရာ စုစုပေါင်း သစ်လွင်သူနာပြု ၆၈၄ ဦး ခန့်ထားခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက နိုင် ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်မှလတ်တ လောဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ရေးလုပ်ငန်းများအား အရှိန်အဟုန်မပျက် ထိထိရောက်ရောက် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်အား အကောင်အထည်ဖော်ဆောင်ရွက်ရာတွင်လည်း သူနာပြုသားဖွားအင်အား ဖြည့်တင်းနိုင်မည် ဖြစ်ပါကြောင်း၊ မြန်မာ့ကျန်းမာရေးဆိုင်ရာ မျှော်မှန်းချက် နှစ် (၃ဝ) နှစ်ရှည်စီမံကိန်းကို စနစ်တကျရေးဆွဲပြီး နယ်စပ်ဒေသကျေးလက် အစွန်အဖျား အပါအဝင် တစ်နိုင်ငံလုံးကို ကျန်းမာရေးစောင့်ရှောက်မှု တိုးမြှင့်လွှမ်းခြုံမှုပေးနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် အလုပ်ခန့်အပ်တာဝန်ပေးအပ်ခံရမည့် သူနာပြုဆရာ/ဆရာမများအား ပြည်သူလူထုနှင့်ဆက်ဆံရေးတွင် ပညာပြည့်ဝနှလုံးလှစွာချိုသာပျူ ဆက်ဆံကြပါရန်နှင့် အခြေခံသူနာပြုစုမှု နှင့် သားဖွားအတတ်ပညာများဖြင့် ပြည်သူများအား ကျွမ်းကျင်ပိုင်နိုင်စွာ ပြုစုပေးနိုင်သည့် သူနာပြု ဆ ရာ၊ ဆရာမကောင်းများ ဖြစ်ကြစေလိုကြောင်းအထူးအလေးထား မှာကြားလိုကြောင်း ကျန်းမာရေးဝန်ကြီးကမှာကြားသည်။

မကြာမီသင်တန်းပြီးဆုံးမည့် သားဖွားဆရာမ ၁၆၅ ဦးကိုလည်း အမြန်ဆုံးအလုပ်ခန့်အပ် တာဝန်ပေးသွားမည်ဖြစ်ပြီး ကျန်ရှိနေသေးသည့် သူ နာပြုသားဖွား သင်တန်း၊ ပေါင်းကူးသင်တန်းများအား ဆက်လက်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

zawgyi version
သက္ဆိုင္ရာ တိုင္းေဒသႀကီး၊ ျပည္နယ္မ်ား၌ သစ္လြင္သူနာျပဳ ၆ဝဝ ေက်ာ္ခန႔္အပ္တာဝန္ေပး
ဟိန္း (NP News) - မတ္ ၁

က်န္းမာေရးဝန္ႀကီးဌာနက သက္ဆိုင္ရာ တိုင္းေဒသႀကီး၊ ျပည္နယ္မ်ား၌ စုစုေပါင္းသစ္လြင္သူနာျပဳ ၆၈၄ ဦးအား ခန႔္အပ္တာဝန္ေပးခဲ့ေၾကာင္း သိရသည္။

က်န္းမာေရးဝန္ႀကီးဌာနအေနျဖင့္ ေနျပည္ေတာ္၊ မုံ႐ြာ၊ လြိဳင္ေကာ္ သူ နာျပဳသင္ေက်ာင္းမ်ားမွ သင္တန္းၿပီးေျမာက္ေအာင္ျမင္ခဲ့သူ သစ္လြင္သူ နာျပဳ ၆၅ ဦး ႏွင့္ သူနာျပဳသားဖြားသင္တန္းေက်ာင္း ၂၂ ေက်ာင္းမွ သင္ တန္းၿပီးေျမာက္ေအာင္ျမင္ခဲ့သူ သစ္လြင္သူနာျပဳ ၆၁၉ ဦးအားခန႔္အပ္တာဝန္ေပးအပ္ခဲ့ရာ စုစုေပါင္း သစ္လြင္သူနာျပဳ ၆၈၄ ဦး ခန႔္ထားခဲ့ေၾကာင္း သိရသည္။

အခမ္းအနားတြင္ ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာသက္ခိုင္ဝင္းက ႏိုင္ ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ၏ ေရွ႕လုပ္ငန္းစဥ္ (၅) ရပ္မွလတ္တ ေလာျဖစ္ပြားေနသည့္ ကိုဗစ္-၁၉ ကပ္ေရာဂါ ကာကြယ္ေရးလုပ္ငန္းမ်ားအား အရွိန္အဟုန္မပ်က္ ထိထိေရာက္ေရာက္ ဆက္လက္ေဆာင္႐ြက္သြားမည့္ လုပ္ငန္းစဥ္အား အေကာင္အထည္ေဖာ္ေဆာင္႐ြက္ရာတြင္လည္း သူနာျပဳသားဖြားအင္အား ျဖည့္တင္းႏိုင္မည္ ျဖစ္ပါေၾကာင္း၊ ျမန္မာ့က်န္းမာေရးဆိုင္ရာ ေမွ်ာ္မွန္းခ်က္ ႏွစ္ (၃ဝ) ႏွစ္ရွည္စီမံကိန္းကို စနစ္တက်ေရးဆြဲၿပီး နယ္စပ္ေဒသေက်းလက္ အစြန္အဖ်ား အပါအဝင္ တစ္ႏိုင္ငံလုံးကို က်န္းမာေရးေစာင့္ေရွာက္မႈ တိုးျမႇင့္လႊမ္းၿခဳံမႈေပးႏိုင္ရန္ ႀကိဳးပမ္းေဆာင္႐ြက္လ်က္ရွိပါေၾကာင္း ေျပာၾကားခဲ့သည္။

ထို႔ျပင္ အလုပ္ခန႔္အပ္တာဝန္ေပးအပ္ခံရမည့္ သူနာျပဳဆရာ/ဆရာမမ်ားအား ျပည္သူလူထုႏွင့္ဆက္ဆံေရးတြင္ ပညာျပည့္ဝႏွလုံးလွစြာခ်ိဳသာပ်ဴ ဆက္ဆံၾကပါရန္ႏွင့္ အေျခခံသူနာျပဳစုမႈ ႏွင့္ သားဖြားအတတ္ပညာမ်ားျဖင့္ ျပည္သူမ်ားအား ကြၽမ္းက်င္ပိုင္ႏိုင္စြာ ျပဳစုေပးႏိုင္သည့္ သူနာျပဳ ဆ ရာ၊ ဆရာမေကာင္းမ်ား ျဖစ္ၾကေစလိုေၾကာင္းအထူးအေလးထား မွာၾကားလိုေၾကာင္း က်န္းမာေရးဝန္ႀကီးကမွာၾကားသည္။

မၾကာမီသင္တန္းၿပီးဆုံးမည့္ သားဖြားဆရာမ ၁၆၅ ဦးကိုလည္း အျမန္ဆုံးအလုပ္ခန႔္အပ္ တာဝန္ေပးသြားမည္ျဖစ္ၿပီး က်န္ရွိေနေသးသည့္ သူ နာျပဳသားဖြား သင္တန္း၊ ေပါင္းကူးသင္တန္းမ်ားအား ဆက္လက္ဖြင့္လွစ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.