ရုရှား-ယူကရိန်း စစ်ပွဲမှသည် ကမ္ဘာကြီး နှစ်ခြမ်းကွဲခဲ့သည် ရှိသော်

4416

ကိုလှိုင် (NP News) - မတ် ၄
ရုရှား-ယူကရိန်းအခြေအနေနဲ့ပတ်သက်လို့ သုံးသပ်မိသမျှ အကျဉ်းချုပ်တင်ပြချင်ပါတယ်။
နောက်ခံ
နောက်ခံ အကြောင်းအရာမှာ သမိုင်းကြောင်းနဲ့ချီပြီးပြောရရင်တော့ ဆုံးနိုင်မှာမဟုတ်လို့ လိုရင်းပဲတင်ပြပါမယ်။ ပထဝီနိုင်ငံရေးအရ ယူကရိန်းဟာ ရုရှားရဲ့ လည်မျိုနဲ့တူပါတယ်။ စစ်ရေးအရ ဥရောပဘက်က ရုရှားကို တိုက်ချင်ရင် နပိုလီယံ၊ ဟစ်တလာတို့ခေတ်ကစပြီး ယူကရိန်းဘက်က ဝင်ခဲ့ကြတာပါ။ စီးပွားရေးအရလည်း ရုရှားအတွက် အဓိကကျတဲ့ ရေနံနဲ့ သဘာဝဓါတ်ငွေ့ပိုက်လိုင်းတွေ အများစုရဲ့ ဥရောပထွက်ပေါက်ပါ။ မဟာဗျူဟာ ရေကြောင်းထွက်ပေါက်အရ ရုရှားရဲ့ တစ်ခုတည်းသော ရေမခဲတဲ့ ဆိပ်ကမ်းတွေရှိတဲ့ ပင်လယ်နက်ထွက်ပေါက်ကို ယူကရိန်းက ထိပ်ကနေ စီးထားတာဖြစ်ပါတယ်။ ဒါကြောင့် ယူကရိန်းက ရုရှားရဲ့ "လည်မျိုဝ"လို မရှိမဖြစ် အရေးပါနေတာပါ။ ဒီလိုနေရာကို ရုရှားရဲ့ အဓိက ရန်ဘက်ဖြစ်တဲ့ အနောက်အုပ်စုနေတိုးဘက်က အုပ်စီးနိုင်ဖို့ ကြိုးစားနေတာကြာပါပြီ။ ဆိုဗီယက်ပြိုကွဲပြီး ယူကရိန်းနိုင်ငံစတင်ဖြစ်တည်လာတဲ့ ၁၉၉၁ ခုနှစ်ကစပြီး အရောင်တော်လှန်ရေးတွေနဲ့ စခဲ့တာပါ။ သမ္မတအိုဘားမားလက်ထက် ၂၀၁၄ မှာ ယူကရိန်းက ရုရှားနဲ့အဆင်ပြေတဲ့ သမ္မတကို လူထုအုံကြွမှုနဲ့ သမ္မတအိမ်တော်ကို ဝင်စီးပြီးဖြုတ်ချခဲ့ပါတယ်။ ရုရှားဘက်ကလည်း ပင်လယ်နက်ထိပ်မှာ အရေးပါတဲ့ ကရိုင်းမီးယားကျွန်းဆွယ်ကို ယူကရိန်းဆီက နှစ်ရှည်ငှားရမ်းထားရာကနေ အပြီးသိမ်းသွင်းလိုက်ပါတယ်။ (တကယ်တော့ ကရိုင်းမီးယားက အရင်ကတည်းက ရုရှားနယ်မြေပါ။ ကရူးရှက်က ဆိုဗီယက်ခေတ်မှာ ယူကရိန်း ပြည်နယ်ကို လက်ဆောင်ပေးလိုက်တာပါ။) ဒနိုက်ပါမြစ်အရှေ့ဘက်ခြမ်းက ရုရှားနွယ်ဖွားတွေကလည်း ယူကရိန်းလက်အောက်ကနေ ခွဲထွက်ဖို့ လှုပ်ရှားပုန်ကန်ခဲ့ကြပါတယ်။ ဒီနောက်ပိုင်းမှာ အနောက်လိုလားတဲ့သမ္မတ ပိုရိုရှင်ကိုတက်လာပါတယ်။ သူက ခြစားလွန်းလို့ လူထုက အော့နှလုံးနာလာတော့ ကြိုမွေးထားတဲ့ နောက်တစ်ယောက်ကို ဆွဲတင်လိုက်တာ အခုသမ္မတ ရုပ်ရှင်သရုပ်ဆောင်ဟောင်း ဇလန်းစကီးပါပဲ။
ဇလန်းစကီးရဲ့ စပွန်ဆာက ယူကရိန်း မီဒီယာခရိုနီသူဌေး ကိုလိုမော့စကီး ဖြစ်ပြီး သူအစုစပ်ပိုင်ဆိုင်တဲ့ ဘူရစ္စမာ ရေနံကုမ္ပဏီက အမေရိကန်ဒီမိုကရက်တွေနဲ့ နက်ရှိုင်းတဲ့ ဆက်နွယ်မှုရှိပါတယ်။ အထူးသဖြင့် အဲဒီတုန်းက အမေရိကန် ဒုသမ္မတ ဘိုင်ဒင် ဆိုရင် သားဖြစ်သူ ဟန်တာဘိုင်ဒင်ကို အဲဒီကုမ္ပဏီရဲ့ အကြံပေးအဖြစ် ခန့်ထားခဲ့တာဖြစ်ပါတယ်။ ကိုလိုမော့စကီးက ဇလန်းစကီးကို ပြည်သူ့ဝန်ထမ်းဆိုတဲ့ နိုင်ငံရေးဟာသရုပ်ရှင်ကားနဲ့ ယူကရိန်းက ခြစားအကျင့်ပျက်နိုင်ငံရေးသမားတွေကို သရော်ထားတဲ့ဇာတ်လမ်းနဲ့ စင်တင်ပေးခဲ့တယ်။ ၂၀၁၉ သမ္မတရွေးကောက်ပွဲမှာလည်း မဲဆွယ်စာရိတ်ကို နောက်ကနေ တာဝန်ယူထောက်ပံ့ပေးခဲ့တယ်။ မီဒီယာနည်းနဲ့ ပြိုင်ဖက် လက်ရှိသမ္မတ ပိုရိုရှင်ကို ကို ကြိုတင်သိက္ခါချခဲ့ပြီး အပြတ်အသတ် နိုင်ခဲ့တယ်။ (သို့သော် သူလည်း ဒီပုတ်ထဲက ဒီပဲပါပဲ။ သူ့ရဲ့ကုမ္ပဏီ ငွေစာရင်းတွေ နိုင်ငံခြားမှာ ဝှက်ထားတာ ပမ်ဒိုရာ ပေပါ ဖော်ကောင် ဝက်ဆိုက်က ဖွင့်ချထားတာရှိပါတယ်။)
တိုတိုပြောရင် ဇလန်းစကီးလက်ထက်မှာ ယူကရိန်းကို နေတိုးထဲ ဝင်ဖို့ ကြိုးစားလာတယ်။ သူ့လည်မျိုကို နေတိုးက ဓါးနဲ့လာထောက်မှာ မခံနိုင်တဲ့ ရုရှားက ယူကရိန်းကို လက်မခံဖို့ နေတိုးကို တောင်းဆိုတာ လက်မခံတော့ အခုလို ဖြစ်လာတော့တာပါပဲ။
လက်ရှိအနေအထား
မတ်လ ၃ ရက်နေ့အထိ လက်ရှိအနေအထားကတော့ မီးစတစ်ဘက် ရေမှုတ်တစ်ဘက်လို့ ပြောရမှာပါ။ တစ်ဖက်က ဘီလာရုစ်နယ်စပ်မှာ နှစ်နိုင်ငံဆွေးနွေးပွဲတွေ လုပ်နေသလို၊ တစ်ဖက်မှာလည်း စစ်တိုက်နေကြပါတယ်။ ဆွေးနွေးပွဲက သိပ် အရွေ့မရှိလှပါဘူး။ မြေပြင်မှာတော့ ရုရှားတွေက ယူကရိန်းအရှေ့ခြမ်းကို ကဏန်းလက်မလို ညှပ်ပူးညှပ်ပိတ် ဝန်းပတ်သိမ်းယူလာပြီး ပင်လယ်ကမ်းခြေဘက်က ဆိပ်ကမ်းမြို့တစ်မြို့ကတော့ ရုရှားလက်အောက် လုံးဝ ရောက်သွားပါတယ်။ စစ်ရေးအရ အရှိန်မြှင့် တိုက်လာတာလည်း တွေ့ရပါတယ်။ ယူကရိန်းမြို့တော် ကိဗ်ကတော့ ပတ်ဝိုင်းခံထားရတဲ့သဘောရှိပြီး၊ ပြင်းထန်တဲ့ လက်နက်ကြီးတွေ စတင်သုံးလာတာ တွေ့ပါတယ်။
နှစ်ဘက် ဦးတည်ချက်များ
ရုရှားသမ္မတ ပူတင်အတွက်ကတော့ ဒီစစ်ပွဲဟာ ယူကရိန်းကို အပြီးသိမ်းဖို့လို့ မမြင်ပါဘူး။ သူ့မှာ ကန့်သတ်ရည်မှန်းချက် ရှိပုံရပါတယ်။ ဒါကြောင့် စစ်ပွဲလို့မသုံးဘူး။ အကြွင်းမဲ့စစ် အဖြစ် စစ်ကြေငြာချက်မလုပ်ဘူး။ အထူးစစ်ဆင်ရေးလို့ပဲ သုံးတာတွေ့ပါတယ်။ သူ့ရည်မှန်းချက်တွေကတော့ နိုင်ငံရေးအရဆိုရင် ယူကရိန်းမှာ အနောက်ဩဇာခံအစိုးရကိုဖြုတ်ချပြီး ရုရှားနဲ့ အလွမ်းသင့်မယ့်သူကို တင်ပေးရေး ဖြစ်မှာပါ။ စစ်ရေးအရဆိုရင်တော့ ရုရှာနွယ်ဖွားတွေ အများစုနေထိုင်ကြတဲ့ ဒနိုက်ပါမြစ် အရှေ့ခြမ်း ရုရှားနဲ့ကပ်လျက်နယ်မြေတွေကို သိမ်းယူပြီး ခွဲထွက်နယ်မြေထူထောင်ပေးရေး ဖြစ်ပါလိမ့်မယ်။ (နောက်တစ်ဆင့်ကျမှ အဲဒီနယ်မြေတွေကို ရုရှားနိုင်ငံထဲ ပေါင်းစည်းလိုက်နိုင်ပါတယ်။) ဒီရည်မှန်းချက်တွေကို ဖော်ဆောင်ဖို့ စစ်ရေးအင်အားနဲ့ စေ့စပ်ညှိနှိုင်းမှု နှစ်ခုပေါင်းပြီး အင်အားကို ကျွမ်းကျင်လိမ္မာစွာ Smart power အသုံးချပြီး လုပ်ကိုင်နေပုံရပါတယ်။ ဒီ မှန်းဆချက်ကို အထောက်အကူပြုနေတာကတော့ အခုအချိန်အထိ မြို့တော် ကိဗ်ကို ဝိုင်းရုံပဲ ဝိုင်းထားတာရယ်။ မြို့သိမ်းနယ်သိမ်း တိုက်ပွဲတွေကို ဒနိုက်ပါမြစ် အရှေ့ခြမ်းမှာပဲ အာရုံစိုက် လုပ်နေတာရယ်ကို တွေ့ရမှာပါ။
ယူကရိန်းသမ္မတ ဇဲလန်းစကီးရဲ့ ရည်မှန်းချက်ကတော့ ရှင်းပါတယ်။ ရုရှားလို နျူကလီယာပိုင်တဲ့ စစ်အင်အားကြီးကို သမားရိုးကျနည်းနဲ့ ဘယ်လိုမှ မနိုင်နိုင်ဘူး။ ဘယ်နိုင်ငံ စစ်အုပ်စုကမှလည်း ဝင်ကူတိုက်ပေးမှာ မဟုတ်ဘူး။ ဒါကြောင့် ပြည်သူ့စစ်မဟာဗျူဟာနဲ့ မြို့ပြပျောက်ကြားပုံစံ သွားရမယ်။ အနောက်အုပ်စုရဲ့ ရုပ်ဝတ္ထုနဲ့ နိုင်ငံရေး၊ စီးပွားရေး၊ မီဒီယာအားကို ရနိုင်သမျှယူမယ်။ မိန်းမနဲ့ကလေးတွေကို ဒုက္ခသည်အဖြစ် အနောက်နိုင်ငံတွေမှာရှောင်ခိုင်းထားပြီး ရေရှည်စစ် Protracted war ၊ အမှည့်ခြွေစစ် War of attrition ဆင်နွှဲမယ်။ ရုရှားနဲ့ဝေးပြီး အနောက်မဟာမိတ်တွေနဲ့နီးတဲ့ Lviv မြို့ကို အခြေခံပြီး ခံစစ်ဆင်မယ်။ နိုင်ငံခြားတပ်ဖွဲ့တွေကို ဗော်လံတီယာ အပျော်တမ်းတပ်ဆိုပြီး ကိုရီးယားစစ်ပွဲကာလတုန်းက တရုတ်တွေဝင်သလို၊ ကုလသမဂ္ဂတပ် အမည်ခံပြီး အမေရိကန်တွေဝင်သလို ဖိတ်ခေါ်ပြီး တိုက်မယ်။ ရေရှည်စစ် ဆင်နွှဲ နိုင်အောင် အချိန်ဆွဲနိုင်ဖို့နဲ့ နိုင်ငံရေးစင်မြင့်အဖြစ် နာမည်ကောင်းရယူဖို့ စေ့စပ်ဆွေးနွေးပွဲကို အသုံးချမယ်။ ဒီလိုနဲ့ နှစ်ဘက်စလုံးက ကိုယ့် အကျိုးစီးပွားအတွက် ကိုယ်စီအကြံတွေနဲ့ အကွက်ဆင်နေကြတာကို မြင်နေရပါတယ်။
ရှုထောင့်ပေါင်းစုံမှ သုံးသပ်ချက်
ဒီစစ်ပွဲက စစ်ရေးအမြင်နဲ့ကြည့်ရင် အလွန်စိတ်ဝင်စားဖို့ကောင်းပါတယ်။ စစ်သဘောတရား military doctrine တွေအရ စစ်စတင်တာနဲ့ ပစ်အားနဲ့စစ်ကစားမှုကို သာလွန်အင်အားသုံးပြီး ရန်သူကို ခြောက်ခြားတုန်လှုပ်အောင် shock and awe လုပ်ရမယ်။ ရန်သူရဲ့ တိုက်ပွဲဝင်စိတ်ဓါတ် will to fight ကို ရိုက်ချိုးပြီး အခြေအနေဖန်တီးနိုင်ခွင့် initiative ကို မိမိဘက်မှာ အမြဲရှိစေရမယ်။
ဒါကြောင့် အမေရိကန်ဆိုရင် ပင်လယ်ကွေ့ စစ်ပွဲကာလတုန်းက သူ့ရဲ့လေ-ကြည်း စစ်ဆင်မှု Air Land Warfare သဘောတရားမှာ ပွဲစတာနဲ့ ရန်သူ့ ရှေ့တန်းတပ်ဖွဲ့ကို အခုနောက်ပိုင်း ရုရှားစသုံးလာတဲ့ ပေါင် ၅၀၀၀ သာမိုဘားရစ် ဗုံးတွေသုံးပြီး တိုက်စိတ်ကို ရိုက်ချိုးပစ်ခဲ့တယ်။ တစ်ချိန်တည်းမှာ နောက်တန်းဌာနချုပ်ရဲ့ ကွပ်ကဲထိန်းချုပ်ဆက်သွယ်ထောက်လှမ်းမှု C4ISR စနစ်ကို လေကြောင်းကနေ တိုက်ခိုက်ဖျက်ဆီးလိုက်တယ်။ ထောက်ပံ့ရေးစနစ်ကို ကြားဖြတ်ချေမှုန်းတယ်။ နည်းပညာမယှဉ်နိုင်တဲ့ အီရတ်တပ်ဖွဲ့တွေ အချိန်တိုအတွင်း တပ်ပျက်သွားခဲ့တာပါ။ ၁၉၉၉ ကိုဆိုဗိုစစ်ပွဲတုန်းကလည်း မဟာဗျူဟာမြောက်ဗုံးကြဲမှုဆိုပြီး စစ်မြေပြင်မဟုတ်တဲ့ ဆားဗီးယားမြို့တော် ဘဲဂရိတ်ရဲ့ ရေမီးထောက်ပံ့ရေးလမ်းကြောင်းတွေ အားလုံးကို ဗုံးကြဲပစ်တာ တရုတ်သံရုံးတောင်မှ အဆစ်ပါသွားပါသေးတယ်။ အခု ကိုပူတင်ကတော့ သဘောကောင်းလှစွာနဲ့ အဲဒါမျိုးတွေ ဘာမှမလုပ်သေးဘူး။ ယူကရိန်းမှာ စစ်ဖြစ်တယ်သာဆိုတာ မီးလည်းမပျက်၊ ရေလည်းမပျက်၊ မီးရထားတွေလည်း ပြေးဆွဲမြဲ။ ထောက်ပို့လမ်းကြောင်း လမ်းတံတားတွေလည်း အဖျက်မခံရသေး။ တယ်လီဖုန်း အင်တာနက်တွေလည်း မပြတ်သေး၊ ရုပ်မြင်သံကြားတာဝါတိုင်တောင် မနေ့တစ်နေ့ကမှ ပစ်ချိုးခံရတာတွေ့ပါတယ်။
ဒါတင်ပဲလားဆိုတော့ ခြေလျင်-တင့် ပူးပေါင်းစစ်ဆင်ရေးထုံးစံအရ ခြေလျင်က တင့်ကို ရန်သူ့တင့်ဖျက်ရန်က ကာကွယ်ပေးရမယ်။ အဲဒါလည်း မတွေ့ဘူး။ ရုရှားတင့်တွေက ဥရောပက ထောက်ပံ့တဲ့ ပဲ့ထိန်းဒုံးစာတွေ ခဏခဏမိနေတာတွေ့ရတယ်။ ရုရှားတင့်တပ်ဖွဲ့တွေက ယူကရိန်းပြည်သူတွေ လက်ဗလာနဲ့ ရှေ့ကနေ တားပြီးဆဲနေတာတောင် ရပ်ပေးထားတာတွေ့နေရပါတယ်။ ဒီလိုပုံစံမျိုးကို ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဖြစ်ခဲ့တဲ့ ဗီယက်နမ်၊ အာဖဂန်၊ အီရတ်၊ လစ်ဗျား၊ ဆီးရီးယား၊ ယီမင် စတဲ့ ဘယ်စစ်ပွဲမှာမှ မတွေ့ဖူးခဲ့ပါဘူး။ အဲဒီမှာတော့ မသင်္ကာရင် အရင်ပစ် နောက်မှမေး Shoot first, ask later မူကို ကျင့်သုံးခဲ့ကြတာပါပဲ။
အဲဒီတော့ အခုစစ်ပွဲမှာ ရုရှားဘက်က ယဉ်ကျေးတဲ့စစ်ပွဲ civilized war ပုံစံမျိုးကို (အခုအထိ) ကျင့်သုံးနေတယ်လို့ မြင်နေရပါတယ်။ အဲဒါကိုက ဆန်းတယ်လို့ပြောရမှာပါ။ တကယ်တော့ စစ်တိုက်တယ်ဆိုတာ ရက်စက်ကြမ်းကြုတ်တဲ့ အလုပ်တစ်ခုပါ။ စစ်ဦးဘီလူးလို့ ဆိုကြပါတယ်။ ယဉ်ကျေးတဲ့စစ်ပွဲ ဆိုတာက ဘုန်းကြီးနဲ့ဘီး ဆိုတာလို နည်းနည်း ခွကျတဲ့ ဆန့်ကျင်တွဲဖက် oxymoron အသုံးမျိုးပါပဲ။ အခုဟာက အလယ်ခေတ် စစ်သူရဲကောင်း knight တွေ စစ်တိုက်သလို အရပ်သားတွေ မထိခိုက်စေဘဲ စစ်သည်ချင်း စီးချင်းထိုးကြတဲ့ ပုံစံမျိုး လုပ်လာတာတွေ့ရတာဖြစ်ပါတယ်။
ဒါကလည်း ရုရှားတွေဘက်က အကြောင်းရှိပါတယ်။ သူတို့ကို ကျူးကျော်သူဆိုပြီး အနောက်အုပ်စုနဲ့ ကမ္ဘာ့မီဒီယာတွေမှာ ပုံဖော်ခံထားရတယ်။ နိုင်ငံတကာဥပဒေအရလည်း အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်ခုကို မိမိကိုယ်ကိုယ်ခုခံခွင့်ကလွဲလို့ စစ်ပြုခွင့်ပေးမထားဘူး။ အခုခေတ်ကလည်း လူတိုင်းက ဖုန်းကိုယ်စီနဲ့ မီဒီယာသမားဖြစ်နေကြတော့ အစစ အရာရာ သတိထားနေကြရတာပါ။ ၁၉၄၉ ခုနှစ် စစ်ဆင်နွှဲမှုဆိုင်ရာ ဂျီနီဗာကွန်ဗင်းရှင်းအရ စစ်ဆင်နွှဲရာမှာ အရပ်သားတွေကို ကာကွယ်ပေးထားတော့ အထိန်းမတတ်ရင် စစ်ရာဇဝတ်မှုက စောင့်နေမှာပါ။
ဘက်စုံစစ်ပွဲအသွင် ယူကရိန်းတွေဘက်ကျတော့လည်း ဒါက မီဒီယာစစ်ပွဲ၊ ဥပဒေစစ်ပွဲနဲ့ သံတမန်ရေး၊နိုင်ငံရေး၊ စီးပွားရေး စစ်ဆင်မှုတွေ ပေါင်းစပ်ထားတဲ့ ဘက်စုံစစ်ပွဲ ဆင်နွှဲနေတာဖြစ်ပါတယ်။ တကယ်တော့ ယူကရိန်းဆိုတာက ကြားခံနယ်ရုပ်မျှသာပါပဲ။ နောက်ကွယ်က ကြိုးကိုင်လှုပ်ရှားနေတာကတော့ အနောက်အုပ်စုပါ။ ဒီအနောက်အုပ်စုကတော့ ဦးမော့ခေါင်းထောင်လာတဲ့ ရုရှားကို အထူးသဖြင့် ခေါင်းမာပြီး သဘောထားပြင်းထန်တဲ့ သမ္မတပူတင်ကို ဖြစ်နိုင်သမျှ နည်းလမ်းပေါင်းစုံနဲ့ ဒီတစ်ကြိမ်မှာ ဝိုင်းပြီး ဆွမ်းကြီးလောင်းရင်း အပီ သိပ်ချင်တဲ့ သဘောပါပဲ။
ဒီနေရာမှာလည်း ဒီတစ်ခါက အတော်ထူးခြားပါတယ်။ ရုရှားကို သင်းကွဲ အထီးကျန်ဖြစ်စေဖို့ ဘက်စုံ ထောင့်စုံက ဝိုင်းတိုက်နေကြတာတွေ့ရပါတယ်။ စီးပွားရေးနဲ့ ဘဏ္ဍာရေးပိတ်ဆို့မှုပေါင်းစုံ၊ သံခင်းတမန်ခင်းအရ ရုရှားကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ထုတ်ပယ်ဖို့၊ ကုလ အထွေထွေညီလာခံမှာ ပြစ်တင်ရှုတ်ချ၊ လူ့အခွင့်အရေးကောင်စီမှာ အရေးယူဖိုလုပ်၊ ICC တရားရုံးမှာ စစ်ရာဇဝတ်မှုနဲ့ တရားစွဲ၊ အားကစားအဖွဲ့ပေါင်းစုံက သပိတ်မှောက် ထုတ်ပယ်၊ ရုရှားလေကြောင်းလိုင်းတွေကို ဖြတ်ကျော်ပျံသန်းခွင့်ပိတ်။ သူတို့ကို အကြီးအကျယ်ထိခိုက်မယ့် စွမ်းအင်ရေနံ ဝယ်ယူရေးကိစ္စမျိုးကလွဲလို့ ရုရှားကို ကမ္ဘာ့အသိုက်အဝန်းကနေ ဝိုင်းဝန်းတိုက်ခိုက် ဖယ်ထုတ်ချင်ကြတဲ့သဘောမျိုးတွေ့လာရပါတယ်။ နောက်ဆုံး သစ်ပင်သက်တမ်းရှည်ပြိုင်ပွဲမှာတောင်မှ ရုရှားက သက်တမ်းနှစ် ၁၈၀ ကျော် သစ်ပင်အိုကြီးကို ပြိုင်ပွဲက ထုတ်ပယ်လိုက်တယ်လို့ဆိုပါတယ်။ ရုရှားကို ကမ္ဘာ့ မကောင်းဆိုးဝါး ကျူးကျော်သူ၊အပြစ်မဲ့အရပ်သားတွေကို မညှာမတာ သိမ်းကြုံးသတ်ဖြတ်နေသူဆိုတဲ့ ပုံရိပ်ဖော်ပြီး Demonization ဘီလူးသရဲလို့ တစ်ကမ္ဘာလုံးကမြင်လာအောင် မီဒီယာနည်းလမ်းပေါင်းစုံနဲ့ လုပ်နေကြတာတွေ့ပါတယ်။
သုံးသပ်ချက်နှင့် ရှေ့အလားအလာ
ဒီစစ်ပွဲက ရုရှားနဲ့ ယူကရိန်းတို့အကြားက စစ်ပွဲ သက်သက်မျှ မဟုတ်ပါဘူး။ သဘောတရားရေးအရဆိုရင် ကမ္ဘာလုံးဆိုင်ရာ လစ်ဘရယ်ဝါဒနဲ့ လက်တွေ့သရုပ်မှန်အမျိုးသားရေး အထိုင်တို့ ထိပ်တိုက်တွေ့ကြတဲ့ပွဲပါ။ နိုင်ငံတကာ ဆက်ဆံရေးနဲ့ ပထဝီနိုင်ငံရေးအမြင်အရ ကြည့်ရင်တော့ နှုတ်ခမ်းသားနယ်မြေအင်အားစုကြီး (အမေရိကန်+ ဥရောပ) နဲ့ အင်အားတောင့်တင်းလာတဲ့ နှလုံးသားနယ်မြေအင်အားစု (ရုရှား+တရုတ်) တို့ အတိအလင်း အားပြိုင်ကြတဲ့ ပွဲပါ။ ဘက်စုံစစ်ပွဲအမြင်နဲ့ကြည့်ရင် စစ်ရေးအရ အားသာတဲ့ ရုရှားရဲ့ အင်အားအမာနဲ့ စစ်မတိုက်ချင်တဲ့ အနောက်အုပ်စုရဲ့ အင်အားအပျော့တို့ရဲ့ တိုက်ပွဲပါ။ ရှေ့ဆက်ပြီး ဘာဖြစ်ကြမလဲ သုံးသပ်ရရင်တော့ ယူကရိန်းအရေးမှာ ပူတင်က ယူကရိန်း အရှေ့ခြမ်းကိုတော့ ဖြစ်တဲ့နည်းနဲ့ အရယူမယ်လို့ မှန်းဆရပါတယ်။ ကိဗ်မြို့တော်ရဲ့ ကံကြမ္မာနဲ့ နိုင်ငံရေးဖြေရှင်းချက်ကတော့ စစ်ရေးချိန်ခွင်လျှာအပြောင်းအလဲနဲ့ ဆွေးနွေးပွဲရလဒ်အပေါ် မူတည်ပါလိမ့်မယ်။ နောက်ဆုံးအထိ ဘယ်ဘက်ကတောင့်ခံနိုင်မလဲဆိုတဲ့အချက်က စကားပြောပါလိမ့်မယ်။ စီးပွားရေးစစ်ပွဲမှာတော့ ရုရှားနဲ့အနောက်အုပ်စု နှစ်ဘက်စလုံးနာပါလိမ့်မယ်။ ရုရှားဘက်က ခံသာမှာကတော့ စစ်ကြောင့်ရေနံဈေးတက်ရင် တစ်ရက်ကို ရေနံစည် ၅ သန်းလောက် တင်ပို့နေတဲ့ ရုရှားအတွက် ရေနံဝင်ငွေတိုးလာတာကနေ ခုသာခံသာရှိနိုင်ပါတယ်။ ရေနံဝယ်သုံးရတဲ့ အနောက်အုပ်စုဝင်တွေ၊ တရုတ်နိုင်ငံနဲ့ ကျန်ကမ္ဘာ့နိုင်ငံတွေကတော့ လောင်စာဈေးတက်မှုနဲ့အတူ စီးပွားရေးအကြပ်အတည်း တွေ့ကြရနိုင်ပါတယ်။ အဲဒီကမှ နိုင်ငံရေး မတည်ငြိမ်မှုတွေလည်း ဖြစ်လာနိုင်ပါတယ်။ နိုင်ငံတကာနိုင်ငံရေးမှာတော့ ကမ္ဘာပြားခဲ့တဲ့ ဂလိုဘယ်လိုက်ဇေးရှင်းခေတ်ကနေ နှစ်ဘက် အုပ်လိုက်ကြီး လက်တွဲဖြုတ် နှစ်ခြမ်းကွဲသွားကြမယ့် decoupling ဘက်ကို လုံးလုံးလျားလျား ဦးတည်သွားနိုင်ပါတယ်။ ကမ္ဘာကြီးနှစ်ခြမ်းအကွဲမှာ ကုလသမဂ္ဂနဲ့ ကမ္ဘာလုံးဆိုင်ရာ ငွေကြေးစနစ်၊ လူလုပ်အသိဉာဏ် သတင်းနည်းပညာ၊ ကုန်သွယ်မှု၊ အားကစား စတဲ့ ကမ္ဘာ့ အစီအစဉ် ပုံစံကြီးတစ်ခုလုံးလည်း တစ်နွယ်ငင်တစ်စင်ပါ အကုန်လိုက်ပြီး ကွဲသွားနိုင်ပါတယ်။
နိဂုံးချုပ်ရရင်တော့ ဒီစစ်ပွဲဟာ ကံမကောင်း အကြောင်းမလှရင် အရင်ကတည်းက ကွဲချင်ချင်ဖြစ်နေတဲ့ ကမ္ဘာ့ အနေအထားကို ဖြိုချပစ်နိုင်တဲ့ အလှည့်အပြောင်းတစ်ခုဖြစ်သွားနိုင်ပြီး အနာဂတ်မှာ ပဋိပက္ခတွေအပြည့်နဲ့ မတည်ငြိမ်တဲ့ကမ္ဘာကြီးကို တွေ့မြင်ရဖွယ်ရှိပါတယ်။ ကြားထဲက မြေစာပင်နိုင်ငံလေးတွေကတော့ တောင်လဲရာမြက်ပြတ်ရမယ့်ဘေးက မိမိတို့နိုင်ငံပါမသွားရလေအောင် မနည်းရပ်တည်ကြိုးပမ်းရမယ့် မုန်တိုင်းထန်ကာလတွေအတွက်ပြင်ဆင်ကြရတော့မှာဖြစ်ကြောင်း သုံးသပ်ရပါတယ်။
(ဆောင်းပါးရှင် ကိုလှိုင်သည် နိုင်ငံတကာရေးရာ ကျွမ်းကျင်သုတေသီတစ်ဦးဖြစ်ပြီး လက်ရှိတွင် နစက၏ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေပါသည်)
Zawgyi Version
ရုရွား-ယူကရိန္း စစ္ပြဲမွသည္ ကမၻာၾကီး ႏွစ္ျခမ္းကြဲခဲ့သည္ ရွိေသာ္
ကုိလိႈင္ (NP News) - မတ္ ၄
ရုရွား-ယူကရိန္းအေျခအေနနဲ႔ပတ္သက္လို႔ သုံးသပ္မိသမွ် အက်ဥ္းခ်ဳပ္တင္ျပခ်င္ပါတယ္။
ေနာက္ခံ
ေနာက္ခံ အေၾကာင္းအရာမွာ သမိုင္းေၾကာင္းနဲ႔ခ်ီၿပီးေျပာရရင္ေတာ့ ဆုံးႏိုင္မွာမဟုတ္လို႔ လိုရင္းပဲတင္ျပပါမယ္။ ပထဝီႏိုင္ငံေရးအရ ယူကရိန္းဟာ ႐ုရွားရဲ႕ လည္မ်ိဳနဲ႔တူပါတယ္။ စစ္ေရးအရ ဥေရာပဘက္က ႐ုရွားကို တိုက္ခ်င္ရင္ နပိုလီယံ၊ ဟစ္တလာတို႔ေခတ္ကစၿပီး ယူကရိန္းဘက္က ဝင္ခဲ့ၾကတာပါ။ စီးပြားေရးအရလည္း ႐ုရွားအတြက္ အဓိကက်တဲ့ ေရနံနဲ႔ သဘာဝဓါတ္ေငြ႕ပိုက္လိုင္းေတြ အမ်ားစုရဲ႕ ဥေရာပထြက္ေပါက္ပါ။ မဟာဗ်ဴဟာ ေရေၾကာင္းထြက္ေပါက္အရ ႐ုရွားရဲ႕ တစ္ခုတည္းေသာ ေရမခဲတဲ့ ဆိပ္ကမ္းေတြရွိတဲ့ ပင္လယ္နက္ထြက္ေပါက္ကို ယူကရိန္းက ထိပ္ကေန စီးထားတာျဖစ္ပါတယ္။ ဒါေၾကာင့္ ယူကရိန္းက ႐ုရွားရဲ႕ "လည္မ်ဳိဝ"လို မရွိမျဖစ္ အေရးပါေနတာပါ။ ဒီလိုေနရာကို ႐ုရွားရဲ႕ အဓိက ရန္ဘက္ျဖစ္တဲ့ အေနာက္အုပ္စုေနတိုးဘက္က အုပ္စီးႏိုင္ဖို႔ ႀကိဳးစားေနတာၾကာပါၿပီ။ ဆိုဗီယက္ၿပိဳကြဲၿပီး ယူကရိန္းႏိုင္ငံစတင္ျဖစ္တည္လာတဲ့ ၁၉၉၁ ခုႏွစ္ကစၿပီး အေရာင္ေတာ္လွန္ေရးေတြနဲ႔ စခဲ့တာပါ။ သမၼတအိုဘားမားလက္ထက္ ၂၀၁၄ မွာ ယူကရိန္းက ႐ုရွားနဲ႔အဆင္ေျပတဲ့ သမၼတကို လူထုအုံႂကြမႈနဲ႔ သမၼတအိမ္ေတာ္ကို ဝင္စီးၿပီးျဖဳတ္ခ်ခဲ့ပါတယ္။ ႐ုရွားဘက္ကလည္း ပင္လယ္နက္ထိပ္မွာ အေရးပါတဲ့ က႐ိုင္းမီးယားကြၽန္းဆြယ္ကို ယူကရိန္းဆီက ႏွစ္ရွည္ငွားရမ္းထားရာကေန အၿပီးသိမ္းသြင္းလိုက္ပါတယ္။ (တကယ္ေတာ့ က႐ိုင္းမီးယားက အရင္ကတည္းက ႐ုရွားနယ္ေျမပါ။ က႐ူးရွက္က ဆိုဗီယက္ေခတ္မွာ ယူကရိန္း ျပည္နယ္ကို လက္ေဆာင္ေပးလိုက္တာပါ။) ဒႏိုက္ပါျမစ္အေရွ႕ဘက္ျခမ္းက ႐ုရွားႏြယ္ဖြားေတြကလည္း ယူကရိန္းလက္ေအာက္ကေန ခြဲထြက္ဖို႔ လႈပ္ရွားပုန္ကန္ခဲ့ၾကပါတယ္။ ဒီေနာက္ပိုင္းမွာ အေနာက္လိုလားတဲ့သမၼတ ပို႐ိုရွင္ကိုတက္လာပါတယ္။ သူက ျခစားလြန္းလို႔ လူထုက ေအာ့ႏွလုံးနာလာေတာ့ ႀကိဳေမြးထားတဲ့ ေနာက္တစ္ေယာက္ကို ဆြဲတင္လိုက္တာ အခုသမၼတ ႐ုပ္ရွင္သ႐ုပ္ေဆာင္ေဟာင္း ဇလန္းစကီးပါပဲ။
ဇလန္းစကီးရဲ႕ စပြန္ဆာက ယူကရိန္း မီဒီယာခ႐ိုနီသူေဌး ကိုလိုေမာ့စကီး ျဖစ္ၿပီး သူအစုစပ္ပိုင္ဆိုင္တဲ့ ဘူရစၥမာ ေရနံကုမၸဏီက အေမရိကန္ဒီမိုကရက္ေတြနဲ႔ နက္ရႈိင္းတဲ့ ဆက္ႏြယ္မႈရွိပါတယ္။ အထူးသျဖင့္ အဲဒီတုန္းက အေမရိကန္ ဒုသမၼတ ဘိုင္ဒင္ ဆိုရင္ သားျဖစ္သူ ဟန္တာဘိုင္ဒင္ကို အဲဒီကုမၸဏီရဲ႕ အႀကံေပးအျဖစ္ ခန္႔ထားခဲ့တာျဖစ္ပါတယ္။ ကိုလိုေမာ့စကီးက ဇလန္းစကီးကို ျပည္သူ႔ဝန္ထမ္းဆိုတဲ့ ႏိုင္ငံေရးဟာသ႐ုပ္ရွင္ကားနဲ႔ ယူကရိန္းက ျခစားအက်င့္ပ်က္ႏိုင္ငံေရးသမားေတြကို သေရာ္ထားတဲ့ဇာတ္လမ္းနဲ႔ စင္တင္ေပးခဲ့တယ္။ ၂၀၁၉ သမၼတေ႐ြးေကာက္ပြဲမွာလည္း မဲဆြယ္စာရိတ္ကို ေနာက္ကေန တာဝန္ယူေထာက္ပံ့ေပးခဲ့တယ္။ မီဒီယာနည္းနဲ႔ ၿပိဳင္ဖက္ လက္ရွိသမၼတ ပို႐ိုရွင္ကို ကို ႀကိဳတင္သိကၡါခ်ခဲ့ၿပီး အျပတ္အသတ္ ႏိုင္ခဲ့တယ္။ (သို႔ေသာ္ သူလည္း ဒီပုတ္ထဲက ဒီပဲပါပဲ။ သူ႔ရဲ႕ကုမၸဏီ ေငြစာရင္းေတြ ႏိုင္ငံျခားမွာ ဝွက္ထားတာ ပမ္ဒိုရာ ေပပါ ေဖာ္ေကာင္ ဝက္ဆိုက္က ဖြင့္ခ်ထားတာရွိပါတယ္။)
တိုတိုေျပာရင္ ဇလန္းစကီးလက္ထက္မွာ ယူကရိန္းကို ေနတိုးထဲ ဝင္ဖို႔ ႀကိဳးစားလာတယ္။ သူ႔လည္မ်ိဳကို ေနတိုးက ဓါးနဲ႔လာေထာက္မွာ မခံႏိုင္တဲ့ ႐ုရွားက ယူကရိန္းကို လက္မခံဖို႔ ေနတိုးကို ေတာင္းဆိုတာ လက္မခံေတာ့ အခုလို ျဖစ္လာေတာ့တာပါပဲ။
လက္ရွိအေနအထား
မတ္လ ၃ ရက္ေန႔အထိ လက္ရွိအေနအထားကေတာ့ မီးစတစ္ဘက္ ေရမႈတ္တစ္ဘက္လို႔ ေျပာရမွာပါ။ တစ္ဖက္က ဘီလာ႐ုစ္နယ္စပ္မွာ ႏွစ္ႏိုင္ငံေဆြးေႏြးပြဲေတြ လုပ္ေနသလို၊ တစ္ဖက္မွာလည္း စစ္တိုက္ေနၾကပါတယ္။ ေဆြးေႏြးပြဲက သိပ္ အေ႐ြ႕မရွိလွပါဘူး။ ေျမျပင္မွာေတာ့ ႐ုရွားေတြက ယူကရိန္းအေရွ႕ျခမ္းကို ကဏန္းလက္မလို ညႇပ္ပူးညႇပ္ပိတ္ ဝန္းပတ္သိမ္းယူလာၿပီး ပင္လယ္ကမ္းေျခဘက္က ဆိပ္ကမ္းၿမိဳ႕တစ္ၿမိဳ႕ကေတာ့ ႐ုရွားလက္ေအာက္ လုံးဝ ေရာက္သြားပါတယ္။ စစ္ေရးအရ အရွိန္ျမႇင့္ တိုက္လာတာလည္း ေတြ႕ရပါတယ္။ ယူကရိန္းၿမိဳ႕ေတာ္ ကိဗ္ကေတာ့ ပတ္ဝိုင္းခံထားရတဲ့သေဘာရွိၿပီး၊ ျပင္းထန္တဲ့ လက္နက္ႀကီးေတြ စတင္သုံးလာတာ ေတြ႕ပါတယ္။
ႏွစ္ဘက္ ဦးတည္ခ်က္မ်ား
႐ုရွားသမၼတ ပူတင္အတြက္ကေတာ့ ဒီစစ္ပြဲဟာ ယူကရိန္းကို အၿပီးသိမ္းဖို႔လို႔ မျမင္ပါဘူး။ သူ႔မွာ ကန္႔သတ္ရည္မွန္းခ်က္ ရွိပုံရပါတယ္။ ဒါေၾကာင့္ စစ္ပြဲလို႔မသုံးဘူး။ အႂကြင္းမဲ့စစ္ အျဖစ္ စစ္ေၾကျငာခ်က္မလုပ္ဘူး။ အထူးစစ္ဆင္ေရးလို႔ပဲ သုံးတာေတြ႕ပါတယ္။ သူ႔ရည္မွန္းခ်က္ေတြကေတာ့ ႏိုင္ငံေရးအရဆိုရင္ ယူကရိန္းမွာ အေနာက္ဩဇာခံအစိုးရကိုျဖဳတ္ခ်ၿပီး ႐ုရွားနဲ႔ အလြမ္းသင့္မယ့္သူကို တင္ေပးေရး ျဖစ္မွာပါ။ စစ္ေရးအရဆိုရင္ေတာ့ ႐ုရွာႏြယ္ဖြားေတြ အမ်ားစုေနထိုင္ၾကတဲ့ ဒႏိုက္ပါျမစ္ အေရွ႕ျခမ္း ႐ုရွားနဲ႔ကပ္လ်က္နယ္ေျမေတြကို သိမ္းယူၿပီး ခြဲထြက္နယ္ေျမထူေထာင္ေပးေရး ျဖစ္ပါလိမ့္မယ္။ (ေနာက္တစ္ဆင့္က်မွ အဲဒီနယ္ေျမေတြကို ႐ုရွားႏိုင္ငံထဲ ေပါင္းစည္းလိုက္ႏိုင္ပါတယ္။) ဒီရည္မွန္းခ်က္ေတြကို ေဖာ္ေဆာင္ဖို႔ စစ္ေရးအင္အားနဲ႔ ေစ့စပ္ညႇိႏႈိင္းမႈ ႏွစ္ခုေပါင္းၿပီး အင္အားကို ကြၽမ္းက်င္လိမၼာစြာ Smart power အသုံးခ်ၿပီး လုပ္ကိုင္ေနပုံရပါတယ္။ ဒီ မွန္းဆခ်က္ကို အေထာက္အကူျပဳေနတာကေတာ့ အခုအခ်ိန္အထိ ၿမိဳ႕ေတာ္ ကိဗ္ကို ဝိုင္း႐ုံပဲ ဝိုင္းထားတာရယ္။ ၿမိဳ႕သိမ္းနယ္သိမ္း တိုက္ပြဲေတြကို ဒႏိုက္ပါျမစ္ အေရွ႕ျခမ္းမွာပဲ အာ႐ုံစိုက္ လုပ္ေနတာရယ္ကို ေတြ႕ရမွာပါ။
ယူကရိန္းသမၼတ ဇဲလန္းစကီးရဲ႕ ရည္မွန္းခ်က္ကေတာ့ ရွင္းပါတယ္။ ႐ုရွားလုိ န်ဴကလီယာပိုင္တဲ့ စစ္အင္အားႀကီးကို သမား႐ိုးက်နည္းနဲ႔ ဘယ္လိုမွ မႏိုင္ႏိုင္ဘူး။ ဘယ္ႏိုင္ငံ စစ္အုပ္စုကမွလည္း ဝင္ကူတိုက္ေပးမွာ မဟုတ္ဘူး။ ဒါေၾကာင့္ ျပည္သူ႔စစ္မဟာဗ်ဴဟာနဲ႔ ၿမိဳ႕ျပေပ်ာက္ၾကားပုံစံ သြားရမယ္။ အေနာက္အုပ္စုရဲ႕ ႐ုပ္ဝတၳဳနဲ႔ ႏိုင္ငံေရး၊ စီးပြားေရး၊ မီဒီယာအားကို ရႏိုင္သမွ်ယူမယ္။ မိန္းမနဲ႔ကေလးေတြကို ဒုကၡသည္အျဖစ္ အေနာက္ႏိုင္ငံေတြမွာေရွာင္ခိုင္းထားၿပီး ေရရွည္စစ္ Protracted war ၊ အမွည့္ေႁခြစစ္ War of attrition ဆင္ႏႊဲမယ္။ ႐ုရွားနဲ႔ေဝးၿပီး အေနာက္မဟာမိတ္ေတြနဲ႔နီးတဲ့ Lviv ၿမိဳ႕ကို အေျခခံၿပီး ခံစစ္ဆင္မယ္။ ႏိုင္ငံျခားတပ္ဖြဲ႕ေတြကို ေဗာ္လံတီယာ အေပ်ာ္တမ္းတပ္ဆိုၿပီး ကိုရီးယားစစ္ပြဲကာလတုန္းက တ႐ုတ္ေတြဝင္သလို၊ ကုလသမဂၢတပ္ အမည္ခံၿပီး အေမရိကန္ေတြဝင္သလို ဖိတ္ေခၚၿပီး တိုက္မယ္။ ေရရွည္စစ္ ဆင္ႏႊဲ ႏိုင္ေအာင္ အခ်ိန္ဆြဲႏိုင္ဖို႔နဲ႔ ႏိုင္ငံေရးစင္ျမင့္အျဖစ္ နာမည္ေကာင္းရယူဖို႔ ေစ့စပ္ေဆြးေႏြးပြဲကို အသုံးခ်မယ္။ ဒီလိုနဲ႔ ႏွစ္ဘက္စလုံးက ကိုယ့္ အက်ိဳးစီးပြားအတြက္ ကိုယ္စီအႀကံေတြနဲ႔ အကြက္ဆင္ေနၾကတာကို ျမင္ေနရပါတယ္။
ရႈေထာင့္ေပါင္းစုံမွ သုံးသပ္ခ်က္
ဒီစစ္ပြဲက စစ္ေရးအျမင္နဲ႔ၾကည့္ရင္ အလြန္စိတ္ဝင္စားဖို႔ေကာင္းပါတယ္။ စစ္သေဘာတရား military doctrine ေတြအရ စစ္စတင္တာနဲ႔ ပစ္အားနဲ႔စစ္ကစားမႈကို သာလြန္အင္အားသုံးၿပီး ရန္သူကို ေျခာက္ျခားတုန္လႈပ္ေအာင္ shock and awe လုပ္ရမယ္။ ရန္သူရဲ႕ တိုက္ပြဲဝင္စိတ္ဓါတ္ will to fight ကို ႐ိုက္ခ်ိဳးၿပီး အေျခအေနဖန္တီးႏိုင္ခြင့္ initiative ကို မိမိဘက္မွာ အၿမဲရွိေစရမယ္။
ဒါေၾကာင့္ အေမရိကန္ဆိုရင္ ပင္လယ္ေကြ႕ စစ္ပြဲကာလတုန္းက သူ႔ရဲ႕ေလ-ၾကည္း စစ္ဆင္မႈ Air Land Warfare သေဘာတရားမွာ ပြဲစတာနဲ႔ ရန္သူ႔ ေရွ႕တန္းတပ္ဖြဲ႕ကို အခုေနာက္ပိုင္း ႐ုရွားစသုံးလာတဲ့ ေပါင္ ၅၀၀၀ သာမိုဘားရစ္ ဗုံးေတြသုံးၿပီး တိုက္စိတ္ကို ႐ိုက္ခ်ိဳးပစ္ခဲ့တယ္။ တစ္ခ်ိန္တည္းမွာ ေနာက္တန္းဌာနခ်ဳပ္ရဲ႕ ကြပ္ကဲထိန္းခ်ဳပ္ဆက္သြယ္ေထာက္လွမ္းမႈ C4ISR စနစ္ကို ေလေၾကာင္းကေန တိုက္ခိုက္ဖ်က္ဆီးလိုက္တယ္။ ေထာက္ပံ့ေရးစနစ္ကို ၾကားျဖတ္ေခ်မႈန္းတယ္။ နည္းပညာမယွဥ္ႏိုင္တဲ့ အီရတ္တပ္ဖြဲ႕ေတြ အခ်ိန္တိုအတြင္း တပ္ပ်က္သြားခဲ့တာပါ။ ၁၉၉၉ ကိုဆိုဗိုစစ္ပြဲတုန္းကလည္း မဟာဗ်ဴဟာေျမာက္ဗုံးႀကဲမႈဆိုၿပီး စစ္ေျမျပင္မဟုတ္တဲ့ ဆားဗီးယားၿမိဳ႕ေတာ္ ဘဲဂရိတ္ရဲ႕ ေရမီးေထာက္ပံ့ေရးလမ္းေၾကာင္းေတြ အားလုံးကို ဗုံးႀကဲပစ္တာ တ႐ုတ္သံ႐ုံးေတာင္မွ အဆစ္ပါသြားပါေသးတယ္။ အခု ကိုပူတင္ကေတာ့ သေဘာေကာင္းလွစြာနဲ႔ အဲဒါမ်ိဳးေတြ ဘာမွမလုပ္ေသးဘူး။ ယူကရိန္းမွာ စစ္ျဖစ္တယ္သာဆိုတာ မီးလည္းမပ်က္၊ ေရလည္းမပ်က္၊ မီးရထားေတြလည္း ေျပးဆြဲၿမဲ။ ေထာက္ပို႔လမ္းေၾကာင္း လမ္းတံတားေတြလည္း အဖ်က္မခံရေသး။ တယ္လီဖုန္း အင္တာနက္ေတြလည္း မျပတ္ေသး၊ ႐ုပ္ျမင္သံၾကားတာဝါတိုင္ေတာင္ မေန႔တစ္ေန႔ကမွ ပစ္ခ်ိဳးခံရတာေတြ႕ပါတယ္။
ဒါတင္ပဲလားဆိုေတာ့ ေျခလ်င္-တင့္ ပူးေပါင္းစစ္ဆင္ေရးထုံးစံအရ ေျခလ်င္က တင့္ကို ရန္သူ႔တင့္ဖ်က္ရန္က ကာကြယ္ေပးရမယ္။ အဲဒါလည္း မေတြ႕ဘူး။ ႐ုရွားတင့္ေတြက ဥေရာပက ေထာက္ပံ့တဲ့ ပဲ့ထိန္းဒုံးစာေတြ ခဏခဏမိေနတာေတြ႕ရတယ္။ ႐ုရွားတင့္တပ္ဖြဲ႕ေတြက ယူကရိန္းျပည္သူေတြ လက္ဗလာနဲ႔ ေရွ႕ကေန တားၿပီးဆဲေနတာေတာင္ ရပ္ေပးထားတာေတြ႕ေနရပါတယ္။ ဒီလိုပုံစံမ်ဳိးကုိ ဒုတိယကမာၻစစ္ေနာက္ပိုင္း ျဖစ္ခဲ့တဲ့ ဗီယက္နမ္၊ အာဖဂန္၊ အီရတ္၊ လစ္ဗ်ား၊ ဆီးရီးယား၊ ယီမင္ စတဲ့ ဘယ္စစ္ပြဲမွာမွ မေတြ႕ဖူးခဲ့ပါဘူး။ အဲဒီမွာေတာ့ မသကၤာရင္ အရင္ပစ္ ေနာက္မွေမး Shoot first, ask later မူကို က်င့္သုံးခဲ့ၾကတာပါပဲ။
အဲဒီေတာ့ အခုစစ္ပြဲမွာ ႐ုရွားဘက္က ယဥ္ေက်းတဲ့စစ္ပြဲ civilized war ပုံစံမ်ိဳးကို (အခုအထိ) က်င့္သုံးေနတယ္လို႔ ျမင္ေနရပါတယ္။ အဲဒါကိုက ဆန္းတယ္လို႔ေျပာရမွာပါ။ တကယ္ေတာ့ စစ္တိုက္တယ္ဆိုတာ ရက္စက္ၾကမ္းၾကဳတ္တဲ့ အလုပ္တစ္ခုပါ။ စစ္ဦးဘီလူးလို႔ ဆိုၾကပါတယ္။ ယဥ္ေက်းတဲ့စစ္ပြဲ ဆိုတာက ဘုန္းႀကီးနဲ႔ဘီး ဆိုတာလို နည္းနည္း ခြက်တဲ့ ဆန္႔က်င္တြဲဖက္ oxymoron အသုံးမ်ိဳးပါပဲ။ အခုဟာက အလယ္ေခတ္ စစ္သူရဲေကာင္း knight ေတြ စစ္တိုက္သလို အရပ္သားေတြ မထိခိုက္ေစဘဲ စစ္သည္ခ်င္း စီးခ်င္းထိုးၾကတဲ့ ပုံစံမ်ိဳး လုပ္လာတာေတြ႕ရတာျဖစ္ပါတယ္။
ဒါကလည္း ႐ုရွားေတြဘက္က အေၾကာင္းရွိပါတယ္။ သူတို႔ကို က်ဴးေက်ာ္သူဆိုၿပီး အေနာက္အုပ္စုနဲ႔ ကမာၻ႔မီဒီယာေတြမွာ ပုံေဖာ္ခံထားရတယ္။ ႏိုင္ငံတကာဥပေဒအရလည္း အခ်ဳပ္အျခာအာဏာပိုင္ႏိုင္ငံတစ္ခုကို မိမိကိုယ္ကိုယ္ခုခံခြင့္ကလြဲလို႔ စစ္ျပဳခြင့္ေပးမထားဘူး။ အခုေခတ္ကလည္း လူတိုင္းက ဖုန္းကိုယ္စီနဲ႔ မီဒီယာသမားျဖစ္ေနၾကေတာ့ အစစ အရာရာ သတိထားေနၾကရတာပါ။ ၁၉၄၉ ခုႏွစ္ စစ္ဆင္ႏႊဲမႈဆိုင္ရာ ဂ်ီနီဗာကြန္ဗင္းရွင္းအရ စစ္ဆင္ႏႊဲရာမွာ အရပ္သားေတြကို ကာကြယ္ေပးထားေတာ့ အထိန္းမတတ္ရင္ စစ္ရာဇဝတ္မႈက ေစာင့္ေနမွာပါ။
ဘက္စုံစစ္ပြဲအသြင္ ယူကရိန္းေတြဘက္က်ေတာ့လည္း ဒါက မီဒီယာစစ္ပြဲ၊ ဥပေဒစစ္ပြဲနဲ႔ သံတမန္ေရး၊ႏိုင္ငံေရး၊ စီးပြားေရး စစ္ဆင္မႈေတြ ေပါင္းစပ္ထားတဲ့ ဘက္စုံစစ္ပြဲ ဆင္ႏႊဲေနတာျဖစ္ပါတယ္။ တကယ္ေတာ့ ယူကရိန္းဆိုတာက ၾကားခံနယ္႐ုပ္မွ်သာပါပဲ။ ေနာက္ကြယ္က ႀကိဳးကိုင္လႈပ္ရွားေနတာကေတာ့ အေနာက္အုပ္စုပါ။ ဒီအေနာက္အုပ္စုကေတာ့ ဦးေမာ့ေခါင္းေထာင္လာတဲ့ ႐ုရွားကို အထူးသျဖင့္ ေခါင္းမာၿပီး သေဘာထားျပင္းထန္တဲ့ သမၼတပူတင္ကို ျဖစ္ႏိုင္သမွ် နည္းလမ္းေပါင္းစုံနဲ႔ ဒီတစ္ႀကိမ္မွာ ဝိုင္းၿပီး ဆြမ္းႀကီးေလာင္းရင္း အပီ သိပ္ခ်င္တဲ့ သေဘာပါပဲ။
ဒီေနရာမွာလည္း ဒီတစ္ခါက အေတာ္ထူးျခားပါတယ္။ ႐ုရွားကို သင္းကြဲ အထီးက်န္ျဖစ္ေစဖို႔ ဘက္စုံ ေထာင့္စုံက ဝိုင္းတိုက္ေနၾကတာေတြ႕ရပါတယ္။ စီးပြားေရးနဲ႔ ဘ႑ာေရးပိတ္ဆို႔မႈေပါင္းစုံ၊ သံခင္းတမန္ခင္းအရ ႐ုရွားကို ကုလသမဂၢ လုံၿခဳံေရးေကာင္စီက ထုတ္ပယ္ဖို႔၊ ကုလ အေထြေထြညီလာခံမွာ ျပစ္တင္ရႈတ္ခ်၊ လူ႔အခြင့္အေရးေကာင္စီမွာ အေရးယူဖိုလုပ္၊ ICC တရား႐ုံးမွာ စစ္ရာဇဝတ္မႈနဲ႔ တရားစြဲ၊ အားကစားအဖြဲ႕ေပါင္းစုံက သပိတ္ေမွာက္ ထုတ္ပယ္၊ ႐ုရွားေလေၾကာင္းလိုင္းေတြကို ျဖတ္ေက်ာ္ပ်ံသန္းခြင့္ပိတ္။ သူတို႔ကို အႀကီးအက်ယ္ထိခိုက္မယ့္ စြမ္းအင္ေရနံ ဝယ္ယူေရးကိစၥမ်ိဳးကလြဲလို႔ ႐ုရွားကို ကမာၻ႔အသိုက္အဝန္းကေန ဝိုင္းဝန္းတိုက္ခိုက္ ဖယ္ထုတ္ခ်င္ၾကတဲ့သေဘာမ်ိဳးေတြ႕လာရပါတယ္။ ေနာက္ဆုံး သစ္ပင္သက္တမ္းရွည္ၿပိဳင္ပြဲမွာေတာင္မွ ႐ုရွားက သက္တမ္းႏွစ္ ၁၈၀ ေက်ာ္ သစ္ပင္အိုႀကီးကို ၿပိဳင္ပြဲက ထုတ္ပယ္လိုက္တယ္လို႔ဆိုပါတယ္။ ႐ုရွားကို ကမာၻ႔ မေကာင္းဆိုးဝါး က်ဴးေက်ာ္သူ၊အျပစ္မဲ့အရပ္သားေတြကို မညႇာမတာ သိမ္းႀကဳံးသတ္ျဖတ္ေနသူဆိုတဲ့ ပုံရိပ္ေဖာ္ၿပီး Demonization ဘီလူးသရဲလို႔ တစ္ကမာၻလုံးကျမင္လာေအာင္ မီဒီယာနည္းလမ္းေပါင္းစုံနဲ႔ လုပ္ေနၾကတာေတြ႕ပါတယ္။
သုံးသပ္ခ်က္ႏွင့္ ေရွ႕အလားအလာ
ဒီစစ္ပြဲက ႐ုရွားနဲ႔ ယူကရိန္းတို႔အၾကားက စစ္ပြဲ သက္သက္မွ် မဟုတ္ပါဘူး။ သေဘာတရားေရးအရဆိုရင္ ကမာၻလုံးဆိုင္ရာ လစ္ဘရယ္ဝါဒနဲ႔ လက္ေတြ႕သ႐ုပ္မွန္အမ်ိဳးသားေရး အထိုင္တို႔ ထိပ္တိုက္ေတြ႕ၾကတဲ့ပြဲပါ။ ႏိုင္ငံတကာ ဆက္ဆံေရးနဲ႔ ပထဝီႏိုင္ငံေရးအျမင္အရ ၾကည့္ရင္ေတာ့ ႏႈတ္ခမ္းသားနယ္ေျမအင္အားစုႀကီး (အေမရိကန္+ ဥေရာပ) နဲ႔ အင္အားေတာင့္တင္းလာတဲ့ ႏွလုံးသားနယ္ေျမအင္အားစု (႐ုရွား+တ႐ုတ္) တို႔ အတိအလင္း အားၿပိဳင္ၾကတဲ့ ပြဲပါ။ ဘက္စုံစစ္ပြဲအျမင္နဲ႔ၾကည့္ရင္ စစ္ေရးအရ အားသာတဲ့ ႐ုရွားရဲ႕ အင္အားအမာနဲ႔ စစ္မတိုက္ခ်င္တဲ့ အေနာက္အုပ္စုရဲ႕ အင္အားအေပ်ာ့တို႔ရဲ႕ တိုက္ပြဲပါ။ ေရွ႕ဆက္ၿပီး ဘာျဖစ္ၾကမလဲ သုံးသပ္ရရင္ေတာ့ ယူကရိန္းအေရးမွာ ပူတင္က ယူကရိန္း အေရွ႕ျခမ္းကိုေတာ့ ျဖစ္တဲ့နည္းနဲ႔ အရယူမယ္လို႔ မွန္းဆရပါတယ္။ ကိဗ္ၿမိဳ႕ေတာ္ရဲ႕ ကံၾကမၼာနဲ႔ ႏိုင္ငံေရးေျဖရွင္းခ်က္ကေတာ့ စစ္ေရးခ်ိန္ခြင္လွ်ာအေျပာင္းအလဲနဲ႔ ေဆြးေႏြးပြဲရလဒ္အေပၚ မူတည္ပါလိမ့္မယ္။ ေနာက္ဆုံးအထိ ဘယ္ဘက္ကေတာင့္ခံႏိုင္မလဲဆိုတဲ့အခ်က္က စကားေျပာပါလိမ့္မယ္။ စီးပြားေရးစစ္ပြဲမွာေတာ့ ႐ုရွားနဲ႔အေနာက္အုပ္စု ႏွစ္ဘက္စလုံးနာပါလိမ့္မယ္။ ႐ုရွားဘက္က ခံသာမွာကေတာ့ စစ္ေၾကာင့္ေရနံေဈးတက္ရင္ တစ္ရက္ကို ေရနံစည္ ၅ သန္းေလာက္ တင္ပို႔ေနတဲ့ ႐ုရွားအတြက္ ေရနံဝင္ေငြတိုးလာတာကေန ခုသာခံသာရွိႏိုင္ပါတယ္။ ေရနံဝယ္သုံးရတဲ့ အေနာက္အုပ္စုဝင္ေတြ၊ တ႐ုတ္ႏိုင္ငံနဲ႔ က်န္ကမာၻ႔ႏိုင္ငံေတြကေတာ့ ေလာင္စာေဈးတက္မႈနဲ႔အတူ စီးပြားေရးအၾကပ္အတည္း ေတြ႕ၾကရႏိုင္ပါတယ္။ အဲဒီကမွ ႏိုင္ငံေရး မတည္ၿငိမ္မႈေတြလည္း ျဖစ္လာႏိုင္ပါတယ္။ ႏိုင္ငံတကာႏိုင္ငံေရးမွာေတာ့ ကမာၻျပားခဲ့တဲ့ ဂလိုဘယ္လိုက္ေဇးရွင္းေခတ္ကေန ႏွစ္ဘက္ အုပ္လိုက္ႀကီး လက္တြဲျဖဳတ္ ႏွစ္ျခမ္းကြဲသြားၾကမယ့္ decoupling ဘက္ကို လုံးလုံးလ်ားလ်ား ဦးတည္သြားႏိုင္ပါတယ္။ ကမာၻႀကီးႏွစ္ျခမ္းအကြဲမွာ ကုလသမဂၢနဲ႔ ကမာၻလုံးဆိုင္ရာ ေငြေၾကးစနစ္၊ လူလုပ္အသိဉာဏ္ သတင္းနည္းပညာ၊ ကုန္သြယ္မႈ၊ အားကစား စတဲ့ ကမာၻ႔ အစီအစဥ္ ပုံစံႀကီးတစ္ခုလုံးလည္း တစ္ႏြယ္ငင္တစ္စင္ပါ အကုန္လိုက္ၿပီး ကြဲသြားႏိုင္ပါတယ္။
နိဂုံးခ်ဳပ္ရရင္ေတာ့ ဒီစစ္ပြဲဟာ ကံမေကာင္း အေၾကာင္းမလွရင္ အရင္ကတည္းက ကြဲခ်င္ခ်င္ျဖစ္ေနတဲ့ ကမာၻ႔ အေနအထားကို ၿဖိဳခ်ပစ္ႏိုင္တဲ့ အလွည့္အေျပာင္းတစ္ခုျဖစ္သြားႏိုင္ၿပီး အနာဂတ္မွာ ပဋိပကၡေတြအျပည့္နဲ႔ မတည္ၿငိမ္တဲ့ကမာၻႀကီးကို ေတြ႕ျမင္ရဖြယ္ရွိပါတယ္။ ၾကားထဲက ေျမစာပင္ႏိုင္ငံေလးေတြကေတာ့ ေတာင္လဲရာျမက္ျပတ္ရမယ့္ေဘးက မိမိတို႔ႏိုင္ငံပါမသြားရေလေအာင္ မနည္းရပ္တည္ႀကိဳးပမ္းရမယ့္ မုန္တိုင္းထန္ကာလေတြအတြက္ျပင္ဆင္ၾကရေတာ့မွာျဖစ္ေၾကာင္း သုံးသပ္ရပါတယ္။
(ေဆာင္းပါးရွင္ ကုိလိႈင္သည္ ႏုိင္ငံတကာေရးရာ ကၽြမ္းက်င္သုေတသီတစ္ဦးျဖစ္ျပီး လက္ရွိတြင္ နစက၏ အျပည္ျပည္ဆုိင္ရာ ပူးေပါင္းေဆာင္ရြက္ေရး၀န္ၾကီးအျဖစ္ တာ၀န္ထမ္းေဆာင္ေနပါသည္)