ခေတ္တပိတ်ထားရသည့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၏ အထူးကုပြင်ပလူနာဌာနများအားလုံး ပြန်လည်ဖွင့်လှစ်

702

မျိုးကြီး (NP News) - မတ် ၂
ခေတ္တပိတ်ထားသည့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၏ အထူးကုပြင်ပလူနာဌာနများအားလုံး ပြန်လည်ဖွင့်လှစ်ပြီဖြစ် ကြောင်း ရန်ကုန်ပြည်သူ့ဆေရုံးကြီးက မတ်လ ၁ ရက်၊ ညပိုင်းကကြေ ညာထားသည်။
ခေတ္တပိတ်ထားသော အထူးကုပြင်ပလူနာဌာနများအပါအဝင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၏ အထူးကုပြင်ပလူနာဌာနများအားလုံး ပုံမှန်အချိန် ဇယားအတိုင်း ပြန်လည်ဖွင့်လှစ်ထားပါကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးက အသိပေးကြေညာထားသည်။
ပြီးခဲ့သော ဖေဖော်ဝါရီလ ၁၄ ရက်တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးရှိ အ ထူးကုပြင်ပလူနာဌာနများမှ ဆရာဝန်ကြီးများ၊ ဆရာမများနှင့် ကျန်းမာ ရေးဝန်ထမ်းများ ကိုဗစ်-၁၉ ရောဂါခံစားခဲ့ရကြောင်း သိရသည်။
ထို့ကြောင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးရှိ အထူးကုပြင်ပလူနာဌာနများကို ခေတ္တပိတ်ခဲ့ခြင်းဖြစ်ကာ လက်ရှိတွင် အားလုံးပြန်လည်ဖွင့်လှစ်နေပြီးဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးရှိ အထွေထွေသမားတော်ဆေး ကုဌာန၊ နှလုံးနှင့်သွေးကြောခွဲစိတ်ကုဌာန၊ အစာအိမ်နှင့်အူလမ်းကြောင်းဆေးကုဌာန၊ နှလုံးဆေးကုဌာန၊ ဦးနှောက်နှင့်အာရုံကြောဆေးကုဌာန၊ ဆီးချို သွေးချိုရောဂါကုဌာန စသည့်ဌာနများအားလုံး ပြန်လည်ဖွင့်လှစ်ကုသပေးနေပြီဖြစ်ကြောင်း သိရသည်။
zawgyi version
ခေတ္တပိတ်ထားသည့် ရန်ကုန်ပြည်သူ့ဆေးရုံးကြီး၏ အထူးကုပြင်ပလူနာဌာနများအားလုံး ပြန်လည်ဖွင့်လှစ်
မျိုးကြီး (NP News) - မတ် ၂