ကျိန်စမ်းကျော့ဂိတ်တွင် တန်းစီစောင့်ဆိုင်းနေသည့် ကုန်ကားအစီးရေ ၂၅ဝ ခန့်ရှိနေပြီး ကုန်ကားခများလည်း ၁ဝ ဆကျော်မြင့်တက်လာ

 738

ဖူးပြည့် (NP News) - မတ် ၈
ရှန်တိန်ယာဉ်မောင်းတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့သည့်အတွက် မူဆယ်နယ်စပ်ကုန်သွယ်ရေးအတွက် ဖွင့်လှစ်ထားသည့် တစ်ခုတည်းသော ကျိန်စမ်းကျော့ဂိတ်ကို မတ်လ ၂ ရက်မှစတင်ကာ ယနေ့အချိန်ထိ တရုတ်ဘက်က ပိတ်ထားဆဲဖြစ်ကြောင်း သိရသည်။

အဆိုပါ ဂိတ်ကို ရုတ်တရက်ပိတ်လိုက်သည့်အတွက် မြန်မာဘက်မှတရုတ်ပြည်သို့ဝင်ရောက်မည့်ကုန်ကား အစီးရေ ၂၅ဝ ခန့်ကလည်း ပိတ်မိနေကြောင်း မူဆယ်ဆန်စပါးကုန်စည်ဒိုင်မှ ဒုတိယဥက္ကဋ္ဌ ဦးမင်းသိန်းက NP News ကို ပြောသည်၊

“ကျိန်စမ်းကျော့ဂိတ်က လုံးဝမဖွင့်သေးဘူး။ ဒီကနေ့အထိတော့ တရားဝင်စာထွက်ထားတာမရှိသေးပါဘူး။ ဖရဲ၊ သခွားတွေဆိုရင် ကားပေါ်မှာထားနိုင်ရင် အလွန်ဆုံး ၇ ရက်၊ ၈ ရက်လောက်ပဲထားနိုင်တယ်။ အဲဒီတော့ ဒီကားတွေကလည်း နောက်ပြန်လှည့်လို့မရဘူး။ ဂိတ်ကသာ ဒီလိုပိတ်နေမယ်ဆိုရင် ဖရဲသခွားကားတွေက ဆုံးရှုံးနစ်နာမှုတွေက အများကြီးဖြစ်လာနိုင်တယ်”ဟု ၎င်းကပြောသည်။

ကျိန်စမ်းကျော့ဂိတ်ကို ပိတ်လိုက်သည့်အတွက် ဖရဲ၊ သခွားမွှေး၊ ရွှေဖရုံသီး၊ ငရုတ်သီး၊ ကြက်သွန် စသည်တို့ပါဝင်သည့် ကုန်စိမ်းကား အစီး ၁ဝဝ ကျော်နှင့် ဆန်၊ ဆန်ကွဲ၊ ပဲ၊ ရော်ဘာ၊ ဇီးသီးခြောက် စသည်တို့ပါဝင်သည့် စားကုန်သောက်တင်သည့်ကုန်ကား အစီးရေ ၁၅ဝ ခန့် ၊ စုစုပေါင်း ကုန်ကားအစီးရေ ၂၅ဝ ခန့် သည် တန်းစီစောင့်ဆိုင်းနေရကြောင်း သိရသည်။ အ ဆိုပါကုန်ကားများတွင် မြန်မာကားများအပါအဝင် တ ရုတ်ပြည်သို့ဝင်ရောက်ရန် ကုန်စည်ဖလှယ်ပြီးသည့် တရုတ်ကားများလည်း ပါဝင်ကြောင်း သိရသည်။

“မူဆယ်နယ်စပ်ကုန်သွယ်ရေးက ကျိန်စမ်းကျော့ဂိတ်တစ်ခုတည်းရှိတာ။ အခုလိုတစ်ဂိတ်တည်းရှိတဲ့ကိစ္စကို ပိတ်လိုက်တဲ့အတွက် ကုန်သွယ်မှုက အဝင်နဲ့အ ထွက်အပေါ် ၁ဝဝ ရာခိုင်နှုန်း လုံးဝရပ်သွားပါတယ်” ဟု ဦးမင်းသိန်းကပြောသည်။

လက်ရှိအချိန်တွင် လောင်စာဆီဈေးနှုန်းမြင့်တက်ခြင်းနှင့်အတူ ခေါက်တိုကားစရိတ်များလည်း မြင့်တက်လာသည့်အတွက် ယခင်က ကုန်ကားတစ်စီးလျှင် ငွေကျပ် ၁ဝ သိန်းကုန်ကျနေရာမှ ယခုအခါ ငွေကျပ် သိန်း ၁ဝဝ ကျော်အထိ မြင့်တက်သွားခြင်းကြောင့် ယခင်ထက်ကုန်ကျစရိတ် ၁ဝ ဆကျော်မြင့်တက်သွားကြောင်း သိရသည်။

“တရုတ်ကဲ့ကားခတွေလည်း ဈေးမချနိုင်သေးတဲ့အ ပြင် ပိုတက်လာပြီး ၁၂ ဘီးကား တစ်စီးလျှင် ကုန် ကျစရိတ် ငွေကျပ် သိန်း ၁ဝဝ ကျော်သို့ရောက်ရှိနေပါတယ်။ ကဲ့ကားတွေကို မြန်မာခါလီကားနဲ့ကုန်ပြောင်းသယ်ဆောင်တင်ပို့ခွင့်မရသေးဘဲ တရုတ်ကဲ့ကားနဲ့မှဆိုရင် Export နဲ့ရမဲ့ နိုင်ငံခြားငွေက သမင်မွေးရင်းကျားစားရင်းပဲဖြစ်မှာပါ”ဟု မူဆယ်-နမ့်ခမ်းနယ်စပ်ကုန်သွယ်ရေးကုန်သည်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးစိုင်းခင်မောင်က သုံးသပ်ပြောကြားထားသည်။

မြန်မာ-တရုတ်ကုန်သွယ်ရေးအတွက် အဓိကကျသည့် ကျိန်စမ်းကျော့နယ်စပ်ဂိတ်ကို ၂ဝ၂၁ ခုနှစ် နို ဝင်ဘာလ ၂၂ ရက်မှသာ ပြန်လည်ဖွင့်လှစ်ခဲ့ခြင်းဖြစ် သည်။

zawgyi version
က်ိန္စမ္းေက်ာ့ဂိတ္တြင္ တန္းစီေစာင့္ဆိုင္းေနသည့္ ကုန္ကားအစီးေရ ၂၅ဝ ခန႔္ရွိေနၿပီး ကုန္ ကားခမ်ားလည္း ၁ဝ ဆေက်ာ္ ျမင့္တက္လာ
ဖူးျပည့္ (NP News) - မတ္ ၈

ရွန္တိန္ယာဥ္ေမာင္းတြင္ ကိုဗစ္-၁၉ ေရာဂါပိုးေတြ႕သည့္အတြက္ မူဆယ္နယ္စပ္ကုန္သြယ္ေရးအတြက္ ဖြင့္လွစ္ထားသည့္ တစ္ခုတည္းေသာ က်ိန္စမ္းေက်ာ့ဂိတ္ကို မတ္လ ၂ ရက္မွစတင္ကာ ယေန႔အခ်ိန္ထိ တ႐ုတ္ဘက္က ပိတ္ထားဆဲျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ဂိတ္ကို ႐ုတ္တရက္ပိတ္လိုက္သည့္အတြက္ ျမန္မာဘက္မွတ႐ုတ္ျပည္သို႔ဝင္ေရာက္မည့္ကုန္ကား အစီးေရ ၂၅ဝ ခန႔္ကလည္း ပိတ္မိေနေၾကာင္း မူဆယ္ဆန္စပါးကုန္စည္ဒိုင္မွ ဒုတိယဥကၠ႒ ဦးမင္းသိန္းက NP News ကို ေျပာသည္၊

“က်ိန္စမ္းေက်ာ့ဂိတ္က လုံးဝမဖြင့္ေသးဘူး။ ဒီကေန႔အထိေတာ့ တရားဝင္စာထြက္ထားတာမရွိေသးပါဘူး။ ဖရဲ၊ သခြားေတြဆိုရင္ ကားေပၚမွာထားႏိုင္ရင္ အလြန္ဆုံး ၇ ရက္၊ ၈ ရက္ေလာက္ပဲထားႏိုင္တယ္။ အဲဒီေတာ့ ဒီကားေတြကလည္း ေနာက္ျပန္လွည့္လို႔မရဘူး။ ဂိတ္ကသာ ဒီလိုပိတ္ေနမယ္ဆိုရင္ ဖရဲသခြားကားေတြက ဆုံးရႈံးနစ္နာမႈေတြက အမ်ားႀကီးျဖစ္လာႏိုင္တယ္”ဟု ၎ကေျပာသည္။

က်ိန္စမ္းေက်ာ့ဂိတ္ကို ပိတ္လိုက္သည့္အတြက္ ဖရဲ၊ သခြားေမႊး၊ ေ႐ႊဖ႐ုံသီး၊ င႐ုတ္သီး၊ ၾကက္သြန္ စသည္တို႔ပါဝင္သည့္ ကုန္စိမ္းကား အစီး ၁ဝဝ ေက်ာ္ႏွင့္ ဆန္၊ ဆန္ကြဲ၊ ပဲ၊ ေရာ္ဘာ၊ ဇီးသီးေျခာက္ စသည္တို႔ပါဝင္သည့္ စားကုန္ေသာက္တင္သည့္ကုန္ကား အစီးေရ ၁၅ဝ ခန႔္ ၊ စုစုေပါင္း ကုန္ကားအစီးေရ ၂၅ဝ ခန႔္ သည္ တန္းစီေစာင့္ဆိုင္းေနရေၾကာင္း သိရသည္။ အ ဆိုပါကုန္ကားမ်ားတြင္ ျမန္မာကားမ်ားအပါအဝင္ တ ႐ုတ္ျပည္သို႔ဝင္ေရာက္ရန္ ကုန္စည္ဖလွယ္ၿပီးသည့္ တ႐ုတ္ကားမ်ားလည္း ပါဝင္ေၾကာင္း သိရသည္။

“မူဆယ္နယ္စပ္ကုန္သြယ္ေရးက က်ိန္စမ္းေက်ာ့ဂိတ္တစ္ခုတည္းရွိတာ။ အခုလိုတစ္ဂိတ္တည္းရွိတဲ့ကိစၥကို ပိတ္လိုက္တဲ့အတြက္ ကုန္သြယ္မႈက အဝင္နဲ႔အ ထြက္အေပၚ ၁ဝဝ ရာခိုင္ႏႈန္း လုံးဝရပ္သြားပါတယ္” ဟု ဦးမင္းသိန္းကေျပာသည္။

လက္ရွိအခ်ိန္တြင္ ေလာင္စာဆီေဈးႏႈန္းျမင့္တက္ျခင္းႏွင့္အတူ ေခါက္တိုကားစရိတ္မ်ားလည္း ျမင့္တက္လာသည့္အတြက္ ယခင္က ကုန္ကားတစ္စီးလွ်င္ ေငြက်ပ္ ၁ဝ သိန္းကုန္က်ေနရာမွ ယခုအခါ ေငြက်ပ္ သိန္း ၁ဝဝ ေက်ာ္အထိ ျမင့္တက္သြားျခင္းေၾကာင့္ ယခင္ထက္ကုန္က်စရိတ္ ၁ဝ ဆေက်ာ္ျမင့္တက္သြားေၾကာင္း သိရသည္။

“တ႐ုတ္ကဲ့ကားခေတြလည္း ေဈးမခ်ႏိုင္ေသးတဲ့အ ျပင္ ပိုတက္လာၿပီး ၁၂ ဘီးကား တစ္စီးလွ်င္ ကုန္ က်စရိတ္ ေငြက်ပ္ သိန္း ၁ဝဝ ေက်ာ္သို႔ေရာက္ရွိေနပါတယ္။ ကဲ့ကားေတြကို ျမန္မာခါလီကားနဲ႔ကုန္ေျပာင္းသယ္ေဆာင္တင္ပို႔ခြင့္မရေသးဘဲ တ႐ုတ္ကဲ့ကားနဲ႔မွဆိုရင္ Export နဲ႔ရမဲ့ ႏိုင္ငံျခားေငြက သမင္ေမြးရင္းက်ားစားရင္းပဲျဖစ္မွာပါ”ဟု မူဆယ္-နမ့္ခမ္းနယ္စပ္ကုန္သြယ္ေရးကုန္သည္မ်ားအသင္း ဒုတိယဥကၠ႒ ဦးစိုင္းခင္ေမာင္က သုံးသပ္ေျပာၾကားထားသည္။

ျမန္မာ-တ႐ုတ္ကုန္သြယ္ေရးအတြက္ အဓိကက်သည့္ က်ိန္စမ္းေက်ာ့နယ္စပ္ဂိတ္ကို ၂ဝ၂၁ ခုႏွစ္ ႏို ဝင္ဘာလ ၂၂ ရက္မွသာ ျပန္လည္ဖြင့္လွစ္ခဲ့ျခင္းျဖစ္ သည္။

Related news

© 2021. All rights reserved.