စည်းရုံး၍မရလျှင် ဖမ်းဆီးဆွဲခေါ်ကာ တပ်သားသစ်စုဆောင်းနေကြောင်း KIA တာဝန်ရှိသူဝန်ခံ

 680

သက်ပိုင် (NP News) - အောက်တိုဘာ ၁ဝ

ပြည်သူများကို စည်းရုံး၍မရလျှင် ဖမ်းဆီးဆွဲခေါ်ကာ တပ်သားသစ်အဖြစ် စုဆောင်းမှုများ ပြုလုပ်လျက်ရှိကြောင်း KIA အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ နော်ဘူက ဒေသတွင်းသတင်းမီဒီယာများသို့ ဝန်ခံထားသည်။
KIA အဖွဲ့၏ မူဝါဒမှာ စည်းရုံး၍ လူသစ်စုဆောင်းခြင်းဖြစ်သော်လည်း လူအချို့မှာ စည်းရုံး၍ မရတော့ကြောင်းနှင့် ထိုသို့စည်းရုံး၍မရသည့်အတွက် ဖမ်းဆီးခေါ်ဆောင်ကာ တပ်သားသစ်စုဆောင်းမှုများ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ၎င်းက ဝန်ခံပြောဆိုထားသည်။
“လက်နက်ကိုင်အားလုံးက လူသစ်စုဆောင်းတာပဲ။ KIA လည်း လူသစ်စုဆောင်းတာပေါ့။ ကျွန်တော်တို့ရဲ့ မူဝါဒကတော့ စည်းရုံးပြီးတော့မှ လူသစ်စုဆောင်းတာပေါ့။ ဒါပေမဲ့ တချို့လူငယ်တွေကတော့ စည်းရုံးလို့ မရဘူး။ အဲဒီအခြေအနေတွေမှာတော့ ဖမ်းတာဆီးတာ၊ဆွဲခေါ်သွားတာမျိုးပဲ လုပ်ရပါတယ်။ ကျွန်တော်တို့အနေနဲ့ ကချင်တိုင်းရင်းသားမျိုးနွယ်စုတွေကို အဓိကထားပြီး စုဆောင်းသလို ဒုတိယအနေနဲ့ ကချင်ပြည်နယ်မှာရှိတဲ့ ဌာနေတိုင်းရင်းသားအားလုံးကို စုဆောင်းပါတယ်” ဟု နော်ဘူက ပြောဆိုထားသည်။
ကချင်ဒေသတွင် KIA အဖွဲ့က နေ့စဉ်ဆိုသကဲ့သို့ အဓမ္မတပ်သားသစ် စုဆောင်းမှုများ လုပ်ဆောင်လျက်ရှိပြီး လမ်းပေါ်တွင် သွားလာနေသူများ၊လဘက်ရည်ဆိုင်တွင် ထိုင်နေသူများအပြင် ရေးမဆေးကျောက် ရှာဖွေသူများကိုပါ အဓမ္မဖဖမ်းဆီးကာ ကားဖြင့်ခေါ်ဆောင်မှုများ လုပ်ဆောင်လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။
“အရင်တုန်းကတည်းက မသိမသာနဲ့ဆွဲလာတာ။ အခုနောက်ပိုင်း ကချင်ဘက်ကို တပ်မတော်က စစ်ကြောင်း ပြန်ထိုးလာတဲ့နောက်ပိုင်းကစပြီး ပေါ်တာဆွဲတာက တဖြည်းဖြည်း ပိုများလာတယ်။ ဗန်းမော်မှာ တိုက်ပွဲတွေ ပိုပြင်းထန်လာတော့ အလုံးအရင်းနဲ့ကိုဆွဲတော့တာပဲ။ အိမ်မှာနေနေလဲဆွဲတယ်။ အပြင်ထွက်ရင်လည်း ဆွဲတယ်။နေ့တိုင်းနီးပါးဆွဲနေတာ။အခုဆို လူတွေက အပြင်ကိုမထွက်ရဲကြတော့ဘူး” ဟု အမည်မဖော်လိုသည့် ဖားကန့်ဒေသခံတစ်ဦးက ဆိုသည်။
ကချင်ပြည်နယ်အတွင်း ပြင်းထန်လာသော တိုက်ပွဲများအကြား KIA ၏ လူအင်အား အကျအဆုံးများပြားလာသည့်အတွက် ယခုကဲ့သို့ အဓမ္မလူသစ်စုဆောင်းမှုများကို ဆက်တိုက်လုပ်ဆောင်လာခြင်း ဖြစ်နိုင်ကြောင်း ဒေသခံအချို့ကလည်း သုံးသပ်ပြောဆိုကြသည်။

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၄) ရက်မှ ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၁၁ ရက်အတွင်း အကြမ်းဖက်သောင်းကျန်းသူများနှင့် တိုက်ပွဲကြီး (၁၆) ကြိမ်၊ ထိတွေ့မှုပေါင်း အကြိမ် (၄၉၀) ဖြစ်ပွားခဲ့ပြီး ရန်သူ့ထံမှ အလောင်း (၁၆၃) လောင်း၊ လက်နက်မျိုးစုံ (၁၇၈) လက်နှင့် ဆက်စပ်ပစ္စည်းများ သိမ်းပိုက်ရရှိခဲ့ပြီး အဆိုပါတိုက်ပွဲများတွင် အကြမ်းဖက်ပေါင်းအဖွဲ့များအနေဖြင့် သေဆုံးသူ (၄၆၁၆) ဦးခန့်နှင့် ဒဏ်ရာရရှိသူ (၄၉၈၃) ဦးခန့် ရှိခဲ့ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်က သတင်းထုတ်ပြန်ထားသည်။

Zawgyi Version:
စည္း႐ုံး၍မရလွ်င္ ဖမ္းဆီးဆြဲေခၚကာ တပ္သားသစ္စုေဆာင္းေနေၾကာင္း KIA တာဝန္ရွိသူဝန္ခံ
သက္ပိုင္ (NP News) - ေအာက္တိုဘာ ၁ဝ
ျပည္သူမ်ားကို စည္း႐ုံး၍မရလွ်င္ ဖမ္းဆီးဆြဲေခၚကာ တပ္သားသစ္အျဖစ္ စုေဆာင္းမႈမ်ား ျပဳလုပ္လ်က္ရွိေၾကာင္း KIA အဖြဲ႕၏ ေျပာေရးဆိုခြင့္ရွိသူ ေနာ္ဘူက ေဒသတြင္းသတင္းမီဒီယာမ်ားသို႔ ဝန္ခံထားသည္။
KIA အဖြဲ႕၏ မူဝါဒမွာ စည္း႐ုံး၍ လူသစ္စုေဆာင္းျခင္းျဖစ္ေသာ္လည္း လူအခ်ိဳ႕မွာ စည္း႐ုံး၍ မရေတာ့ေၾကာင္းႏွင့္ ထိုသို႔စည္း႐ုံး၍မရသည့္အတြက္ ဖမ္းဆီးေခၚေဆာင္ကာ တပ္သားသစ္စုေဆာင္းမႈမ်ား လုပ္ေဆာင္ေနျခင္းျဖစ္ေၾကာင္း ၎က ဝန္ခံေျပာဆိုထားသည္။
“လက္နက္ကိုင္အားလုံးက လူသစ္စုေဆာင္းတာပဲ။ KIA လည္း လူသစ္စုေဆာင္းတာေပါ့။ ကြၽန္ေတာ္တို႔ရဲ႕ မူဝါဒကေတာ့ စည္း႐ုံးၿပီးေတာ့မွ လူသစ္စုေဆာင္းတာေပါ့။ ဒါေပမဲ့ တခ်ိဳ႕လူငယ္ေတြကေတာ့ စည္း႐ုံးလို႔ မရဘူး။ အဲဒီအေျခအေနေတြမွာေတာ့ ဖမ္းတာဆီးတာ၊ဆြဲေခၚသြားတာမ်ိဳးပဲ လုပ္ရပါတယ္။ ကြၽန္ေတာ္တို႔အေနနဲ႔ ကခ်င္တိုင္းရင္းသားမ်ိဳးႏြယ္စုေတြကို အဓိကထားၿပီး စုေဆာင္းသလို ဒုတိယအေနနဲ႔ ကခ်င္ျပည္နယ္မွာရွိတဲ့ ဌာေနတိုင္းရင္းသားအားလုံးကို စုေဆာင္းပါတယ္” ဟု ေနာ္ဘူက ေျပာဆိုထားသည္။
ကခ်င္ေဒသတြင္ KIA အဖြဲ႕က ေန႔စဥ္ဆိုသကဲ့သို႔ အဓမၼတပ္သားသစ္ စုေဆာင္းမႈမ်ား လုပ္ေဆာင္လ်က္ရွိၿပီး လမ္းေပၚတြင္ သြားလာေနသူမ်ား၊လဘက္ရည္ဆိုင္တြင္ ထိုင္ေနသူမ်ားအျပင္ ေရးမေဆးေက်ာက္ ရွာေဖြသူမ်ားကိုပါ အဓမၼဖဖမ္းဆီးကာ ကားျဖင့္ေခၚေဆာင္မႈမ်ား လုပ္ေဆာင္လ်က္ရွိေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။
“အရင္တုန္းကတည္းက မသိမသာနဲ႔ဆြဲလာတာ။ အခုေနာက္ပိုင္း ကခ်င္ဘက္ကို တပ္မေတာ္က စစ္ေၾကာင္း ျပန္ထိုးလာတဲ့ေနာက္ပိုင္းကစၿပီး ေပၚတာဆြဲတာက တျဖည္းျဖည္း ပိုမ်ားလာတယ္။ ဗန္းေမာ္မွာ တိုက္ပြဲေတြ ပိုျပင္းထန္လာေတာ့ အလုံးအရင္းနဲ႔ကိုဆြဲေတာ့တာပဲ။ အိမ္မွာေနေနလဲဆြဲတယ္။ အျပင္ထြက္ရင္လည္း ဆြဲတယ္။ေန႔တိုင္းနီးပါးဆြဲေနတာ။အခုဆို လူေတြက အျပင္ကိုမထြက္ရဲၾကေတာ့ဘူး” ဟု အမည္မေဖာ္လိုသည့္ ဖားကန႔္ေဒသခံတစ္ဦးက ဆိုသည္။
ကခ်င္ျပည္နယ္အတြင္း ျပင္းထန္လာေသာ တိုက္ပြဲမ်ားအၾကား KIA ၏ လူအင္အား အက်အဆုံးမ်ားျပားလာသည့္အတြက္ ယခုကဲ့သို႔ အဓမၼလူသစ္စုေဆာင္းမႈမ်ားကို ဆက္တိုက္လုပ္ေဆာင္လာျခင္း ျဖစ္ႏိုင္ေၾကာင္း ေဒသခံအခ်ိဳ႕ကလည္း သုံးသပ္ေျပာဆိုၾကသည္။

ကခ်င္ျပည္နယ္၊ ဗန္းေမာ္ၿမိဳ႕ကို ၂၀၂၄ ခုႏွစ္ ဒီဇင္ဘာလ (၄) ရက္မွ ၂၀၂၅ ခုႏွစ္ စက္တင္ဘာလ ၁၁ ရက္အတြင္း အၾကမ္းဖက္ေသာင္းက်န္းသူမ်ားႏွင့္ တိုက္ပြဲႀကီး (၁၆) ႀကိမ္၊ ထိေတြ႕မႈေပါင္း အႀကိမ္ (၄၉၀) ျဖစ္ပြားခဲ့ၿပီး ရန္သူ႔ထံမွ အေလာင္း (၁၆၃) ေလာင္း၊ လက္နက္မ်ိဳးစုံ (၁၇၈) လက္ႏွင့္ ဆက္စပ္ပစၥည္းမ်ား သိမ္းပိုက္ရရွိခဲ့ၿပီး အဆိုပါတိုက္ပြဲမ်ားတြင္ အၾကမ္းဖက္ေပါင္းအဖြဲ႕မ်ားအေနျဖင့္ ေသဆုံးသူ (၄၆၁၆) ဦးခန႔္ႏွင့္ ဒဏ္ရာရရွိသူ (၄၉၈၃) ဦးခန႔္ ရွိခဲ့ေၾကာင္း ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရးေကာ္မရွင္က သတင္းထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.