ပိုင်တံခွန် နေအိမ်သို့ပြန်ရောက်ပြီးနောက် သရုပ်ဆောင်လူးခပ်စ်က ပိုင်တံခွန်နဲ့ Video Call ပြောခဲ့တဲ့မြင်ကွင်းကို ပြန်လည်မျှဝေလာ

 1242

NP News - မတ် ၂
ပိုင်တံခွန်နဲ့အနုပညာညီအစ်ကို သူငယ်ချင်းတွေဖြစ်တဲ့ Lucas Dewar ဟာ ဒီနေ့ ပိုင်တံခွန် အကျဉ်းထောင်ကနေ နေအိမ်သို့ပြန်လည်ရောက်ခဲ့ချိန်က ပိုင်တံခွန်ထံသို့ Video Call ခေါ်ကာ ဝမ်းသာကြောင်း နှုတ်ဆက်စကားပြော ခဲ့တဲ့ ဗီဒီယိုဖိုင်ကို ၎င်းကိုယ်တိုင်အသုံးပြုတဲ့ဖေ့ဘွတ်စ်အကောင့်မှာ ပြန်လည်မျှဝေခဲ့ပါတယ်။

ပိုင်တံခွန်နဲ့ Lucas Dewar တို့ပြောထားတဲ့ Video Call မြင်ကွင်းအရ ပြန်လည်လွတ်မြောက်လာတဲ့ ပိုင်တံခွန်ကို ပထမဆုံးမြင်တွေ့လိုက်ရတဲ့ပုံစံကတော့ ပိုင်တံခွန်ဟာ အနည်းငယ်ပိန်သွားပြီး မုတ်ဆိတ်မွှေးများ၊ ပါးသိုင်းမွှေး များ ရှည်နေတာကိုတော့ တွေ့ရပါတယ်။ ဒါပေမယ့် လူကတော့ ကျန်းမာရေးကောင်းမွန်လျက်ရှိတယ်လို့ သိရပါ တယ်။

ဒါ့အပြင် ပိုင်တံခွန်ရဲ့နေအိမ်မှာ သရုပ်ဆောင် အောင်မင်းခန့်လည်း ရောက်ရှိနေတာကို မြင်တွေ့ရပြီး၊ မိသားစုဝင် တွေဟာလည်း အရမ်းကိုပျော်ရွှင်ဝမ်းသာ ပြုံးရွှင်နေတာကို မြင်တွေ့ရကာ မိသားစုဝင်တွေရော ၎င်းတို့နှစ်ဦးပါ စကားပြောရင်း မျက်ရည်ဝဲ၊ မျက်ရည်ကျခဲ့ကြတာကို မြင်တွေ့ရပါတယ်။

ပိုင်တံခွန်ကို စစ်တပ်ဘက်က နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅ဝ၅(က) နဲ့ အမှုဖွင့် ဖမ်းဆီးအရေးယူခဲ့ပြီး နောက် ၂ဝ၂၁ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့က ရာဇသတ်ကြီးဥပဒေပုဒ်မ ၅ဝ၅(က) နဲ့ ထောင်ဒဏ် သုံးနှစ် ချမှတ်ခဲ့တာဖြစ်ပါတယ်။

ဒီနေ့ မတ်လ ၂ ရက် တောင်သူလယ်သမားနေ့မှာတော့ နစကဘက်က ဖမ်းဆီးထားတဲ့ ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ လူမင်း၊ ပိုင်တံခွန်တို့ လေးဦးအပါအဝင် ဖမ်းဆီးခံပြည်သူအချို့ကို ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့် ပြုပေးခဲ့တာ ဖြစ်ပြီး ဒါရိုက်တာဝိုင်းကိုတော့ ၎င်းအပေါ် ခံဝန်နဲ့ အရေးယူထားတဲ့ပြစ်မှုကို ပိတ်သိမ်းပေးခဲ့တာဖြစ်ပါတယ်လို့ သိရပါတယ်။

Zawgyi Version;
ပိုင္တံခြန္ ေနအိမ္သို႔ျပန္ေရာက္ၿပီးေနာက္ သ႐ုပ္ေဆာင္လူးခပ္စ္က ပိုင္တံခြန္နဲ႔ Video Call ေျပာခဲ့တဲ့ျမင္ကြင္းကို ျပန္လည္မွ်ေဝလာ
NP News - မတ္ ၂
ပိုင္တံခြန္နဲ႔အႏုပညာညီအစ္ကို သူငယ္ခ်င္းေတြျဖစ္တဲ့ Lucas Dewar ဟာ ဒီေန႔ ပိုင္တံခြန္ အက်ဥ္းေထာင္ကေန ေနအိမ္သို႔ျပန္လည္ေရာက္ခဲ့ခ်ိန္က ပိုင္တံခြန္ထံသို႔ Video Call ေခၚကာ ဝမ္းသာေၾကာင္း ႏႈတ္ဆက္စကားေျပာ ခဲ့တဲ့ ဗီဒီယိုဖိုင္ကို ၎ကိုယ္တိုင္အသုံးျပဳတဲ့ေဖ့ဘြတ္စ္အေကာင့္မွာ ျပန္လည္မွ်ေဝခဲ့ပါတယ္။

ပိုင္တံခြန္နဲ႔ Lucas Dewar တို႔ေျပာထားတဲ့ Video Call ျမင္ကြင္းအရ ျပန္လည္လြတ္ေျမာက္လာတဲ့ ပိုင္တံခြန္ကို ပထမဆုံးျမင္ေတြ႕လိုက္ရတဲ့ပုံစံကေတာ့ ပိုင္တံခြန္ဟာ အနည္းငယ္ပိန္သြားၿပီး မုတ္ဆိတ္ေမႊးမ်ား၊ ပါးသိုင္းေမႊး မ်ား ရွည္ေနတာကိုေတာ့ ေတြ႕ရပါတယ္။ ဒါေပမယ့္ လူကေတာ့ က်န္းမာေရးေကာင္းမြန္လ်က္ရွိတယ္လို႔ သိရပါ တယ္။

ဒါ့အျပင္ ပိုင္တံခြန္ရဲ႕ေနအိမ္မွာ သ႐ုပ္ေဆာင္ ေအာင္မင္းခန႔္လည္း ေရာက္ရွိေနတာကို ျမင္ေတြ႕ရၿပီး၊ မိသားစုဝင္ ေတြဟာလည္း အရမ္းကိုေပ်ာ္႐ႊင္ဝမ္းသာ ၿပဳံး႐ႊင္ေနတာကို ျမင္ေတြ႕ရကာ မိသားစုဝင္ေတြေရာ ၎တို႔ႏွစ္ဦးပါ စကားေျပာရင္း မ်က္ရည္ဝဲ၊ မ်က္ရည္က်ခဲ့ၾကတာကို ျမင္ေတြ႕ရပါတယ္။

ပိုင္တံခြန္ကို စစ္တပ္ဘက္က ႏိုင္ငံေတာ္အၾကည္ညိဳပ်က္ေစမႈပုဒ္မ ၅ဝ၅(က) နဲ႔ အမႈဖြင့္ ဖမ္းဆီးအေရးယူခဲ့ၿပီး ေနာက္ ၂ဝ၂၁ ခုႏွစ္ ဒီဇင္ဘာလ ၂၇ ရက္ေန႔က ရာဇသတ္ႀကီးဥပေဒပုဒ္မ ၅ဝ၅(က) နဲ႔ ေထာင္ဒဏ္ သုံးႏွစ္ ခ်မွတ္ခဲ့တာျဖစ္ပါတယ္။

ဒီေန႔ မတ္လ ၂ ရက္ ေတာင္သူလယ္သမားေန႔မွာေတာ့ နစကဘက္က ဖမ္းဆီးထားတဲ့ ေျပတီဦး၊ အိျႏၵာေက်ာ္ဇင္၊ လူမင္း၊ ပိုင္တံခြန္တို႔ ေလးဦးအပါအဝင္ ဖမ္းဆီးခံျပည္သူအခ်ိဳ႕ကို ျပစ္ဒဏ္လြတ္ၿငိမ္းခ်မ္းသာခြင့္ ျပဳေပးခဲ့တာ ျဖစ္ၿပီး ဒါ႐ိုက္တာဝိုင္းကိုေတာ့ ၎အေပၚ ခံဝန္နဲ႔ အေရးယူထားတဲ့ျပစ္မႈကို ပိတ္သိမ္းေပးခဲ့တာျဖစ္ပါတယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.