၂ဝ၂၅ ခုနှစ်အတွက် ကမ္ဘာ့ငြိမ်းချမ်းရေးနိုဘယ်ဆုကို ဗင်နီဇွဲလားအတိုက်ခံ နိုင်ငံရေးသမား မာချာဒို ရရှိ

539

ဂျန်ဇက် (NP News) - အောက်တိုဘာ ၁ဝ
နိုဘယ်ဆုရွေးချယ်ရေးကော်မတီသည် အောက်တိုဘာ ၁ဝ ရက်တွင် ၂ဝ၂၅ ခုနှစ်အတွက် ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်ဆုရရှိသူစာရင်းကို သတင်းထုတ်ပြန်ခဲ့ရာ ဗင်နီဇွဲလားအတိုက်ခံ နိုင်ငံရေးသမားဖြစ်သည့် မာရီယာ ကိုရီနာ မာချာဒိုက ငြိမ်းချမ်းရေးနိုဘယ်ဆုကို ရရှိခဲ့ကြောင်း သိရသည်။
မာချာဒိုသည် ငြိမ်းချမ်းရေးနိုဘယ်ဆုရရှိမည်ဟု ရေးပန်းစားနေသော အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကိုကျော်ဖြတ်ပြီး ၂ဝ၂၅ ခုနှစ်အတွက် ကမ္ဘာ့ငြိမ်းချမ်းရေးနိုဘယ်ဆုကို ရရှိခဲ့ခြင်းဖြစ်သည်။
၂ဝ၂၅ ခုနှစ် ငြိမ်းချမ်းရေးနိုဘယ်ဆုအတွက် အမည်စာရင်းတင်သွင်းခံရသူ ၂၄၄ ဦး နှင့် အဖွဲ့အစည်းပေါင်း ၉၄ ဖွဲ့ရှိခဲ့ပြီး အဆိုပါ လူပုဂ္ဂိုလ်အဖွဲ့အစည်းများထဲမှ မာချာဒိုကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။
နိုဘယ်ဆုရွေးချယ်ရေးကော်မတီက '' မာချာဒိုဟာ ဗင်နီဇွဲလားနိုင်ငံမှာ ကျင်းပတဲ့ရွေးကောက်ပွဲကာလ နဲ့ ရွေးကောက်ပွဲမတိုင်ခင် ကာလတွေအတွင်းမှာ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီအရေးတွေကို ရဲရင့်စွာလုပ်ဆောင်ခဲ့သူဖြစ်ပါတယ်။ ဗင်နီဇွဲလားအတိုက်ခံပါတီခေါင်းဆောင်ဟာ ရွေးကောက်ပွဲကာလမှာ နိုင်ငံတကာရဲ့အားပေးကူညီထောက်ခံမှုတွေကိုအများအပြားရခဲ့တယ်။ ရွေးကောက်ပွဲရလဒ် မဲရေတွက်ချိန်မှာလည်း အနိုင်ရခဲ့တယ်။
ဒါပေမယ့် ဗင်နီဇွဲလား အာဏာရှင်အစိုးရက ရွေးကောက်ပွဲရလဒ်တွေကို လက်ခံဖို့ ငြင်းဆန်ခဲ့တယ်'' ဟု ပြောသည်။
နော်ဝေးနိုဘယ်ဆု ရွေးချယ်ရေးကော်မတီက မာချာဒိုသည် ဗင်နီဇွဲလား ပြည်သူများအတွက် ဒီမိုကရေစီအရေးကို မမောမပန်းဘဲ လုပ်ကိုင်နေသူဖြစ်သလို ဗင်နီဇွဲလားနိုင်ငံကို အာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ်သို့ ငြိမ်းချမ်းစွာကူးပြောင်းနိုင်ရန် ကြိုးစားရုန်းကန်နေသူဖြစ်ကြောင်း ပြောသည်။
နိုဘယ်ဆုရွေးချယ်ရေးကော်မတီက ''ဗင်နီဇွဲလား နိုင်ငံမှာဖြစ်ပွားခဲ့တဲ့ ဒီမိုကရေစီအရေးလှုပ်ရှားမှုတွေမှာ မာချာဒိုဟာ ခေါင်းဆောင်ပါဝင်ခဲ့တယ်။ မာချာဒိုရဲ့ဒီမိုကရေစီအရေးလှုပ်ရှားမှုတွေက လက်တင်အမေရိကတိုက်အတွင်းရှိ အရပ်သားပြည်သူအားလုံးအတွက် ရဲရင့်မှုများဖြစ်လာစေဖို့ အလွန်စံနမူနာ ယူထိုက်သူဖြစ်တယ်'' ဟု ပြောသည်။
မာချာဒိုသည် ဗင်နီဇွဲလားနိုင်ငံတွင် ရွေးကောက်ပွဲပြီးချိန် ၂၀၂၄ ခုနှစ် သြဂုတ်လနောက်ပိုင်းတည်းက ဘေးကင်းလုံခြုံမှုများရှိစေရန် ပုန်းအောင်းနေထိုင်ခဲ့ရသော်လည်း ဒီမိုကရေစီအရေးအတွက် ကြိုးစားရုန်းကန်ခဲ့ကြောင်း သိရသည်။

Zawgyi Version:
၂ဝ၂၅ ခုႏွစ္အတြက္ ကမာၻ႔ၿငိမ္းခ်မ္းေရးႏိုဘယ္ဆုကို ဗင္နီဇြဲလားအတိုက္ခံ ႏိုင္ငံေရးသမား မာခ်ာဒို ရရွိ
ဂ်န္ဇက္ (NP News) - ေအာက္တိုဘာ ၁ဝ
ႏိုဘယ္ဆုေ႐ြးခ်ယ္ေရးေကာ္မတီသည္ ေအာက္တိုဘာ ၁ဝ ရက္တြင္ ၂ဝ၂၅ ခုႏွစ္အတြက္ ကမာၻ႔ၿငိမ္းခ်မ္းေရး ႏိုဘယ္ဆုရရွိသူစာရင္းကို သတင္းထုတ္ျပန္ခဲ့ရာ ဗင္နီဇြဲလားအတိုက္ခံ ႏိုင္ငံေရးသမားျဖစ္သည့္ မာရီယာ ကိုရီနာ မာခ်ာဒိုက ၿငိမ္းခ်မ္းေရးႏိုဘယ္ဆုကို ရရွိခဲ့ေၾကာင္း သိရသည္။
မာခ်ာဒိုသည္ ၿငိမ္းခ်မ္းေရးႏိုဘယ္ဆုရရွိမည္ဟု ေရးပန္းစားေနေသာ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ကိုေက်ာ္ျဖတ္ၿပီး ၂ဝ၂၅ ခုႏွစ္အတြက္ ကမာၻ႔ၿငိမ္းခ်မ္းေရးႏိုဘယ္ဆုကို ရရွိခဲ့ျခင္းျဖစ္သည္။
၂ဝ၂၅ ခုႏွစ္ ၿငိမ္းခ်မ္းေရးႏိုဘယ္ဆုအတြက္ အမည္စာရင္းတင္သြင္းခံရသူ ၂၄၄ ဦး ႏွင့္ အဖြဲ႕အစည္းေပါင္း ၉၄ ဖြဲ႕ရွိခဲ့ၿပီး အဆိုပါ လူပုဂၢိဳလ္အဖြဲ႕အစည္းမ်ားထဲမွ မာခ်ာဒိုကို ေ႐ြးခ်ယ္ခဲ့ျခင္းျဖစ္သည္။
ႏိုဘယ္ဆုေ႐ြးခ်ယ္ေရးေကာ္မတီက '' မာခ်ာဒိုဟာ ဗင္နီဇြဲလားႏိုင္ငံမွာ က်င္းပတဲ့ေ႐ြးေကာက္ပြဲကာလ နဲ႔ ေ႐ြးေကာက္ပြဲမတိုင္ခင္ ကာလေတြအတြင္းမွာ ၿငိမ္းခ်မ္းေရး၊ ဒီမိုကေရစီအေရးေတြကို ရဲရင့္စြာလုပ္ေဆာင္ခဲ့သူျဖစ္ပါတယ္။ ဗင္နီဇြဲလားအတိုက္ခံပါတီေခါင္းေဆာင္ဟာ ေ႐ြးေကာက္ပြဲကာလမွာ ႏိုင္ငံတကာရဲ႕အားေပးကူညီေထာက္ခံမႈေတြကိုအမ်ားအျပားရခဲ့တယ္။ ေ႐ြးေကာက္ပြဲရလဒ္ မဲေရတြက္ခ်ိန္မွာလည္း အႏိုင္ရခဲ့တယ္။
ဒါေပမယ့္ ဗင္နီဇြဲလား အာဏာရွင္အစိုးရက ေ႐ြးေကာက္ပြဲရလဒ္ေတြကို လက္ခံဖို႔ ျငင္းဆန္ခဲ့တယ္'' ဟု ေျပာသည္။
ေနာ္ေဝးႏိုဘယ္ဆု ေ႐ြးခ်ယ္ေရးေကာ္မတီက မာခ်ာဒိုသည္ ဗင္နီဇြဲလား ျပည္သူမ်ားအတြက္ ဒီမိုကေရစီအေရးကို မေမာမပန္းဘဲ လုပ္ကိုင္ေနသူျဖစ္သလို ဗင္နီဇြဲလားႏိုင္ငံကို အာဏာရွင္စနစ္မွ ဒီမိုကေရစီစနစ္သို႔ ၿငိမ္းခ်မ္းစြာကူးေျပာင္းႏိုင္ရန္ ႀကိဳးစား႐ုန္းကန္ေနသူျဖစ္ေၾကာင္း ေျပာသည္။
ႏိုဘယ္ဆုေ႐ြးခ်ယ္ေရးေကာ္မတီက ''ဗင္နီဇြဲလား ႏိုင္ငံမွာျဖစ္ပြားခဲ့တဲ့ ဒီမိုကေရစီအေရးလႈပ္ရွားမႈေတြမွာ မာခ်ာဒိုဟာ ေခါင္းေဆာင္ပါဝင္ခဲ့တယ္။ မာခ်ာဒိုရဲ႕ဒီမိုကေရစီအေရးလႈပ္ရွားမႈေတြက လက္တင္အေမရိကတိုက္အတြင္းရွိ အရပ္သားျပည္သူအားလုံးအတြက္ ရဲရင့္မႈမ်ားျဖစ္လာေစဖို႔ အလြန္စံနမူနာ ယူထိုက္သူျဖစ္တယ္'' ဟု ေျပာသည္။
မာခ်ာဒိုသည္ ဗင္နီဇြဲလားႏိုင္ငံတြင္ ေ႐ြးေကာက္ပြဲၿပီးခ်ိန္ ၂၀၂၄ ခုႏွစ္ ၾသဂုတ္လေနာက္ပိုင္းတည္းက ေဘးကင္းလုံၿခဳံမႈမ်ားရွိေစရန္ ပုန္းေအာင္းေနထိုင္ခဲ့ရေသာ္လည္း ဒီမိုကေရစီအေရးအတြက္ ႀကိဳးစား႐ုန္းကန္ခဲ့ေၾကာင္း သိရသည္။