ပေါက်မြို့နယ်ရှိ နဂါးပွတ်အခြေခံပညာအလယ်တန်းကျောင်းခွဲသို့ လက်နက်ကိုင်လူတစ်စုရောက်ရှိလာပြီး ဆရာ၊ ဆရာမများအား ရိုက်နှက်မှုဖြစ်ပွား

 2074

NP News - မတ် ၁၂
မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်ရှိ နဂါးပွတ်အခြေခံပညာအလယ်တန်းကျောင်းခွဲသို့ လက်နက်ကိုင် လူတစ်စုရောက်ရှိလာပြီး ဆရာ၊ ဆရာမ များအား ရိုက်နှက်မှုဖြစ်ပွားခဲ့ကြောင်း နစကသတင်းထုတ်ပြန်ရေးအဖွဲ့ ၏ မတ်လ ၁၁ ရက် သတင်းထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါလက်နက်ကိုင်လူတစ်စုက ပေါက်မြို့နယ်ရှိ နဂါးပွက်အခြေခံပညာအလယ်တန်းကျောင်းခွဲသို့ မတ်လ ၁ဝ ရက်၊ နံနက် ၉ နာရီ ၄ဝ မိနစ်အချိန်ခန့်တွင် ကျောင်းဝင်းအတွင်းသို့ဝင်ရောက်လာကြခြင်းဖြစ်ကာ ကျောင်း အတွင်း ကျောင်းသား၊ ကျောင်းသူများအား စာသင်ကြားပေးနေသည့် အသက် ၃၃ နှစ်အရွယ် အလယ်တန်းပြ ဦးသန်းမင်းဟန်၊ အသက် ၄၁ နှစ်အရွယ် မူလတန်းကျောင်းအုပ် ဦးလှိုင်ဝင်း၊ အသက် ၄ဝ အရွယ် အလယ်တန်းပြ ဒေါ်နေခြည်ဦးနှင့် အသက် ၃၃ နှစ်အရွယ် အလယ်တန်းပြ ဒေါ်ခင်သဲဖြူတို့အား “ဒလန်” ဟုစွပ်စွပ်ကာ ခြိမ်းခြောက်ပြောဆိုရိုက်နှက်ပြီး ၎င်းတို့ ၄ ဦးထံမှ လက်ကိုင်ဖုန်းများနှင့် ငွေများအား အတင်းအဓမ္မ လုယက် ယူဆောင်၍ ဝက်မှီးကျေးရွာဘက်သို့ ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

လက်နက်ကိုင်များ၏ ခြိမ်းခြောက်ရိုက်နှက်မှုကြောင့် ဦးသန်းမင်းဟန်တွင် နဖူး/ယာမျက်ခုံး ပေါက်ပြဲဒဏ်ရာ (၂) ချက်၊ နှုတ်ခမ်းဖူးရောင်ဒဏ်ရာ (၁) ချက်၊ ဦးလှိုင်ဝင်းတွင် ဦးခေါင်းထိပ်ပေါက်ပြဲဒဏ်ရာ (၁) ချက်၊ ခါးနာ ကျင်ဒဏ်ရာ (၁) ချက်၊ ဒေါ်နေခြည်ဦးတွင် ခေါင်းမူး/ခါးနာကျင် ဒဏ်ရာများ အသီးသီးရရှိခဲ့သဖြင့် ဆေးကုသနိုင် ရေး ပေါက်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရကြောင်း နစကသတင်းထုတ်ပြန်ရေးအဖွဲ့၏ ထုတ်ပြန်ချက် တွင် ‌ပါရှိသည်။

မကွေးတိုင်းဒေသကြီးအတွင်းရှိ ဆိပ်ဖြူမြို့နယ်၊ တမ္မကောက်ကျေးရွာအခြေခံပညာအထက်တန်းကျောင်းခွဲမှ ကျောင်းအုပ်ဆရာမတစ်ဦးမှာလည်း ဖေဖော်ဝါရီလ ၂၂ ရက်ကလည်း ကျောင်းမှ စာသင်ကြားပြီးနေအိမ်သို့ အပြန်တွင် အမျိုးသား ၃ ဦးမှ ဓားဖြင့်ထိုးသတ်ခဲ့မှုဖြစ်ပွားခဲ့သေးကြောင်း သိရသည်။


Zawgyi Version;
ေပါက္ၿမိဳ႕နယ္ရွိ နဂါးပြတ္အေျခခံပညာအလယ္တန္းေက်ာင္းခြဲသို႔ လက္နက္ကိုင္လူတစ္စုေရာက္ရွိလာၿပီး ဆရာ၊ ဆရာမမ်ားအား ႐ိုက္ႏွက္မႈျဖစ္ပြား
NP News - မတ္ ၁၂
မေကြးတိုင္းေဒသႀကီး၊ ေပါက္ၿမိဳ႕နယ္ရွိ နဂါးပြတ္အေျခခံပညာအလယ္တန္းေက်ာင္းခြဲသို႔ လက္နက္ကိုင္ လူတစ္စုေရာက္ရွိလာၿပီး ဆရာ၊ ဆရာမ မ်ားအား ႐ိုက္ႏွက္မႈျဖစ္ပြားခဲ့ေၾကာင္း နစကသတင္းထုတ္ျပန္ေရးအဖြဲ႕ ၏ မတ္လ ၁၁ ရက္ သတင္းထုတ္ျပန္ခ်က္အရ သိရသည္။

အဆိုပါလက္နက္ကိုင္လူတစ္စုက ေပါက္ၿမိဳ႕နယ္ရွိ နဂါးပြက္အေျခခံပညာအလယ္တန္းေက်ာင္းခြဲသို႔ မတ္လ ၁ဝ ရက္၊ နံနက္ ၉ နာရီ ၄ဝ မိနစ္အခ်ိန္ခန႔္တြင္ ေက်ာင္းဝင္းအတြင္းသို႔ဝင္ေရာက္လာၾကျခင္းျဖစ္ကာ ေက်ာင္း အတြင္း ေက်ာင္းသား၊ ေက်ာင္းသူမ်ားအား စာသင္ၾကားေပးေနသည့္ အသက္ ၃၃ ႏွစ္အ႐ြယ္ အလယ္တန္းျပ ဦးသန္းမင္းဟန္၊ အသက္ ၄၁ ႏွစ္အ႐ြယ္ မူလတန္းေက်ာင္းအုပ္ ဦးလႈိင္ဝင္း၊ အသက္ ၄ဝ အ႐ြယ္ အလယ္တန္းျပ ေဒၚေနျခည္ဦးႏွင့္ အသက္ ၃၃ ႏွစ္အ႐ြယ္ အလယ္တန္းျပ ေဒၚခင္သဲျဖဴတို႔အား “ဒလန္” ဟုစြပ္စြပ္ကာ ၿခိမ္းေျခာက္ေျပာဆို႐ိုက္ႏွက္ၿပီး ၎တို႔ ၄ ဦးထံမွ လက္ကိုင္ဖုန္းမ်ားႏွင့္ ေငြမ်ားအား အတင္းအဓမၼ လုယက္ ယူေဆာင္၍ ဝက္မွီးေက်း႐ြာဘက္သို႔ ျပန္လည္ထြက္ခြာသြားခဲ့ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေရးသားထားသည္။

လက္နက္ကိုင္မ်ား၏ ၿခိမ္းေျခာက္႐ိုက္ႏွက္မႈေၾကာင့္ ဦးသန္းမင္းဟန္တြင္ နဖူး/ယာမ်က္ခုံး ေပါက္ၿပဲဒဏ္ရာ (၂) ခ်က္၊ ႏႈတ္ခမ္းဖူးေရာင္ဒဏ္ရာ (၁) ခ်က္၊ ဦးလႈိင္ဝင္းတြင္ ဦးေခါင္းထိပ္ေပါက္ၿပဲဒဏ္ရာ (၁) ခ်က္၊ ခါးနာ က်င္ဒဏ္ရာ (၁) ခ်က္၊ ေဒၚေနျခည္ဦးတြင္ ေခါင္းမူး/ခါးနာက်င္ ဒဏ္ရာမ်ား အသီးသီးရရွိခဲ့သျဖင့္ ေဆးကုသႏိုင္ ေရး ေပါက္ၿမိဳ႕နယ္ျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ေပးခဲ့ရေၾကာင္း နစကသတင္းထုတ္ျပန္ေရးအဖြဲ႕၏ ထုတ္ျပန္ခ်က္ တြင္ ‌ပါရွိသည္။

မေကြးတိုင္းေဒသႀကီးအတြင္းရွိ ဆိပ္ျဖဴၿမိဳ႕နယ္၊ တမၼေကာက္ေက်း႐ြာအေျခခံပညာအထက္တန္းေက်ာင္းခြဲမွ ေက်ာင္းအုပ္ဆရာမတစ္ဦးမွာလည္း ေဖေဖာ္ဝါရီလ ၂၂ ရက္ကလည္း ေက်ာင္းမွ စာသင္ၾကားၿပီးေနအိမ္သို႔ အျပန္တြင္ အမ်ိဳးသား ၃ ဦးမွ ဓားျဖင့္ထိုးသတ္ခဲ့မႈျဖစ္ပြားခဲ့ေသးေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.