“သမိုင်းမှာ စစ်တပ်က အာဏာသိမ်းတာ တစ်ခါပဲရှိတယ်။ အခုက အနေအစားမတတ်တဲ့အတွက် ဘယ်ကောင် ဗိုလ်လဲဆိုတာ ထွက်ရပ်ပြလိုက်တာ” (အင်တာဗျူး)

 15763

NP News - မတ် ၅
မေးမြန်း- ကျော်မျိုးမင်း၊ ရေးသား- စည်သူဟိန်း

၂ဝ၂၁ ခုနှစ် နိုင်ငံရေးပြဿနာကြီးဟာ တစ်နှစ်ကျော်လာခဲ့ပြီဖြစ်ပါတယ်။ တစ်နှစ်ကျော်လာပြီးချိန်မှာတော့ ဘာတွေဖြစ်ခဲ့တယ်၊ ဘာတွေဆက်ဖြစ်မလဲဆိုတဲ့ နိုင်ငံရေးအခင်းအကျင်းကို သုံးသပ်ရတော့မှာပဲဖြစ်ပါတယ်။ ဒါကြောင့်လည်း ၈၈ ဖြစ်စဉ်နဲ့အတူ နိုင်ငံရေးပြဿနာထဲမှာ ကိုယ်တိုင်ဝင်ပါခဲ့သူ(မဟာဗမာ) ဆိုသူနဲ့ NP News က သီးသန့်မေးမြန်းထားတာလေးကို ဖော်ပြပေးလိုက်ပါတယ်။

မေး ။ ။ ပထမဆုံးမေးခွန်းအနေနဲ့ကတော့ မြန်မာ့နိုင်ငံရေးအခြေအနေ တစ်နှစ်ပြည့်တဲ့အချိန်မှာ ပြန်ပြီးတော့ Review လုပ်ကြည့်တဲ့အခါ တကယ့်ပြဿနာရဲ့အရင်းအမြစ်ကို ဘယ်လိုကနေစပြီး ဖြစ်တယ်ဆိုတာကို အစ်ကို ကိုယ်တိုင် နားလည်လာမိသလဲ။ ဒါလေးကို စပြီးမေးချင်ပါတယ်။
ဖြေ ။ ။ ငါ့ အမြင်နဲ့ပြောရရင် မြန်မာ့နိုင်ငံရေးရဲ့အရင်းအမြစ်က Exposure ပေါ့။ International Exposure နှစ်ဖက်စလုံးက နည်းတယ်။ ဘာလို့လဲဆိုတော့ ကိုယ့်ကိုယ်ကိုယ် ကိုယ်တွန်လို့မိုးလင်းတယ်လို့ ထင်နေကြတာ။ ကမ္ဘာ့အခင်းအကျင်းကိုနှစ်ဖက်လုံးက နားမလည်ကြဘူး။ ဟိုးရှေးခေတ် တရုတ်ပြည်လို သူ့ကိုယ်သူ ကမ္ဘာကြီးရဲ့အလယ်ဗဟိုလို၊ အိန္ဒိယက ကိုယ့်ကိုယ်ကိုယ် မဇ္ဈိမဒေသ၊ ကမ္ဘာကြီးရဲ့အလယ်ဗဟိုလို့ပြောသလို ငါတို့ ကိုယ်ငါတို့ကမ္ဘာကြီးမှာအရေးပါတဲ့၊ ငါတို့ကိုတစ်ကမ္ဘာလုံးက စောင့်ကြည့်နေတဲ့အတွက် တစ်ကမ္ဘာလုံးရဲ့ ရှေ့ဆောင်ဒီမိုကရေစီစံပြတို့ ဘာညာသာရကာတို့ဆိုပြီးတော့ အဲဒီလိုထင်နေကြတာက ဘာလို့လဲဆိုရင် International Exposure နည်းလို့ပေါ့။ ကမ္ဘာ့နိုင်ငံတွေမှာဘာဖြစ်တယ်။ ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်း ဘာဖြစ်တယ်ဆိုတာကို နှစ်ဖက်လုံးက လေ့လာမှုအားနည်းတယ်။ အားနည်းတာပြောရရင်တော့ ကိုယ့် ရပ်ကွက်ထဲမှာပဲ တစ်ဖက်က အင်္ကျီဝတ်၊ တစ်ဖက်က အင်္ကျီချွတ်ပြီး ဘောလုံးကန်နေတာကိုပဲကြည့်ပြီးတော့ မြို့တက်ပြီး စလောင်းတွေနဲ့ မန်ယူတို့ ချဲလ်ဆီးတို့ပွဲတွေကိုမကြည့်ဘူးတဲ့ကောင်က ကိုယ့်ရပ်ကွက်ထဲက ‌ဘောလုံးပွဲကို ကောင်းလှပြီထင်နေတာပေါ့။ ငါမြင်တာကတော့ ဒါပါပဲ။

မေး ။ ။ အခုလက်ရှိမြန်မာတွေက ဘာဖြစ်နေလဲဆိုတော့ မြန်မာနိုင်ငံပြဿနာက မြန်မာတွေပြောနေကြတာရှိတယ်။ သူ့ဘက်က မှားတာ၊ ကိုယ့်ဘက်က မှားတာလို့ လက်ညှိုးတွေ အပြန်အလှန်ထိုးရင်းနဲ့ အခုဆို နောက်ဆုံး သတ်တဲ့ဖြတ်တဲ့အဆင့်တွေရောက်ကုန်ကြပြီ။ ဆိုတော့ ဒါက ဘာလွဲနေတယ်လို့ထင်မိလဲ။ အစ်ကို လှည့်လည် သွားလာရင်း မြင်မိတာမျိုးပေါ့။
ဖြေ ။ ။ အမှန်နဲ့အမှားကို တကယ်သဘောမပေါက်လို့ပေါ့ကွ။ လောကကြီးမှာ မှန်တယ်၊ မှားတယ်ဆိုတာ သ‌ဘောတရားပြောမယ်ဆို အမှန်တရားကိုရှာနေတဲ့ကောင်တွေကိုလေးစားပါတဲ့။ အမှန်တရားကိုတွေ့သွားတဲ့ ကောင်တွေကို ဝေးဝေးရှောင်တဲ့။ ဘာလို့လဲဆိုရင် အမှန်တရားဆိုတာ မရှိတော့ အမှန်တရားကိုသိတဲ့ကောင် ဆိုတာ အရူးပဲပေါ့။ လောကကြီးမှာ မင်းမှန်တာနဲ့ ငါမှန်တာ တူချင်မှတူမှာလေ။ အားလုံးအတွက် အမှန်တရား ဆိုတာမရှိဘူး။ Universal Truth ဆိုတာ မရှိဘူး။ Conditional Truth ဆိုတဲ့အခြေအနေအပေါ်မှာတည်တဲ့ အမှန်တရားပဲရှိတယ်။ အဲဒီတော့ ၁ + ၁ = ၂ ဆိုတာ အမြဲတမ်းမှန်တာမဟုတ်ဘူး။ မင်းဘယ်လိုကြားချင်လဲ ဆိုတဲ့အပေါ်မူတည်ပြီးတော့ ငါက ဖြေပေးလို့ရတယ်။ ဟုတ်တယ်မလား ညီလေး။ ဆိုတော့ အဲဒီအမှန်တရားကြီးကို ရှာနေရင်းကနေ ငါတို့နိုင်ငံ ရှေ့မတက်ဘဲ ဒုက္ခရောက်နေတာ။

မေး ။ ။ အဲဒီတော့ ရှေ့မတက်တာဆိုလို့ပြောရရင် အနီးစပ်ဆုံးကာလပေါ့။ ၁၉၈၈ ကို ပြန်သွားကြည့်မယ်ဆိုရင် အစ်ကိုက (၈၈) ကို ကိုယ်တိုင်လည်း ဖြတ်သန်းခဲ့ဖူးတယ်လို့ကြားသိရတယ်။ ဆိုတော့ အခု ဒီဘက်လူတွေ ကျတော့ (၈၈) က အချိုးတွေ လာမချိုးနဲ့ ။ (၂၁) ဖြစ်နေပြီ ဘာညာဆိုပြီးပြောကြတာရှိတယ်။ ဒါပေမယ့် အခုသွားနေတဲ့လမ်းစဉ်ကိုကြည့်လိုက်တော့လည်း (၈၈) နဲ့ ပုံစံက ထူးမခြားနားတာကိုသွားပြီးတွေ့ရတယ်။ အစ်ကို့အနေနဲ့ (၈၈) က အတွေ့အကြုံနဲ့ (၂၁) ကိုကြည့်ပြီး ဘာတွေသုံးသပ်ချင်လဲ။
ဖြေ ။ ။ သမိုင်းတစ်ပတ်လည်တာပေါ့ ညီလေးရာ။ မင်းလည်းငါ့ကိုသိနေတာပဲ။ ဖေဖော်ဝါရီလ(၁) ရက်နေ့ အာဏာစသိမ်းကတည်းက ရန်ကုန်မြို့တော်ခန်းမရှေ့မှာ စထွက်တဲ့လူက အယောက် (၂ဝ) လောက်ရှိတယ်။ အဲဒီအထဲမှာ ငါပါတယ်။ ဒါပေမယ့် နောက်ပိုင်းကျတော့ အဲဒီ (၈၈) က အချိုးတွေ (၂၁) မှာ လာမလုပ်နဲ့ဆိုတာနဲ့ ငါလည်း ဝင်မညှော်တော့ဘူးပေါ့နော်။ ငါလည်း ငါ့ဘာသာငါနေလိုက်တယ်။ မင်းခုနကပြောသလို အခုနိုင်ငံရေး က (၈၈) နဲ့ သွားတူနေတယ်ဆိုတာက သိပ်တော့မဝေဖန်လိုဘူး။ ငါဖြတ်သန်းလာတာကိုပဲပြောမယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီဖြစ်စဉ်ကို ငါတို့ကဖြတ်သန်းနေဆဲ (၂၁) ဖြစ်နေတော့ ပြီးသွားမှငါတို့ပြန်ပြောမယ်။ (၈၈) ဖြစ်စဉ်က လွန်ခဲ့တဲ့နှစ် (၃ဝ) လောက်ကဆိုတော့ ငါတို့က Historical Records အနေနဲ့ ပြန်ပြောတာ။ အခုကိစ္စက လက်ရှိ ဖြစ်ပေါ်နေတဲ့ကိစ္စဖြစ်တဲ့အတွက် တင်ပြလို့တော့ရတယ်။ ဝေဖန်လို့တော့မရဘူး။ ဝေလည်းမဝေဖန်ချင်ဘူး။ ငါက နိုင်ငံရေးသမားလည်းမဟုတ်ဘူး။ တော်လှန်ရေးသမားလည်းမဟုတ်ဘူး။ ဘာမဟုတ်ဘူး။ ဒါပေမယ့် ငါဖြတ်သန်းခဲ့တယ်ကွာ။ ငါဖြတ်သန်းတဲ့ဖြစ်စဉ်ကိုငါပြောပြမယ်။ အဲဒါနဲ့ အခုဖြစ်ပေါ်နေတာနဲ့တူမလားဆိုတာ ကိုယ်အသိ ဉာဏ်နဲ့ယှဉ်ကြည့်ပေါ့ကွာ။ (၈၈) တုန်းက အမှန်မှာ (၆) လ ကြာတယ် ညီလေးရ။ စတာက March ဖုန်းမော် အရေးအခင်းက စတာ။ ဆုံးသွားတာက အာဏာသိမ်းတဲ့ September မှ ဆုံးသွားတယ်။ အဲဒီကာလမှာ ပထမဆုံး ငါတို့တွေက ကျောင်းသားတွေဖြစ်တဲ့အခါကျတော့ ဖုန်းမော် ဆိုတဲ့ ကျောင်းသားသေတဲ့ကိစ္စကို ငါတို့ ကျောင်းသားတွေက မကျေနပ်လို့တော်လှန်တယ်။ အဲဒါက March လပေါ့။ ပြီးသွားရင် မိုးသီးဇွန်တို့ ဘာတို့ နာမည်ကြီးသွားတဲ့ June လပေါ့။ အဲဒါကမြေနီကုန်းမှာ။ ပြီးတော့မှ အဲဒီကိစ္စကို ဗိုလ်မှူးချုပ်အောင်ကြီးက စာတွေ ဖြန့်ပြီး Social Media ပေါ့ကွာ။ အဲဒီခေတ်က Social Media ဆိုတာ BBC ၊ VOA ‌ပေါ့။ ဒီကောင်တွေပြောတာကို ငါတို့တွေနားထောင်ပြီး အသည်းတွေပေါက်တာပေါ့ကွာ။ အဲဒီကနေပြီးတော့ အကြီးကြီးတွေဖြစ်ပြီး August လ (၈) ရက်‌နေ့မှာ သမ္မတတွေ အဆက်ဆက်ပြောင်းတာပေါ့ကွာ။ အဲဒီမှာ လူအများစုထွက်ကြတယ်။ လူအများစု ထွက်တာက အဲဒါပဲ။ ဒို့လည်း အဲဒီလိုပဲပေါ့။ အခုဒီ (၂၁) ဖြစ်စဉ်မှာလည်း ဖေဖော်ရီလ (၁) ရက်နေ့ အာဏာသိမ်းကာစက ဘယ်နှစ်ယောက်ထွက်လို့လဲ။ လူတွေအကုန်လုံး ဆန်ဆိုင်ရှေ့၊ ATM ရှေ့မှာ မျက်နှာငယ်လေးတွေနဲ့ အင်္ကျီအနီတွေရုတ်ကြ၊ ဆိုက်ကားဂိတ်က အလံတွေ ပြန်ဖြုတ်သိမ်းကြနဲ့ အဲဒီလိုပေါ့။ အာဏာသိမ်းမယ်ဆိုတာကလည်း အဲဒီအချိန်က သိနေတာပဲ။ ငါတို့တုန်းက သိသလို၊ အခုလည်း သိနေတာပဲ။ ဘယ်အချိန်သိမ်းမယ်ဆိုတာသာ မသိတာ။ အဲဒီကာလတုန်းကလည်း အဲဒီအတိုင်းပဲ။ အဲဒီမှာ (၈) ရက် (၈) လ (၈၈) ကျမှ လူတွေအများ ကြီးထွက်သလို ငါတို့လည်း (၁) ရက် (၂) လ အာဏာသိမ်းသိမ်းချင်း ထွက်တာမှမဟုတ်တာ။ (၄) ရက်တို့ (၅) ရက်တို့ကျမှ အင်းစိန်တို့၊ လှည်းတန်းတို့မှာ နည်းနည်းရွစိရွစိ စဖြစ်တာက တစ်ဆင့်(၂)ငါးလုံး (၂၂၊ ၂၊ ၂ဝ၂၁ ရက်) နေ့ ရောက်မှ လူတွေအများကြီးထွက်လာတာ။ ထိုနည်း၎င်းပဲ ငါတို့ (၈၈၈၈) တုန်းကလည်း (၃) လပိုင်း ဖုန်းမော် အရေးအခင်းတို့၊ (၆) လပိုင်း June အရေးအခင်းတို့တုန်းက လူတွေမထွက်ကြသေးဘူး။ (၈) လပိုင်း (၈၈) သမ္မတဦးစိန်လွင် တက်တဲ့အချိန်ကျမှ လူတွေအများကြီးထွက်လာတာ။ အဲဒီတော့ အဲဒီကာလတုန်းကလည်း (၈၈၈၈) ခေါင်းဆောင်လို့ နာမည်တပ်ထားကြတဲ့ကောင်တွေ အများစုမပါကြဘူး။ အဲဒီကာလတုန်းက ရှေ့မှာပါတဲ့ကောင်တွေ အခုလိုပေါ့ကွာ ဒီကိစ္စတွေ စကတည်းက ပါလာတဲ့သူတွေက ထောင်ကျမှာလည်းမကြောက်၊ တကယ့် ကိုယ့်ကိုယ်ကိုယ် ခေါင်းဆောင်လို့လည်းမထင်တဲ့၊ အမှန်တရားကိုမြတ်နိုးတဲ့ လူငယ်လေးတွေပါတာပေါ့။ လူကြီးတွေမပါဘူး။ နောက်တော့ လူကြီးတွေ ဘယ်တော့မှထွက်လာလည်းဆိုတော့ ငါတို့ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလကုန်ပိုင်းမှာ ဝင်းခင်းသလိုမျိုး Dresses လုပ်ပြီးတော့ ကားကြီးတွေနဲ့ထွက်လာတဲ့ အချိန်လောက်မှာ အဲဒါနဲ့တပြိုင်တည်းက ဘာလဲဆိုတော့ သမ္မတဦးမောင်မောင်တက်လာတဲ့အချိန်၊ ဦးစိန်လွင်က (ဆန္ဒပြသူတွေကို) ပစ်သတ်ပြီးတော့ အာဏာကိုဇွတ်ယူပြီး (နောက်ပိုင်း)ဆင်းသွားတယ်။ ပြီးရင် အရပ်သားဦးမောင်မောင်ကို တင်တယ်။ အကုန်လုံး အဲဒီကာလမှာမှ လူတွေအများကြီးထွက်လာကြတာ။ အခု မင်းတို့ပြောတဲ့ခေါင်းဆောင်တွေ၊ ကျောင်းသားသမဂ္ဂ ပကဖအဖွဲ့တွေက အဲဒီကာလမှဖွဲ့တာ။ အဲဒီတော့ တစ်လပေါ့ကွာ၊ ဒီမိုကရေစီ ရလိုက်တာ။ ငါတို့လည်း ဖေဖော်ဝါရီလကုန်ပိုင်း၊ မတ်လကုန်ပိုင်း၊ ပြီးခဲ့တဲ့နှစ်က အာဏာသိမ်းတဲ့ကာလမှာ ဒီမိုကရေစီရသလို အဲဒီတုန်းက ရလိုက်တယ်။ အဲဒီအချိန်ကျမှ လူတွေထွက်လာတာ။ အခုလည်း အဲဒီလိုပဲပေါ့။ အဲဒီကာလမှာ မနှစ်က အပြိုင်အဆိုင်ခေါင်းဆောင်ကြီးတွေ ထွက်လာကြတာပေါ့။ အဲဒီမတိုင်ခင်တုန်းက ထွက်တဲ့ကောင်တွေဆိုတာက များသောအားဖြင့် အမှန်တရားမြတ်နိုးတဲ့ချာတိတ်တွေထွက်ကြတာ။ အဖမ်းခံရမှာလည်းမကြောက်၊ သေမှာလည်း မကြောက်၊ မိဘလည်းမနိုင်၊ ဘယ်မိဘကမှ လမ်းပေါ်တက်ပြီး အသေခံပါလို့မပြောဘူးလေ။ အဲဒီတော့ ဒေါက်တာမောင်မောင် အရပ်သားအုပ်ချုပ်တဲ့အချိန်မှာ အဲဒီတစ်လကို ဒီမိုကရေစီရတဲ့အချိန်လို့ သတ်မှတ်တယ်ပေါ့။ အဲဒီတစ်လမှာ သတင်းစာတွေပေါ်လာတယ်။ မီဒီယာတွေက ပြောချင်တိုင်းပြောလို့ရတယ်။ အဖွဲ့တွေဖွဲ့ကြတယ်။ အဲဒီကာလမှာမှ ‌ခေါင်းဆောင်ကြီးတွေပေါ်လာကြတယ်။ အခုမင်းတို့မြင်ရတဲ့ (၈၈၈၈) ခေါင်းဆောင်ဆို တာတွေပေါ့။ အဲဒီကာလမှာပေါ်လာပြီးတော့ ကြားဖြတ်အစိုးရပေးပါဆိုပြီး ညှိတယ်။ အဲဒီကနေ တပ်ကအာဏာ သိမ်းမယ်ဆိုတာ သိတယ်။ ဘာမှပြင်ဆင်မှုမရှိဘူး။ တကယ်လည်းသိမ်းရော ဒီကောင်တွေပျောက်သွားတယ်။ ငါတို့ကောင်တွေလည်း ဟိုမ‌ရောက်၊ ဒီမရောက်နဲ့ တောခိုပါလို့လည်းမပြောဘူး။ မခိုပါနဲ့လည်း မပြောဘူး။ ပြန်ခံချပါလို့လည်းမပြောဘူး။ မခံချပါနဲ့လို့လည်းမပြောဘူး။ ဘာလို့လဲဆိုတော့ သူတို့ အာပတ်လွှတ်တယ်ကွ။ တစ်ခုခုဖြစ်ရင် ငါတို့က ငါတို့စိတ်နဲ့ ငါတို့လုပ်တာလေ ငါတို့ဘာသာငါတို့ခံရတာပဲ။ သူတို့က ငါတို့ကို ဘာလုပ်ပါ လို့ပြောသွားတာမဟုတ်ဘူး။ အကုန်လုံးက သူ့ဟာသူ နှပ်နေကြတာ။ ပြီးလည်းပြီးရော အာဏာသိမ်းတဲ့ ဗိုလ်ချုပ် စောမောင်အစိုးရက နိုင်ငံရေးပါတီတွေဖွဲ့၊ ရွေးကောက်ပွဲလုပ်မယ်ဆိုတော့ သူတို့ဟာသူတို့ တိတ်တိတ်ပုန်းပါတီ တွေလျှောက်ဖွဲ့ကြတာ။ ငါ ဘယ်ပါတီမှ မဲလည်းမပေးဘူး။ ဝင်လည်းမဝင်ခဲ့ဘူး။ အဲဒီကာလက။ ပြီးလည်းပြီးရော ရွေးကောက်ပွဲလည်းပြီးရော အာဏာမအပ်တော့ ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီဆိုပြီး ပေါ်လာတယ်။ အဲဒီလိုပေါ်တာကို အင်္ဂလိပ်လိုဘာသာပြန်ရင် (CRPH) လို့ ခေါ်တယ်။ အခုခေတ်က (CRPH) အတူတူပဲ။ မြန်မာ လိုအတူတူပဲ။ အင်္ဂလိပ်လိုပဲကွာတာ။ ပြီးတော့ အဲဒီအဖွဲ့ကနေပြီးတော့ လွတ်မြောက်နယ်မြေသွားပြီးတော့ အဝေးရောက်ညွန့်ပေါင်းအစိုးရလို့ ဖွဲ့တယ်။ NCGUB တဲ့ အင်္ဂလိပ်လို။ အခုကလည်း အဓိပ္ပါယ်အတူတူပဲ NUG တဲ့။ ဆိုတော့ (၈၈) က အချိုးတွေ (၂၁) မှာ လာမချိုးနဲ့ဆိုတော့ ဟုတ်မှာပါ။ ငါတို့လည်း ငါတို့တုန်းက (၆၂) က အချိုးတွေ (၈၈) မှာ လာမချိုးနဲ့လို့အော်လားဆိုတော့ မအော်ပါဘူး။ ဘာလို့လည်းဆိုရင် (၆၂) ကအကြောင်း ငါတို့သေချာမှမသိဘဲ။ အဲဒီတုန်းက တကယ်ရှေ့ကထွက်ခဲ့တဲ့ငါတို့က ချာတိတ်တွေ။ ဒါပေမယ့် ငါတို့ရဲ့ခေါင်းဆောင်ဆိုပြီးတော့ နောက်ဆုံးမှပေါ်လာတဲ့ကောင်တွေက အဲဒီ (၆၂) တို့၊ (၇၅) တို့ ငါတို့မမွေးခင်က ဖြစ်စဉ်တွေ ကိုဖြတ်သန်းလာပြီး နဂိုကတည်းက အာဃာတရှိတဲ့သူတွေ။ ဗိုလ်ချုပ်ကြီးနေဝင်း၊ ဗိုလ်ချုပ်ကြီးစန်းယုတို့နဲ့ (သို့) စစ်တပ်နဲ့အာဃာတရှိခဲ့တဲ့လူတွေ။ ပြောရရင်ငါတို့သမိုင်းမှာ လွတ်လပ်ရေးရပြီး စစ်အာဏာသိမ်းတယ်ဆိုတာ တစ်ခါပဲရှိပါတယ်။ ၁၉၆၂ တစ်ခါပဲ အာဏာသိမ်းတယ်။ ပြီးရင် ခြေ/ဥ ဆွဲတယ်။ အဲဒီကာလတုန်းက အရှေ့၊ အနောက်နဲ့ နိုင်ငံရေးလွန်ဆွဲနေတဲ့စစ်ရေးကာလမှာဖြစ်တဲ့အတွက် လက်ဝဲခေတ်စားတယ်။ ဦးနေဝင်းတို့ ကိုယ်တိုင် လက်ဝဲသမား။ ဦးနုက ဒီမိုကရေစီသမား မို့လို့၊ မဟုတ်ရင် ဦးနုက လက်ဝဲသမား။ ဗိုလ်ချုပ်အောင်ဆန်းက ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ပထမဦးဆုံးအတွင်းရေးမှူး။ အဲဒီခေတ်ကာလက ဒုတိယကမ္ဘာစစ်ကာလ၊ သူတို့ လည်း အဲဒီတုန်းက Generation-Z ချာတိတ်တွေပဲ။ ငါတို့လည်း (၈၈) တုန်းက Generation-Z ချာတိတ်တွေပဲ။ ဗိုလ်ချုပ်အောင်ဆန်းတို့လည်း Generation-Z ချာတိတ်တွေပဲ။ အဲဒီတုန်းက အနီ၊ အနီဆိုတာ ကွန်မြူနစ်ဝါဒ ခေတ်စားတဲ့အချိန်။ ဥရောပကိုလိုနီတွေကို ပြန်ဆန့်ကျင်ဖို့အတွက် သူတို့က အနီတွေ။ အဲဒီတော့ ဒီအနီတွေက လက်ဝဲညီညွတ်ရေးဆိုပြီးတော့ ၁၉၆၂ မှာ ဦးနေဝင်းအာဏာသိမ်းပြီးတော့ ခြေ/ဥ ကို ဆွဲတော့ တစ်ပါတီ အာဏာ ရှင်စနစ်နဲ့အုပ်ချုပ်မယ်ဆိုပြီးတော့ ၁၉၇၅ မှာမှ တရားဝင်အုပ်ချုပ်တာ။ အဲဒီမတိုင်ခင်က (၆၂) နဲ့ (၇၅)၊ (၁၄) နှစ် လောက်ကာလမှာ မြန်မာပြည်က အာဏာသိမ်းပြီးအုပ်ချုပ်တာ။ ခြေဥဆွဲပြီးတော့ပေါ့။ ထိုနည်း၎င်းပဲ ငါတို့ ပြန်စဉ်းစားရင် (၈၈) ကနေ (၂ဝဝ၈) အထိ နှစ် (၂ဝ) ခြေ/ဥ ဆွဲတယ်လေ။ အတူတူပဲ။ ပြီးလည်းပြီးရော ရွေးကောက်ပွဲလုပ်ပေးလိုက်တယ်။ အရပ်သားအုပ်ချုပ်တယ်။ အဲဒီအရပ်သားအစိုးရဆိုတာလည်း ယူနီဖောင်း ချွတ်ထားတဲ့ စစ်ဗိုလ်ချုပ်တွေပဲ။ ၁၉၆၂ နဲ့ ၁၉၇၅ မှာလည်း ထိုနည်း၎င်းပဲ။ ခြေ/ဥ ဆွဲတယ်။ (၇၅) မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေတစ်ပါတီ ဆိုရှယ်လစ်စနစ်ဆိုပြီး လုပ်လိုက်တယ်။ ပြီးလည်းပြီးရော ယူနီဖောင်းချွတ်တဲ့ ပုဂ္ဂိုလ်တွေပဲ အရပ်သားအစိုးရအနေနဲ့ အုပ်ချုပ်တယ်။ အမှန်မှာက တပ်က နဂိုကတည်းက အုပ်ချုပ်နေတာပဲ။ အဲဒီတော့ (၈၈) မှာ အာဏာသိမ်းတာမဟုတ်ဘူး၊ အာဏာလွှဲတာ။ အခုလည်းအဲဒီလိုပဲလေကွာ။ ၂ဝဝ၈ ခြေ/ဥ ဆိုတာ စစ်တပ်က ဆွဲပေးသွားတာပဲ။ ဒါ အရှိကို အရှိတိုင်းပြောတာ။ ငါတို့ (၈၈) တုန်းက တောခိုသွားတဲ့ကောင်တွေ၊ ဒီမိုကရေစီအင်အားစုတွေက ဒီစစ်တပ်ကြီးကိုအနိုင်တိုက်နိုင်လို့ ခွပ်ဒေါင်းအလံကြီးနဲ့ချီတက်လာပြီးတော့ နေပြည်တော်ကိုသိမ်းလိုက်ပြီးတော့ ငါတို့ကိုပေးတာမှမဟုတ်တာ။ သူတို့ဟာသူတို့ပေးသွာတာပဲ။ ဒါကို အရှိကို အရှိအတိုင်းပြောရမှာပဲ။ စိတ်ကူးမယဉ်တာကောင်းတယ်။ ကြက်ဖ တွန်လို့မိုးလင်းတာမှမဟုတ်တာ မိုးက သူ့ဟာ သူလင်းတာပဲ။ အဲဒီကာလမှာပြောရရင် စစ်တပ်ကနဂိုကတည်းကရှိတာပဲ။ နဂိုကတည်းကရှိပြီးတော့မှ ရိုင်းရိုင်းပြောရရင် ဘယ်လိုပြောရမလဲ အနေအစားမတတ်တဲ့အတွက် ဘယ်ကောင်ဗိုလ်လဲဆိုတာ ပြတာပဲ။ အဲဒီတော့ ဒီ ၂ဝ၂၁ မှာ အာဏာသိမ်းတယ်ဆိုတာလည်း (၈၈) အာဏာသိမ်းသလိုပဲထွက်ပြလိုက်တာ။ အဲဒီတော့ ငါတို့ သိထားရမယ့်အချက်က စစ်ဖြစ်နေတဲ့ ပြည်တွင်းစစ်ဖြစ်နေတဲ့နိုင်ငံမှာ အာဏာရှင်စနစ်ဆိုတာရှိမှာပဲ။ ငါတို့နိုင်ငံမှာက ၁၉၄၈ ခုနှစ်ကတည်းက ပြည်တွင်းစစ်ဖြစ်နေတယ်။ အဲဒါကို နားမလည်ဘူး။ ငါဗမာပြည်က ထွက်မသွားခင် နှစ်ပေါင်း(၃ဝ) လောက်တုန်းက ရန်ကုန်ကနေ ပဲခူးလောက်သွားရင်တောင် သူပုန်နယ်မြေပဲလေကွာ။ နယ်မြေ မငြိမ်းချမ်းဘူး။ အခုကျတော့မှ ၂ဝဝ၈ ခြေ/ဥ အောက်မှာ ပြုပြင်ပြောင်းလဲမှုတွေလုပ်တာ။ ဒါ အရှိကိုအရှိအတိုင်းပဲ ပြောရမှာပဲ။ အဲဒီလိုလုပ်တဲ့အတွက် ငြိမ်းချမ်းသွားတယ်။ ငြိမ်းချမ်းသွားတဲ့အတွက် ငါတို့ခရီးသွားလို့ရတာလေ။ အဲဒါကြောင့် ငါကော့သောင်းကနေ ပူတာအိုအထိ သွားကြည့်တယ်ဆိုတာ အဲဒါ။ ငါတို့ခေတ်က မလုပ်နိုင်ခဲ့ဘူး။ အခုပြန်လုပ်ရင် မလုပ်နိုင်ဘူး။ ဆိုတော့ ပြည်တွင်းစစ်ဖြစ်နေတဲ့နိုင်ငံ၊ ငါတို့တွေ အများစုနေတာက ဗမာစစ်တပ် အုပ်ချုပ်တဲ့နယ်မြေမှာနေတာ။ တိုင်းရင်းသားအုပ်ချုပ်တဲ့နယ်မြေတွေမှာလည်း အခု EAOs လို့ခေါ်တဲ့ဟာ ငါတို့ ခေတ်က သူပုန်ပဲခေါ်တာပဲ။ သူပုန်ဆိုတာ ဘယ်လိုပြောရမလဲ တရားဝင်အစိုးရကိုဆန့်ကျင့်တဲ့ကောင်တွေ သူပုန်ပဲ။ သူတို့လည်း လက်နက်ကိုင်ထားတဲ့သူတွေဆိုတာ အမိန့်အာဏာနဲ့အုပ်ချုပ်ရတာ။ သူတို့နယ်မြေမှာလည်း ဒီမိုကရေစီမရှိဘူး။ အဲဒီတော့ ဘယ်လိုပြောမလဲ စစ်တိုက်တယ်ဆိုတာ တော်လှန်တာပဲဖြစ်ဖြစ်၊ မတော်လှန်တာပဲဖြစ်ဖြစ်၊ လက်နက်ကိုင်ပြီး စစ်တိုက်တယ်ဆိုတာ မဲခွဲလို့မရဘူး။ အမိန့်အာဏာနဲ့လုပ်ရတာ။ အဲဒီတော့ စစ်ရှိရင် အာဏာရှင်စနစ်ရှိမှာပဲ။ အမေရိကန်နိုင်ငံမှာ ပြည်တွင်းစစ်ပြီးတဲ့အချိန်မှာ အမေရိကန်က ကွန်ဂရက်ရော အောက်လွှတ်တော်ရောက အမတ်တွေအကုန်လုံးက စစ်သားဟောင်းတွေချည်းပဲ။ ငါတို့လည်းအဲဒီလိုပဲပေါ့။ ငါတို့ဆီမှာ စစ်အာဏာသိမ်းတယ်ဆိုတာ မြန်မာ့သမိုင်းမှာ တစ်ခါဘဲရှိတယ်။ ၁၉၆၂ ခုနှစ်ကနေစပြီး အခုချိန် အထိ သိမ်းထားတုန်းပဲ။ အဲဒါကိုနားမလည်ဘဲနဲ့ ကိုယ်စီးနေတဲ့မြင်းကို ဘာအရောင်မှန်းမသိဘဲနဲ့ ဘယ်လိုပြောရမလဲ စိတ်ကူးယဉ်နေသလိုပဲ။ နောက်မေးခွန်းသွားတော့ ညီလေး။

မေး ။ ။ ဟုတ်ကဲ့။ အဲဒီတော့ အစ်ကိုတို့ (၈၈) အနေနဲ့ပြောမယ်ဆိုရင် အစ်ကိုနဲ့ခေတ်ပြိုင်တွေက ဘာတွေလုပ်ကြလဲ။ နိုင်ငံခြားထွက်ကြတဲ့လူတွေရှိကြတယ်။ ပြည်တွင်းမှာ ပြန်နေတဲ့လူတွေရှိကြတယ်။ အကုန်လုံးထွက်ပြေးပြီး နယ်စပ်ကိုရောက်သွားကြသူတွေရှိတယ်။ ဘဝပျက်သွားတဲ့သူတွေရှိတယ်။ အဲဒီတော့ အစ်ကိုနဲ့ခေတ်ပြိုင်တွေထဲက ဘယ်သူတွေကို ဘယ်လိုမှတ်မိပြီး ဘာတွေပြောစရာရှိမလဲ။
ဖြေ ။ ။ အေးပေါ့။ ပုဂ္ဂိုလ်ရေးအရတော့ မတိုက်ခိုက်ချင်ပါဘူး။ ဒီကောင်တွေလည်း သူတို့ကြိုက်တာသူတို့လုပ်၊ ငါလည်း ငါကြိုက်တာငါလုပ်လာတာပဲ။ ဘယ်လိုပြောရမလဲ By Name နဲ့တော့ ငါမတပ်ချင်ဘူးပေါ့ကွာ။ ငါတို့ တုန်းက ငါကြုံတွေ့ခဲ့ရတာတော့ ငါတို့ (၈၈) တုန်းက ငါတို့အများစုသည် အခု Generation-Z လို အသက် (၂ဝ)၊ (၂၅) ဝန်းကျင် ချာတိတ်တွေ။ အဲဒီတော့ ဘယ်နိုင်ငံသွားသွား နိုင်ငံရေးအလှည့်အပြောင်းမှာ ရှေ့က ဦးဆောင်တဲ့လူတွေက ချာတိတ်တွေ။ အခုပြောရရင် အခုမြန်မာပြည်မှာ နှစ်ဖက်ရှိတယ်။ အစိမ်းကွာ၊ အနီကွာ၊ ဒီလိုကာလာနဲ့ပဲခွဲလိုက်မယ်။ တပ်နဲ့ပတ်သက်ရင် အစိမ်း၊ ပြီးရင် ဟိုဘက်ကဆန့်ကျင်နေတဲ့လူတွေက အနီကွာ။ အဲဒီမှာ ရှေ့ကခေါင်းဆောင်တဲ့ကောင်တွေမှန်သမျှဟာ အသက် (၂ဝ)၊ (၂၅) အရွယ် ချာတိတ်တွေချည်းပဲ။ ဗိုလ်ချုပ်အောင်ဆန်းတို့ခေတ်တုန်းကလည်း အသက် (၂ဝ)၊ ဗိုလ်ချုပ်အောင်ဆန်းတောင်မှ တောခိုတုန်းက အသက် (၂၅) ပဲ ရှိသေးတယ်။ သူ့ကို (၅ဝ၅) နဲ့ ဝရမ်းထုတ်လို့ သူထွက်ပြေးနေရတာ အသက် (၂၅) ပဲရှိသေးတယ်။ ဆိုတော့ အဲဒီဝန်းကျင်ချာတိတ်တွေပဲ။ အဲဒီချာတိတ်တွေကို နောက်ကဆေးထိုးပေးတဲ့ကောင်တွေက ဟိုအရင်တုန်းက နိုင်ငံရေးအာဃာတတွေ၊ သူတို့ခေတ်က မပြီးခဲ့တာတွေကိုပြန်ပြီးတော့ ကလဲ့စားချေဖို့အတွက် ဒီကောင်တွေကိုတွန်းပြီး ဆေးထိုးတဲ့လူကြီးတွေပေါ့။ အသက် (၄ဝ)၊ (၅ဝ) ပေါ့။ ဗိုလ်ချုပ်အောင်ဆန်းတို့ ခေတ်တုန်းက ဂဠုန်ဦးစောဆိုတာ အသက် (၄ဝ) ကျော်၊ ဒေါက်တာဘမော်ဆိုတာ (၄ဝ) ကျော်၊ အရင်တုန်းက နိုင်ငံရေးသမားတွေ၊ အင်္ဂလိပ်လက်အောက်မှာ Prime Minister တွေ။ ဟိုဘက်ဒီဘက်က ချာတိတ်တွေကို ဆေးဝင်ထိုးပေးနေတာ။ သူတို့သားသမီးအရင်းတွေကတော့ မပါဘူး။ အခုလည်း အစိမ်းနဲ့ အနီကို ကြည့်လေကွာ။ အများစုသည် စစ်တပ်ကိုကြည့်လည်း ရဲဘော်ဆို အသက် (၂ဝ) ကျော်၊ (၂၅) ဝန်းကျင်ပဲ။ ကျန်တဲ့ကောင် လူကြီးဆိုတာ နည်းပါတယ်။ သေနတ်ကိုင်ပြီးတော့ ကတုတ်ကျင်းထဲမှာ ကင်းစောင့်ဖို့၊ တောထဲမှာနေဖို့ဆိုတာ လူကြီးမရဘူး လူငယ်တွေ။ သူတို့ကိုအမိန့်ပေးတဲ့လူက လူကြီးတွေ။ ထိုနည်း၎င်းပဲ ဟိုဘက်မှာလည်းကြည့်လေ။ သူတို့ကိုဆန့်ကျင့်တဲ့ကောင်တွေအောက်မှာ အများစုလုပ်နေတဲ့ကောင်တွေက ချာတိတ်တွေချည်းပဲ။ လူကြီးတွေ မပါဘူး။ သမိုင်းအဆက်ဆက်မှာ ဘယ်ခေါင်းဆောင်ကြီးတွေရဲ့သားသမီးတွေမှ လမ်းပေါ်မထွက်ဘူး။ နှစ်ဖက်လုံးမှာ။ အောက်က ထွက်တဲ့ကောင်တွေက ဆင်းရဲသား သားသမီးတွေချည်းပဲ။ အသက် (၂ဝ)၊ (၂၅) ဝန်းကျင် ချာတိတ်တွေက အသုံးချခံခဲ့ရတယ်။ အဲဒီလိုအသုံးချခံလာရပြီး နှစ်ပေါင်း (၃ဝ)လောက်ကြာတော့ အခုလိုအချိန် ရောက်တော့ နောက်ထပ်မျိုးဆက်သစ် (၂ဝ)၊(၂၅)ချာတိတ်တွေကို ပြန်ပြီးအသုံးချတယ်ပေါ့။ အဲဒီဟာက သံသရာလည်နေတာ၊ အဲဒီတော့ ဟိုဘက်ကလည်း ငါပြောချင်တာက ဘောမတဲ့ကောင်တွေကလည်း အဲဒီလို လော်ဘီတွေပဲ။ ဒီကောင်တွေ (၈၈၈၈) ကပါလာတာ။ ဒီဘက်က အနီဆိုတဲ့ကောင်တွေကလည်း ငါနာမည်တပ်ပြီး မပြောချင်ဘူး ဒီကောင်တွေအများစုကလည်း ထောင်ထဲမှာ ဂွင်းကြောင်နေတဲ့ကောင်တွေနဲ့တူပါတယ်။ အခု ထွက်လာတဲ့အခါကျတော့ သူတို့က လက်စားချေမယ်ဆိုပြီး အောက်က ချာတိတ်တွေမြှောက်ပေး။ သူတို့ရဲ့ Record ကိုကြည့်လေကွာ။ ဘယ်နိုင်ငံရေးကျောင်းကမှ စနစ်တကျသင်ပြီး ဘယ်နိုင်ငံရေးလှုပ်ရှားမှုထဲပါလဲ။ ပြီးရင် (၆) လဆိုတဲ့ (၈၈၈၈) ဖြစ်စဉ်လေးမှာပါခဲ့တယ်။ ပြီးလည်းပြီးရော နှစ်ပေါင်းများစွာ (၁၅) နှစ်၊ (၁၆) နှစ် ထောင်ကျသွားတယ်။ လေးစားတယ်။ ငါအဲဒီလောက် ထောင်ကျမခံနိုင်ဘူး။ ငါတော့ပြေးမှာပဲ။ ဘာလုပ်မှာလဲ ထောင်ကျခံပြီး။ ငါထောင်ကျခံလို့လည်း ဘာမဖြစ်ဘူး။ ငါသေလို့လည်းဘာမှမဖြစ်ဘူး။ ဗိုလ်ချုပ်အောင်ဆန်းလည်း ထောင်ကျမခံဘဲ ထွက်ပြေးတာပဲ။ ငါလည်းထွက်ပြေးမှာပဲ။ ဒါပေမဲ့ ဒီကောင်တွေကိုလေးစားတယ်။ ဒါပေမယ့် အဲဒီလိုထောင်ကျခံပြီး၊ ရင်းခဲ့ပြီးတော့မှ အခုချိန်ကျတော့ ကာလာကွဲတာကို ကိုယ့်ဟာကိုယ် နားမလည်ဘဲနဲ့ဖြစ်သင့်တာက ဒီသမိုင်းတွေ၊ ဒီကိစ္စတွေကိုသင်ပုန်းချေလိုက်ကွာ။ ရှေ့ဆက်တက်ကွာ။ ဗီယက်နမ်တို့ တရုတ်ပြည်တို့ဆိုတာ (၈၈၈၈) တုန်းက ငါတို့ထက်အများကြီး ဆင်းရဲတဲ့ကောင်တွေ။ အခုဆို ကြည့်ကွာ ဗီယက်နမ်ဆို တောင်နဲ့မြောက်နဲ့ကွဲတယ်ကွာ။ တောင်ဗီယက်နမ် စစ်တပ်ကြီးက သန်းဂဏန်းရှိတယ်။ ပြိုသွားတယ်။ အကုန်လုံး အမေရိက ထွက်ပြေးတယ်။ အခုအမေရိကားမှာ ဗီယက်နမ်၊ ဗီယက်ခီး လို့ခေါ်တယ်။ နိုင်ငံခြားသားခံယူထားတဲ့ ဗီယက်နမ်၊ ငါတို့လိုပဲပေါ့ကွာ။ ကိုယ့်နိုင်ငံက ထွက်သွားပြီး နိုင်ငံခြားသားခံယူထားတာ (၄) သန်းရှိတယ်။ ဒီကောင်တွေ ချီးခြောက်ရေနူးမနေဘူး။ သူ့နိုင်ငံတိုးတက်ဖို့အတွက် ပြန်လာလုပ်တယ်။ မျိုးဆက်သစ်တွေနဲ့ပြန်ပေါင်းပြီးတော့ အခုဆိုသူတို့တိုက်ခဲ့တဲ့ ကွန်မြူနစ်ပါတီအုပ်ချုပ်နေတာပဲ။ ဘာဒီမိုကရေစီမှ မလိုဘူး။ တရုတ်ပြည်လည်း ၁၉၈၉ မှာ Tiananmen ဖွဲ့တယ်။ ငါတို့ (၈၈) ပြီး၊ (၈၉) မှာ Tiananmen ဖြစ်တာ။ သံချပ်ကာကားနဲ့တောင် ကြိတ်သတ်ပစ်တာ။ အဲဒီကောင်တွေက ဘာလုပ်နေလဲဆိုရင် အဲဒီတုန်းက တရုတ် (၂) သောင်း နိုင်ငံခြားမှာ Asylum ခံတယ်။ စကော်လာနဲ့နေတဲ့ (၂) သောင်း။ Asylum ခံတယ်ဆိုတာက ငါတို့ကို ဒုက္ခသည်စခန်းမှာ ထားတာမဟုတ်ဘူး။ ရိုင်းရိုင်းပြောရရင် မွေးစားလိုက်တာ‌။ နိုင်ငံခြားသားဖြစ်သွားတယ်ကွာ။ ပြောရရင် အဖေ၊ အမေ အရက်သမားနဲ့ ဖဲသမား။ အမေက ချဲထိုးတယ်။ အဖေက အရက်သောက်တယ်။ သားသမီးတွေကိုနှိပ်စက်တဲ့အတွက် သား၊သမီးတွေက အိမ်နီးချင်းဘုရားတကာအိမ်မှာ အကူအညီတောင်းတော့ ဘုရားတကာက မွေးစားထားတဲ့သဘော။ အဲဒီတော့ ငါတို့လည်းအဲဒီလိုပဲ သူများနိုင်ငံရဲ့ဘုရားတကာရဲ့ အိမ်ဝန်းထဲကိုရောက်သွားရင် မွေးစားထားတယ်။ မွေးစားသားတွေဖြစ်သွားတယ်။ အဲဒီလိုနိုင်ငံသားဖြစ်သွားတော့ ဒီကောင်တွေက ဆေးဝင်မထိုးဘူးကွ။ ကိုယ့်နိုင်ငံကိုပြန်ပြီးတော့ အနည်းဆုံးတော့ ခရက်ဒစ်ကဒ်ထဲက ပိုက်ဆံဒေါ်လာငါးသောင်းတော့ ချေးလို့ရတယ်။ ချေးပြီးပြန်လာပြီး ကိုယ့်နိုင်ငံမှာ အလုပ်လုပ်တယ်။ အဲဒီနောက် ဆုံးရှုံးသွားလည်း ကိုယ့်နိုင်ငံကို ဒီပိုက်ဆံဝင်တယ်။ ကိုယ့်နိုင်ငံတိုးတက်တာပေါ့။ တရုတ်ပြည်လည်း အဲဒီအတိုင်းပဲ။ (၈၉) မှာ Tiananmen ဖြစ်တယ်။ ဒီကောင်တွေ ချီးခြောက်ရေနူးမနေဘူး။ နိုင်ငံခြားမှာ စကော်လာ (၂) သောင်းလောက်က Asylum ခံလိုက်တယ်။ နိုင်ငံသားဖြစ်သွားတယ်။ ဥပမာ- ဂျာမဏီမှာ Asylum ခံပြီး နိုင်ငံသား ဖြစ်သွားတဲ့တရုတ်တစ်ယောက်သည် နှစ်ပေါင်း (၂ဝ) လောက်နေတဲ့အခါမှာ ဒီကောင်တွေက ဂျာမဏီမှာ အိမ်လည်းပိုင်လာပြီ။ အဆက်အသွယ်လည်းရှိလာတယ်။ စီးပွားရေးလည်းလုပ်လို့ရတယ်။ တရုတ်ပြည်က ဘာမှမဟုတ်တဲ့၊ ဘယ်လိုပြောမလဲ သခွားစေ့က နွေရာသီ ဂျာမဏီမှာရောင်းလို့ရတယ်ဆိုတာသိတော့ သခွားစေ့လုပ်တဲ့စက်ရုံလုပ်ရင် တရုတ် (၅) ယောက် အလုပ်ရတယ်။ ဟုတ်တယ်မလား။ ပြောရရင် ဒီတရုတ်တို့ ဗီယက်နမ်တို့ ဆိုတာ ငါတို့ထက်ဆိုးတဲ့လက်နက်ကိုင်တော်လှန်ရေးတို့ နိုင်ငံရေးတို့လျှောက်ပြောနေတဲ့ဟာတွေ အများကြီး ကြုံပြီး လူတွေအများကြီးသတ်ခဲ့၊ သေခဲ့တဲ့နေရာတွေ။ အဲဒီကွန်မြူနစ်ပါတီပဲ အုပ်ချုပ်နေတာ။ ဘာဒီမိုကရေစီမှ မရှိဘူး။ မင်းသွားကြည့်လိုက်။ မင်းရုတ်ရုတ် ရုတ်ရုတ်လုပ်ရင် မင်းကိုသေဒဏ်ပေးပြီး သတ်ပြီးတော့ မျက်လုံးတွေ ဘာတွေခွဲပြီး ရောင်းလိုက်လိမ့်မယ်။ အခု အဲဒီနိုင်ငံတွေက တိုးတက်တယ်လေ။ ငါတို့နိုင်ငံတွေတောင် သွားပြီး အလုပ်ကြမ်းသွားလုပ်နေရတယ် သူတို့ဆီမှာ။ အဒီတော့ပြောချင်တာက လက်တွေ့မကျဘူးကွာ။ မင်းခုနက ပြောတဲ့မေးခွန်းကိုပြန်ချုပ်ရင် ငါတို့နဲ့ခေတ်ပြိုင် မျိုးဆက်တွေကို ငါဘာဝေဖန်ချင်လဲဆိုရင် ဘာမှမဝေဖန်ချင်ဘူးကွာ။ သူလည်းသူကြိုက်တာလုပ်၊ ငါလည်းငါကြိုက်တာလုပ်။ ငါကတော့ ဘယ်တော့မှ အောက်ခံဘောင်းဘီ လည်းမဝတ်ဘူး။ ထဘီလည်းမခြုံဘူး။ ငါနဲ့ပတ်သက်တာက အခု Tiananmen တွေလိုပဲ ငါသူများနိုင်ငံရောက်သွားတယ်။ ငါ့ကိုမွေးစားတယ်။ ငါနိုင်ငံခြားသား။ ငါသည် မြန်မာပြည်မှာ မဲပေးခွင့်မရှိဘူး။ မြန်မာပြည်ရဲ့နိုင်ငံရေး Process ကိုလည်း ငါဝင်ပါလို့မရဘူး။ အဲဒီတော့ ငါ့မွေးစားမိခင်နိုင်ငံရဲ့သံရုံးက ဥပမာ - နော်ဝေက အော်စလိုမှာ မြန်မာသံရုံးရှိတယ်။ ငါက နော်ဝေနိုင်ငံသား၊ နိုင်ငံခြားသားပဲထား။ သံရုံးရှေ့မှာ သွားပြီးဆန္ဒပြလို့ ကိုယ့်ပေါင် ကိုယ်လှန်ထောင်းသလို ငါ့နိုင်ငံဘာမှမတိုးတက်ဘူး။ တကယ် ငါလုပ်ချင်ရင် ငါ့နိုင်ငံကိုပြန်လာပြီးတော့ ဟိုကနေ ပိုက်ဆံ (သို့) ပညာယူလာပြီး ငါ့နိုင်ငံမှာ ဥပမာ- ပရဟိတကျောင်းလေးထောင်ပြီး ငါ နော်ဝေ စကားပြော သင်ပေးလိုက်ရင် အနည်းဆုံးတော့ ပုဂံမှာသူတောင်းစားလုပ်နေတဲ့ကလေးလေးတွေ နော်ဝေစကားနဲ့ Tourist Guide လုပ်လို့ရတယ်။ ဒါက လက်တွေ့ကျတယ်။ ငါကတော့ လက်တွေ့ကျကျလုပ်တာကိုပဲ နိုင်ငံရေးလို့ သတ်မှတ်တယ်။ အဲဒီလိုမျိုး အရင်တုန်းက ပြီးခဲ့တဲ့အာဃာတတွေနဲ့ အရင်တုန်းက ငါ့ကိုထောင်ထဲမှာ (၁၅) နှစ်၊ (၁၆) နှစ်ထားခဲ့လို့ တောခိုတယ်၊ ဘာညာဆိုတာတွေ အဲဒါတွေက မေ့ပစ်လိုက်ပေါ့။ ဒီအရွယ်ကြီးရောက်နေမှ တော့ ရှင်ပြုတဲ့အချိန်က ရွှေထီးဆောင်းခဲ့တာတွေကို မေ့လိုက်တော့ပေါ့ကွာ။ အဲဒီတော့ တော်တော်များများ ငါမြင်တာကတော့ ဘက်ကွဲပြီးတော့ ဟိုဘက်ဒီဘက်မှာ ဆေးဝင်ထိုးတဲ့ကောင်တွေပဲ ငါတော့မြင်တယ်။ ဒီလောက်ပါပဲ။

မေး ။ ။ အဲဒီတော့ အစ်ကို ခုနကပြောတာတွေကိုပြန်ကြည့်လိုက်ရင် ကိုယ့်ရဲ့အတိတ်က အာဃာတ အငြိုးတွေကို ဒီနောက်ဆက်တွဲမျိုးဆက်တွေမှာ လာပြီးပုံထည့်ပြီးတော့ ဝိုင်းပြီးကြပ်ရင်းနဲ့ မျိုးဆက်သစ်လူငယ်တွေကို အသေခံခိုင်းသလိုဖြစ်နေတယ်လို့ ပြောလို့ရမလား၊ ဒီနိုင်ငံရေးအခင်းအကျင်းက။
ဖြေ ။ ။ ဟုတ်တယ်လေ ငါအဲဒီလိုပြောတာပဲ။ ဖြစ်နေတယ်လို့ပြောလို့မရဘူး ဖြစ်ကို ဖြစ်နေတာ။

မေး ။ ။ အဲဒါကို လူငယ်တွေနားလည်အောင် ဘယ်လိုလုပ်ရမလဲ။
ဖြေ ။ ။ ဒီကောင်တွေစာဖတ်ပေါ့ကွာ။ ငါတို့တုန်းကလည်း နားမလည်ဘဲဝင်ပါခဲ့တာပဲ။ ငါစာမဖတ်ဘူးလေ။ ငါတို့တုန်းက အရက်သောက်တယ်။ ဘိန်း ရှုတယ်။ ဖွန်ကြောင်တယ်။ ဒီလိုပဲငါတို့နေခဲ့တာပဲ။ အဲဒီလိုနေရင်းနဲ့ ရုတ်တရက် ဖုန်းမော် အရေးအခင်းဖြစ်တယ်ဆိုတော့ ငါတို့ကျောင်းသားကိုထိတယ်။ အဲဒီတုန်းက စစ်တပ်က ပစ်တာမဟုတ်ဘူး ရဲကပစ်တာ။ အဲဒီတုန်းက ဖုန်းမော် ဘေးနားမှာရှိနေတဲ့ ကျည်ဆံမထိတဲ့ ငါ့သူငယ်ချင်းတွေ အခုထိပြန်တွေ့နေတာပဲ။ အဲဒီတော့ ပစ်တယ်။ ငါတို့က မခံချင်ဘူး။ အသက် (၂ဝ)၊ (၂၅) လူငယ်တွေဆိုတော့ ငါတို့က အဘိုးကြီးတွေကိုတော်လှန်ချင်တဲ့စိတ်က တစ်ကမ္ဘာလုံးမှာရှိတယ်။ ဥပမာ- ငါ့သား၊သမီးတွေ ဟိုနိုင်ငံမှာ မွေးတဲ့ကလေးတွေ၊ ဒီကောင်တွေလည်း တော်လှန်ချင်စိတ်ရှိတာပဲ။ ဒါပေမဲ့ ဒီကောင်တွေတော်လှန်ချင်စိတ်က ငြိမ်းချမ်းတဲ့နိုင်ငံမှာဖြစ်တဲ့အတွက် ဒီကောင်တွေသည် မိဘကိုမမှီခိုချင်ဘူး။ ကိုယ့်ဖာသာကိုယ် အလုပ် လုပ်၊ ပိုက်ဆံရှာပြီးရင် iPhone-13 လောက် အသစ်ကိုင်နိုင်ရင်ဂုဏ်ယူတယ်။ နည်းနည်းလေးကြီးလာရင် ကိုယ့် အိမ်ကိုယ်ဝယ်မယ်။ ကိုယ့်ကားကိုယ်ဝယ်မယ်။ ဒါငါတို့အဖိုးကြီး၊ အဖွားကြီးကို ဘယ်လိုပြောမလဲ မမှီခိုချင်ဘူးပေါ့ကွာ။ ဒါလည်းတော်လှန်စိတ်ပဲ။ ဒါပေမယ့် စစ်ဖြစ်နေတဲ့နိုင်ငံမှာ ဟိုး..လိုက်ဘေးရီးယားတို့၊ ဆီယာရာလီယွန်တို့က ကပ္ပလီတွေကိုကြည့်လိုက်ရင် AK-47 လေး ကိုင်ရတာကို ဆရာကြီးလုပ်နေကြတယ်။ ငါတို့ဆီမှာ AK-47 က ဒေါ်လာ ၂ဝဝ၊ ငါတို့ပိုက်ဆံနဲ့ဆို ဗမာငွေ ၃ သိန်း၊ ၄ သိန်းဆို ဝယ်ကိုင်လို့ရနေပြီ။ ဘယ်သူမှအထင်မကြီးဘူး။ မင်းကိုအထင်ကြီးတာက မင်းပိုက်ဆံနဲ့မင်း အဲဒီအသက် (၂ဝ) ကျော်လူငယ် ကိုယ့်အလုပ်ကိုယ်လုပ်၊ ကိုယ် ပိုက်ဆံနဲ့ကိုယ် မိဘဆီကိုမမှီခိုဘဲ ကိုယ့်ဟာကိုယ်သုံးနိုင်တယ်။ ငါတို့ဆီမှာ အသက် (၁၈) နှစ်ပြည့်ရင် တရားဝင် ဆေးခြောက်ရှုလို့ရတယ်။ မင်းဟာမင်းသုံးနိုင်တယ် ပါတီတက်တယ်။ အဲဒီလိုလုပ်တာကို သူတို့ဂုဏ်ယူတယ်ကွာ။ အဲဒီတော့ ဖြစ်သင့်တာက အဲဒါပဲပေါ့။ ငါတို့လူငယ်တွေက လေ့လာရမှာ။ ငါတို့တုန်းက မလေ့လာဘူး။ အဲဒီတော့ တစ်ခုခုလည်းဖြစ်ရော ငါတို့က အသည်းတွေပေါက်ပြီးတော့ သိတယ်မလား။ တရားမျှတမှုတို့၊ အမှန်တရားတို့ကို ငါလည်းနှစ်ပေါင်းများစွာ ထွက်ရှာတာ၊ အခုထိနှစ်ပေါင်း (၃ဝ) ရှိပြီ။ အခုထိ အမှန်တရားမတွေ့ဘူး။ ငါလည်း အသက် (၅ဝ) ကျော်နေပြီ။ နောက်ထပ်နေရင် သေဖို့ပဲကျန်တော့တယ်။ ငါလည်းမရှာတော့ဘူး။

မေး ။ ။ ကျွန်တော်တို့အခု လက်ရှိနိုင်ငံရေးအခင်းအကျင်းကိုကြည့်တဲ့အခါ ကျေးလက်လူတန်းစားတွေရဲ့ ရင်ထဲမှာ သူတို့တွေက အခုထွက်ပြေးတိမ်းရှောင်နေကြရပြီး ကြောက်လန့်နေရတဲ့ခေတ်ကြီးဖြစ်နေတယ်။ ဆိုတော့ အဲဒီလိုကြောက်နေရတဲ့လူတန်းစားကြီး များလာနေတာက တိုင်းပြည်အတွက် ပိုပြီးတော့ ဆိုးသထက် ဆိုးလာနိုင်ခြေရှိလား။ အစ်ကိုရော သွားလာနေတာတွေမှာ မြင်မိတာရှိလား။ အောက်ခြေလူတန်းစားတွေရဲ့ တကယ့်ခံစားချက်က ဘာလို့မြင်မိလဲ။
ဖြေ ။ ။ အားလုံးကတော့မတူဘူးပေါ့ ညီလေးရာ။ အောက်ခြေလူတန်းစားဆိုတာ အများကြီးရှိတာပဲ။ လယ်သမားက တစ်မျိုးမြင်မယ်။ ဆိုက်ကားသမားက တစ်မျိုးမြင်မယ်။ ဆိုင်ကယ်တက္ကစီဆွဲတဲ့ကောင်က တစ်မျိုး မြင်မယ်။ သို့သော် အားလုံးရဲ့အခြေခံလိုအပ်ချက်ကတော့ ဘယ်လိုခေါ်မလဲ စိတ်ကူးယဉ်တာပြီးသွားရင် တည်ငြိမ်ပြီးတော့ ကိုယ့်အလုပ်ကိုယ်လုပ်၊ ကိုယ့်စားပွားကိုယ်ရှာ အေးဆေးနေနိုင်တဲ့ ဘဝကိုလိုချင်တာပေါ့။ ဟိုး ၁၉၇၅ ခုနှစ်မှ လွတ်လပ်ရေးရတဲ့ စုတ်ပြတ်ညစ်ပတ်နေတဲ့ ဘင်္ဂလားဒေ့ရှ်တောင် အခုတည်ငြိမ်တော့ သွားကြည့် လေ။ အလုပ်လုပ်လို့ရတယ်။ မင်း ဘင်္ဂလားဒေ့ရှ်စစ်တပ်ထဲဝင်ရင်ထားပါတော့ တစ်လကို ဒေါ်လာ (၁ဝဝ) လောက်ရတယ်။ မနက် (၅) နာရီထပြီး အလံအလေးပြုရတယ်။ တပ်ကြပ်က ပါးရိုက်တာခံရမယ်။ မင်းအဲဒီလို လုပ်မယ့်အစား စီးပွားရေးလုပ်ငန်းတွေကောင်းနေတဲ့အချိန်မှာ ကိုယ့်ဟာကိုယ်စက်ရုံလေးတစ်ခုမှာ အလုပ်သွား လုပ်လိုက်ရင်လည်း အဲဒီလောက်ရမှာပဲ။ ကိုယ်ဟာကိုယ် အိပ်ချင်တဲ့အချိန်အိပ်ရတယ်။ ဟုတ်တယ်မလား။ အဲဒီ ဘဝပဲရွေးမှာပေါ့။ အဲဒီတော့ အဓိက သူတို့ဘာလိုတာလဲဆိုတာတော့ ငါလည်း လူထုခေါင်းဆောင်ကြီးမဟုတ်တော့ မသိဘူး။ လူတန်းစားတစ်ယောက်နဲ့ တစ်ယောက်က မတူဘူးကွ။ သိတယ်မလား။ ငါမြင်တာကတော့ မှားနေတာက ကျေးလက်ဒေသတွေမှာ မင်းတို့လူငယ်စကားနဲ့ပြောရင်တော့ တာဇံပေါ့။ သူတို့မှားတာက ဘာလဲဆိုတော့ ခေတ်အဆက်ဆက်က မင်းလောင်းမျှော်တဲ့ဝါဒက မှားတာပေါ့။ ကျေးလက်ဒေသအများစုက မင်းလောင်းမျှော်တယ်။ ငါတို့အရင်တုန်းက ဆရာစံဆိုတာလည်း မင်းလောင်းပဲပေါ့။ စင်္ကြာမင်းသား လာမယ်တို့၊ သီပေါမင်းကိုဖြိုခွင်းပြီး ဘယ်မင်းလောင်း လာမယ်တို့။ ဟိုအရင်တုန်းက သီပေါမင်း ၁၈၈၆ မှာ သီပေါမင်းကို ခေါ်သွားပြီးနောက်ပိုင်း ဗမာပြည်မှာ တော်လှန်တယ်ဆိုတဲ့အကောင်တွေက မင်းလောင်းတွေကွ၊ ဗမာပြည် လွတ်လပ်ရေးရဖို့တော်လှန်တာမဟုတ်ဘူး။ သူတို့မင်းဆက်ထူထောင်ဖို့တော်လှန်တာ။ အဲဒီတုန်းက မင်းလောင်း တွေမျှော်နေတာ။ ငါတောင်အဲဒီအကြောင်းရေးဖူးပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းတို့မျိုးဆက်တွေက ဗိုလ်ကေညှပ်တဲ့ မျိုးဆက်တွေ၊ အင်္ဂလိပ်ကိုလိုနီပညာရေးစနစ်၊ ကျွန်ပညာရေးစနစ် သိတယ်မလား။ အဲဒီမတိုင်ခင်က ဗမာ ဘုန်းကြီးကျောင်းက ရောင်ကြီးပွေမျိုးဆက်တွေ အများစုက အဲဒီလိုပေါ့။ ဗိုလ်ချုပ်အောင်ဆန်းတို့ Generation-Z ဖြစ်နေတုန်းက ဆရာစံတို့က Generation-L တွေကွ၊ ဆရာစံတို့ ရောင်ကြီးပွေမျိုးဆက်က မင်းလောင်းမျှော်တယ် ကွ။ ဗိုလ်ချုပ်အောင်ဆန်းတို့ အင်္ဂလိပ်ကိုလိုနီပညာရေးစနစ်က ဗိုလ်ကေမျိုးဆက်ကျတော့ သူတို့က ကွန်မြူနစ်ဝါဒတို့ အများကြီးပါကွာ။ ငါလျှောက်ပြောနေရင် ပြီးမှာမဟုတ်ဘူး။ ငါလည်း သိပ်နားမလည်ဘူး။ ဆိုတော့ အဲဒီလို ဖြစ်ကြတယ်ပေါ့ကွာ။ သို့သော် ဒို့မြန်မာတွေမှာ ခေတ်အဆက်ဆက်ရှိတာက မင်းလောင်းမျှော်တဲ့ဝါဒပေါ့ ညီလေးရာ။ အဲဒီတော့ မင်းလောင်းမျှော်တယ် သိတယ်မလား။ ဟို စင်္ကြာမင်းသား ခေါ်လာမှာတို့၊ ဘာတဘောင်၊ ညာတဘောင်တို့ အဲဒါတွေနဲ့ဆိုတော့ အများစုက အဲဒါပါပဲ။ ဒါပေမယ့် ဒီကောင်တွေ သူတို့လိုချင်တာကတော့ ဒီမိုက‌ရေစီစနစ်ရရင်၊ တရားမျှတတာတို့၊ လွတ်လပ်တာတို့ အဲဒီလိုရရင်လည်း ဟတ်ချလောင်းဆိုပြီး ဗီယက်နမ်တို့၊ တရုတ်ပြည်တို့၊ ထိုင်းတို့လို ချမ်းသာသွားမယ်လို့ထင်နေတယ်နဲ့တူပါတယ်ကွာ။ အမှန်မှာက ဒီရွာက ပုဂ္ဂိုလ်တွေက ထိုင်းတို့၊ မလေးရှားတို့မှာ အလုပ်ကြမ်းသွားလုပ်တယ်။ ဟိုမှာ ထိုင်းမှာက အာဏာရှင်အုပ်ချုပ်နေတာ။ ထိုင်းမှာက စစ်တပ်အာဏာသိမ်းထားတာ ခဏခဏ၊ တို့ဗမာပြည်မှာ ခုမှတစ်ခါပဲသိမ်းတာ၊ အခုချိန်အထိ သိမ်းထားတာ ပြန်မပေးသေးဘူး။ ထိုင်းမှာက ပေးလိုက်၊ မပေးလိုက်နဲ့။ မင်းမှတ်မိလား ၂ဝဝ၄ လား၊ ၂ဝဝ၆ လား သက်ဆင် နယူးယောက်ခ်မှာ မိန့်ခွန်းပြောတဲ့အချိန် အာဏာသိမ်းတာ။ အဲဒါပါထည့်တွက်ရင် အခု (၁၆) နှစ် ဝန်းကျင်ရှိပြီ အခုထိုင်းနိုင်ငံမှာ အာဏာ On-Off သိမ်းနေတာ။ အခုငါတို့တော်လှန်ရေးမှာလိုက်လုပ်တဲ့ သံဗုံး တီးတာတို့ လက်သုံးချောင်းထောင်တာတို့ဆိုတာလည်း ထိုင်းမှာ လွန်ခဲ့တဲ့ ၂ဝ၁၈ ကတည်းက လုပ်လာတာ။ ဟောင်ကောင်မှာ ၂ဝ၁၄ ကတည်းက လုပ်နေတာပဲ။ ဆိုတော့ အဲဒါတွေကိုရောက်သွားတဲ့အချိန်မှပဲ သူတို့သိမှာ။ အော် ဒီလိုပါလား။ တကယ်အခြေခံလိုအပ်ချက်က နိုင်ငံမှာတည်ငြိမ်ပြီး တိုးတက်ဖို့လိုတယ်ဆိုပါလား ဆိုတာသိမှာ။ ပြောရရင်တော့ ညီလေးရာ မိုက်တယ်ဆိုတာ ဂုဏ်ယူစရာမဟုတ်ဘူး။ မိုက်တယ်ဆိုတာ လွယ်ပါတယ်။ ကျော်ဟိန်း စကားအတိုင်းပြောရမှာပေါ့။ လိမ္မာတာပဲ ဂုဏ်ယူရမှာ။ လူတိုင်းက လူမိုက်၊ အရိုင်းစိတ်ရှိပါတယ်။ ဒီအရိုင်းစိတ်ကိုထိန်းပြီးတော့ ယဉ်လာတာကမှ ဂုဏ်ယူစရာ။ အဲဒီတော့ အခု တို့တတွေဖြစ်နေတာက သူများ နိုင်ငံတွေလိုတိုးတက်ဖို့အတွက် အဲဒီနိုင်ငံတွေမရောက်ဖူးခင်ကတော့ စနစ်ပြောင်းလိုက်ရင် တိုးတက်မယ်လို့ ထင်နေတာ။ တကယ်တမ်းမှာက မဟုတ်ဘူးကွ။ နိုင်ငံတည်ငြိမ်မှု သိတယ်မလား။ အဓိကကတော့ နိုင်ငံတည်ငြိမ်မှုပဲ။ နိုင်ငံရေးတည်ငြိမ်မှုပေါ့။ နိုင်ငံခြားသားကလာပြီးတော့ ရင်းနှီးမြှုပ်နှံမယ်ဆိုရင်လည်း နိုင်ငံရေးမတည်ငြိမ်ဘဲနဲ့ ဘယ်သူမှ ရင်းနှီးမမြှုပ်နှံဘူး။ ဥပမာ- မင်းနဲ့ငါနဲ့ အခုပြောထားတဲ့ကိစ္စ မင်းမရှိရင် နောက်တက်လာတဲ့ကောင်က ဂရုမစိုက်ဘူးဆိုရင် ငါက ဘာလို့ မင်းကုမ္ပဏီမှာ ရင်းနှီးမြှုပ်နှံမှာလဲ။ ဟုတ်တယ်မလား၊ အဲဒီတော့ မင်းခုနကပြောတဲ့ တာဇံတွေနဲ့ပတ်သက်ရင်တော့ ဒါပဲပေါ့။ ဘာလိုချင်လဲဆိုတာကတော့ ငါလည်းမသိဘူး။ ငါကိုယ်တိုင်လည်း ဘာလိုချင်မှန်း ခုချိန်ထိမသိသေးဘူး။

မေး ။ ။ အစ်ကို ခုနကပြောတဲ့ နိုင်ငံရေးတည်ငြိမ်မှုရှိဖို့ကိစ္စကလည်း ကျွန်တော်တို့နိုင်ငံက ထူးခြားတာက ၁၉၄၇-၄၈ ခုနှစ်ကပေါ့၊ လွတ်လပ်ရေးရပြီးတည်းက အခုချိန်ထိ နိုင်ငံရေးတည်ငြိမ်မှုပြဿနာက ကြီးကြီးမားမား ခံစားနေရတယ်။ ကျွန်တော်တို့ရင်ထဲမှာ ရှိနေတဲ့အရာတစ်ခုရှိတယ်။ အနောက်အုပ်စုတွေရဲ့ဝင်ရောက်စွက်ဖက်မှုတွေ (သို့) နောက်ကွယ်က သွေးထိုးကြိုးကိုင်မှုတွေကလည်း နိုင်ငံရေးမတည်မငြိမ်ဖြစ်ဖို့ အကြောင်းအရာထဲက တစ်ခုဖြစ်တယ်လို့ အားလုံးကတော်တော်များများ တွက်ဆနေကြတယ်။ မှန်တယ်လို့ ယူဆလား၊ ဘယ်လိုမြင်လဲ။ ဥပမာ- အမေရိကန်က နောက်ကပါတယ်။ တရုတ်ကနောက်ကပါတယ်။ ရုရှားက နောက်ကပါတယ်ဆိုတာမျိုးပေါ့။
ဖြေ ။ ။ ကမ္ဘာကြီးကို Global Village လို့ ခေါ်တယ်။ အဲဒီလိုပဲနှိုင်းလိုက်မယ်။ အခုကမ္ဘာကြီးက ရွာကြီးဖြစ်နေပြီ။ အဲဒီတော့ တို့ရွာတစ်ရွာမှာပဲကြည့်လိုက်ပါ။ ရွာတစ်ရွာမှာ အရက်သမားရှိမယ်၊ ဘုရားတကာရှိမယ်၊ ချဲရောင်းတဲ့ကောင်ရှိမယ်၊ လဖ္ဘက်ရည်ဆိုင်ပိုင်ရှင် ရှိမယ် အများကြီးရှိပါတယ်။ အိမ်တိုင်းအိမ်တိုင်းမှာ ကိုယ့်ပြဿနာဆိုတာရှိတယ် ညီလေး။ ဥပမာ- မင်းအိမ်မှာ အိမ်ဖော်မလေးဗိုက်ကြီးတယ်ကွာ၊ အိမ်ဖော်မလေး ဗိုက်ကြီးတာကို မင်းမိန်းမနဲ့ မင်းနဲ့တိုင်ပင်ပြီးတော့ မင်းလည်းဖြစ်ရင်ဖြစ်မယ်။ မင်း သားလည်းဖြစ်ရင်ဖြစ်မယ်။ မင်းအိမ်က အလုပ်သမားနဲ့လည်း ဖြစ်ရင်ဖြစ်မယ်။ ဒါပေမယ့် ဒီကိစ္စကို မင်းဟာမင်း တိုင်တိုင်ပင်ပင်နဲ့ မင်းမိန်းမနဲ့တိုင်ပင်ပြီး ဖုံးဖုံးဖိဖိ မလုပ်ဘဲနဲ့ မင်းကရွာသူကြီးသွားပြောလိုက်ရင် ရွာသူကြီးက မင်းကိုဆရာကြီးဝင်လုပ်မှာပေါ့။ ရဲတိုင်လိုက်၊ တရားရုံးသွားလိုက်ဆိုပြီး။ ရွာသူကြီးကလည်း သူ့အိမ်မှာ သူ့ တူမဗိုက်ကြီးတဲ့ကိစ္စရှိရင် ရှိမှာပဲ။ ဖုံးထားတာ။ အဲဒီတော့ အဓိကငါပြောချင်တာက နိုင်ငံတကာက ဝင်ရောက်စွက်ဖက်တယ်
ဆိုတာက မင်းအိမ်က အိမ်ဖော်မလေး ဗိုက်ကြီးတဲ့ ကိစ္စကို မင်းလျှောက်ဖော်နေလို့ သူတို့က ဝင်စွက်ဖက်တာ။ အခုကွာ ငါအဝေးကြီးကိုမပြောတော့ဘူး အနီးစပ်ဆုံး ၂ဝ၂၁ မှာ ဖေဖော်ဝါရီ အခုလိုအချိန်မှာ ငါတို့နိုင်ငံမှာ တဂျိန်းဂျိန်းချတယ်။ ပြီးလည်းပြီးရော ဘယ်လောက်မှ မကြာဘူး တစ်ဖက်နဲ့တစ်ဖက် ပစ်သတ်တယ်။ ထားပါတော့။ ငါအဲဒါတွေလည်း မပြောချင်ပါဘူး။ အဲဒါတွေ ပြီးသွားတော့ တစ်လလောက်ပဲခြားတယ်။ ပါလက်စတိုင်းနဲ့ အစ္စရေးနဲ့ ချတယ်။ တိုက်တွေကို အလုံးလိုက် ဖြိုချတာ။ ပြီးရင် အာဏာတက်သိမ်းတာ အီသီယိုးပီးယားမှာလည်း သိမ်းတာပဲ။ အာဖရိကနိုင်ငံတွေလည်း သိမ်းတာပဲ။ ဖိလစ်ပိုင်ကိုကြည့်ရင်လည်း ငါတို့ထက်ဆိုးတယ်။ ဒူတာတေး တက်လာတော့ ဘယ်လိုလာလဲ။ ပစ်သတ်တာတွေ၊ တရားရုံးခေါ်ပြီး ပစ်သတ်တာတွေ ဘယ်လိုအုပ်ချုပ်လဲကြည့်။ အိုဘားမားဆို ဆင်းသာသွားတယ်။ သူ(ဒူတာတေး) အခုထိ အုပ်ချုပ်နေတယ်။ ငါပြောချင်တာက နိုင်ငံတကာဝင်ရောက်စွက်ဖက်တယ်ဆိုတာက မင်းညံ့လို့ပဲ။ မင်းအိမ်က ကိစ္စကို ဝင်ရောက်စွက်ဖက်တယ်ဆိုတာ မင်းညံ့လို့ပဲ။ အာဆီယံနိုင်ငံတွေ ကြည့်လိုက်လေ။ အာဆီယံနိုင်ငံထဲမှာ ဘယ်နိုင်ငံက ဒီမိုကရေစီ Perfect ဖြစ်တဲ့အစိုးရရှိလဲ။ ဟွန်ဆန်ဆိုတာ အာဏာရှင်ပဲ။ အကုန်လုံးပြောပြလိုက်ရင် ပြီးမှာမဟုတ်ဘူး။ ထိုင်းမှာလည်း ထိုင်းဘုရင်ကြီးက ဘယ်လိုလဲ။ အရင်တုန်းက ဘူမိဘောက သူ့အစ်ကိုကိုသတ်တဲ့ ကိစ္စကို ပြောကြည့်လိုက် ထိုင်းမှာ အခုပြောလို့မရဘူး။ ထိုင်းနိုင်ငံမှာသွားပြောရင် မင်းကို ရှော့ ပစ်လိုက်မှာ။ အခုကလည်း အာဏာရှင်အုပ်ချုပ်နေတာ။ အခုဗိုလ်ချုပ်ကြီး ချန်အိုချာ ဆိုတာ အာဏာသိမ်းပြီးမှ အရပ်ဝတ် ပြောင်းပြီးတော့ တက်ပြီးအုပ်ချုပ်တဲ့ကောင်။ မလေးရှားမှာလည်း မဟာသီယာ မိုဟာမက် မတိုင်ခင် အခု (၉၂) နှစ်အထိ မကြာခင်ကမှ အုပ်ချုပ်သွားတာမလား။ စင်္ကာပူမှာလည်း လီကွမ်ယုရဲ့မိသားစု ခုချိန်ထိအာဏာရှိတုန်း၊ အုပ်ချုပ်တုန်း။ အင်ဒိုနီးရှားတော့ ပြောမနေနဲ့။ အင်ဒိုနီးရှားခြေဥက ငါတို့စာအုပ်အစိမ်းကြီးဆိုတာ အင်ဒိုနီးရှားက ကူးချ တာ။ အင်ဒိုနီးရှားက ဒီမိုကရေစီရှိလားသွားကြည့် ဘယ်သူအုပ်ချုပ်လဲဆိုရင် မွတ်ဆလင် မဘသအုပ်ချုပ်တာ။ မွတ်ဆလင်အစွန်းရောက်တွေအုပ်ချုပ်တာ အခုချိန်ထိ။ အဲဒီတော့ပြောချင်တာက Global Village ဆိုတဲ့ ကမ္ဘာ့ရွာကြီးမှာ လူတိုင်း အိမ်တိုင်းမှာပြဿနာရှိတယ်။ မင်းအိမ်မှာ အိမ်ဖော်မလေးဗိုက်ကြီးတဲ့ကိစ္စကို မင်းဟာ မင်း ဖုံးဖုံးဖိဖိမရှင်းဘဲနဲ့ သူများသွားပြောရင် သူများက မင်းကိုဆရာကြီးဝင်လုပ်မှာပေါ့။ အမှန်မှာ သူ့အိမ်မှာလည်း ရှိတယ် အဲဒီလိုကိစ္စက။

မေး ။ ။ လက်ရှိနိုင်ငံရေးပြဿနာကြီးကို လက်နက်ကိုင်တော်လှန်ခြင်းလမ်းစဉ်က အောင်မြင်နိုင်တယ်လို့ အစ်ကိုမြင်လား။ အခုတစ်နှစ်ရှိလာပြီ၊ တော်လှန်ရေးလမ်းစဉ်ကတော့ တစ်နှစ်မပြည့်သေးဘူး။ ပြည့်တော့မယ်ပေါ့။ ဒါပေမယ့် တော်လှန်နေကြတုန်းပဲ။ ဒေသပေါင်းစုံ၊ အဖွဲ့ပေါင်းစုံလည်းကွဲကုန်ပြီ။ အဲဒီတော့ တော်လှန်ရေးကို လက်နက်ကိုင်လမ်းစဉ်က အောင်မြင်နိုင်မလား၊ လက်ရှိမြန်မာ့နိုင်ငံရေးပြဿနာကြီး ပြေလည်သွားမှာလား။ ဘယ်လိုထင်လဲ။
ဖြေ ။ ။ တည့်တည့်ပြောရင်တော့ မင်းနောက်ဆုံးပြောတဲ့စကားပဲ။ လက်ရှိမြန်မာ့နိုင်ငံရေးပြဿနာ တည်ငြိမ် သွားမလားဆိုတာက တည်ငြိမ်မယ်ကွ။ ဘာဖြစ်လို့လဲဆို‌တော့ လက်နက်ကိုင်ရင် တစ်ဖက်ကတော့ နိုင်မှာပဲ။ တစ်ဖက်က အနိုင်ပေါ်သွားမယ်။ တစ်ဖက်ကအနိုင်ပေါ်သွားမှ တည်ငြိမ်သွားမှာပေါ့။ ဟိုမရောက်၊ ဒီမရောက် အိညှောင့်အိညှောင့်လုပ်နေရင် မတည်ငြိမ်ဘူး။ အဲဒီတော့ လက်နက်ကိုင်တယ်ဆိုကောင်းတယ်။ ဟိုဘက်ကလည်းကိုင်၊ ဒီဘက်ကလည်းကိုင် ပြတ်အောင်ချပေါ့ကွာ။ ဘယ်လိုပြောမလဲ ကြက်တိုက်သလိုပေါ့။ သရေသွား လုပ်မနေနဲ့ တစ်ဖက်ကပြတ်အောင်သာချ။ တစ်ဖက်ကပြတ်ရင် တစ်ဖက်က ဟင်း ဖြစ်သွားမှာပေါ့။ အခုအနေ အထားက လက်နက်ကိုင်တယ်ဆိုရင် အမှန်တရားဆိုတာ နိုင်တဲ့သူဘက်မှာပဲရှိတယ်။ ဒုတိယကမ္ဘာစစ်တုန်းက စတာလင်က ဟစ်တလာထက်ရက်စက်တယ်ကွ။ ဟစ်တလာထက် လူပိုသတ်သွားတယ်။ ဒါပေမယ့် စတာလင် စစ်နိုင်သွားတော့ စတာလင်ကလူကောင်း၊ ဟစ်တလာက လူဆိုး။ လက်နက်ကိုင်တယ်ဆိုကတည်းက အမှန်တရားဆိုတာပျောက်သွားပြီပဲ နိုင်တဲ့ကောင်သာမှာပဲ။ အဲဒီတော့ နိုင်အောင်လုပ်ကြ၊ တစ်ဖက်ကနိုင်သွား ရင်တော့ ငြိမ်းချမ်းတယ်ဆိုတဲ့ဟာတွေက ခုနကမင်းပြောတဲ့မေးခွန်းတစ်ခုမှာပါတယ်။ နိုင်ငံရေးအကြပ်အတည်း မှာ လှပတဲ့ထွက်ပေါက်ဆိုတာ နိုင်ငံရေးအကြပ်အတည်းတိုင်းမှာ ထွက်ပေါက်တစ်ခု ရှိတယ်။ အဲဒီတော့ ဒို့နိုင်ငံရဲ့ ထွက်ပေါက်က ဘာဖြစ်နိုင်မလဲ မင်းငါ့ကိုမေးတယ်။ ဆိုတော့ အဲဒီမှာ နိုင်ငံရေးထွက်ပေါက်ဆိုတာက နိုင်ငံရေးမှာတင် မဟုတ်ဘူး။ အရာရာတိုင်းမှာထွက်ပေါက်ရှိတယ်။ မင်းပြောချင်တာက အဖြေကိုပြောချင်တာ။ အမေးတိုင်း ကတော့ အဖြေရှိတယ်။ ဒါပေမဲ့ အဖြေဆိုတာလည်း တစ်ခုတည်းဟုတ်ချင်မှဟုတ်မယ်။ မေးခွန်းပေါ်မှာ မူတည်ပြီးတော့ လှည့်ပတ်ဖြေလို့ရတယ်။ လှပတဲ့ထွက်ပေါက်၊ လှပတဲ့အဖြေဆိုတာက မင်းလက်ရေးလှလှနဲ့ရေး ရင်တော့ လှပတဲ့အဖြေပေါ့။ လက်ရေးမလှတာနဲ့ရေးရင်တော့ အဖြေတော့အဖြေပါပဲ။ ဥပမာ- တရုတ်ပြည်နိုင်ငံရဲ့ အကြပ်အတည်းပေါ့။ တရုတ်ပြည်မှာလည်း အလွန်ချမ်းသာတဲ့ ကမ္ဘာ့ဒုတိယ အကြီးဆုံးတရုတ်ပြည်ဆိုတာက သူတို့လည်းဖြတ်သန်းလာခဲ့ရတာပဲ။ သူတို့မန်ချူးဘုရင်ကိုပုန်ကန်တဲ့ ဆွန်ယက်ဆင်တို့အဖွဲ့တွေ၊ သိတယ်မလား ပြီးလည်းပြီးရော ဆွန်ယက်ဆင်ကနေ အနီတွေကို အမှန်မှာ ချန်ကေရှိတ်လည်း အနီပဲ။ ချန်ကေရှိတ်နဲ့ ‌မော်စီတုန်းနဲ့ နှစ်ပေါင်းများစွာ ပြည်တွင်းစစ်တွေဖြစ်လို့ အခုချိန်ထိ ငါတို့နိုင်ငံမှာ မအေးချမ်းသေးတဲ့ ကိုးကန့်ဒေသ၊ ဝ ဒေသတို့ ဆိုတာ တရုတ်ပြည်တွင်းစစ်ရဲ့အမွေတွေပေါ့ကွ။ ဟုတ်တယ်မလား။ သူတို့လည်း အဲဒီမှာ ထွက်ပေါက်တွေရှိတယ်။ ၁၉၈၅ ခုနှစ်ကတည်းက Reformed လုပ်တယ် တရုတ်ပြည်က။ တရုတ်နဲ့ ရုရှားနဲ့ကွဲသွားတယ်။ ကွဲသွားတော့ ရန်သူရဲ့ရန်သူက မိတ်ဆွေဆိုပြီး အမေရိကန်နဲ့သွားပေါင်းတယ်။ ဒါပေမယ့်သူက ကွန်မြူနစ်ပဲ။ ပြီးတော့ စီးပွားရေး Reformed တွေလုပ်တယ်။ နိုင်ငံရေး Reformed တွေလုပ်တယ်။ အဲဒီအချိန်မှာ ဟိုဘက်ဒီဘက် ဆေးထိုးတယ်။ ဆေးထိုးတယ်ဆိုတာထိုးမှာပဲ ငါလည်း သူငယ်ချင်းတွေကိုကြပ်တာပဲ။ ကြပ်လို့ရတဲ့ကောင်ကြပ်တယ်။ ကြပ်လို့မရတဲ့ကောင်မကြပ်ဘူး။ ဆိုတော့ (၈၉) မှာ ဆေးထိုးတော့ Tiananmen ကိစ္စဖြစ်တယ်။ သံချပ်ကာ ကားနဲ့ကြိတ်သတ်ပစ်လိုက်တယ်။ လူဘယ်လောက်သေလဲ အခုချိန်ထိ ငါတို့မသိနိုင်ဘူး။ ဒါပေမယ့် အခု သူတို့လုပ်တဲ့ထွက်ပေါက်သည် ငါတို့နဲ့မတူတာ ဘာလဲဆိုတော့ တရုတ်တွေက လက်တွေ့ကျတဲ့နိုင်ငံရေးကို သုံးတယ်။ ငါတို့တွေ ရေလိုက်လွဲနေတာ၊ နိုင်ငံရေးဆိုတာ နိုင်ငံတွေကိုအုပ်ချုပ်မင်းလုပ်တဲ့ အသက်မွေးဝမ်းကြောင်းအရေးကို နိုင်ငံရေးလို့ထင်နေကြတာ။ အမှန်မှာက တရုတ်တွေရဲ့နိုင်ငံရေးဆိုတာက ငါတို့ငယ်ငယ်တုန်းက မဆလ ကျောင်းတွေမှာသင်ရသလို (၁) မိမိကိုယ်ကို ကောင်းအောင်ကြိုးစားရမယ်၊ (၂) မိမိအတန်းကို ကောင်းအောင်ကြိုးစားရမယ်၊ (၃) မိမိကျောင်းကို ကောင်းအောင်ကြိုးစားရမယ်၊ (၄) မိမိတိုင်းပြည်အတွက် ကောင်းအောင်ကြိုးစားရမယ် ဆိုတာ ငါတို့ငယ်ငယ်တုန်းက မဆလ ကျောင်းတွေမှာ အော်ရတယ်။ အဲဒါအမှန်ပဲ။ မင်းလုပ်နေတဲ့အလုပ်ကို ကြီးပွားချမ်းသာအောင်လုပ်၊ မင်းအောင်မြင်သွားရင် မင်းပတ်ဝန်းကျင်ကို ရေကန်ထဲကို ခဲပစ်သလို လှိုင်းလေးတွေကလည်း ကမ်းစပ်အထိရောက်သွားမယ်။ အဲဒီလိုလူတွေများသွားရင် လှိုင်းကြီး ကြီးလာမှာပေါ့ကွာ။ တရုတ်ပြည်က အဲဒါမျိုး။ လူတိုင်းချမ်းသာအောင် ကိုယ့်ဘာသာကိုယ်လုပ်ကြတယ်။ ဒါပေမယ့် နိုင်ငံရေးဆိုတာ ပရဟိတပဲ။ လူအများအကျိုးပြုဖို့ပဲ နိုင်ငံရေး။ မင်းကိုယ်မင်း ချမ်းသာအောင်လုပ်နိုင်မှ ကျန်တဲ့ ကောင်တွေကိုချမ်းသာအောင်လုပ်နိုင်မှာပေါ့။ မင်းကိုယ်တိုင်က အသက် (၇ဝ) ကျော်အထိ အိမ်မဝယ်နိုင်သေးဘဲနဲ့ သူများကိုကြီးပွားချမ်းသာအောင်လုပ်ပေးမယ်ဆိုရင် ဘယ်လိုလုပ်ယုံရမလဲ။ ဟုတ်တယ်မလား။ မင်းကိုယ်တိုင်တောင် အုံနာခ မပေးနိုင်လို့ ဆိုက်ကားမနင်းနိုင်တာကို မင်းကိုငါက သိန်းထောင်ကျော်တန် ကားကြီးအပ်ဖို့ယုံမလား။ အဲဒီတော့ တရုတ်ပြည်ရဲ့လက်တွေ့ကျတဲ့နိုင်ငံရေးဆိုတာ အဲဒါ။ အဲဒါကို လှပတဲ့နိုင်ငံ ရေးထွက်ပေါက်လို့ပဲပြောရမယ်။ တို့ဒီမြန်မာပြည်ရဲ့နိုင်ငံရေးအကြပ်အတည်းမှာ နိုင်ငံရေးထွက်ပေါက်က ဘာလဲဆိုရင် တစ်ဖက်က အပြတ်နိုင်သွားရင်တော့ နိုင်ငံရေးထွက်ပေါက်ရှိမှာပေါ့။ ဥပမာ- ဗီယက်နမ်လိုပေါ့။ နှစ်ပေါင်းများစွာ ပြည်တွင်းစစ်ကြီးကြာနေပြီးတော့ တောင်ဗီယက်နမ် လုံးဝရှုံးသွားတဲ့အခါမှာ နိုင်ငံရေးထွက်ပေါက်ရသွားတယ်။ အခု လှပတဲ့နိုင်ငံရေးထွက်ပေါက်ဆိုတာ နောက်နှစ်ပေါင်း (၂ဝ)၊ (၃ဝ)လောက်မှပြောလို့ရမယ်။ ဖြစ်စဉ်ကို ပြောလို့မရဘူး။ အခုလည်းအဲဒီလိုပဲ။ အခုဖြစ်နေတဲ့ဖြစ်စဉ်ကို ငါတို့ဝေဖန်ရတာ စောသေးတယ်။ အဲဒီတော့ လှပတဲ့ထွက်ပေါက်ဆိုတာ ပြဿနာတစ်ခုရဲ့အဖြေပဲ။ ပြဿနာတိုင်းမှာအဖြေရှိတယ်။ အဲဒီအဖြေကို မင်းက လှတယ်လို့ယူဆရင် လှမှာပဲ။ ဒါပေမယ့် အဲဒါက နောက်တော့မှပြန်ပြီးပြောမှ Record အနေနဲ့ ပြန်ပြီးသုံးသပ်ရမှာ။ အဖြေကတော့ အဖြေပါပဲပေါ့ ညီလေးရယ်။

မေး ။ ။ အဲဒီတော့ စစ်တပ်ကရော သူတို့လုပ်နေတဲ့အလုပ်က မှန်တယ်လို့ယူဆမလား၊ သူတို့ဘက်ကတော့ သူတို့မှန်တယ်လို့ ယူဆမှာပေါ့။ အစ်ကို့အနေနဲ့ ပြည်သူတစ်ယောက်အနေနဲ့ မြန်မာနိုင်ငံသားတစ်ယောက်အနေ နဲ့ပြောမယ်ဆိုရင် မှန်တယ်လို့ထင်လား။
ဖြေ ။ ။ အစ်ကိုပြောပြမယ်၊ ပြဿနာတစ်ခုဖြစ်တယ်ဆိုရင် ငါတို့တွေ တစ်ဖက်တည်းကိုပဲပြောလို့မရဘူး။ နှစ်ဖက်စလုံးကိုပြောရမယ်။ ဘယ်သူမဆို ကိုယ်မှန်တယ်ထင်လို့ လုပ်နေတဲ့သူတွေချည်းပဲ။ ဥပမာ- ဟိုဘက်က တော်လှန်နေတဲ့ချာတိတ်တွေလည်း ဆင်းရဲပင်ပန်းခံပြီး သူတို့လုပ်နေတယ်။ သူတို့မှန်တယ်ထင်လို့ လုပ်နေတာ။ ငါခုနကပြောတဲ့ တရုတ်ပြည်ရဲ့ထွက်ပေါက်ဆိုတာ အဲဒီမှာပါပြီးသွားပြီ။ နိုင်ငံရေးကိုအဓိပ္ပာယ်ဖွင့်လွဲနေတာ။ နားလည်မှုလွဲနေတာ။ သူတို့ကိုယ်သူတို့ နိုင်ငံတိုးတက်ဖို့အတွက် သေနတ်ကိုင်ပြီးတော်လှန်နေတယ်လို့ ထင်သလို ဟိုဘက်က ယူနီဖောင်းဝတ်ထားတဲ့အဖွဲ့အစည်းက ပုဂ္ဂိုလ်တွေ၊ ချာတိတ်တွေကလည်း အဲဒီလို မှန်တယ်လို့၊ ယူဆလို့ သူတို့လုပ်နေကြတာ။ လခ ရလို့မဟုတ်ဘူး။ ဟိုဘက်ဒီဘက်ကို သွားပြီး ဘလိန်းမလုပ်နဲ့။ ဟိုကောင်တွေကလည်းပြောရမယ်ဆိုရင် ကိုယ့်စရိတ်နဲ့ကိုယ် စစ်တိုက်နေတဲ့ကောင် တစ်ကောင်မှမပါဘူး။ နိုင်ငံတော်ဘဏ္ဍာကို တစ်နည်းနည်းသုံးပြီးတော့ မင်းဟာမင်း လှူတဲ့ပိုက်ဆံဖြစ်ရင်ဖြစ်မယ်။ ဆပ်ကြေးပေးတဲ့ ပိုက်ဆံဖြစ်ရင်ဖြစ်မယ်။ တော်လှန်နေတဲ့ EAOs လို့ခေါ်တဲ့ သူပုန်အဖွဲ့တွေလည်း ဘယ်ကောင်မှ ကိုယ့်အိတ်ထဲက ကိုယ်စိုက်ပြီး စစ်တိုက်နေတဲ့ကောင် တစ်ကောင်မှမပါဘူး။ အဲဒီတော့ သူတို့လုပ်နေတာ မှန်တယ်လို့ယူဆလို့ လုပ်နေတာ။ နားလည်ဖို့က အများစုကချာတိတ်တွေ၊ အသက် (၂ဝ)၊ (၂၅) အရွယ်တွေချည်းပဲ။ ဘယ်အဖွဲ့အစည်းမှာမဆို လူအများစုက Generations အသစ်လူငယ်တွေ၊ အနည်းစုက ထိန်းချုပ်ထားတာ။ ဟုတ်တယ်နော်။ ဟိုဘက်ကအဖွဲ့ကိုကြည့်ရင်လည်း သူတို့ Generations အသစ်တွေ။ အဲဒီတော့ သူတို့ ဝင်ထားတဲ့အဖွဲ့တွေ၊ သူတို့ရဲ့နိုင်ငံရေးခံယူချက်အရ မှန်တယ်ထင်လို့ သူတို့ကိုယ်ကျိုးစွန့်ပြီးလုပ်နေကြတာ။ ဟုတ်တယ်မလား။ အဲဒါတော့ လေးစားဖို့ကောင်းတယ်။ သို့သော် အမှန်မှာတော့ သူတို့အချင်းချင်းကွာ၊ နောက်ဆုံးကျတော့ အစကပြောသလို International exposure နည်းတာကိုပဲပြန်ပြောရမှာပဲ။ သိပ်ကို တော်လှန်နေချင်ရင် ထိုင်းမှာအလုပ်လုပ်နေရင်း ထိုင်းတော်လှန်ရေးမှာ ဝင်ပါလို့ရတာပဲ။ ထိုင်းက မွတ်ဆလင် ပြည်နယ် (၄) ပြည်နယ်မှာ တော်လှန်နေတာရှိတာပဲ။ ဝင်ပါ၊ ဝင်ချကြပေါ့။ အဲဒါမှမဟုတ်ရင် တရုတ်ပြည် ရွှေလီမှာ ဘဏ်ဓားပြတိုက်ပြီးပြန်လာခဲ့လေ။ ငါတို့ဆီက ကျပ်ကို ဓားပြတိုက်မယ့်အစား ယွမ်ငွေကို ဓားပြတိုက်ပြီး ပြန်လာကြပေါ့။ ကိုယ့်နိုင်ငံအကျိုးရှိတယ်ကွာ။ ခုနကလို တပ်အနေနဲ့ကလည်း အမေရိကန်က Blackwater တို့၊ ရုရှား က Wagner Group တို့လို ကြေးစားစစ်သားတွေဆီမှာ သွားလုပ်လေ။ ပိုက်ဆံရ ပြန်လာပေါ့။ အဲဒီတော့ International exposure နည်းတော့ သူတို့ထင်တာက ငါတို့အချင်းချင်း ဒီလိုလုပ်မှ တို့နိုင်ငံ အကျိုးရှိမယ်လို့၊ တို့နိုင်ငံရေးလုပ်နေတယ်လို့ယူဆတဲ့အတွက် သူတို့လုပ်တာ။ နှစ်ဖက်လုံးပဲ။ ဒီကောင်တွေလည်း လခလေး တစ်ပဲခြောက်ပြားနဲ့ ယူနီဖောင်းဝတ်ပြီးတော့ အချိန်မရွေးသေနိုင်တယ်ကွာ။ သူတို့ယုံကြည်ချက်မရှိဘဲ မလုပ်ဘူး။ ထိုနည်း၎င်းပဲ တော်လှန်နေတဲ့ချာတိတ်တွေဆိုတာလည်း သူတို့ငတ်ပြတ်ပြီး ကိုယ့်ကျည်ဆံကိုယ်လုပ်၊ ကိုယ့်ဗုံး ကိုယ်လုပ်ပြီးလုပ်နေတယ်ဆိုတာက ကိုယ့်နိုင်ငံတိုးတက်ဖို့အတွက် နိုင်ငံရေးလုပ်နေတယ်လို့ယူဆလို့ လုပ်နေကြ တာ။ သူတို့အတွက်တော့ သူတို့မှန်တာချည်းပဲ။ အဲဒီဟာကို တစ်ချိန်ချိန်မှာပေါ့ကွာ။ ငါလည်း အသက် (၂ဝ)၊ (၂၅) အရွယ်မှာ ငါလုပ်တာမှန်တယ်လို့ယူဆခဲ့တယ်။ အဲဒါဘာလို့လဲဆိုတော့ ငါမလေ့လာလို့၊ အဲဒီတော့ နှစ်ပေါင်း (၃ဝ) လောက် ငါလေ့လာလိုက်တဲ့အချိန်မှာတော့ ငါလုပ်ခဲ့တာ ဟာသကြီးကွ။

မေး ။ ။ ဆိုလိုတာက အစ်ကိုဆိုရင် အဲဒီခေတ် (၂ဝ) ကျော်အရွယ်ကိုပြန်သွားမယ်ဆိုရင် ဒီလိုလက်နက်ကိုင် တိုက်တဲ့အဆင့်ကိုသွားမှာမဟုတ်ဘဲနဲ့ တတ်နိုင်သမျှ ကိုယ့်တိုင်းပြည်အတွက်လုပ်လို့ရသမျှကို စပြီး ပြုပြင်ပြောင်းလဲရေးလုပ်သွားမယ့်သဘောပေါ့။
ဖြေ ။ ။ မိမိကိုယ်ကိုယ် ကောင်းအောင်ကြိုးစားမယ်ပေါ့ ညီလေးရယ်။ ငါနိုင်ငံခြားထွက်ပြီး ခုနကပြောသလို ဟိုပုဂ္ဂိုလ်တွေလို Asylum ခံပစ်လိုက်မယ်ပေါ့ကွာ။ ပြီးသွားရင် နိုင်ငံခြားသားလုပ်ပစ်လိုက်မယ်ကွာ။ ဟိုနိုင်ငံမှာ အလုပ်မလုပ်ဘဲနဲ့လည်း ထောက်ပံ့ကြေးရတာပဲကွ။ ငါ နယ်သာလန်သွားရင် နယ်သာလန်မှာအလုပ်မလုပ်ဘဲနဲ့ ယူရို(၈ဝဝ) လောက်ရတယ်ကွာ။ ပြီးသွားရင် ငါ့နိုင်ငံငါပြန်ပို့မှာပေါ့။ ငါဖွန်ကြောင်ပြီး ဆော်ဆီပို့ရင်ပို့လိုက်မယ်ကွာ။ ပြီးသွားရင် ငါ့မိသားစု ငါပြန်ခေါ်လို့ရတယ်ကွာ။ ယိုးဒယားမှာ ဗမာပြည်ကပိုက်ဆံ သိန်းထောင်ချီယူပြီး ဆေးကုမယ့်အစား ဆွစ်ဇာလန်မှာ ဆေးကုလို့ရတယ်ကွာ။ ငါပြောပြမယ် ဟိုဘက်ဒီဘက်ကို ငါမပြောချင်ဘူး။ ခုနက တော်လှန်တယ်ဆိုတဲ့အဖွဲ့အစည်းခေါင်းဆောင်တွေကလည်း အများစုသည် နိုင်ငံခြားသားတွေ၊ အဲဒါမင်း သတိထားမိလား။ အခု KNU ခေါင်းဆောင် နယ်ဒါးမြ ဆိုတဲ့ပုဂ္ဂိုလ်လည်း ထိုင်းပတ်စ်ပို့ဒ်ကိုင်ထားတဲ့ ထိုင်းနိုင်ငံသား။ အများစုသည် နိုင်ငံခြားသား။ ကျန်တဲ့သူတွေ ငါဖော်ပြီးမပြောဘူး အများကြီး။ “ဝ” အဖွဲ့ဆိုလည်း တရုတ်မှတ်ပုံတင်ကိုင်ထားတာ။ ဒါပေမယ့် မြန်မာနိုင်ငံမှာ လေယာဉ်ပစ်ဒုံးကျည်တွေတောင်ကိုင်နိုင်တယ်။ သေနတ်မျိုးစုံကိုင်ပြီး သံချပ်ကာကားတွေနဲ့ ဖိုက်တာကြီးတွေလုပ်နေပေမယ့် ဟိုဘက်နယ်နိမိတ်ကိုကျော်ပြီးတော့ သူတို့နိုင်ငံသားဖြစ်နေတဲ့တရုတ်ပြည်တို့ ယိုဒယားတို့ရောက်ရင် ဘယ်လိုနေလဲ သွားကြည့်လေကွာ။ လေသေနတ်တောင် မကိုင်ရဲဘူး အဲဒီကောင်တွေ။ ခုနက မင်းမေးခွန်းကိုပဲပြန်ပြောရမှာပေါ့။ အိမ်တွင်းရေးကို ဝင်ပြီးနှောင့်ယှက်တယ် လုပ်ရဲတယ်ဆိုတာက မင်းညံ့လို့လုပ်ရဲတာ။ ငါကွာ ဟိုနိုင်ငံတွေမှာနေတယ်။ ငါ့ဆီမှာ သေနတ်က လိုင်စင်နဲ့ကိုင်လို့ရတယ်။ ငါ့ဆီမှာ သေနတ်က မျိုးစုံရှိတယ်။ အဲဒီနိုင်ငံတွေမှာ ငါသေနတ်ပစ်ရင် သေနတ်ပစ်တဲ့ကွင်းမှာ သွားပြီးပစ်ရတယ်။ ငါဟာငါ အိမ်မှာ အရက်မူးလို့ သေနတ်ဖောက်ရင် နာရီဝက်အတွင်း ရဲ‌ရောက်လာလိမ့်မယ်။ ဒါပေမဲ့ ငါဗမာပြည်လာရင် လုပ်ရဲတယ်ကွ။

မေး ။ ။ အခုဒီ မြေပြင်အခြေအနေမှာကျတော့ အခြေခံပြည်သူတွေက ကြောက်ကြောက်လန့်လန့်နဲ့နေရတာ ရှိတယ်။ ပြည်သူတွေရဲ့ဘက်ကနေ ပြန်ပြီးတော့စဉ်းစားပြီးပြောရင် ဒီဟာတွေကို သူတို့တွေမလိုချင်တော့တာ တွေ့ရတယ်။ ပြည်သူတွေရဲ့ ကြောက်လန့်နေတဲ့အကြောက်တရားက ဒီလိုကာလမှာ ဒီလိုဖြစ်လေ့ရှိတယ်လို့ ပြောလို့ရမလား ဒါမှမဟုတ် တော်သင့်ပြီ၊ ရပ်သင့်ပြီ၊ တစ်ခုခုလုပ်သင့်ပြီလို့ ပြောချင်လား၊ ဘယ်လိုပြောချင်လဲ။
ဖြေ ။ ။ အေးပေါ့ညီလေးရယ်။ သမိုင်းတစ်ပတ်လည်တယ်ပဲပြောရမှာပေါ့။ လွတ်လပ်ရေးပြီးနောက်ပိုင်း မြန်မာ့ သမိုင်းကိုပြန်ကြည့်ရင် ဒီကာလရှိခဲ့တာပဲ။ ၁၉၄၈ ကနေ ငါထင်တယ်။ ၁၉၅၈ ကြားဖြတ်အစိုးရဆိုပြီး ဦးနေဝင်း အာဏာထိန်းတဲ့ဝန်းကျင်လောက်အထိက မြန်မာပြည်မှာ အဲဒီလိုပဲလေကွာ။ အခုကတော့ အဲဒီလောက်ထိ မဖြစ်သင့်ဘဲဖြစ်သွားတယ်ပဲ ပြောရမှာပေါ့။ ဟိုကာလတုန်းက ရဲဘော်သုံးကျိပ်ဆိုတာ လူငယ်တွေကွာ၊ သူတို့လဲ အဲဒီကာလတုန်းက Generation-Z ချာတိတ်တွေပဲ။ သူတို့တွေ တောခို၊ ပြန်လာ၊ လက်နက်ကိုင်လမ်းစဉ်ကို ရွေးတယ်။ ဒေါက်တာဘမော်က အဲဒီတုန်းက Breakthrough in Burma ဆိုတဲ့စာအုပ်တစ်အုပ်ကို Oxford မှာ ထုတ်တယ်။ မြန်မာပြည်မှာမဖြန့်ဘူး။ ဒေါက်တာဘမော်ကြီးပြောသွားတာက မြန်မာလူငယ်တွေက လက်နက်ကိုင်တဲ့အရသာကို သိသွားကြပြီတဲ့။ အဲဒီတော့ နောင်တစ်ချိန်ကျရင် လက်နက်ကိုင်ပြီးပဲ ဖြေရှင်းကြလိမ့်မယ်တဲ့။ အဲဒီအတိုင်းပဲပေါ့ကွာ ညီလေးရယ်။ အဲဒီကာလတုန်းက သူတို့လွတ်လပ်ရေး ရပြီးပြီးချင်းမှာ ‌တော်လှန်စရာ မရှိတော့ ကိုယ်အချင်းချင်း ဘောင်ချာဆုပ်ကြတာပေါ့။ အမှန်မှာအချင်းချင်းတွေချည်းပဲ။ ပြီးသွားရင် ခေါင်းဆောင်အချင်းချင်း အစ်ကိုကြီး၊ ညီလေးနဲ့ အဲဒီလိုအခြေအနေတွေ၊ အောက်ကကောင်တွေကပဲ ဖက်သတ်ရတယ်။ အဲဒီကာလမှာ အခုလက်ရှိမြန်မာပြည်မှာဖြစ်နေတဲ့အခြေအနေ ဖြစ်ခဲ့တယ်။ အခုသမိုင်းက တစ်ပတ်ပြန်လည်တာ။ အခုကာလမှာလည်း အစ်ကိုကြီး၊ ညီလေးတို့၊ မမတို့၊ မောင်လေးတို့ ရှိရင်ရှိမှာပေါ့။ သူတို့ အထက်ပိုင်း ခေါင်းဆောင်တွေကတော့ ငါမသိဘူးပေါ့ကွာ။ အောက်ပိုင်းကတော့ ၁၉၄၉ နဲ့ ၁၉၅၈ ကြားလိုပဲ မြင်နေရတာပဲ။ နောက်တစ်ခုက သမိုင်းတစ်ပတ်လည်တာလည်း တော်တော်နီးစပ်တယ်ကွ။ ငါအရင်တုန်းက ၂ဝ၁ဝ လောက်က ငါပြန်လာတုန်းက စာပေဗိမာန်မှာ စာအုပ်နှစ်အုပ်ကွာ အရှည်ကြီး၊ ၁၉၅၈ နဲ့ ၆၂ ကြား မြန်မာ့နိုင်ငံရေးသမိုင်းဆိုတာကို ငါယူသွားပြီး ဖတ်တယ်။ အခုဖြစ်တာနဲ့ အတူတူပဲကွ။ ဦးနေဝင်း အာဏာမသိမ်းခင် တစ်ညအထိ မြန်မာ့အသံမှာ Live လွှင့်ပြီးတော့ ဆွေးနွေးကြတာ ဖက်ဒရယ်ကိစ္စကို။ ဆိုတော့ အဲဒီလိုမျိုး တစ်ပတ်လည်နေတာ။ အဲဒီတော့ ပြည်သူတွေက ဘယ်လိုဖြစ်သင့်လဲဆိုတော့ ငါလည်းမသိဘူးပေါ့ကွာ။ သို့သော် ဒီကိစ္စကြီးကို ရပ်ဖို့ဆိုတာကတော့ တစ်ဖက်က အပြတ်နိုင်မှရပ်မယ်။ အဲဒီတော့ အစ်ကိုစပြောတဲ့အထဲမှာပါတယ်။ စစ်ဖြစ်နေရင် အာဏာရှင်စနစ်ဆိုတာ ရှိမှာပဲ။ အာဏာရှင်ဆိုတာက တို့တွေက ပါးစပ်ကအလွယ်ပြောပေမယ့် အာဏာရှင်ဆိုတာက ဟိုနိုင်ငံက ဒီမိုကရေစီစနစ်မှာ အာဏာရှင်ဆိုတာ ခန့်တာကွ ရောမမှာ ခန့်တယ်ဆိုတာ။ နိုင်ငံမှာ ရောဂါကပ်ဘေးတွေ၊ စစ်ဘေးတွေဖြစ်တဲ့အချိန်မှာ အာဏာရှင်ဆိုပြီးခန့်တာ။ အဲဒီတော့ ဖက်ဆစ်ဆိုတာကလည်း အဲဒီအာဏာရှင်ကြီး ရှေ့ကကိုင်တဲ့ကြိုးရဲ့ ချိန်းသီးလေးမှာ ပုဆိန်လေးပါတဲ့ဟာကို ဖက်ဆစ်လို့ခေါ်တာ။ အဲဒီ ကနေ ဖက်ဆစ်စနစ်လို့ခေါ်တာ။ အဲဒီတော့ စစ်ဖြစ်နေရင် အာဏာရှင်စနစ်ဆိုတာရှိမှာပဲ။ မင်းဟာမင်း ဘယ်လိုပြောမလဲ ပြည်သူက ခန့်ခန့်၊ ကိုယ့်ဘာသာကိုယ်ခန့်ခန့်၊ နိုင်ငံတော်ကြီး ချောက်ကမ်းပါးထဲမကျခင် ကယ်တင်ဖို့ တို့ ဘာတို့ပေါ်လာမှာပဲ။ အဲဒီတော့ တို့ဗုဒ္ဓဘာသာမှာ အကြောင်းရှိရင် အကျိုးရှိတယ်ကွ။ မီးရှိရင် မီးခိုးရှိမှာပဲ။ တို့တွေက မီးခိုးပဲသွားမကြည့်ဘဲ မီးကိုကြည့်နေတယ်။ မီးဟာ ဘာလဲဆိုရင် ပြည်တွင်းစစ်ပဲ။ စစ်ဖြစ်နေရင် အာဏာရှင်စနစ်ဆိုတာ ရှိနေမှာပဲ။ သီရိလင်္ကာနိုင်ငံမှာ စစ်ဖြစ်နေတဲ့အချိန် အာဏာရှင်ဆိုတာရှိတာပဲ။ တစ်ဖက်က အပြတ်နိုင်သွားတဲ့အချိန်ပြီးသွားတာပဲ။ အမေရိကန်မှာလည်း ပြည်တွင်းစစ်ဖြစ်နေတဲ့အချိန်မှာ သမ္မတသည် အာဏာရှင်ပဲ။ ဥပမာ- ကမ္ဘာ့စစ်ကူဝင်တိုက်နေတဲ့အချိန်မှာလည်း တကယ်လို့ ရွေးကောက်ပွဲလုပ်ဖို့ မလိုဘူးဆိုရင် သမ္မတသည် အာဏာရှင်အနေနဲ့ အာဏာဆက်ထိန်းပြီးသွားဖို့ ပါလီမန်ကခွင့်ပေးတယ်။ အဲဒီတော့ မီးကိုငြိမ်းလိုက်မှ မီးခိုးကသေမှာပေါ့။ အခုက စစ်ကိုဆက်ရှိစေချင်တဲ့သူတွေသည် အာဏာရှင်စနစ်ကို သက်ဆိုးရှည်စေချင်တဲ့သူလို့ ငါတို့သတ်မှတ်ရမှာပဲ။ အဲဒါကြောင့်မို့လို့ တစ်ဖက်က အပြတ်နိုင်အောင် မလုပ်တာ နေမှာပေါ့။ EAOs ဆိုတဲ့ ခေါင်းဆောင်တွေဆိုတာလည်း သူတို့ပြည်နယ်တွေ လွတ်လပ်ရေးရပြီး ခွဲထွက်သွား တယ်ပဲထားဦး။ သူတို့ပြည်နယ်တွေမှာ အမေရိကန်ဒီမိုကရေစီပုံစံအတိုင်း ဒီမိုကရေစီပေးမယ်လို့ထင်လား။ သူတို့ ဘာလုပ်သွားမယ်ထင်လဲ ခေါင်းဆောင်တွေက။ ဒါက အရှိကိုအရှိအတိုင်းပြောတာ ငါဘယ်ဘက်မှလည်း မပါဘူး။ ဂရုလည်း မစိုက်ဘူး။ ငါလည်း ငါကြိုက်တာငါလုပ်တယ်။ နိုင်ငံရေးအယူအဆမှာ ငါမြင်တာငါပြောတာပေါ့။ ဘယ်သူ့ကိုမှလည်း ကိုယ်စားမပြုဘူး။ ငါ့ကိုယ်ငါပဲ ကိုယ်စားပြုတယ်။ ဗုဒ္ဓဘာသာမှာ မင်းသိတဲ့အတိုင်းပဲ။ အတ္တာဟိ အတ္တ‌နော နာထော။ ငါကိုယ်ငါပဲကိုယ်စားပြုတယ်။ ငါမြင်တာပဲ ငါပြောတယ်။ ကျန်တဲ့လူတွေ အမြင်ကတော့ လေးစားတယ် ဒါပေမယ့် ငါနဲ့မဆိုင်ဘူး။

မေး ။ ။ ကျွန်တော် တစ်ခု၊ နှစ်ခုလောက်ပဲ မေးဖို့ကျန်ပါတော့တယ်။ တစ်ခုကဘာလဲဆိုတော့ ကျွန်တော်တို့ (၈၈) အပြီးမှာ နိုင်ငံခြားကို မြန်မာပြည်ကထွက်သွားတဲ့လူတွေနဲ့ပတ်သက်ပြီးတော့ ကျွန်တော်ကြားလိုက်တဲ့၊ ကြားရတဲ့ စာရွက်စာတမ်းလေး ဖတ်ဖူးတာလေးပေါ့။ အဲဒါက နိုင်ငံခြားရောက်သွားပြီးတဲ့အခါကျရင် နိုင်ငံခြားက အထောက်အပံ့ငွေတွေယူပြီးတော့ မြန်မာပြည်နဲ့ပတ်သက်ရင် ကောင်းတာလုပ်ပေးလို့ရရဲ့သားနဲ့ ဒီမိုကရေစီအရေးခေါင်းစဉ်တပ်ပြီးတော့ ‌‌ငွေရှာစားတဲ့အုပ်စုက ကြီးကြီးမားမားကိုရှိတယ်။ အဲဒီလိုမျိုး (၈၈) မှာ ဖြစ်ခဲ့တယ်လို့ ကြားတယ်။ နာမည်တွေလည်း တချို့ကျွန်တော်သိတယ်။ ဒါပေမယ့် မပြောဘူးထားပါ။ တစ်ခါ အခု ၂၁ အခင်း အကျင်းကြည့်တော့လည်း အဲဒီခေတ်အတိုင်းပဲ သွားတာတွေ့ရတယ်။ အဲဒီတော့ သူတို့တွေက ဒီမိုကရေစီလို့ အော်နေပေမယ့် သူတို့ကိုယ်ကျိုးပဲသူတို့စဉ်းစားနေတာ သွားတွေ့ရတယ်။ ဆိုတော့ အဲဒီဖြစ်စဉ်တွေက တစ်ပုံစံတည်းပဲလား။ မှန်လား။ (၈၈) တုန်းကရော ကျွန်တော်အခု ကြားတဲ့ဟာမှန်လား။
ဖြေ ။ ။ အဲဒါတွေကျတော့ ဝေဖန်တဲ့ပုံစံတွေတော့ မပြောချင်ဘူးပေါ့ကွာ။ သူတို့ဟာသူတို့ ဘယ်သူမဆို သူတို့ လုပ်ရပ် သူတို့တာဝန်ယူရမှာ‌ပေါ့။ အခုလက်ရှိလုပ်တာတော့ ငါမပြောချင်ဘူး။ အရင်တုန်းကဖြစ်ခဲ့တဲ့ နှစ်ပေါင်း (၂ဝ)၊ (၃ဝ) က ငါဖြတ်သန်းခဲ့တော့ ငါပြောမှာပေါ့။ အခုဖြစ်စဉ်ကတော့ (၂၁) ကစပြီးတော့ ဖြတ်သန်းနေတာ တစ်နှစ်ပဲရှိသေးတယ်။ နိုင်ငံရေးစကားပြောကြတာလည်း တစ်နှစ်ပဲရှိသေးတယ်။ အဲဒီမတိုင်ခင်တုန်းက အများစုက ဂိမ်း‌ဆော့ကြ၊ ဆိုရှယ်မီဒီယာပေါ်မှာ မင်းသား၊ မင်းသမီးကိစ္စပြောကြ ဒါပဲစိတ်ဝင်စားကြတယ်။ နိုင်ငံရေးအကြောင်းကို ဘယ်သူမှစိတ်မဝင်စားကြဘူးမလား။ ဆိုတော့ အခုဖြစ်ပေါ်နေတဲ့ အကြောင်းတွေကိုတော့ ငါမပြောချင်ဘူး။ ငါဖြတ်သန်းလာတဲ့ဟာကို ငါပြောမယ်။ တို့ခေတ်တွေတုန်းက တို့ရှေ့မှာ နိုင်ငံတကာကို ရောက်သွားတဲ့လူတွေက ၁၉၇၅ ဦးသန့်အရေးအခင်းက ပုဂ္ဂိုလ်တွေ၊ American Citizen ဖြစ်သွားတာတို့ ဘာတို့ ဦးနေဝင်းအာဏာသိမ်းပြီးနောက်ပိုင်း၊ ဥပမာ- ကြေးမုံဦးသောင်းတို့ဟုတ်တယ်မလား ကိုတင်မောင်တိုး ခေတ်ပြိုင် မီဒီယာက ကိုတင်မောင်ဝင်းတို့ အဲဒါတွေက ၁၉၇၅ တောခိုနောက်ပိုင်း ရောက်သွားတာ။ အဲဒီတော့ ဦးနု PDP ဆိုပြီးတော့ အဝေးရောက်အစိုးရပေါ့ကွာ။ ပြည်ပြေးအစိုးရပဲထားပါတော့။ အဝေးရောက်အစိုးရ အခုလိုပဲ NUG တို့လို ဦးနုအစိုးရလုပ်ခဲ့တာပေါ့။ အဲဒီ ဦးနုအစိုးရကိုတော်လှန်ဖို့ ပထမဆုံးပိုက်ဆံပေးတာ ငါတို့ ကနေဒါကနေတစ်ဆင့် CIA က ပေးသွားတာ။ အဲဒီတော့ တို့ရှေ့ကဆရာကြီးတွေ ကိုတင်မောင်ဝင်းတို့ ဦးနုရဲ့သား ဦးအောင်တို့ ရှိကြတယ်ပေါ့ကွာ။ တို့အရင်ရောက်သွားတာ။ သူတို့လည်းအဲဒီလိုပဲ ဟိုနိုင်ငံတွေမှာ နိုင်ငံခြားသားခံယူပြီးတော့ စားသောက်ဆိုင်အလုပ်တို့၊ ကောင်းရောင်းကောင်းဝယ် လုပ်နေကြရာကနေ (၁၃) နှစ်လောက်နေတော့ (၈၈) ဖြစ်စဉ်လည်းပေါ်ရော ပွဲတော်ကြီးတွေ့သွားတာပေါ့ကွာ။ မဟုတ်ရင် မြန်မာနိုင်ငံကို ဘယ်သူမှစိတ်မဝင်စားဘူး။ အဲဒီတော့ သူတို့အဖွဲ့တွေက တို့နယ်စပ်မှာရှိတဲ့ကျောင်းသားတွေကိုထောက်ပံ့ဖို့ဆိုပြီးတော့ ရောက်လာကြတာပေါ့။ တို့ကတော့ သူတို့ကိုအားကျတာပေါ့ကွာ။ သူတို့က American Citizen ကြီးတွေဖြစ်နေကြပြီဆိုတော့။ တို့ကို လာပြီးကူညီကြတယ်။ နောက်တော့ကျတော့ တို့အထဲကလူတွေက ဥပမာ- ဒေါက်တာဇာနည်တို့ကတော့ အဲဒီကာလတုန်းက ကြိုရောက်နေတာပေါ့။ အမေရိကန်မှာ စကောလာနေရင်းကနေ ရောက်ပြီးတော့မှ အခုလိုပေါ့ကွာ သံရုံးမှာဆန္ဒပြပြီးတော့ နေတဲ့လူတွေပေါ့ကွာ ထားပါတော့။ ငါတို့ကာလတုန်းကကျတော့ ငါတို့တွေက ဂျလုံးပလုံးချာတိတ်တွေ မသိကြဘူး။ အဲဒီလိုမျိုး နိုင်ငံသားယူလို့ရတယ်။ ငါတို့မြန်မာပြည်အရေး၊ မြန်မာပြည်မှာ ဒီမိုကရေစီရဖို့အရေးကို ဗန်းပြပြီးတော့ လုပ်ငန်းအနေနဲ့ အဓိကက မင်းကို မင်းအသက်မွေးဝမ်းကြောင်းအတွက် လစဉ်လခပေးရင် မင်းလုပ်စားတာပဲပေါ့။ ဥပမာ- မင်း မီဒီယာအလုပ်လုပ်စားတယ်။ မင်းမီဒီယာအလုပ်က Income ပြတယ်။ အဲဒီတော့ မင်း ဟိုနိုင်ငံရောက်ပြီး နိုင်ငံရေးလုပ်စားတယ်ဆိုရင် ဥပမာ- ဟိုနိုင်ငံက အမေရိကန် ကွန်ဂရက်က တရားဝင်ရှိတဲ့ပါတီတစ်ခုကိုဝင်ပြီးတော့ လုပ်စားရင်တော့ မင်းက အမေရိကန်နိုင်ငံရေးလုပ်စား တယ်လို့ ပြောလို့ရတယ်။ အဲဒီတော့ မြန်မာပြည်ကို ဒီမိုကရေစီရဖို့အတွက်ဆိုပြီးတော့ ဟိုး ကမ္ဘာကြီးတစ်ခြမ်း ကနေလှမ်းပြီးတော့ မင်းက သံယောဇဉ်မပြတ်တဲ့အတွက် ကိုယ့်နိုင်ငံကြီးကောင်းရာ ရောက်ဖို့အတွက် မင်းက နတ်ဘုံနတ်နန်းဆိုတဲ့အမေရိကန်ကြီးကနေ လှမ်းလုပ်ပေးနေရင်းကနေ မင်းအသက်မွေးဝမ်းကြောင်း အဆင်ပြေသွားတယ်ဆိုရင်တော့ မင်းခုနကပြောသလို လုပ်စားတယ်လို့ပြောလို့ရတာပေါ့။ ဟုတ်တယ်မလား ညီလေး။ ဒါ ငါဝေဖန်တာတော့မဟုတ်ဘူး။ အဲဒီတော့ ငါတို့အဖွဲ့၊ ငါတို့မျိုးဆက်က တချို့တွေကလည်း အဲဒီလိုပဲ ဟိုဘက် နိုင်ငံရောက်သွားတယ်။ ရောက်သွားပြီးတော့ ဟိုဘက်နိုင်ငံကနိုင်ငံ‌ရေးမှာ ဝင်လုပ်တာပေါ့။ နော်ဝေနိုင်ငံမှာ‌ ရောက်ပြီးတော့ နော်ဝေနိုင်ငံရေးပါတီမှာ ဝင်လုပ်တာပေါ့။ နော်ဝေစကားနဲ့ပြောပြီးတော့ နော်ဝေမီဒီယာမှာ နော်ဝေသတင်းထောက်တွေနဲ့ဝင်လုပ်တာပေါ့။ ငါတို့မြန်မာပြည်အကြောင်းပြောပြီး မြန်မာပြည်နိုင်ငံရေးကို ဝင်ပါတာ။ ပြန်လာပါလားဆိုတော့လည်း ပြန်လာပြီးနေတဲ့ကောင်တွေ အများစုမရှိပါဘူးကွာ အခုချိန်အထိ။ မြန်မာပြည် ၂ဝ၁၅ နဲ့ ၂ဝ၁ဝ ကြား ဒီမိုကရေစီတစ်ပိုင်းအစိုးရတွေပေါ့ကွာ။ ဒီမိုကရေစီလို့ မပြောပါဘူး။ အဲဒီတုန်းက တောက်လျှောက်က (၆၂) ကတည်းက စစ်တပ်ကနေ အုပ်ချုပ်နေတာပဲ။ ဆိုတော့ အဲဒီအစိုးရ လက်ထက်ကလည်း ပြန်လာတဲ့ကောင် ဘယ်နှစ်ယောက်ရှိလို့လဲ။ တို့အဲဒီလိုဖြစ်တော တချို့ပါသွားတယ်။ ပါသွားတယ်ဆိုတာ နိုင်ငံတကာကိုရောက်တယ်။ ပြီးရင် မြန်မာ့နိုင်ငံရေးဆိုတဲ့ အာဂျန်ဒါ(Agenda )ပေါ်မှာ အသက်မွေးဝမ်းကြောင်းအနေနဲ့အလုပ်လုပ်ရတယ်။ အဲဒီဟာပြီးလည်းပြီးရော (၉ဝ) ရွေးကောက်ပွဲမှာ အာဏာမလွှဲပေးတော့ တောခိုလာတဲ့ ဒေါက်တာစိန်ဝင်းတို့၊ ငါကသူ့ကို ဗိုလ်ချုပ်ကြီးစိန်ဝင်းလို့ နောက်တယ်ကွ၊ ငါနဲ့ခင်ပါတယ်။ သူတို့ဒေါက်တာစိန်ဝင်းတို့အဖွဲ့တွေကလည်း NCGUB ဆိုပြီး အဝေးရောက်ညွန့်ပေါင်းအစိုးရဆိုပြီး အခုလိုပေါ့ ဖွဲ့ကြတယ်။ ဖွဲ့ကြတော့လည်း သူတို့ရဲ့ဘတ်ဂျက်က ငါတို့ပြည်သူတွေ အခုလိုမျိုးဝိုင်းပြီးတော့ Wave Money တွေ K-Pay တွေကနေ လှူကြတာမဟုတ်ဘူး။ နိုင်ငံတကာကပေးတဲ့ပိုက်ဆံပေါ့။ ဆိုတော့ အဲဒါကဘာအပေါ်မှာ တည်လဲဆိုတော့ တို့နိုင်ငံက ကိုယ့်အိမ်တွင်းရေး ကိုယ်မလုံတဲ့အတွက် သူများနိုင်ငံက ဝင်ပါတာပေါ့။ နိုင်ငံရေးသမားအနေနဲ့ဆင်ခြင်ရမှာက ဟိုနိုင်ငံက နိုင်ငံရေးသမားတွေ၊ မင်းပြောတဲ့နောက်ဆုံးမေးခွန်းထဲမှာ ဟိုဘက်နိုင်ငံက လူတွေက တို့ကိုဘယ်လိုမြင်လဲဆိုတာပါတယ် ဟုတ်တယ်မလား။ အဲဒီဟာကို တစ်ပိုင်းပြောပြမယ်။ အဲဒါနဲ့ ဆက်စပ်နေတယ် ဘာလို့လဲဆိုတော့ ဟိုနိုင်ငံတွေမှာ နိုင်ငံခြားသားတွေ ငါတို့ကိုမြင်တဲ့အမြင်မှာ ပြည်သူတွေ မြင်တာနဲ့ နိုင်ငံရေးသမားမြင်တာနဲ့မတူဘူး။ ပြည်သူအများစုဆိုတာက အေးအေချမ်းချမ်းတည်ငြိမ်တဲ့နိုင်ငံဖြစ်တဲ့ အတွက် ကိုယ့်အလုပ်ကိုယ်လုပ် ကိုယ့်ထမင်းကိုယ်ရှာစားတယ်။ မြန်မာပြည်အကြောင်းကို စိတ်လည်းမဝင်စားဘူး။ ဟို ဒေါ်နယ်ထရန့်ရဲ့ အကြံပေးကတောင် မြန်မာနဲ့ ဘားမားနဲ့တူတယ်ဆိုတာ မသိဘူးလေ။ မြန်မာပြည် အကြောင်းနားမလည်ဘူး။ အဲဒီတော့ အောက်ကကောင်တွေက မြန်မာပြည်အကြောင်း သိပါတယ်ဆိုတဲ့ ကောင်တွေက သူတို့ဘာသာနဲ့ပြောတဲ့မီဒီယာကနေ ပြီးတော့ အများဆုံးဖတ်ဖူးရင် နာရီဝက်ပေါ့ကွာ။ ငါတို့လိုပဲ ငါတို့နိုင်ငံမှာဝင်ပြီးတော့ လမ်းဘေးထမင်းဆိုင်မှာစားမယ့်ကောင်လဲ မဟုတ်ဘူး။ ထန်းရည်ဆိုင်မှာ သောက်မယ့်ကောင်လဲ မပါဘူး။ အဲဒီတော့ ငါတို့ဘဝကို Share လုပ်မယ့်ကောင်တွေ တစ်‌ကောင်မှမပါဘူး။ ငါတို့အကြောင်းကို သိပါတယ်ဆိုတဲ့ကောင်က သတင်းစာထဲဖတ်ရင် အလွန်ဆုံးနာရီဝက်၊ တီဗီမှာပါတာ ခဏကြည့်တာ၊ ဟာ ဟိုနိုင်ငံကကောင်တွေ ရက်စက်တယ်၊ ဟိုကောင်က ဘာလုပ်တယ်၊ ဒီလောက်ပဲသိမှာ။ အဲဒီတော့ နိုင်ငံရေး သမားဆိုတဲ့ကောင်တွေကျတော့ ဘာလဲဆိုတော့ သူတို့က အမှန်သိလာတာတောင်မှ သူတို့နိုင်ငံမှာလည်း နိုင်ငံရေးသမားဆိုတာ နိုင်ငံရေးလုပ်စားတာပဲ။ ကိုယ့်ပြည်တွင်းရေး၊ အင်တာနေရှင်နယ်ရေး ဆိုပြီး နှစ်မျိုးရှိတယ်။ အဲဒီတော့ သူတို့က ပြည်ပအင်တာနေရှင်နယ်အရေးမှာ သူတို့နိုင်ငံတွေမှာ Re-election ရှိတယ်။ လေးနှစ်တစ်ခါ၊ ငါးနှစ်တစ်ခါ။ ပြန်ပြီးတော့အ‌ရွေးခံရဖို့အတွက် Political Credit လိုတယ်။ ပြီးသွားရင် တို့နိုင်ငံမှာလို နိုင်ငံရေး ပြင်ဆင်ချိန်ဆိုတာလည်း ရှိချင်မှရှိတာ။ ပြီးရင် သူတို့ထပ်ပြီးအရွေးမခံရတဲ့အခါကျရင် အဲဒီအရင်က သူတို့နိုင်ငံရေးလုပ်တုန်းက ကျေးဇူးခံ၊ ကျေးဇူးစားပုဂ္ဂိုလ်တွေနဲ့ပတ်သက်ပြီးတော့ နိုင်ငံရေးလုပ်စားကြတယ်။ အနီးဆုံး ဥပမာပြောရရင် ငါတို့ အီရတ်ကိုပြောရမယ်။ ဘာလို့ဆို အီရတ်မှာ အာဏာရှင်ကြီး ဆက်ဒန်ဟူစိန် အုပ်ချုပ်နေတုန်းက သူ့ကို ကလန်တဲ့ ပြည်ပြေးတွေရှိတယ်။ အဲဒီပြည်ပြေးတွေက အင်္ဂလန်ကိုပြေးတယ်။ အမေရိကန်ကို ပြေးကြတယ်။ ဆက်ဒန်ဟူစိန်သည် အမှန်မှာ သူတို့လူ၊ ဘာလို့လဲဆိုတော့ အီရန်ကို ကာပြန်ဖို့အတွက် ဒီဘက်က အာဏာရှင်ကြီးကို အီရန်နဲ့ အီရတ် တိုက်တယ်၊ ဒီဘက်ကနေ အနောက်နိုင်ငံတွေ ပါတာပဲ။ ဒါပေမဲ့ သူ့ကိုဆန့်ကျင်တဲ့ကောင်တွေကို လက်ခံထားတယ်။ အနောက်နိုင်ငံက ပြည်သူတွေရဲ့အမြင်မှာတော့ အီရတ်နိုင်ငံမှာ အာဏာရှင်အုပ်ချုပ်တယ်ဆိုပေမယ့် အီရန် ဘာသာရေးအစွန်းရောက်တွေကို ပြန်ခံချနေတဲ့ အာဏာရှင်ကောင်းကြီးအုပ်ချုပ်နေတယ်လို့ပဲမြင်တာ။ ဒါပေမယ့် သူ့ကို ကလန်တဲ့ကောင်တွေကို အနောက်နိုင်ငံက မွေးထားတာ။ ဥပမာကွာ ဟုတ်ချင်မှဟုတ်မယ်၊ ငါပါးစပ်ထဲရှိတဲ့ နာမည်ပြောလိုက်မယ်။ ဥပမာ- ဝန်ကြီးချုပ် တိုနီဘလဲပဲ ထားပါတော့။ တိုနီဘလဲက ပြည်ပြေးတွေပေါ့၊ ငါတို့လိုမျိုး သူများနိုင်ငံရောက် ပြည်ပြေးပဲခေါ်တာပေါ့။ သူတို့တွေကို သူ့အိတ်ထဲကပိုက်ဆံနဲ့ ကူညီတာမဟုတ်ဘူးကွ။ အီရတ်နိုင်ငံကြီး ဒီမိုကရေစီရရှိဖို့၊ အာဏာရှင်ကြီးဖြုတ်ချဖို့ဆိုပြီးတော့ ဒီလူတွေကို ဘာနဲ့ထောက်ပံ့လဲဆိုတော့ သူတို့ရဲ့ပြည်သူ့ဘဏ္ဍထဲက ထောက်ပံ့တာ။ အင်္ဂလန်မှာ သူတို့ပင်စင်ယူတယ်ကွာ။ သူတို့ပြန်အရွေးမခံရဘူးကွာ။ အဲဒီအချိန်ကျတော့ အီရတ်မှာ သူတို့ဘာလုပ်လဲဆိုတော့ Lobby Farm ဆိုပြီး လော်ဘီလုပ်တဲ့ကုမ္ပဏီဖွင့်တယ်။ ကဲ..အီရတ်မှာ ရေနံပိုက်လိုင်းလုပ်တဲ့ ပရောဂျက်တစ်ခုလိုချင်တယ်ဆိုရင် မင်းလွယ်လွယ်လေးရယ်၊ ငါက အင်္ဂလိပ် ကုမ္ပဏီတစ်ခု၊ အီရတ်မှာ ဒေါ်လာသန်းရာချီတဲ့ပရောဂျက်တစ်ခုကို ငါလိုချင်တယ်ဆိုရင် ငါလော်ဘီလုပ်မယ့် အဲဒီဝန်ကြီးချုပ်ကနေ အငြိမ်းစားယူထားတဲ့ တိုနီဘလဲရဲ့ကုမ္ပဏီကို ကပ်ရမယ်။ ငါသိပြီးသွားပြီလေ၊ ဘာလို့လဲဆိုရင် အဲဒီ တိုနီဘလဲနဲ့ အီရတ်က ရေနံဝန်ကြီးနဲ့ ပြည်ပြေးဘဝတုန်းက အဆက်အသွယ်ရှိတယ်ဆိုတာသိတော့ ငါကသူ့ကို ဒီကန်ထရိုက်ရအောင် လုပ်ပေးဖို့ပြောမယ်။ သူက ဘယ်လိုလုပ်ပေးမယ်မပြောဘူး။ ရော့... စာချုပ်ချုပ်၊ ဒေါ်လာ (၂) သန်းဆိုပြီး ဟိုဘက်ကလူကို သူသွားပြောမယ်။ ရရင်လည်းအမြတ်၊ မရရင်လည်း အရှုံးပေါ့။ ဆိုတော့ အဲဒီနိုင်ငံရေးသမားတွေက ငါတို့(၈၈) က ထွက်သွားတဲ့သူတွေကို သူတို့နိုင်ငံရဲ့ဘတ်ဂျက်ထဲက ဝေဿန္တရာလုပ်ပြီး ဒါနပြုတယ်ဆိုတာ အချုပ်အနှောင်တော့ ရှိတာပေါ့ကွာ။ တချိန်ချိန်မှာ အပေးအယူရှိတာပေါ့။ ကျေးဇူး ကြွေးတင်တာပေါ့။ အဲဒီတော့ ဝင်လုပ်တဲ့လူတွေကလည်း ဟိုနိုင်ငံမှာ ဥပမာ- မင်းက နော်ဝေကို ရောက်သွားတယ်ထား၊ နော်ဝေစကားလည်းမတတ်ဘူး၊ မင်းကိုဒုက္ခသည်အနေနဲ့ခေါ်သွားတယ်။ မင်း ဘာပညာမှမတတ်တော့ မင်း စလုပ်ရင် တံမြက်စည်းလှည်းတာတို့၊ စားသောက်ဆိုင်မှာ စာပွဲထိုးတို့လုပ်ရမယ်။ သို့သော် မင်းက ဟုတ်ပြီ။ သီရိလင်္ကာနိုင်ငံကလာတဲ့ ဒုက္ခသည်ပဲထား၊ အခုသီရိလင်္ကာနိုင်ငံမှာ တော်လှန်ရေးတွေဖြစ်နေပြီဆိုရင် မင်းက သတင်းဌာနမှာ ဆရာကြီး။ သီရိလင်္ကာစကားနဲ့ မင်းအလုပ်လုပ်လို့ရတယ်။ ဆရာကြီးလုပ်လို့ရတယ်။ လုပ်စားလို့ရတယ်။ မင်းအနည်းဆုံး မင်းရဲ့စားဝတ်နေရေးကို ကိုယ့်နိုင်ငံအတွက် အလုပ်လုပ်ရင်းနဲ့လုပ်လို့ရတယ်။ အဲဒီတော့ မင်းခုနကပြောတာ အဲဒါပဲ‌ပေါ့။ အခုဟာနဲ့ယှဉ်ကြည့်ပေါ့။

မေး ။ ။ ဟုတ်ကဲ့အစ်ကို နောက်ဆုံးအပိတ်အနေနဲ့ အစ်ကိုမြင်ချင်တဲ့မြန်မာနိုင်ငံက ဘာဖြစ်မလဲ။ အသက်တွေလည်း ကြီးလာပြီဆိုတော့ အစ်ကိုမြင်ချင်တဲ့မြန်မာနိုင်ငံကို လိုတိုရှင်းလေးပြောကြည့်ပေါ့။
ဖြေ ။ ။ အသက်ကြီးတာတော့ မလုပ်နဲ့ကွာ။ အသက်တော့မကြီးသေးဘူး။ အဲဒီတစ်ခုတော့ ရှောင်ပေါ့ (ရယ် လျက်)။ ငါမြင်ချင်တဲ့မြန်မာပြည်ကတော့ တိုးတက်တဲ့မြန်မာပြည်ကို မြင်ချင်တယ် ညီလေးရာ။ ကိုယ့်မြန်မာလူမျိုး အချင်းချင်း ငါတို့ဆိုဘယ်နိုင်ငံပဲသွားသွား အာရှရုပ်၊ တရုတ်ရုပ်ပေါက်ပြီးတော့ မြန်မာစကားပြောရင် အကုန် စကားလိုက်ပြောတာပဲ။ ငါက လိုက်လိုက်ပြီး စကားပြောတယ်။ ဘာလို့ဆို ငါ့နိုင်ငံမှာနေရင် ငါက ရန်ကုန်သား။ တစ်ယောက်က ပခုက္ကူသားဆိုပေမယ့် ကိုယ့်နိုင်ငံသားအချင်းချင်း မင်းဟာမင်း တရုတ်ဖြစ်ဖြစ်၊ ကုလားဖြစ်ဖြစ် ငါတို့ဗမာစကားပြောပြီးတော့ ငါတို့ယဉ်ကျေးမှုနဲ့နေတဲ့ကောင်တွေကို ဆွေမျိုးသားချင်းလို့ ငါသတ်မှတ်တာပဲ။ ဆိုတော့ ကိုယ့်နိုင်ငံကို အဲဒီလိုမျိုး အချင်းချင်းတိုးတက်တာကိုပဲမြင်ချင်တယ်။ တစ်ယောက်သေသွားလည်း ငါတို့ မြန်မာနိုင်ငံသား သေတာပဲ။ ဒီကောင် မသေဘဲ စက်ရုံမှာအလုပ်လုပ်ရင် သူရတဲ့လခနဲ့ ဖုန်းဘေဝယ်မယ်ကွာ၊ သူတခြားဟာတွေ သုံးမယ်ကွာ၊ သူ့ဆီကအခွန်ကောက်လို့ရမယ်ကွာ။ အဲဒီဟာဆိုရင် တို့နိုင်ငံအကျိုးရှိတာပဲကွ။ သေသွားရင်ဘာဖြစ်မလဲ သူတို့ပြောသလို မုန့်ဟင်းခါးဖြစ်သွားမယ်။ မြေဩဇာဖြစ်သွားမယ်ပေါ့။ ငါမြင်ချင်တဲ့ မြန်မာပြည်ကတော့ ဟိုး ၁၉၄၈ လွတ်လပ်ရေးရကတည်းက တော်လှန်ရေးဆိုတဲ့သံသရာက လည်နေတဲ့ မျိုးဆက်သစ်တွေ၊ အဲဒီတော်လှန်ရေးသံသရာကြီးက ရပ်ဖို့အတွက် ပြည်တွင်းစစ်ကို ရပ်စေချင်တယ်။ အဲဒီတော့ မင်းနောက်ဆုံးမေးခွန်း ငါ့ကိုမေးသွားတဲ့ အနာဂါတ်မြန်မာပြည်ကို ဘယ်လိုဖြစ်စေချင်လဲဆိုတော့ ပြည်တွင်း စစ်ကို ရပ်စေချင်တယ်။ တစ်ဖက်က စစ်ဆိုတာ နိုင်တဲ့ကောင်သာတာပဲ။ အာဏာရှင်စနစ်ရပ်စေချင်ရင် စစ်ကို ရပ်။ စစ်ကိုချန်ထားတဲ့ဟာက အာဏာရှင်စနစ်ကို ချန်ထားတာပဲ။ တစ်ဖက်ကို အပြတ်နိုင်စေချင်တယ်။ နိုင်တဲ့ဘက်ကိုဝင်တိုက်ချင်တယ်ကွာ။ ငါ့အနေနဲ့ ငါမသေသေးဘူးဆိုရင်။ ငါနိုင်မယ်ထင်တဲ့ဘက်ကို ဝင်တိုက်ပြီးတော့ ပြည်တွင်းစစ်ကို ရပ်ပစ်လိုက်ချင်တယ်။

မေး ။ ။ ကောင်းပါပြီအစ်ကို။ အခုလို အချိန်ပေးပြီးဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။

Zawgyi Version

“သမိုင္းမွာ စစ္တပ္က အာဏာသိမ္းတာ တစ္ခါပဲရွိတယ္။ အခုက အေနအစားမတတ္တဲ့အတြက္ ဘယ္ေကာင္ ဗိုလ္လဲဆိုတာ ထြက္ရပ္ျပလိုက္တာ” (အင္တာဗ်ဴး)
NP News - မတ္ ၅
ေမးျမန္း- ေက်ာ္မ်ိဳးမင္း၊ ေရးသား- စည္သူဟိန္း

၂ဝ၂၁ ခုႏွစ္ ႏိုင္ငံေရးျပႆနာႀကီးဟာ တစ္ႏွစ္ေက်ာ္လာခဲ့ၿပီျဖစ္ပါတယ္။ တစ္ႏွစ္ေက်ာ္လာၿပီးခ်ိန္မွာေတာ့ ဘာေတြျဖစ္ခဲ့တယ္၊ ဘာေတြဆက္ျဖစ္မလဲဆိုတဲ့ ႏိုင္ငံေရးအခင္းအက်င္းကို သုံးသပ္ရေတာ့မွာပဲျဖစ္ပါတယ္။ ဒါေၾကာင့္လည္း ၈၈ ျဖစ္စဥ္နဲ႔အတူ ႏိုင္ငံေရးျပႆနာထဲမွာ ကိုယ္တိုင္ဝင္ပါခဲ့သူ(မဟာဗမာ) ဆိုသူနဲ႔ NP News က သီးသန႔္ေမးျမန္းထားတာေလးကို ေဖာ္ျပေပးလိုက္ပါတယ္။

ေမး ။ ။ ပထမဆုံးေမးခြန္းအေနနဲ႔ကေတာ့ ျမန္မာ့ႏိုင္ငံေရးအေျခအေန တစ္ႏွစ္ျပည့္တဲ့အခ်ိန္မွာ ျပန္ၿပီးေတာ့ Review လုပ္ၾကည့္တဲ့အခါ တကယ့္ျပႆနာရဲ႕အရင္းအျမစ္ကို ဘယ္လိုကေနစၿပီး ျဖစ္တယ္ဆိုတာကို အစ္ကို ကိုယ္တိုင္ နားလည္လာမိသလဲ။ ဒါေလးကို စၿပီးေမးခ်င္ပါတယ္။
ေျဖ ။ ။ ငါ့ အျမင္နဲ႔ေျပာရရင္ ျမန္မာ့ႏိုင္ငံေရးရဲ႕အရင္းအျမစ္က Exposure ေပါ့။ International Exposure ႏွစ္ဖက္စလုံးက နည္းတယ္။ ဘာလို႔လဲဆိုေတာ့ ကိုယ့္ကိုယ္ကိုယ္ ကိုယ္တြန္လို႔မိုးလင္းတယ္လို႔ ထင္ေနၾကတာ။ ကမာၻ႔အခင္းအက်င္းကိုႏွစ္ဖက္လုံးက နားမလည္ၾကဘူး။ ဟိုးေရွးေခတ္ တ႐ုတ္ျပည္လို သူ႔ကိုယ္သူ ကမာၻႀကီးရဲ႕အလယ္ဗဟိုလို၊ အိႏၵိယက ကိုယ့္ကိုယ္ကိုယ္ မဇၩိမေဒသ၊ ကမာၻႀကီးရဲ႕အလယ္ဗဟိုလို႔ေျပာသလို ငါတို႔ ကိုယ္ငါတို႔ကမာၻႀကီးမွာအေရးပါတဲ့၊ ငါတို႔ကိုတစ္ကမာၻလုံးက ေစာင့္ၾကည့္ေနတဲ့အတြက္ တစ္ကမာၻလုံးရဲ႕ ေရွ႕ေဆာင္ဒီမိုကေရစီစံျပတို႔ ဘာညာသာရကာတို႔ဆိုၿပီးေတာ့ အဲဒီလိုထင္ေနၾကတာက ဘာလို႔လဲဆိုရင္ International Exposure နည္းလို႔ေပါ့။ ကမာၻ႔ႏိုင္ငံေတြမွာဘာျဖစ္တယ္။ ကမာၻ႔ႏိုင္ငံေရးအခင္းအက်င္း ဘာျဖစ္တယ္ဆိုတာကို ႏွစ္ဖက္လုံးက ေလ့လာမႈအားနည္းတယ္။ အားနည္းတာေျပာရရင္ေတာ့ ကိုယ့္ ရပ္ကြက္ထဲမွာပဲ တစ္ဖက္က အက်ႌဝတ္၊ တစ္ဖက္က အက်ႌခြၽတ္ၿပီး ေဘာလုံးကန္ေနတာကိုပဲၾကည့္ၿပီးေတာ့ ၿမိဳ႕တက္ၿပီး စေလာင္းေတြနဲ႔ မန္ယူတို႔ ခ်ဲလ္ဆီးတို႔ပြဲေတြကိုမၾကည့္ဘူးတဲ့ေကာင္က ကိုယ့္ရပ္ကြက္ထဲက ‌ေဘာလုံးပြဲကို ေကာင္းလွၿပီထင္ေနတာေပါ့။ ငါျမင္တာကေတာ့ ဒါပါပဲ။

ေမး ။ ။ အခုလက္ရွိျမန္မာေတြက ဘာျဖစ္ေနလဲဆိုေတာ့ ျမန္မာႏိုင္ငံျပႆနာက ျမန္မာေတြေျပာေနၾကတာရွိတယ္။ သူ႔ဘက္က မွားတာ၊ ကိုယ့္ဘက္က မွားတာလို႔ လက္ညႇိဳးေတြ အျပန္အလွန္ထိုးရင္းနဲ႔ အခုဆို ေနာက္ဆုံး သတ္တဲ့ျဖတ္တဲ့အဆင့္ေတြေရာက္ကုန္ၾကၿပီ။ ဆိုေတာ့ ဒါက ဘာလြဲေနတယ္လို႔ထင္မိလဲ။ အစ္ကို လွည့္လည္ သြားလာရင္း ျမင္မိတာမ်ိဳးေပါ့။
ေျဖ ။ ။ အမွန္နဲ႔အမွားကို တကယ္သေဘာမေပါက္လို႔ေပါ့ကြ။ ေလာကႀကီးမွာ မွန္တယ္၊ မွားတယ္ဆိုတာ သ‌ေဘာတရားေျပာမယ္ဆို အမွန္တရားကိုရွာေနတဲ့ေကာင္ေတြကိုေလးစားပါတဲ့။ အမွန္တရားကိုေတြ႕သြားတဲ့ ေကာင္ေတြကို ေဝးေဝးေရွာင္တဲ့။ ဘာလို႔လဲဆိုရင္ အမွန္တရားဆိုတာ မရွိေတာ့ အမွန္တရားကိုသိတဲ့ေကာင္ ဆိုတာ အ႐ူးပဲေပါ့။ ေလာကႀကီးမွာ မင္းမွန္တာနဲ႔ ငါမွန္တာ တူခ်င္မွတူမွာေလ။ အားလုံးအတြက္ အမွန္တရား ဆိုတာမရွိဘူး။ Universal Truth ဆိုတာ မရွိဘူး။ Conditional Truth ဆိုတဲ့အေျခအေနအေပၚမွာတည္တဲ့ အမွန္တရားပဲရွိတယ္။ အဲဒီေတာ့ ၁ + ၁ = ၂ ဆိုတာ အၿမဲတမ္းမွန္တာမဟုတ္ဘူး။ မင္းဘယ္လိုၾကားခ်င္လဲ ဆိုတဲ့အေပၚမူတည္ၿပီးေတာ့ ငါက ေျဖေပးလို႔ရတယ္။ ဟုတ္တယ္မလား ညီေလး။ ဆိုေတာ့ အဲဒီအမွန္တရားႀကီးကို ရွာေနရင္းကေန ငါတို႔ႏိုင္ငံ ေရွ႕မတက္ဘဲ ဒုကၡေရာက္ေနတာ။

ေမး ။ ။ အဲဒီေတာ့ ေရွ႕မတက္တာဆိုလို႔ေျပာရရင္ အနီးစပ္ဆုံးကာလေပါ့။ ၁၉၈၈ ကို ျပန္သြားၾကည့္မယ္ဆိုရင္ အစ္ကိုက (၈၈) ကို ကိုယ္တိုင္လည္း ျဖတ္သန္းခဲ့ဖူးတယ္လို႔ၾကားသိရတယ္။ ဆိုေတာ့ အခု ဒီဘက္လူေတြ က်ေတာ့ (၈၈) က အခ်ိဳးေတြ လာမခ်ိဳးနဲ႔ ။ (၂၁) ျဖစ္ေနၿပီ ဘာညာဆိုၿပီးေျပာၾကတာရွိတယ္။ ဒါေပမယ့္ အခုသြားေနတဲ့လမ္းစဥ္ကိုၾကည့္လိုက္ေတာ့လည္း (၈၈) နဲ႔ ပုံစံက ထူးမျခားနားတာကိုသြားၿပီးေတြ႕ရတယ္။ အစ္ကို႔အေနနဲ႔ (၈၈) က အေတြ႕အႀကဳံနဲ႔ (၂၁) ကိုၾကည့္ၿပီး ဘာေတြသုံးသပ္ခ်င္လဲ။
ေျဖ ။ ။ သမိုင္းတစ္ပတ္လည္တာေပါ့ ညီေလးရာ။ မင္းလည္းငါ့ကိုသိေနတာပဲ။ ေဖေဖာ္ဝါရီလ(၁) ရက္ေန႔ အာဏာစသိမ္းကတည္းက ရန္ကုန္ၿမိဳ႕ေတာ္ခန္းမေရွ႕မွာ စထြက္တဲ့လူက အေယာက္ (၂ဝ) ေလာက္ရွိတယ္။ အဲဒီအထဲမွာ ငါပါတယ္။ ဒါေပမယ့္ ေနာက္ပိုင္းက်ေတာ့ အဲဒီ (၈၈) က အခ်ိဳးေတြ (၂၁) မွာ လာမလုပ္နဲ႔ဆိုတာနဲ႔ ငါလည္း ဝင္မေညႇာ္ေတာ့ဘူးေပါ့ေနာ္။ ငါလည္း ငါ့ဘာသာငါေနလိုက္တယ္။ မင္းခုနကေျပာသလို အခုႏိုင္ငံေရး က (၈၈) နဲ႔ သြားတူေနတယ္ဆိုတာက သိပ္ေတာ့မေဝဖန္လိုဘူး။ ငါျဖတ္သန္းလာတာကိုပဲေျပာမယ္။ ဘာျဖစ္လို႔လဲ ဆိုေတာ့ ဒီျဖစ္စဥ္ကို ငါတို႔ကျဖတ္သန္းေနဆဲ (၂၁) ျဖစ္ေနေတာ့ ၿပီးသြားမွငါတို႔ျပန္ေျပာမယ္။ (၈၈) ျဖစ္စဥ္က လြန္ခဲ့တဲ့ႏွစ္ (၃ဝ) ေလာက္ကဆိုေတာ့ ငါတို႔က Historical Records အေနနဲ႔ ျပန္ေျပာတာ။ အခုကိစၥက လက္ရွိ ျဖစ္ေပၚေနတဲ့ကိစၥျဖစ္တဲ့အတြက္ တင္ျပလို႔ေတာ့ရတယ္။ ေဝဖန္လို႔ေတာ့မရဘူး။ ေဝလည္းမေဝဖန္ခ်င္ဘူး။ ငါက ႏိုင္ငံေရးသမားလည္းမဟုတ္ဘူး။ ေတာ္လွန္ေရးသမားလည္းမဟုတ္ဘူး။ ဘာမဟုတ္ဘူး။ ဒါေပမယ့္ ငါျဖတ္သန္းခဲ့တယ္ကြာ။ ငါျဖတ္သန္းတဲ့ျဖစ္စဥ္ကိုငါေျပာျပမယ္။ အဲဒါနဲ႔ အခုျဖစ္ေပၚေနတာနဲ႔တူမလားဆိုတာ ကိုယ္အသိ ဉာဏ္နဲ႔ယွဥ္ၾကည့္ေပါ့ကြာ။ (၈၈) တုန္းက အမွန္မွာ (၆) လ ၾကာတယ္ ညီေလးရ။ စတာက March ဖုန္းေမာ္ အေရးအခင္းက စတာ။ ဆုံးသြားတာက အာဏာသိမ္းတဲ့ September မွ ဆုံးသြားတယ္။ အဲဒီကာလမွာ ပထမဆုံး ငါတို႔ေတြက ေက်ာင္းသားေတြျဖစ္တဲ့အခါက်ေတာ့ ဖုန္းေမာ္ ဆိုတဲ့ ေက်ာင္းသားေသတဲ့ကိစၥကို ငါတို႔ ေက်ာင္းသားေတြက မေက်နပ္လို႔ေတာ္လွန္တယ္။ အဲဒါက March လေပါ့။ ၿပီးသြားရင္ မိုးသီးဇြန္တို႔ ဘာတို႔ နာမည္ႀကီးသြားတဲ့ June လေပါ့။ အဲဒါကေျမနီကုန္းမွာ။ ၿပီးေတာ့မွ အဲဒီကိစၥကို ဗိုလ္မႉးခ်ဳပ္ေအာင္ႀကီးက စာေတြ ျဖန႔္ၿပီး Social Media ေပါ့ကြာ။ အဲဒီေခတ္က Social Media ဆိုတာ BBC ၊ VOA ‌ေပါ့။ ဒီေကာင္ေတြေျပာတာကို ငါတို႔ေတြနားေထာင္ၿပီး အသည္းေတြေပါက္တာေပါ့ကြာ။ အဲဒီကေနၿပီးေတာ့ အႀကီးႀကီးေတြျဖစ္ၿပီး August လ (၈) ရက္‌ေန႔မွာ သမၼတေတြ အဆက္ဆက္ေျပာင္းတာေပါ့ကြာ။ အဲဒီမွာ လူအမ်ားစုထြက္ၾကတယ္။ လူအမ်ားစု ထြက္တာက အဲဒါပဲ။ ဒို႔လည္း အဲဒီလိုပဲေပါ့။ အခုဒီ (၂၁) ျဖစ္စဥ္မွာလည္း ေဖေဖာ္ရီလ (၁) ရက္ေန႔ အာဏာသိမ္းကာစက ဘယ္ႏွစ္ေယာက္ထြက္လို႔လဲ။ လူေတြအကုန္လုံး ဆန္ဆိုင္ေရွ႕၊ ATM ေရွ႕မွာ မ်က္ႏွာငယ္ေလးေတြနဲ႔ အက်ႌအနီေတြ႐ုတ္ၾက၊ ဆိုက္ကားဂိတ္က အလံေတြ ျပန္ျဖဳတ္သိမ္းၾကနဲ႔ အဲဒီလိုေပါ့။ အာဏာသိမ္းမယ္ဆိုတာကလည္း အဲဒီအခ်ိန္က သိေနတာပဲ။ ငါတို႔တုန္းက သိသလို၊ အခုလည္း သိေနတာပဲ။ ဘယ္အခ်ိန္သိမ္းမယ္ဆိုတာသာ မသိတာ။ အဲဒီကာလတုန္းကလည္း အဲဒီအတိုင္းပဲ။ အဲဒီမွာ (၈) ရက္ (၈) လ (၈၈) က်မွ လူေတြအမ်ား ႀကီးထြက္သလို ငါတို႔လည္း (၁) ရက္ (၂) လ အာဏာသိမ္းသိမ္းခ်င္း ထြက္တာမွမဟုတ္တာ။ (၄) ရက္တို႔ (၅) ရက္တို႔က်မွ အင္းစိန္တို႔၊ လွည္းတန္းတို႔မွာ နည္းနည္း႐ြစိ႐ြစိ စျဖစ္တာက တစ္ဆင့္(၂)ငါးလုံး (၂၂၊ ၂၊ ၂ဝ၂၁ ရက္) ေန႔ ေရာက္မွ လူေတြအမ်ားႀကီးထြက္လာတာ။ ထိုနည္း၎ပဲ ငါတို႔ (၈၈၈၈) တုန္းကလည္း (၃) လပိုင္း ဖုန္းေမာ္ အေရးအခင္းတို႔၊ (၆) လပိုင္း June အေရးအခင္းတို႔တုန္းက လူေတြမထြက္ၾကေသးဘူး။ (၈) လပိုင္း (၈၈) သမၼတဦးစိန္လြင္ တက္တဲ့အခ်ိန္က်မွ လူေတြအမ်ားႀကီးထြက္လာတာ။ အဲဒီေတာ့ အဲဒီကာလတုန္းကလည္း (၈၈၈၈) ေခါင္းေဆာင္လို႔ နာမည္တပ္ထားၾကတဲ့ေကာင္ေတြ အမ်ားစုမပါၾကဘူး။ အဲဒီကာလတုန္းက ေရွ႕မွာပါတဲ့ေကာင္ေတြ အခုလိုေပါ့ကြာ ဒီကိစၥေတြ စကတည္းက ပါလာတဲ့သူေတြက ေထာင္က်မွာလည္းမေၾကာက္၊ တကယ့္ ကိုယ့္ကိုယ္ကိုယ္ ေခါင္းေဆာင္လို႔လည္းမထင္တဲ့၊ အမွန္တရားကိုျမတ္ႏိုးတဲ့ လူငယ္ေလးေတြပါတာေပါ့။ လူႀကီးေတြမပါဘူး။ ေနာက္ေတာ့ လူႀကီးေတြ ဘယ္ေတာ့မွထြက္လာလည္းဆိုေတာ့ ငါတို႔ၿပီးခဲ့တဲ့ႏွစ္ ေဖေဖာ္ဝါရီလကုန္ပိုင္းမွာ ဝင္းခင္းသလိုမ်ိဳး Dresses လုပ္ၿပီးေတာ့ ကားႀကီးေတြနဲ႔ထြက္လာတဲ့ အခ်ိန္ေလာက္မွာ အဲဒါနဲ႔တၿပိဳင္တည္းက ဘာလဲဆိုေတာ့ သမၼတဦးေမာင္ေမာင္တက္လာတဲ့အခ်ိန္၊ ဦးစိန္လြင္က (ဆႏၵျပသူေတြကုိ) ပစ္သတ္ၿပီးေတာ့ အာဏာကိုဇြတ္ယူၿပီး (ေနာက္ပုိင္း)ဆင္းသြားတယ္။ ၿပီးရင္ အရပ္သားဦးေမာင္ေမာင္ကို တင္တယ္။ အကုန္လုံး အဲဒီကာလမွာမွ လူေတြအမ်ားႀကီးထြက္လာၾကတာ။ အခု မင္းတို႔ေျပာတဲ့ေခါင္းေဆာင္ေတြ၊ ေက်ာင္းသားသမဂၢ ပကဖအဖြဲ႕ေတြက အဲဒီကာလမွဖြဲ႕တာ။ အဲဒီေတာ့ တစ္လေပါ့ကြာ၊ ဒီမိုကေရစီ ရလိုက္တာ။ ငါတို႔လည္း ေဖေဖာ္ဝါရီလကုန္ပိုင္း၊ မတ္လကုန္ပိုင္း၊ ၿပီးခဲ့တဲ့ႏွစ္က အာဏာသိမ္းတဲ့ကာလမွာ ဒီမိုကေရစီရသလို အဲဒီတုန္းက ရလိုက္တယ္။ အဲဒီအခ်ိန္က်မွ လူေတြထြက္လာတာ။ အခုလည္း အဲဒီလိုပဲေပါ့။ အဲဒီကာလမွာ မႏွစ္က အၿပိဳင္အဆိုင္ေခါင္းေဆာင္ႀကီးေတြ ထြက္လာၾကတာေပါ့။ အဲဒီမတိုင္ခင္တုန္းက ထြက္တဲ့ေကာင္ေတြဆိုတာက မ်ားေသာအားျဖင့္ အမွန္တရားျမတ္ႏိုးတဲ့ခ်ာတိတ္ေတြထြက္ၾကတာ။ အဖမ္းခံရမွာလည္းမေၾကာက္၊ ေသမွာလည္း မေၾကာက္၊ မိဘလည္းမႏိုင္၊ ဘယ္မိဘကမွ လမ္းေပၚတက္ၿပီး အေသခံပါလို႔မေျပာဘူးေလ။ အဲဒီေတာ့ ေဒါက္တာေမာင္ေမာင္ အရပ္သားအုပ္ခ်ဳပ္တဲ့အခ်ိန္မွာ အဲဒီတစ္လကို ဒီမိုကေရစီရတဲ့အခ်ိန္လို႔ သတ္မွတ္တယ္ေပါ့။ အဲဒီတစ္လမွာ သတင္းစာေတြေပၚလာတယ္။ မီဒီယာေတြက ေျပာခ်င္တိုင္းေျပာလို႔ရတယ္။ အဖြဲ႕ေတြဖြဲ႕ၾကတယ္။ အဲဒီကာလမွာမွ ‌ေခါင္းေဆာင္ႀကီးေတြေပၚလာၾကတယ္။ အခုမင္းတို႔ျမင္ရတဲ့ (၈၈၈၈) ေခါင္းေဆာင္ဆို တာေတြေပါ့။ အဲဒီကာလမွာေပၚလာၿပီးေတာ့ ၾကားျဖတ္အစိုးရေပးပါဆိုၿပီး ညႇိတယ္။ အဲဒီကေန တပ္ကအာဏာ သိမ္းမယ္ဆိုတာ သိတယ္။ ဘာမွျပင္ဆင္မႈမရွိဘူး။ တကယ္လည္းသိမ္းေရာ ဒီေကာင္ေတြေပ်ာက္သြားတယ္။ ငါတို႔ေကာင္ေတြလည္း ဟိုမ‌ေရာက္၊ ဒီမေရာက္နဲ႔ ေတာခိုပါလို႔လည္းမေျပာဘူး။ မခိုပါနဲ႔လည္း မေျပာဘူး။ ျပန္ခံခ်ပါလို႔လည္းမေျပာဘူး။ မခံခ်ပါနဲ႔လို႔လည္းမေျပာဘူး။ ဘာလို႔လဲဆိုေတာ့ သူတို႔ အာပတ္လႊတ္တယ္ကြ။ တစ္ခုခုျဖစ္ရင္ ငါတို႔က ငါတို႔စိတ္နဲ႔ ငါတို႔လုပ္တာေလ ငါတို႔ဘာသာငါတို႔ခံရတာပဲ။ သူတို႔က ငါတို႔ကို ဘာလုပ္ပါ လို႔ေျပာသြားတာမဟုတ္ဘူး။ အကုန္လုံးက သူ႔ဟာသူ ႏွပ္ေနၾကတာ။ ၿပီးလည္းၿပီးေရာ အာဏာသိမ္းတဲ့ ဗိုလ္ခ်ဳပ္ ေစာေမာင္အစိုးရက ႏိုင္ငံေရးပါတီေတြဖြဲ႕၊ ေ႐ြးေကာက္ပြဲလုပ္မယ္ဆိုေတာ့ သူတို႔ဟာသူတို႔ တိတ္တိတ္ပုန္းပါတီ ေတြေလွ်ာက္ဖြဲ႕ၾကတာ။ ငါ ဘယ္ပါတီမွ မဲလည္းမေပးဘူး။ ဝင္လည္းမဝင္ခဲ့ဘူး။ အဲဒီကာလက။ ၿပီးလည္းၿပီးေရာ ေ႐ြးေကာက္ပြဲလည္းၿပီးေရာ အာဏာမအပ္ေတာ့ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားျပဳေကာ္မတီဆိုၿပီး ေပၚလာတယ္။ အဲဒီလိုေပၚတာကို အဂၤလိပ္လိုဘာသာျပန္ရင္ (CRPH) လို႔ ေခၚတယ္။ အခုေခတ္က (CRPH) အတူတူပဲ။ ျမန္မာ လိုအတူတူပဲ။ အဂၤလိပ္လိုပဲကြာတာ။ ၿပီးေတာ့ အဲဒီအဖြဲ႕ကေနၿပီးေတာ့ လြတ္ေျမာက္နယ္ေျမသြားၿပီးေတာ့ အေဝးေရာက္ၫြန႔္ေပါင္းအစိုးရလို႔ ဖြဲ႕တယ္။ NCGUB တဲ့ အဂၤလိပ္လို။ အခုကလည္း အဓိပၸါယ္အတူတူပဲ NUG တဲ့။ ဆိုေတာ့ (၈၈) က အခ်ိဳးေတြ (၂၁) မွာ လာမခ်ိဳးနဲ႔ဆိုေတာ့ ဟုတ္မွာပါ။ ငါတို႔လည္း ငါတို႔တုန္းက (၆၂) က အခ်ိဳးေတြ (၈၈) မွာ လာမခ်ိဳးနဲ႔လို႔ေအာ္လားဆိုေတာ့ မေအာ္ပါဘူး။ ဘာလို႔လည္းဆိုရင္ (၆၂) ကအေၾကာင္း ငါတို႔ေသခ်ာမွမသိဘဲ။ အဲဒီတုန္းက တကယ္ေရွ႕ကထြက္ခဲ့တဲ့ငါတို႔က ခ်ာတိတ္ေတြ။ ဒါေပမယ့္ ငါတို႔ရဲ႕ေခါင္းေဆာင္ဆိုၿပီးေတာ့ ေနာက္ဆုံးမွေပၚလာတဲ့ေကာင္ေတြက အဲဒီ (၆၂) တို႔၊ (၇၅) တို႔ ငါတို႔မေမြးခင္က ျဖစ္စဥ္ေတြ ကိုျဖတ္သန္းလာၿပီး နဂိုကတည္းက အာဃာတရွိတဲ့သူေတြ။ ဗိုလ္ခ်ဳပ္ႀကီးေနဝင္း၊ ဗိုလ္ခ်ဳပ္ႀကီးစန္းယုတို႔နဲ႔ (သို႔) စစ္တပ္နဲ႔အာဃာတရွိခဲ့တဲ့လူေတြ။ ေျပာရရင္ငါတို႔သမိုင္းမွာ လြတ္လပ္ေရးရၿပီး စစ္အာဏာသိမ္းတယ္ဆိုတာ တစ္ခါပဲရွိပါတယ္။ ၁၉၆၂ တစ္ခါပဲ အာဏာသိမ္းတယ္။ ၿပီးရင္ ေျခ/ဥ ဆြဲတယ္။ အဲဒီကာလတုန္းက အေရွ႕၊ အေနာက္နဲ႔ ႏိုင္ငံေရးလြန္ဆြဲေနတဲ့စစ္ေရးကာလမွာျဖစ္တဲ့အတြက္ လက္ဝဲေခတ္စားတယ္။ ဦးေနဝင္းတို႔ ကိုယ္တိုင္ လက္ဝဲသမား။ ဦးႏုက ဒီမိုကေရစီသမား မုိ႔လို႔၊ မဟုတ္ရင္ ဦးႏုက လက္ဝဲသမား။ ဗိုလ္ခ်ဳပ္ေအာင္ဆန္းက ဗမာျပည္ကြန္ျမဴနစ္ပါတီရဲ႕ ပထမဦးဆုံးအတြင္းေရးမႉး။ အဲဒီေခတ္ကာလက ဒုတိယကမာၻစစ္ကာလ၊ သူတို႔ လည္း အဲဒီတုန္းက Generation-Z ခ်ာတိတ္ေတြပဲ။ ငါတို႔လည္း (၈၈) တုန္းက Generation-Z ခ်ာတိတ္ေတြပဲ။ ဗိုလ္ခ်ဳပ္ေအာင္ဆန္းတို႔လည္း Generation-Z ခ်ာတိတ္ေတြပဲ။ အဲဒီတုန္းက အနီ၊ အနီဆိုတာ ကြန္ျမဴနစ္ဝါဒ ေခတ္စားတဲ့အခ်ိန္။ ဥေရာပကိုလိုနီေတြကို ျပန္ဆန႔္က်င္ဖို႔အတြက္ သူတို႔က အနီေတြ။ အဲဒီေတာ့ ဒီအနီေတြက လက္ဝဲညီၫြတ္ေရးဆိုၿပီးေတာ့ ၁၉၆၂ မွာ ဦးေနဝင္းအာဏာသိမ္းၿပီးေတာ့ ေျခ/ဥ ကို ဆြဲေတာ့ တစ္ပါတီ အာဏာ ရွင္စနစ္နဲ႔အုပ္ခ်ဳပ္မယ္ဆိုၿပီးေတာ့ ၁၉၇၅ မွာမွ တရားဝင္အုပ္ခ်ဳပ္တာ။ အဲဒီမတိုင္ခင္က (၆၂) နဲ႔ (၇၅)၊ (၁၄) ႏွစ္ ေလာက္ကာလမွာ ျမန္မာျပည္က အာဏာသိမ္းၿပီးအုပ္ခ်ဳပ္တာ။ ေျခဥဆြဲၿပီးေတာ့ေပါ့။ ထိုနည္း၎ပဲ ငါတို႔ ျပန္စဥ္းစားရင္ (၈၈) ကေန (၂ဝဝ၈) အထိ ႏွစ္ (၂ဝ) ေျခ/ဥ ဆြဲတယ္ေလ။ အတူတူပဲ။ ၿပီးလည္းၿပီးေရာ ေ႐ြးေကာက္ပြဲလုပ္ေပးလိုက္တယ္။ အရပ္သားအုပ္ခ်ဳပ္တယ္။ အဲဒီအရပ္သားအစိုးရဆိုတာလည္း ယူနီေဖာင္း ခြၽတ္ထားတဲ့ စစ္ဗိုလ္ခ်ဳပ္ေတြပဲ။ ၁၉၆၂ နဲ႔ ၁၉၇၅ မွာလည္း ထိုနည္း၎ပဲ။ ေျခ/ဥ ဆြဲတယ္။ (၇၅) မွာ ဖြဲ႕စည္းပုံ အေျခခံဥပေဒတစ္ပါတီ ဆိုရွယ္လစ္စနစ္ဆိုၿပီး လုပ္လိုက္တယ္။ ၿပီးလည္းၿပီးေရာ ယူနီေဖာင္းခြၽတ္တဲ့ ပုဂၢိဳလ္ေတြပဲ အရပ္သားအစိုးရအေနနဲ႔ အုပ္ခ်ဳပ္တယ္။ အမွန္မွာက တပ္က နဂိုကတည္းက အုပ္ခ်ဳပ္ေနတာပဲ။ အဲဒီေတာ့ (၈၈) မွာ အာဏာသိမ္းတာမဟုတ္ဘူး၊ အာဏာလႊဲတာ။ အခုလည္းအဲဒီလိုပဲေလကြာ။ ၂ဝဝ၈ ေျခ/ဥ ဆိုတာ စစ္တပ္က ဆြဲေပးသြားတာပဲ။ ဒါ အရွိကို အရွိတိုင္းေျပာတာ။ ငါတို႔ (၈၈) တုန္းက ေတာခိုသြားတဲ့ေကာင္ေတြ၊ ဒီမိုကေရစီအင္အားစုေတြက ဒီစစ္တပ္ႀကီးကိုအႏိုင္တိုက္ႏိုင္လို႔ ခြပ္ေဒါင္းအလံႀကီးနဲ႔ခ်ီတက္လာၿပီးေတာ့ ေနျပည္ေတာ္ကိုသိမ္းလိုက္ၿပီးေတာ့ ငါတို႔ကိုေပးတာမွမဟုတ္တာ။ သူတို႔ဟာသူတို႔ေပးသြာတာပဲ။ ဒါကို အရွိကို အရွိအတိုင္းေျပာရမွာပဲ။ စိတ္ကူးမယဥ္တာေကာင္းတယ္။ ၾကက္ဖ တြန္လို႔မိုးလင္းတာမွမဟုတ္တာ မိုးက သူ႔ဟာ သူလင္းတာပဲ။ အဲဒီကာလမွာေျပာရရင္ စစ္တပ္ကနဂိုကတည္းကရွိတာပဲ။ နဂိုကတည္းကရွိၿပီးေတာ့မွ ႐ိုင္း႐ိုင္းေျပာရရင္ ဘယ္လိုေျပာရမလဲ အေနအစားမတတ္တဲ့အတြက္ ဘယ္ေကာင္ဗိုလ္လဲဆိုတာ ျပတာပဲ။ အဲဒီေတာ့ ဒီ ၂ဝ၂၁ မွာ အာဏာသိမ္းတယ္ဆိုတာလည္း (၈၈) အာဏာသိမ္းသလိုပဲထြက္ျပလိုက္တာ။ အဲဒီေတာ့ ငါတို႔ သိထားရမယ့္အခ်က္က စစ္ျဖစ္ေနတဲ့ ျပည္တြင္းစစ္ျဖစ္ေနတဲ့ႏိုင္ငံမွာ အာဏာရွင္စနစ္ဆိုတာရွိမွာပဲ။ ငါတို႔ႏိုင္ငံမွာက ၁၉၄၈ ခုႏွစ္ကတည္းက ျပည္တြင္းစစ္ျဖစ္ေနတယ္။ အဲဒါကို နားမလည္ဘူး။ ငါဗမာျပည္က ထြက္မသြားခင္ ႏွစ္ေပါင္း(၃ဝ) ေလာက္တုန္းက ရန္ကုန္ကေန ပဲခူးေလာက္သြားရင္ေတာင္ သူပုန္နယ္ေျမပဲေလကြာ။ နယ္ေျမ မၿငိမ္းခ်မ္းဘူး။ အခုက်ေတာ့မွ ၂ဝဝ၈ ေျခ/ဥ ေအာက္မွာ ျပဳျပင္ေျပာင္းလဲမႈေတြလုပ္တာ။ ဒါ အရွိကိုအရွိအတိုင္းပဲ ေျပာရမွာပဲ။ အဲဒီလိုလုပ္တဲ့အတြက္ ၿငိမ္းခ်မ္းသြားတယ္။ ၿငိမ္းခ်မ္းသြားတဲ့အတြက္ ငါတို႔ခရီးသြားလို႔ရတာေလ။ အဲဒါေၾကာင့္ ငါေကာ့ေသာင္းကေန ပူတာအိုအထိ သြားၾကည့္တယ္ဆိုတာ အဲဒါ။ ငါတို႔ေခတ္က မလုပ္ႏိုင္ခဲ့ဘူး။ အခုျပန္လုပ္ရင္ မလုပ္ႏိုင္ဘူး။ ဆိုေတာ့ ျပည္တြင္းစစ္ျဖစ္ေနတဲ့ႏိုင္ငံ၊ ငါတို႔ေတြ အမ်ားစုေနတာက ဗမာစစ္တပ္ အုပ္ခ်ဳပ္တဲ့နယ္ေျမမွာေနတာ။ တိုင္းရင္းသားအုပ္ခ်ဳပ္တဲ့နယ္ေျမေတြမွာလည္း အခု EAOs လို႔ေခၚတဲ့ဟာ ငါတို႔ ေခတ္က သူပုန္ပဲေခၚတာပဲ။ သူပုန္ဆိုတာ ဘယ္လိုေျပာရမလဲ တရားဝင္အစိုးရကိုဆန႔္က်င့္တဲ့ေကာင္ေတြ သူပုန္ပဲ။ သူတို႔လည္း လက္နက္ကိုင္ထားတဲ့သူေတြဆိုတာ အမိန႔္အာဏာနဲ႔အုပ္ခ်ဳပ္ရတာ။ သူတို႔နယ္ေျမမွာလည္း ဒီမိုကေရစီမရွိဘူး။ အဲဒီေတာ့ ဘယ္လိုေျပာမလဲ စစ္တိုက္တယ္ဆိုတာ ေတာ္လွန္တာပဲျဖစ္ျဖစ္၊ မေတာ္လွန္တာပဲျဖစ္ျဖစ္၊ လက္နက္ကိုင္ၿပီး စစ္တိုက္တယ္ဆိုတာ မဲခြဲလို႔မရဘူး။ အမိန႔္အာဏာနဲ႔လုပ္ရတာ။ အဲဒီေတာ့ စစ္ရွိရင္ အာဏာရွင္စနစ္ရွိမွာပဲ။ အေမရိကန္ႏိုင္ငံမွာ ျပည္တြင္းစစ္ၿပီးတဲ့အခ်ိန္မွာ အေမရိကန္က ကြန္ဂရက္ေရာ ေအာက္လႊတ္ေတာ္ေရာက အမတ္ေတြအကုန္လုံးက စစ္သားေဟာင္းေတြခ်ည္းပဲ။ ငါတို႔လည္းအဲဒီလိုပဲေပါ့။ ငါတို႔ဆီမွာ စစ္အာဏာသိမ္းတယ္ဆိုတာ ျမန္မာ့သမိုင္းမွာ တစ္ခါဘဲရွိတယ္။ ၁၉၆၂ ခုႏွစ္ကေနစၿပီး အခုခ်ိန္ အထိ သိမ္းထားတုန္းပဲ။ အဲဒါကိုနားမလည္ဘဲနဲ႔ ကိုယ္စီးေနတဲ့ျမင္းကို ဘာအေရာင္မွန္းမသိဘဲနဲ႔ ဘယ္လိုေျပာရမလဲ စိတ္ကူးယဥ္ေနသလိုပဲ။ ေနာက္ေမးခြန္းသြားေတာ့ ညီေလး။

ေမး ။ ။ ဟုတ္ကဲ့။ အဲဒီေတာ့ အစ္ကိုတို႔ (၈၈) အေနနဲ႔ေျပာမယ္ဆိုရင္ အစ္ကိုနဲ႔ေခတ္ၿပိဳင္ေတြက ဘာေတြလုပ္ၾကလဲ။ ႏိုင္ငံျခားထြက္ၾကတဲ့လူေတြရွိၾကတယ္။ ျပည္တြင္းမွာ ျပန္ေနတဲ့လူေတြရွိၾကတယ္။ အကုန္လုံးထြက္ေျပးျပီး နယ္စပ္ကိုေရာက္သြားၾကသူေတြရွိတယ္။ ဘဝပ်က္သြားတဲ့သူေတြရွိတယ္။ အဲဒီေတာ့ အစ္ကိုနဲ႔ေခတ္ၿပိဳင္ေတြထဲက ဘယ္သူေတြကို ဘယ္လိုမွတ္မိၿပီး ဘာေတြေျပာစရာရွိမလဲ။
ေျဖ ။ ။ ေအးေပါ့။ ပုဂၢိဳလ္ေရးအရေတာ့ မတိုက္ခိုက္ခ်င္ပါဘူး။ ဒီေကာင္ေတြလည္း သူတို႔ႀကိဳက္တာသူတို႔လုပ္၊ ငါလည္း ငါႀကိဳက္တာငါလုပ္လာတာပဲ။ ဘယ္လိုေျပာရမလဲ By Name နဲ႔ေတာ့ ငါမတပ္ခ်င္ဘူးေပါ့ကြာ။ ငါတို႔ တုန္းက ငါႀကဳံေတြ႕ခဲ့ရတာေတာ့ ငါတို႔ (၈၈) တုန္းက ငါတို႔အမ်ားစုသည္ အခု Generation-Z လို အသက္ (၂ဝ)၊ (၂၅) ဝန္းက်င္ ခ်ာတိတ္ေတြ။ အဲဒီေတာ့ ဘယ္ႏိုင္ငံသြားသြား ႏိုင္ငံေရးအလွည့္အေျပာင္းမွာ ေရွ႕က ဦးေဆာင္တဲ့လူေတြက ခ်ာတိတ္ေတြ။ အခုေျပာရရင္ အခုျမန္မာျပည္မွာ ႏွစ္ဖက္ရွိတယ္။ အစိမ္းကြာ၊ အနီကြာ၊ ဒီလိုကာလာနဲ႔ပဲခြဲလိုက္မယ္။ တပ္နဲ႔ပတ္သက္ရင္ အစိမ္း၊ ၿပီးရင္ ဟိုဘက္ကဆန႔္က်င္ေနတဲ့လူေတြက အနီကြာ။ အဲဒီမွာ ေရွ႕ကေခါင္းေဆာင္တဲ့ေကာင္ေတြမွန္သမွ်ဟာ အသက္ (၂ဝ)၊ (၂၅) အ႐ြယ္ ခ်ာတိတ္ေတြခ်ည္းပဲ။ ဗိုလ္ခ်ဳပ္ေအာင္ဆန္းတို႔ေခတ္တုန္းကလည္း အသက္ (၂ဝ)၊ ဗိုလ္ခ်ဳပ္ေအာင္ဆန္းေတာင္မွ ေတာခိုတုန္းက အသက္ (၂၅) ပဲ ရွိေသးတယ္။ သူ႔ကို (၅ဝ၅) နဲ႔ ဝရမ္းထုတ္လို႔ သူထြက္ေျပးေနရတာ အသက္ (၂၅) ပဲရွိေသးတယ္။ ဆိုေတာ့ အဲဒီဝန္းက်င္ခ်ာတိတ္ေတြပဲ။ အဲဒီခ်ာတိတ္ေတြကို ေနာက္ကေဆးထိုးေပးတဲ့ေကာင္ေတြက ဟိုအရင္တုန္းက ႏိုင္ငံေရးအာဃာတေတြ၊ သူတို႔ေခတ္က မၿပီးခဲ့တာေတြကိုျပန္ၿပီးေတာ့ ကလဲ့စားေခ်ဖို႔အတြက္ ဒီေကာင္ေတြကိုတြန္းၿပီး ေဆးထိုးတဲ့လူႀကီးေတြေပါ့။ အသက္ (၄ဝ)၊ (၅ဝ) ေပါ့။ ဗိုလ္ခ်ဳပ္ေအာင္ဆန္းတို႔ ေခတ္တုန္းက ဂဠဳန္ဦးေစာဆိုတာ အသက္ (၄ဝ) ေက်ာ္၊ ေဒါက္တာဘေမာ္ဆိုတာ (၄ဝ) ေက်ာ္၊ အရင္တုန္းက ႏိုင္ငံေရးသမားေတြ၊ အဂၤလိပ္လက္ေအာက္မွာ Prime Minister ေတြ။ ဟိုဘက္ဒီဘက္က ခ်ာတိတ္ေတြကို ေဆးဝင္ထိုးေပးေနတာ။ သူတို႔သားသမီးအရင္းေတြကေတာ့ မပါဘူး။ အခုလည္း အစိမ္းနဲ႔ အနီကို ၾကည့္ေလကြာ။ အမ်ားစုသည္ စစ္တပ္ကိုၾကည့္လည္း ရဲေဘာ္ဆို အသက္ (၂ဝ) ေက်ာ္၊ (၂၅) ဝန္းက်င္ပဲ။ က်န္တဲ့ေကာင္ လူႀကီးဆိုတာ နည္းပါတယ္။ ေသနတ္ကိုင္ၿပီးေတာ့ ကတုတ္က်င္းထဲမွာ ကင္းေစာင့္ဖို႔၊ ေတာထဲမွာေနဖို႔ဆိုတာ လူႀကီးမရဘူး လူငယ္ေတြ။ သူတို႔ကိုအမိန႔္ေပးတဲ့လူက လူႀကီးေတြ။ ထိုနည္း၎ပဲ ဟိုဘက္မွာလည္းၾကည့္ေလ။ သူတို႔ကိုဆန႔္က်င့္တဲ့ေကာင္ေတြေအာက္မွာ အမ်ားစုလုပ္ေနတဲ့ေကာင္ေတြက ခ်ာတိတ္ေတြခ်ည္းပဲ။ လူႀကီးေတြ မပါဘူး။ သမိုင္းအဆက္ဆက္မွာ ဘယ္ေခါင္းေဆာင္ႀကီးေတြရဲ႕သားသမီးေတြမွ လမ္းေပၚမထြက္ဘူး။ ႏွစ္ဖက္လုံးမွာ။ ေအာက္က ထြက္တဲ့ေကာင္ေတြက ဆင္းရဲသား သားသမီးေတြခ်ည္းပဲ။ အသက္ (၂ဝ)၊ (၂၅) ဝန္းက်င္ ခ်ာတိတ္ေတြက အသုံးခ်ခံခဲ့ရတယ္။ အဲဒီလိုအသုံးခ်ခံလာရၿပီး ႏွစ္ေပါင္း (၃ဝ)ေလာက္ၾကာေတာ့ အခုလိုအခ်ိန္ ေရာက္ေတာ့ ေနာက္ထပ္မ်ိဳးဆက္သစ္ (၂ဝ)၊(၂၅)ခ်ာတိတ္ေတြကို ျပန္ၿပီးအသုံးခ်တယ္ေပါ့။ အဲဒီဟာက သံသရာလည္ေနတာ၊ အဲဒီေတာ့ ဟိုဘက္ကလည္း ငါေျပာခ်င္တာက ေဘာမတဲ့ေကာင္ေတြကလည္း အဲဒီလို ေလာ္ဘီေတြပဲ။ ဒီေကာင္ေတြ (၈၈၈၈) ကပါလာတာ။ ဒီဘက္က အနီဆိုတဲ့ေကာင္ေတြကလည္း ငါနာမည္တပ္ၿပီး မေျပာခ်င္ဘူး ဒီေကာင္ေတြအမ်ားစုကလည္း ေထာင္ထဲမွာ ဂြင္းေၾကာင္ေနတဲ့ေကာင္ေတြနဲ႔တူပါတယ္။ အခု ထြက္လာတဲ့အခါက်ေတာ့ သူတို႔က လက္စားေခ်မယ္ဆိုၿပီး ေအာက္က ခ်ာတိတ္ေတြေျမႇာက္ေပး။ သူတို႔ရဲ႕ Record ကိုၾကည့္ေလကြာ။ ဘယ္ႏိုင္ငံေရးေက်ာင္းကမွ စနစ္တက်သင္ၿပီး ဘယ္ႏိုင္ငံေရးလႈပ္ရွားမႈထဲပါလဲ။ ၿပီးရင္ (၆) လဆိုတဲ့ (၈၈၈၈) ျဖစ္စဥ္ေလးမွာပါခဲ့တယ္။ ၿပီးလည္းၿပီးေရာ ႏွစ္ေပါင္းမ်ားစြာ (၁၅) ႏွစ္၊ (၁၆) ႏွစ္ ေထာင္က်သြားတယ္။ ေလးစားတယ္။ ငါအဲဒီေလာက္ ေထာင္က်မခံႏိုင္ဘူး။ ငါေတာ့ေျပးမွာပဲ။ ဘာလုပ္မွာလဲ ေထာင္က်ခံၿပီး။ ငါေထာင္က်ခံလို႔လည္း ဘာမျဖစ္ဘူး။ ငါေသလို႔လည္းဘာမွမျဖစ္ဘူး။ ဗိုလ္ခ်ဳပ္ေအာင္ဆန္းလည္း ေထာင္က်မခံဘဲ ထြက္ေျပးတာပဲ။ ငါလည္းထြက္ေျပးမွာပဲ။ ဒါေပမဲ့ ဒီေကာင္ေတြကိုေလးစားတယ္။ ဒါေပမယ့္ အဲဒီလိုေထာင္က်ခံၿပီး၊ ရင္းခဲ့ၿပီးေတာ့မွ အခုခ်ိန္က်ေတာ့ ကာလာကြဲတာကို ကိုယ့္ဟာကိုယ္ နားမလည္ဘဲနဲ႔ျဖစ္သင့္တာက ဒီသမိုင္းေတြ၊ ဒီကိစၥေတြကိုသင္ပုန္းေခ်လိုက္ကြာ။ ေရွ႕ဆက္တက္ကြာ။ ဗီယက္နမ္တို႔ တ႐ုတ္ျပည္တို႔ဆိုတာ (၈၈၈၈) တုန္းက ငါတို႔ထက္အမ်ားႀကီး ဆင္းရဲတဲ့ေကာင္ေတြ။ အခုဆို ၾကည့္ကြာ ဗီယက္နမ္ဆို ေတာင္နဲ႔ေျမာက္နဲ႔ကြဲတယ္ကြာ။ ေတာင္ဗီယက္နမ္ စစ္တပ္ႀကီးက သန္းဂဏန္းရွိတယ္။ ၿပိဳသြားတယ္။ အကုန္လုံး အေမရိက ထြက္ေျပးတယ္။ အခုအေမရိကားမွာ ဗီယက္နမ္၊ ဗီယက္ခီး လို႔ေခၚတယ္။ ႏိုင္ငံျခားသားခံယူထားတဲ့ ဗီယက္နမ္၊ ငါတို႔လိုပဲေပါ့ကြာ။ ကိုယ့္ႏိုင္ငံက ထြက္သြားၿပီး ႏိုင္ငံျခားသားခံယူထားတာ (၄) သန္းရွိတယ္။ ဒီေကာင္ေတြ ခ်ီးေျခာက္ေရႏူးမေနဘူး။ သူ႔ႏိုင္ငံတိုးတက္ဖို႔အတြက္ ျပန္လာလုပ္တယ္။ မ်ိဳးဆက္သစ္ေတြနဲ႔ျပန္ေပါင္းၿပီးေတာ့ အခုဆိုသူတို႔တိုက္ခဲ့တဲ့ ကြန္ျမဴနစ္ပါတီအုပ္ခ်ဳပ္ေနတာပဲ။ ဘာဒီမိုကေရစီမွ မလိုဘူး။ တ႐ုတ္ျပည္လည္း ၁၉၈၉ မွာ Tiananmen ဖြဲ႕တယ္။ ငါတို႔ (၈၈) ၿပီး၊ (၈၉) မွာ Tiananmen ျဖစ္တာ။ သံခ်ပ္ကာကားနဲ႔ေတာင္ ႀကိတ္သတ္ပစ္တာ။ အဲဒီေကာင္ေတြက ဘာလုပ္ေနလဲဆိုရင္ အဲဒီတုန္းက တ႐ုတ္ (၂) ေသာင္း ႏိုင္ငံျခားမွာ Asylum ခံတယ္။ စေကာ္လာနဲ႔ေနတဲ့ (၂) ေသာင္း။ Asylum ခံတယ္ဆိုတာက ငါတို႔ကို ဒုကၡသည္စခန္းမွာ ထားတာမဟုတ္ဘူး။ ႐ိုင္း႐ိုင္းေျပာရရင္ ေမြးစားလိုက္တာ‌။ ႏိုင္ငံျခားသားျဖစ္သြားတယ္ကြာ။ ေျပာရရင္ အေဖ၊ အေမ အရက္သမားနဲ႔ ဖဲသမား။ အေမက ခ်ဲထိုးတယ္။ အေဖက အရက္ေသာက္တယ္။ သားသမီးေတြကိုႏွိပ္စက္တဲ့အတြက္ သား၊သမီးေတြက အိမ္နီးခ်င္းဘုရားတကာအိမ္မွာ အကူအညီေတာင္းေတာ့ ဘုရားတကာက ေမြးစားထားတဲ့သေဘာ။ အဲဒီေတာ့ ငါတို႔လည္းအဲဒီလိုပဲ သူမ်ားႏိုင္ငံရဲ႕ဘုရားတကာရဲ႕ အိမ္ဝန္းထဲကိုေရာက္သြားရင္ ေမြးစားထားတယ္။ ေမြးစားသားေတြျဖစ္သြားတယ္။ အဲဒီလိုႏိုင္ငံသားျဖစ္သြားေတာ့ ဒီေကာင္ေတြက ေဆးဝင္မထိုးဘူးကြ။ ကိုယ့္ႏိုင္ငံကိုျပန္ၿပီးေတာ့ အနည္းဆုံးေတာ့ ခရက္ဒစ္ကဒ္ထဲက ပိုက္ဆံေဒၚလာငါးေသာင္းေတာ့ ေခ်းလို႔ရတယ္။ ေခ်းၿပီးျပန္လာၿပီး ကိုယ့္ႏိုင္ငံမွာ အလုပ္လုပ္တယ္။ အဲဒီေနာက္ ဆုံးရႈံးသြားလည္း ကိုယ့္ႏိုင္ငံကို ဒီပိုက္ဆံဝင္တယ္။ ကိုယ့္ႏိုင္ငံတိုးတက္တာေပါ့။ တ႐ုတ္ျပည္လည္း အဲဒီအတိုင္းပဲ။ (၈၉) မွာ Tiananmen ျဖစ္တယ္။ ဒီေကာင္ေတြ ခ်ီးေျခာက္ေရႏူးမေနဘူး။ ႏိုင္ငံျခားမွာ စေကာ္လာ (၂) ေသာင္းေလာက္က Asylum ခံလိုက္တယ္။ ႏိုင္ငံသားျဖစ္သြားတယ္။ ဥပမာ- ဂ်ာမဏီမွာ Asylum ခံၿပီး ႏိုင္ငံသား ျဖစ္သြားတဲ့တ႐ုတ္တစ္ေယာက္သည္ ႏွစ္ေပါင္း (၂ဝ) ေလာက္ေနတဲ့အခါမွာ ဒီေကာင္ေတြက ဂ်ာမဏီမွာ အိမ္လည္းပိုင္လာၿပီ။ အဆက္အသြယ္လည္းရွိလာတယ္။ စီးပြားေရးလည္းလုပ္လို႔ရတယ္။ တ႐ုတ္ျပည္က ဘာမွမဟုတ္တဲ့၊ ဘယ္လိုေျပာမလဲ သခြားေစ့က ေႏြရာသီ ဂ်ာမဏီမွာေရာင္းလို႔ရတယ္ဆိုတာသိေတာ့ သခြားေစ့လုပ္တဲ့စက္႐ုံလုပ္ရင္ တ႐ုတ္ (၅) ေယာက္ အလုပ္ရတယ္။ ဟုတ္တယ္မလား။ ေျပာရရင္ ဒီတ႐ုတ္တို႔ ဗီယက္နမ္တို႔ ဆိုတာ ငါတို႔ထက္ဆိုးတဲ့လက္နက္ကိုင္ေတာ္လွန္ေရးတို႔ ႏိုင္ငံေရးတို႔ေလွ်ာက္ေျပာေနတဲ့ဟာေတြ အမ်ားႀကီး ႀကဳံၿပီး လူေတြအမ်ားႀကီးသတ္ခဲ့၊ ေသခဲ့တဲ့ေနရာေတြ။ အဲဒီကြန္ျမဴနစ္ပါတီပဲ အုပ္ခ်ဳပ္ေနတာ။ ဘာဒီမိုကေရစီမွ မရွိဘူး။ မင္းသြားၾကည့္လိုက္။ မင္း႐ုတ္႐ုတ္ ႐ုတ္႐ုတ္လုပ္ရင္ မင္းကိုေသဒဏ္ေပးၿပီး သတ္ၿပီးေတာ့ မ်က္လုံးေတြ ဘာေတြခြဲၿပီး ေရာင္းလိုက္လိမ့္မယ္။ အခု အဲဒီႏိုင္ငံေတြက တိုးတက္တယ္ေလ။ ငါတို႔ႏိုင္ငံေတြေတာင္ သြားၿပီး အလုပ္ၾကမ္းသြားလုပ္ေနရတယ္ သူတို႔ဆီမွာ။ အဒီေတာ့ေျပာခ်င္တာက လက္ေတြ႕မက်ဘူးကြာ။ မင္းခုနက ေျပာတဲ့ေမးခြန္းကိုျပန္ခ်ဳပ္ရင္ ငါတို႔နဲ႔ေခတ္ၿပိဳင္ မ်ိဳးဆက္ေတြကို ငါဘာေဝဖန္ခ်င္လဲဆိုရင္ ဘာမွမေဝဖန္ခ်င္ဘူးကြာ။ သူလည္းသူႀကိဳက္တာလုပ္၊ ငါလည္းငါႀကိဳက္တာလုပ္။ ငါကေတာ့ ဘယ္ေတာ့မွ ေအာက္ခံေဘာင္းဘီ လည္းမဝတ္ဘူး။ ထဘီလည္းမၿခဳံဘူး။ ငါနဲ႔ပတ္သက္တာက အခု Tiananmen ေတြလိုပဲ ငါသူမ်ားႏိုင္ငံေရာက္သြားတယ္။ ငါ့ကိုေမြးစားတယ္။ ငါႏိုင္ငံျခားသား။ ငါသည္ ျမန္မာျပည္မွာ မဲေပးခြင့္မရွိဘူး။ ျမန္မာျပည္ရဲ႕ႏိုင္ငံေရး Process ကိုလည္း ငါဝင္ပါလို႔မရဘူး။ အဲဒီေတာ့ ငါ့ေမြးစားမိခင္ႏိုင္ငံရဲ႕သံ႐ုံးက ဥပမာ - ေနာ္ေဝက ေအာ္စလိုမွာ ျမန္မာသံ႐ုံးရွိတယ္။ ငါက ေနာ္ေဝႏိုင္ငံသား၊ ႏိုင္ငံျခားသားပဲထား။ သံ႐ုံးေရွ႕မွာ သြားၿပီးဆႏၵျပလို႔ ကိုယ့္ေပါင္ ကိုယ္လွန္ေထာင္းသလို ငါ့ႏိုင္ငံဘာမွမတိုးတက္ဘူး။ တကယ္ ငါလုပ္ခ်င္ရင္ ငါ့ႏိုင္ငံကိုျပန္လာၿပီးေတာ့ ဟိုကေန ပိုက္ဆံ (သို႔) ပညာယူလာၿပီး ငါ့ႏိုင္ငံမွာ ဥပမာ- ပရဟိတေက်ာင္းေလးေထာင္ၿပီး ငါ ေနာ္ေဝ စကားေျပာ သင္ေပးလိုက္ရင္ အနည္းဆုံးေတာ့ ပုဂံမွာသူေတာင္းစားလုပ္ေနတဲ့ကေလးေလးေတြ ေနာ္ေဝစကားနဲ႔ Tourist Guide လုပ္လို႔ရတယ္။ ဒါက လက္ေတြ႔က်တယ္။ ငါကေတာ့ လက္ေတြ႕က်က်လုပ္တာကိုပဲ ႏိုင္ငံေရးလို႔ သတ္မွတ္တယ္။ အဲဒီလိုမ်ိဳး အရင္တုန္းက ၿပီးခဲ့တဲ့အာဃာတေတြနဲ႔ အရင္တုန္းက ငါ့ကိုေထာင္ထဲမွာ (၁၅) ႏွစ္၊ (၁၆) ႏွစ္ထားခဲ့လို႔ ေတာခိုတယ္၊ ဘာညာဆိုတာေတြ အဲဒါေတြက ေမ့ပစ္လိုက္ေပါ့။ ဒီအ႐ြယ္ႀကီးေရာက္ေနမွ ေတာ့ ရွင္ျပဳတဲ့အခ်ိန္က ေ႐ႊထီးေဆာင္းခဲ့တာေတြကို ေမ့လိုက္ေတာ့ေပါ့ကြာ။ အဲဒီေတာ့ ေတာ္ေတာ္မ်ားမ်ား ငါျမင္တာကေတာ့ ဘက္ကြဲၿပီးေတာ့ ဟိုဘက္ဒီဘက္မွာ ေဆးဝင္ထိုးတဲ့ေကာင္ေတြပဲ ငါေတာ့ျမင္တယ္။ ဒီေလာက္ပါပဲ။

ေမး ။ ။ အဲဒီေတာ့ အစ္ကို ခုနကေျပာတာေတြကိုျပန္ၾကည့္လိုက္ရင္ ကိုယ့္ရဲ႕အတိတ္က အာဃာတ အၿငိဳးေတြကို ဒီေနာက္ဆက္တြဲမ်ိဳးဆက္ေတြမွာ လာၿပီးပုံထည့္ၿပီးေတာ့ ဝိုင္းၿပီးၾကပ္ရင္းနဲ႔ မ်ိဳးဆက္သစ္လူငယ္ေတြကို အေသခံခိုင္းသလိုျဖစ္ေနတယ္လို႔ ေျပာလို႔ရမလား၊ ဒီႏိုင္ငံေရးအခင္းအက်င္းက။
ေျဖ ။ ။ ဟုတ္တယ္ေလ ငါအဲဒီလိုေျပာတာပဲ။ ျဖစ္ေနတယ္လို႔ေျပာလို႔မရဘူး ျဖစ္ကုိ ျဖစ္ေနတာ။

ေမး ။ ။ အဲဒါကို လူငယ္ေတြနားလည္ေအာင္ ဘယ္လိုလုပ္ရမလဲ။
ေျဖ ။ ။ ဒီေကာင္ေတြစာဖတ္ေပါ့ကြာ။ ငါတို႔တုန္းကလည္း နားမလည္ဘဲဝင္ပါခဲ့တာပဲ။ ငါစာမဖတ္ဘူးေလ။ ငါတို႔တုန္းက အရက္ေသာက္တယ္။ ဘိန္း ရႈတယ္။ ဖြန္ေၾကာင္တယ္။ ဒီလိုပဲငါတို႔ေနခဲ့တာပဲ။ အဲဒီလိုေနရင္းနဲ႔ ႐ုတ္တရက္ ဖုန္းေမာ္ အေရးအခင္းျဖစ္တယ္ဆိုေတာ့ ငါတို႔ေက်ာင္းသားကိုထိတယ္။ အဲဒီတုန္းက စစ္တပ္က ပစ္တာမဟုတ္ဘူး ရဲကပစ္တာ။ အဲဒီတုန္းက ဖုန္းေမာ္ ေဘးနားမွာရွိေနတဲ့ က်ည္ဆံမထိတဲ့ ငါ့သူငယ္ခ်င္းေတြ အခုထိျပန္ေတြ႕ေနတာပဲ။ အဲဒီေတာ့ ပစ္တယ္။ ငါတို႔က မခံခ်င္ဘူး။ အသက္ (၂ဝ)၊ (၂၅) လူငယ္ေတြဆိုေတာ့ ငါတို႔က အဘိုးႀကီးေတြကိုေတာ္လွန္ခ်င္တဲ့စိတ္က တစ္ကမာၻလုံးမွာရွိတယ္။ ဥပမာ- ငါ့သား၊သမီးေတြ ဟိုႏိုင္ငံမွာ ေမြးတဲ့ကေလးေတြ၊ ဒီေကာင္ေတြလည္း ေတာ္လွန္ခ်င္စိတ္ရွိတာပဲ။ ဒါေပမဲ့ ဒီေကာင္ေတြေတာ္လွန္ခ်င္စိတ္က ၿငိမ္းခ်မ္းတဲ့ႏိုင္ငံမွာျဖစ္တဲ့အတြက္ ဒီေကာင္ေတြသည္ မိဘကိုမမွီခိုခ်င္ဘူး။ ကိုယ့္ဖာသာကိုယ္ အလုပ္ လုပ္၊ ပိုက္ဆံရွာၿပီးရင္ iPhone-13 ေလာက္ အသစ္ကိုင္ႏိုင္ရင္ဂုဏ္ယူတယ္။ နည္းနည္းေလးႀကီးလာရင္ ကိုယ့္ အိမ္ကိုယ္ဝယ္မယ္။ ကိုယ့္ကားကိုယ္ဝယ္မယ္။ ဒါငါတို႔အဖိုးႀကီး၊ အဖြားႀကီးကို ဘယ္လိုေျပာမလဲ မမွီခိုခ်င္ဘူးေပါ့ကြာ။ ဒါလည္းေတာ္လွန္စိတ္ပဲ။ ဒါေပမယ့္ စစ္ျဖစ္ေနတဲ့ႏိုင္ငံမွာ ဟိုး..လိုက္ေဘးရီးယားတို႔၊ ဆီယာရာလီယြန္တို႔က ကပၸလီေတြကိုၾကည့္လိုက္ရင္ AK-47 ေလး ကိုင္ရတာကို ဆရာႀကီးလုပ္ေနၾကတယ္။ ငါတို႔ဆီမွာ AK-47 က ေဒၚလာ ၂ဝဝ၊ ငါတို႔ပိုက္ဆံနဲ႔ဆို ဗမာေငြ ၃ သိန္း၊ ၄ သိန္းဆို ဝယ္ကိုင္လို႔ရေနၿပီ။ ဘယ္သူမွအထင္မႀကီးဘူး။ မင္းကိုအထင္ႀကီးတာက မင္းပိုက္ဆံနဲ႔မင္း အဲဒီအသက္ (၂ဝ) ေက်ာ္လူငယ္ ကိုယ့္အလုပ္ကိုယ္လုပ္၊ ကိုယ္ ပိုက္ဆံနဲ႔ကိုယ္ မိဘဆီကိုမမွီခိုဘဲ ကိုယ့္ဟာကိုယ္သုံးႏိုင္တယ္။ ငါတို႔ဆီမွာ အသက္ (၁၈) ႏွစ္ျပည့္ရင္ တရားဝင္ ေဆးေျခာက္ရႈလို႔ရတယ္။ မင္းဟာမင္းသုံးႏိုင္တယ္ ပါတီတက္တယ္။ အဲဒီလိုလုပ္တာကို သူတို႔ဂုဏ္ယူတယ္ကြာ။ အဲဒီေတာ့ ျဖစ္သင့္တာက အဲဒါပဲေပါ့။ ငါတို႔လူငယ္ေတြက ေလ့လာရမွာ။ ငါတို႔တုန္းက မေလ့လာဘူး။ အဲဒီေတာ့ တစ္ခုခုလည္းျဖစ္ေရာ ငါတို႔က အသည္းေတြေပါက္ၿပီးေတာ့ သိတယ္မလား။ တရားမွ်တမႈတို႔၊ အမွန္တရားတို႔ကို ငါလည္းႏွစ္ေပါင္းမ်ားစြာ ထြက္ရွာတာ၊ အခုထိႏွစ္ေပါင္း (၃ဝ) ရွိၿပီ။ အခုထိ အမွန္တရားမေတြ႕ဘူး။ ငါလည္း အသက္ (၅ဝ) ေက်ာ္ေနၿပီ။ ေနာက္ထပ္ေနရင္ ေသဖို႔ပဲက်န္ေတာ့တယ္။ ငါလည္းမရွာေတာ့ဘူး။

ေမး ။ ။ ကြၽန္ေတာ္တို႔အခု လက္ရွိႏိုင္ငံေရးအခင္းအက်င္းကိုၾကည့္တဲ့အခါ ေက်းလက္လူတန္းစားေတြရဲ႕ ရင္ထဲမွာ သူတို႔ေတြက အခုထြက္ေျပးတိမ္းေရွာင္ေနၾကရၿပီး ေၾကာက္လန႔္ေနရတဲ့ေခတ္ႀကီးျဖစ္ေနတယ္။ ဆိုေတာ့ အဲဒီလိုေၾကာက္ေနရတဲ့လူတန္းစားႀကီး မ်ားလာေနတာက တိုင္းျပည္အတြက္ ပိုၿပီးေတာ့ ဆိုးသထက္ ဆိုးလာႏိုင္ေျခရွိလား။ အစ္ကိုေရာ သြားလာေနတာေတြမွာ ျမင္မိတာရွိလား။ ေအာက္ေျခလူတန္းစားေတြရဲ႕ တကယ့္ခံစားခ်က္က ဘာလို႔ျမင္မိလဲ။
ေျဖ ။ ။ အားလုံးကေတာ့မတူဘူးေပါ့ ညီေလးရာ။ ေအာက္ေျခလူတန္းစားဆိုတာ အမ်ားႀကီးရွိတာပဲ။ လယ္သမားက တစ္မ်ိဳးျမင္မယ္။ ဆိုက္ကားသမားက တစ္မ်ိဳးျမင္မယ္။ ဆိုင္ကယ္တကၠစီဆြဲတဲ့ေကာင္က တစ္မ်ိဳး ျမင္မယ္။ သို႔ေသာ္ အားလုံးရဲ႕အေျခခံလိုအပ္ခ်က္ကေတာ့ ဘယ္လိုေခၚမလဲ စိတ္ကူးယဥ္တာၿပီးသြားရင္ တည္ၿငိမ္ၿပီးေတာ့ ကိုယ့္အလုပ္ကိုယ္လုပ္၊ ကိုယ့္စားပြားကိုယ္ရွာ ေအးေဆးေနႏိုင္တဲ့ ဘဝကိုလိုခ်င္တာေပါ့။ ဟိုး ၁၉၇၅ ခုႏွစ္မွ လြတ္လပ္ေရးရတဲ့ စုတ္ျပတ္ညစ္ပတ္ေနတဲ့ ဘဂၤလားေဒ့ရွ္ေတာင္ အခုတည္ၿငိမ္ေတာ့ သြားၾကည့္ ေလ။ အလုပ္လုပ္လို႔ရတယ္။ မင္း ဘဂၤလားေဒ့ရွ္စစ္တပ္ထဲဝင္ရင္ထားပါေတာ့ တစ္လကို ေဒၚလာ (၁ဝဝ) ေလာက္ရတယ္။ မနက္ (၅) နာရီထၿပီး အလံအေလးျပဳရတယ္။ တပ္ၾကပ္က ပါး႐ိုက္တာခံရမယ္။ မင္းအဲဒီလို လုပ္မယ့္အစား စီးပြားေရးလုပ္ငန္းေတြေကာင္းေနတဲ့အခ်ိန္မွာ ကိုယ့္ဟာကိုယ္စက္႐ုံေလးတစ္ခုမွာ အလုပ္သြား လုပ္လိုက္ရင္လည္း အဲဒီေလာက္ရမွာပဲ။ ကိုယ္ဟာကိုယ္ အိပ္ခ်င္တဲ့အခ်ိန္အိပ္ရတယ္။ ဟုတ္တယ္မလား။ အဲဒီ ဘဝပဲေ႐ြးမွာေပါ့။ အဲဒီေတာ့ အဓိက သူတို႔ဘာလိုတာလဲဆိုတာေတာ့ ငါလည္း လူထုေခါင္းေဆာင္ႀကီးမဟုတ္ေတာ့ မသိဘူး။ လူတန္းစားတစ္ေယာက္နဲ႔ တစ္ေယာက္က မတူဘူးကြ။ သိတယ္မလား။ ငါျမင္တာကေတာ့ မွားေနတာက ေက်းလက္ေဒသေတြမွာ မင္းတို႔လူငယ္စကားနဲ႔ေျပာရင္ေတာ့ တာဇံေပါ့။ သူတို႔မွားတာက ဘာလဲဆိုေတာ့ ေခတ္အဆက္ဆက္က မင္းေလာင္းေမွ်ာ္တဲ့ဝါဒက မွားတာေပါ့။ ေက်းလက္ေဒသအမ်ားစုက မင္းေလာင္းေမွ်ာ္တယ္။ ငါတို႔အရင္တုန္းက ဆရာစံဆိုတာလည္း မင္းေလာင္းပဲေပါ့။ စၾကၤာမင္းသား လာမယ္တို႔၊ သီေပါမင္းကိုၿဖိဳခြင္းၿပီး ဘယ္မင္းေလာင္း လာမယ္တို႔။ ဟိုအရင္တုန္းက သီေပါမင္း ၁၈၈၆ မွာ သီေပါမင္းကို ေခၚသြားၿပီးေနာက္ပိုင္း ဗမာျပည္မွာ ေတာ္လွန္တယ္ဆိုတဲ့အေကာင္ေတြက မင္းေလာင္းေတြကြ၊ ဗမာျပည္ လြတ္လပ္ေရးရဖို႔ေတာ္လွန္တာမဟုတ္ဘူး။ သူတို႔မင္းဆက္ထူေထာင္ဖို႔ေတာ္လွန္တာ။ အဲဒီတုန္းက မင္းေလာင္း ေတြေမွ်ာ္ေနတာ။ ငါေတာင္အဲဒီအေၾကာင္းေရးဖူးပါတယ္။ ဗိုလ္ခ်ဳပ္ေအာင္ဆန္းတို႔မ်ိဳးဆက္ေတြက ဗိုလ္ေကညႇပ္တဲ့ မ်ိဳးဆက္ေတြ၊ အဂၤလိပ္ကိုလိုနီပညာေရးစနစ္၊ ကြၽန္ပညာေရးစနစ္ သိတယ္မလား။ အဲဒီမတိုင္ခင္က ဗမာ ဘုန္းႀကီးေက်ာင္းက ေရာင္ႀကီးေပြမ်ိဳးဆက္ေတြ အမ်ားစုက အဲဒီလိုေပါ့။ ဗိုလ္ခ်ဳပ္ေအာင္ဆန္းတို႔ Generation-Z ျဖစ္ေနတုန္းက ဆရာစံတို႔က Generation-L ေတြကြ၊ ဆရာစံတို႔ ေရာင္ႀကီးေပြမ်ိဳးဆက္က မင္းေလာင္းေမွ်ာ္တယ္ ကြ။ ဗိုလ္ခ်ဳပ္ေအာင္ဆန္းတို႔ အဂၤလိပ္ကိုလိုနီပညာေရးစနစ္က ဗိုလ္ေကမ်ိဳးဆက္က်ေတာ့ သူတို႔က ကြန္ျမဴနစ္ဝါဒတို႔ အမ်ားႀကီးပါကြာ။ ငါေလွ်ာက္ေျပာေနရင္ ၿပီးမွာမဟုတ္ဘူး။ ငါလည္း သိပ္နားမလည္ဘူး။ ဆိုေတာ့ အဲဒီလို ျဖစ္ၾကတယ္ေပါ့ကြာ။ သို႔ေသာ္ ဒို႔ျမန္မာေတြမွာ ေခတ္အဆက္ဆက္ရွိတာက မင္းေလာင္းေမွ်ာ္တဲ့ဝါဒေပါ့ ညီေလးရာ။ အဲဒီေတာ့ မင္းေလာင္းေမွ်ာ္တယ္ သိတယ္မလား။ ဟို စၾကၤာမင္းသား ေခၚလာမွာတို႔၊ ဘာတေဘာင္၊ ညာတေဘာင္တို႔ အဲဒါေတြနဲ႔ဆိုေတာ့ အမ်ားစုက အဲဒါပါပဲ။ ဒါေပမယ့္ ဒီေကာင္ေတြ သူတို႔လိုခ်င္တာကေတာ့ ဒီမိုက‌ေရစီစနစ္ရရင္၊ တရားမွ်တတာတို႔၊ လြတ္လပ္တာတို႔ အဲဒီလိုရရင္လည္း ဟတ္ခ်ေလာင္းဆိုၿပီး ဗီယက္နမ္တို႔၊ တ႐ုတ္ျပည္တို႔၊ ထိုင္းတို႔လို ခ်မ္းသာသြားမယ္လို႔ထင္ေနတယ္နဲ႔တူပါတယ္ကြာ။ အမွန္မွာက ဒီ႐ြာက ပုဂၢိဳလ္ေတြက ထိုင္းတို႔၊ မေလးရွားတို႔မွာ အလုပ္ၾကမ္းသြားလုပ္တယ္။ ဟိုမွာ ထိုင္းမွာက အာဏာရွင္အုပ္ခ်ဳပ္ေနတာ။ ထိုင္းမွာက စစ္တပ္အာဏာသိမ္းထားတာ ခဏခဏ၊ တို႔ဗမာျပည္မွာ ခုမွတစ္ခါပဲသိမ္းတာ၊ အခုခ်ိန္အထိ သိမ္းထားတာ ျပန္မေပးေသးဘူး။ ထိုင္းမွာက ေပးလိုက္၊ မေပးလိုက္နဲ႔။ မင္းမွတ္မိလား ၂ဝဝ၄ လား၊ ၂ဝဝ၆ လား သက္ဆင္ နယူးေယာက္ခ္မွာ မိန႔္ခြန္းေျပာတဲ့အခ်ိန္ အာဏာသိမ္းတာ။ အဲဒါပါထည့္တြက္ရင္ အခု (၁၆) ႏွစ္ ဝန္းက်င္ရွိၿပီ အခုထိုင္းႏိုင္ငံမွာ အာဏာ On-Off သိမ္းေနတာ။ အခုငါတို႔ေတာ္လွန္ေရးမွာလိုက္လုပ္တဲ့ သံဗုံး တီးတာတို႔ လက္သုံးေခ်ာင္းေထာင္တာတို႔ဆိုတာလည္း ထိုင္းမွာ လြန္ခဲ့တဲ့ ၂ဝ၁၈ ကတည္းက လုပ္လာတာ။ ေဟာင္ေကာင္မွာ ၂ဝ၁၄ ကတည္းက လုပ္ေနတာပဲ။ ဆိုေတာ့ အဲဒါေတြကိုေရာက္သြားတဲ့အခ်ိန္မွပဲ သူတို႔သိမွာ။ ေအာ္ ဒီလိုပါလား။ တကယ္အေျခခံလိုအပ္ခ်က္က ႏိုင္ငံမွာတည္ၿငိမ္ၿပီး တိုးတက္ဖို႔လိုတယ္ဆိုပါလား ဆိုတာသိမွာ။ ေျပာရရင္ေတာ့ ညီေလးရာ မိုက္တယ္ဆိုတာ ဂုဏ္ယူစရာမဟုတ္ဘူး။ မိုက္တယ္ဆိုတာ လြယ္ပါတယ္။ ေက်ာ္ဟိန္း စကားအတိုင္းေျပာရမွာေပါ့။ လိမၼာတာပဲ ဂုဏ္ယူရမွာ။ လူတိုင္းက လူမိုက္၊ အ႐ိုင္းစိတ္ရွိပါတယ္။ ဒီအ႐ိုင္းစိတ္ကိုထိန္းၿပီးေတာ့ ယဥ္လာတာကမွ ဂုဏ္ယူစရာ။ အဲဒီေတာ့ အခု တို႔တေတြျဖစ္ေနတာက သူမ်ား ႏိုင္ငံေတြလိုတိုးတက္ဖို႔အတြက္ အဲဒီႏိုင္ငံေတြမေရာက္ဖူးခင္ကေတာ့ စနစ္ေျပာင္းလိုက္ရင္ တိုးတက္မယ္လို႔ ထင္ေနတာ။ တကယ္တမ္းမွာက မဟုတ္ဘူးကြ။ ႏိုင္ငံတည္ၿငိမ္မႈ သိတယ္မလား။ အဓိကကေတာ့ ႏိုင္ငံတည္ၿငိမ္မႈပဲ။ ႏိုင္ငံေရးတည္ၿငိမ္မႈေပါ့။ ႏိုင္ငံျခားသားကလာၿပီးေတာ့ ရင္းႏွီးျမႇဳပ္ႏွံမယ္ဆိုရင္လည္း ႏိုင္ငံေရးမတည္ၿငိမ္ဘဲနဲ႔ ဘယ္သူမွ ရင္းႏွီးမျမႇဳပ္ႏွံဘူး။ ဥပမာ- မင္းနဲ႔ငါနဲ႔ အခုေျပာထားတဲ့ကိစၥ မင္းမရွိရင္ ေနာက္တက္လာတဲ့ေကာင္က ဂ႐ုမစိုက္ဘူးဆိုရင္ ငါက ဘာလို႔ မင္းကုမၸဏီမွာ ရင္းႏွီးျမႇဳပ္ႏွံမွာလဲ။ ဟုတ္တယ္မလား၊ အဲဒီေတာ့ မင္းခုနကေျပာတဲ့ တာဇံေတြနဲ႔ပတ္သက္ရင္ေတာ့ ဒါပဲေပါ့။ ဘာလိုခ်င္လဲဆိုတာကေတာ့ ငါလည္းမသိဘူး။ ငါကိုယ္တိုင္လည္း ဘာလိုခ်င္မွန္း ခုခ်ိန္ထိမသိေသးဘူး။

ေမး ။ ။ အစ္ကို ခုနကေျပာတဲ့ ႏိုင္ငံေရးတည္ၿငိမ္မႈရွိဖို႔ကိစၥကလည္း ကြၽန္ေတာ္တို႔ႏိုင္ငံက ထူးျခားတာက ၁၉၄၇-၄၈ ခုႏွစ္ကေပါ့၊ လြတ္လပ္ေရးရၿပီးတည္းက အခုခ်ိန္ထိ ႏိုင္ငံေရးတည္ၿငိမ္မႈျပႆနာက ႀကီးႀကီးမားမား ခံစားေနရတယ္။ ကြၽန္ေတာ္တို႔ရင္ထဲမွာ ရွိေနတဲ့အရာတစ္ခုရွိတယ္။ အေနာက္အုပ္စုေတြရဲ႕ဝင္ေရာက္စြက္ဖက္မႈေတြ (သို႔) ေနာက္ကြယ္က ေသြးထိုးႀကိဳးကိုင္မႈေတြကလည္း ႏိုင္ငံေရးမတည္မၿငိမ္ျဖစ္ဖို႔ အေၾကာင္းအရာထဲက တစ္ခုျဖစ္တယ္လို႔ အားလုံးကေတာ္ေတာ္မ်ားမ်ား တြက္ဆေနၾကတယ္။ မွန္တယ္လို႔ ယူဆလား၊ ဘယ္လိုျမင္လဲ။ ဥပမာ- အေမရိကန္က ေနာက္ကပါတယ္။ တ႐ုတ္ကေနာက္ကပါတယ္။ ႐ုရွားက ေနာက္ကပါတယ္ဆိုတာမ်ိဳးေပါ့။
ေျဖ ။ ။ ကမာၻႀကီးကို Global Village လို႔ ေခၚတယ္။ အဲဒီလိုပဲႏႈိင္းလိုက္မယ္။ အခုကမာၻႀကီးက ႐ြာႀကီးျဖစ္ေနၿပီ။ အဲဒီေတာ့ တို႔႐ြာတစ္႐ြာမွာပဲၾကည့္လိုက္ပါ။ ႐ြာတစ္႐ြာမွာ အရက္သမားရွိမယ္၊ ဘုရားတကာရွိမယ္၊ ခ်ဲေရာင္းတဲ့ေကာင္ရွိမယ္၊ လဖၻက္ရည္ဆိုင္ပိုင္ရွင္ ရွိမယ္ အမ်ားႀကီးရွိပါတယ္။ အိမ္တိုင္းအိမ္တိုင္းမွာ ကိုယ့္ျပႆနာဆိုတာရွိတယ္ ညီေလး။ ဥပမာ- မင္းအိမ္မွာ အိမ္ေဖာ္မေလးဗိုက္ႀကီးတယ္ကြာ၊ အိမ္ေဖာ္မေလး ဗိုက္ႀကီးတာကို မင္းမိန္းမနဲ႔ မင္းနဲ႔တိုင္ပင္ၿပီးေတာ့ မင္းလည္းျဖစ္ရင္ျဖစ္မယ္။ မင္း သားလည္းျဖစ္ရင္ျဖစ္မယ္။ မင္းအိမ္က အလုပ္သမားနဲ႔လည္း ျဖစ္ရင္ျဖစ္မယ္။ ဒါေပမယ့္ ဒီကိစၥကို မင္းဟာမင္း တိုင္တိုင္ပင္ပင္နဲ႔ မင္းမိန္းမနဲ႔တိုင္ပင္ၿပီး ဖုံးဖုံးဖိဖိ မလုပ္ဘဲနဲ႔ မင္းက႐ြာသူႀကီးသြားေျပာလိုက္ရင္ ႐ြာသူႀကီးက မင္းကိုဆရာႀကီးဝင္လုပ္မွာေပါ့။ ရဲတိုင္လိုက္၊ တရား႐ုံးသြားလိုက္ဆိုၿပီး။ ႐ြာသူႀကီးကလည္း သူ႔အိမ္မွာ သူ႔ တူမဗိုက္ႀကီးတဲ့ကိစၥရွိရင္ ရွိမွာပဲ။ ဖုံးထားတာ။ အဲဒီေတာ့ အဓိကငါေျပာခ်င္တာက ႏိုင္ငံတကာက ဝင္ေရာက္စြက္ဖက္တယ္
ဆိုတာက မင္းအိမ္က အိမ္ေဖာ္မေလး ဗိုက္ႀကီးတဲ့ ကိစၥကို မင္းေလွ်ာက္ေဖာ္ေနလို႔ သူတို႔က ဝင္စြက္ဖက္တာ။ အခုကြာ ငါအေဝးႀကီးကိုမေျပာေတာ့ဘူး အနီးစပ္ဆုံး ၂ဝ၂၁ မွာ ေဖေဖာ္ဝါရီ အခုလိုအခ်ိန္မွာ ငါတို႔ႏိုင္ငံမွာ တဂ်ိန္းဂ်ိန္းခ်တယ္။ ၿပီးလည္းၿပီးေရာ ဘယ္ေလာက္မွ မၾကာဘူး တစ္ဖက္နဲ႔တစ္ဖက္ ပစ္သတ္တယ္။ ထားပါေတာ့။ ငါအဲဒါေတြလည္း မေျပာခ်င္ပါဘူး။ အဲဒါေတြ ၿပီးသြားေတာ့ တစ္လေလာက္ပဲျခားတယ္။ ပါလက္စတိုင္းနဲ႔ အစၥေရးနဲ႔ ခ်တယ္။ တိုက္ေတြကို အလုံးလိုက္ ၿဖိဳခ်တာ။ ၿပီးရင္ အာဏာတက္သိမ္းတာ အီသီယုိးပီးယားမွာလည္း သိမ္းတာပဲ။ အာဖရိကႏိုင္ငံေတြလည္း သိမ္းတာပဲ။ ဖိလစ္ပိုင္ကိုၾကည့္ရင္လည္း ငါတို႔ထက္ဆိုးတယ္။ ဒူတာေတး တက္လာေတာ့ ဘယ္လိုလာလဲ။ ပစ္သတ္တာေတြ၊ တရား႐ုံးေခၚၿပီး ပစ္သတ္တာေတြ ဘယ္လိုအုပ္ခ်ဳပ္လဲၾကည့္။ အိုဘားမားဆို ဆင္းသာသြားတယ္။ သူ(ဒူတာေတး) အခုထိ အုပ္ခ်ဳပ္ေနတယ္။ ငါေျပာခ်င္တာက ႏိုင္ငံတကာဝင္ေရာက္စြက္ဖက္တယ္ဆိုတာက မင္းညံ့လို႔ပဲ။ မင္းအိမ္က ကိစၥကို ဝင္ေရာက္စြက္ဖက္တယ္ဆိုတာ မင္းညံ့လို႔ပဲ။ အာဆီယံႏိုင္ငံေတြ ၾကည့္လိုက္ေလ။ အာဆီယံႏိုင္ငံထဲမွာ ဘယ္ႏိုင္ငံက ဒီမိုကေရစီ Perfect ျဖစ္တဲ့အစိုးရရွိလဲ။ ဟြန္ဆန္ဆိုတာ အာဏာရွင္ပဲ။ အကုန္လုံးေျပာျပလိုက္ရင္ ၿပီးမွာမဟုတ္ဘူး။ ထိုင္းမွာလည္း ထိုင္းဘုရင္ႀကီးက ဘယ္လိုလဲ။ အရင္တုန္းက ဘူမိေဘာက သူ႔အစ္ကိုကိုသတ္တဲ့ ကိစၥကို ေျပာၾကည့္လိုက္ ထိုင္းမွာ အခုေျပာလို႔မရဘူး။ ထိုင္းႏိုင္ငံမွာသြားေျပာရင္ မင္းကို ေရွာ့ ပစ္လိုက္မွာ။ အခုကလည္း အာဏာရွင္အုပ္ခ်ဳပ္ေနတာ။ အခုဗိုလ္ခ်ဳပ္ႀကီး ခ်န္အိုခ်ာ ဆိုတာ အာဏာသိမ္းၿပီးမွ အရပ္ဝတ္ ေျပာင္းၿပီးေတာ့ တက္ၿပီးအုပ္ခ်ဳပ္တဲ့ေကာင္။ မေလးရွားမွာလည္း မဟာသီယာ မိုဟာမက္ မတိုင္ခင္ အခု (၉၂) ႏွစ္အထိ မၾကာခင္ကမွ အုပ္ခ်ဳပ္သြားတာမလား။ စကၤာပူမွာလည္း လီကြမ္ယုရဲ႕မိသားစု ခုခ်ိန္ထိအာဏာရွိတုန္း၊ အုပ္ခ်ဳပ္တုန္း။ အင္ဒိုနီးရွားေတာ့ ေျပာမေနနဲ႔။ အင္ဒိုနီးရွားေျခဥက ငါတို႔စာအုပ္အစိမ္းႀကီးဆိုတာ အင္ဒိုနီးရွားက ကူးခ် တာ။ အင္ဒိုနီးရွားက ဒီမိုကေရစီရွိလားသြားၾကည့္ ဘယ္သူအုပ္ခ်ဳပ္လဲဆိုရင္ မြတ္ဆလင္ မဘသအုပ္ခ်ဳပ္တာ။ မြတ္ဆလင္အစြန္းေရာက္ေတြအုပ္ခ်ဳပ္တာ အခုခ်ိန္ထိ။ အဲဒီေတာ့ေျပာခ်င္တာက Global Village ဆိုတဲ့ ကမာၻ႔႐ြာႀကီးမွာ လူတိုင္း အိမ္တိုင္းမွာျပႆနာရွိတယ္။ မင္းအိမ္မွာ အိမ္ေဖာ္မေလးဗိုက္ႀကီးတဲ့ကိစၥကို မင္းဟာ မင္း ဖုံးဖုံးဖိဖိမရွင္းဘဲနဲ႔ သူမ်ားသြားေျပာရင္ သူမ်ားက မင္းကိုဆရာႀကီးဝင္လုပ္မွာေပါ့။ အမွန္မွာ သူ႔အိမ္မွာလည္း ရွိတယ္ အဲဒီလိုကိစၥက။

ေမး ။ ။ လက္ရွိႏိုင္ငံေရးျပႆနာႀကီးကို လက္နက္ကိုင္ေတာ္လွန္ျခင္းလမ္းစဥ္က ေအာင္ျမင္ႏိုင္တယ္လို႔ အစ္ကိုျမင္လား။ အခုတစ္ႏွစ္ရွိလာၿပီ၊ ေတာ္လွန္ေရးလမ္းစဥ္ကေတာ့ တစ္ႏွစ္မျပည့္ေသးဘူး။ ျပည့္ေတာ့မယ္ေပါ့။ ဒါေပမယ့္ ေတာ္လွန္ေနၾကတုန္းပဲ။ ေဒသေပါင္းစုံ၊ အဖြဲ႕ေပါင္းစုံလည္းကြဲကုန္ၿပီ။ အဲဒီေတာ့ ေတာ္လွန္ေရးကို လက္နက္ကိုင္လမ္းစဥ္က ေအာင္ျမင္ႏိုင္မလား၊ လက္ရွိျမန္မာ့ႏိုင္ငံေရးျပႆနာႀကီး ေျပလည္သြားမွာလား။ ဘယ္လိုထင္လဲ။
ေျဖ ။ ။ တည့္တည့္ေျပာရင္ေတာ့ မင္းေနာက္ဆုံးေျပာတဲ့စကားပဲ။ လက္ရွိျမန္မာ့ႏိုင္ငံေရးျပႆနာ တည္ၿငိမ္ သြားမလားဆိုတာက တည္ၿငိမ္မယ္ကြ။ ဘာျဖစ္လို႔လဲဆို‌ေတာ့ လက္နက္ကိုင္ရင္ တစ္ဖက္ကေတာ့ ႏိုင္မွာပဲ။ တစ္ဖက္က အႏိုင္ေပၚသြားမယ္။ တစ္ဖက္ကအႏိုင္ေပၚသြားမွ တည္ၿငိမ္သြားမွာေပါ့။ ဟိုမေရာက္၊ ဒီမေရာက္ အိေညႇာင့္အိေညႇာင့္လုပ္ေနရင္ မတည္ၿငိမ္ဘူး။ အဲဒီေတာ့ လက္နက္ကိုင္တယ္ဆိုေကာင္းတယ္။ ဟိုဘက္ကလည္းကိုင္၊ ဒီဘက္ကလည္းကိုင္ ျပတ္ေအာင္ခ်ေပါ့ကြာ။ ဘယ္လိုေျပာမလဲ ၾကက္တိုက္သလိုေပါ့။ သေရသြား လုပ္မေနနဲ႔ တစ္ဖက္ကျပတ္ေအာင္သာခ်။ တစ္ဖက္ကျပတ္ရင္ တစ္ဖက္က ဟင္း ျဖစ္သြားမွာေပါ့။ အခုအေန အထားက လက္နက္ကိုင္တယ္ဆိုရင္ အမွန္တရားဆိုတာ ႏိုင္တဲ့သူဘက္မွာပဲရွိတယ္။ ဒုတိယကမၻာစစ္တုန္းက စတာလင္က ဟစ္တလာထက္ရက္စက္တယ္ကြ။ ဟစ္တလာထက္ လူပိုသတ္သြားတယ္။ ဒါေပမယ့္ စတာလင္ စစ္ႏိုင္သြားေတာ့ စတာလင္ကလူေကာင္း၊ ဟစ္တလာက လူဆိုး။ လက္နက္ကိုင္တယ္ဆိုကတည္းက အမွန္တရားဆိုတာေပ်ာက္သြားၿပီပဲ ႏိုင္တဲ့ေကာင္သာမွာပဲ။ အဲဒီေတာ့ ႏိုင္ေအာင္လုပ္ၾက၊ တစ္ဖက္ကႏိုင္သြား ရင္ေတာ့ ၿငိမ္းခ်မ္းတယ္ဆိုတဲ့ဟာေတြက ခုနကမင္းေျပာတဲ့ေမးခြန္းတစ္ခုမွာပါတယ္။ ႏိုင္ငံေရးအၾကပ္အတည္း မွာ လွပတဲ့ထြက္ေပါက္ဆိုတာ ႏိုင္ငံေရးအၾကပ္အတည္းတိုင္းမွာ ထြက္ေပါက္တစ္ခု ရွိတယ္။ အဲဒီေတာ့ ဒို႔ႏိုင္ငံရဲ႕ ထြက္ေပါက္က ဘာျဖစ္ႏိုင္မလဲ မင္းငါ့ကိုေမးတယ္။ ဆိုေတာ့ အဲဒီမွာ ႏိုင္ငံေရးထြက္ေပါက္ဆိုတာက ႏိုင္ငံေရးမွာတင္ မဟုတ္ဘူး။ အရာရာတိုင္းမွာထြက္ေပါက္ရွိတယ္။ မင္းေျပာခ်င္တာက အေျဖကိုေျပာခ်င္တာ။ အေမးတိုင္း ကေတာ့ အေျဖရွိတယ္။ ဒါေပမဲ့ အေျဖဆိုတာလည္း တစ္ခုတည္းဟုတ္ခ်င္မွဟုတ္မယ္။ ေမးခြန္းေပၚမွာ မူတည္ၿပီးေတာ့ လွည့္ပတ္ေျဖလို႔ရတယ္။ လွပတဲ့ထြက္ေပါက္၊ လွပတဲ့အေျဖဆိုတာက မင္းလက္ေရးလွလွနဲ႔ေရး ရင္ေတာ့ လွပတဲ့အေျဖေပါ့။ လက္ေရးမလွတာနဲ႔ေရးရင္ေတာ့ အေျဖေတာ့အေျဖပါပဲ။ ဥပမာ- တ႐ုတ္ျပည္ႏိုင္ငံရဲ႕ အၾကပ္အတည္းေပါ့။ တ႐ုတ္ျပည္မွာလည္း အလြန္ခ်မ္းသာတဲ့ ကမာၻ႔ဒုတိယ အႀကီးဆုံးတ႐ုတ္ျပည္ဆိုတာက သူတို႔လည္းျဖတ္သန္းလာခဲ့ရတာပဲ။ သူတို႔မန္ခ်ဴးဘုရင္ကိုပုန္ကန္တဲ့ ဆြန္ယက္ဆင္တို႔အဖြဲ႕ေတြ၊ သိတယ္မလား ၿပီးလည္းၿပီးေရာ ဆြန္ယက္ဆင္ကေန အနီေတြကို အမွန္မွာ ခ်န္ေကရွိတ္လည္း အနီပဲ။ ခ်န္ေကရွိတ္နဲ႔ ‌ေမာ္စီတုန္းနဲ႔ ႏွစ္ေပါင္းမ်ားစြာ ျပည္တြင္းစစ္ေတြျဖစ္လို႔ အခုခ်ိန္ထိ ငါတို႔ႏိုင္ငံမွာ မေအးခ်မ္းေသးတဲ့ ကိုးကန႔္ေဒသ၊ ဝ ေဒသတို႔ ဆိုတာ တ႐ုတ္ျပည္တြင္းစစ္ရဲ႕အေမြေတြေပါ့ကြ။ ဟုတ္တယ္မလား။ သူတို႔လည္း အဲဒီမွာ ထြက္ေပါက္ေတြရွိတယ္။ ၁၉၈၅ ခုႏွစ္ကတည္းက Reformed လုပ္တယ္ တ႐ုတ္ျပည္က။ တ႐ုတ္နဲ႔ ႐ုရွားနဲ႔ကြဲသြားတယ္။ ကြဲသြားေတာ့ ရန္သူရဲ႕ရန္သူက မိတ္ေဆြဆုိျပီး အေမရိကန္နဲ႔သြားေပါင္းတယ္။ ဒါေပမယ့္သူက ကြန္ျမဴနစ္ပဲ။ ၿပီးေတာ့ စီးပြားေရး Reformed ေတြလုပ္တယ္။ ႏိုင္ငံေရး Reformed ေတြလုပ္တယ္။ အဲဒီအခ်ိန္မွာ ဟိုဘက္ဒီဘက္ ေဆးထိုးတယ္။ ေဆးထိုးတယ္ဆိုတာထိုးမွာပဲ ငါလည္း သူငယ္ခ်င္းေတြကိုၾကပ္တာပဲ။ ၾကပ္လို႔ရတဲ့ေကာင္ၾကပ္တယ္။ ၾကပ္လို႔မရတဲ့ေကာင္မၾကပ္ဘူး။ ဆိုေတာ့ (၈၉) မွာ ေဆးထိုးေတာ့ Tiananmen ကိစၥျဖစ္တယ္။ သံခ်ပ္ကာ ကားနဲ႔ႀကိတ္သတ္ပစ္လိုက္တယ္။ လူဘယ္ေလာက္ေသလဲ အခုခ်ိန္ထိ ငါတို႔မသိႏိုင္ဘူး။ ဒါေပမယ့္ အခု သူတို႔လုပ္တဲ့ထြက္ေပါက္သည္ ငါတို႔နဲ႔မတူတာ ဘာလဲဆိုေတာ့ တ႐ုတ္ေတြက လက္ေတြ႕က်တဲ့ႏိုင္ငံေရးကို သုံးတယ္။ ငါတို႔ေတြ ေရလိုက္လြဲေနတာ၊ ႏိုင္ငံေရးဆိုတာ ႏိုင္ငံေတြကိုအုပ္ခ်ဳပ္မင္းလုပ္တဲ့ အသက္ေမြးဝမ္းေၾကာင္းအေရးကို ႏိုင္ငံေရးလို႔ထင္ေနၾကတာ။ အမွန္မွာက တ႐ုတ္ေတြရဲ႕ႏိုင္ငံေရးဆိုတာက ငါတို႔ငယ္ငယ္တုန္းက မဆလ ေက်ာင္းေတြမွာသင္ရသလို (၁) မိမိကိုယ္ကို ေကာင္းေအာင္ႀကိဳးစားရမယ္၊ (၂) မိမိအတန္းကို ေကာင္းေအာင္ႀကိဳးစားရမယ္၊ (၃) မိမိေက်ာင္းကို ေကာင္းေအာင္ႀကိဳးစားရမယ္၊ (၄) မိမိတိုင္းျပည္အတြက္ ေကာင္းေအာင္ႀကိဳးစားရမယ္ ဆိုတာ ငါတို႔ငယ္ငယ္တုန္းက မဆလ ေက်ာင္းေတြမွာ ေအာ္ရတယ္။ အဲဒါအမွန္ပဲ။ မင္းလုပ္ေနတဲ့အလုပ္ကို ႀကီးပြားခ်မ္းသာေအာင္လုပ္၊ မင္းေအာင္ျမင္သြားရင္ မင္းပတ္ဝန္းက်င္ကို ေရကန္ထဲကို ခဲပစ္သလို လႈိင္းေလးေတြကလည္း ကမ္းစပ္အထိေရာက္သြားမယ္။ အဲဒီလိုလူေတြမ်ားသြားရင္ လႈိင္းႀကီး ႀကီးလာမွာေပါ့ကြာ။ တ႐ုတ္ျပည္က အဲဒါမ်ိဳး။ လူတိုင္းခ်မ္းသာေအာင္ ကိုယ့္ဘာသာကိုယ္လုပ္ၾကတယ္။ ဒါေပမယ့္ ႏိုင္ငံေရးဆိုတာ ပရဟိတပဲ။ လူအမ်ားအက်ိဳးျပဳဖို႔ပဲ ႏိုင္ငံေရး။ မင္းကိုယ္မင္း ခ်မ္းသာေအာင္လုပ္ႏိုင္မွ က်န္တဲ့ ေကာင္ေတြကိုခ်မ္းသာေအာင္လုပ္ႏိုင္မွာေပါ့။ မင္းကိုယ္တိုင္က အသက္ (၇ဝ) ေက်ာ္အထိ အိမ္မဝယ္ႏိုင္ေသးဘဲနဲ႔ သူမ်ားကိုႀကီးပြားခ်မ္းသာေအာင္လုပ္ေပးမယ္ဆိုရင္ ဘယ္လိုလုပ္ယုံရမလဲ။ ဟုတ္တယ္မလား။ မင္းကိုယ္တိုင္ေတာင္ အုံနာခ မေပးႏိုင္လို႔ ဆိုက္ကားမနင္းႏိုင္တာကို မင္းကိုငါက သိန္းေထာင္ေက်ာ္တန္ ကားႀကီးအပ္ဖို႔ယုံမလား။ အဲဒီေတာ့ တ႐ုတ္ျပည္ရဲ႕လက္ေတြ႕က်တဲ့ႏိုင္ငံေရးဆိုတာ အဲဒါ။ အဲဒါကို လွပတဲ့ႏိုင္ငံ ေရးထြက္ေပါက္လို႔ပဲေျပာရမယ္။ တို႔ဒီျမန္မာျပည္ရဲ႕ႏိုင္ငံေရးအၾကပ္အတည္းမွာ ႏိုင္ငံေရးထြက္ေပါက္က ဘာလဲဆိုရင္ တစ္ဖက္က အျပတ္ႏိုင္သြားရင္ေတာ့ ႏိုင္ငံေရးထြက္ေပါက္ရွိမွာေပါ့။ ဥပမာ- ဗီယက္နမ္လိုေပါ့။ ႏွစ္ေပါင္းမ်ားစြာ ျပည္တြင္းစစ္ႀကီးၾကာေနၿပီးေတာ့ ေတာင္ဗီယက္နမ္ လုံးဝရႈံးသြားတဲ့အခါမွာ ႏိုင္ငံေရးထြက္ေပါက္ရသြားတယ္။ အခု လွပတဲ့ႏိုင္ငံေရးထြက္ေပါက္ဆိုတာ ေနာက္ႏွစ္ေပါင္း (၂ဝ)၊ (၃ဝ)ေလာက္မွေျပာလို႔ရမယ္။ ျဖစ္စဥ္ကို ေျပာလို႔မရဘူး။ အခုလည္းအဲဒီလိုပဲ။ အခုျဖစ္ေနတဲ့ျဖစ္စဥ္ကို ငါတို႔ေဝဖန္ရတာ ေစာေသးတယ္။ အဲဒီေတာ့ လွပတဲ့ထြက္ေပါက္ဆိုတာ ျပႆနာတစ္ခုရဲ႕အေျဖပဲ။ ျပႆနာတိုင္းမွာအေျဖရွိတယ္။ အဲဒီအေျဖကို မင္းက လွတယ္လို႔ယူဆရင္ လွမွာပဲ။ ဒါေပမယ့္ အဲဒါက ေနာက္ေတာ့မွျပန္ၿပီးေျပာမွ Record အေနနဲ႔ ျပန္ၿပီးသုံးသပ္ရမွာ။ အေျဖကေတာ့ အေျဖပါပဲေပါ့ ညီေလးရယ္။

ေမး ။ ။ အဲဒီေတာ့ စစ္တပ္ကေရာ သူတို႔လုပ္ေနတဲ့အလုပ္က မွန္တယ္လို႔ယူဆမလား၊ သူတို႔ဘက္ကေတာ့ သူတို႔မွန္တယ္လို႔ ယူဆမွာေပါ့။ အစ္ကို႔အေနနဲ႔ ျပည္သူတစ္ေယာက္အေနနဲ႔ ျမန္မာႏိုင္ငံသားတစ္ေယာက္အေန နဲ႔ေျပာမယ္ဆိုရင္ မွန္တယ္လို႔ထင္လား။
ေျဖ ။ ။ အစ္ကိုေျပာျပမယ္၊ ျပႆနာတစ္ခုျဖစ္တယ္ဆိုရင္ ငါတို႔ေတြ တစ္ဖက္တည္းကိုပဲေျပာလို႔မရဘူး။ ႏွစ္ဖက္စလုံးကိုေျပာရမယ္။ ဘယ္သူမဆို ကိုယ္မွန္တယ္ထင္လို႔ လုပ္ေနတဲ့သူေတြခ်ည္းပဲ။ ဥပမာ- ဟိုဘက္က ေတာ္လွန္ေနတဲ့ခ်ာတိတ္ေတြလည္း ဆင္းရဲပင္ပန္းခံၿပီး သူတို႔လုပ္ေနတယ္။ သူတို႔မွန္တယ္ထင္လို႔ လုပ္ေနတာ။ ငါခုနကေျပာတဲ့ တ႐ုတ္ျပည္ရဲ႕ထြက္ေပါက္ဆိုတာ အဲဒီမွာပါၿပီးသြားၿပီ။ ႏိုင္ငံေရးကိုအဓိပၸာယ္ဖြင့္လြဲေနတာ။ နားလည္မႈလြဲေနတာ။ သူတို႔ကိုယ္သူတို႔ ႏိုင္ငံတိုးတက္ဖို႔အတြက္ ေသနတ္ကိုင္ၿပီးေတာ္လွန္ေနတယ္လို႔ ထင္သလို ဟိုဘက္က ယူနီေဖာင္းဝတ္ထားတဲ့အဖြဲ႕အစည္းက ပုဂၢိဳလ္ေတြ၊ ခ်ာတိတ္ေတြကလည္း အဲဒီလို မွန္တယ္လို႔၊ ယူဆလို႔ သူတို႔လုပ္ေနၾကတာ။ လခ ရလို႔မဟုတ္ဘူး။ ဟိုဘက္ဒီဘက္ကို သြားၿပီး ဘလိန္းမလုပ္နဲ႔။ ဟိုေကာင္ေတြကလည္းေျပာရမယ္ဆိုရင္ ကိုယ့္စရိတ္နဲ႔ကိုယ္ စစ္တိုက္ေနတဲ့ေကာင္ တစ္ေကာင္မွမပါဘူး။ ႏိုင္ငံေတာ္ဘ႑ာကို တစ္နည္းနည္းသုံးၿပီးေတာ့ မင္းဟာမင္း လႉတဲ့ပိုက္ဆံျဖစ္ရင္ျဖစ္မယ္။ ဆပ္ေၾကးေပးတဲ့ ပိုက္ဆံျဖစ္ရင္ျဖစ္မယ္။ ေတာ္လွန္ေနတဲ့ EAOs လို႔ေခၚတဲ့ သူပုန္အဖြဲ႕ေတြလည္း ဘယ္ေကာင္မွ ကိုယ့္အိတ္ထဲက ကိုယ္စိုက္ၿပီး စစ္တိုက္ေနတဲ့ေကာင္ တစ္ေကာင္မွမပါဘူး။ အဲဒီေတာ့ သူတို႔လုပ္ေနတာ မွန္တယ္လို႔ယူဆလို႔ လုပ္ေနတာ။ နားလည္ဖို႔က အမ်ားစုကခ်ာတိတ္ေတြ၊ အသက္ (၂ဝ)၊ (၂၅) အ႐ြယ္ေတြခ်ည္းပဲ။ ဘယ္အဖြဲ႕အစည္းမွာမဆို လူအမ်ားစုက Generations အသစ္လူငယ္ေတြ၊ အနည္းစုက ထိန္းခ်ဳပ္ထားတာ။ ဟုတ္တယ္ေနာ္။ ဟိုဘက္ကအဖြဲ႕ကိုၾကည့္ရင္လည္း သူတို႔ Generations အသစ္ေတြ။ အဲဒီေတာ့ သူတို႔ ဝင္ထားတဲ့အဖြဲ႕ေတြ၊ သူတို႔ရဲ႕ႏိုင္ငံေရးခံယူခ်က္အရ မွန္တယ္ထင္လို႔ သူတို႔ကိုယ္က်ိဳးစြန႔္ၿပီးလုပ္ေနၾကတာ။ ဟုတ္တယ္မလား။ အဲဒါေတာ့ ေလးစားဖို႔ေကာင္းတယ္။ သို႔ေသာ္ အမွန္မွာေတာ့ သူတို႔အခ်င္းခ်င္းကြာ၊ ေနာက္ဆုံးက်ေတာ့ အစကေျပာသလို International exposure နည္းတာကိုပဲျပန္ေျပာရမွာပဲ။ သိပ္ကို ေတာ္လွန္ေနခ်င္ရင္ ထိုင္းမွာအလုပ္လုပ္ေနရင္း ထိုင္းေတာ္လွန္ေရးမွာ ဝင္ပါလို႔ရတာပဲ။ ထိုင္းက မြတ္ဆလင္ ျပည္နယ္ (၄) ျပည္နယ္မွာ ေတာ္လွန္ေနတာရွိတာပဲ။ ဝင္ပါ၊ ဝင္ခ်ၾကေပါ့။ အဲဒါမွမဟုတ္ရင္ တ႐ုတ္ျပည္ ေ႐ႊလီမွာ ဘဏ္ဓားျပတိုက္ၿပီးျပန္လာခဲ့ေလ။ ငါတို႔ဆီက က်ပ္ကို ဓားျပတိုက္မယ့္အစား ယြမ္ေငြကို ဓားျပတိုက္ၿပီး ျပန္လာၾကေပါ့။ ကိုယ့္ႏိုင္ငံအက်ိဳးရွိတယ္ကြာ။ ခုနကလို တပ္အေနနဲ႔ကလည္း အေမရိကန္က Blackwater တို႔၊ ႐ုရွား က Wagner Group တို႔လို ေၾကးစားစစ္သားေတြဆီမွာ သြားလုပ္ေလ။ ပိုက္ဆံရ ျပန္လာေပါ့။ အဲဒီေတာ့ International exposure နည္းေတာ့ သူတို႔ထင္တာက ငါတို႔အခ်င္းခ်င္း ဒီလိုလုပ္မွ တို႔ႏိုင္ငံ အက်ိဳးရွိမယ္လို႔၊ တို႔ႏိုင္ငံေရးလုပ္ေနတယ္လို႔ယူဆတဲ့အတြက္ သူတို႔လုပ္တာ။ ႏွစ္ဖက္လုံးပဲ။ ဒီေကာင္ေတြလည္း လခေလး တစ္ပဲေျခာက္ျပားနဲ႔ ယူနီေဖာင္းဝတ္ၿပီးေတာ့ အခ်ိန္မေ႐ြးေသႏိုင္တယ္ကြာ။ သူတို႔ယုံၾကည္ခ်က္မရွိဘဲ မလုပ္ဘူး။ ထိုနည္း၎ပဲ ေတာ္လွန္ေနတဲ့ခ်ာတိတ္ေတြဆိုတာလည္း သူတို႔ငတ္ျပတ္ၿပီး ကိုယ့္က်ည္ဆံကိုယ္လုပ္၊ ကိုယ့္ဗုံး ကိုယ္လုပ္ၿပီးလုပ္ေနတယ္ဆိုတာက ကိုယ့္ႏိုင္ငံတိုးတက္ဖို႔အတြက္ ႏိုင္ငံေရးလုပ္ေနတယ္လို႔ယူဆလို႔ လုပ္ေနၾက တာ။ သူတို႔အတြက္ေတာ့ သူတို႔မွန္တာခ်ည္းပဲ။ အဲဒီဟာကို တစ္ခ်ိန္ခ်ိန္မွာေပါ့ကြာ။ ငါလည္း အသက္ (၂ဝ)၊ (၂၅) အ႐ြယ္မွာ ငါလုပ္တာမွန္တယ္လို႔ယူဆခဲ့တယ္။ အဲဒါဘာလို႔လဲဆိုေတာ့ ငါမေလ့လာလို႔၊ အဲဒီေတာ့ ႏွစ္ေပါင္း (၃ဝ) ေလာက္ ငါေလ့လာလိုက္တဲ့အခ်ိန္မွာေတာ့ ငါလုပ္ခဲ့တာ ဟာသႀကီးကြ။

ေမး ။ ။ ဆိုလိုတာက အစ္ကိုဆိုရင္ အဲဒီေခတ္ (၂ဝ) ေက်ာ္အ႐ြယ္ကိုျပန္သြားမယ္ဆိုရင္ ဒီလိုလက္နက္ကိုင္ တိုက္တဲ့အဆင့္ကိုသြားမွာမဟုတ္ဘဲနဲ႔ တတ္ႏိုင္သမွ် ကိုယ့္တိုင္းျပည္အတြက္လုပ္လို႔ရသမွ်ကို စၿပီး ျပဳျပင္ေျပာင္းလဲေရးလုပ္သြားမယ့္သေဘာေပါ့။
ေျဖ ။ ။ မိမိကိုယ္ကိုယ္ ေကာင္းေအာင္ႀကိဳးစားမယ္ေပါ့ ညီေလးရယ္။ ငါႏိုင္ငံျခားထြက္ၿပီး ခုနကေျပာသလို ဟိုပုဂၢိဳလ္ေတြလို Asylum ခံပစ္လိုက္မယ္ေပါ့ကြာ။ ၿပီးသြားရင္ ႏိုင္ငံျခားသားလုပ္ပစ္လိုက္မယ္ကြာ။ ဟိုႏိုင္ငံမွာ အလုပ္မလုပ္ဘဲနဲ႔လည္း ေထာက္ပံ့ေၾကးရတာပဲကြ။ ငါ နယ္သာလန္သြားရင္ နယ္သာလန္မွာအလုပ္မလုပ္ဘဲနဲ႔ ယူ႐ို(၈ဝဝ) ေလာက္ရတယ္ကြာ။ ၿပီးသြားရင္ ငါ့ႏိုင္ငံငါျပန္ပို႔မွာေပါ့။ ငါဖြန္ေၾကာင္ၿပီး ေဆာ္ဆီပို႔ရင္ပို႔လိုက္မယ္ကြာ။ ၿပီးသြားရင္ ငါ့မိသားစု ငါျပန္ေခၚလို႔ရတယ္ကြာ။ ယိုးဒယားမွာ ဗမာျပည္ကပိုက္ဆံ သိန္းေထာင္ခ်ီယူၿပီး ေဆးကုမယ့္အစား ဆြစ္ဇာလန္မွာ ေဆးကုလို႔ရတယ္ကြာ။ ငါေျပာျပမယ္ ဟိုဘက္ဒီဘက္ကို ငါမေျပာခ်င္ဘူး။ ခုနက ေတာ္လွန္တယ္ဆိုတဲ့အဖြဲ႕အစည္းေခါင္းေဆာင္ေတြကလည္း အမ်ားစုသည္ ႏိုင္ငံျခားသားေတြ၊ အဲဒါမင္း သတိထားမိလား။ အခု KNU ေခါင္းေဆာင္ နယ္ဒါးျမ ဆိုတဲ့ပုဂၢိဳလ္လည္း ထိုင္းပတ္စ္ပို႔ဒ္ကိုင္ထားတဲ့ ထိုင္းႏိုင္ငံသား။ အမ်ားစုသည္ ႏိုင္ငံျခားသား။ က်န္တဲ့သူေတြ ငါေဖာ္ၿပီးမေျပာဘူး အမ်ားႀကီး။ “ဝ” အဖြဲ႕ဆိုလည္း တ႐ုတ္မွတ္ပုံတင္ကိုင္ထားတာ။ ဒါေပမယ့္ ျမန္မာႏိုင္ငံမွာ ေလယာဥ္ပစ္ဒုံးက်ည္ေတြေတာင္ကိုင္ႏိုင္တယ္။ ေသနတ္မ်ိဳးစုံကိုင္ၿပီး သံခ်ပ္ကာကားေတြနဲ႔ ဖိုက္တာႀကီးေတြလုပ္ေနေပမယ့္ ဟိုဘက္နယ္နိမိတ္ကိုေက်ာ္ၿပီးေတာ့ သူတို႔ႏိုင္ငံသားျဖစ္ေနတဲ့တ႐ုတ္ျပည္တို႔ ယိုဒယားတို႔ေရာက္ရင္ ဘယ္လိုေနလဲ သြားၾကည့္ေလကြာ။ ေလေသနတ္ေတာင္ မကိုင္ရဲဘူး အဲဒီေကာင္ေတြ။ ခုနက မင္းေမးခြန္းကိုပဲျပန္ေျပာရမွာေပါ့။ အိမ္တြင္းေရးကို ဝင္ၿပီးေႏွာင့္ယွက္တယ္ လုပ္ရဲတယ္ဆိုတာက မင္းညံ့လို႔လုပ္ရဲတာ။ ငါကြာ ဟိုႏိုင္ငံေတြမွာေနတယ္။ ငါ့ဆီမွာ ေသနတ္က လိုင္စင္နဲ႔ကိုင္လို႔ရတယ္။ ငါ့ဆီမွာ ေသနတ္က မ်ိဳးစုံရွိတယ္။ အဲဒီႏိုင္ငံေတြမွာ ငါေသနတ္ပစ္ရင္ ေသနတ္ပစ္တဲ့ကြင္းမွာ သြားၿပီးပစ္ရတယ္။ ငါဟာငါ အိမ္မွာ အရက္မူးလို႔ ေသနတ္ေဖာက္ရင္ နာရီဝက္အတြင္း ရဲ‌ေရာက္လာလိမ့္မယ္။ ဒါေပမဲ့ ငါဗမာျပည္လာရင္ လုပ္ရဲတယ္ကြ။

ေမး ။ ။ အခုဒီ ေျမျပင္အေျခအေနမွာက်ေတာ့ အေျခခံျပည္သူေတြက ေၾကာက္ေၾကာက္လန႔္လန႔္နဲ႔ေနရတာ ရွိတယ္။ ျပည္သူေတြရဲ႕ဘက္ကေန ျပန္ၿပီးေတာ့စဥ္းစားၿပီးေျပာရင္ ဒီဟာေတြကို သူတို႔ေတြမလိုခ်င္ေတာ့တာ ေတြ႕ရတယ္။ ျပည္သူေတြရဲ႕ ေၾကာက္လန႔္ေနတဲ့အေၾကာက္တရားက ဒီလိုကာလမွာ ဒီလိုျဖစ္ေလ့ရွိတယ္လို႔ ေျပာလို႔ရမလား ဒါမွမဟုတ္ ေတာ္သင့္ၿပီ၊ ရပ္သင့္ၿပီ၊ တစ္ခုခုလုပ္သင့္ၿပီလို႔ ေျပာခ်င္လား၊ ဘယ္လိုေျပာခ်င္လဲ။
ေျဖ ။ ။ ေအးေပါ့ညီေလးရယ္။ သမိုင္းတစ္ပတ္လည္တယ္ပဲေျပာရမွာေပါ့။ လြတ္လပ္ေရးၿပီးေနာက္ပိုင္း ျမန္မာ့ သမိုင္းကိုျပန္ၾကည့္ရင္ ဒီကာလရွိခဲ့တာပဲ။ ၁၉၄၈ ကေန ငါထင္တယ္။ ၁၉၅၈ ၾကားျဖတ္အစိုးရဆိုၿပီး ဦးေနဝင္း အာဏာထိန္းတဲ့ဝန္းက်င္ေလာက္အထိက ျမန္မာျပည္မွာ အဲဒီလိုပဲေလကြာ။ အခုကေတာ့ အဲဒီေလာက္ထိ မျဖစ္သင့္ဘဲျဖစ္သြားတယ္ပဲ ေျပာရမွာေပါ့။ ဟိုကာလတုန္းက ရဲေဘာ္သုံးက်ိပ္ဆိုတာ လူငယ္ေတြကြာ၊ သူတို႔လဲ အဲဒီကာလတုန္းက Generation-Z ခ်ာတိတ္ေတြပဲ။ သူတို႔ေတြ ေတာခို၊ ျပန္လာ၊ လက္နက္ကိုင္လမ္းစဥ္ကို ေ႐ြးတယ္။ ေဒါက္တာဘေမာ္က အဲဒီတုန္းက Breakthrough in Burma ဆိုတဲ့စာအုပ္တစ္အုပ္ကို Oxford မွာ ထုတ္တယ္။ ျမန္မာျပည္မွာမျဖန႔္ဘူး။ ေဒါက္တာဘေမာ္ႀကီးေျပာသြားတာက ျမန္မာလူငယ္ေတြက လက္နက္ကိုင္တဲ့အရသာကို သိသြားၾကၿပီတဲ့။ အဲဒီေတာ့ ေနာင္တစ္ခ်ိန္က်ရင္ လက္နက္ကိုင္ၿပီးပဲ ေျဖရွင္းၾကလိမ့္မယ္တဲ့။ အဲဒီအတိုင္းပဲေပါ့ကြာ ညီေလးရယ္။ အဲဒီကာလတုန္းက သူတို႔လြတ္လပ္ေရး ရၿပီးၿပီးခ်င္းမွာ ‌ေတာ္လွန္စရာ မရွိေတာ့ ကိုယ္အခ်င္းခ်င္း ေဘာင္ခ်ာဆုပ္ၾကတာေပါ့။ အမွန္မွာအခ်င္းခ်င္းေတြခ်ည္းပဲ။ ၿပီးသြားရင္ ေခါင္းေဆာင္အခ်င္းခ်င္း အစ္ကိုႀကီး၊ ညီေလးနဲ႔ အဲဒီလိုအေျခအေနေတြ၊ ေအာက္ကေကာင္ေတြကပဲ ဖက္သတ္ရတယ္။ အဲဒီကာလမွာ အခုလက္ရွိျမန္မာျပည္မွာျဖစ္ေနတဲ့အေျခအေန ျဖစ္ခဲ့တယ္။ အခုသမိုင္းက တစ္ပတ္ျပန္လည္တာ။ အခုကာလမွာလည္း အစ္ကိုႀကီး၊ ညီေလးတို႔၊ မမတို႔၊ ေမာင္ေလးတို႔ ရွိရင္ရွိမွာေပါ့။ သူတို႔ အထက္ပိုင္း ေခါင္းေဆာင္ေတြကေတာ့ ငါမသိဘူးေပါ့ကြာ။ ေအာက္ပိုင္းကေတာ့ ၁၉၄၉ နဲ႔ ၁၉၅၈ ၾကားလိုပဲ ျမင္ေနရတာပဲ။ ေနာက္တစ္ခုက သမိုင္းတစ္ပတ္လည္တာလည္း ေတာ္ေတာ္နီးစပ္တယ္ကြ။ ငါအရင္တုန္းက ၂ဝ၁ဝ ေလာက္က ငါျပန္လာတုန္းက စာေပဗိမာန္မွာ စာအုပ္ႏွစ္အုပ္ကြာ အရွည္ႀကီး၊ ၁၉၅၈ နဲ႔ ၆၂ ၾကား ျမန္မာ့ႏိုင္ငံေရးသမိုင္းဆိုတာကို ငါယူသြားၿပီး ဖတ္တယ္။ အခုျဖစ္တာနဲ႔ အတူတူပဲကြ။ ဦးေနဝင္း အာဏာမသိမ္းခင္ တစ္ညအထိ ျမန္မာ့အသံမွာ Live လႊင့္ၿပီးေတာ့ ေဆြးေႏြးၾကတာ ဖက္ဒရယ္ကိစၥကို။ ဆိုေတာ့ အဲဒီလိုမ်ိဳး တစ္ပတ္လည္ေနတာ။ အဲဒီေတာ့ ျပည္သူေတြက ဘယ္လိုျဖစ္သင့္လဲဆိုေတာ့ ငါလည္းမသိဘူးေပါ့ကြာ။ သို႔ေသာ္ ဒီကိစၥႀကီးကို ရပ္ဖို႔ဆိုတာကေတာ့ တစ္ဖက္က အျပတ္ႏိုင္မွရပ္မယ္။ အဲဒီေတာ့ အစ္ကိုစေျပာတဲ့အထဲမွာပါတယ္။ စစ္ျဖစ္ေနရင္ အာဏာရွင္စနစ္ဆိုတာ ရွိမွာပဲ။ အာဏာရွင္ဆိုတာက တို႔ေတြက ပါးစပ္ကအလြယ္ေျပာေပမယ့္ အာဏာရွင္ဆိုတာက ဟိုႏိုင္ငံက ဒီမိုကေရစီစနစ္မွာ အာဏာရွင္ဆိုတာ ခန႔္တာကြ ေရာမမွာ ခန႔္တယ္ဆိုတာ။ ႏိုင္ငံမွာ ေရာဂါကပ္ေဘးေတြ၊ စစ္ေဘးေတြျဖစ္တဲ့အခ်ိန္မွာ အာဏာရွင္ဆိုၿပီးခန႔္တာ။ အဲဒီေတာ့ ဖက္ဆစ္ဆိုတာကလည္း အဲဒီအာဏာရွင္ႀကီး ေရွ႕ကကိုင္တဲ့ႀကိဳးရဲ႕ ခ်ိန္းသီးေလးမွာ ပုဆိန္ေလးပါတဲ့ဟာကို ဖက္ဆစ္လို႔ေခၚတာ။ အဲဒီ ကေန ဖက္ဆစ္စနစ္လို႔ေခၚတာ။ အဲဒီေတာ့ စစ္ျဖစ္ေနရင္ အာဏာရွင္စနစ္ဆိုတာရွိမွာပဲ။ မင္းဟာမင္း ဘယ္လိုေျပာမလဲ ျပည္သူက ခန႔္ခန႔္၊ ကိုယ့္ဘာသာကိုယ္ခန႔္ခန႔္၊ ႏိုင္ငံေတာ္ႀကီး ေခ်ာက္ကမ္းပါးထဲမက်ခင္ ကယ္တင္ဖို႔ တို႔ ဘာတို႔ေပၚလာမွာပဲ။ အဲဒီေတာ့ တို႔ဗုဒၶဘာသာမွာ အေၾကာင္းရွိရင္ အက်ိဳးရွိတယ္ကြ။ မီးရွိရင္ မီးခိုးရွိမွာပဲ။ တို႔ေတြက မီးခိုးပဲသြားမၾကည့္ဘဲ မီးကိုၾကည့္ေနတယ္။ မီးဟာ ဘာလဲဆိုရင္ ျပည္တြင္းစစ္ပဲ။ စစ္ျဖစ္ေနရင္ အာဏာရွင္စနစ္ဆိုတာ ရွိေနမွာပဲ။ သီရိလကၤာႏိုင္ငံမွာ စစ္ျဖစ္ေနတဲ့အခ်ိန္ အာဏာရွင္ဆိုတာရွိတာပဲ။ တစ္ဖက္က အျပတ္ႏိုင္သြားတဲ့အခ်ိန္ၿပီးသြားတာပဲ။ အေမရိကန္မွာလည္း ျပည္တြင္းစစ္ျဖစ္ေနတဲ့အခ်ိန္မွာ သမၼတသည္ အာဏာရွင္ပဲ။ ဥပမာ- ကမာၻ႔စစ္ကူဝင္တိုက္ေနတဲ့အခ်ိန္မွာလည္း တကယ္လို႔ ေ႐ြးေကာက္ပြဲလုပ္ဖို႔ မလိုဘူးဆိုရင္ သမၼတသည္ အာဏာရွင္အေနနဲ႔ အာဏာဆက္ထိန္းၿပီးသြားဖို႔ ပါလီမန္ကခြင့္ေပးတယ္။ အဲဒီေတာ့ မီးကိုၿငိမ္းလိုက္မွ မီးခိုးကေသမွာေပါ့။ အခုက စစ္ကိုဆက္ရွိေစခ်င္တဲ့သူေတြသည္ အာဏာရွင္စနစ္ကို သက္ဆိုးရွည္ေစခ်င္တဲ့သူလို႔ ငါတို႔သတ္မွတ္ရမွာပဲ။ အဲဒါေၾကာင့္မုိ႔လို႔ တစ္ဖက္က အျပတ္ႏိုင္ေအာင္ မလုပ္တာ ေနမွာေပါ့။ EAOs ဆိုတဲ့ ေခါင္းေဆာင္ေတြဆိုတာလည္း သူတို႔ျပည္နယ္ေတြ လြတ္လပ္ေရးရၿပီး ခြဲထြက္သြား တယ္ပဲထားဦး။ သူတို႔ျပည္နယ္ေတြမွာ အေမရိကန္ဒီမိုကေရစီပုံစံအတိုင္း ဒီမိုကေရစီေပးမယ္လို႔ထင္လား။ သူတို႔ ဘာလုပ္သြားမယ္ထင္လဲ ေခါင္းေဆာင္ေတြက။ ဒါက အရွိကိုအရွိအတိုင္းေျပာတာ ငါဘယ္ဘက္မွလည္း မပါဘူး။ ဂ႐ုလည္း မစိုက္ဘူး။ ငါလည္း ငါႀကိဳက္တာငါလုပ္တယ္။ ႏိုင္ငံေရးအယူအဆမွာ ငါျမင္တာငါေျပာတာေပါ့။ ဘယ္သူ႔ကိုမွလည္း ကိုယ္စားမျပဳဘူး။ ငါ့ကိုယ္ငါပဲ ကိုယ္စားျပဳတယ္။ ဗုဒၶဘာသာမွာ မင္းသိတဲ့အတိုင္းပဲ။ အတၱာဟိ အတၱ‌ေနာ နာေထာ။ ငါကိုယ္ငါပဲကိုယ္စားျပဳတယ္။ ငါျမင္တာပဲ ငါေျပာတယ္။ က်န္တဲ့လူေတြ အျမင္ကေတာ့ ေလးစားတယ္ ဒါေပမယ့္ ငါနဲ႔မဆိုင္ဘူး။

ေမး ။ ။ ကြၽန္ေတာ္ တစ္ခု၊ ႏွစ္ခုေလာက္ပဲ ေမးဖို႔က်န္ပါေတာ့တယ္။ တစ္ခုကဘာလဲဆိုေတာ့ ကြၽန္ေတာ္တို႔ (၈၈) အၿပီးမွာ ႏိုင္ငံျခားကို ျမန္မာျပည္ကထြက္သြားတဲ့လူေတြနဲ႔ပတ္သက္ၿပီးေတာ့ ကြၽန္ေတာ္ၾကားလိုက္တဲ့၊ ၾကားရတဲ့ စာ႐ြက္စာတမ္းေလး ဖတ္ဖူးတာေလးေပါ့။ အဲဒါက ႏိုင္ငံျခားေရာက္သြားၿပီးတဲ့အခါက်ရင္ ႏိုင္ငံျခားက အေထာက္အပံ့ေငြေတြယူၿပီးေတာ့ ျမန္မာျပည္နဲ႔ပတ္သက္ရင္ ေကာင္းတာလုပ္ေပးလို႔ရရဲ႕သားနဲ႔ ဒီမိုကေရစီအေရးေခါင္းစဥ္တပ္ၿပီးေတာ့ ‌‌ေငြရွာစားတဲ့အုပ္စုက ႀကီးႀကီးမားမားကိုရွိတယ္။ အဲဒီလိုမ်ိဳး (၈၈) မွာ ျဖစ္ခဲ့တယ္လို႔ ၾကားတယ္။ နာမည္ေတြလည္း တခ်ိဳ႕ကြၽန္ေတာ္သိတယ္။ ဒါေပမယ့္ မေျပာဘူးထားပါ။ တစ္ခါ အခု ၂၁ အခင္း အက်င္းၾကည့္ေတာ့လည္း အဲဒီေခတ္အတိုင္းပဲ သြားတာေတြ႕ရတယ္။ အဲဒီေတာ့ သူတို႔ေတြက ဒီမိုကေရစီလို႔ ေအာ္ေနေပမယ့္ သူတို႔ကိုယ္က်ိဳးပဲသူတို႔စဥ္းစားေနတာ သြားေတြ႕ရတယ္။ ဆိုေတာ့ အဲဒီျဖစ္စဥ္ေတြက တစ္ပုံစံတည္းပဲလား။ မွန္လား။ (၈၈) တုန္းကေရာ ကြၽန္ေတာ္အခု ၾကားတဲ့ဟာမွန္လား။
ေျဖ ။ ။ အဲဒါေတြက်ေတာ့ ေဝဖန္တဲ့ပုံစံေတြေတာ့ မေျပာခ်င္ဘူးေပါ့ကြာ။ သူတို႔ဟာသူတို႔ ဘယ္သူမဆို သူတို႔ လုပ္ရပ္ သူတို႔တာဝန္ယူရမွာ‌ေပါ့။ အခုလက္ရွိလုပ္တာေတာ့ ငါမေျပာခ်င္ဘူး။ အရင္တုန္းကျဖစ္ခဲ့တဲ့ ႏွစ္ေပါင္း (၂ဝ)၊ (၃ဝ) က ငါျဖတ္သန္းခဲ့ေတာ့ ငါေျပာမွာေပါ့။ အခုျဖစ္စဥ္ကေတာ့ (၂၁) ကစၿပီးေတာ့ ျဖတ္သန္းေနတာ တစ္ႏွစ္ပဲရွိေသးတယ္။ ႏိုင္ငံေရးစကားေျပာၾကတာလည္း တစ္ႏွစ္ပဲရွိေသးတယ္။ အဲဒီမတိုင္ခင္တုန္းက အမ်ားစုက ဂိမ္း‌ေဆာ့ၾက၊ ဆိုရွယ္မီဒီယာေပၚမွာ မင္းသား၊ မင္းသမီးကိစၥေျပာၾက ဒါပဲစိတ္ဝင္စားၾကတယ္။ ႏိုင္ငံေရးအေၾကာင္းကို ဘယ္သူမွစိတ္မဝင္စားၾကဘူးမလား။ ဆိုေတာ့ အခုျဖစ္ေပၚေနတဲ့ အေၾကာင္းေတြကိုေတာ့ ငါမေျပာခ်င္ဘူး။ ငါျဖတ္သန္းလာတဲ့ဟာကို ငါေျပာမယ္။ တို႔ေခတ္ေတြတုန္းက တို႔ေရွ႕မွာ ႏိုင္ငံတကာကို ေရာက္သြားတဲ့လူေတြက ၁၉၇၅ ဦးသန႔္အေရးအခင္းက ပုဂၢိဳလ္ေတြ၊ American Citizen ျဖစ္သြားတာတို႔ ဘာတို႔ ဦးေနဝင္းအာဏာသိမ္းၿပီးေနာက္ပိုင္း၊ ဥပမာ- ေၾကးမုံဦးေသာင္းတို႔ဟုတ္တယ္မလား ကိုတင္ေမာင္တိုး ေခတ္ၿပိဳင္ မီဒီယာက ကိုတင္ေမာင္ဝင္းတို႔ အဲဒါေတြက ၁၉၇၅ ေတာခိုေနာက္ပိုင္း ေရာက္သြားတာ။ အဲဒီေတာ့ ဦးႏု PDP ဆိုၿပီးေတာ့ အေဝးေရာက္အစိုးရေပါ့ကြာ။ ျပည္ေျပးအစိုးရပဲထားပါေတာ့။ အေဝးေရာက္အစိုးရ အခုလိုပဲ NUG တို႔လို ဦးႏုအစိုးရလုပ္ခဲ့တာေပါ့။ အဲဒီ ဦးႏုအစိုးရကိုေတာ္လွန္ဖို႔ ပထမဆုံးပိုက္ဆံေပးတာ ငါတို႔ ကေနဒါကေနတစ္ဆင့္ CIA က ေပးသြားတာ။ အဲဒီေတာ့ တို႔ေရွ႕ကဆရာႀကီးေတြ ကိုတင္ေမာင္ဝင္းတို႔ ဦးႏုရဲ႕သား ဦးေအာင္တို႔ ရွိၾကတယ္ေပါ့ကြာ။ တို႔အရင္ေရာက္သြားတာ။ သူတို႔လည္းအဲဒီလိုပဲ ဟိုႏိုင္ငံေတြမွာ ႏိုင္ငံျခားသားခံယူၿပီးေတာ့ စားေသာက္ဆိုင္အလုပ္တို႔၊ ေကာင္းေရာင္းေကာင္းဝယ္ လုပ္ေနၾကရာကေန (၁၃) ႏွစ္ေလာက္ေနေတာ့ (၈၈) ျဖစ္စဥ္လည္းေပၚေရာ ပြဲေတာ္ႀကီးေတြ႕သြားတာေပါ့ကြာ။ မဟုတ္ရင္ ျမန္မာႏိုင္ငံကို ဘယ္သူမွစိတ္မဝင္စားဘူး။ အဲဒီေတာ့ သူတို႔အဖြဲ႕ေတြက တို႔နယ္စပ္မွာရွိတဲ့ေက်ာင္းသားေတြကိုေထာက္ပံ့ဖို႔ဆိုၿပီးေတာ့ ေရာက္လာၾကတာေပါ့။ တို႔ကေတာ့ သူတို႔ကိုအားက်တာေပါ့ကြာ။ သူတို႔က American Citizen ႀကီးေတြျဖစ္ေနၾကၿပီဆိုေတာ့။ တို႔ကို လာၿပီးကူညီၾကတယ္။ ေနာက္ေတာ့က်ေတာ့ တို႔အထဲကလူေတြက ဥပမာ- ေဒါက္တာဇာနည္တို႔ကေတာ့ အဲဒီကာလတုန္းက ႀကိဳေရာက္ေနတာေပါ့။ အေမရိကန္မွာ စေကာလာေနရင္းကေန ေရာက္ၿပီးေတာ့မွ အခုလိုေပါ့ကြာ သံ႐ုံးမွာဆႏၵျပၿပီးေတာ့ ေနတဲ့လူေတြေပါ့ကြာ ထားပါေတာ့။ ငါတို႔ကာလတုန္းကက်ေတာ့ ငါတို႔ေတြက ဂ်လုံးပလုံးခ်ာတိတ္ေတြ မသိၾကဘူး။ အဲဒီလိုမ်ိဳး ႏိုင္ငံသားယူလို႔ရတယ္။ ငါတို႔ျမန္မာျပည္အေရး၊ ျမန္မာျပည္မွာ ဒီမိုကေရစီရဖို႔အေရးကို ဗန္းျပၿပီးေတာ့ လုပ္ငန္းအေနနဲ႔ အဓိကက မင္းကို မင္းအသက္ေမြးဝမ္းေၾကာင္းအတြက္ လစဥ္လခေပးရင္ မင္းလုပ္စားတာပဲေပါ့။ ဥပမာ- မင္း မီဒီယာအလုပ္လုပ္စားတယ္။ မင္းမီဒီယာအလုပ္က Income ျပတယ္။ အဲဒီေတာ့ မင္း ဟိုႏိုင္ငံေရာက္ၿပီး ႏိုင္ငံေရးလုပ္စားတယ္ဆိုရင္ ဥပမာ- ဟိုႏိုင္ငံက အေမရိကန္ ကြန္ဂရက္က တရားဝင္ရွိတဲ့ပါတီတစ္ခုကိုဝင္ၿပီးေတာ့ လုပ္စားရင္ေတာ့ မင္းက အေမရိကန္ႏိုင္ငံေရးလုပ္စား တယ္လို႔ ေျပာလို႔ရတယ္။ အဲဒီေတာ့ ျမန္မာျပည္ကို ဒီမိုကေရစီရဖို႔အတြက္ဆိုၿပီးေတာ့ ဟိုး ကမာၻႀကီးတစ္ျခမ္း ကေနလွမ္းၿပီးေတာ့ မင္းက သံေယာဇဥ္မျပတ္တဲ့အတြက္ ကိုယ့္ႏိုင္ငံႀကီးေကာင္းရာ ေရာက္ဖို႔အတြက္ မင္းက နတ္ဘုံနတ္နန္းဆိုတဲ့အေမရိကန္ႀကီးကေန လွမ္းလုပ္ေပးေနရင္းကေန မင္းအသက္ေမြးဝမ္းေၾကာင္း အဆင္ေျပသြားတယ္ဆိုရင္ေတာ့ မင္းခုနကေျပာသလို လုပ္စားတယ္လို႔ေျပာလို႔ရတာေပါ့။ ဟုတ္တယ္မလား ညီေလး။ ဒါ ငါေဝဖန္တာေတာ့မဟုတ္ဘူး။ အဲဒီေတာ့ ငါတို႔အဖြဲ႕၊ ငါတို႔မ်ိဳးဆက္က တခ်ိဳ႕ေတြကလည္း အဲဒီလိုပဲ ဟိုဘက္ ႏိုင္ငံေရာက္သြားတယ္။ ေရာက္သြားၿပီးေတာ့ ဟိုဘက္ႏိုင္ငံကႏိုင္ငံ‌ေရးမွာ ဝင္လုပ္တာေပါ့။ ေနာ္ေဝႏိုင္ငံမွာ‌ ေရာက္ၿပီးေတာ့ ေနာ္ေဝႏိုင္ငံေရးပါတီမွာ ဝင္လုပ္တာေပါ့။ ေနာ္ေဝစကားနဲ႔ေျပာၿပီးေတာ့ ေနာ္ေဝမီဒီယာမွာ ေနာ္ေဝသတင္းေထာက္ေတြနဲ႔ဝင္လုပ္တာေပါ့။ ငါတို႔ျမန္မာျပည္အေၾကာင္းေျပာၿပီး ျမန္မာျပည္ႏိုင္ငံေရးကို ဝင္ပါတာ။ ျပန္လာပါလားဆိုေတာ့လည္း ျပန္လာၿပီးေနတဲ့ေကာင္ေတြ အမ်ားစုမရွိပါဘူးကြာ အခုခ်ိန္အထိ။ ျမန္မာျပည္ ၂ဝ၁၅ နဲ႔ ၂ဝ၁ဝ ၾကား ဒီမိုကေရစီတစ္ပိုင္းအစိုးရေတြေပါ့ကြာ။ ဒီမိုကေရစီလို႔ မေျပာပါဘူး။ အဲဒီတုန္းက ေတာက္ေလွ်ာက္က (၆၂) ကတည္းက စစ္တပ္ကေန အုပ္ခ်ဳပ္ေနတာပဲ။ ဆိုေတာ့ အဲဒီအစိုးရ လက္ထက္ကလည္း ျပန္လာတဲ့ေကာင္ ဘယ္ႏွစ္ေယာက္ရွိလို႔လဲ။ တို႔အဲဒီလိုျဖစ္ေတာ တခ်ိဳ႕ပါသြားတယ္။ ပါသြားတယ္ဆိုတာ ႏိုင္ငံတကာကိုေရာက္တယ္။ ၿပီးရင္ ျမန္မာ့ႏိုင္ငံေရးဆိုတဲ့ အာဂ်န္ဒါ(Agenda )ေပၚမွာ အသက္ေမြးဝမ္းေၾကာင္းအေနနဲ႔အလုပ္လုပ္ရတယ္။ အဲဒီဟာၿပီးလည္းၿပီးေရာ (၉ဝ) ေ႐ြးေကာက္ပြဲမွာ အာဏာမလႊဲေပးေတာ့ ေတာခိုလာတဲ့ ေဒါက္တာစိန္ဝင္းတို႔၊ ငါကသူ႔ကို ဗိုလ္ခ်ဳပ္ႀကီးစိန္ဝင္းလို႔ ေနာက္တယ္ကြ၊ ငါနဲ႔ခင္ပါတယ္။ သူတို႔ေဒါက္တာစိန္ဝင္းတို႔အဖြဲ႕ေတြကလည္း NCGUB ဆိုၿပီး အေဝးေရာက္ၫြန႔္ေပါင္းအစိုးရဆိုၿပီး အခုလိုေပါ့ ဖြဲ႕ၾကတယ္။ ဖြဲ႕ၾကေတာ့လည္း သူတို႔ရဲ႕ဘတ္ဂ်က္က ငါတို႔ျပည္သူေတြ အခုလိုမ်ိဳးဝိုင္းၿပီးေတာ့ Wave Money ေတြ K-Pay ေတြကေန လႉၾကတာမဟုတ္ဘူး။ ႏိုင္ငံတကာကေပးတဲ့ပိုက္ဆံေပါ့။ ဆိုေတာ့ အဲဒါကဘာအေပၚမွာ တည္လဲဆိုေတာ့ တို႔ႏိုင္ငံက ကိုယ့္အိမ္တြင္းေရး ကိုယ္မလုံတဲ့အတြက္ သူမ်ားႏိုင္ငံက ဝင္ပါတာေပါ့။ ႏိုင္ငံေရးသမားအေနနဲ႔ဆင္ျခင္ရမွာက ဟိုႏိုင္ငံက ႏိုင္ငံေရးသမားေတြ၊ မင္းေျပာတဲ့ေနာက္ဆုံးေမးခြန္းထဲမွာ ဟိုဘက္ႏိုင္ငံက လူေတြက တို႔ကိုဘယ္လိုျမင္လဲဆိုတာပါတယ္ ဟုတ္တယ္မလား။ အဲဒီဟာကို တစ္ပိုင္းေျပာျပမယ္။ အဲဒါနဲ႔ ဆက္စပ္ေနတယ္ ဘာလို႔လဲဆိုေတာ့ ဟိုႏိုင္ငံေတြမွာ ႏိုင္ငံျခားသားေတြ ငါတို႔ကိုျမင္တဲ့အျမင္မွာ ျပည္သူေတြ ျမင္တာနဲ႔ ႏိုင္ငံေရးသမားျမင္တာနဲ႔မတူဘူး။ ျပည္သူအမ်ားစုဆိုတာက ေအးေအခ်မ္းခ်မ္းတည္ၿငိမ္တဲ့ႏိုင္ငံျဖစ္တဲ့ အတြက္ ကိုယ့္အလုပ္ကိုယ္လုပ္ ကိုယ့္ထမင္းကိုယ္ရွာစားတယ္။ ျမန္မာျပည္အေၾကာင္းကို စိတ္လည္းမဝင္စားဘူး။ ဟို ေဒၚနယ္ထရန႔္ရဲ႕ အႀကံေပးကေတာင္ ျမန္မာနဲ႔ ဘားမားနဲ႔တူတယ္ဆိုတာ မသိဘူးေလ။ ျမန္မာျပည္ အေၾကာင္းနားမလည္ဘူး။ အဲဒီေတာ့ ေအာက္ကေကာင္ေတြက ျမန္မာျပည္အေၾကာင္း သိပါတယ္ဆိုတဲ့ ေကာင္ေတြက သူတို႔ဘာသာနဲ႔ေျပာတဲ့မီဒီယာကေန ၿပီးေတာ့ အမ်ားဆုံးဖတ္ဖူးရင္ နာရီဝက္ေပါ့ကြာ။ ငါတို႔လိုပဲ ငါတို႔ႏိုင္ငံမွာဝင္ၿပီးေတာ့ လမ္းေဘးထမင္းဆိုင္မွာစားမယ့္ေကာင္လဲ မဟုတ္ဘူး။ ထန္းရည္ဆိုင္မွာ ေသာက္မယ့္ေကာင္လဲ မပါဘူး။ အဲဒီေတာ့ ငါတို႔ဘဝကို Share လုပ္မယ့္ေကာင္ေတြ တစ္‌ေကာင္မွမပါဘူး။ ငါတို႔အေၾကာင္းကို သိပါတယ္ဆိုတဲ့ေကာင္က သတင္းစာထဲဖတ္ရင္ အလြန္ဆုံးနာရီဝက္၊ တီဗီမွာပါတာ ခဏၾကည့္တာ၊ ဟာ ဟိုႏိုင္ငံကေကာင္ေတြ ရက္စက္တယ္၊ ဟိုေကာင္က ဘာလုပ္တယ္၊ ဒီေလာက္ပဲသိမွာ။ အဲဒီေတာ့ ႏိုင္ငံေရး သမားဆိုတဲ့ေကာင္ေတြက်ေတာ့ ဘာလဲဆိုေတာ့ သူတို႔က အမွန္သိလာတာေတာင္မွ သူတို႔ႏိုင္ငံမွာလည္း ႏိုင္ငံေရးသမားဆိုတာ ႏိုင္ငံေရးလုပ္စားတာပဲ။ ကိုယ့္ျပည္တြင္းေရး၊ အင္တာေနရွင္နယ္ေရး ဆိုၿပီး ႏွစ္မ်ိဳးရွိတယ္။ အဲဒီေတာ့ သူတို႔က ျပည္ပအင္တာေနရွင္နယ္အေရးမွာ သူတို႔ႏိုင္ငံေတြမွာ Re-election ရွိတယ္။ ေလးႏွစ္တစ္ခါ၊ ငါးႏွစ္တစ္ခါ။ ျပန္ၿပီးေတာ့အ‌ေ႐ြးခံရဖို႔အတြက္ Political Credit လိုတယ္။ ၿပီးသြားရင္ တို႔ႏိုင္ငံမွာလို ႏိုင္ငံေရး ျပင္ဆင္ခ်ိန္ဆိုတာလည္း ရွိခ်င္မွရွိတာ။ ၿပီးရင္ သူတို႔ထပ္ၿပီးအေ႐ြးမခံရတဲ့အခါက်ရင္ အဲဒီအရင္က သူတို႔ႏိုင္ငံေရးလုပ္တုန္းက ေက်းဇူးခံ၊ ေက်းဇူးစားပုဂၢိဳလ္ေတြနဲ႔ပတ္သက္ၿပီးေတာ့ ႏိုင္ငံေရးလုပ္စားၾကတယ္။ အနီးဆုံး ဥပမာေျပာရရင္ ငါတို႔ အီရတ္ကိုေျပာရမယ္။ ဘာလို႔ဆို အီရတ္မွာ အာဏာရွင္ႀကီး ဆက္ဒန္ဟူစိန္ အုပ္ခ်ဳပ္ေနတုန္းက သူ႔ကို ကလန္တဲ့ ျပည္ေျပးေတြရွိတယ္။ အဲဒီျပည္ေျပးေတြက အဂၤလန္ကိုေျပးတယ္။ အေမရိကန္ကို ေျပးၾကတယ္။ ဆက္ဒန္ဟူစိန္သည္ အမွန္မွာ သူတို႔လူ၊ ဘာလို႔လဲဆိုေတာ့ အီရန္ကို ကာျပန္ဖို႔အတြက္ ဒီဘက္က အာဏာရွင္ႀကီးကို အီရန္နဲ႔ အီရတ္ တိုက္တယ္၊ ဒီဘက္ကေန အေနာက္ႏိုင္ငံေတြ ပါတာပဲ။ ဒါေပမဲ့ သူ႔ကိုဆန႔္က်င္တဲ့ေကာင္ေတြကို လက္ခံထားတယ္။ အေနာက္ႏိုင္ငံက ျပည္သူေတြရဲ႕အျမင္မွာေတာ့ အီရတ္ႏိုင္ငံမွာ အာဏာရွင္အုပ္ခ်ဳပ္တယ္ဆိုေပမယ့္ အီရန္ ဘာသာေရးအစြန္းေရာက္ေတြကို ျပန္ခံခ်ေနတဲ့ အာဏာရွင္ေကာင္းႀကီးအုပ္ခ်ဳပ္ေနတယ္လို႔ပဲျမင္တာ။ ဒါေပမယ့္ သူ႔ကို ကလန္တဲ့ေကာင္ေတြကို အေနာက္ႏုိင္ငံက ေမြးထားတာ။ ဥပမာကြာ ဟုတ္ခ်င္မွဟုတ္မယ္၊ ငါပါးစပ္ထဲရွိတဲ့ နာမည္ေျပာလိုက္မယ္။ ဥပမာ- ဝန္ႀကီးခ်ဳပ္ တိုနီဘလဲပဲ ထားပါေတာ့။ တိုနီဘလဲက ျပည္ေျပးေတြေပါ့၊ ငါတို႔လိုမ်ိဳး သူမ်ားႏိုင္ငံေရာက္ ျပည္ေျပးပဲေခၚတာေပါ့။ သူတို႔ေတြကို သူ႔အိတ္ထဲကပိုက္ဆံနဲ႔ ကူညီတာမဟုတ္ဘူးကြ။ အီရတ္ႏိုင္ငံႀကီး ဒီမိုကေရစီရရွိဖို႔၊ အာဏာရွင္ႀကီးျဖဳတ္ခ်ဖို႔ဆိုၿပီးေတာ့ ဒီလူေတြကို ဘာနဲ႔ေထာက္ပံ့လဲဆိုေတာ့ သူတို႔ရဲ႕ျပည္သူ႔ဘ႑ထဲက ေထာက္ပံ့တာ။ အဂၤလန္မွာ သူတို႔ပင္စင္ယူတယ္ကြာ။ သူတို႔ျပန္အေ႐ြးမခံရဘူးကြာ။ အဲဒီအခ်ိန္က်ေတာ့ အီရတ္မွာ သူတို႔ဘာလုပ္လဲဆိုေတာ့ Lobby Farm ဆိုၿပီး ေလာ္ဘီလုပ္တဲ့ကုမၸဏီဖြင့္တယ္။ ကဲ..အီရတ္မွာ ေရနံပိုက္လိုင္းလုပ္တဲ့ ပေရာဂ်က္တစ္ခုလိုခ်င္တယ္ဆိုရင္ မင္းလြယ္လြယ္ေလးရယ္၊ ငါက အဂၤလိပ္ ကုမၸဏီတစ္ခု၊ အီရတ္မွာ ေဒၚလာသန္းရာခ်ီတဲ့ပေရာဂ်က္တစ္ခုကို ငါလိုခ်င္တယ္ဆိုရင္ ငါေလာ္ဘီလုပ္မယ့္ အဲဒီဝန္ႀကီးခ်ဳပ္ကေန အၿငိမ္းစားယူထားတဲ့ တိုနီဘလဲရဲ႕ကုမၸဏီကို ကပ္ရမယ္။ ငါသိၿပီးသြားၿပီေလ၊ ဘာလို႔လဲဆိုရင္ အဲဒီ တိုနီဘလဲနဲ႔ အီရတ္က ေရနံဝန္ႀကီးနဲ႔ ျပည္ေျပးဘဝတုန္းက အဆက္အသြယ္ရွိတယ္ဆိုတာသိေတာ့ ငါကသူ႔ကို ဒီကန္ထ႐ိုက္ရေအာင္ လုပ္ေပးဖို႔ေျပာမယ္။ သူက ဘယ္လိုလုပ္ေပးမယ္မေျပာဘူး။ ေရာ့... စာခ်ဳပ္ခ်ဳပ္၊ ေဒၚလာ (၂) သန္းဆိုၿပီး ဟိုဘက္ကလူကို သူသြားေျပာမယ္။ ရရင္လည္းအျမတ္၊ မရရင္လည္း အရႈံးေပါ့။ ဆိုေတာ့ အဲဒီႏိုင္ငံေရးသမားေတြက ငါတို႔(၈၈) က ထြက္သြားတဲ့သူေတြကို သူတို႔ႏိုင္ငံရဲ႕ဘတ္ဂ်က္ထဲက ေဝႆႏၲရာလုပ္ၿပီး ဒါနျပဳတယ္ဆိုတာ အခ်ဳပ္အေႏွာင္ေတာ့ ရွိတာေပါ့ကြာ။ တခ်ိန္ခ်ိန္မွာ အေပးအယူရွိတာေပါ့။ ေက်းဇူး ေႂကြးတင္တာေပါ့။ အဲဒီေတာ့ ဝင္လုပ္တဲ့လူေတြကလည္း ဟိုႏိုင္ငံမွာ ဥပမာ- မင္းက ေနာ္ေဝကို ေရာက္သြားတယ္ထား၊ ေနာ္ေဝစကားလည္းမတတ္ဘူး၊ မင္းကိုဒုကၡသည္အေနနဲ႔ေခၚသြားတယ္။ မင္း ဘာပညာမွမတတ္ေတာ့ မင္း စလုပ္ရင္ တံျမက္စည္းလွည္းတာတို႔၊ စားေသာက္ဆိုင္မွာ စာပြဲထိုးတို႔လုပ္ရမယ္။ သို႔ေသာ္ မင္းက ဟုတ္ၿပီ။ သီရိလကၤာႏိုင္ငံကလာတဲ့ ဒုကၡသည္ပဲထား၊ အခုသီရိလကၤာႏိုင္ငံမွာ ေတာ္လွန္ေရးေတြျဖစ္ေနၿပီဆိုရင္ မင္းက သတင္းဌာနမွာ ဆရာႀကီး။ သီရိလကၤာစကားနဲ႔ မင္းအလုပ္လုပ္လို႔ရတယ္။ ဆရာႀကီးလုပ္လို႔ရတယ္။ လုပ္စားလို႔ရတယ္။ မင္းအနည္းဆုံး မင္းရဲ႕စားဝတ္ေနေရးကို ကိုယ့္ႏိုင္ငံအတြက္ အလုပ္လုပ္ရင္းနဲ႔လုပ္လို႔ရတယ္။ အဲဒီေတာ့ မင္းခုနကေျပာတာ အဲဒါပဲ‌ေပါ့။ အခုဟာနဲ႔ယွဥ္ၾကည့္ေပါ့။

ေမး ။ ။ ဟုတ္ကဲ့အစ္ကို ေနာက္ဆုံးအပိတ္အေနနဲ႔ အစ္ကိုျမင္ခ်င္တဲ့ျမန္မာႏိုင္ငံက ဘာျဖစ္မလဲ။ အသက္ေတြလည္း ႀကီးလာၿပီဆိုေတာ့ အစ္ကိုျမင္ခ်င္တဲ့ျမန္မာႏိုင္ငံကို လိုတိုရွင္းေလးေျပာၾကည့္ေပါ့။
ေျဖ ။ ။ အသက္ႀကီးတာေတာ့ မလုပ္နဲ႔ကြာ။ အသက္ေတာ့မႀကီးေသးဘူး။ အဲဒီတစ္ခုေတာ့ ေရွာင္ေပါ့ (ရယ္ လ်က္)။ ငါျမင္ခ်င္တဲ့ျမန္မာျပည္ကေတာ့ တိုးတက္တဲ့ျမန္မာျပည္ကို ျမင္ခ်င္တယ္ ညီေလးရာ။ ကိုယ့္ျမန္မာလူမ်ိဳး အခ်င္းခ်င္း ငါတို႔ဆိုဘယ္ႏိုင္ငံပဲသြားသြား အာရွ႐ုပ္၊ တ႐ုတ္႐ုပ္ေပါက္ၿပီးေတာ့ ျမန္မာစကားေျပာရင္ အကုန္ စကားလိုက္ေျပာတာပဲ။ ငါက လိုက္လိုက္ၿပီး စကားေျပာတယ္။ ဘာလို႔ဆို ငါ့ႏိုင္ငံမွာေနရင္ ငါက ရန္ကုန္သား။ တစ္ေယာက္က ပခုကၠဴသားဆိုေပမယ့္ ကိုယ့္ႏိုင္ငံသားအခ်င္းခ်င္း မင္းဟာမင္း တ႐ုတ္ျဖစ္ျဖစ္၊ ကုလားျဖစ္ျဖစ္ ငါတို႔ဗမာစကားေျပာၿပီးေတာ့ ငါတို႔ယဥ္ေက်းမႈနဲ႔ေနတဲ့ေကာင္ေတြကို ေဆြမ်ိဳးသားခ်င္းလို႔ ငါသတ္မွတ္တာပဲ။ ဆိုေတာ့ ကိုယ့္ႏိုင္ငံကို အဲဒီလိုမ်ိဳး အခ်င္းခ်င္းတိုးတက္တာကိုပဲျမင္ခ်င္တယ္။ တစ္ေယာက္ေသသြားလည္း ငါတို႔ ျမန္မာႏိုင္ငံသား ေသတာပဲ။ ဒီေကာင္ မေသဘဲ စက္႐ုံမွာအလုပ္လုပ္ရင္ သူရတဲ့လခနဲ႔ ဖုန္းေဘဝယ္မယ္ကြာ၊ သူတျခားဟာေတြ သုံးမယ္ကြာ၊ သူ႔ဆီကအခြန္ေကာက္လို႔ရမယ္ကြာ။ အဲဒီဟာဆိုရင္ တို႔ႏိုင္ငံအက်ိဳးရွိတာပဲကြ။ ေသသြားရင္ဘာျဖစ္မလဲ သူတို႔ေျပာသလို မုန႔္ဟင္းခါးျဖစ္သြားမယ္။ ေျမဩဇာျဖစ္သြားမယ္ေပါ့။ ငါျမင္ခ်င္တဲ့ ျမန္မာျပည္ကေတာ့ ဟိုး ၁၉၄၈ လြတ္လပ္ေရးရကတည္းက ေတာ္လွန္ေရးဆိုတဲ့သံသရာက လည္ေနတဲ့ မ်ိဳးဆက္သစ္ေတြ၊ အဲဒီေတာ္လွန္ေရးသံသရာႀကီးက ရပ္ဖို႔အတြက္ ျပည္တြင္းစစ္ကို ရပ္ေစခ်င္တယ္။ အဲဒီေတာ့ မင္းေနာက္ဆုံးေမးခြန္း ငါ့ကိုေမးသြားတဲ့ အနာဂါတ္ျမန္မာျပည္ကို ဘယ္လိုျဖစ္ေစခ်င္လဲဆိုေတာ့ ျပည္တြင္း စစ္ကို ရပ္ေစခ်င္တယ္။ တစ္ဖက္က စစ္ဆိုတာ ႏိုင္တဲ့ေကာင္သာတာပဲ။ အာဏာရွင္စနစ္ရပ္ေစခ်င္ရင္ စစ္ကို ရပ္။ စစ္ကိုခ်န္ထားတဲ့ဟာက အာဏာရွင္စနစ္ကို ခ်န္ထားတာပဲ။ တစ္ဖက္ကို အျပတ္ႏိုင္ေစခ်င္တယ္။ ႏိုင္တဲ့ဘက္ကိုဝင္တိုက္ခ်င္တယ္ကြာ။ ငါ့အေနနဲ႔ ငါမေသေသးဘူးဆိုရင္။ ငါႏိုင္မယ္ထင္တဲ့ဘက္ကို ဝင္တိုက္ၿပီးေတာ့ ျပည္တြင္းစစ္ကို ရပ္ပစ္လိုက္ခ်င္တယ္။

ေမး ။ ။ ေကာင္းပါၿပီအစ္ကို။ အခုလို အခ်ိန္ေပးၿပီးေျဖၾကားေပးတာ ေက်းဇူးတင္ပါတယ္။

Related news

© 2021. All rights reserved.